People's Defence Force-Naypyitaw

  • Home
  • People's Defence Force-Naypyitaw

People's Defence Force-Naypyitaw နေပြည်တော် သတင်းမှန်ပြန်ကြားရေး

ဒီ Page လေးက ငါတို့ကို ချစ်သော ပြည်သူတွေ ရှိသေးရဲ့လားဗျာ.....ကျွန်တော်တို့တွေကို မေ့မေ့ပျောက်ပျောက်ဖြစ်နေကြပြီလား...အခြေ...
15/12/2022

ဒီ Page လေးက ငါတို့ကို ချစ်သော ပြည်သူတွေ ရှိသေးရဲ့လားဗျာ.....ကျွန်တော်တို့တွေကို မေ့မေ့ပျောက်ပျောက်ဖြစ်နေကြပြီလား...အခြေအနေမပေးလို့ လိုင်းမသုံးဖြစ်တာ အတော်ကြာနေပြီတဲ့ ကျွန်တော်အဖွဲ့လေး....လုပ်ဆောင်ချက်တွေ ပီပီပြင်ပြင် မလုပ်ပြနိုင်သေးခင် ဖြိုခွင်း ဖျက်ဆီး ချေမှုန်းခံခဲ့ရတဲ့ ကျွန်တော်အဖွဲ့လေး ပြည်သူ့အားနဲ့ ဆက်ပြီး ရှင်နေဦးမည်

မိသားစုနဲ့ဝေးနေရတဲ့လူတွေရဲ့ခံစားချက်ကောင်းကောင်းနားလည်ပါတယ် ဖိုက်တင်း...ညီအစ်ကိုအားလုံးရဲ့ ဆန္ဒကို ပြည်သူတွေနားလည်နိုင်က...
15/03/2022

မိသားစုနဲ့ဝေးနေရတဲ့လူတွေရဲ့ခံစားချက်ကောင်းကောင်းနားလည်ပါတယ် ဖိုက်တင်း...

ညီအစ်ကိုအားလုံးရဲ့ ဆန္ဒကို ပြည်သူတွေနားလည်နိုင်ကြပါစေ...

တစ်နေ့တော့ ငါတို့ရဲ့ မျှော်လင့်ချက် အိပ်မက်တွေ  အမှန်တကယ်ဖြစ်လာမှာပါ... #အရေးတော်ပုံအောင်ရမည်
15/03/2022

တစ်နေ့တော့ ငါတို့ရဲ့ မျှော်လင့်ချက် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာမှာပါ...

#အရေးတော်ပုံအောင်ရမည်

12/03/2022

ငါတို့တွေ နိုင်ကိုနိုင်ရမယ်...
စိတ်ဓာတ်ကျနေလို့မဖြစ်ဘူး....

29/01/2022

တော်လှန်ရေး သမားတစ်ယောက်ဟာ
အရင်ဆုံး မိသားစုကို
စွန့်လွတ်ရတယ်
ပြီးရင် ကိုယ့်ဘဝရှေ့ရေးကို
ရိုက်ချိုးရတယ်
ကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်တွေ
ဆုံးရှုံးရတယ်
ပခုံးချင်း ဖက်ပေါင်းခဲ့တဲ့...
အရမ်းချစ်ကြတဲ့
သူငယ်ချင်းတွေနဲ့
ခွဲခွာရတယ်
အရင်က အရမ်းချစ်ပါတယ်ဆိုတဲ့
သူတစ်ယောက်က
ကိုယ်တောထဲရောက်လို့
အခက်အခဲမျိုးစုံကြောင့်
မဆက်သွယ်မိလို့
(အသစ်တစ်ယောက်ရသွားရင်တောင်
ပြုံးပြုံးလေး)
လက်ပြနှုတ်ဆက်ရတယ်
တခါတလေမှာ အရမ်းပင်ပန်းတယ်
တချို့အစားအစာတွေ
မစားနိုင်ဘူး........
ဥပမာ
(အရင်က ငပိထောင်း ဆိုတာလက်ဖျားနဲ့မထိခဲ့ရင်တောင်.... တောထဲရောက်ရင်
ငပိထောင်း ဟာ ဟင်းကောင်းတခွက်ဖြစ်လာတယ်)
ညဘက်ဆို ငိုချင်တယ်
တခါတလေ စိတ်တွေ အရမ်းပင်ပန်းတယ်
ဒါပေမယ့်....အရှုံးမပေးဘူး
ငါယုံကြည်လို့
လျှောက်ခဲ့တဲ့လမ်းပါလားဆိုပြီး.....
ကြံကြံခံ ရင်ဆိုင်နေရတယ်
တော်လှန်ရေးကြီး အမြန်ပြီးပါတော့
ပြည်သူတွေအကုန်ပါဝင်ရင်
ဒီတော်လှန်ရေးဟာ အမြန်ဆုံး
ပြီးမြောက်အောင်မြင်မှာပါ...
ပြည်သူတွေ အတတ်နိုင်ဆုံး
ပါဝင်ကူညီပေးကြပါဗျာ...

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

လက်၃ချောင်း ထောင်ခဲ့တဲ့ အချိန်တွေကို ထားခဲ့လိုက်တော့ကြမ်းတမ်းစွာ လက်ညိုးကွေးရမဲ့ အချိန်ရောက်နေပီ...🙂 #အရေးတော်ပုံအောင်ရမ...
31/12/2021

လက်၃ချောင်း ထောင်ခဲ့တဲ့ အချိန်တွေကို ထားခဲ့လိုက်တော့
ကြမ်းတမ်းစွာ လက်ညိုးကွေးရမဲ့ အချိန်ရောက်နေပီ...🙂

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

PDF.လို့ဖြေရင် "တောထဲမှာလား" တဲ့။တောထဲမှာနေနေတဲ့ PDF.ရှိပါတယ်။ ရွာထဲမှာလည်း တစ်ပုံကြီး။ မြို့ထဲမှာလည်း မနည်းပါဘူး။ တချို...
29/12/2021

PDF.လို့ဖြေရင် "တောထဲမှာလား" တဲ့။
တောထဲမှာနေနေတဲ့ PDF.ရှိပါတယ်။ ရွာထဲမှာလည်း တစ်ပုံကြီး။ မြို့ထဲမှာလည်း မနည်းပါဘူး။ တချို့ဆို Taxi သမားဖြစ်ချင်ဖြစ်မှာပေါ့။ တချို့ဆို လယ်သမား။
ရှင်းရှင်းပြောရင် PDF.ဆိုတာ တောခိုနေတာမဟုတ်ဘူး။ ပြည်သူထဲက ပြည်သူမို့ ပြည်သူရှိရင် PDF. ရှိတယ်။ တောထဲမှာပဲနေမှဆိုရင် 88 နဲ့ ဘာထူးပါ့မလဲ။
အဲ့တော့ ထပ်မေးပါလိမ့်မယ်။ ပြည်သူနဲ့ဘာကွာလဲပေါ့။ မကွာပါဘူး။ မလိုအပ်ဘူးဆိုရင် သာမန်ပြည်သူလိုပါပဲ။ လိုအပ်လာပြီဆိုရင်တော့ တိုက်ခိုက်ရေးသမားဖြစ်သွားတယ်။ ဒါပါပဲ။
ဒါ့ကြောင့် စကစအတွက် စခန်းကနေထွက်လိုက်တာနဲ့ ရန်သူ့နယ်မြေကို အလိုလိုရောက်သွားတာပေါ့။
အဲ့တော့ သိထားရမှာက PDF.ဆိုလိုက်တာနဲ့ တောထဲမှာပဲ ရှိတာမဟုတ်ဘူး။ လယ်ထဲ ယာထဲ မြို့ထဲ ရွာထဲ စက်ရုံထဲမှာလည်း ရှိတယ်ဆိုတာပဲ။

သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး လက်နက်မရှိတဲ့ကလေးတွေကို ကြိမ်းဝါးတယ် ... ကလေးတွေက လက်နက်ရအောင်ဖန်တီးပြီး လစ်ရင် လစ်သလိုဆွဲလို...
27/12/2021

သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး လက်နက်မရှိတဲ့ကလေးတွေကို ကြိမ်းဝါးတယ် ...

ကလေးတွေက လက်နက်ရအောင်ဖန်တီးပြီး လစ်ရင် လစ်သလိုဆွဲလို့ တဖြုတ်ဖြုတ်လဲ ကြွေကုန်ရော ကြိမ်းဝါးသံက ပြောင်းသွားတယ် ...

သတ္တိရှိရင် ချောင်းမပစ်နဲ့၊ သေနတ်ချင်းယှဉ်ပစ် ...တဲ့

သေနတ်ချင်းလဲ ယှဉ်ပစ်ကြရော
ဒင်းတို့တွေက လေကြောင်းပစ်ကူသုံးတယ် ...

ဆိုတော့ ....
ယောကျာ်းတွေမှ ဟုတ်ရဲ့လားကွာ .....။😏

ကျွန်တော်တို့....      နှလုံးသားထဲက..           သူရဲကောင်းအမေဆိုတာ..😊🙏🙏🙏
26/12/2021

ကျွန်တော်တို့....
နှလုံးသားထဲက..
သူရဲကောင်းအမေဆိုတာ..😊🙏🙏🙏

ငါတို့ကတော့ ရှင်မယ်စစ်ခွေးတွေပဲ သေ
25/12/2021

ငါတို့ကတော့ ရှင်မယ်
စစ်ခွေးတွေပဲ သေ

ကျွန်တော်တို့ နေပြည်တော် PDF တွေကို ကူညီချင်တယ်ဆိုရင် ငွေမလွဲကျပါနဲ့ဗျို့ ဒါလေးတွေလွှဲပေးကြပါ🤤🤤🤤 #အရေးတော်ပုံအောင်ရမည် #...
25/12/2021

ကျွန်တော်တို့ နေပြည်တော် PDF တွေကို ကူညီချင်တယ်ဆိုရင် ငွေမလွဲကျပါနဲ့ဗျို့ ဒါလေးတွေလွှဲပေးကြပါ🤤🤤🤤

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

25/12/2021
 #အရေးတော်ပုံအောင်ရမည် #အာဏာရှင်စနစ်ရိုက်ချိုးပစ် #သွေးကြွေးမှာဆွေးနွေးစရာမရှိဗိုလ်ရောင်နီ
12/12/2021

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ

ဗိုလ်ရောင်နီ

 #နှလုံးသားနဲ့တိုက်တဲ့ပွဲ #နိုင်ကိုနိုင်ရမယ်
10/12/2021

#နှလုံးသားနဲ့တိုက်တဲ့ပွဲ #နိုင်ကိုနိုင်ရမယ်

30/11/2021

.♪..♫...♪..♫...ဒီနှစ်ဆောင်းက အေးလွန်းနေတယ်အရင်ကထက်...♪..♫...♪..♫..
အဲဒီ သီချင်းက ကျွန်တော်တို့ PDF တွေအတွက်လက်တွေ့ခံစားနေကြရပြီ....နေပြည်တော် ဆောင်းက ကျို့တို့ကျဲတဲ့ဖြစ်နေတဲ့ တဲကလေးအောက်မှာ ထူထည်လုံခြုံတဲ့ အနွေးဝတ်တွေ၊ စောင်တွေမရှိတဲ့ ကျွန်တော်တို့ PDF တွေအတွက် အရမ်းကိုအေးလွန်းပါတယ်။ တော်လှန်ရေးအတွက် လေ့ကျင့်နေချိန် ဝန်ထုပ်ဝန်ပို မဖြစ်စေဖို့ စောင်ထူထူ၊ အနွေးထည်ထူထူတွေ တောတောင်ထဲမှာ မယူလာခဲ့တဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ နေပြည်တော် ဆောင်းရဲ့ဒဏ်ကို အလူးအလဲ ခံနေကြရပြီ
ကျွန်တော်တို့ PDF တော်လှန်ရေးညီအစ်ကိုမောင်နှမတွေအတွက် အနွေးအင်္ကျီတွေလိုနေပါပြီ....တတ်နိုင်သော မိဘပြည်သူများအနေနဲ့ လှူတန်းပေးကြပါဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ဆက်သွယ်လှူဒါန်းပေးနိုင်သူများ CB ကနေပြီး ဆက်သွယ်ပေးကြပါ။

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ နေပြည်တော် PDF အဖွဲ့တွေအနေနဲ့ လေ့ကျင့်ရေးတွေပြင်းပြင်းထန်ထန် လုပ်ခဲ့ကြသလို၊ အရမ်းလည်းပင်...
26/11/2021

ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ နေပြည်တော် PDF အဖွဲ့တွေအနေနဲ့ လေ့ကျင့်ရေးတွေပြင်းပြင်းထန်ထန် လုပ်ခဲ့ကြသလို၊ အရမ်းလည်းပင်ပန်ခဲ့ကြပါတယ်။ ဒီကြားထဲ စားနပ်ရိက္ခာအတွက် အခက်အခဲတွေအများကြီးနဲ့ ကြုံတွေ့ခဲ့ရလို့ ညီအစ်ကိုတွေ အတော်လေး ဒုက္ခရောက်ခဲ့ရတယ်။ ဒီအခြေအနေကို ပြည်သူတွေက စုပေါင်းပြီး ကျွန်တော်တို့ နေပြည်တော် PDF အတွက် ဆန် ဆီ ဆားနဲ့ ခေါက်ဆွဲခြောက် ရိက္ခာတွေ လှူဒါန်းပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ တော်လှန်ရေး အောင်မြင်အောင် တစ်ဖက်တစ်လှမ်းက ကူညီပံ့ပိုးပေးတဲ့ ပြည်သူတစ်ယောက်ချင်းဆီကို နေပြည်တော် PDF အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

17/11/2021

တူမီးနဲ့ မောင်းပြန်သေနတ်
ယှဉ်ပစ်ရဲတာ ကမ္ဘာမှာ မြန်မာနိုင်ငံက PDF တွေပဲရှိတယ်

17/11/2021

ဒီအချက်လေး သတိထားရအောင်ဗျာ....
PDF တွေက မစ်ရှင်းတွေလုပ်မှာမို့
မလိုအပ်ပဲ အပြင်မထွက်ဖို့ သတိပေးတဲ့အခါ....
တချို့ပြည်သူတွေက ပြန် ပြော တယ်...
ငါဖြစ်နေပါစေ ပစ်စရာရှိရင် ပစ်၊...
ခွဲစရာရှိတာ ခွဲ သေရတာတန်တယ် ဆိုပြီး...
ဒီတော့....
ထန်းတပင်ဖြစ်စဉ်ကို မြင်တယ်မို့လား....?
ခများတို့အတွေးကလည်း
ငါဖြစ်နေပါစေ ပစ်စရာရှိပစ်လို့ ပြောပေမဲ့...
PDF ဆိုတဲ့ သူရဲကောင်းတွေကလည်း...
ကျုပ်ဖြစ်နေပါစေ အပြစ်မဲ့ပြည်သူကို
မနစ်နာစေချင်တဲ့စိတ် အပြည့်ရှိကြောင်း..
အဲဒီနေ့ ဖြစ်စဉ်က သက်သေပြခဲ့ပြီ။
ဒီအတွက်....
ဒီရက်တွေကစလို့ မိမိအပါဝင် မိသားစုဝင်တွေကို
လတ်လျားလတ်လျား မသွားခိုင်းပါနဲ့။
ယခုအခြေနေဟာ...
အချိန်မရွေး နေရာမရွေး
စစ်မြေပြင်အဖြစ် ပြောင်းလဲသွားနိုင်လို့ပါ။
မှတ်ထား.....
သူရဲကောင်းဆိုတာ...
ရန်သူဘယ်နှစ်ဦးကို ချေမှုန်းနိုင်ဖို့ထက်....
ပြည်သူဘယ်နှစ်ဦးကို ကယ်တင်ရမလဲဆိုတဲ့
အချက်ကို ဦးစားပေးထားတဲ့သူတွေဖြစ်တာကြောင့်...
ငါဖြစ်ပါစေ ပစ်လို့မပြောနဲ့
ငါတို့ဖြစ်နေရင်တောင် ငါတို့ကပြည်သူကို မပစ်ဘူး။
ဒါကြောင့်....
မထွက်နဲ့ဆို မထွက်ဘဲနေလိုက်ပါ။
ဒါကလဲ တော်လှန်ရေးလုပ်တာပါပဲ။

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

12/11/2021

ကြေး (၃) ကြေး- သွေးမအေးကြေး
နောက်မဆုတ်ကြေး
နောင်တမရကြေး

မဲဆွယ်ကာလတုန်းကလည်း ကျွန်တော်တို့အပြတ်သတ်နိုင်တယ်...မဲပေးကြတော့လည်း ပြည်သူတွေအပြတ်သတ်နိုင်တယ်....နိုင်ငံရေးအရလည်း ကျွန်တ...
12/11/2021

မဲဆွယ်ကာလတုန်းကလည်း ကျွန်တော်တို့အပြတ်သတ်နိုင်တယ်...
မဲပေးကြတော့လည်း ပြည်သူတွေအပြတ်သတ်နိုင်တယ်....နိုင်ငံရေးအရလည်း ကျွန်တော်တို့နိုင်တယ်...
သံတမန်နည်းနှင့်လည်းကျွန်တော်တို့နိုင်တယ်...
မတရားအာဏာသိမ်းတော့လည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့နေတဲ့ ကျွန်တော်တို့ပြည်သူတွေနိုင်တယ်...
အကြမ်းဖက်ဖြိုခွဲတော့လည်း ပြည်သူတွေကရတဲ့နည်းနှင့် အသက်စွန့်ပြီးအနိုင်ယူနေတယ်...
CDM လူပ်ရှားမှုကလည်းအနိုင်ရနေတယ်...
နိုင်ငံတကာထောက်ခံမှုကလည်း ကျွန်တော်တို့ပြည်သူတွေ အနိုင်ရနေတယ်...
လက်နက်ပဲပစ်တတ်တဲ့အာဏရူးများ ၊ လက်နက်အားကိုးနဲ့ အာဏာပြန်မအပ်ချင်ရင် မင်းတို့ အားကိုးနေတဲ့လက်နက်ကိုလည်း ကျွန်တော်တို့ပြည်သူတွေက အနိုင်ယူပြမယ်...

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

မင်းအရမ်းပင်ပမ်းနေလားညီလေးမင်းပင်ပမ်းလို့ဆိုပြီးနားနေလို့မရဘူးညီလေးမင်းကိုအားကိုးနေတဲ့ သိန်း ၂၀၀၀တန် လက်စွပ်ပိုင်ရှင်ကြီ...
12/11/2021

မင်းအရမ်းပင်ပမ်းနေလားညီလေး
မင်းပင်ပမ်းလို့ဆိုပြီးနားနေလို့မရဘူးညီလေး
မင်းကိုအားကိုးနေတဲ့ သိန်း ၂၀၀၀တန်
လက်စွပ်ပိုင်ရှင်ကြီးကရှိသေးတယ် ညီလေး
မင်းအရမ်းပင်ပမ်းနေပြီလား
အားမလျှော့နှင့်ညီလေး
မင်းလက်မောင်းကို အားကိုးနေတဲ့
သိန်း ၇၀၀ တန် နာရီပိုင်ရှင်ကြီးရှိသေးတယ် ညီလေး
မင်း ဗိုက်ဆာနေပြီလား မစားနဲ့ဦး ညီလေး
မင်းစားလိုက်ရင်
သိန်း ၂၀ တန် ဖိနပ်ကိုဝယ်ဖို့ အတွက်
လျော့သွားလိမ့်မယ် ညီလေး
မင်းအရမ်းပင်ပမ်းနေပြီလား...
မအိပ်လိုက်နှင့်ညီလေး
မင်းကိုမှ အားကိုးပြီး LV ရဲ့ နောက်ဆုံးပေါ်
သိန်း၄၀ တန် အိတ်ကိုမှ ဝယ်ချင်နေတဲ့
မမကြူရှိနေသေးတယ် ညီလေး
မင်းအရမ်းဖျားချင်နေလား
ဆေးခွင့်မယူနဲ့ဦး ညီလေး
မင်း အနားယူတာနဲ့ ငါတို့ လင်မယားကို
သူတို့တွေ အမှုန့်ချေကြလိမ့်မယ် ညီလေး
အဲဒီတော့ မနားတမ်း မငြီးမညူတမ်း
ရှေ့ဆက် ချီတက်ပေးပါ ညီလေး
ဘဘတို့ လင်မြားက ငှက်ပျောပင်စိုက်ရင်း
ညီလေးရဲ့ နောက်က
'ဖိုက်တင်း' လို့ အားပေးနေမယ် ညီလေး

#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ရိုက်ချိုးပစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
ဗိုလ်ရောင်နီ

10/11/2021
06/11/2021

PDF ဖြစ်မှ တော်လှန်ရေးလုပ်လို့ရတာလား
============================
ကျွန်တော်တို့ဆီကို လာလာမေးကြပါတယ်။ အကိုရေ ကျွန်တော်/ကျွန်မ တို့ PDFထဲဝင်ချင်ပါတယ်၊ သင်တန်းတက်ချင်ပါတယ် စသဖြင့်ပေါ့ ခဏခဏလာလာပြောကြတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း ကိုယ့်အဖွဲ့ရဲ့ လုံခြုံရေးအရရယ် အခက်အခဲလေးတစ်ချိုရယ်ကြောင့် ဒီလိုမေးခွန်းမျိုးတွေကို အမြဲ နှုတ်ဆိတ်ပဲနေဖြစ်ခဲ့ပါတယ်။
ဒီတစ်ခါမှာတော့ ဒီလိုမေးခွန်းတွေအတွက် အဖြေတစ်ခုရှာထားပေးပါတယ်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တဲ့နေရာမှာ လက်နက်ကိုင်လမ်းစဉ်ကိုမလိုက်ဘဲ ရရာနည်းလမ်းနဲ့တော်လှန်လို့ရပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတော့ -
(၁)အာဏာရှင်နဲ့ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးအားမြှောက်မလုပ်ခြင်း
(၂)စစ်ကောင်စီအတွက် ကျည်ဖိုးဖြစ်စေမဲ့ အခွန်အခတွေကိုမပေးဆောင်ခြင်း
(၃)အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေကို ရရာနည်းဖြင့် ထောက်ပံ့ကူညီခြင်း
(၄)စစ်ကောင်စီ လက်ပါးစေ နောက်လိုက်များနှင့် ဝေးဝေးနေခြင်း
(၅)ပြည်သူ့ကာကွယ်ရေးတပ်များမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား စနစ်တကျလိုက်နာခြင်း
(၆)စစ်ကောင်စီတပ်များ၏ လှုပ်ရှားသွားလာမှုများကို ‘က’ကြီးမှအစ ‘အ’အထိ ကင်းထောက် ပြုလုပ်၍ PDFများအား သတင်းပေးပို့ခြင်း
(၇)PDFများ၏ မြေပြင်လှုပ်ရှားမှုများအား မသိချင်ယောင်ဆောင် နေပေးခြင်း
(၈) ဂိမ်းဆော့ခြင်းက ပိုက်ဆံရတဲ့ဆော့ဝဲတွေဆော့ပေးတာ ။ အချိန်ပေးပါဆိုတဲ့ပေ့တွေမှာ သီချင်းနားထောင်ပေးတာ ။ Click to Donate မှာ သွားပြီး ကလစ်တာ စတဲ့ နောက်ဆုံးပေါ်နည်းတွေလည်းရှိပါသေးတယ် ။ အဲ့တာတွေလည်း တကယ်ငွေရတာမို့ လုပ်ဆောင်ပေးစေလိုပါတယ် ။
စတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ဆိုတော့...လက်နက်ကိုင်မဟုတ်ဘဲနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်လိုရတယ်ဆိုတာ သဘောပေါက်ကြမယ်လိုထင်ပါတယ်။ ရင်ထဲက‌နေ အာဏာရှင်ကို ဆန့်ကျင်နေတာဟာလည်း တော်လှန်နည်းတစ်မျိုးပါပဲ။ အဲဒါတွေ နိုင်သလောက်လုပ်ထားနှင့်ပါ။ မကြာခင်မှာ PDF အဖွဲ့ဝင်အဖြစ် သတ်မှတ်ခေါ်ယူဖို့ အနှေးနဲ့အမြန် ဆက်သွယ်လက်ခံပေးသွားမှာပါ။

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်ရိုက်ချိုးပစ်
ဗိုလ်ရောင်နီ

ဖက်ရွက်နဲ့လက်ဆုံစားမယ်မြေကဗ္ဗလာ..မညီမညာမှာ..စုံညီကာလက်ဆုံထမင်းဝိုင်းလေး..အညွှန့်အဖူးအခက်အလက်တွေက...ဖက်ရွက်ခင်း..တည်ဟင်းက...
05/11/2021

ဖက်ရွက်နဲ့လက်ဆုံစားမယ်
မြေကဗ္ဗလာ..မညီမညာမှာ..
စုံညီကာလက်ဆုံထမင်းဝိုင်းလေး..
အညွှန့်အဖူးအခက်အလက်တွေက...
ဖက်ရွက်ခင်း..တည်ဟင်းကဟင်းရည်တခွက်
အမယ်မစုံပေမဲ့
ဘာလချောင်ကြော်..စုပြုံထည့်..
မောဟိုက်ဟိုက်နဲ့..
ပြောလိုက်မကွဲ့စကားစုံ..
လူစုံရင်ပျော်စရာကောင်းတာပါဘဲ
တယောက်ပဲ့ရင်ဖြင့်..
တခြမ်းပဲ့အသည်းလို..
ခံစားချက်တွေပြိုဆင်း..
မျက်ရည်စီးချင်းထဲမှာ..
အခိုင်မာယုံကြည်ချက်တွေနဲ့
ဒီမိုကရေစီအရောင်လက်အောင်...
တမင်ရှောင်နှောင်ကြိုး..
ဇွတ်တိုးတဲ့ဆင်းရဲတွင်းကို...။
မြင်သူတကာလေးစားလောက်ပါရဲ့..
ရင်နာနာ..မြင်နေရတာများ..
အစဉ်အလာသတင်းကြီးနေတဲ့..
PDF..တွေရဲ့..
သွေးခြင်းနီးတဲ့
ထမင်းဝိုင်းကြီး။
အောင်တော့မယ်✍️ နွေဦး တော်လှန် ရေး
တို့တတွေ မသွေမတိမ်း...လှမ်းချီလို...
အောင်ပွဲ ဆီသို့....🙏🙏🙏

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်ရိုက်ချိုးပစ်
ဗိုလ်ရောင်နီ

05/11/2021

PDF ဆိုတာ စည်းမဲ့ကမ်းမဲ့ ဖွဲ့စည်းထားတဲ့
စစ်တပ်မဟုတ်
PDF ဆိုတာ တွေ့ကရာ ဝင်တိုက်တဲ့
စစ်တပ်မဟုတ်
PDF ဆိုတာ ခေတ်ပညာတက် စူပါမော်ဒယ်
သူဌေးသူကြွယ် လယ်သမား
ဆင်းရဲသား ကုန်သွယ်ပွဲစား
ဘာသာမတူ လူမျိုးခြား အလွှာပေါင်းစုံက
နိုင်ငံလူမျိုးကို
ချစ်တဲ့စိတ်ဓါတ်ပိုင်ရှင်တွေ
ပါဝင်ဖွဲ့စည်းထားတဲ့ စစ်တပ်
PDF ဆိုတာ နေရာတကာ လှည့်တိုက်
မိုက်ကြေးခွဲနေတဲ့စစ်တပ်မဟုတ်
PDF ဆိုတာ မိမိပြည်သူတေကို
မတရားမမူ့များစွာနဲ့ အနိုင်ကျင့်တက်တဲ့
လူတန်းစား စစ်ဗိုလ်အုပ်စုကိုသာ
အဓိကထားတိုက်ဖို့ဖွဲ့စည်းထားတဲ့စစ်တပ်
PDF ဆိုတာ မိမိရပ်ရွာအတွင်း
မတရားမူ့ကိုတော်လှန်နေတဲ့ ပြည်သူဘက်က
ရပ်တည်ဖို့ ဖွဲ့စည်းထားတဲ့စစ်တပ်
PDFဆိုတာ မိမိဒေသရပ်ရွာအတွင်း
မတရားသဖြင့် လာရောက်ဖမ်းဆီးတက်တဲ့
စစ်အုပ်စုကို တော်လှန်ဖို့ မိမိဒေသလုံခြုံရေး
အတွက်ဖွဲ့စည်းထားတဲ့ စစ်တပ်ဖြစ်တယ်
ဒါကြောင့် PDF
PEOPLE DEFENCE FORCE (P .D.F)
ပြည်သူ့ကာကွယ်ရေးတပ်ဟု ကမ္ဘာကြီးမှာ
ပေါ်ထွက်လာခဲ့ရခြင်းဖြစ်ပါတယ်

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်အလိုမရှိ
ဗိုလ်ရောင်နီ

03/11/2021

ယူနီဖောင်းဝတ်ပြီး မျက်နာပုံ မဖျက်ဘဲ
Post တင်နေတဲ့ ချစ်သော PDF တို့ကို
စေတနာနဲ့ သတိပေးပါရစေ .....
သားက PDF ဆိုပြီး ဝင်ဖမ်းတာ မမိလို့
အဖေနဲ့ အမေကို ဖမ်းသွားပြီး
မနက်ကျတော့ အဖေဖြစ်သူရဲ့ အလောင်းပဲ
ပြန်ရတယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရမယ် ထင်ပါတယ်
ကိုယ်က တောထဲရောက်နေပေမဲ့ ကိုယ့်မိဘ
ညီအကို မောင်နှတွေက မြို့ပေါ် ( သို့ ) ကျေးရွာတွေမှာ ကျန်ခဲ့ကြရတာပါ
ကိုယ့် ပတ်ဝန်းကျင်မှာ ဒလန်ရှိနေခဲ့ရင် ကိုယ့်ပုံကို မြင်လိုက်တာနဲ့ ဘယ်သူ့ သားသမီး ဘယ်သူ့ ညီအကို မောင်နှမဆိုပြီး တန်းသိတာနဲ့ပဲ
စကစကို သတင်းပေးလိုက်ရင် ကျန်ခဲ့တဲ့ မိသားစုပဲ ဒုက္ခ ရောက်ကြရမှာပါ ညီငယ် ညီမငယ်တို့ ရေ ......
နောက်ကြောင်းရှင်းတဲ့သူတွေ
ပုံတင်တာတော့ မပြောလိုပါဘူး
အခုချိန်ခါက
စကစ ခွေးရူးတွေ အထိနာလာချိန်ဖြစ်နေတော့
မဲမဲမြင်ရာကို ကိုက်နေကြပါပြီ ညီအစ်ကိုတို့ ရေ
ကျန်ခဲ့တဲ့ မိသားစု အန္တရာယ်ကင်းဖို့အတွက်
Fb သုံးခြင်းကို ဂရုစိုက်ကြပါလို့ စေတနာဖြင့် သတိပေးလိုက်ပါရစေ။
ဘေးမသီရန်မခ ပဲတိုက်ပွဲတိုင်း အောင်ပွဲတွေကိုပဲဆင့်ကာဆင့်ကာရရှိပါစေ 🙏🙏🙏

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်အလိုမရှိ
ဗိုလ်ရောင်နီ

Address


Telephone

+959427583352

Website

Alerts

Be the first to know and let us send you an email when People's Defence Force-Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to People's Defence Force-Naypyitaw:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share