We Love Tachileik Shan East

  • Home
  • We Love Tachileik Shan East

We Love Tachileik Shan East To Know Imformation

04/03/2023
16/12/2022
16/12/2022
15/12/2022
၆၄ ပေကြီးပြီး တစ်နာရီ ၃၀၈၈၈ ကီလိုမီတာ နှုန်းပျံဝဲနေတဲ့ 2022 XO ဂြိုဟ်သိမ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းအလင်းတန်းကြီး မြင်လ...
15/12/2022

၆၄ ပေကြီးပြီး တစ်နာရီ ၃၀၈၈၈ ကီလိုမီတာ နှုန်းပျံဝဲနေတဲ့ 2022 XO ဂြိုဟ်သိမ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းအလင်းတန်းကြီး မြင်လိုက်ရ

ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၁၅ ရက် ည ၆ နာရီကျော်ဝန်းကျင်မှာ ကြီးမားတဲ့အလင်းတန်းကြီး ဖြတ်ပျံသန်း သွားမှုနဲ့ပတ်သတ်လို့ အားလုံး အထိတ်တလန့်ဖြစ်နေကြချိန် NASA က ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရှင်းလင်း ထုတ်ပြန်လိုက်ပါတယ်။

အခု အားလုံးမြင်လိုက်ရတဲ့ အလင်းတန်းအကြီးကြီးဟာ ကမ္ဘာနဲ့ နီးကပ်စွာပျံသန်းနေတဲ့ ဂြိုလ်သိမ် 2022 XO သာဖြစ်ပြီး ဒီနေ့ ဖြတ်သန်းမှုဖြစ်စဉ်မှာ နာဆာရဲ့ အာကာသကြည့်မှန်ဘီလူးတွေအရ ၆၄ ပေ ထုရှိတဲ့ ဂြိုဟ်သိမ် တစ်ခု ပျံသန်းနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ နာဆာက ဒီဂြိုဟ်သိမ်ဟာ နောက်ရက်အနည်းငယ်အတွင်း ဆက်လက်ပျံသန်းနေပြီး အစိုင်အခဲက ကမ္ဘာ ပေါ်ကျချိန် ထုမလျှော့သွားရင် အန္တရာယ်အတိုင်းအတာတစ်ရပ်အထိ ရှိနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါ တယ်။

လက်ရှိ ဒီဂြိုလ်သိမ်ဟာ ကမ္ဘာမြေနဲ့ ကီလိုမီတာ ၃ .၂ သန်းအမြင့်မှာ ပျံသန်းသွားတာဖြစ်ပြီး ပျံသန်းနေတဲ့ အရှိန် ကတော့ တစ်နာရီ ကီလိုမီတာ ၃၀၈၈၈ နှုန်းနဲ့ ဖြတ်ပျံသွားတာပါ။ နာဆာကတော့ ဒီအမြင့်၊ ဒီအရှိန်နဲ့ ပျံသန်းနေ တဲ့ ဒီထုရှိတဲ့ ဂြိုဟ်သိမ်ဟာ အန္တရာယ် သိပ်မရှိနိုင်လောက်ဘဲ ပွန်းပဲ့တိုက်စားသွားမယ်လို့ ထင်မြင်ချက်ပေးထား ပါတယ်။
Ref : tech.hindustantimes.com

အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ပြီဒီဇင်ဘာ  ၁၄ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေရဲ့ အင်္ဂါနေ့က အကြ...
13/12/2022

အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ပြီ

ဒီဇင်ဘာ ၁၄

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေရဲ့ အင်္ဂါနေ့က အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက ခရိုအေးရှားအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အပြတ်သတ် အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။ ပထမပိုင်းပွဲစပြီး ၃၄ မိနစ်မှာ အာဂျင်တီးနားအတွက် ပြစ်ဒဏ်ဘော ရရှိခဲ့တာကို အသင်းခေါင်းဆောင် Lionel Messi က ကန်သွင်းပြီး ပထမဂိုးရခဲ့တာပါ။
နောက်ထပ် ၄ မိနစ်အကြာမှာပဲ ရှေ့တန်းလူ Julian Alvarez က ခပ်သွက်သွက် ဆွဲလာရင်း ကန်သွင်းလိုက် တာကြောင့် အာဂျင်တီးနားအတွက် ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ အာဂျင်တီးနားအတွက် တတိယဂိုးကိုတော့ ဒုတိယပိုင်း ၆၉ မိနစ်လောက်မှာ Messi တင်ပေးလိုက်တဲ့ ဘောလုံးကို Alvarez ကပဲ သွင်းလိုက်တာပါ။

ဒီနေ့ရှုံးခဲ့တဲ့ ခရိုအေးရှား အသင်းကတော့ ဗုဒ္ဓဟူးနေ့ ကစားကြမယ့် ပြင်သစ်နဲ့ မော်ရိုကို အကြိုဗိုလ်လုပွဲစဉ်က ရှုံးတဲ့အသင်းနဲ့ စနေနေ့မှာ တတိယနေရာ လုရမှာ ဖြစ်ပါတယ်။ နိုင်တဲ့အသင်းကတော့ တနင်္ဂနွေနေ့ကျရင် အာဂျင်တီးနား အသင်းနဲ့ ကစားရမှာပါ။ အာဂျင်တီးနားအသင်းက နာမည်ကျော်ကစားသမား Messi အတွက်တော့ ဒီတကြိမ်နဲ့ပါဆိုရင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကစားတာ ဒုတိယအကြိမ် ဖြစ်ပါလိမ့်မယ်။ ပထမတကြိမ် ၂၀၁၄ ခုနှစ်က ဂျာမနီနဲ့ ကစားတုန်းကတော့ အာဂျင်တီးနားအသင်းက ရှုံးခဲ့ဖူးပါတယ်။ တတိယနေရာလုရမယ့် ခရိုအေးရှားအသင်းဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ပြင်သစ်အသင်းကို ၄ ဂိုး၊ ၂ဂိုးနဲ့ ရှုံးနိမ့်ကာ ဒုတိယ ရခဲ့ဖူးပါတယ်။

Crd

13/12/2022
13/12/2022
13/12/2022
13/12/2022
ဂျပန်ချေးငွေဖြင့် ဆောက်လုပ်နေသည့် အမှတ်(၃) သန်လျင်တံတား ၂၀၂၄ နှစ်လည်ပိုင်းတွင် ပြီးစီးရန် ခန့်မှန်းရန်ကုန်၊ ဒီဇင်ဘာ ၁၃ဂျ...
13/12/2022

ဂျပန်ချေးငွေဖြင့် ဆောက်လုပ်နေသည့် အမှတ်(၃) သန်လျင်တံတား ၂၀၂၄ နှစ်လည်ပိုင်းတွင် ပြီးစီးရန် ခန့်မှန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ဂျပန်အစိုးရရဲ့ အတိုးနှုန်းသက်သာတဲ့ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေနဲ့ ဆောက်လုပ်နေတဲ့ ပဲခူးမြစ်ကူး အမှတ် (၃) သန်လျင်တံတား စီမံကိန်းလုပ်ငန်းတွေကို လာမယ့် ၂၀၂၄ နှစ်လည်ပိုင်းမှာ ပြီးစီးဖို့ ခန့်မှန်းလျာထားကြောင်း သိရှိရပါတယ်။

အမှတ် (၃) သန်လျင်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကာ အတိုင်ပင်ခံဖြစ်တဲ့ ဂျပန် Joint Venture of Nippon Koei ရဲ့ ကြီးကြပ်မှုနဲ့ တစ်ဆင့်ခံကန်ထရိုက်တာ (Sub-Contractor) ကုမ္ပဏီ (၇)ခုက ပူးပေါင်းဆောင်ရွက်နေတာပါ။

တံတားစီမံကိန်းအတွက် JICA က ODA ချေးငွေ ဂျပန်ယန်း (၃၁) ဘီလီယံ ထောက်ပံ့ပေးထားပြီး အပိုင်း (၃) ပိုင်းခွဲကာ တည်ဆောက်နေတာလို့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းရုံးမှ အင်ဂျင်နီယာချုပ် ဦးထွန်းလင်းက ပြောပါတယ်။

‘‘တံတားကြီးကို အပိုင်း (၃) ပိုင်းခွဲပြီး တည်ဆောက်နေတာပါ။ အခုဆို သာကေတဘက်ခြမ်းမှာရှိတဲ့ စီမံကိန်းအပိုင်း (၃)က ကုန်းပေါ်မှာဖြစ်တော့ တည်ဆောက်ရတာလဲ လွယ်တယ်။ ဒီအတွက် မှန်းတာထက်ကို တော်တော်လေး လုပ်ငန်းတွေ ပြီးစီးနေပါပြီ’’လို့ ဆိုပါတယ်။

တံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်နောက်ပိုင်း တစ်နှစ်ခန့် တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်နားခဲ့ရပြီးနောက် ပြန်လည်ပတ်ခဲ့တာဖြစ်ပြီး ယခုအခါ သာတေတဘက်ခြမ်း အပိုင်း (၃) က ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ။

နောက်ထပ် ဂျပန် ODA စီမံကိန်းအဖြစ် JICA ချေးငွေနဲ့ စတင်ခဲ့တဲ့ အရှေ့- အနောက်စီးပွားစင်္ကြံစီမံကိန်းရဲ့ အစိတ်အပိုင်း ဂျိုင်း (ဇာသပြင်)တံတားနဲ့ အတ္တရံတံတားအသစ် အဆင့်မြှင့်တင် တည်ဆောင်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ တံတားဦးစီးဌာနက ပြောဆိုထားပါတယ်။

ဒါ့အပြင် ရန်ကုန်-မန္တလေးမီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ တရားဝင်ဖွံ့ဖြိုးမှုချေးငွေ (ODA) နဲ့ ဆက်လက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သတင်း - BETV Business

13/12/2022
လိင်ကိစ္စခွင့်မပြု၍ ဓာတ်ဆီလောင်းမီးရှို့ခံရသည့်အမျိုးသမီးဆေးကုသနေရင်း သေဆုံးဒီဇင်ဘာ ၁၃စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပည...
13/12/2022

လိင်ကိစ္စခွင့်မပြု၍ ဓာတ်ဆီလောင်းမီးရှို့ခံရသည့်အမျိုးသမီးဆေးကုသနေရင်း သေဆုံး

ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်ဝန်းအတွင်း ဓာတ်ဆီလောင်းမီးရှို့ခံရတဲ့ အမျိုးသမီးငယ် ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် မနက်ပိုင်းက ဆေးရုံမှာ သေဆုံးသွားကြောင်း နယ်မြေခံပရဟိတအဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ရည်းစားဖြစ်သူနဲ့ ချိန်းတွေ့ချိန် ရည်းစားဖြစ်သူ ကောင်လေးက လိင်ကိစ္စတောင်းခံရာ ခွင့်မပြုလို့ အမျိုးသမီးငယ်ကို ကွန်ကရစ်ကျောက်ခဲနဲ့ ဦးခေါင်းကို ရိုက်ခွဲပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက် အမျိူးသမီးငယ်ရဲ့ ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ခဲ့ပြီး အသက်သေဆုံးခြင်း မရှိခဲ့ပေမဲ့ တစ်ပတ်အကြာ ဒီမန်နေ့ မနက်ပိုင်းမှာ ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေရာက သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျူးလွန်သူ တရားခံအမျိုးသားမှာ စစ်ကိုင်းမြို့နယ်၊ ကနားတော်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၄ နှစ် အရွယ်ရှိ ဇာနည်ထွန်း(ခ)ရဲရင့်ထွန်း ဆိုသူ ကျောက်ဖြတ်လုပ်သားတစ်ဦးဖြစ်ပြီး သူ့ကိုခရိုင်ရဲတပ်ဖွဲ့က ဖြစ်စဥ်ဖြစ်ပြီးတစ်ရက်အကြာမှယ ဖမ်းဆီး ရမိခဲ့ ကြောင်း ပရဟိတအဖွဲ့ဆီက သိရပါတယ်။

Crd

ထိုင်းမှာတရားမ၀င်မြန်မာအလုပ်သမားနေထိုင်မှုရှိမရှိနေရာအနှံ့လိုက်လံစစ်ဆေးနေဒီဇင်ဘာ ၈ ထိုင်းနိုင်ငံအတွင်းမှာ တရားမ၀င်မြန်မာ...
08/12/2022

ထိုင်းမှာတရားမ၀င်မြန်မာအလုပ်သမားနေထိုင်မှုရှိမရှိနေရာအနှံ့လိုက်လံစစ်ဆေးနေ

ဒီဇင်ဘာ ၈


ထိုင်းနိုင်ငံအတွင်းမှာ တရားမ၀င်မြန်မာအလုပ်သမားများနေထိုင်မှုရှိမရှိကို ထိုင်းနိုင်ငံရဲ့ အာဏာပိုင်အဖွဲ့တွေနဲ့ လူမှုရေးကြီးကြပ်ရေးအဖွဲ့တွေပူးပေါင်းကာ နေရာအနှံ့လိုက်လံစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆေးမှုတွေကို ဒီဇင်ဘာ၃ရက်နေ့ကစတင်ပြုလုပ်နေတာဖြစ်ပြီး လိုက်လံစစ်ဆေးရာမှာလည်း ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားအများအပြားနေထိုင်တဲ့ မြန်မာ-ထိုင်းနယ်စပ်မဲဆောက်နဲ့ တာ့ခရိုင်ရှိမြို့နယ်များနဲ့ အခြားသောခရိုင်တွေထဲက ရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်တဲ့ အလုပ်သမားတန်းလျားအငှားခန်းတွေကို အသေးစိတ်လိုက်လံမှုတွေစစ်ဆေးလုပ်ဆောင်နေတာလို့ သိရပါတယ်။

“ နေရာအနှံ့မှာလိုက်လံစစ်ဆေးနေတယ်ဆိုတာက နှစ်စဉ်နှစ်တိုင်း ၁၂လပိုင်းရယ် တစ်လပိုင်းရယ် ကို နေရာတိုင်း ရပ်ကွက်တိုင်းလိုလိုကို ပုံမှန်စစ်ဆေးမှုတွေပြုလုပ်တယ်။ တွေ့ရင်ဖမ်းဆီးတယ်။အရေးယူတယ်။ ဘာလို့လဲဆို ထိုင်းနိုင်ငံရဲ့ ရဲတွေ ရဲစခန်းတွေအားလုံးရဲ့ နှစ်စဉ်နှစ်ချုပ်ရီပို့တင်ပြတဲ့အခါကျ နှစ်လပိုင်းမှာတင် ရတာဖြစ်တယ်။ နှစ်လပိုင်းမှာတင်ရတာကြောင့် ၁၂လပိုင်းရယ် တစ်လပိုင်းရယ်မှာ နှစ်စဉ်နှစ်တိုင်းပုံမှန်လုပ်နေ ကျပါ။ ကျန်တဲ့လတွေက တိုင်တဲ့သူရှိရင် ဒါမဟုတ်တစ်ခုခုထူးခြားရင် ဟန်ပြလှုပ်ရှားကြတယ်။ ဖမ်းဆီးတယ် ငွေတောင်းတယ် အချင်းညှိနှိုင်းပြီးပိုက်ဆံနဲ့ကြေအေးရင်ပြီးသွားတယ်” လို့ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သ မားများအရေးကူညီဆောင်ရွက်ပေးသူတစ်ဦးက ဆိုပါတယ်။

အဆိုပါစစ်ဆေးမှုဟာ ထိုင်းနိုင်ငံအစိုးရရဲ့နှစ်ကုန်အစီရင်ခံစာတင်ရမှာဖြစ်တဲ့အတွက် နှစ်စဉ်နှစ်တိုင်းပုံမှန် စစ်ဆေးတဲ့ကာလတစ်ခုဖြစ်ပြီး နှစ်လကြာအထိလိုက်လံစစ်ဆေးဖမ်းဆီးမှု တွေပြုလုပ်မှုတွေပြုလုပ်မှာဖြစ်ပြီး အဆိုပါစစ်ဆေးမှုက တရားမ၀င်အလုပ်သမားတွေငှားရမ်းနေထိူင်တာနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအပါ အ၀င် မှုခင်းနဲ့မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုတွေမရှိဘို့စစ်ဆေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ၂၀၂၀- ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီခံခဲ့ရသည့် နိုင်ငံခြားသားအလုပ်သများမှာ ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ တို့မှ အလုပ်သမားစုစုပေါင်း ၄၃၅၇၇ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ရာ ကမ္ဘောဒီးယား နှင့် လာအို မှတစ်သောင်းခန့်သာပါဝင်ကာ ကျန်သုံးသောင်းကျော်မှာ မြန်မာအလုပ်သမားများသာဖြစ်တယ်လို့ သိရပြီးယခုနှစ်ရဲ့ ဖမ်းဆီးခံရမှုစာရင်းကတော့ မကြာခင်စာရင်းထွက်လာနိုင်မယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းသို့ MOU ဖြင့်၀င်ရောက်လာသူ နိုင်ငံခြားသားလုပ်သားစုစုပေါင်း နှစ်သိန်းသုံးသောင်းခြောက်ထောင်ကျော်ရှိရာမှာ မြန်မာလုပ်သား ၁၆၅,၃၇၆ ဦးနဲ့ ကမ္ဘောဒီးယား ၅၂,၄၂၈ ဦး၊ လာအို ၁၈,၂၀၈ ဦးတို့ပါဝင်တယ်လို့လည်း သိရပါတယ်။

ရှုံးပွဲမရှိ ဒီရစ်ဒါ ပထမအချီ၌ပင် အလဲထိုးခံရပြီး အောင်လအန်ဆန် ဆီမှ ရယူထားသည့် ကမ္ဘာ့ချန်ပီယံ ခါးပတ်လက်လွှတ်လိုက်ရဒီဇင်ဘာ ...
04/12/2022

ရှုံးပွဲမရှိ ဒီရစ်ဒါ ပထမအချီ၌ပင် အလဲထိုးခံရပြီး အောင်လအန်ဆန် ဆီမှ ရယူထားသည့် ကမ္ဘာ့ချန်ပီယံ ခါးပတ်လက်လွှတ်လိုက်ရ

ဒီဇင်ဘာ ၄

ONE Championship အဖွဲ့၏ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ Mixed Martial Arts (MMA) လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါသည် ပထမအချီ၌ပင် ရှုံးနိမ့်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင်ဒီဇင်ဘာလ ၃ ရက်၌ ယှဥ်ပြိုင်ထိုးသတ်သွားသည့် ONE MMA လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လုပွဲတွင် စိန်ခေါ်သူ ရုရှားနိုင်ငံသား အနာတိုလီမာလိုင်ခင်က ချန်ပီယံ ဒီရစ်ဒါကို ပထမအချီ ပြီးခါနီး ၂၅ စက္ကန့်အလိုတွင် အလဲထိုးနိုင်ခဲ့သည်။

အဆိုပါပွဲစဥ်တွင် ဒီရစ်ဒါက ပွဲအစပိုင်း၌ ချုပ်နိုင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အနာတိုလီက ထောက်လက်သီး ၊ ဝှိုက်လက်သီး၊ ပင့်လက်သီးများဖြင့် ချုပ်ကွက်များကို ဟန့်တားနိုင်ခဲ့သည်။

ပွဲချိန်တစ်လျှောက်လုံး အရှိုက်၊ မျက်နှာတို့၌ လက်သီးချက်များစွာထိမှန်ထားပြီး အထိနာနေခဲ့သည့် ဒီရစ်ဒါသည် ပထမအချီ ၅ မိနစ်ပြီးခါနီး စက္ကန့်ပိုင်းအလို၌ နှာခေါင်းကို လက်သီချက်ထိမှန်၍ လဲကျသွားပြီးနောက် အနာတိုလီ၏ လက်သီးထိုးချက်တွဲလုံးများကို ဆက်တိုက် ခံရကာ ရှုံးနိမ့်သွားခဲ့သည်။

၁၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရယူထားသည့် အသက် ၃၂ နှစ်အရွယ် ဒီရစ်ဒါသည် ONE MMA လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ ခါးပတ်အား အောင်လအန်ဆန်ကို အနိုင်ယူ၍ ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဧပြီလတွင် ရယူထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒီရစ်ဒါတာသည် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် အောင်လအန်ဆန်ကိုအနိုင်ယူ၍ ONE MMA မစ်ဒယ်ဝတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း ရယူထားနိုင်ခဲ့သည်။

ဒီရစ်ဒါကို အနိုင်ယူ၍ လက်ရှိ ONE MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ရရှိသွားသည့် ရုရှားဖိုက်တာ အနာတိုလီမာလိုင်ခင်သည် အသက် ၃၄နှစ်အရွယ်ရှိပြီး MMA ၁၂ပွဲယှဥ်ပြိုင်ထားရာ ရှုံးပွဲမရှိ မှတ်တမ်းကို ရရှိထားသည်။

ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံးနိုဝင်ဘာ ၂၈ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပီချောင်း...
28/11/2022

ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံး
နိုဝင်ဘာ ၂၈

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းအထက်ပိုင်းရှိ သက်ထင်(မြို)ကျေးရွာတွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါမိသားစုသည် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျောက်တော်မြို့မစျေးမှ ဝယ်ယူလာသည့် ပြောင်းဖူးအား စားသောက်ပြီးနောက် အစာအဆိပ်သင့်ကာ အသက်ရှူကျပ်လာသဖြင့် ဝဲကြီးထောင့်ဆေးရုံသို့ ပို့ ဆောင်ရာတွင် သမီးအလတ်ဖြစ်သူ မစိုးသန်း(၂၃)နှစ် သေဆုံးသွားသည်။

ထို့နောက် ကျန်လူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရာတွင် မိခင်ဖြစ်သူ ဒေါ်ခိုင်သန်းနု၊ သမီးကြီး မစန္ဒာဝင်းနှင့် သားဖြစ်သူ မောင်ကျော်ငြိမ်းထွန်းတို့မှာ ယမန်နေ့(နိုဝင်ဘာလ ၂၇ ရက်)က သေဆုံးသွားကြပြီး ဖခင်ဖြစ်သူ ဦးသောကြာအောင်နှင့် အဖွားဖြစ်သူ အသက် ၆၀ အရွယ်တို့မှာ ယနေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းက သေဆုံးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့ပြောတာက ပြောင်းဖူးစားပြီးမှ အသက်ရှူကျပ်လာတာလို့ပြောတယ်။ ဒါကြောင့် တစ်မိသားစုလုံးကို ကျောက်တော်ဆေးရုံကို ခေါ်လာတဲ့လမ်းမှာ အခြေအနေဆိုးလို့ ဝဲကြီးထောင့်ဆေးရုံကို အရင်တင်လိုက်ပါသေးတယ်။ အဲဒီဆေးရုံမှာ သမီးအလတ်ဖြစ်တဲ့ မစိုးသန်းက ရောက်ရောက်ချင်းသေသွားတော့ ဆေးရုံကလူတွေကလည်း ကျန်တဲ့လူနာတွေကို ကျောက်တော်ဆေးရုံကို ပို့မှရတော့မယ်လို့ပြောပါတယ်။ဒါကြောင့် ကျောက်တော်ဆေးရုံကို လာကြတာပါ။ အခုတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ သူတို့တွေအကုန်လုံး သေသွားကြပါပြီ"ဟု မိသားစုဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် ကျောက်တော်ဆေးရုံ၌ သေဆုံးသွားသည့် မိသားစုဝင် ၅ ဦးကို ကျောက်တော်၌ သင်္ဂြိုဟ်ရန်စီစဉ်နေကြပြီး ဝဲကြီးထောင့်ဆေးရုံ၌ သေဆုံးသွားသည့် သမီးလတ်ဖြစ်သူ မစိုးသန်းကိုမူ ဝဲကြီးထောင့်ရွာ၌ သင်္ဂြိုဟ်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

"လောလောဆယ်တော့ သေဆုံးသူတွေရဲ အစာအိမ်က အရည်တွေကိုစုပ်ယူပြီး ဆေးစစ်ချက်ယူဖို့အတွက် စစ်တွေကိုပို့ထားပါတယ်။ ဒီမှာက စစ်ဆေးတဲ့စက်တွေ မရှိဘူးလို့ပြောတယ်။ အဲဒီကအဖြေထွက်မှပဲ ဘယ် အရာက အဆိပ်သင့်တာလဲ၊ ဘာဖြစ်တာလဲဆိုတာသိရမှာပါ။ သူတို့အိမ်ကခွေးလည်း သေသွားတာဆိုတော့ ခွေးကပြောင်းဖူးကို စား၊မစား ကျနော်တို့လည်းမသိပါဘူး"ဟု အဆိုပါမိသားစုဝင်က ဆက်ပြောသည်။

သက်ထင်ကျေးရွာသည် ပီချောင်းအထက်၌တည်ရှိကာ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အမှီပြု သွားလာနေရသည့် မြိုတိုင်းရင်းသားကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်တော်မြို့နှင့် ၂ မိုင်ခန့် ဝေးကြောင်းလည်းသိရသည်။
ဓာတ်ပုံ-ကျော်လှမြင့်)

မိတ္ထီလာမြို့တွင် အမျိုးသမီးတစ်ဦးတည်းရှိသည့် နေအိမ်ပေါ်တက်၍ ပစ္စည်းများခိုးယူစဥ် နိုးလာသည့်အိမ်ရှင်အား ဓားဖြင့်အချက်ပေါ...
26/11/2022

မိတ္ထီလာမြို့တွင် အမျိုးသမီးတစ်ဦးတည်းရှိသည့် နေအိမ်ပေါ်တက်၍ ပစ္စည်းများခိုးယူစဥ် နိုးလာသည့်အိမ်ရှင်အား ဓားဖြင့်အချက်ပေါင်းများစွာခုတ် ၍ ထွက်ပြေးသွား

မန္တလေးတိုင်း၊မိတ္ထီလာမြို့၊ပြည်သာယာမြောက်ရပ်ကွက်တွင် နိုဝင်ဘာ ၂၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သာယာလူငယ် လူမှုကူ ညီရေးအသင်း(မိတ္ထီလာ)မြို့မှ သိရသည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က မိတ္ထီလာမြို့၊ပြည်သာ ယာမြောက်ရပ်ကွက်၊ မြင်းခြံ ၃ လမ်းနှင့် ၄ လမ်း ကြား၊(ဆ)နယ်မြေရှိ အမျိုးသမီးတစ်ဦးရှိနေသည့် နေအိမ်ပေါ်သို့ ပြစ်မှုကျူးလွန်သူ(စုံစမ်းဆဲ)ကတက်၍ ပစ္စည်းများခိုးယူခဲ့သည်။

ထိုသို့ ခိုးယူစဥ် အသက်(၂၁)နှစ်အရွယ်ရှိ အိမ်ရှင်အမျိုးသမီးနိုးလာရာ ပြစ်မှုကျူးလွန်သူက အိမ် ရှင်အားဓားဖြင့်အချက်ပေါင်းများစွာခုတ်၍ ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ ရပ်ကွက်နေသူများကတွေ့ရှိရသဖြင့် ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကြောင်းကြားခဲ့ကြသဖြင့် သွား ရောက်ကာ အရေးပေါ်ပြုစုကုသမှုများပြုလုပ်၍ မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

"ခေါင်းရယ် နှုပ်ခမ်းရယ် လက်နှစ်ဖက်လုံးရယ်မှာ ဓားနဲ့ခုတ်ထားတဲ့ပြတ်ရှဒဏ်ရာတွေအများကြီးပဲ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးလို့ပဲပြောရမှာပေါ့ အခုဆေးရုံမှာစိုးရိမ်ရတဲ့အခြေအနေကတော့လွတ်သွားပြီ စကားပြန်ပြောနိုင်ပြီလို့သိရပါတယ် တာဝန်ရှိတဲ့လူတွေလည်း ချက်ခြင်းလာစစ်သွားကြတယ်"ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း(မိတ္ထီလာမြို့)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း(မိတ္ထီလာမြို့)

24/11/2022

တစ်နေ့နေ့လို လိမ့်မယ်

🌹(1) PW change ရန်
https://m.facebook.com/settings/security/password/

🌹(2) အလှဆင်ရန်-
https://m.facebook.com/profile/edit/infotab/section/forms/?section=contact-info&cb=1548035094&ref=bookmarks

🌹(3) Nickname(နာမည်အပို)ထည့်ရန်-
https://m.facebook.com/profile/edit/info/nicknames/?ref=bookmarks

🌹(4) Fri အပ်ထားပြီး လက်မခံသူတွေ Undo လုပ်ရန်-
https://m.facebook.com/friends/center/requests/outgoing/?fb_ref=ft&ref=bookmarks

🌹(5) မိမိမန့်ထားသော comment အားလုံးကြည့်ရန်-
မနှစ်သက်ရင် ပြန်ဖျက်ရန်-
https://m.facebook.com/100015890196549/allactivity?log_filter=cluster_116&category_key=commentscluster&ref=bookmarks

🌹(6) မိမိကြည့်ခဲ့တဲ့ Video တွေ ပြန်ရှာရန်-
https://m.facebook.com/100015890196549/allactivity?log_filter=videowatch&category_key=videowatch&ref=bookmarks

🌹(7) Fb Name ပြောင်းရန်-
https://m.facebook.com/settings/account/?name

🌹(8) Gmail အသစ်ပြောင်းရန်-
https://m.facebook.com/settings/email/add

🌹(9) Phone No အသစ်ပြောင်းရန်-
https://m.facebook.com/phoneacquire/?source=m_account

🌹(10) မိမိ Fb အား ယာယီပိတ်ထားရန်-
https://m.facebook.com/deactivate/?source=account_settings_page

🌹(11) ဘာသာစကား ရွေးချယ်ရန်/ပြောင်းရန်-
https://m.facebook.com/language.php

🌹(12) Fb password အသစ်ပြောင်းရန်-
https://m.facebook.com/settings/security/password/

🌹(13) Trusted Contacts(TC) ခံထားရန်-
https://m.facebook.com/trusted_contacts/view/?gfid=AQB9boIRRGvN0K_i

🌹(14) မိမိအကောင့် ဘယ်သူခိုးဝင်လဲ...ကြည့်ရန်-
https://m.facebook.com/account_review/?section=sessions

🌹(15) မိမိရဲ့ Post/Comment/Friends အား ကြည့်ရန်-
https://m.facebook.com/account_review/?state=overview

🌹(16) အကောင့်ကို 2 Step ခံထားရန်-
https://m.facebook.com/security/2fac/setup/choose/

🌹(17) App Password ယူရန်-
https://m.facebook.com/new_sec_settings/app_passwords/

🌹(18) အကောင့် ခိုးဝင်လျှင်သိရန် သတိပေးချက်ယူမယ်-
https://m.facebook.com/login_alerts/settings/?source=security_settings_page

🌹(19) Add Friends ပိတ်ရန်-
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787540733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

🌹(20) Friends List ဖျောက်ရန်-
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787365733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

🌹(21) မိမိ Wall တွင် ပို့လာရေးလို့မရအောင် ပိတ်ရန်-
https://m.facebook.com/privacy/touch/timeline_and_tagging/?mds=%2Fprivacy%2Ftouch%2Ftimeline_and_tagging_selectors%2Fdialog%2F%3Fcancel_uri%3D%252Fprivacy%252Ftouch%252Ftimeline_and_tagging%252F%26fbid%3D10153940308610734&mdf=1

🌹(22) Tag post ပိတ်ရန်-
အောက်က link နှစ်ကိုဝင်ပြီး on ထားပေးပါ။
ပထမ link👇
https://m.facebook.com/privacy/touch/tags/review/?type=tag&gfid=AQB7o-THcAe4uS8X
​ဒုတိယ link👇
https://m.facebook.com/privacy/touch/tags/review/?type=profile&gfid=AQAHnvqPo7PnKLfd

🌹(23) Follow ဖွင့်ရန်-
Publish အကုန်ထားပေးပါ။
https://m.facebook.com/settings/subscribe/

🌹(24) Fb မှာ Block ထားသူတွေကို ပြန်ကြည့်ရန်-
https://m.facebook.com/privacy/touch/block/

🌹(25) See first/Follow/Unfollow တနေရာတည်းကြည့်ရန်-
https://m.facebook.com/feed_preferences/home/

🌹(26) Video တွေ auto ပွင့်နေတာကို ပိတ်ရန်-
https://m.facebook.com/settings/videos/

🌹(27) Fb acc အား အပြီးဖျက်ရန်-
https://m.facebook.com/account/delete/?back_uri=https%3A%2F%2Fm.facebook.com%2Fprivacy%2F&account_screen&consent

🌹(28) Page အသစ်ထောင်ရန်-
https://m.facebook.com/pages/creation_flow/?step=name&cat_ref_page_id=0&ref_type=bookmark

🌹(29) Group အသစ်ဖွဲ့စည်းရန်-
https://m.facebook.com/groups/?category=groups&ref=bookmarks

🌹(30) ID တင်ရန်-
https://m.facebook.com/help/contact/301294069923254?id=301294069923254


🅲🆁🅴🅳🅸🆃
မူရင်းတင်သူအား
လေးစားစွာဖြင့်
ပြန်လည်မျှဝေသူ
်းပညာများ

🅟.🅝---နည်းပညာများ
Page လေးကို
Like & Share လေးလုပ်ပေးပါဦး

တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားhttps://www.tachileik.net/mm/news/3150...
24/11/2022

တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွား
https://www.tachileik.net/mm/news/31508
* * * * *

တရုတ်နိုင်ငံ Zhengzhou မြို့ရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုမှတ်တမ်းအရ သိရှိရသည်။

ရာနှင့်ချီသော စက်ရုံအလုပ်သမားများက ချီတက်ဆန္ဒပြနေကြပြီး အချို့က ရောဂါကူးစက်မှု ကာကွယ်ရေးဝတ်စုံ(PPE) ဝတ်ဆင်ထားသူများနှင့် ရဲတပ်ဖွဲ့တို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်ကို ဗီဒီယိုများတွင် တွေ့ရသည်။

ရဲတပ်ဖွဲ့က စက်ရုံအလုပ်သမားများကို ရိုက်နှက်ခဲ့ကြောင်း ဗီဒီယိုရိုက်ကူးပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့သူများက ပြောသည်။

ခိုက်ရန်ဖြစ်ပွားမှုများကိုလည်း ဗီဒီယိုများတွင် တွေ့ရသည်။

ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ Foxconn က နောက်ထပ် အကြမ်းဖက်မှုများကို တားဆီးရန် အလုပ်သမားများနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

Foxconn ၏ ထုတ်ပြန်ချက်တွင် အလုပ်သမားအချို့က လုပ်ခလစာနှင့် ပတ်သက်၍ သံသယရှိခဲ့ကြကြောင်း၊ သို့သော် ကုမ္ပဏီအနေဖြင့် စာချုပ်ပါအတိုင်း လုပ်ခ လစာပေးသွားမည်ဟု ပြောထားသည်။

ထို့အတူ အလုပ်အသစ်ခန့်အပ်ခံရသူများကို COVID-19 ကူးစက်ခံရသည့် အလုပ်သမားများနှင့် အဆောင်အတူနေရန် ပြောဆိုမှုများရှိသည်ဆိုသည့် ကောလာဟလ များမှာ မမှန်ကန်ဟုလည်း Foxconn က ဆိုသည်။

အလုပ်သမားအဆောင်များကို ပိုးသတ်ဆေးဖြန်းထားပြီး လူသစ်များ ရောက်မလာမီ ဒေသဆိုင်ရာ အစိုးရအရာရှိများက စစ်ဆေးခဲ့ကြကြောင်း Foxconn က ပြောသည်။

ပြီးခဲ့သည့်လအတွင်း COVID-19 ကူးစက်မှုများ မြင့်တက်ခဲ့ရာ Foxconn စက်ရုံကို တင်းကျပ်သည့် lockdown လုပ်ခဲ့ရာ အလုပ်သမားများ စက်ရုံမှထွက်ပြေးပြီး အိမ်ပြန်ခဲ့ကြသည်။

ထိုအခြေအနေကြောင့် ကုမ္ပဏီက အလုပ်သမားအသစ်များကို ဆုကြေးငွေများပေးမည်ဟု မက်လုံးပေး‌ ခေါ်ယူခဲ့ကြောင်း သိရသည်။

တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုများတွင် ဆန္ဒပြ အလုပ်သမားများက "ငါတို့အခွင့်အရေးတွေကို ကာကွယ်ကြ" ဟု အော်ဟစ်နေသည်ကို ကြားရသည်။

အခြား အလုပ်သမားများက လုံခြုံရေးကင်မရာများနှင့် ပြတင်းပေါက်များကို တုတ်များဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့ကြသည်။

"သူတို့က စာချုပ်တွေကို ပြင်ဆင်ခဲ့တော့ သူတို့ ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ ထောက်ပံ့ကြေး မရတော့ဘူး။ သူတို့က ကျွန်တော်တို့ကို ကွာရန်တင်းလုပ်ထားပေမဲ့ အစားအစာ မထောက်ပံ့ဘူး။ တကယ်လို့ ကျွန်တော်တို့ရဲ့ လုပ်အပ်ချက်တွေကို သူတို့ မဖြေရှင်းပေးရန် ဆက်လက်တိုက်ပွဲဝင်နေမယ်" ဟု Foxconn အလုပ်သမားတစ်ဦးက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့က ရိုက်နှက်မှုကြောင့် ဆန္ဒပြသည့် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့သည်ကို တွေ့နိုင်ကြောင်းလည်း တိုက်ရိုက်ထုတ်လွှင့်သည့် အမျိုးသားက ပြောသည်။

Zhengzhou မြို့ရှိ စက်ရုံတွင် မကြာသေးမီက အလုပ်စဝင်ခဲ့သည့် အလုပ်သမားတစ်ဦးကလည်း Foxconn က ၎င်းတို့ ကတိပေးထားသည့် စာချုပ်ကို ပြင်ဆင်ခဲ့မှုကြောင့် အလုပ်သမားများ ဆန္ဒပြခဲ့ကြကြောင်း BBC သတင်းဌာနကို ပြောသည်။

အလုပ်သမားအသစ်များက အစောပိုင်း ကူးစက်ဖြစ်ပွားမှုအတွင်း COVID-19 ကူးစက်ခံခဲ့ရသူများထံမှ ရောဂါကူးမည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်ဟု ဆိုသည်။

"ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေက ထောက်ပံ့ကြေးလိုချင်ပြီး အိမ်ပြန်ချင်ကြတယ်" ဟု အလုပ်သမားတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းက Foxconn စက်ရုံတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေစဥ် နေထိုင်ရသည့်အခြေအနေ ဆိုးရွားညံ့ဖျင်းကြောင်း စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီး အလုပ်သမားများ စက်ရုံမှ ထွက်ပြေးခဲ့ကြသည်။


Source: BBC
Photo: REUTERS, violazhouyi/Twitter.

Address

Bogoke Street

Telephone

+959794458840

Website

Alerts

Be the first to know and let us send you an email when We Love Tachileik Shan East posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share