မာမီ ဝတုတ်

  • Home
  • မာမီ ဝတုတ်

မာမီ ဝတုတ် Health & Beauty

04/06/2024

ဪ ငါဈေးလေးပြန်ရောင်းပါမယ်ဆို ...
Fb တောင်သုံးရတာ မလွယ်တော့ဝူး...
အဲ့လိုပါဆို 🥴

09/02/2024

Hello 🤗

01/08/2023

ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ 🙏🏻🙏🏻🙏🏻

1.8.2023 ၊ အင်္ဂါနေ့တွင် ကျရောက်‌သော
ဝါဆိုလပြည့် အခါသမယမှာ

၇ရက်သားသမီးများ အားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့်

ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ
တလုံးတခဲ ပြည့်ဝပါစေကြောင်း

ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

#ဝါဆိုလပြည့်
#ဓမ္မစင်္ကြာအခါတော်နေ့

14/06/2023

ပုရစ်ကတုံး 🦗

📣အရေးပေါ်အကူအညီလိုအပ်သူများ🚨ရခိုင်မြောက်ပိုင်း  အရေးပေါ် အခမဲ့လူနာတင်ယာဉ်များ ကွန်ယက် ဆက်သွယ်ရန် ဖုန်းနံပါတ်များစုစည်းမှ...
14/05/2023

📣အရေးပေါ်အကူအညီလိုအပ်သူများ🚨

ရခိုင်မြောက်ပိုင်း အရေးပေါ် အခမဲ့လူနာတင်ယာဉ်များ ကွန်ယက် ဆက်သွယ်ရန် ဖုန်းနံပါတ်များစုစည်းမှု

၁။ မောင်တောမြို့
အသင်းအမည် - KRN (Since-2018)
မောင်တောမြို့နယ် ကရုဏာကွန်ရက်
Karuna Rescue Network,Maungdaw
☎️- 09450559011/ 09250242566 / 09421724020 / 09892527974
https://www.facebook.com/maungdawhealth/

၂။ ဘူးသီးတောင်မြို့
အသင်းအမည်-
WDAB (Since-2016)
အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေအသင်း
Western Door Rescure
Association,Buthidaung
☎09444237366,09250453511
☎ 09423144689
https://www.facebook.com/WDAB-Emergency-Service-1197632806945013/

၃။ ဘူးသီးတောင်မြို့
အသင်းအမည်-ရွှေဘူးသီး ပရဟိတအသင်း
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
📞09 454 915 800
📞09 421 702 224
📞09 264 918 290
📞09 250 760 664
📞09 263 111 200
📞09 451 216 133

https://www.facebook.com/103878008700801/posts/134480255640576/

၄။ စစ်တွေမြို့
ရွှေကရုဏာဖေါင်ဒေးရှင်း
☎09254032849,09421742424
☎ 09254033646
https://www.facebook.com/shwe.keruna

၅။ စစ်တွေမြို့
အသင်းအမည်-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
☎ဆက်သွယ်ရန်☎
📞09421712136📞
📞09755866100📞 (ရုံးဖုန်း)
📞09421765245📞
📞09261652117📞 (သွေးတာဝန်ခံ)
📞09668598083📞 (ရေတာဝန်ခံ)
📞09261853694📞 (oxygen တာဝန်ခံ)
https://www.facebook.com/104410934280813/posts/628258428562725/

၆။ ပုဏ္ဏားကျွန်းမြို့
အသင်းအမည် (PDYO)
Ponnagyun Development Youth Organization
☎09421746797,09422383826
☎09422383817,09422383827 https://www.facebook.com/pngdevyouth/

၇။ ကျောက်တော်မြို့
အသင်းအမည်-
ဖြူစင်မေတ္တာပရဟိတအသင်း
☎09261648068,09261071938, 09421734353
☎09259786025,09253075710 https://www.facebook.com/profile.php?id=100060181620952&mibextid=ZbWKwL

၈။ မြောက်ဦးမြို့
အသင်းအမည်-
ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း
☎09250830644,09260259115
https://www.facebook.com/580917072050244/

ဖုန်းနံပါတ်များ Update မဖြစ်ပါက Comment တွင်ဖြည့်စွပေးနိုင်ပါသည်။

သင်၏ Share ဖြင့် အသက်ကယ်ပါ ၊ ကုသိုလ်ယူပါ ။
Source - WDAB
(ကရုဏာ- သတင်းနှင့်ပြန်ကြားရေး)
☎️ - 09421762178 ထံမှ ထပ်ဆင့်ဖော်ပြသည်။
Crd

သူငယ်ချင်း မိတ်ဆွေများရှင့်🤗🤗🤗🤗🤗ကျေးဇူးပြုပြီး ဒီပို့စ်လေးကို သူငယ်ချင်း မိတ်ဆွေသိအောင် ဂရုတွေမှာပဲ ဖြစ်ဖြစ် မက်စင်ဂျာမှ...
06/05/2023

သူငယ်ချင်း မိတ်ဆွေများရှင့်

🤗🤗🤗🤗🤗

ကျေးဇူးပြုပြီး ဒီပို့စ်လေးကို သူငယ်ချင်း မိတ်ဆွေသိအောင် ဂရုတွေမှာပဲ ဖြစ်ဖြစ် မက်စင်ဂျာမှာပဲ ဖြစ်ဖြစ် တိုင်းလိုင်းပေါ်မှာပဲ ဖြစ်ဖြစ် ရှဲပေးလို့ရမလား👍

မကြာခင်မှာပဲ သစ်သီးတွေ လှိုင်လှိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ…
ဥပမာ သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီး ပိန္နဲသီး အစရှိသဖြင့်ပေါ့….


အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမှိုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့-. အဲဒီအ‌‌ေစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ.. ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး မိတ်ဆွေတို့ရဲ့ ကားထဲမှာ သိမ်းထားပေးပါ….🗣🗣🗣🗣🗣

ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာ ဖြစ်ဖြစ်…. ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ်… ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ်…. အဲဒီနေရာတွေကို ရောက်တဲ့အခါမှာ… သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ….📤📤📤📤📤📤

အဲဒီအစေ့လေးတွေဟာ မိုးရာသီရောက်တဲ့ခါမှာ အလွယ်တကူ ရှင်သန်လာနိုင်ပါတယ်…👏👏👏

မိတ်ဆွေ အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ ဒီနည်းသုံးပြီး အပင်လေးတွေ စိုက်ပျိုးပေးမယ်ဆိုရင် ကျွန်မတို့ နေထိုင်ရာ ကမ္ဘာကြီးစိမ်းလန်းလာရေး ရည်မှန်းချက်ဟာ အောင်မြင်လာမှာပါ…😇😇

ထိုင်းအစိုးရကတော့ ဒီနည်းနဲ့ အပင်တွေစိုက်ပျိုးကြဖို့ သူတို့နိုင်ငံသားတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လှုံ့ဆော်နေခဲ့တာပါ…

ထိုင်းနိုင်ငံရဲ့ ခရိုင်အရာရှိတွေဟာ သူတို့ဒေသတွေမှာ ဒီနည်းကို စိတ်အားထက်သန်သန်ပဲ ဟောပြောစည်းရုံးခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေက ( မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ဒေသ ) တောတွေမှာ ဒီနည်းနဲ့ သစ်သီးပင်တွေဟာ တိုးပွားလို့လာနေပါတယ်…😊😊😊😊😊😊😊

ရိုးရှင်းပြီး ထိရောက်စေမဲ့ ဒီနည်းလမ်းလေးကို အသုံးပြီး ကျွန်မတို့ အနာဂတ် မျိုးဆက်တွေအတွက် သစ်ပင်တွေ အလျှံပယ် ထားခဲ့ကြရအောင်လားရှင်…...........👍👍👍👍👍👍👍👍👍

ကျေးဇူးပြုပြီး မျှဝေပေးကြပါနော်......☺☺☺☺☺☺☺

Dear Penro Tarlac Page က ရေးထားတာလေးကို ဆီလျှော်အာင် ဘာသာပြန်ပေးထားတာပါ…
Credit to original post uploader

ကဆုန်လပြည့်နေ့မှာ ဆန်၊ဆီ၊ဆေး၊ဆားကပ်လှူနိုင်ဖို့အတွက် ...လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျော...
29/04/2023

ကဆုန်လပြည့်နေ့မှာ ဆန်၊ဆီ၊ဆေး၊ဆားကပ်လှူနိုင်ဖို့အတွက် ...

လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။

လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မယ်

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။
မူရင်းရေးသားသူအား လေးစားစွာဂါရဝပြုပါသည်🙏🙏🙏

29/04/2023

ဘဝမှာ အကောင်းဆုံး ဖြစ်ချင်တာဖြစ်ဖို့
အချိန်အတိုင်းအတာ တခုတော့ ပေးရတယ်။

အဲဒီအကောင်းဆုံး အချိန်ရောက်ဖို့
စိတ်ရှည်ရှည်နဲ့ ကြိုးစားနေဖို့ လိုအပ်တယ်။

စိတ်ရှည်ရှည်နဲ့ ကြိုးပမ်းနေရခြင်းဟာ
တခါတရံမှာ နာကျင်မှုကို ပေးတတ်တယ်။

ဒါပေမဲ့ ဒီနာကျင်မှုဟာ သင်တိုးတက်စေဖို့
လောကရဲ့ အကောင်းဆုံး အမှာစကားပါပဲ။

28/04/2023

ကိုယ့်နေရာ ကိုယ့်ခံစားချက်တွေကို
ဘယ်သူမှ မြင်အောင် မကြည့်ပေးကြဘူး
ဘယ်သူမှလည်း စာနာ မပေးနိုင်ကြဘူးဆိုပြီး
တယောက်ထဲ ဒေါသစိတ်တွေနဲ့
အားမငယ်ရဘူး ဝမ်းမနည်းရဘူးနော်

ရှင်သန်ရတဲ့ ပတ်ဝန်းကျင်မယ် .....
ကိုယ့်ကို အရာရာ စာနာပေးမယ့်သူနဲ့လည်း
တွေ့ချင် တွေ့မယ်
အနည်းအကျဉ်း နားလည်ပေးတဲ့သူနဲ့လည်း
ကြုံချင် ကြုံရမယ်
လုံးဝကို စိတ်မဝင်စားဘဲ မဆိုင်သလို နေတဲ့သူတွေနဲ့လည်း
ဆုံချင် ဆုံရမယ်

လူတိုင်း လူတိုင်းက ကိုယ့်ဘဝနဲ့ ကိုယ်မို့
တော်ရုံ သူများအတွက် လိုက်မတွေးပေးနိုင်ကြဘူး
အစအဆုံး ကိုယ့်နေရာကိုဝင် နားလည်မပေးနိုင်ကြဘူး

ဒါ့ကြောင့် ကိုယ့်စိတ်လေးကိုပဲ
လျော့သင့်တဲ့အခါ လျော့
တင်းသင့်တဲ့အခါ တင်းနဲ့
ဘဝရဲ့ဟန်ချက်ကို ဆက်ထိန်းရမယ်

ရာသီဥတု ပူပူမှာ
တယောက်ထဲ အတွေးတွေနဲ့
ဝမ်းနည်းနေမယ် အားငယ်နေမယ်
အထီးကျန် သိမ်ငယ်နေမယ်ဆိုရင်
ကိုယ်ပဲ ပိုပင်ပန်းလိမ့်ရမယ်နော်

ဘယ်သူမှန်းတော့ မသိပေမယ့် ဒီစာကို ဖတ်ရတဲ့သူလေး အရာရာ အဆင်ပြေပါစေ၊ တယောက်ထဲ ခံစားနေရတာတွေ ရှိခဲ့ရင်လည်း အမြန် ပြေပျောက် သက်သာပြီး တဖန် ပြန်လည် ရှင်သန် လန်းဆန်းပြီး ဘဝကို အားအပြည့်နဲ့ ရှေ့ဆက်နိုင်ပါစေရှင် 🌿❤️

16/08/2022

မာမီဝတုတ်page ထဲကလိုအပ်သူတွေအတွက်ပါ ....

ဆန် တစ်ပြည် 100 ကျပ် နှင့်

ကြက်ဥ 10 လုံးတစ်ကဒ် 100 ကျပ် တို့အား

Aladdin Men Fashion ဆိုင် မှာ ၀ယ်ယူနိုင်ပါပြီ ။

ကြိုက်တာယူ 100 ကျပ် ဖြင့်

ဘာဘဲယူယူ တစ်ဦး လျှင်

ကြိုက်နှစ်သက်ရာ တစ်မျိုးယူလို့ရပါတယ် ခင်ဗျာ

ဆန် 300 ပြည် နှင့် ကြက် အလုံး 1000 တို့အား မကုန်မခြင်းရောင်းချပေးမှာဖြစ်ပါတယ်။

လူရုပ်ရုပ်သည်းသည်း မဖြစ်အောင်
စနစ်တကျတန်းစီပေးဖို့လည်း မေတ္တာရပ်ခံပါတယ် ခင်ဗျာ။🙏🙏🙏🙏🙏

ဒါမှလည်း နောက်နောင်တွေမှာလည်းဆက်လက် ရောင်းချပေးနိုင်ဖို့ အဆင်ပြေမှာမလို့ပါ။🙏🙏🙏🙏🙏

အားလုံးဘဲအခက်အခဲအကျပ်အတည်းကာလမှ
အမြန်ဆုံးရုံးထွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

(17.8.2022) မနက်ဖြန် နံနက် 9:00 နာရီမှစ၍
မကုန်မခြင်းရောင်းချပေးမှာဖြစ်ပါတယ်။

1️⃣သက်န်းကျွန်း ဘဝမြင့်ဆိုင်ခွဲ .....
တိုက်-1,No-003, မြေညီထပ်, လေးထောင့်ကန်လမ်းမကြီး, CB ဘဏ် မျက်စောင်းထိုး၊ ဘဝ
မြင့်မှတ်တိုင်အနီးသက်နိးကျွန်းမြို့နယ်၊ရန်ကုန်မြို့
09-967116758

https://m.facebook.com/story.php?story_fbid=620450926424795&id=126954342441125

ဒီအကောင့်ပိုင်ရှင်လေးရေ...ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ  ဒီနေ့ ဝါဆို လပြည့် အခါ သမယမှ စလို့ စီးပွားဥစ္စာ ဒီရေအလား...
12/07/2022

ဒီအကောင့်ပိုင်ရှင်လေးရေ...
ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ
ဒီနေ့ ဝါဆို လပြည့် အခါ သမယမှ စလို့ စီးပွားဥစ္စာ ဒီရေအလားတိုးတက်ကြပါစေ ကပ် ၃ ပါး မှ လဲ ကင်းဝေးကြပါစေ ကိုယ်စိတ်နှစ်ဖြာ ကျန်း မာ ချမ်း သာကြပါစေ 🙏🙏🙏
http://www.facebook.com/profile.php

လပြည့်နေ့ ဆန်ဆီဆေးဆား အလှူ=======================* မနက် 9နာရီအတိ* မေတ္တာသုတ် ၁၀ခေါက်*:သံဗုဒ္ဓေ ၁၀ခေါက်* ဒိဝါတပတိ ၁၀ခေါက်...
11/07/2022

လပြည့်နေ့ ဆန်ဆီဆေးဆား အလှူ
=======================

* မနက် 9နာရီအတိ

* မေတ္တာသုတ် ၁၀ခေါက်

*:သံဗုဒ္ဓေ ၁၀ခေါက်

* ဒိဝါတပတိ ၁၀ခေါက်

လပြည့်နေ့တိုင်းမှာ တိုးတက်၊ကြီးပွား

ဆန်၊ ဆီ၊ ဆေး ၊ ဆား လှူဒါန်းကြဖို့

တိုက်တွန်းအပ်ပါတယ်
🙏🏻🙏🏻🙏🏻🙏🏻🙏

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွ
သံဃာတော်များအတွက်ရည်စူးကာ
မိမိတတ်နိုင်သလောက် ဆန်အပြည့်၊
ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်
ထည့်ကာ အိမ်ဘုရားတွင်
အရံသင့် ကပ်လှူထားရှိပေးပါ

ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

😌ဆန်ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ 🙏🏻

🌟၁.အကျပ်အတည်းရင်ဆ်ိုင်နေရသောအခါများ၊
စားဝတ်နေရေးအတွက်အတော်
ရုန်းကန်နေရသောအခါများတွင်
အရံသင့်ပေးမည့်၊ကျွေးမည့်လက်
တစ်စုံအမှီရစေ၏။
လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

🌟၂.ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာစေ၏။
မိမိအိမ်တွင်လိုအပ်ချက်မှန်သမျှပြည့်စုံလာစေ၏။
မိမိအိမ်တွင်မ ရှိ စကား၊ ပေးပါတောင်းပါဟုပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

တစ်ပတ်တခါ လှူချင်တဲ့သူတွေတွက်ပါရှင့်🙏
🌟၃.တစ်ပတ်တစ်ခါ လှူပြီးပြ န်စွန့်၍
မရှိနွမ်းပါးသူအားလှူဒါန်းပါ။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးပါ။

🌟၄.မိမိတို့၏ အိမ်မီးဖိုချောင်သည်
စားစရာများဖြင့် ပြည့်စုံနေခြင်း 😋
စိတ်ဝမ်းကွဲနေသော မိတ်ဆွေ
ညီအကိုမောင်နှမများလည်း
ပြန်လည်သင့်မြတ်ပါလိမ့်မည်။ 😌👌🏻

😌ဆန်၊ဆီ၊ဆေး၊ဆား🙏🏻

တစ်လမှတစ်ခါထဲပါ
မပျက်မကွက် လှူဒါန်းပေးပါ။😇
လှူပြီး နေ့လည် ၁၂နာရီ မဟုတ် ၁နာရီလောက်
ပြန်စွန့်ပေးပါ စွန့်ပြီးသားဆန်ကို ဆွမ်းအဖြစ်ချက်ကာ
သံဃာတော်တွေကိုလောင်းလှူလို့လဲရပါတယ်
မိမိအိမ်က ဆန်အိုးထဲပြန်ထည့်လဲရပါတယ်
မရှိတဲ့သူတွေကို ပြန်လှူလဲရပါတယ်🙏🙏🙏

ကောင်းကျိုး ချမ်းသာ လိုရာဆန္ဒများ
ပြည့်ဝပါတယ်🙏🙏🙏

လပြည့်နေ့မှာ မနက်ဆို ၅ . ၆ . ၇. ၈ .၉ နာရီ
ကြိုက်တဲ့အချိန် လှူဒါန်းနိုင်ပါတယ်ရှင့်🙏🙏🙏

ဒိဝါတပတိ ဂါတာလေးကိုလဲရွတ်ပေးပါ🙏
#မာမီဝတုတ်မှ မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
to original writter

ကိုယ်ချင်းစာတရား   🙏🙏🙏🙏🙏လောကမှာ လူတော်လူကောင်းဖြစ်ဖို့ဆိုရင်...၁။ ကိုယ်ချင်းစာတရား ရှိဖို့၂။ ကံ၊ကံ၏အကျိုးကို ယုံကြည်ဖို့...
11/07/2022

ကိုယ်ချင်းစာတရား
🙏🙏🙏🙏🙏

လောကမှာ လူတော်လူကောင်းဖြစ်ဖို့ဆိုရင်...

၁။ ကိုယ်ချင်းစာတရား ရှိဖို့
၂။ ကံ၊ကံ၏အကျိုးကို ယုံကြည်ဖို့

အဲ့ဒီ ( ၂ ) ခု ဟာ အရေးပါတယ်။

လူတွေဟာ အရာရာပေါ်
ကိုယ်ချင်းစာတတ်ပြီဆိုရင်
မကောင်းတာတွေ လုပ်မှာ မဟုတ် ဘူး။

မိမိ မကြိုက်တဲ့အရာကို သူတပါးကို
ပြုလုပ်ကြမှာ မဟုတ်တော့ဘူး။

ကိုယ်ချင်းစာ ဆိုတာ ဘယ်အရာပဲဖြစ်ဖြစ်
ကိုယ်ကြိုက်ခြင်း၊ မကြိုက်ခြင်း အလုပ်

တဖက်သားပေါ်ကို စာနာထောက်ထားတာ...
ဆိုလိုတယ်။

ဆင်းရဲဒုက္ခ ကို လူတိုင်းက ရွံ့မုန်းကြတယ်။
ချမ်းသာတာကို လူတိုင်းနှစ်သက်တယ်။

ကိုယ်က ဆင်းရဲတာကို မနှစ်သက်ဘူးဆိုရင်
သူများဆင်းရဲဒုက္ခ ရောက်အောင် မလုပ်တော့ဘူး...

ဒါကိုယ်ချင်းစာတတ်တယ်လို့ ခေါ်တယ်။

ကိုယ်မကြိုက်တာကို သူများကို လုပ်တာ
ကိုယ်ချင်းစာ တရားမရှိလို့

ကိုယ်ကိုယ်တိုင်က ခံယူချက်ရှိရမယ်။

ကောင်းတာလုပ်ရင် ကောင်းကျိုးချမ်းသာ ရမယ်။
ကံ ကံ အကျိုးကို ယုံကြည်လက်ခံရမယ်။

မြတ်စွာဘုရား ကောသလတိုင်းမှာ
ဟောကြားခဲ့သောတရားတော် ဖြစ်တယ်။

မြတ်စွာဘုရား ရဲ့တရားတော်တွေဟာ
စ၊ လယ်၊ ဆုံး ပြည့်စုံကောင်းမွန်တယ်။

မြတ်စွာဘုရား ကို မေးလျှောက်ကြတယ်။

ဒီဘဝ၊နောင်ဘဝ ချမ်းသာစေ မည့်တရားကို
ဟောပေး ပါ တဲ့..

လူအများစုရဲ့ဆန္ဒ ဒီတိုင်းပဲ
မနေရလို့ သေတဲ့အခါ
ကောင်းရာသုဂတိဘုံ ရောက်ချင်တယ်။

ကိုယ်ချင်းစာတရားပဲ...နားစိုက်ပြီးထောင်တဲ့။

လူတွေဟာ.....
ပြောဆိုခြင်းနဲ့ ဆက်ဆံတယ်။
အလုပ်နဲ့ ဆက်ဆံတယ်။

စိတ်ကောင်းနှလုံးကောင်း ရှိသူဟာတဲ့..

ဒီလို စဉ်းစားတယ်တဲ့။

ငါဟာ ချမ်းသာချင်တယ်၊
ဆင်းရဲမှာ မလိုလားဘူး၊

အသက်ရှင်ချင်တယ်၊
သေရမှာ ကို မကြိုက်ဘူး။

ငါမကြိုက်တဲ့ အလုပ် သည်
သူမကြိုက်တဲ့ အရာပဲဖြစ်တယ်။

ငါမကြိုက်တဲ့ အလုပ်ကို သူများကို
ဘာဖြစ်လို့ လုပ်ရမှာလဲ..

သူတပါးရဲ့အသက်ကို သတ်ခြင်း မလုပ်ဘူး။

ကိုယ်တိုင်လည်းမသတ်ဘူး၊
သူများကို မသတ်ခိုင်းခြင်း၊
သတ်ဖြတ်တာကို မချီးမွမ်း၊ မတိုက်တွန်းခြင်း ကြောင့်

သူရဲ့ကိုယ်ကျင့်တရား လုံးဝ
စင်ကြယ်နေ တယ်။

ခိုးယူခြင်းသည်လည်း ထို့အတူပဲ...

ကိုယ့် ပစ္စည်းကို သူများယူရင်
ကိုယ်မကြိုက်ဘူး..

ကိုယ်မကြိုက်တာကို သူများကို
ဘာဖြစ်လို့ လုပ်ရမှာလဲ...
(ဒီ လို တွေးတောနိုင်တာ ကိုယ်ချင်းစာတရားပဲ)

လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း။
သူတပါး အိမ်ထောင်ဖက်ကို လွန်ကျုးစော်ကားမှု
သူတပါးက ကိုယ်ရဲ့အိမ်ထောင်ဖက်ကို
လွန်ကျုးရင် ကိုယ်မကြိုက်ဘူး..

ကိုယ်မကြိုက်တာကို သူများကို
ဘာဖြစ်လို့လုပ်ရမှာလဲ...
(ဒီ ၃ခု ကာယဒုစရိုက်)...

နောက်တစ်ခုက
ဝစီကံ...
လူတစ်ယောက်ဟာ လိမ်ညာပြီး
ကိုယ့်အကျိုးစီးပွား၊ပျက်စီးအောင် လုပ်ရင်
မကြိုက်ဘူး။

ကိုယ်မကြိုက်တာကို သူများလည်း
ကြိုက်မှာ မဟုတ်ဘူး။

သူတပါး အကျိုးစီးပွား၊ ပျက်စီးသွားအောင်
ပြောတဲ့ မုသားဝါဒကို ဆိုလိုတယ်။

မြတ်စွာဘုရား က ရယ်စရာအဖြစ်တောင်
မုသားဝါဒ မပြောရဘူးတဲ့..

လူတွေရဲ့ နူတ်မှာ မိတ်ဆွေအချင်းချင်း
ဂျင်းထည့်တတ်တယ်..

ပိသုဏဝါစာ လို့ခေါ်တယ်။
ကုန်းတိုက်ပြောဆိုခြင်းကို ဆိုတယ်။

ငါနဲ့ မိတ်ဆွေ ကွဲသွားအောင်
ကုန်းတိုက် ပြောဆိုခြင်းကို ငါမကြိုက်သလို
သူတစ်ပါးလည်း ကြိုက်မှာ မဟုတ်ဘူး။

ဖရုသဝါစာ..ကြမ်းတမ်းတဲ့စကား..
ဆဲရေးတဲ့စကား...

ငါ့ကို သူများက ဆဲရေးတိုင်းထွာရင်
ငါလည်းမကြိုက်ဘူး...

ငါမကြိုက်တဲ့ အရာ
သူမကြိုက်တဲ့အရာဖြစ်တယ်။

သူမကြိုက်တဲ့ အရာကို ငါဘာလို့ ပြောရမလဲ လို့
ကိုယ်ချင်းစာတရားဖြင့် စဉ်းစားလိုက်ပါတဲ့....

နောက်တစ်ခုက...
သမ္ဖပ္ပလာပ..သိမ်ဖျင်းသောစကား..

မဟုတ်မမှန် ပြောဆိုတာ...
အကျိုးမရှိ၊ အနှစ်သာရမရှိတဲ့စကား...

လူတွေရဲ့အတွေးကို
လွဲချော်သွားစေတဲ့ စကားတွေ
မပြောရဘူး။

အဲ့ဒီလို ကိုယ်ချင်းစာ တရားရှိတဲ့သူဟာ
မြတ်ဗုဒ္ဓ အပေါ် နှစ်နှစ်ကာကာယုံကြည်တယ်..

တရားပေါ်၊ သံဃာအပေါ်
နှစ်နှစ်ကာကာယုံကြည်တယ်..
သီလကို မြတ်မြတ်နိုးနိုး
ထိန်းသိမ်းစောင့်ရှောက်တယ်တဲ့..

ဒီအရည်အချင်းနဲ့ ပြည့်စုံသူဟာ....

ကိုယ့်ကိုယ် ပြောချင်ရင်ပြော ရတယ်တဲ့

ငါဘယ်တော့မှ
အပါယ်ကျမည့် ပုဂ္ဂိုလ် မဟုတ်ဘူး..

အထက်မဂ်ဖိုလ်ရဖို့ ကျိန်းသေတယ်လို့
ပြောနိုင်တယ်တဲ့..

ကိုယ်ချင်းစာတရား ကနေ ရနိုင်တဲ့
အကျိုးကျေးဇူး ...

#ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Address


Telephone

+959791752232

Website

Alerts

Be the first to know and let us send you an email when မာမီ ဝတုတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share