28/11/2019
ယနေ့ ဖတ်ဖို့ဆောင်းပါးတစ်ပုဒ်
====================
ICJ နှင့် နေကို ပတ်မည့် ကမ္ဘာ (သို့မဟုတ်)
ဒေါ်အောင်ဆန်းစုကြည်
*****************************************
(၁)
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲသည်။ ကမ္ဘာ့ တရားရုံး (ICJ) တွင် တရားစွဲဆိုခြင်းဖြစ်သည်။ မြန်မာ က လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်၍ တရားစွဲခြင်းဟု ဂမ်ဘီယာကဆိုသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ခြင်းဟု ဆိုလိုခြင်းပင်ဖြစ်သည်။
(၂)
ICJ က တရားစွဲခြင်းကြောင့် မြန်မာနိုင်ငံကိုထိခိုက်သည်။ အထူးသဖြင့် ပြည်ပရောက်မြန်မာနိုင်ငံ ကိုထိခိုက်နိုင်သည်ဟု ရမ်းတမ်းပြောဆိုသူတွေရှိသည်။ အသိ ဥာဏ် ပညာ ချို့တဲ့သော၊ စိတ်ဓာတ်ရေးရာ အရ သိမ်ဖျင်းသော သူများ၏ အရမ်းကာရော ပြောဆိုချက်ပင်ဖြစ်သည်။
ဂမ်ဘီယာက မဟုတ် မမှန်လုပ်ကြံ၍ မြန်မာကိုတရားစွဲခြင်းဖြစ်သည်။ အမေရိကန် နှင့် အပေါင်းအပါများက ယီမင်နိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်ခြင်းကို မူ ဂမ်ဘီယာနိုင်ငံ က မျက်ကွယ်ပြုထားသည်။
သို့အတွက် တရားစွဲသူ ဂမ်ဘီယာ က ရှက်ရမည်လား၊ တရားစွဲခံရသူ မြန်မာက ရှက်ရမည်လား။
(၃)
ကမ္ဘာ့ အတွေး အခေါ်ပညာရှင်ကြီးများ ဖြစ်သည့် ကော့ပါး နိကပ် ( ၁၄၇၃- ၁၅၄၃)၊ ဂယ်လီယိုယို( ၁၅၆၄- ၁၆၄၂)၊ ဂျော်ဒါနို ဘရူးနိုး( ၁၅၈၄- ၁၆၀၀) တို့က “ ကမ္ဘာက နေကို ပတ်သည် “ ဟု ဆိုသည်။ လူအများစုက ယင်း သို့ပြောဆိုခြင်းကိုလက်မခံ။ မှားသည်။ “ နေက သာ ကမ္ဘာကို ပတ်ခြင်း “ ဟုဆိုကြသည်။
အမှန် တရားကို ပြောဆိုသည့် အတွက် ဂျော်ဒါနို ဘရူးနိုး အသတ်ခံရသည်။ ဂျော်ဒါနို ဘရူးနိုး ကလည်း အသတ် အသေခံသည်။ သူ့ အယူ အဆကို မစွန့်လွှတ်ခဲ့။
ကမ္ဘာကျော် စာရေးဆရာကြီး လီယိုတော်စတွိုင်း၏ ထင်ရှားသော ၀တ္ထုတိုလေး တစ်ပုဒ်ရှိသည်။ အမှန် တရားကို ဘုရားသခင်သိပါသည်၊ သို့သော် အချိန် တော့ စောင့်ရမည် ( GOD SEES THE TRUTH BUT WAIT ) ဟု အမည်ရသော ၀တ္ထုတိုလေးဖြစ်သည်။ အပြစ် မရှိဘဲ ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရသူ တစ်ယောက် အကြောင်းရေးထားသည့် ၀တ္ထုတိုလေးဖြစ်သည်။
(၄)
၂၀၁၇၊ သြဂုတ် ဖြစ်စဉ် မတိုင်မီက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသတွင် ဘင်္ဂလားဒေ့ရှ် မှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂလီ ၇ သိန်းကျော် နေထိုင်လျက်ရှိသည်။ ယင်းသို့ နေထိုင်နေခြင်း ကို မြန်မာ အစိုးရ ကသိသည်။ သို့သော် နှင် မထုတ်။ ၄င်းတို့ အပါအ၀င် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများ အေးချမ်းစွာ နေထိုင် နိုင် ရန် မြန်မာ အစိုးရက လုပ်ဆောင်သည်။ ကိုဖီအာနန်ကော်မရှင်ဖွဲ့၍ ပင် လုပ်ဆောင်ပေးသည်။ သို့သော် အစွန်းရောက် မွတ်စလင် အချို့က ယင်းသို့လုပ်ဆောင်ပေးခြင်းကို လက်မခံ။ ၄င်းတို့ လိုချင်သည်က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ(သို့မဟုတ်) ကိုယ်ပိုင်ပြည်နယ်။
ကျူးကျော်သည်၊ နေထိုင်သည်၊ ပြည်နယ်တောင်းသည်။ အိမ်ပေါ်တက်နေပြီး အိမ်ရှင်ကို နှင်ထုတ်မည့်လုပ်ရပ်ဖြစ်သည်။
၄င်းတို့ လိုချင်တာမရသည့် အခါ မစားရသည့် အမဲ သဲ နှင့် ပက်သည်။ ARSA ကိုထုတ်သုံးသည်။ မြန်မာတို့က အကြမ်းဖက် အဖွဲ့ ARSA ကို ချေမှုန်း သောအခါ တရားမ၀င်နေထိုင်သူများပါကြောက်လန့်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ပြန်ပြေးသည်။ ယင်းနောက် မြန်မာ နိုင်ငံ အတွင်းသို့ အစုလိုက် အပြုံ လိုက်ပြန်လာခွင့်ပေးဖို့၊ နိုင်ငံသားပေးဖို့၊ ပြည်နယ်ပေးဖို့ တောင်းဆိုသည်။
မြန်မာအစိုးရ ရပ်တည်ချက်ကလည်း ရှင်းသည်။ မြန်မာနိုင်ငံ တွင် အမှန်တကယ် နေထိုင်ခဲ့သူများ မှန်လျှင် ပြန်လည်လက်ခံမည်။ ဥပဒေ အရ နိုင်ငံသားဖြစ် ခွင့်ရှိသူကို နိုင်ငံသားပေးမည်။
(၅)
ဗုဒ္ဓက ကာလာမသုတ်တော် ကို ဟောခဲ့သည်။ ဦးနှောက် ကို သုံးပြီး စဉ်းစားနိုင်ဖို့ဖြစ်သည်။
ဂမ်ဘီယာ တရားစွဲခြင်း အတွက် မြန်မာကို အပြစ်တင်သူများသည် အမှန်တရားကို မမြင်။ မြင်နိုင်သည့် အသိဥာဏ်ပညာလည်းမရှိ။ အပြစ် မဆိုသာပါ။ အမှန်တရားဖော်ထုတ်ခဲ့သည့် ဂျော်ဒါနို ဘရူးနိုး ကိုပင် သတ်ပြစ်သူများ ရှိခဲ့သည် မဟုတ်လား။
ဖျက်အား ပြင်းလက်နက်များ ရှိသည်ဟု အကြောင်းပြ ပြီး အမေရိကန်နှင့် အပေါင်းအပါများ( ပြင်သစ်မပါ) က အီရတ် နိုင်ငံကို ၀င်သိမ်းသည်။ အီရတ် နိုင်ငံ ပြိုပျက် သွားသည်။ အမေရိကန်ပြောသည့်လက်နက်များ မတွေ့။
(၆)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ICJ တွင်တရားရင်ဆိုင်မည့် မြန်မာကိုယ်စားလှယ် အဖွဲ့ကိုဦးဆောင်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ ၀င် ၅၆ နိုင်ငံရှိသည့် OIC ကို ရဲ ဝံံ့စွာ ရင်ဆိုင်မည်ဖြစ်သည်။ အမှန်တရားက ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားများပေးသည်။ ယင်းခွန်အားများဖြင့်ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲ၀င်မည်ဖြစ်သည်။
OIC က အင်အားကြီးသည်။ သို့သော် အင်အားကြီးသူ တို့၏ လုပ်ရပ်တိုင်းက မှန်ကန်မှု မရှိကြောင်း ကော့ပါး နိကပ် ၊ ဂယ်လီယိုယို ၊ ဂျော်ဒါနို ဘရူးနိုး နှင့် အမေရိကန် တို့က သက်သေပြခဲ့ပြီးဖြစ်သည်။
လာမည့်ရက်ပိုင်း အတွင်း နေကို ပတ်မည့် ကမ္ဘာ တစ်စင်း မြန်မာပြည်က ထွက် ခွာ လာပါလိမ့်မည်။
အမှန်တရားကို ဘုရားသခင်သိပါသည်။ သို့သော် အချိန်တော့ စောင့်ရ ပါလိမ့်မည် ။
GOD SEES THE TRUTH BUT WAIT
စိုင်းမင်း (ရှမ်းပြည်နယ်မြောက်ပိုင်း)
၂၈-၁၁-၂၀၁၉ (ရန်ကုန်)
@အယ်ဒီတာရဲ့ ခွင့်ပြုချက် နဲ့ The Asia Heart
News facebook ကနေပြန်လည် ကူးယူဖော်ပြ
ခြင်းဖြစ်ပါသည် ။
Via.Kyaw Swar Myint