Manchester Update News

  • Home
  • Manchester Update News

Manchester Update News United fansအားလုံးအတွက် မန်ယူနဲ့သက်ဆိုင်တ

HAPPY BIRTHDAY TO ANTONY!ဒီကနေ့ကတော့ ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီရဲ့အသက် (23)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
24/02/2023

HAPPY BIRTHDAY TO ANTONY!

ဒီကနေ့ကတော့ ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီရဲ့အသက် (23)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

ဆုဖလားတွေ ရယူဖို့ မန်ယူဆီ ပြောင်းလာတာလို့ ကြွေးကြော်လိုက်တဲ့ ဆာဘစ်ဇာဆောင်းဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ ဘွန်ဒက်လီဂါ ထိပ်...
03/02/2023

ဆုဖလားတွေ ရယူဖို့ မန်ယူဆီ ပြောင်းလာတာလို့ ကြွေးကြော်လိုက်တဲ့ ဆာဘစ်ဇာ

ဆောင်းဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဩစတီးယား ကွင်းလယ်လူ ဆာဘစ်ဇာကတော့ သူဟာ ဆုဖလားတွေ ရယူဖို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာခဲ့တာပါလို့ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာက လိုက်ပ်ဇစ်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ကျော်ကြားလာသူ ဖြစ်ပေမယ့် လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိသွားချိန်မှာ ထင်ထားသလို ပုံမှန် ပွဲထွက်ခွင့် မရခဲ့သလို ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့လည်း ရုန်းကန်နေရသူပါ။

ဆာဘစ်ဇာက ဘိုင်ယန်မြူးနစ်မှာ ပွဲထွက်ခွင့် ရဖို့ ခက်ခဲနေပေမယ့် နိုင်ငံအသင်း ဖြစ်တဲ့ ဩစတီးယားမှာတော့ ပုံမှန် ကစားခွင့် ရနေသလို ခြေစွမ်းကောင်းတွေလည်း ပြသထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ အရည်အသွေးတွေကြောင့်ပဲ အဲရစ်ဆင်ကို ဒဏ်ရာကြောင့် လက်လွှတ်လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆာဘစ်ဇာကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ဆာဘစ်ဇာကလည်း ဘိုင်ယန်မြူးနစ်မှာ ကစားခွင့် ရဖို့ ရုန်းကန်နေရချိန်မှာ မန်ချက်စတာ ယူနိုက်တက်လို ထိပ်သီးအသင်း တသင်းရဲ့ ကမ်းလှမ်းမှုကို ရလာတာကြောင့် ချက်ချင်းပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း ဆာဘစ်ဇာဟာ သူတို့အသင်းနဲ့ အံဝင်မယ့် ကစားသမား ဖြစ်ကြောင်း ယုံကြည်ထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ ဆာဘစ်ဇာက သူဟာ ပွဲထွက်ခွင့် ရဖို့ တခုထဲ အတွက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာတာ မဟုတ်ပဲ ဆုဖလားတွေ ရယူဖို့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာတာသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဆာဘစ်ဇာက – “ကျွန်တော်က ကျွန်တော့်မှာ ရှိတဲ့ အရာအားလုံးကို ဒီအသင်း ၊ ဒီဂျာစီ အတွက် ပေးဆပ် ကစားသွားမှာပါ။ ကျွန်တော်က ဒီအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့သလို ပျော်ရွှင်မိသလို အကောင်းဆုံး ကြိုးစား ကစားဖို့ ဆုံးဖြတ်ထားတာကြောင့် ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်က ဆုဖလားတွေ ရယူဖို့ အတွက် ဒီအသင်းဆီ ပြောင်းလာတာပါ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ခံလူလင်ဒီလော့ဖ်ကို နေရာသစ်မှာပြောင်းလဲအသုံးပြုသွားမယ်လိုဆိုလာတဲ့ အဲရစ်တန်ဟတ်မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန...
03/02/2023

နောက်ခံလူလင်ဒီလော့ဖ်ကို နေရာသစ်မှာပြောင်းလဲအသုံးပြုသွားမယ်လိုဆိုလာတဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က လက်ရှိ အသင်းမှာ ကြုံတွေ့နေရတဲ့ ဒဏ်ရာပြသာနာတွေကြောင့် အသင်းရဲ့ ဗဟိုခံစစ်ကစားသမား ဗစ်တာလင်ဒီလော့ကို ကွင်းလယ်ခံစစ်နေရာတွင် ပြောင်းလဲ အသုံးပြုသွားဖို့ အစီအစဉ် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒွန်နီဗန်ဒယ်ဘိခ်အပြင် ခရစ္စတီယန်အဲရစ်ဆင်ပါ ဒဏ်ရာ ရရှိနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက သြစတြီးယား ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကို အငှားနဲ့့ ခေါ်ယူခဲ့ရသလို နောက်ခံလူ လင်ဒီလော့ကိုပါ ကွင်းလယ်ခံစစ် DM နေရာမှာ ပြောင်းလဲ အသုံးပြုသွားဖို့ နည်းပြတန်ဟက်ဂ်က စီစဉ်လာခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းကို အိုးထရက်ဖို့ဒ်မှာ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်မှာကတည်းက လင်ဒီလော့ကို DM နေရာမှာ စတင် အသုံးပြုခဲ့တဲ့ တန်ဟက်ဂ်က လာမယ့်ပွဲစဉ်တချို့မှာလည်း ဒီလို ပုံစံအတိုင်း ဆက်လက် အသုံးပြုသွားဖွယ် ရှိနေပါတယ်။

“လင်ဒီလော့က ဘင်ဖီကာအသင်းမှာ ကစားခဲ့စဉ်တုန်း holding midfielder အဖြစ် ကွင်းလယ်မှာ ထိန်းချုပ်မှုတွေ လုပ်ဆောင်တဲ့ နံပါတ်(၆)နေရာကို ကစားခဲ့ဖူးပါတယ်။ ဒါကြောင့် သူ ဒါကို လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိထားတယ်။ ဒါကို ကျွန်တော်တို့တွေ လေ့ကျင့်ရေးကွင်းမှာ အရင်ကတည်းက ကြိုးစားခဲ့ဖူးသလို ပွဲတစ်ပွဲမှာလည်း ဖြစ်နိုင်ပါတယ်” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်နေရာကို ဘရာဇီးလ် ကွင်းလယ်လူ ကက်စီမဲရိုးကို ဦးစားပေး အသုံးပြုနေပေမယ့် ပွဲဆက်တွေ များလာတဲ့အချိန် ပွဲပန်းမှုတွေ မဖြစ်အောင် လင်ဒီလော့ကိုပါ ကွင်းလယ်ခံစစ်နေရာမှာ ထည့်သွင်း အသုံးပြုသွားဖို့ ထပ်မံ စီစဉ်ဖွယ် ရှိနေပါတယ်။ တန်ဟက်ဂ်ဟာ ဒီရာသီမှာ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကိုလည်း အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ပြောင်းလဲ အသုံးပြုခဲ့ရာ လုခ်ရှောလည်း အကောင်းဆုံး စွမ်းဆောင်မှု ပြသနိုင်ခဲ့တာကြောင့် မက်ဂွိုင်းရားနဲ့ လင်ဒီလော့တို့ပါ ပွဲကစားခွင့်တွေ ပိုမို နည်းပါးလာခဲ့ရပါတယ်။ အခု လင်ဒီလော့ကိုလည်း သူအရင်ကတည်းက ကစားခဲ့ဖူးတဲ့ DM နေရာမှာ အသုံးပြုဖို့ စီစဉ်နေပြီး တကယ်လို့ လင်ဒီလော့သာ ဒီနေရာမှာ ခြေစွမ်းပြနိုင်မယ်ဆိုရင် လင်ဒီလော့ကို DM အဖြစ်သာ ဆက်လက် အသုံးပြုဖွယ် ရှိနေပါတယ်။

ကျောနံပါတ်၁၅ကို ဝတ်ဆင်သွားဖို့ရှိနေတဲ့ ကစားသမားသစ် ဆာဘစ်ဇာ
02/02/2023

ကျောနံပါတ်၁၅ကို ဝတ်ဆင်သွားဖို့ရှိနေတဲ့ ကစားသမားသစ် ဆာဘစ်ဇာ

Breaking : ၂၀၁၈တုန်းက ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး 2022 မှာ ဒုတိယ ရရှိအောင် ကူညီပေးနိ...
02/02/2023

Breaking :
၂၀၁၈တုန်းက ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး 2022 မှာ ဒုတိယ ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ဗဟို ခံစစ်မှူး ရာဖေးလ် ဗာရန်းဟာ လက်ရွေးစင် ကစားသမား အဖြစ်မှ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေငြာသွားခဲ့လိုက်ပါတယ် ။

၆နှစ်ကြာဝေးကွာနေတဲ့ ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရတော့မယ့် ယူနိုက်တက်မန်ယူကတော့ အိမ်ကွင်းမှာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်က...
02/02/2023

၆နှစ်ကြာဝေးကွာနေတဲ့ ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရတော့မယ့် ယူနိုက်တက်

မန်ယူကတော့ အိမ်ကွင်းမှာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုပြသကာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ ၄-၃-၃ ကစားကွက်ကို ကျင့်သုံးခဲ့ပြီး တိုက်စစ်မှာ အန်တိုနီ၊ ဝက်ဟော့်ချ်၊ ဂါနာချိုတို့ကို ထည့်သွင်း တွဲပေးခဲ့ပါတယ်။

ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ကက်စမဲရိုး၊ ဖရက်ဒ်တို့ကို အသုံးပြုပြီး နောက်တန်းမှာ ဝမ်ဘစ်ဆာကာ၊ ဗာရန်း၊ မာတီနက်ဇ်၊ လုရှောခ်တို့ကို ကစားစေခဲံပါတယ်။ ဖောရက်စ်ကလည်း ၄-၂-၃-၁ ကစားကွက်ကို ကျင့်သုံးခဲ့ပြီး ဖရူလာ၊ ဆန်ဒရစ်၊ ဒင်းနစ်၊ ဂျွန်ဆင်၊ ဘိုလီတို့နဲ့ မန်ယူကို ရင်ဆိုင်ခဲ့ပါတယ်။

ပထမအကျော့က ဂိုးပြတ်အနိုင်ရရှိထားပြီး ပွဲကြပ်တွေလည်း ကစားရဖို့ ရှိနေတဲ့ မန်ယူဟာ ဒီပွဲမှာ မလိုအပ်ဘဲ စွန့်စားတာတွေ မပြုလုပ်ခဲ့ပါဘူး။ ပထမပိုင်းမှာ ဖောရက်စ်ဟာ ခံစစ်မှာ ပိတ်ဆို့ကာ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ပါတယ်။

ဒါကြောင့် မန်ယူအနေနဲ့ ရှောင်ကစားခဲ့ရလို့ ပထမပိုင်းမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ သိပ်မတွေ့ရပါဘူး။ ဒါ့အပြင် ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ မန်ယူကပဲ ပွဲကို လွှမ်းမိုးကစားကာ ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မန်ယူရဲ့ တိုက်စစ်ဆင်မှုတွေ၊ အချိတ်အဆက်တွေ ပိုကောင်းလာခဲ့ပါတယ်။ အဲရစ်ဆင်မပါနိုင်ပေမယ့် ဖာနန်ဒက်စ်က တာဝန်ကျေခဲ့ပြီး အန်တိုနီလည်း သူ့ခြေပြန်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် တန်ဟတ်က ရက်ဖို့ဒ်၊ ဆန်ချို၊ မာရှယ်လ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။

သူတို့ဝင်လာပြီးနောက် မန်ယူရဲ့ တိုက်စစ် သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် မာရှယလ်က ဝက်ဟော့ချ်ထက်ပိုကောင်းတဲ့ ကစးားသမားဆိုတာ သက်သေပြခဲ့ပြီး ဆန်ချိုရဲ့ Comeback ကလည်း အတိုင်းအတာတစ်ခုအထိ ကျေနပ်ရမှာပါ။ မန်ယူအတွက် အနိုင်ဂိုးတွေကို ၇၃ မိနစ်မှာ မာရှယ်လ်နဲ့ ၇၆ မိနစ်မှာ ဖရက်ဒ်တို့က သွင်းယူခဲ့တာပါ။ မန်ယူဟာ ကာရာဘောင် ဗိုလ်လုပွဲမှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဂန္တဝင်ကစားသမားဝိန်းရွန်းနီရဲ့ အလန်းစားစံချိန်မှတ်တမ်းကိုလိုက်မီဖို့ နီးစပ်နေပြီဖြစ်တဲ့ မားကဒ်ရပ်ရှ်ဖို့ဒ်
08/01/2023

ဂန္တဝင်ကစားသမားဝိန်းရွန်းနီရဲ့ အလန်းစားစံချိန်မှတ်တမ်းကိုလိုက်မီဖို့ နီးစပ်နေပြီဖြစ်တဲ့ မားကဒ်ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ အသင်းဖော် တိုက်စစ်မှူ...

ဆန်ချိုနဲ့ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေတစ်ချို့ကို ထုတ်ဖော်ပြောဆိုလာတဲ့ ယူနိုက်တက်နည်းပြ
07/01/2023

ဆန်ချိုနဲ့ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေတစ်ချို့ကို ထုတ်ဖော်ပြောဆိုလာတဲ့ ယူနိုက်တက်နည်းပြ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ တိုက်စစ် ကစားသမားတွေကို လိုအပ်နေချိန်မှာ တေ....

ရက်ရှ်ဖို့ဒ်နဲ့ မာစီရယ်တို့နဲ့ ပတ်သက်ပြီး စိတ်ပူမိတဲ့အရာတစ်ခုကို ပြောပြလာတဲ့ ဂရေမီ ဆောင်းနက်စ်
01/01/2023

ရက်ရှ်ဖို့ဒ်နဲ့ မာစီရယ်တို့နဲ့ ပတ်သက်ပြီး စိတ်ပူမိတဲ့အရာတစ်ခုကို ပြောပြလာတဲ့ ဂရေမီ ဆောင်းနက်စ်

နည်းပြ အဲရစ် တန်ဟန့်အနေနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးနှစ်ဦးဖြစ်ကြတဲ့ မားကပ် ရက်ရှ်ဖို့ဒ်နဲ့ အန်တို...

မန်ယူနိုက်တက်ကြယ်ပွင့်ရဲ့ အိုးထရက်ဖို့ဒ်က ကစားသမားဘဝကို မေးခွန်းထုတ်ခဲ့တဲ့ ဖာဒီနန်နဲ့ စခိုး
01/01/2023

မန်ယူနိုက်တက်ကြယ်ပွင့်ရဲ့ အိုးထရက်ဖို့ဒ်က ကစားသမားဘဝကို မေးခွန်းထုတ်ခဲ့တဲ့ ဖာဒီနန်နဲ့ စခိုး

မာစီယယ်လ်ကို ခေါ်ယူခဲ့တဲ့အချိန်မှာ ပရိသတ်တွေဟာ ပြင်သစ်တိုက်စစ်မှူးဆီကနေ ကြီးမားတဲ့ မျှော်မှန်းချက်တွေ ထာ...

ဝုဗ်နဲ့ပွဲမှာ အရန်ခုံ ထိုင်ခဲ့ရတဲ့ မက်ဂွိုင်းယားကို အသင်းပြောင်းဖို့ ဖာဒီနန် တိုက်တွန်း
01/01/2023

ဝုဗ်နဲ့ပွဲမှာ အရန်ခုံ ထိုင်ခဲ့ရတဲ့ မက်ဂွိုင်းယားကို အသင်းပြောင်းဖို့ ဖာဒီနန် တိုက်တွန်း

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစ....

မန်ယူနိုက်တက်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် အခွင့်အရေး ရှိနေသေးတယ်လို့ ဆိုလိုက်တဲ့ အဘွန်လာဟော
29/12/2022

မန်ယူနိုက်တက်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် အခွင့်အရေး ရှိနေသေးတယ်လို့ ဆိုလိုက်တဲ့ အဘွန်လာဟော

ဂါဘရီရယ်အဘွန်လာဟောက မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိန.....

အသင်းရဲ့ ကစားသမားတွေကို နည်းပြ တန်ဟတ် အမြဲပြောတတ်တဲ့ စကားကို ဖွင့်ဟလိုက်တဲ့ တော်မီနေး
28/12/2022

အသင်းရဲ့ ကစားသမားတွေကို နည်းပြ တန်ဟတ် အမြဲပြောတတ်တဲ့ စကားကို ဖွင့်ဟလိုက်တဲ့ တော်မီနေး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ စကော့ မက် တော်မီနေး က နည်းပြ အဲရစ် တန်ဟတ် ဟာ အသင်းအဖွဲ့ ၊ အစုအဖွဲ့ တ...

ဂတ်ပိုကို မရခဲ့တာကြောင့် ကစားသမားဟောင်းတစ်ဦးကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်
28/12/2022

ဂတ်ပိုကို မရခဲ့တာကြောင့် ကစားသမားဟောင်းတစ်ဦးကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဂတ်ပိုကို ခါးသီး.....

ကတ်စ်မဲရိုးက ယူနိုက်တက်ရဲ့ အသည်းနှလုံးပဲလို့ တင်စားကာ ချီးကျူးလိုက်တဲ့ ကစားသမားဟောင်းအီဗရာ
28/12/2022

ကတ်စ်မဲရိုးက ယူနိုက်တက်ရဲ့ အသည်းနှလုံးပဲလို့ တင်စားကာ ချီးကျူးလိုက်တဲ့ ကစားသမားဟောင်းအီဗရာ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ယခုအချိန်မှာ ဘောလုံးရေ...

နော်တင်ဟမ်ကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ ဂတ်ပို နဲ့ပတ်သတ်ပြီး ဖြေရှင်းလာတဲ့ ယူနိုက်တက်နည်းပြတန်ဟတ်
28/12/2022

နော်တင်ဟမ်ကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ ဂတ်ပို နဲ့ပတ်သတ်ပြီး ဖြေရှင်းလာတဲ့ ယူနိုက်တက်နည်းပြတန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ နော်တင်ဟမ် ဖောရက်စ် အသင်းကို ဧည်....

ရက်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုးတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အိမ်ကွင်းမှာဖောရက်စ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူနိုက်တက်
28/12/2022

ရက်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုးတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အိမ်ကွင်းမှာဖောရက်စ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူနိုက်တက်

ပွဲစလာကတည်းက အိမ်ရှင်ယူနိုက်တက်ကပဲ ပိုမိုဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို .....

ဂတ်ဘိုကို လက်လွတ်ရပြီးနောက် ဂျာအိုဖီလစ်ရဲ့အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး ဆက်တိုက်ဆွေးနွေးမှုတွေပြုလုပ်လာတဲ့ ယူနိုက်တက်
27/12/2022

ဂတ်ဘိုကို လက်လွတ်ရပြီးနောက် ဂျာအိုဖီလစ်ရဲ့အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး ဆက်တိုက်ဆွေးနွေးမှုတွေပြုလုပ်လာတဲ့ ယူနိုက်တက်

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်း အပြောင်း...

ဂတ်ဘိုကို မရလဲ ယူနိုက်တက်မှာ တရာသီကို လိဂ်ဂိုး ၂၀ အထိ သွင်းယူပေးနိုင်တဲ့တိုက်စစ်မှူး ရှိနေပြီလို့ ကြွေးကြော်လိုက်တဲ့တန်ဟ...
27/12/2022

ဂတ်ဘိုကို မရလဲ ယူနိုက်တက်မှာ တရာသီကို လိဂ်ဂိုး ၂၀ အထိ သွင်းယူပေးနိုင်တဲ့တိုက်စစ်မှူး ရှိနေပြီလို့ ကြွေးကြော်လိုက်တဲ့တန်ဟက်ဂျ်

တိုက်စစ်မှူးတဦး ထပ်မံဝယ်ယူမယ်လို့လည်း အတည်ပြုထားပါတယ်။လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းအတွက် တိ.....

ခါးသီးပြိုင်ဘက် လီဗာပူးထံ လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် အသင်းတာဝန်ရှိသူတွေကို သတိပေးလိုက်တဲ့ ယူနိုက်တက်နည်းပြ တန်ဟတ်
27/12/2022

ခါးသီးပြိုင်ဘက် လီဗာပူးထံ လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် အသင်းတာဝန်ရှိသူတွေကို သတိပေးလိုက်တဲ့ ယူနိုက်တက်နည်းပြ တန်ဟတ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ လိုချင်ခဲ့တဲ့ နယ်သာလ...

ဂတ်ဘိုကို လက်လွတ်ဆုံးရှုံးရပြီးနောက် စပိန်တိုက်စစ်မှူးဘက် မြားဦးလှည့်လာတဲ့ ယူနိုက်တက်
27/12/2022

ဂတ်ဘိုကို လက်လွတ်ဆုံးရှုံးရပြီးနောက် စပိန်တိုက်စစ်မှူးဘက် မြားဦးလှည့်လာတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ နွေရာသီစျေးကွက်ထဲက ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗွီတိုက်စစ်မှူးဂတ်ဘိုကို လီဗာပူအသင်းထံ လက်လ....

ယူနိုက်တက်ပစ်မှတ်ကစားသမား ဂတ်ဘိုကို အရခေါ်ယူသွားပြီဖြစ်တဲ့ လီဗာပူး
27/12/2022

ယူနိုက်တက်ပစ်မှတ်ကစားသမား ဂတ်ဘိုကို အရခေါ်ယူသွားပြီဖြစ်တဲ့ လီဗာပူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ နယ်သာလန် တိုက်စစ်ကစားသမားလေး ကိုဒီဂက်ပိုဟာ ယူနိုက်တက်အသင....

ရာသီလက်ကျန် ပွဲစဥ်တွေအတွက် အသင်းဖော်တွေကို စိန်ခေါ်မှု တစ်ခုပြုလုပ်လိုက်တဲ့ ဆရာကြီးမာရှယ်
26/12/2022

ရာသီလက်ကျန် ပွဲစဥ်တွေအတွက် အသင်းဖော်တွေကို စိန်ခေါ်မှု တစ်ခုပြုလုပ်လိုက်တဲ့ ဆရာကြီးမာရှယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှ ထွက်ခွာသွား...

ကမ္ဘာ့ဖလားဆုရှင်ရဲ့ပြောင်းရွေ့ကြေးအတွက် ယူနိုက်တက်တစ်သင်းတည်းသာ ပေးချေနိုင်တဲ့ တန်ကြေးမျိုးသတ်မှတ်လိုက်တဲ့ ဘင်ဖီကာအသင်း
26/12/2022

ကမ္ဘာ့ဖလားဆုရှင်ရဲ့ပြောင်းရွေ့ကြေးအတွက် ယူနိုက်တက်တစ်သင်းတည်းသာ ပေးချေနိုင်တဲ့ တန်ကြေးမျိုးသတ်မှတ်လိုက်တဲ့ ဘင်ဖီကာအသင်း

မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းကိုများစွာပြုပြင်ပြောင်းလဲမှု‌များပြုလုပ်သွား....

နည်းပြစိတ်ကြိုက်ပစ်မှတ်ကစားသမားကို ၂၀၂၈ခုနှစ်ထိ စာချုပ်ချုပ်ဆိုနိုင်တော့မယ့် ယူနိုက်တက်
26/12/2022

နည်းပြစိတ်ကြိုက်ပစ်မှတ်ကစားသမားကို ၂၀၂၈ခုနှစ်ထိ စာချုပ်ချုပ်ဆိုနိုင်တော့မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်း ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ယခုအတည်းက ကြိုးပမ...

အသက်၁၉နှစ်အရွယ် ပြင်သစ်နောက်ခံလူကိုခေါ်ယူဖို့ စတင်ပြင်ဆင်လာပြီဖြစ်တဲ့ ယူနိုက်တက်
26/12/2022

အသက်၁၉နှစ်အရွယ် ပြင်သစ်နောက်ခံလူကိုခေါ်ယူဖို့ စတင်ပြင်ဆင်လာပြီဖြစ်တဲ့ ယူနိုက်တက်

အဲရစ်တန်ဟက်သည် လာမည့်လတွင် ယူနိုက်တက် အား ထိပ်ဆုံးလေးသင်းအဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ၎င်း၏အသင်းအား အ.....

ပိုင်ရှင်သစ်အပြောင်းအလဲနှင့်အတူ ထူးခြားမှုတွေရှိလာတဲ့ ယူနိုက်တက်နဲ့ အမ်ဘာပေတို့ရဲ့အပြောင်းအရွှေ့
26/12/2022

ပိုင်ရှင်သစ်အပြောင်းအလဲနှင့်အတူ ထူးခြားမှုတွေရှိလာတဲ့ ယူနိုက်တက်နဲ့ အမ်ဘာပေတို့ရဲ့အပြောင်းအရွှေ့

အမေရိကန်မိသားစု ဂလေဇာတို့ နှစ်အတော်ကြာပိုင်ဆိုင်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းသည် နောက်နှစ်ဘောလုံ.....

ဂတ်ဘိုကိုခေါ်ယူနိုင်ဖို့ သေချာသလောက်ရှိပြီးနောက် နောက်ထပ် နာမည်ကျော်တိုက်စစ်မှူးတစ်ဦးကို အငှါးခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူ...
25/12/2022

ဂတ်ဘိုကိုခေါ်ယူနိုင်ဖို့ သေချာသလောက်ရှိပြီးနောက် နောက်ထပ် နာမည်ကျော်တိုက်စစ်မှူးတစ်ဦးကို အငှါးခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်က သူတို့အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ကူညာကို...

ထာဝရ အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ဆာအဲလက်စ် ဖာဂူဆန်
25/12/2022

ထာဝရ အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ဆာအဲလက်စ် ဖာဂူဆန်

ထာဝရ အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ဆာအဲလက်စ် ဖာဂူဆန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ...

ဂတ်ဘိုရဲ့အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို သတင်းကောင်းပေးလိုက်တဲ့ ယူနိုက်တက်နည်းပြတန်ဟတ်
25/12/2022

ဂတ်ဘိုရဲ့အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို သတင်းကောင်းပေးလိုက်တဲ့ ယူနိုက်တက်နည်းပြတန်ဟတ်

ပြီးခဲ့တဲ့ရက်ပိုင်းကလောက်ပဲ ယူနိုက်တက်အသင်းဟာ ဂတ်ဘိုအတွက် ဆွေးနွေးမှုတွေ တရားဝင်စတင်ပြုလုပ်နေတာဖြစ်ပါတ.....

ပီအက်စ်ဂျီအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ ဖရက်ဒ်ရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့ တန်ဟတ်
25/12/2022

ပီအက်စ်ဂျီအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ ဖရက်ဒ်ရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့ တန်ဟတ်

ယူနိုက်တက်ပရိသတ်တွေအတွက် ခရစ္စမတ်က စောစီးစွာရောက်လာတာဖြစ်ပြီး ကလပ်ဟာ ဒီတစ်ပတ်တွင် အသင်းရဲ့ စီနီယာကစားသမာ...

ရော်နယ်ဒို မရှိတော့တဲ့ ယူနိုက်တက် အသင်းကို စိန်ခေါ်မှုတစ်ခု ၊ သတိပေးမှု တစ်ခု ပြုလုပ်လိုက်တဲ့ အီဗရာ
25/12/2022

ရော်နယ်ဒို မရှိတော့တဲ့ ယူနိုက်တက် အသင်းကို စိန်ခေါ်မှုတစ်ခု ၊ သတိပေးမှု တစ်ခု ပြုလုပ်လိုက်တဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ပတ်ထရစ် အီဗရာက ဒီတစ်ပါတ် နော်တင်ဟမ် ဖောရက်စ် .....

ပေါ့ဘာကြောင့် ယူနိုက်တက်အသင်းဆီ မပြောင်းဖြစ်ခဲ့တာဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်တဲ့ စီးရီးအေတိုက်စစ်မှုး အနာတိုဗစ်
25/12/2022

ပေါ့ဘာကြောင့် ယူနိုက်တက်အသင်းဆီ မပြောင်းဖြစ်ခဲ့တာဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်တဲ့ စီးရီးအေတိုက်စစ်မှုး အနာတိုဗစ်

စီးရီးအေကလပ် ဘိုလော့ညာ အသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ မာကိုအနာတိုဗစ်က သူဟာ နည်းပြ ဂျိုဆေးမော်ရင်ညိုရဲ့ ချည်း...

ဘာစီလိုနာမှာရုန်းကန်နေရတဲ့ သူငယ်ချင်းဟောင်းကို ယူနိုက်တက်မှာ တွဲကစားချင်ကြောင်းဝန်ခံလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်
25/12/2022

ဘာစီလိုနာမှာရုန်းကန်နေရတဲ့ သူငယ်ချင်းဟောင်းကို ယူနိုက်တက်မှာ တွဲကစားချင်ကြောင်းဝန်ခံလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုကတော့ ယူနိုက်တက်အသင်းမှာ တချိန်က အသင်းဖော်ဟောင်းတစ်ယောက်နဲ့ ပြန်တွဲဖက် ကစားလိုကြောင်း ဖွင့်ဟခဲ့တာပ...

ဒီဂီယာကို တစ်ကျော့ပြန် ခေါ်ယူဖို့ စဉ်းစားနေတဲ့ အက်သလက်တီကိုမက်ဒရစ်
24/12/2022

ဒီဂီယာကို တစ်ကျော့ပြန် ခေါ်ယူဖို့ စဉ်းစားနေတဲ့ အက်သလက်တီကိုမက်ဒရစ်

အက်သလက်တီကိုအသင်းဟာ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာကို တစ်ကျော့ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ.....

နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ ယူနိုက်တဒ် ရင်ဆိုင်ရမယ့် အကြီးဆုံးပြသနာကို ထောက်ပြခဲ့တဲ့ နဗီးလ်
24/12/2022

နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ ယူနိုက်တဒ် ရင်ဆိုင်ရမယ့် အကြီးဆုံးပြသနာကို ထောက်ပြခဲ့တဲ့ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် ကတော့ နည်းပြ အဲရစ် တန်ဟတ် အ.....

ကလပ်စံချိန်တင်ပြောင်းရွေ့ကြေးကိုအသုံးပြုပြီး အာဂျင်တီနားလူငယ်ကြယ်ပွင့်ကို အရခေါ်ယူသွားတော့မယ့် ယူနိုက်တက်
24/12/2022

ကလပ်စံချိန်တင်ပြောင်းရွေ့ကြေးကိုအသုံးပြုပြီး အာဂျင်တီနားလူငယ်ကြယ်ပွင့်ကို အရခေါ်ယူသွားတော့မယ့် ယူနိုက်တက်

ယူနိုက်တက်သည် အာဂျင်တီနာကြယ်ပွင့် လူငယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်အားခေါ်ယူရန် လီဗာပူးအသင်းထပ်ပိုမိုအခြေ.....

ကမ္ဘာ့ဖလားဆုရှင် နောက်ခံလူ မာတီနက်စ်ကို သတိပေးစကားဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ တန်ဟတ်
24/12/2022

ကမ္ဘာ့ဖလားဆုရှင် နောက်ခံလူ မာတီနက်စ်ကို သတိပေးစကားဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ တန်ဟတ်

ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်၁၄အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်း .....

တိုက်စစ်မှူးဂတ်ဘိုအတွက် ပီအက်စ်ဗွီအသင်းနဲ့ တရားဝင်ဆွေးနွေးမှုစတင်လိုက်ပြီဖြစ်တဲ့ ယူနိုက်တက်
24/12/2022

တိုက်စစ်မှူးဂတ်ဘိုအတွက် ပီအက်စ်ဗွီအသင်းနဲ့ တရားဝင်ဆွေးနွေးမှုစတင်လိုက်ပြီဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွေ့စျေးကွက်မှာ ကျိန်သေးပေါက် တိုက်စစ်မှူးတစ်ဦးခေါ်ယူသွားတော့မှာပါ။...

ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်တဲ့ ယူနိုက်တက်ပစ်မှတ် ဒေါ့မွန်ကြယ်ပွင့်ကစားသမား
23/12/2022

ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်တဲ့ ယူနိုက်တက်ပစ်မှတ် ဒေါ့မွန်ကြယ်ပွင့်ကစားသမား

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ မူခိုခိုနဲ့ သူ့ရဲ့ အေးဂျင့်တ...

Address


Telephone

+959953474885

Website

Alerts

Be the first to know and let us send you an email when Manchester Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share