Food Channel Media

  • Home
  • Food Channel Media

Food Channel Media ကမ္ဘာတစ်လွှားမှာရှိတဲ့ အစားအသောက်အကြောင်းမျှဝေမယ်...အစားအသောက် Review လေးတွေကို ပြောပြမယ်...

စပိန်နိုင်ငံရဲ့အရသာအရှိဆုံးဟင်းလျာများFood >>>စပိန်နိုင်ငံရဲ့အစားအစာတွေဟာ ကမ္ဘာ့အရသာအရှိဆုံးအစားအစာ စာရင်းရဲ့ နံပါတ်လေးန...
19/04/2022

စပိန်နိုင်ငံရဲ့အရသာအရှိဆုံးဟင်းလျာများ

Food >>>

စပိန်နိုင်ငံရဲ့အစားအစာတွေဟာ ကမ္ဘာ့အရသာအရှိဆုံးအစားအစာ စာရင်းရဲ့ နံပါတ်လေးနေရာမှာ ရပ်တည်နေပါတယ်။ အစားအသောက်ဝါသနာပါသူတွေအတွက်တော့ အရသာရှိလှတဲ့အစားအစာတွေကို မြည်းစမ်းနိုင်ဖို့အတွက် ဒီအကြောင်းအရာဟာ အမှန်တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒါကြောင့် စပိန်နိုင်ငံရဲ့ အရသာအရှိဆုံး ဟင်းလျာတွေက ဘာတွေများဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

Gazpacho

Gazpacho ကတော့ ခရမ်းချဉ်သီး၊ သံလွင်သီး၊ ချင်း၊ ငရုတ်ကောင်း နဲ့ သခွားသီးစတာတွေပါဝင်တဲ့ အနီရောင်ဟင်းရည်ဖြစ်ပြီး ပေါင်မုန့်နဲ့ တွဲဖက်စားသုံးရတာဖြစ်ပါတယ်။ စပိန်ဟင်းလျာတွေထဲမှာ အရသာရှိလှတဲ့ ဟင်းလျာဖြစ်ပြီး စပိန်နိုင်ငံတောင်ဘက်မှာရှိတဲ့ Andalucía မှာ တင်တွင်ကျယ်ကျယ်စားသုံးလေ့ရှိပြီး နွေရာသီအတွက် သင့်တော်တဲ့ဟင်းလျာတစ်ခုလည်းဖြစ်ပါတယ်။ အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ် ကြိတ်ထားတာဖြစ်တဲ့အတွက် ဝမ်းအေးစေပြီး လူကိုလန်းဆန်းစေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။

Paella

ထမင်းကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ စပိန်နိုင်ငံရဲ့အရသာရှိလှတဲ့ Paella နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Paella မှာတော့ အသား၊ အသီးအရွက်နဲ့ ပဲစတာတွေပါဝင်ပါတယ်။ Paella မှာပါဝင်တဲ့ဆန်ဟာဆိုရင် အနံ့၊ အရသာကို စုပ်ယူလွယ်တဲ့ ဆန်ကို အသုံးပြုချက်ပြုတ်ထားတာဖြစ်တဲ့အတွက် ဟင်းခတ်အမွှေးအကြိုင်ရဲ့အနံ့နဲ့ အသားရဲ့အရသာဟာ ထမင်းထဲမှာ စိမ့်ဝင်နေတာကို ခံစားရမှာပါ။ ပါဝင်ပစ္စည်းတွေကတော့ သုံးဆောင်သူရဲ့ အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်စားသုံးနိုင်ပါတယ်။ နေ့လယ်စာကို စပိန်ဟင်းလျာထဲက ရွေးချယ်တော့မယ်ဆိုရင်တော့ Paella ဟာရွေးချယ်သင့်တဲ့အထဲမှာပါဝင်လှပါတယ်။

Gambas al ajillo

စပိန်နိုင်ငံရဲ့ဘားတွေမှာအမြဲတွေ့ရလေ့ရှိတဲ့ ဟင်းလျာတစ်ခုကတော့ Gambas al ajillo ပဲဖြစ်ပါတယ်။ ဒီဟင်းလျာကရိုးရှင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်ပေမဲ့ ပြင်သစ်နိုင်ငံရဲ့နာမည်ကြီး စားသောက်ဖွယ်ရာတစ်ခုဖြစ်ပါတယ်။ ဒီဟင်းလျာကို ကြိုက်နှစ်သက်လို့ မိမိအိမ်မှာ ကိုယ်တိုင်စီမံချက်ပြုတ်ချင်တဲ့သူတွေအတွက် ငရုတ်သီးစိမ်းနဲ့ ချင်းကို သံလွင်ဆီထဲမှာ ကြော်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့နယ်ထားတဲ့ပုစွန်ထည့်ကာ စီမံနိုင်ပါတယ်။

Tortilla Española

Tortilla Española ဟာ Spanish Omelette ဖြစ်ပြီး လူကြိုက်များတဲ့ စပိန်ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ အရင်ဦးဆုံး အာလူးနဲ့ ကြက်သွန်ကို သံလွင်ဆီနဲ့ မီးငွေ့ငွေ့မှာ နူးအောင်ကျော်ပါတယ်။ ပြီးမှ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောနယ်ပြီး ကြက်ဥနဲ့ အရသာရှိအောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Omelette ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ကတော့ စပိန်နိုင်ငံရဲ့ Tortilla Española ကို အကြိုက်တွေ့မှာ အသေအချာပါပဲ။

Croquette

Croquette ကတော့ အစာသွတ်ပေါင်မုန့်ကြော်ပုံစံဖြစ်ပြီး စပိန်နိုင်ငံရဲ့ အရသာရှိလှတဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ပေါင်မုန့်အပြင်သားကို ကြွပ်နေအောင်ကြော်ထားပြီး အတွင်းမှာတော့ အသား၊ ငါး၊ အာလူး၊ အသီးအရွက် နဲ့ ချိစ်တို့ပါဝင်ပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ စပိန်နိုင်ငံမှာရှိတဲ့ အရသာရှိလှတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စပိန်နိုင်ငံရောက်ရှိတဲ့အခါ အထက်ပါအစားအစာလေးတွေကို သွားရောက်မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့နော်။


15/04/2022

အိမ်မှာ လုပ်စားလိုက်တော့နော်.....လွယ်လွယ်ကူကူနဲ့ အရသာရှိတဲ့ Recipeလေး

Inverted Cherry Tomato Tart (San Francisco)အမေရိကန်ပြည်ထောင်စု San Francisco မြို့ရဲ့ Coi အမည်ရှိ စားသောက်ဆိုင်ကလေးမှာ သ...
11/04/2022

Inverted Cherry Tomato Tart (San Francisco)

အမေရိကန်ပြည်ထောင်စု San Francisco မြို့ရဲ့ Coi အမည်ရှိ စားသောက်ဆိုင်ကလေးမှာ သုံးဆောင်နိုင်မယ့် Inverted Cherry Tomato Tart ဆိုတဲ့ dish လေးကိုတော့ Daniel Patterson ဆိုတဲ့ နာမည်ကျော် chef တစ်ဦးက ပြင်ဆင်ပေးထားတာပါ။ သူ့ရဲ့ သူမတူတဲ့တီထွင်မှုကတော့ Tart မုန့်ကို အထက်အောက်လှန်ထားတဲ့ဒီဇိုင်းနဲ့ အမြင်တစ်မျိုးဖြစ်အောင် ဆန်းသစ်ထားတာဖြစ်ပါတယ်။ အခွံခွာထားတဲ့ Cherry tomato လေးတွေကို Pesto ဆော့စ် ဆမ်းထားပြီး ခရမ်းချဉ်သီးအနှစ်လေးနဲ့ အလှထပ်ဆင်ထားတာကြောင့် အမြင်ပိုင်းမှာလှပလွန်းသလို Olive tart shell ကြွပ်ရွရွလေးက တစ်ခါစားတိုင်း ကောင်းမွန်တဲ့အရသာခံစားမှုတွေကို ရရှိစေမှာပါ။

07/04/2022

ဘိုင်ပြတ်တဲ့ လကုန်ရက်တွေမှာလည်း စတိုင်ကျကျစားနိုင်ဖို့ Video လေးကို ကြည့်လိုက်တော့နော်😜
ဈေးနှုန်းသက်သက်သာသာနဲ့ အရသာရှိတာလေးတွေချက်စားဖို့ Like and Follow လုပ်ထားဖို့လိုပါမယ်နော်............

05/04/2022

Oppa တွေကို Korea သုပ်လေးသုပ်ကျွေးချင်တယ်ဆိုရင်တော့ အခုထဲက ကြည့်ထားလိုက်တော့နော်.....

Sandwich မကျ Buger မကျ နည်းနည်း စားရတာ ကသိကအောင့် နိုင်တဲ့ အစားအစာတစ်ခုကတော့ Moussaka ပဲဖြစ်ပါတယ်။ ကျွန်မတို့က ဒီအစားအစာ...
03/04/2022

Sandwich မကျ Buger မကျ နည်းနည်း စားရတာ ကသိကအောင့် နိုင်တဲ့ အစားအစာတစ်ခုကတော့ Moussaka ပဲဖြစ်ပါတယ်။

ကျွန်မတို့က ဒီအစားအစာကို အဲ့လိုထင်နေပေမယ့်လည်း တကယ်တော့ ဥရောပရောက်ရင် စားသင့်တဲ့အထဲမှာ ပါဝင်ပါတယ်။

Moussaka ကတော့ အာလူး၊ ခရမ်းသီး၊ စင်းထားတဲ့အသားစတာတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး တစ်ခုခြင်းစီကို အလွှာလိုက်ပုံစံမျိုးပြုလုပ်ထားတာပါ။

အပေါ်ဆုံးအလွှာမှာတော့ ခရမ်ချဉ်သီး တစ်ခါတရံမှာတော့ ချိစ်ပါဝင်ကာ baked လုပ်ထားတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။

ကဲ ဒီဟာကို စာဖတ်ပရိသတ်တွေအနေနဲ့ စားခွင့်ရမယ်ဆိုရင်ရော သဘောကျမယ်လို့ ထင်ပါသလားရှင်..........




02/04/2022

Foodie လေးတို့ရေ...

ဥရောပကို သဘောကြလား...

မင်မင်ကတော့ အရမ်းကို သဘောကြပါသတဲ့နော်....

ဒီနေ့ပြောပြမယ့် ဥရောပရောက်ရင်စားသင့်တဲ့အစားအစာကတော့ Arancini ပဲဖြစ်ပါတယ်။

ဒီအစားအစာကတော့ Pasta နဲ့ Pizza လောက် အီတလီမှာ မကျော်ကြားပေမဲ့လည်း အရသာကတော့ အတော်လေးကောင်းတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

ဆန်လုံးလေးရဲ့အတွင်းကို အသား၊ ခရမ်းချဉ်သီး၊ ဒိန်ခဲ၊ မှို၊ pistachios (အခွံမာအသီး) စတာတွေသိပ်ထည့်ထားတာဖြစ်ပါတယ်။

အပြင်ကနေ ပေါင်မုန့်ကြွပ်ကြော်ကပ်ထားပြီး ကြွပ်ကြွပ်ကြော်ထားတဲ့ Arancini ဟာ ဥရောပရောက်ရင်တော့ မြည်းစမ်းသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။



များသောအားဖြင့် ကျွန်မတို့ အာရှသားတွေဟာ ဥရောပ အစားအစာတွေကို ပါးစပ်တွေ့လေ့မရှိပါဘူး....ဒါပေမယ့်လည်း ဥရောပရဲ့ တချို့ တချို...
01/04/2022

များသောအားဖြင့် ကျွန်မတို့ အာရှသားတွေဟာ ဥရောပ အစားအစာတွေကို ပါးစပ်တွေ့လေ့မရှိပါဘူး....

ဒါပေမယ့်လည်း ဥရောပရဲ့ တချို့ တချို့သော အစားအစာတွေကိုတော့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Pierogi ကတော့ အရှေ့ဥရောပနိုင်ငံတွေရဲ့ နာမည်ကျော်အစားအစာတစ်ခုဖြစ်ပါတယ်။

ဂျုံနဲ့ပြုလုပ်ထားတဲ့ ဖက်ထုပ်ဖြစ်ပြီး အာလူး၊ ကြိတ်ထားတဲ့အသား၊ ဂေါ်ဖီထုပ်ချဉ်၊ ချိစ်နဲ့ အသီးတို့ပါဝင်ပါတယ်။

ပြည့်စုံတဲ့ဟင်းလျာဖြစ်ပေါ်ဖို့ကိုတော့ ထောပတ်၊ အချဉ်ရည် နဲ့ ကြက်သွန်ကြော် စတာတွေကို ဟင်းရဲ့အပေါ်မှာ ဖြူးပြီးတည်ခင်းလေ့ရှိပါတယ်။

ဖက်ထုပ်ဆိုတာကတော့ အာရှသားတွေနဲ့ မစိမ်းတဲ့အစားအစာဖြစ်တဲ့အတွက် ကြိုက်နှစ်သက်မယ်လို့ ထင်မိပါတယ်။

တကယ်လို့သင်သာဥရောပနိုင်ငံတွေကိုရောက်ခဲ့မယ်ဆိုရင်တော့ Pierogi ကို မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့နော်။




01/04/2022

အရသာရှိတဲ့ ထမင်းကြော်လေးကြော်စားလိုက်ရအောင်............

4 tablespoons virgin coconut oil
1 large red onion, thinly sliced (about 4 cups)
1 cup whole cashews
1 cup dried red raisins (must be red for flavor and color)
1 cup dry white basmati rice, cooked according to package directions (3 cups cooked) 1 tablespoons ghee
2 cup frozen pea & carrot blend
2 cloves
1 small cinnamon stick
Salt to taste
1 cup chopped cilantro stems
Cilantro leaves, to garnish

အရသာရှိတဲ့ Köttbullar အကြောင်းKöttbullar ကတော့ အမဲအသားလုံးဖြစ်ပြီး ဟင်းအနှစ်နဲ့ တွဲဖက်စားသုံးရတာဖြစ်ပါတယ်။ ဒီဟင်းပွဲကတော...
31/03/2022

အရသာရှိတဲ့ Köttbullar အကြောင်း

Köttbullar ကတော့ အမဲအသားလုံးဖြစ်ပြီး ဟင်းအနှစ်နဲ့ တွဲဖက်စားသုံးရတာဖြစ်ပါတယ်။

ဒီဟင်းပွဲကတော့ အမဲအသားလုံးချည်းစားသုံးရတာ မဟုတ်ပဲ အာလူးထောင်းနဲ့ Lingonberry Jam တို့နဲ့တည်ခင်းပေးလေ့ရှိပြီး တစ်ခါတရံ သခွားသီးသနပ်ပါ ပါဝင်လေ့ရှိပါတယ်။

အမဲအသားလုံးရဲ့အရသာက ကောင်းမွန်ပြီး နူးညံ့လွန်းတာကြောင့် မြည်းစမ်းကြည့်သင့်တဲ့ အစားအစာတွေထဲမှာပါဝင်ပါတယ်။

ဒီဟင်းပွဲလေးကတော့ ဥရောပမှာ လူစားများတဲ့ အစားအစာလေးတစ်ခုပဲဖြစ်ပါတယ်............




30/03/2022
30/03/2022
ချစ်သက်လက်ဆောင်အဖြစ်ပေးတတ်တဲ့ ချောကလက်လေးတွေရဲ့အကြောင်းHealth & Wellness >>>ကိုယ်ချစ်တဲ့သူကို ဘယ်သူမဆို အကောင်းဆုံးတွေချ...
30/03/2022

ချစ်သက်လက်ဆောင်အဖြစ်ပေးတတ်တဲ့ ချောကလက်လေးတွေရဲ့အကြောင်း

Health & Wellness >>>

ကိုယ်ချစ်တဲ့သူကို ဘယ်သူမဆို အကောင်းဆုံးတွေချည်း ပေးချင်ကြတာပါ။ သင်ဟာ အမှတ်တရနေ့လေးတွေမှာ ချစ်သူအတွက် ချောကလက်လက်ဆောင်တွေ အမြဲပေးတတ်တဲ့သူဆို ဒီ အကြောင်းလေးတွေကို သိထားသင့်ပါတယ်နော်။

ချောကလက်မှာ White Chocolate ၊ Black Chocolate နဲ့ Milk Chocolate ဆိုပြီး သုံးမျိုး ရှိပါတယ်။

White Chocolate က ကျန်တဲ့ နှစ်မျိုးထက် အချို ပိုကဲပါတယ်။ ကိုကိုးသီးပါဝင်မှုနှုန်းများတဲ့ Black Chocolate ကတော့ အရသာအနည်းငယ်ခါးသက်ပေမယ့် သင့်ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။

• ကိုကိုးပါဝင်မှုနှုန်းများတဲ့ ချောကလက်တွေမှာ Fiber ၊ Iron ၊ Magnesium ၊ Copper ၊ Manganese နဲ့ Minerals တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အဆီနဲ့ အချိုပါဝင်မှုနှုန်းများတဲ့ ချောကလက်တွေကိုတော့ ရှောင်ပေးရပါမယ်။

• ချောကလက်မှာ Antioxidants ပါဝင်မှုနှုန်းများတဲ့အတွက် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်နဲ့ အထက် စားသုံးမယ်ဆိုရင် နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရုတ်တရက် သေဆုံးမှုနှုန်းကို လျော့ကျစေပါတယ်။ ကင်ဆာရောဂါ ဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။

• ချောကလက်စားခြင်းက သွေးလည်ပတ်မှုကိုကောင်းစေပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေပါတယ်။

• ချောကလက်က နေရောင်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုကို ထိန်းသိမ်းပေးပါတယ်။ အရေပြားကို သွေးလည်ပတ်မှု ကောင်းစေတဲ့အတွက် ဆဲလ်အသစ်တွေကိုဖြစ်ပေါ်စေပြီး အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။

• ချောကလက်စားခြင်းက ဦးနှောက်မှာရှိတဲ့ သွေးလည်ပတ်မှုကိုကောင်းစေတဲ့အတွက် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေပါတယ်။

• သိပ္ပံစမ်းသပ်ချက်တွေအရ ချောကလက်စားခြင်းဟာ လူတွေရဲ့စိတ်ကိုပျော်ရွှင်စေပြီး တစ်နေ့တာလုပ်ဆောင်ချက်တွေကို ပိုပြီး တက်ကြွစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုသလို ချောကလက်မှာ ကယ်လိုရီပါဝင်မှုနှုန်းများတာကြောင့် အများကြီးမစားဖို့တော့ တိုက်တွန်းချင်ပါတယ်။

ချောကလက်တွေကို ချစ်သက်လက်ဆောင်အဖြစ်ပေးတတ်တဲ့ ကိုကိုတို့အနေနဲ့ တခြားချောကလက်တွေထက် Dark Chocolate က ကျန်းမာရေးနဲ့ ပိုညီညွတ်တာကြောင့် ကိုယ်ချစ်တဲ့သူတွေကို လက်ဆောင်အဖြစ်ပေးမယ်ဆိုရင် Dark Chocolate ကို ပေးသင့်တယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးလိုက်ရပါတယ်ရှင်။

အစားအသောက်ဆို အရမ်းကြိုက်ကြတဲ့ Foodie လေးတွေရေ ဒီတစ်ခါမှာတော့ ဥရောပ နိုင်ငံရဲ့ လူကြိုက်များတဲ့ အချိုပွဲလေးတစ်ခု အကြောင်း...
30/03/2022

အစားအသောက်ဆို အရမ်းကြိုက်ကြတဲ့ Foodie လေးတွေရေ ဒီတစ်ခါမှာတော့ ဥရောပ နိုင်ငံရဲ့ လူကြိုက်များတဲ့ အချိုပွဲလေးတစ်ခု အကြောင်းကို ပြောပြပေးချင်ပါတယ်နော်.......

Potica

ဥရောပနိုင်ငံရဲ့ အကောင်းဆုံးအချိုပွဲကိုပြပါဆိုရင် ဂျုံအလွှာလေးတွေနဲ့ပြုလုပ်ထားတဲ့ Potica ကိုပြရမှာပဲဖြစ်ပါတယ်။

ပါးလွှာတဲ့ဂျုံနဲ့ပြုလုပ်ထားပြီး မြေပဲ နဲ့ အစေ့အဆန်တွေနဲ့လိပ်ကာ မုန့်ဖုတ်ထားတာဖြစ်ပြီး အရသာကတော့ ပြောစရာမလိုလောက်အောင်ကို ကောင်းပါတယ်။

ပျားရည်ကဲ့သို့ချိုတဲ့အရသာရှိပြီး တစ်ကိုက်ဆိုတစ်ကိုက် အရသာရှိတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။



30/03/2022

ရှလွတ် ရှလွတ်ဖြစ်သွားစေမယ့်............အစားအစာများ

ဈေးလည်းသက်သက်သာသာနဲ့ လုပ်စားလို့ရလို့ Budget သမားတွေအတွက်လည်း
အရမ်းကိုက်ပါတယ်နော်........


Address


Telephone

+959976329580

Website

Alerts

Be the first to know and let us send you an email when Food Channel Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share