Businesses Consultation-SANDA LYNN LYNN

  • Home
  • Businesses Consultation-SANDA LYNN LYNN

Businesses Consultation-SANDA LYNN LYNN Commodity Online Mart

တန်ဆောင်မုန်းလပြည့်နေ့လေးမှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီးသာယာပျော်ရွှင်အေးချမ်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှ...
15/11/2024

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး
သာယာပျော်ရွှင်အေးချမ်းကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏🥰🍀

🍀မင်္ဂလာပါရှင့်🍀မိုးကုတ်သဘာဝပတ္တမြားစိတ်ဝင်စားရင်cb ကိုဆက်သွယ်ပြီးအားပေးလို့ရပါတယ်ရှင့်🥰🍀
02/11/2024

🍀မင်္ဂလာပါရှင့်🍀
မိုးကုတ်သဘာဝပတ္တမြား
စိတ်ဝင်စားရင်
cb ကိုဆက်သွယ်ပြီးအားပေးလို့ရပါတယ်ရှင့်🥰🍀

Happy Diwali🙏🥰🍀
01/11/2024

Happy Diwali🙏🥰🍀

🍀မင်္ဂလာပါရှင့်🍀အထည်ခတ်လိုက်ရင်ထည်ထည်ခန့်ခန့်လေးနဲ့ဝတ်လို့ရစေမယ့်ဈေးနှုန်းသင့်တင့်တဲ့မိုးကုတ်သဘာဝကျောက်လေးတွေကိုရောင်းပေ...
30/10/2024

🍀မင်္ဂလာပါရှင့်🍀
အထည်ခတ်လိုက်ရင်ထည်ထည်ခန့်ခန့်လေးနဲ့ဝတ်လို့ရစေမယ့်ဈေးနှုန်းသင့်တင့်တဲ့
မိုးကုတ်သဘာဝကျောက်လေးတွေကို
ရောင်းပေးပါရစေရှင့်

ပွင့်ပွင့်လှလှလေးတွေမို့
ထည်လဲဝတ်ပျော်တဲ့ကျောက်လေးတွေပါရှင့်🥰🍀

🍀မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာကျရောက်တဲ့ သီတင်းကျွတ်အခါသမယမှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်🙏🍀🍀"✅ကပ် ၃ ပါးဘေ...
16/10/2024

🍀မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာ
ကျရောက်တဲ့ သီတင်းကျွတ်အခါသမယမှာ
ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်🙏🍀🍀
"✅ကပ် ၃ ပါးဘေး၊ ရန်သူမျိုးငါးပါးဘေးအပေါင်းရန်အပေါင်းတို့မှကင်းဝေးကြပါစေ၊
✅စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေပြည့်ဝကြပါစေ၊
✅မြန်မာနိုင်ငံကြီးလည်းအမြန်အေးချမ်းသာယာရှိပါစေ"ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏🍀🍀

🍀မင်္ဂလာပါရှင့်🍀မိုးကုတ်သဘာဝနီလာလေးတွေဈေးနှုန်းအသင့်အတင့်လေးနဲ့ရောင်းပေးပါရစေရှင့်ပွင့်ပွင့်လှလှလေးတွေမို့ထည်လဲဝတ်ပျော်တ...
12/10/2024

🍀မင်္ဂလာပါရှင့်🍀
မိုးကုတ်သဘာဝနီလာလေးတွေ
ဈေးနှုန်းအသင့်အတင့်လေးနဲ့
ရောင်းပေးပါရစေရှင့်

ပွင့်ပွင့်လှလှလေးတွေမို့
ထည်လဲဝတ်ပျော်တဲ့ကျောက်လေးတွေမို့
စိတ်ဝင်စားရင်အားပေးလို့ရပါတယ်ရှင့်🥰🍀

🍀မင်္ဂလာပါရှင့်🍀သန့်သန့်ရွှင်ရွှင် Spinel Sets လေးတွေပါစိတ်ဝင်စားရင်ဆက်သွယ်လို့ရပါတယ်ရှင့်🤩🍀🔰ဆက်သွယ်ရန် -09957295058, 09...
04/10/2024

🍀မင်္ဂလာပါရှင့်🍀
သန့်သန့်ရွှင်ရွှင် Spinel Sets လေးတွေပါ
စိတ်ဝင်စားရင်ဆက်သွယ်လို့ရပါတယ်ရှင့်🤩🍀

🔰ဆက်သွယ်ရန် -09957295058, 09699046767 (or)
🔰CB

🍀မိုးကုတ်ပတ္တမြားခါးရှိန်း set လေးတွေရောင်းပေးပါရစေ။✅အညှိဆိုပေမယ့် ပွင့်တယ်၊ရွှင်တယ်၊ အရည်ညီလေးတွေမို့အထည်ခတ်ဝတ်မယ်ဆို လ...
24/09/2024

🍀မိုးကုတ်ပတ္တမြား
ခါးရှိန်း set လေးတွေရောင်းပေးပါရစေ။

✅အညှိဆိုပေမယ့် ပွင့်တယ်၊
ရွှင်တယ်၊ အရည်ညီလေးတွေမို့
အထည်ခတ်ဝတ်မယ်ဆို လုံးဝ
ထည်ထည်လေးဖြစ်စေတဲ့ကျောက်တွေပါ။
🔰၁၀ သိန်းကျော်တန်လေးတွေဆိုတော့
ဝတ်သူ/ဝယ်သူအတွက်
ဈေးနှုန်းအရမ်းသင့်ပါတယ်။

♻️စိတ်ဝင်စားရင်အသေးစိတ်လာမေးလို့ရပါတယ်ရှင့်🍀

⚠️⚠️သတိပြုဖွယ် ရေဘေးအန္တရာယ်⚠️⚠️~~~~~~~~~~~~~~~~~~(၁) မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပါ။ မိသားစုဝင်အချင်းချင်း...
11/09/2024

⚠️⚠️သတိပြုဖွယ် ရေဘေးအန္တရာယ်⚠️⚠️
~~~~~~~~~~~~~~~~~~
(၁) မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပါ။ မိသားစုဝင်အချင်းချင်းသော်လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့် ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် များ အဆင်သင့်ရှိနေပါစေ။

(၂) မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင် သတ်မှတ်ထားပါ။

(၃) ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။

(၄)သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။

(၅) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။

(၆) အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာ ကျွတ် အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။

(၇) တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။

(၈) မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူစသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင် ထားပါ။

(၉) သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်း ရွှေ့ခိုလှုံပါ။

(၁၀) ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။

(၁၁) ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။

(၁၂) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။

( ၁၃) ယခုကာလတွင် အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကို သတိ ပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြု နေထိုင်ပါ။

(၁၄) မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။

(၁၅) မြွေနှင့်အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။

ပြည်သူများအားလုံး ဘေးအန္တရာယ် အမျိုးမျိုးမှ လွတ်ကင်းနိုင်ကြပါစေ။

🍀🏆🍀ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်းရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီးနားမလည်ကြပါဘူး။ နားမလည်သည့်အတွက် ဆုံး...
31/08/2024

🍀🏆🍀
ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ
၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်း
ရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီးနားမလည်ကြပါဘူး။

နားမလည်သည့်အတွက်
ဆုံးရှုံးနစ်နာမှုတွေဖြစ်စေနိုင်ပါတယ်။
ထို့ကြောင့်ရွှေနဲ့ပတ်သတ်ပြီး အခြေခံဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် . . .

ရွှေဆိုသည်မှာ..........
- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
- ၁၅ ပဲရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
- ၁၄ ပဲရည် (ဆယ့်လေးပဲရည်)
- ရွေးသုံးဆယ်စပ်
- မိုးကြိုး

"ရွှေ" ကိုချိန်တွယ်ရာတွင် "ကျပ်သား" ပေါ် မူတည်စံပြု၍ ချိန်တွယ်သောကြောင့် ရွှေအချိန်အတွယ်တွင်
"ကျပ်သား" ၊ "ပဲသား" ၊ "ရွေးသား" ဟူ၍ အဆင့်ဆင့် ပါရှိသည်။
တစ်ကျပ်သား = ၁၆ ပဲသား
တစ်ကျပ်သား = ၁၂၈ ရွေးသား (ရန်ကုန်အချိန်)
တစ်ကျပ်သား = ၁၂၀ ရွေးသား (မန္တလေးအချိန်)
၁-ပဲသား = ၈ ရွေးသား (ရန်ကုန်အချိန်)
၁-ပဲသား = ၇.၅ ရွေးသား (မန္တလေးအချိန်) ။

အောက်ပါတို့မှာ ရန်ကုန် အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ = ရွေး ၁၂၈
ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၄
တစ်မတ်သား = ၄ပဲ = ရွေး ၃၂
တမူးသား = ၂ပဲ။ = ရွေး ၁၆
တစ်ပဲသား = ရွေး ၈ ။
အောက်ပါတို့မှာ မန္တလေး အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ပဲ = ရွေး ၃၀
တစ်မူးသား = ၂ပဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး ။

ရွှေ၏ အရည်အသွေးနှင့် အခေါ်ဝေါ်ဖြစ်ပေါ်ပုံ ......
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေစျေး အသုံးအနှုန်းကို အခေါက်ရွှေနှင့်သာ
အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။

အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။
၁၅ ပဲရည်ဆိုသည်မှာ
အခေါက်ရွှေ ၁၅ပဲသားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။

ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း
အခေါက်ရွှေ ၁၀၈ ရွေးကို ကြေးနီ+ဘော် ၁၂
ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။
၁၄ ပဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၄င်း အခေါက်ရွှေ ၁၄ပဲ (ဆယ့်လေးပဲ)သားကို
ကြေးနီနှင့် ဘော်အချိုးကျ ၂ပဲသား(နှစ်ပဲသား) ရောစပ်ထားခြင်းပဲဖြစ်ပါသည်။
ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ပဲသားကို ကြေးနီနှင့်
ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။
မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ပဲ)ကို ကြေးနီ နှင့်ဘော် အချိုးကျ
သုံးမတ်သား(၁၂ပဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
အခေါက်ရွှေတစ်ကျပ်သား စျေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေ
ရဲ့စျေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . ။
မန္တလေအချိန်အတွယ်ဖြင့် တွက်ပြထားသော ဖော်မြူလာ ......
အခေါက်ရွှေစျေး x ၁၁၂.၅ / ၁၂၀ = ၁၅ပဲရည်စျေး
အခေါက်ရွှေစျေး x ၁၀၈ / ၁၂၀ = ဒင်္ဂါးရည်စျေး
အခေါက်ရွှေစျေး x ၁၀၅ / ၁၂၀ = ၁၄ပဲရည်စျေး
အခေါက်ရွှေစျေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ်စပ်စျေး
အခေါက်ရွှေစျေး x ၃၀ / ၁၂၀ = မိုးကြိုးစျေး ။
ရန်ကုန်အချိန်အတွယ်ဖြင့် ပြန်လည်တွက်ပြထားသော ဖော်မြူလာ ....
အခေါက်ရွှေစျေး x ၁၂၀ / ၁၂၈ = ၁၅ပဲရည်စျေး
အခေါက်ရွှေစျေး x ၁၁၅.၂ / ၁၂၈ = ဒင်္ဂါး ရည်စျေး
အခေါက်ရွှေစျေး x ၁၁၂ / ၁၂၈ = ၁၄ပဲရည်စျေး
အခေါက်ရွှေစျေး x ၉၆ / ၁၂၈ = ရွေးသုံးဆယ်စပ်စျေး
အခေါက်ရွှေစျေး x ၃၂ / ၁၂၈ = မိုးကြိုးစျေး ... ဖြစ်ပါသည် ။
အခေါက်ရွှေ ဟာပျော့တယ်
ကြေးနီနှင့်ဘော် ပါ၀င်နှုန်းများလာလေ
ရွှေဟာအရည်ညံလေမာလာလေဖြစ်ပါတယ်။
အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့
ချလျှင်သော်၄င်း ဒီအတိုင်းပဲ အအေးခံလျှင်သော်၄င်း
အဝါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။
ရွှေထည်များ၀ယ်ယူ ၀တ်ဆင်ပြီးပါက
ပြန်လည်ရောင်းချသောအခါ ဘောက်ချာပျောက်လျှင်သော်၄င်း မိမိ၀ယ်ယူသည့်ဆိုင်မဟုတ်ပဲ
တစ်ခြားဆိုင်သို့ရောင်လျှင်သော်၄င်း စျေးအနှိမ်ခံရပါတယ်။
အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့
ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့က
အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို
ကြေးနီနှင့်ဘော် ဆတူ၀န်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁ဆနဲ့ရောရတယ်။
ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိ၀င်ပါတယ်။
တစ်ခါတစ်ရံ တစ်ပဲ၀န်းကျင်သာ အတင်ချိန်ရှိတဲ့
နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ
စပ်ခဲ ၁ရွေး ၂ ရွေးအထိ၀င်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ်
စပ်ခဲက ၂ရွေးလောက်၀င်နေတယ်။
ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။
ဆိုင်ကကိုယ်၀ယ်ခဲ့တော့ ၁ဲဖိုးပေးခဲ့ရတယ်။
တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။
အလျှော့တွက်လက်ခက ၃ ရွေးလောက်ပေးရတယ်။ ကိုယ်၀ယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅ ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။
ဒါကို မိမိ၀ယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင်
ပြဿနာမရှိဘူး ရွှေချိန် ၁ပဲကိုလဲ ၁ပဲ ဖိုးပြန်ပေးတယ်။

အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ
အထည်မပျက်စီးသေးဘူးဆိုရင် တစ်၀က်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိ၀ယ်ယူတဲ့ဆိုင်ကို
ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက် တစ်၀က်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက
သူတို့လုပ်ထားတဲ့ အထည်မဟုတ်တဲ့အတွက်
လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်၀ယ်မှာဖြစ်ပါတယ်။
ရွှေပါ၀င်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင်
သူတို့အတွက် အမြတ်က တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်၀က်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။ ၀ယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။
ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်၀က်လောက်ကဆိုင်ကိုပြန်လာတယ်။
တစ်၀က်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့
ခန့်မှန်းခြေသိရပါတယ်။
ရွှေထည်များ၀ယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။

တစ်ကယ်လို့ ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေ၀ယ်ထားချင်တယ်ဆိုရင် အကယ်ဒမီ မီးလင်း အခေါက်ရွှေက်ု အခဲလိုက်၀ယ်ထားတာက
အဆင်အပြေဆုံးပါ။
မူရင်း ပိုစ့်ပိုင်ရှင်နှင့်တစ်ဆင့်တင်ဆက်သူတို့အား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။

တရုတ်နိုင်ငံထုတ် ဖုန်းတွေအပါအဝင်၊Android devicesတွေကိုသုံးနေကြတဲ့ ရုံးဝန်ထမ်းတွေ အကုန်လုံးကို စက်တင်ဘာလကနေ စပြီးတော့iPho...
09/07/2024

တရုတ်နိုင်ငံထုတ် ဖုန်းတွေအပါအဝင်၊
Android devicesတွေကိုသုံးနေကြတဲ့
ရုံးဝန်ထမ်းတွေ အကုန်လုံးကို စက်တင်
ဘာလကနေ စပြီးတော့iPhone တမျိုး
တည်းကိုသာ သုံးကြဖို့ရန်Microsoft
ကုမ္ပဏီက ညွှန်ကြားချက် ထုတ်ပြန်
လိုက်ပါသည်။ဘာ့ကြောင့်အဲဒီလိုညွှန်
ကြားချက် ထုတ်တာလဲ ဆိုတာကို မသိ
ရပေမယ့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ
ရှိနိုင်သည့်အတွက်ကြောင့် ဖြစ်နိုင်တယ်
လို့ လေ့လာသုံးသပ်သူတွေက ဆိုထား
ကြပါသည်။Microsoftကုမ္ပဏီက ၎င်း
ညွှန်ကြားချက်ထုတ်ခဲ့ပြီးနောက် Apple
ရှယ်ယာဈေးက အတက်ရှိခဲ့ပြီး၊ဈေးကွက်
အရင်းပြုတန်ဖိုးကလည်း မြင့်တက်လာ
ခဲ့လို့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီနေရာကို
ပြန်ရောက်ခဲ့ပါသည်။




🍀ငွေရှာရုံနဲ့မပြီးဘူး ငွေကိုစီမံခန့်ခွဲဖို့လည်း အာရုံစိုက်ပါ♻️လူအများစုက ငွေရှာဖို့အာရုံစိုက်ကြပေမဲ့ ငွေကို စီမံခန့်ခွဲမ...
17/06/2024

🍀ငွေရှာရုံနဲ့မပြီးဘူး ငွေကိုစီမံခန့်ခွဲဖို့လည်း အာရုံစိုက်ပါ
♻️
လူအများစုက ငွေရှာဖို့အာရုံစိုက်ကြပေမဲ့ ငွေကို စီမံခန့်ခွဲမှုကိုတော့ သေချာလုပ်လေ့မရှိကြဘူး။ ငွေရအောင်ရှာတယ်။ သုံးတယ်။ ပိုလျှံတာကို သေတ္တာထဲထည့်သိမ်းထားတယ်။ တချို့လည်း ဘဏ်အကောင့်ထဲ ထည့်ထားကြတယ်။

မိတ်ဆွေတစ်ယောက် ဝင်ငွေထဲကနေ တစ်လ သိန်း ၃၀ လောက် ပုံမှန်စုနေတယ်တဲ့။ အဲဒီငွေတွေ ဘာလုပ်ထားလဲ‌မေးတော့ ဘာလုပ်ရမှန်းမသိတာနဲ့ သေတ္တာထဲပဲ သိမ်းထားဖြစ်တယ်တဲ့။ တချို့ပိုက်ဆံတွေဆိုရင် မှိုတောင်တက်နေပြီထင်တယ်လို့တောင် ဆိုသေးတယ်။

ငွေရှာရတယ်ခက်တယ်။ ဒါပေမဲ့ အဲဒီငွေကို စနစ်တကျစီမံခန့်ခွဲဖို့ကပို့တောင်ခက်တယ်လို့ ပြောလို့ရတယ်။ စနစ်တကျစီမံခန့်ခွဲဖို့အတွက်က Financial Literacy လို့ခေါ်တဲ့ ငွေကြေးဆိုင်ရာနားလည်တတ်ကျွမ်းမှုလိုအပ်တယ်။

ကျွန်တော်အမြဲပြောနေကျအတိုင်းပဲ Savers are Losers ငွေစုရင် ရှုံးပါတယ်။ ဘဏ်မှာစုရင်တောင် ရှုံးတောင် သေတ္တာထဲ ဒီအတိုင်းထည့်ထားရင်တော့ ထွေထွေထူးထူးပြောစရာကိုမလိုတော့တာ။ ငွေကြေးဖောင်းပွမှုက လက်ရှိမြန်မာပြည်အခြေအနေနဲ့ဆိုရင် တစ်နှစ် ၁၅ ရာခိုင်နှုန်းပဲရှိတယ်ထားဦး ဒီနှစ် သိန်း ၁၀၀ က နောက်နှစ်ဆိုရင် ၈၅ သိန်းတန်ဖိုးပဲရှိတော့မှာပါ။ ငွေပမာဏမလျော့သွားပေမဲ့ ငွေတန်ဖိုးကျသွားတာပါ။

ဒါကြောင့် အရေးပေါ်သုံးငွေကလွဲလို့ ကိုယ့်ရှိတဲ့ငွေကို ခေါင်းအုံးအောက်၊ စုဘူး၊ သေတ္တာထဲထည့်ဖို့မပြောနဲ့ တတ်နိုင်ရင် ဘဏ်ထဲတောင် မစုတာအကောင်းဆုံးပဲ။ ဘယ်လိုတိုးပွားအောင်လုပ်လို့ရမလဲ၊ ဘယ်လိုအကျိုးရှိအောင်ရင်းနှီးမြှုပ်နှံလို့ရမလဲ စီမံခန့်ခွဲဖို့လိုတယ်။

ငွေရှာရုံနဲ့မပြီးဘူး ငွေကိုစီမံခန့်ခွဲဖို့လည်း အာရုံစိုက်ဖို့လိုတယ်။


❇️  ကူရာမဲ့ အကြွေးနွံနစ်နေတဲ့ ကမ္ဘာကြီးမှာ အနာဂတ်ကာလ၌ ထွန်းလင်းတောက်ပနိုင်ဆုံး Assets က ဘယ်ဟာ ဖြစ်နိုင်မလဲ 🍀     အပြည်ပြ...
15/06/2024

❇️ ကူရာမဲ့ အကြွေးနွံနစ်နေတဲ့ ကမ္ဘာကြီးမှာ အနာဂတ်ကာလ၌ ထွန်းလင်းတောက်ပနိုင်ဆုံး Assets က ဘယ်ဟာ ဖြစ်နိုင်မလဲ 🍀

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) မှ စာရင်းအရ ကမ္ဘာလုံးဆိုင်ရာ ကြေးမြီ ပမာဏ (Global Debt) ဟာ ကမ္ဘာ့ GDP ရဲ့ 238% အထိ ရှိနေကြောင်း သိရှိရပါသည်။

ငွေကြေးတန်ဖိုးဖြင့် ဆိုရသော် ဒေါ်လာ 238 ထရီလီယံ အထိ ကြွေးမြီပူဖောင်းကြီးထွားနေခြင်းလည်း ဖြစ်ပါသည်။

လက်ရှိ ကမ္ဘာ့ရွှေစျေးကွက်ကြီး တခုလုံးရဲ့ စျေးကွက်အရင်းပြုတန်ဖိုးက ဒေါ်လာ 13.7 ထရီလီယံ ကျော် ရှိသည်။ ရွှေကို အတုအပ ပြုလုပ်လို့ မရသလို လိုသလောက် တူးဖော်လို့ရတဲ့ အရာလည်း မဟုတ်ပေ။ လက်ရှိအချိန်အထိ ကမ္ဘာ မြေပြင်ပေါ်မှာ တူးဖော်ထားပြီးသား ရွှေတန်ချိန် စုစုပေါင်း 201,295 တန် အထိ ရှိထားပြီး မတူးဖော်ရသေးသည့် မြေကြီးအောက်ထဲမှ ရွှေက တန်ချိန် 53,000 အထိ ရှိနေသေးကြောင်း World Gold Council မှ စာရင်းအရ သိရှိနိုင်ပါသည်။ ရွှေဟာ Intrinsic Value ရှိတဲ့ God's money ဟုလည်း ဆရာကြီး ရောဘတ်ကီယိုဆာကီ က တင်စားထားသည်။

ခရစ်တိုငွေကြေးတို့ရဲ့ ဘုရင်ကြီး Bitcoin ကတော့ Max Supply အရေအတွက် အများဆုံး 21 သန်း အထိ သာ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး mined ပြီးသား လက်ရှိစျေးကွက်ထဲ ရောက်ရှိနေတဲ့ အရေအတွက်က 19.58 သန်း အထိ ရှိနေပါသည်။ ဗဟိုထိန်းချုပ်မှု လွတ်ကင်းတဲ့ Distributed Public Ledger ကို အခြေခံထားလို့ Bitcoin ဟာ People's money လို့ ဆရာကြီး ရောဘတ် စကားအငှားယူသုံးလိုက်သည်။

ကမ္ဘာ့ လူဦးရေက ဒီကနေ့မှာ 8.1 ဘီလီယံ ကျော် ရှိနေသည်။ 2037 ခုနှစ်မှာ 9 ဘီလီယံ ကျော် အထိ တိုးပွားလာနိုင်ကြောင်း ပညာရှင်များက တွက်ချက် သုံးသပ်ထားကြသည်။ ကမ္ဘာ့ လူဦးရေ တိုးပွားမှုနှင့်အတူ ကမ္ဘာ့ကြွေးမြီကလည်း လိုက်ပါမြင့်တက်လာနိုင်သည်။ ကြွေးမြီထူထပ်လေလေ ကမ္ဘာ့နိုင်ငံအရပ်ရပ်တို့မှာ Fiat Currency နိုင်ငံ သုံးငွေကြေးတွေကို အတိုင်းအဆမရှိ ရိုက်ထုတ် သုံးစွဲလာဖို့ တလမ်းသာ ရှိသည်။

ဒါဆိုရင် အနာဂတ်မှာ ဘယ်အရာက တန်ဖိုး ပိုတက်လာမလဲ? ဘယ်အရာက တန်ဖိုး ပိုပြီး ယုတ်လျော့သွားနိုင်မလဲ? ဆိုတာကတော့ စာဖတ်သူမိတ်ဆွေ အနေဖြင့် ထင်းခနဲ၊ လင်းခနဲ ၊ ချက်ဆို နားခွက်က မီးတောက်လိမ့်မည်ဟု ယူဆပါသည်။


⚜️ရင်းနှီးမြှုပ်နှံသူ (၃) မျိုး🍀♻️ရင်းနှီးမြှုပ်နှံသူ (Investor) တွေကို သူတို့ရဲ့ Mindset အရ ပုံစံသုံးမျိုးခွဲခြားလို့ရတ...
14/06/2024

⚜️ရင်းနှီးမြှုပ်နှံသူ (၃) မျိုး🍀
♻️
ရင်းနှီးမြှုပ်နှံသူ (Investor) တွေကို သူတို့ရဲ့ Mindset အရ ပုံစံသုံးမျိုးခွဲခြားလို့ရတယ်။ Robert Kiyosaki က တော့ Type A, B, C ဆိုပြီး အခုလိုခွဲခြားပြတယ်။

🔰Type-C Investor

Type-C Investor တွေဟာ ငွေကြေးပညာနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရအသိဉာဏ် အားနည်းကြတယ်။ သူတို့က ဘယ်မှာရင်းနှီးမြုပ်နှံမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတွေဆီက အကြံဉာဏ်တောင်းလေ့ရှိတယ်။ သင်ယူမှုအပိုင်းမှာအားနည်းကြတော့ တခြားသူတွေရဲ့အကြံဉာဏ်ကို အမြဲအားကိုးလေ့ရှိကြသူတွေဖြစ်ပါတယ်။

🔰Type-B Investor

Type-B Investor တွေက အဖြေတွေကို လိုက်ရှာတဲ့သူတွေဖြစ်တယ်။ သူတို့က ဒီလို မေးခွန်းတွေ မကြာခဏမေးတတ်တယ်။
• ဘယ်မှာ ရင်းနှီးမြှုပ်နှံဖို့ Recommend ပေးချင်လဲ၊
• ကျွန်တော့်အနေနဲ့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံသင့်လား၊
• ဘယ် စတော့တွေ အလားအလာကောင်းလဲ၊
စသဖြင့် Type B Investor အများစုက High Income Employee တွေ၊ လုပ်ငန်းရှင်ပေါက်စတွေဖြစ်နေတတ်တယ်။ အမြဲတမ်းအလုပ်များတဲ့သူတွေဖြစ်တဲ့အလျောက် Investment Opportunity ကို ကိုယ်တိုင်သိပ်မရှာဖွေဖြစ်သူတွေဖြစ်ပါတယ်။

🔰Type-A investor

Type-A investor တွေက ပြဿနာတွေကို ရှာဖွေတယ်။ ပြဿနာရှာဖွေသလောက် ပြဿနာဖြေရှင်းတာလည်း တော်တဲ့သူတွေဖြစ်ပါတယ်။ သူတို့က ငွေကြေးဆိုင်ရာအသိပညာကြွယ်၀ကြသလို ကိုယ်ပိုင်စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နံမှုုအတွက်လိုအပ်တဲ့ Skill တွေ ပြည့်၀ကြတယ်။ အဲဒီ Knowledge တွေ၊ Skill တွေကို အသုံးချပြီး ပြဿနာတွေကို ဖြေရှင်းရင်း ကြွယ်၀လာသူတွေဖြစ်ပါတယ်။

မိတ်တွေကော ဘယ် Type ထဲပါလဲ C or B or A ?

Ref; richdad.com


🍀ကဆုန်လပြည့်ဗုဒ္ဓနေ့ထူးနေ့မြတ်မှာအားလုံးသောလူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ စိတ်​၏ချမ်းသာခြင်းကိုယ်​၏ကျန်းမာခြင်းများနှင့်ပ...
22/05/2024

🍀ကဆုန်လပြည့်ဗုဒ္ဓနေ့ထူးနေ့မြတ်မှာ
အားလုံးသောလူနတ်ဗြဟ္မာ သတ္တဝါ
အပေါင်းတို့ စိတ်​၏ချမ်းသာခြင်း
ကိုယ်​၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေ။

ကောင်းမှု ကုသိုလ်များနှင့်
အဆင်ပြေချမ်းမြေ့ကြပါစေကြောင်း
ဆုမွန်ကောင်းများတောင်းလိုက်ရပါတယ်ရှင့်🙏🙏🍀
#လင်းလင်း

22/05/2024

ေါ်ဒေါ်မမ52.2👇

20/05/2024

ေါ်ဒေါ်မမ511😱👇

20/05/2024

ဒီနေ့ရဲ့စံချိန်တင် ⬆️ ေါ်ဒေါ်မမ👇

Address


Alerts

Be the first to know and let us send you an email when Businesses Consultation-SANDA LYNN LYNN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share