Manutha Gaming

  • Home
  • Manutha Gaming

Manutha Gaming ကျွန်တော့်page ဟာ androidပေါ်မှာ ဆော့ကစားလို့ရသမျှ ဂိမ်းတွေနဲ့ ဂိမ်းအကြောင်းတွေကိုတင်ပေးမှာဖြစ်ပါတယ်။

Spider-Man (PlayStation One)ဒီဂိမ်းကို Spider-Man 2000 video game လို့ သိကြပြီး 2000 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Ne...
26/11/2023

Spider-Man (PlayStation One)

ဒီဂိမ်းကို Spider-Man 2000 video game လို့ သိကြပြီး 2000 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Neversoft ကနေဖန်တီးခဲ့ပြီး Activation က ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ PlayStation One အတွက် ပထမဆုံးထွက်ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Gameboy Color, Nintendo 64, Dreamcast နဲ့ Microsoft Windows တို့အတွက် ထပ်မံထွက်ရှိခဲ့ပါတယ်။

💠Details
🎮Genre: Action-adventure
🎮Size: 375MB
🎮Mode: Single-player
🎮Developer: Neversoft
🎮Publisher: Activision
🎮Platform: PlayStation One
🎮Released date: September 1, 2000

ဒီဂိမ်းက Activation ရဲ့ ပထမဦးဆုံးသော Spiderman game ဖြစ်ပြီး အရမ်းနာမည်ကြီးအောင်မြင်ခဲ့ပါတယ်။ Spider-Man ဂိမ်းတစ်ခုဖြစ်တာနဲ့အညီ အမျှင်ပစ်တာ အမျှင်လွှဲတာ နံရံတွေ မျက်နှာကျက်တွေအပေါ် တွားသွားတာ စသဖြင့် Super Hero ဂိမ်းဟာ ဘယ်လိုပုံဆိုတာကို ကွက်ကွက်ကွင်းကွင်းပြခဲ့တဲ့ ဂိမ်းတစ်ခုပါ။ အခုခေတ် Spider-Man ဂိမ်းတွေဟာ ဒီဂိမ်းကို အများကြီး မှီငြမ်းခဲ့ရမယ်ဆိုတာ အသေအချာပါပဲ။ ခေတ်နောက်ကျနေပြီဖြစ်တဲ့ block ဆန်ဆန် graphic တွေ sound effect တွေကိုသာ သည်းခံနိုင်မယ်ဆိုရင် ဒီဂိမ်းဟာ တကယ့် ဂိမ်းကောင်းတစ်ခုပါပဲ။

ဇာတ်လမ်းကတော့ Dr. Otto Octavius ဟာ သိပ္ပံပြပွဲတစ်ခုကျင်းပနေတုန်းမှာ Spider-Man အယောင်ဆောင်ထားတဲ့ Spider-Man အတုဟာ ပွဲဝင်ဖျက်ပြီး Dr. Otto Octavius ခင်းကျင်းပြသထားတဲ့ သိပ္ပံပစ္စည်းတွေကို ခိုးယူသွားခဲ့ပါတယ်။ အဲ့အချိန်မှာ Eddie Brock ဟာ Daily Bugle သတင်းစာတိုက်အတွက် ဓာတ်ပုံလာရောက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အခုလို အရေးအခင်းကြီးထဖြစ်တော့ Eddie တစ်ယောက် ပွပြီဆိုပြီး ဓာတ်ပုံတွေအမိအရရိုက်ပါတော့တယ်။ အဲ့အချိန်မှာပဲ Spidy အတုက Eddie ရဲ့ ကင်မရာကိုယူပြီး ပေါက်ခွဲဖျက်စီးလိုက်ပါတယ်။ Eddie တစ်ယောက် အရမ်းဒေါသထွက်သွားတာကြောင့် အတွင်းက Venom ကိုထိန်းမရတော့ပဲ လွှတ်ပေးလိုက်မိရာကနေ Venom ဖြစ်သွားပါတော့တယ်။ ဒီအဖြစ်အပျက်အစအဆုံးကို မြင်နေရသူကတော့ Spider-Man အစစ် Peter Parker ပဲ ဖြစ်ပါတယ်။
Spidy အတု သိပ္ပံပစ္စည်းတွေခိုးယူသွားပြီးမကြာခင်မှာပဲ အမည်မသိလူနှစ်ယောက်ဟာ သူတို့အစီအစဉ်အတိုင်း မြို့ထဲကို ဓာတ်ငွေ့တွေ ပျံနှံ့စေပါတယ်။ ဓာတ်ငွေ့တွေဟာ အလျင်အမြန်ပဲ တစ်မြို့လုံးကို ဖုံးအုပ်သွားပါတော့တယ်။ Spidy တစ်ယောက် ဒီဖြစ်ရပ်ရဲ့ အဓိက တရားခံကို ဖော်ထုတ်ဖို့ တာဝန်ရှိလာပြီဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးခြင်းကိုလဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ဒီဂိမ်းမှာ Spidy ရဲ့ရန်သူတော်ကြီးတွေဖြစ်ကြတဲ့ Doctor Octopus, Carnage, Scorpion, Rhino, Venom, Mysterio နဲ့ Monster-Ock (Carnage symbiote ပူးကပ်ခံထားရတဲ့ Doctor Octopus) တို့က ဒီ ဂိမ်းရဲ့ boss တွေအဖြစ်ပါဝင်ထားကြပါတယ်။မဟာမိတ်တွေအနေနဲ့ Black Cat, Daredevil, Human Torch, Punisher နဲ့ Captain America တို့လဲ ပါဝင်အားဖြည့်ထားကြပါသေးတယ်။

🎥Gameplay video
https://www.facebook.com/100064289644382/posts/759167109569604/?app=fbl

🎮Game rom download links
💿Vimm's Lair link
https://vimm.net/vault/5993
Or
💿Telegram link
https://t.me/manuthagamingplaystationone/8

💠Ps1 emulator epsxe download links(7.53mb)
🎮Mediafire link
http://www.mediafire.com/file/cg28u0od2377w5m/ePSXe_for_Android_2.0.10_build_97.apk/file
Or
🎮Telegram link
https://t.me/manuthagaming/93

💠Ps1 bio download link (512kb)
🎮CoolROM link
https://coolrom.com.au/bios/psx/
Or
🎮Telegram link
https://t.me/manuthagaming/94

💠ဖိုင်ဖြည်ရမယ့် App Zarchiever download links
🎮Play Store link
https://play.google.com/store/apps/details?id=ru.zdevs.zarchiver
Or
🎮APKPure link
https://m.apkpure.com/zarchiver/ru.zdevs.zarchiver/download?from=details

💠How to play?
https://m.facebook.com/story.php?story_fbid=108245164408021&id=107450497820821

💠PlayStation One games collection
https://m.facebook.com/story.php?story_fbid=329734069179579&id=100064289644382

💠Marvel Super Hero games collection
https://m.facebook.com/story.php?story_fbid=570594248426892&id=100064289644382&mibextid=Nif5oz

🕷️Spider-Man games collection
https://m.facebook.com/story.php?story_fbid=663740749112241&id=100064289644382&mibextid=Nif5oz

Super Stickman Golf (Android/Offline)ဒီဂိမ်းလေးကတော့ Canadian ဂိမ်းစတူဒီယိုတစ်ခုဖြစ်တဲ့ Noodlecake Games ကနေ ဖန်တီးခဲ့တဲ...
24/11/2023

Super Stickman Golf (Android/Offline)

ဒီဂိမ်းလေးကတော့ Canadian ဂိမ်းစတူဒီယိုတစ်ခုဖြစ်တဲ့ Noodlecake Games ကနေ ဖန်တီးခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ 2011 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ ဂိမ်းတစ်ခုလဲ ဖြစ်ပါတယ်။

💠Details
🎮Genre: Puzzle
🎮Size: 30MB
🎮Mode: Single-player, Multiplayer
🎮Developer: Noodlecake Games
🎮Publisher: Noodlecake Games
🎮Platform: Android
🎮Released date: 7 June 2011

ဒီဂိမ်းက သာမာန် stickman ဂိမ်းတွေလို ပေါချောင်ကောင်းဂိမ်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဆုတွေရရှိခဲ့ပြီး Sequel တွေထွက်ရှိခဲ့တဲ့ထိအောင် အောင်မြင်ခဲ့တဲ့ ဂိမ်းတစ်ခုပါ။ မင်မင်လဲအစက golf sport အမျိုးအစားလို့ထင်ပေမယ့် တကယ်က မဟုတ်ပါဘူး။ Puzzle အမျိုးအစားဂိမ်းတစ်ခုပါ။ ဂေါက်သီးလေးကို ဂေါက်ကျင်းလေးထဲ ဝင်အောင် အချက်ရေနည်းနည်းနဲ့ ဆော့ကစားရတာပါ။ 2D world ထဲက အတားအဆီးဆွေအမျိုးမျိုးကြားထဲက ဂေါက်သီးကို ဂေါက်ကျင်းထဲအောင် ထည့်နိုင်ဖို့က ထင်သလောက်မလွယ်ပါဘူး။ ဒီကြားထဲ အချက်ရေလဲ အများကြီးရိုက်မရပါဘူး။ Course 4 ခုရှိပြီး တစ်ခုဆီမှာ မတူညီတဲ့ level တွေနဲ့ world တွေရှိပါတယ်။ သေချာတာတစ်ခုကတော့ ခနလေးနဲ့ ပြီးသွားမယ့်ဂိမ်းတော့မဟုတ်ပါဘူး။ Puzzle တွေဆော့ရတာ ကြိုက်ရတယ် ခေါင်းစားရတာကြိုက်တယ်ဆိုရင် ဒါလေးစမ်းကြည့်စေချင်ပါတယ်။

🎥Gameplay Video
https://fb.watch/ovWJHiB2ej/?mibextid=Nif5oz

🎮Game Download link
https://t.me/manuthagamingandroid/15

💠ကိုယ့်ဖုန်းက android version အရမ်းမြင့်နေလို့ ဆော့မရဖြစ်နေရင် ဒါလေးနဲ့ စမ်းကြည့်ပါ
https://m.facebook.com/story.php?story_fbid=213736857445968&id=100064289644382

💠Android games collection
https://www.facebook.com/100064289644382/posts/262519659234354/

22/11/2023

Super Stickman Golf (Android/Offline) short gameplay

Game download link
Uploading...

Real Football 2018 (Java)Java ဂိမ်းလေးတွေ မတင်ပေးတော့ဘူးလို့ လုပ်ထားပြီးကာမှ ပြန်တင်ပေးဖို့ ဖြစ်လာပြန်ပြီဗျာ။ Java ဂိမ်း...
21/11/2023

Real Football 2018 (Java)

Java ဂိမ်းလေးတွေ မတင်ပေးတော့ဘူးလို့ လုပ်ထားပြီးကာမှ ပြန်တင်ပေးဖို့ ဖြစ်လာပြန်ပြီဗျာ။ Java ဂိမ်းတွေက အသံမစုံ ရုပ်ထွက်ညံ့လို့ ခင်များတို့ စိတ်မဝင်စားကြတာ နားလည်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ တော်တော် သဘောကျတယ်။ 2D platform အမျိုးအစားတွေကို သဘောကျတာကြောင့်လဲ ပါပါတယ်။

အခုတင်ပေးမယ့် Real Football 2018 ဆိုတဲ့ ဂိမ်းလေးကလဲ လူတိုင်းနီးပါးသိလောက်ကြမှာပါ။ Gameloft ကထုတ်ထားတဲ့ ဘောလုံးဂိမ်း တွေထဲက တစ်ခုဖြစ်ပြီး ဒီ RF series ကလဲ အတော်အောင်မြင်ခဲ့တာပါ။ Mobile ဘောလုံးဂိမ်းတွေထဲမှာဆိုရင် Dream League Soccer ပြီးရင် Real Football လို့ပဲ ကျနော်က သတ်မှတ်တယ်။ File Size လဲမများသလို ဖုန်းလဲ မရွေးဘူး။ အခုဂိမ်းလေးကတော့ RF 2018 ရဲ့ Java version ပဲ ဖြစ်ပါတယ်။ Java မှာနောက်ဆုံးထွက်ခဲ့တဲ့ RF ဂိမ်းတစ်ခုလဲ ဖြစ်ပါတယ်။

💠Details
🎮Genre: Sports game
🎮Size: 1MB
🎮Mode: Single-player, Multiplayer
🎮Developer: Gameloft
🎮Publisher: Gameloft
🎮Platform: J2ME
🎮Released date: 2018

Graphic ပိုင်းကတော့ Java ဂိမ်းဆိုတဲ့အတိုင်းပဲ Graphic ညံ့မယ်။ ဒါပေမယ့် သူ့ဟာနဲ့သူ ရှင်းရှင်းလင်းလင်းရှိပြီး ကြည့်ပျော်ရှုပျော်ရှိတယ်။ အသံပိုင်းကတော့ ဝင်တစ်ချက် ထွက်တစ်ချက်ပေါ့ ထုံးစံပါပဲဒါက။
Gameplay ပိုင်းကလဲ Android နဲ့ iOS version တွေနဲ့အနည်းငယ်ဆင်တူပါတယ်။ Control လုပ်ရတာလေးပဲကွာသွားတာပါ။ Keypad ဖုန်းဂိမ်းမလို့ Keypad က နံပါတ်တွေမြှားတွေနဲ့ ထိန်းချုပ်ဆော့ကစားရတာပါ။ Control ကလဲ သွက်သွက်လက်လက်ရှိတယ် အနီးကစ် အဝေးကစ် အလိန်အခေါက်တွေနဲ့ skill ကျကျဆော့ကစားလို့ရပါတယ်။ ရာသီပွဲတွေနဲ့ ဖလားပွဲတွေလဲ ဆော့လို့ရပါတယ်။

🎥Gameplay Video
https://fb.watch/osFicRTPJ-/?mibextid=Nif5oz

🎮Game download link
https://t.me/manuthajava/5

💠J2ME Loader download link (3.3mb)
🎮Play Store link
https://play.google.com/store/apps/details?id=ru.playsoftware.j2meloader
🎮Apkpure link
https://m.apkpure.com/j2me-loader/ru.playsoftware.j2meloader

💠Guide video
https://m.facebook.com/story.php?story_fbid=267142772105376&id=100064289644382

💠Java games collection
https://www.facebook.com/100064289644382/posts/417789780374007/?mibextid=Nif5oz

19/11/2023

Real Football 2018 (Java) short gameplay

Game download link
Uploading...

Super Quick Hook (Android/Offline)ဒီဂိမ်းလေးက 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 2D mobile platform အမျိုးအစားဂိမ်းလေးဖြစ်ပြီး...
18/11/2023

Super Quick Hook (Android/Offline)

ဒီဂိမ်းလေးက 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 2D mobile platform အမျိုးအစားဂိမ်းလေးဖြစ်ပြီး Rocketcat Games ကနေ ဖန်တီးခဲ့တာဖြစ်ပါတယ်။ iOS အတွက်အရင်ဆုံးထွက်ခဲ့တာဖြစ်ပြီး 2015 ကျမှ Android ပေါ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီဂိမ်းက 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ Hook Champ ဆိုတဲ့ ဂိမ်းရဲ့ Sequel ဖြစ်ပြီး 2010 မှာပဲ Hook Worlds ဆိုတဲ့ Sequel တစ်ခု ထပ်ထွက်ခဲ့ပါသေးတယ်။

💠Details
🎮Type: 2D platformer
🎮Size: 23MB
🎮Mode: Single-player, Multiplayer
🎮Developer: Rocketcat Games
🎮Publisher: Noodlecake Studios
🎮Platform: Android
🎮Released date: July 23, 2015

ဒီဂိမ်းရဲ့ gameplay လေးကလဲ အရမ်းရိုးရှင်းပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောတောင် ထဲမှာ hook တစ်ခုနဲ့ လွှဲပြီး သွားရမှာပါ။ အရေးကြုံရင် အမြင့်ကြီးခုန်လို့ရတဲ့ ဖိနပ်တစ်စုံလဲ ပါပါသေးတယ်။ Mode လေးမျိုးပါရှိပြီး အဲ့ဒါတွေကတော့ story, avalanche, eruption, and duel တို့ပဲ ဖြစ်ကြပါတယ်။ Story mode မှာ player တွေအနေနဲ့ မတူညီတဲ့ level 22 ခုမှာ ဆော့ကစားရမှာပါ။ level ဆိုတဲ့ အတိုင်းပဲ level မြင့်လေပိုခက်လေဖြစ်ပြီး challenge ဖြစ်စေပါတယ်။ Avalanche mode ကတော့ endless runner ပုံစံဖြစ်ပြီး အမှတ်အမြင့်ဆုံးရအောင် ဆော့ကစားရတာမျိုးပါ။ အနောက်ကနေ ရေခဲတွေက ပြိုကျလာနေပြီး player တွေအနေနဲ့ ရေခဲပိမသေအောင် လွတ်အောင်ပြေးရတာမျိုးပါ။ အသည်းတအေးအေးနဲ့ ဆော့ရတာမျိုးမို့လို့ မိုက်ပါတယ်။ Eruption mode ကတော့ Avalanche mode နဲ့ဆင်တူပါတယ်။ ဒါပေမယ့် ဒီ mode က ပိုခက်ပြီး ရေခဲ့တောင်ပြိုကျတာမဟုတ်ဘဲ မီးတောင်ပေါက်ကွဲလို့ ချော်ရည်တွေကျလာတာဖြစ်ပါတယ်။ Duel mode ကတော့ အခြား player တွေနဲ့ ချိတ်ဆက်ဆော့ရတာဖြစ်ပါတယ်။ Avalanche mode မှာ ဆော့ရတာဖြစ်ပြီး နောက်ဆုံးအချိန်ထိ အသက်ရှင်နိုင်အောင် ဆော့ရတာမျိုးပါ။
Player တွေအနေနဲ့ ဂိမ်းဆော့ရင်း coin တွေစုဆောင်းရမှာ ဖြစ်ပြီး ရရှိလာတဲ့ coin တွေနဲ့ shop မှာ item တွေဝယ်တာ equipment တွေ upgrade လုပ်တာမျိုးတွေလဲ လုပ်ရပါတယ်။
ဒီဂိမ်းဟာ mobile ဂိမ်းခေတ်မစားတဲ့ အနောက်နိုင်ငံတွေမှာတောင် အတော်အောင်မြင်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆိုဒ်နည်းနည်းလေးနဲ့ အပျင်းပြေစေမယ့် ဂိမ်းလေးမို့ စမ်းကြည့်စေချင်ပါတယ်။

🎬Gameplay video
https://fb.watch/onXvDVSbvZ/?mibextid=Nif5oz

🎮Game download link
https://t.me/manuthagamingandroid/10

⚠️Google play service ရှိမှ ဆော့လို့ရမှာပါ။ အကယ်၍ မရှိဘူး၊ ရှိပေမယ့်လဲ Android version အရမ်းကွာနေလို့ ဆော့မရဘူးဆိုရင် VMOS လေးခံပြီးဆော့ပါ။
🎬VMOS Download နဲ့ အသုံးပြုနည်း
https://fb.watch/onXPqHlyie/?mibextid=Nif5oz

🎮Android Games Collection
https://m.facebook.com/story.php?story_fbid=262519659234354&id=100064289644382&mibextid=Nif5oz

Five Nights at Freddy's (Android/Offline)ဒီဂိမ်းလေးကတော့ အတော်များများသိပြီးလောက်မှာပါ။ မသိသေးတဲ့ သူတွေကိုရော သိပြီးတဲ့ ...
10/11/2023

Five Nights at Freddy's (Android/Offline)

ဒီဂိမ်းလေးကတော့ အတော်များများသိပြီးလောက်မှာပါ။ မသိသေးတဲ့ သူတွေကိုရော သိပြီးတဲ့ သူတွေကိုရော ထပ်မံ မိတ်ဆက်ပေးပါရစေ။ ဒီဂိမ်းလေးကက point and click survival horror အမျိုးအစား ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ 2014 ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Scott Cawthon ကနေ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီဂိမ်းက FNAF game series ရဲ့ ပထမဆုံး ဂိမ်းဖြစ်ပြီး အရမ်းအောင်မြင်ခဲ့တာကြောင့် နောက်ဆက်တွဲ sequel တွေ လဲထပ်မံထွက်ရှိခဲ့ပါတယ်။

💠Details
🎮Type: Survival horror, point-and-click
🎮Size: 110MB
🎮Mode: Single-player
🎮Developer: Scott Cawthon
🎮Publisher: Scott Cawthon
🎮Platform: Android
🎮Released date: August 26, 2014

ဒီဂိ်မ်းမှာ player တွေက ပီဇာဆိုင်တစ်ဆိုင်မှာ ပထမဆုံး ညစောင့် လုံခြုံရေးလုပ်မယ့် Mike Schmidt ဆိုတဲ့ လူတစ်ယောက်နေရာမှာ ဆော့ကစားရမှာပါ။ ကံဆိုးတာက အဲ့ ဆိုင်မှာ ရှိတဲ့ animatronic အရုပ်လေးရုပ်က ညဘက်ကျရင် အသက်ဝင်လာပြီး လူတွေကို ခြောက်လှန့်သတ်ဖြတ်လေ့ရှိပါတယ်။ player တွေက security အခန်းထဲကနေပြီး security camera တွေကနေ ဒီအရုပ်တွေ ဘာလုပ်နေတယ် ဘယ်ရောက်နေတယ်ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ အရုပ်တွေက ကိုယ့်အခန်းနားကို ရောက်မရောက် မီးတွေဖွင့်သင့်ရင်ဖွင့်၊ တံခါးတွေ ပိတ်သင့်ရင် ပိတ် စသဖြင့် လုပ်ဆောင်ပေးရတာပါ။ Security camera ၊ တံခါးနဲ့ လျှပ်စစ်မီးအသုံးပြုခြင်းဟာ လျှပ်စစ်စွမ်းအင်ကို လျှော့နည်းစေတဲ့ အတွက် လျှပ်စစ်လုံးဝ ကုန်ခန်းမသွားအောင် ချွေတာရပါသေးတယ်။ ဒီလိုနည်းနဲ့ ငါးည တိုင်တိုင်ဆော့ကစားရပါတယ်။ ဒီအရုပ်တွေကလဲ တစ်ညပြီးတစ်ည ပိုပိုသောင်းကျန်းလာမှာ ဖြစ်တဲ့အတွက် ပိုပိုပြီး ကြောက်ဖို့ ကောင်းလာပါတယ်။ Horror ဂိမ်းတွေထဲမှာ gameplay အတော် ရိုးရှင်းပြီး တော်တော် ကြောက်စရာကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အကယ်၍ အရုပ်တစ်ရုပ်ရုပ်က ကိုယ့်အခန်းထဲရောက်လာရင် ဒါမှမဟုတ် လျှပ်စစ်လုံးဝပြတ်တောက်သွားရင် game over ဖြစ်သွားပါပြီ။

🎬Gameplay video
https://fb.watch/oe9ryQSzwF/?mibextid=Nif5oz

🎮Game download link
https://t.me/manuthagaminghorror/5

📌Horror games collection
https://m.facebook.com/story.php?story_fbid=352433316909654&id=100064289644382&mibextid=Nif5oz

Role-playing games (RPG) collection
05/11/2023

Role-playing games (RPG) collection

Baldur's Gate Enhanced Edition (Pc/Windows)ဒီဂိမ်းကတော့ တစ်ချိန်က နာမည်ကြီးဂိမ်းတစ်ခုဖြစ်ခဲ့တဲ့ Baldur's Gate ရဲ့ remast...
05/11/2023

Baldur's Gate Enhanced Edition (Pc/Windows)

ဒီဂိမ်းကတော့ တစ်ချိန်က နာမည်ကြီးဂိမ်းတစ်ခုဖြစ်ခဲ့တဲ့ Baldur's Gate ရဲ့ remastered version ပဲ ဖြစ်ပါတယ်။ ဒီ Edition မှာတော့ graphics အသစ်၊ gameplay features အသစ်၊ content အသစ်တွေနဲ့ ပြန်လည်အသက်သွင်းထားပါတယ်။ ဒီဂိမ်းက သူ့မူရင်း အနှစ်အရသာကို မပျက်စေပဲ modern elements လေးတွေ ထပ်မံ ပေါင်းထည့်ထားတာဆိုတော့ ဟောင်းသလိုလိုနဲ့ သစ်နေတဲ့ ဂိမ်းလေးတစ်ခုပါ။

💠Details
🎮Type: Role-playing
🎮Size: 5GB
🎮Mode: Single-player, Multiplayer
🎮Developer: Overhaul Games
🎮Publisher: Beamdog
🎮Platform: Microsoft Windows
🎮Released date: November 28, 2012

ဒီဂိမ်းဟာ Dungeons & Dragons universe ထဲမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး player တွေကို စိတ်ကူးယဉ် open world ကြီး တစ်ခုဆီ ခေါ်ဆောင်သွားမှာပါ။ Player တွေအနေနဲ့ တိုက်ခိုက်ရတာ တစ်ခုတည်းမဟုတ်ပဲ ရွေးချယ်မှု​တွေ ဆုံးဖြတ်ချက်တွေ နဲ့ ဆော့ရတဲ့ ဂိမ်းတစ်ခုပါ။ ဒါ့ကြောင့် ဂိမ်းရဲ့ ဇာတ်လမ်းက ကိုယ့်ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်နေမှာဖြစ်ပါတယ်။

ဒီဂိမ်းက RPG ဂိမ်းတစ်ခုဆိုပေမယ့် strategic ဆန်ဆန်ဆော့ကစားရတဲ့ ဂိမ်းမျိုးဖြစ်ပါတယ်။ Party တစ်ခုလုံးကို တစ်ချိန်တည်းမှာ ထိန်းချုပ်ပြီး quest တွေလုပ်၊ challenge တွေလုပ်ရင်း ဆော့ကစားရတာမျိုးပါ။ Party ထဲက character တွေကို ကြိုက်သလိုထိန်းချုပ်နိုင်တဲ့ အတွက် play style ကလဲ တစ်ဦးနဲ့ တစ်ဦး ကွဲလွဲနိုင်ပါတယ်။ Classic တွေ Race တွေ စုံလင်ပြီး Character creation လုပ်ရတာမျိုးလဲ ရပါတယ်။ အခုခေတ် ပေါ် RPG တွေလို Power များ၊ Level များမှ နိုင်မယ့် ဂိမ်းမဟုတ်ပဲ skill ကျကျဆော့မှ နိုင်မယ့် ဂိမ်းမျိုးပါ။ Pc သမားတွေ မဆော့ဖူးရင် ဆော့ကြည့်စေချင်ပါတယ်။

🎥Gameplay Video
https://fb.watch/o7p0A47DYl/?mibextid=Nif5oz

System Requirment
MINIMUM:
OS:Windows 7, 8.1, 10 64 bit
Processor: Dual Core Processor
Memory: 1 GB RAM
Graphics: OpenGL 2.0 compatible
Hard Drive: 5 GB available space

🎮Game download links
📦Part 1
https://t.me/manuthagamingwindows/5
📦Part 2
https://t.me/manuthagamingwindows/6
📦Part 3
https://t.me/manuthagamingwindows/7
📦Part 4
https://t.me/manuthagamingwindows/8
📦Part 5
https://t.me/manuthagamingwindows/9

⚠️Part တွေ အကုန် ဒေါင်းပြီးမှ part 1 ကို zip ဖြည်ပါ။ ကျန်တဲ့ part များ သူ့ဘာသာ zip ပြည်သွားပါလိမ့်မယ်။ Zip ဖြည်ပြီးရလာတဲ့ folder ထဲက ဂိမ်းနာမည်နဲ့ folder ထဲကို ဝင်၊ ပြီးရင် ဂိမ်းနာမည်နဲ့ .exe ဆိုတဲ့ application ကို administrator နဲ့ open ပေးလိုက်ရင် ရပါပြီ။

📣ကြိုက်နှစ်သက်ရင် page ကို follow ထားပါခင်မျာ။
📣နောက်ထပ်လဲ ဖုန်းအနိမ့်၊ Pc အနိမ့်တွေမှာ ဆော့နိုင်မယ့် ဂိမ်းလေးတွေ တင်ပေးဦးမှာပါ။
📣လိုချင်တဲ့ ဂိမ်းတွေလဲ တောင်းဆိုနိုင်ပါတယ်ခင်မျ၊ချက်ချင်း တင်ပေးမှာပါ။

🎮RPG Games Collection
https://m.facebook.com/story.php?story_fbid=748841307268851&id=100064289644382&mibextid=Nif5oz

Which one is better?
27/10/2023

Which one is better?

Tony Hawk's Pro Skater (Android/PlayStation One)ဒီဂိမ်းကို 1999 ခုနှစ်မှာ Neversoft ကနေ ဖန်တီးခဲ့တာဖြစ်ပြီး Activation က...
25/10/2023

Tony Hawk's Pro Skater (Android/PlayStation One)

ဒီဂိမ်းကို 1999 ခုနှစ်မှာ Neversoft ကနေ ဖန်တီးခဲ့တာဖြစ်ပြီး Activation ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ PlayStation One မှာ ပထမဆုံး ထွက်ရှိခဲ့တာဖြစ်ပြီး Nintendo 64, Gameboy Color နဲ့ Dreamcast တို့မှာလဲ ထွက်ရှိခဲ့ဖူးပါတယ်။

💠Details
🎮Type: Sports
🎮Size: 342MB
🎮Mode: Single-player, Multiplayer
🎮Developer: Neversoft
🎮Publisher: Activation
🎮Platform: PlayStation One
🎮Released date: September 29, 1999

ဒီဂိမ်းက Pro Skater game series ရဲ့ ပထမဆုံး ထွက်ရှိခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပြီး တကယ့် ဂန္ဓဝင်မြောက် classic game တစ်ခုဖြစ်ပါတယ်။ ရိုးရိုးရှင်း gameplay ကိုမှ ပျင်းရိငြီးငွေ့မသွားစေအောင် ဆွဲဆောင်ထားနိုင်စွမ်းက ဒီဂိမ်းရဲ့ အားသာချက်တစ်ခုပါပဲ။ 1999 ခုနှစ်တွေရဲ့ အမိုက်စား soundtrack တွေနဲ့အတူစီးမြောရင်း စကိတ်ဘုတ်ကို အကွက်ပေါင်းစုံပြပြီး စီးနင်းရတဲ့ ဂိမ်းပါ။
လွတ်လွတ်လပ်လပ် စိတ်ကြိုက် စကိတ်စီးချင်လဲ ရသလို၊ ရမှတ်တွေ mission တွေလုပ်ရင်း item လေးတွေ လိုက်စုရတာမျိုးလဲ ဆော့လို့ရတော့ ပေါ့ပေါ့ပါးပါးဆော့ချင်သူတွေသာမက hard core gamerတွေ အတွက်ပါ အဆင်ပြေတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဒီကနေ့အချိန်ထိလဲ PlayStation One ရဲ့ အထင်ကရဂိမ်းတစ်ခုအဖြစ် မှတ်တမ်းတင်ထားဆဲ ဖြစ်ပါတယ်။

🎦Gameplay video
https://www.facebook.com/LingHtetKyaw/videos/273932055633680/?app=fbl

💠Game download links
🎮Vimm's Lair link
https://vimm.net/vault/6190
Or
🎮Telegram link
https://t.me/manuthagamingplaystationone/5

💠Ps1 emulator epsxe download links(7.53mb)
🎮Mediafire link
http://www.mediafire.com/file/cg28u0od2377w5m/ePSXe_for_Android_2.0.10_build_97.apk/file
Or
🎮Telegram link
https://t.me/manuthagaming/93

💠Ps1 bio download link (512kb)
🎮CoolROM link
https://coolrom.com.au/bios/psx/
Or
🎮Telegram link
https://t.me/manuthagaming/94

💠ဖိုင်ဖြည်ရမယ့် App Zarchiever download links
🎮Play Store link
https://play.google.com/store/apps/details?id=ru.zdevs.zarchiver
Or
🎮APKPure link
https://m.apkpure.com/zarchiver/ru.zdevs.zarchiver/download?from=details

🎦How to play?
https://m.facebook.com/story.php?story_fbid=108245164408021&id=107450497820821

💠PlayStation One games collection
https://m.facebook.com/story.php?story_fbid=329734069179579&id=100064289644382

17/10/2023

Page လေးလဲ ပြန် run ချင်တယ်
အချိန်ကလဲ မပေးနိုင်
😔

ဒီဂိမ်းဘာမှားနေလဲ သိတဲ့ကောင် ဂျိုးပဲ
10/07/2023

ဒီဂိမ်းဘာမှားနေလဲ သိတဲ့ကောင် ဂျိုးပဲ

29/06/2023

Obscure (PlayStation 2) short gameplay

သတ်မှတ်ထားတဲ့ engagement ရမှ review ရေးပေးပါမယ်။

Shin Megami Tensei: Persona (PSP)ဒီဂိမ်းက Atlus ကနေ ဖန်တီးထားတဲ့ RPG ဂိမ်းတစ်ခုဖြစ်ပြီး Original Persona ဂိမ်းရဲ့ remake...
24/06/2023

Shin Megami Tensei: Persona (PSP)

ဒီဂိမ်းက Atlus ကနေ ဖန်တီးထားတဲ့ RPG ဂိမ်းတစ်ခုဖြစ်ပြီး Original Persona ဂိမ်းရဲ့ remake ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက dungeon exploration, turn-based combat နဲ့ social simulation တို့ ပေါင်းစပ်ထားတဲ့ အရမ်းအောင်မြင်ခဲ့တဲ့ rpg ဂိမ်းတစ်ခုပါ။

💠Details
🎮Type: Role-playing
🎮Size: 495 MB
🎮Mode: Single-player
🎮Developer: P-Studio
🎮Publisher: Atlus
🎮Platform: PlayStation Portable (PSP)
🎮Released date: April 29, 2009

💠Gameplay video
https://fb.watch/ot6_ySARhc/?mibextid=Nif5oz

💠Rom download link
🎮Vimm's Lair link
https://vimm.net/vault/23873
Or
🎮Telegram link
https://t.me/manuthagaming/262

💠Zip ဖြည်ဖို့ app download link
https://play.google.com/store/apps/details?id=ru.zdevs.zarchiver

💠PSP emulator PPSSPP download link
🎮Play Store link
https://play.google.com/store/apps/details?id=org.ppsspp.ppsspp
Or
🎮APKPure link
https://m.apkpure.com/ppsspp-psp-emulator/org.ppsspp.ppsspp/download?from=details

💠PlayStation Portable (PSP) ဂိမ်းတွေကို Android ဖုန်းမှာ ဆော့ကစားနည်း
https://fb.gg/v/cLyg47WV0-/

💠PSP games collection
https://m.facebook.com/story.php?story_fbid=307256478094005&id=100064289644382

🎮RPG Games Collection
https://m.facebook.com/story.php?story_fbid=748841307268851&id=100064289644382&mibextid=Nif5oz

စိတ်မပါသေးလို့ မတင်သေးဘူး...နားဦးမယ်
23/06/2023

စိတ်မပါသေးလို့ မတင်သေးဘူး...
နားဦးမယ်

First-person shooter (FPS) games collection
18/06/2023

First-person shooter (FPS) games collection

N.O.V.A. Near Orbit Vanguard Alliance HD (Android/offline)ဒီဂိမ်းလေးကတော့ Gameloft ကနေပဲဖန်တီးခဲ့တာဖြစ်ပြီး Halo တို့လို...
18/06/2023

N.O.V.A. Near Orbit Vanguard Alliance HD (Android/offline)

ဒီဂိမ်းလေးကတော့ Gameloft ကနေပဲဖန်တီးခဲ့တာဖြစ်ပြီး Halo တို့လိုမျိုး sci-fi ဆန်ဆန် FPS အမျိုးအစားဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကလဲ ကောင်းမွန်လှတဲ့ story, graphic နဲ့ gameplay ကြောင့် အဲ့အချိန်က mobile gamer တွေအသည်းကို ဖမ်းစားနိုင်ခဲ့တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

💠Details
🎮Type: Action-adventure, first-person shooter
🎮Size: 200MB
🎮Mode: Single-player, multiplayer
🎮Developer: Gameloft Bucharest
🎮Publisher: Gameloft
🎮Platform: Android
🎮Released date: December 17, 2009

ဒီဂိမ်းရဲ့ ဇာတ်လမ်းကတော့ အနာဂတ်အချိန်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကမ္ဘာမြေဟာ ဂြိုလ်သားတွေရဲ့ ကျူးကျော်တိုက်ခိုက်တာကို ပြန်လည်ခုခံနေရတဲ့ ကာလပါ။ player တွေဟာ N.O.V.A. မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ Kal Wardin နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ Kal ဟာ အနားယူထားတာကနေ ရုတ်တရက် N.O.V.A. တပ်ဖွဲ့ထဲမှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးခံရပါတယ်။ player တွေဟာ Captain Kal နေရာကနေ ဂြိုလ်သားတွေကို တိုက်ခိုက်ရမှာဖြစ်ပြီး ဒီကျူးကျော်စစ်ပွဲကြီးရဲ့ နောက်ကွယ်က တရားခံကိုဖော်ထုတ်ရမှာပါ။ ထူးဆန်းတာက ဒီတရားခံဟာ ကမ္ဘာမြေသားစင်စစ်ပဲ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ အကောင်းဆုံးတစ်ခုကလဲ storyline ပါပဲ။ ဂိမ်းရဲ့ ဇာတ်လမ်းက မထင်ထားတဲ့ လှည့်ကွက်တွေ အလှည့်အပြောင်းတွေနဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ dialogue တွေကလဲ ဟာသအနှောလေးတွေလဲပါသလို တစ်ခါတစ်ခါလဲ emotional ဖြစ်စရာကောင်းပါတယ်။ ပြောချင်တာတစ်ခုက ဂိမ်းက သာမန် FPS ဂိမ်းတစ်ခုဆိုတာထက် ပိုပါတယ်။

Graphic ပိုင်းကလဲ တော်တော်လှပသေသပ်တာတွေ့ရပါတယ်။ environment တွေ character တွေဟာ sci-fi ဆန်ဆန်ကိုမှ realistic ဆန်အောင်ဖန်တီးထားတာဖြစ်ပြီး visual effect တွေကလဲ တော်တော်ကောင်းပါတယ်။ ဂြိုလ်သားတွေနဲ့ စစ်ဖြစ်နေတဲ့ အတွက် ပျက်စီးနေတဲ့ မြို့ကြီးကိုမှ sci-fi အငွေ့အသက်တွေပါဝင်အောင်ဖန်တီးထားတာတွေ့ရပါတယ်။

Gameplay ပိုင်းမှာတော့ စဆော့ဆော့ချင်းနဲနဲခက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဂိမ်းက ကြာပြီဆိုတော့ အရင်ခေတ်က ဂိမ်းတွေက touch တွေကို နှစ်ခုထပ်ပိုပြီး တစ်ပြိုင်တည်းနှိပ်မရတဲ့ limit ရှိပါတယ်။ ဒီဂိမ်းက နှစ်ခုထပ်ပိုပြီးနှိပ်လို့ရပေမယ့် နည်းနည်း တိုင်ပတ်တာတွေ့ရပါတယ်။ joystick ကလဲ sensitive အရမ်းများနေပါတယ်။ လမ်းလျှောက်ရင် ဘေးဘက်တွေရောက်ရောက်သွားတယ် မသိရင် အရက်မူးသမားလိုပါပဲ။ ဒါတွေက တစ်ပွဲနှစ်ပွဲလောက် ဆော့ပြီးရင် လက်က အသားကျသွားမှာပါ။ control တွေအကုန်လုံးက setting ထဲမှာ နေရာရွှေ့လို့ရတဲ့အတွက် ကိုယ်ကြိုက်တဲ့ နေရာမှာ ထားဆော့လို့ရပါတယ်။

Multiplayer mode ပါဝင်ပြီး internet နဲ့ wifi ဆိုပြီး နှစ်မျိုးရှိပါတယ်။ internet ကတော့ server ပျက်သွားပြီမလို့ မရတော့ပါဘူး။ wifi နဲ့ပဲ ချိတ်ဆက်ဆော့ကစားရမှာပါ။

ကျနော့် အမြင်မှာတော့ ဒီဂိမ်းကို mobile အတွက် အကောင်းဆုံး sci-fi FPS ဂိမ်းတစ်ခုအဖြစ်သတ်မှတ်ပါတယ်။ FPS shooting ဂိမ်း sci-fi ဆန်ဆန် ဇာတ်လမ်းကောင်းကောင်းနဲ့ဆော့ချင်ရင် ဒီဂိမ်းက bro တို့ကို စိတ်ကြေနပ်စေပါလိမ့်မယ်။

💠Gameplay video
https://fb.watch/ot74eUD80k/?mibextid=Nif5oz

💠Game download link (apk+file)
https://t.me/manuthagaming/259

❗Install နည်း
Apk ကို အရင် install တင်ပါ။
Data ကို zip ဖြည်ပြီး ထွက်လာတဲ့ file ကို Internal ထဲမှာ gameloft ဆိုပြီး folder အသစ် create ပါ။ gameloft folder ထဲမှာ games ဆိုပြီး folder အသစ် ထပ် create ပါ။ ယခု games folder ထဲကို စောနက zip ဖြည်ထားတဲ့ဖိုင်တွေကို cut ထည့်လိုက်ပါ။ ဂိမ်းထဲဝင်ပြီး ကစားလို့ရပါပြီ။

💠Gameloft ဂိမ်းတွေကို install တင်နည်း video
https://fb.g/v/68yvDvynII/

💠ကိုယ့်ဖုန်းက android version အရမ်းမြင့်နေလို့ ဆော့မရဖြစ်နေရင် ဒါလေးနဲ့ စမ်းကြည့်ပါ
https://m.facebook.com/story.php?story_fbid=213736857445968&id=100064289644382

💠Android games collection
https://www.facebook.com/100064289644382/posts/262519659234354/

💠Gameloft games collection
https://m.facebook.com/story.php?story_fbid=558013823018268&id=100064289644382&mibextid=Nif5oz

💠First person shooter (FPS) games collection
https://m.facebook.com/story.php?story_fbid=672289221590727&id=100064289644382&mibextid=Nif5oz

Asphalt: Urban GT 2 (PSP)ဒီဂိမ်းကတော့ 2005 ခုနှစ်မှာ Gameloft ကနေဖန်တီးခဲ့တဲ့ fast-pace racing တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဂိမ်...
16/06/2023

Asphalt: Urban GT 2 (PSP)

ဒီဂိမ်းကတော့ 2005 ခုနှစ်မှာ Gameloft ကနေဖန်တီးခဲ့တဲ့ fast-pace racing တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက Asphalt ဂိမ်းစီးရီးရဲ့ ဒုတိယမြောက်ဂိမ်းတစ်ခုဖြစ်ပြီး fast-pace ဖြစ်တဲ့ gameplay၊ ကားအမိုက်စားတွေ၊ ကောင်းမွန်တဲ့ graphic တွေ ကြောင့် player တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဂိမ်းကောင်းတစ်ခုလဲ ဖြစ်ပါတယ်။

💠Details
🎮Type: Racing
🎮Size: 53 MB
🎮Mode: Single-player, multiplayer
🎮Developer: Gameloft Montreal
🎮Publisher: Gameloft
🎮Platform: PlayStation Portable (PSP)
🎮Released date: March 22, 2007

ဒီဂိမ်းမှာ ကားတွေဆိုင်ကယ်တွေ အမျိုးအစားအများကြီးပါဝင်ပါတယ်။ Ferrari၊ Lamborghini၊ Ducati တို့လို နာမည်ကြီး car brand တွေအများကြီးပါဝင်ပြီး တစ်ချို့ကို ကားပြိုင်ရင်းနဲ့လဲ unlock လုပ်နိုင်သလို တစ်ချို့ကိုလဲ ဝယ်ယူရပါတယ်။ ကားတွေဆိုင်ကယ်တွေ အကုန်လုံးကို စိတ်ကြိုက် customize လုပ်နိုင်ပြီး ပိုကောင်းတဲ့ အစိတ်အပိုင်းတွေနဲ့ upgrade လုပ်လို့လဲရပါတယ်။

ဒီဂိမ်းမှာ Arcade mode, Evolution mode နဲ့ multiplayer mode ဆိုပြီး ပါဝင်ပါတယ်။ Arcade mode ကတော့ single race တို့ time race တို့လို အမျိုးအစားတွေစုံစုံလင်လင်ပါဝင်ပါတယ်။ Evolution mode မှာတော့ tournament တွေအများကြီးပြိုင်ပြီး Street Racer Champion တစ်ယောက်ဖြစ်အောင်ကြိုးစားရမှာပါ။

Track တွေအနေနဲ့ အရင် Urban GT ထဲက track အချို့ပြန်လည်ပါဝင်ပြီး အသစ်တွေလဲများကြီးပါဝင်ပါတယ်။ ကမ္ဘာပေါ်က အထင်ကရမြို့တွေဖြစ်တဲ့ Paris တို့ Tokyo တို့လို နေရာတွေမှာ track တွေဖန်တီးထားတာဖြစ်ပြီး detail ကျကျဖန်တီးထားတာဖြစ်ပါတယ်။

Control ပိုင်းမှာလဲ နောက်ထွက်ဂိမ်းတွေလိုမျိုး အသလိုတွေ drift ဆွဲလို့မရပါဘူး။ brake တစ်ခုတည်းနဲ့ skill ကျကျ ထိန်းရတာကွေ့ရတာမျိုးဖြစ်တဲ့အတွက် နည်းနည်းလဲ realistic ဆန်ပါတယ်။

Graphic ပိုင်းကလဲ မဆိုးဘူးလို့ပြောလို့ရပါတယ်။ environment တွေလှတယ်။ car တွေလဲ detail ကျတယ်၊ water reflection တွေဘာတွေနဲ့ day night အကုန် လှပသေသပ်တာတွေ့ရပါတယ်။

💠Gameplay video
https://fb.watch/ot76BeBRyQ/?mibextid=Nif5oz

💠Rom download links
🎮RomsFun link
https://romsfun.com/roms/playstation-portable/asphalt-urban-gt-2.html
Or
🎮Telegram link
https://t.me/manuthagaming/255

💠Zip ဖြည်ဖို့ app download link
https://play.google.com/store/apps/details?id=ru.zdevs.zarchiver

💠PSP emulator PPSSPP download link
🎮Play Store link
https://play.google.com/store/apps/details?id=org.ppsspp.ppsspp
Or
🎮APKPure link
https://m.apkpure.com/ppsspp-psp-emulator/org.ppsspp.ppsspp/download?from=details

💠PlayStation Portable (PSP) ဂိမ်းတွေကို Android ဖုန်းမှာ ဆော့ကစားနည်း
https://fb.gg/v/cLyg47WV0-/

💠PSP games collection
https://m.facebook.com/story.php?story_fbid=307256478094005&id=100064289644382

💠Racing games collection
https://m.facebook.com/story.php?story_fbid=534913921994925&id=100064289644382&mibextid=Nif5oz

💠Gameloft games collection
https://m.facebook.com/story.php?story_fbid=558013823018268&id=100064289644382&mibextid=Nif5oz

Modern Combat 5: Blackout (Android/online)ဒီဂိမ်းကတော့ First-person shooter (FPS) ဂိမ်းတစ်ခုဖြစ်ပြီး Gameloft ကနေ ဖန်တီး...
14/06/2023

Modern Combat 5: Blackout (Android/online)

ဒီဂိမ်းကတော့ First-person shooter (FPS) ဂိမ်းတစ်ခုဖြစ်ပြီး Gameloft ကနေ ဖန်တီးခဲ့တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ လက်နှစ်ချောင်းဂိမ်မာတွေခြားမှာ နာမည်ကြီးခဲ့တဲ့ Modern Combat ဂိမ်းစီးရီးရဲ့ ငါးခုမြောက်ဂိမ်းတစ်ခုဖြစ်ပြီး ရှေ့ဂိမ်းတွေထက် Graphics တွေ gameplay တွေအကုန် တစ်ဆင့်မြင့်သွားပါတယ်။

💠Details
🎮Type: First-person shooter
🎮Size: 2GB
🎮Mode: Single-player, Multiplayer
🎮Developer: Gameloft Bucharest
🎮Publisher: Gameloft
🎮Platform: Android
🎮Released date: July 24, 2014

ဒီဂိမ်းက အရင်ဂိမ်းတွေထက် graphic ပိုကောင်းလာတာတွေ့ရပါတယ်။ Environment ပိုင်းတွေ ပိုပြီး detail ကျလာတယ်၊ character design တွေပိုပြီး realistic ဆန်လာတယ်၊ lighting effect တွေဘာတွေနဲ့ ပိုပြီး ကြည့်ကောင်းလာတာတွေ့ရတယ်။ explosion effect တွေ firefight effect တွေ ပိုကောင်းမွန်လာပါတယ်။

Single-player mode မှာလဲ အရင်ဂိမ်းတွေတုန်းကလိုပဲ storyline ကောင်းကောင်းနဲ့ဖန်တီးထားတာတွေ့ရပါတယ်။ Mission အမျိုးမျိုးကို location အမျိုးမျိုးမှာ ဆော့ကစားရမှာဖြစ်ပြီး action နဲ့ stealth တို့ကိုပေါင်းစပ်ထားတာဖြစ်တဲ့အတွက် FPS ကိုမှ solo ဆော့ရတာကြိုက်တဲ့သူတွေအနေနဲ့ နှစ်သက်စေမှာသေချာပါတယ်။
Multiplayer ပိုင်းမှာကျတော့ အရင်ဂိမ်းတွေနဲ့ တော်တော်ကွာသွားတယ်။ Rank system ပါဝင်လာပြီး Team Death Match တို့ Domination တို့ အပြင်ကို Pubg လိုမျိုး Battleroyal ပါ ပါဝင်လာပါတယ်။

ဒီဂိမ်းက Gameplay ရော Graphic ရောက ပြောစရာသိပ်မရှိပေမယ့် online ဖွင့်မှဆော့လို့ရတာကတော့ နည်းနည်း feel ငုတ်တယ်။ Control ပိုင်းမှာလဲ ကိုယ်စိတ်ကြိုက်နေရာချ လို့ရတဲ့အတွက် ထိန်းချုပ်ရလွယ်ကူစေပါတယ်။ Modern Combat Fan ဆိုရင်တော့ သူ့နောက်ဆုံး story mode ဂိမ်းလေးကို ဆော့ကြည့်သင့်ပါတယ်။

💠Gameplay video
https://fb.watch/ot7aJ8jts2/?mibextid=Nif5oz

💠Game download links
🎮Google playstore link
https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftM5HM
Or
🎮APKpure link
https://m.apkpure.com/modern-combat-5/com.gameloft.android.ANMP.GloftM5HM

💠Android games collection
https://m.facebook.com/story.php?story_fbid=262519659234354&id=100064289644382&mibextid=Nif5oz

💠Gameloft games collection
https://m.facebook.com/story.php?story_fbid=558013823018268&id=100064289644382&mibextid=Nif5oz

💠Modern Combat games collection
https://m.facebook.com/story.php?story_fbid=261522712667382&id=100064289644382&mibextid=Nif5

13/06/2023

I've received 6,000 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

ရွှေ command (သို့) Command & Conquer (PlayStation One)ဒီတစ်ခါတော့ မြန်မာနိုင်ငံမှာ ရွှေcommand ဆိုပြီး လူသိများတဲ့ ဂိမ်...
11/06/2023

ရွှေ command (သို့) Command & Conquer (PlayStation One)

ဒီတစ်ခါတော့ မြန်မာနိုင်ငံမှာ ရွှေcommand ဆိုပြီး လူသိများတဲ့ ဂိမ်းတစ်ခုတင်ပေးပါမယ်။ ဒီဂိမ်းရဲ့ နာမည်က Command & Conquer ဖြစ်ပြီး real-time strategy အမျိုးအစားဂိမ်းတစ်ခုပါ။ ၁၉၉၅ ခုနှစ်မှာ Westwood Studios ကနေ ဖန်တီးပြီး Virgin Interactive ကနေ ဖြန့်ချီခဲ့ပါတယ်။ ဒီဂိမ်းက Command and Conquer series ရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။

💠Details
🎮Type: Real-time strategy
🎮Size: 756 MB (disc1+2)
🎮Mode: Single-player
🎮Developer: Westwood Studios
🎮Publisher: Virgin Interactive Entertainment
🎮Platform: PlayStation One
🎮Released date: December 1996

ဒီဂိမ်းမှာ UN ကနေဖွဲ့စည်းထားတဲ့ the Global Defensive Initiative ဆိုတဲ့ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းရယ် Kane လို့ခေါ်တဲ့ အကြမ်းဖက်သမားတစ်ယောက်က ဖွဲ့စည်းထားတဲ့ the Brotherhood of Nod လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းရယ်ဆိုပြီး နှစ်ခုရှိပါတယ်။ player တွေက GDI အနေနဲ့ ဖြစ်ဖြစ် NOD အနေနဲ့ဖြစ်ဖြစ် ကြိုက်တဲ့ အဖွဲ့အစည်းကနေ ဆော့ကစားနိုင်ပါတယ်။

Gameplay ကတော့ မြေပုံကြီးတစ်ခုမှာ GDI နဲ့ NOD တို့က အပြန်အလှန်တိုက်ရမှာပါ။ base တွေဆောက်မယ် resources တွေစုဆောင်းမယ်၊ ပြီးရင် troop တွေ ဖန်တီးပြီး ရန်သူတွေကို တိုက်ခိုက်ရမှာပါ။ ရန်သူဖက်က base တွေ troop တွေကုန်ရင် နိုင်ပါပြီ။

Graphic ကတော့ PlayStation One ဖြစ်တဲ့အတွက် နည်းနည်းညံ့မယ်။ ဒါပေမယ့် သူ့ဟာနဲ့သူကတော့ ကြည့်ပျော်ရှုပျော်ရှိပါတယ်။ map ကိုဖန်တီးထားတာပုံစံကျတယ်။ စစ်သားတွေ တင့်ကားတွေနဲ့ အခြား troop တွေကိုဖန်တီးထားတာ အဆင်ပြေတယ် ကြည့်ပျော်ရှုပျော်ရှိပါတယ်။ ကျနော်ပြောပြီးပါပြီ Graphic က အဓိကမဟုတ်ပါဘူး Gameplay အဓိကပါ။

💠Gameplay video
https://www.facebook.com/100064289644382/posts/668132905339692/

💠Rom download links
🎮Vimm's Lair link
https://vimm.net/vault/6351
Or
🎮Telegram link
💿Disc 1
https://t.me/manuthagaming/248
💿Disc 2
https://t.me/manuthagaming/249

💠Ps1 emulator epsxe download links(7.53mb)
🎮Mediafire link
http://www.mediafire.com/file/cg28u0od2377w5m/ePSXe_for_Android_2.0.10_build_97.apk/file
Or
🎮Telegram link
https://t.me/manuthagaming/93

💠Ps1 bio download link (512kb)
🎮CoolROM link
https://coolrom.com.au/bios/psx/
Or
🎮Telegram link
https://t.me/manuthagaming/94

💠ဖိုင်ဖြည်ရမယ့် App Zarchiever download links
🎮Play Store link
https://play.google.com/store/apps/details?id=ru.zdevs.zarchiver
Or
🎮APKPure link
https://m.apkpure.com/zarchiver/ru.zdevs.zarchiver/download?from=details

💠How to play?
https://m.facebook.com/story.php?story_fbid=108245164408021&id=107450497820821

💠PlayStation One games collection
https://m.facebook.com/story.php?story_fbid=329734069179579&id=100064289644382

Address


Telephone

+959667436628

Website

Alerts

Be the first to know and let us send you an email when Manutha Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Manutha Gaming:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share