Mtertainment

Mtertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mtertainment, Video Creator, .

12/01/2023

‼️‼️ Breaking News
လှိုင်မြို့နယ် အုတ်ကျင်း မှတ်တိုင်အနီးရှိ ရေခဲစက်တခု အမိုးနီးယားအိုးပေါက်ကွဲဟုသိရှိရ ‼️‼️

04/11/2022

Zodiac live လေးပြန်စပါပြီ စောနကမင်မင်တ်ု့ဖုန်း battery downသွားလို့ပါ

04/11/2022

Live စပြီနော်။ Zodiac Signs အကြောင်း သိချင်တာရှိရင် လာမေးလို့ရပါပြီရှင့်။ 😽🫶🏻

ဒီနေ့ဟာ Wolverine မင်းသားလို့ လူသိများကြတဲ့ မင်းသားကြီး Hugh Jackman ရဲ့ (54)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ 🥳Happy birthday ...
12/10/2022

ဒီနေ့ဟာ Wolverine မင်းသားလို့ လူသိများကြတဲ့ မင်းသားကြီး Hugh Jackman ရဲ့ (54)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ 🥳

Happy birthday Hugh Jackman ! 🤍

• X - men franchise
• The greatest showman
• Real Steel
• Chappie
• Les Misérables
• Flashed away

စတဲ့ နာမည်ကြီးဇာတ်ကားတွေထဲမှာပါဝင် သရုပ်ဆောင်ထားပြီး နောက်ထွက်မယ့် Marvel ရဲ့ `Dead Pool 3´ ထဲမှာလည်းပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ထဲကမှ သင်တို့သဘောကျတဲ့ အကြိုက်ဆုံးဇာတ်လမ်းလေးတွေရှိရင် cmtမှာဝေမျှခဲ့ပါဦးနော်။👥

Hey guys....💙ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဘဝမှာ body shaming လုပ်ခံရတာကြောင့် စိတ်ဖိစီးရတာတွေ ရှိခဲ့ဖူးမှာ...
10/10/2022

Hey guys....💙
ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဘဝမှာ body shaming လုပ်ခံရတာကြောင့် စိတ်ဖိစီးရတာတွေ ရှိခဲ့ဖူးမှာ အမှန်ပါပဲ။ ကိုယ့်ဖြစ်တည်မှုကို သဘောကျတဲ့သူတောင်မှ ဘေးလူတွေစကားကြောင့် ပြောပါများလာလေလေ အနည်းနဲ့အများတော့ စိတ်ရှုပ်ကြရပါတယ်။
အမြဲပြောခံလာရတဲ့အခါ ``ငါက သူတို့ပြောသလိုပဲ တကယ်လိုအပ်ချက်တွေရှိနေတာလား ငါ့ရုပ်က အဲ့လောက်ထိတောင် ဆိုးရွားနေရတာလား´´ ဆိုပြီး ယုံကြည်မှု နည်းလာတတ်ပါတယ်။

ဒီနိုင်ငံမှာက အသိတစ်ယောက်ယောက်နဲ့စတွေ့တာနဲ့ body shaming က စလုပ်တော့တာပဲ။🙂
`ပိန်သွားတယ်နော် အရိုးဂေါက်ဂက်နဲ့ ကြည့်လို့မလှတော့ဘူး´
`ဟင် ဝလာလိုက်တာ မေးနှစ်ထပ်တောင် ဖြစ်တော့မယ် ဝိတ်လေးဘာလေးချပါဦး´
`ရုပ်ကလည်း မိတ်ကပ်မပါတော့ သေချာကြည့်ရင် မလှဘူးနော်´ blh blh သူတို့ဖက်က ဒီတိုင်းပြောလိုက်တာပေမဲ့ ပြောခံရတဲ့ သူအတွက် ဘယ်လောက်တောင် ခံစားရခက်လိုက်မလဲနော်😒။

ကိုယ့်ကိုအဲ့လိုတွေ လိုက်ပြောတာခံနေရပြီ၊ ကိုယ်ကိုယ်တိုင်ကလည်း ယုံကြည်မှုမရှိတော့ဘူးဆိုရင်👇🏻

• Toxic society ကနေရုန်းထွက်ပါ။🏃🏻‍♀️

ကိုယ့်ကို နေရာတကာ ဘာလုပ်လုပ်လိုက်ပြောနေတဲ့ သူတွေနဲ့ အတတ်နိုင်ဆုံးခွာခွာနေပါနော်။ မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် ယုတ်စွအဆုံး ကိုယ့်ချစ်သူဖြစ်နေရင်တောင် အဲ့လောက်ထိနေရာတကာ shaming လိုက်လုပ်နေရင် တန်ပြန်ပြောဖို့ ဝန်မလေးပါနဲ့။ လွှတ်ချသင့်တယ်ထင်ရင် လွှတ်ချခဲ့ပါ။

သူတို့​ဆီက အပြောဆိုခံရလို့ဆိုပြီးတော့ ငုံ့မခံပါနဲ့။ မျက်စိပိတ် နားပိတ်ခေတ် မဟုတ်တော့တဲ့အတွက် သူတစ်ခွန်းဆို ကိုယ်နှစ်ခွန်းလောက်ချက်ကျလက်ကျ ပြန်ချေချပစ်ခဲ့ပါ။ ဒါ့အပြင် ကိုယ်ကိုယ်တိုင်က ဒီလိုအပြောခံရတာ မကြိုက်ဘူးဆိုရင် တစ်ပါးသူကို မပြောမိအောင်လည်း ဆင်ခြင်ရမယ်နော်။

• ကိုယ့်ဖြစ်တည်မှုကို လက်ခံပါ။🧘🏻‍♀️

ကိုယ့်ရုပ်က ဘယ်လိုကြီးပဲဖြစ်နေဖြစ်နေ ကိုယ့်ကိုယ်ကိုယ်မှ မချစ်ရင် ဘယ်သူကမှလာချစ်မှာမဟုတ်ပါဘူး။ :3 ငါ့ကိုထိရင် ငါနဲ့ညှိမှာနော် ဆိုတာကို လက်ကိုင်ထားပါ။ ကိုယ်ခန္ဓာမှာ အမွှေးတွေ၊ အသားရောင်မညီတာတွေ၊ အသားအရေမလှတာတွေ၊ အဆီပိုတွေ၊ မွေးရာပါအမှတ်တွေ ရှိနေတော့လဲ ဘာအရေးလဲ။ ငါကလှပြီးသားဆိုပြီး စိတ်ကိုကြည်နေအောင်ထားတတ်ဖို့လိုပါတယ်။ ဝတ်ချင်တာရှိရင် ကိုယ်နဲ့လည်းတကယ်လိုက်ဖက်မှုရှိတဲ့ပုံစံဆိုရင် ဘယ်သူ့အပြောမှ ဂရုမစိုက်ပဲဝတ်ချလိုက်ပါ။ ကိုယ်ရှာထားတဲ့ပိုက်ဆံနဲ့ ကိုယ့်ပါသာဝယ်ဝတ်တာပဲလေ။ (အချိန်နဲ့နေရာတော့ သတိထားကြပေါ့နော် တော်ကြာ မီမြှောက်ပေးတာဆိုပြီး ဖြစ်ကြဦးမယ် :3)

• ပြောင်းလဲပစ်လိုက်ပါ။✨

သူများပြောလို့မဟုတ်ပဲ ကိုယ်ကိုယ်တိုင်က သဘောမကျလို့ ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင်တော့ ပြောင်းလဲပစ်လိုက်ပါ။ သို့သော် ​ကောင်းသော ပြောင်းလဲခြင်း ဖြစ်ပါစေ။ ကိုယ့်ကိုယ်ကိုယ် body မလှဘူးလို့ထင်နေရင် သူများအပြောအဆိုခံပြီး စိတ်ညစ်နေမဲ့အစား gym သွားဆော့လိုက်တာမျိုး။ ဒါမှမဟုတ် ပိုက်ဆံအကုန်မခံချင်ရင် အိမ်မှာနေရင်းလည်း work out လုပ်မယ်၊ diet သေချာလုပ်မယ်ဆို မလှလာစရာဘာအကြောင်းမှမရှိပါဘူး။ ကိုယ့်ကို ဝေဖန်လေကန်နေတဲ့ သူတွေအံ့သြသွားရလောက်တဲ့ထိပြောင်းလဲပစ်နိုင်စွမ်း သင့်မှာရှိပါတယ်။

• fashion ကျကျ ဝတ်စားပြင်ဆင်တတ်ဖို့ 🤎

လူတိုင်းမှာ သူ့အလှနဲ့သူရှိပြီးသားပါ။ ရှိရင်းစွဲနဂိုအလှကို ပိုပေါ်ဖို့fashionအမြင်ရှိရမယ်၊ ကိုယ်နဲ့လိုက်ဖက်မဲ့ပုံစံကိုသေချာသိပြီး အချိန်၊နေရာ အလိုက်ရွေးချယ်ဝတ်ဆင်တတ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်က fashion အမြင်မရှိဘူး ခုမှကိုယ့်ကိုယ်ကိုယ်ပြောင်းလဲမယ်ဆိုရင် social media ပေါ်မှာ outfit styles တွေ sharing လုပ်ပေးတဲ့ page တွေအများကြီးရှိတာမလို့ အဲ့ကနေလေ့လာပြီးပြောင်းလဲယူလို့ရပါတယ်။ pinterest ကနေလည်း ရှာဖွေလေ့လာနိုင်ပါတယ်။ ထို့အတူပဲ ကိုယ်ကအသားအရေမလှဘူး ခံစားရရင် skincare သေချာလုပ်ပေးဖို့မမေ့ပါနဲ့။

•စိတ်ကိုလည်း ကြည်အောင်ထားတတ်ဖို့မမေ့ပါနဲ့။ 🤍

စိတ်ပျိုမှ ကိုယ်နု ဆိုတဲ့စကားဟာ အလကားမဟုတ်ပါဘူး။ ကိုယ့်စိတ်ကပျော်နေမှ အရာရာကိုအကောင်းမြင်စိတ်နဲ့ကြည့်နိုင်မှာပါ။ စိတ်ကြည်တဲ့ချိန် မှန်ကြည့်တာနဲ့ စိတ်ညစ်နေတဲ့ချိန် မှန်ကြည့်လိုက်တာတောင် ဘယ်လောက်ကွာနေလဲ ကိုယ့်ကိုယ်ကိုယ်သိတယ်ဟုတ်။ ဒါကြောင့် စိတ်ကိုပျော်အောင်ထားပါ။ စိတ်ရှုပ်အောင်လာလုပ်ရင် သည်းမခံနိုင်တဲ့အဆုံး ဒဘလယ် ပါးyiteလိုက်ပါ ချစ်တို့။🤗

ဆိုတော့ စိတ်ဓာတ်ကျနေမဲ့အစား ဒီအချက်တွေပဲ အရင်လိုက်လုပ်ကြည့်ပါ။ စစချင်းတော့ပင်ပန်းမှာပေမဲ့ ကြာလေ ကိုယ်စိတ်ချမ်းသာရလေပါပဲ။ သူများပြောစကားတွေနားမထောင်ပဲ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ မမေ့ပါနဲ့နော်။ ဒီစာဖတ်မိတဲ့ အဖိုးတန်လေးဟာ ကောင်လေးပဲဖြစ်ဖြစ် ကောင်မလေးပဲဖြစ်ဖြစ် စိတ်ဓာတ်ခွန်အားရသွားစေဖို့ ရည်ရွယ်ပါတယ်။💕



အချေတတ်ဆုံးsign များ      ဒီတစ်ပတ်မှာအလှည့်ကျတာကတော့ အချေတွေစုနေတတ်ကြတဲ့ signတွေအကြောင်းပြောပြပေးပါမယ်။ ဒီsignတွေကတော့ သ...
09/10/2022

အချေတတ်ဆုံးsign များ

ဒီတစ်ပတ်မှာအလှည့်ကျတာကတော့ အချေတွေစုနေတတ်ကြတဲ့ signတွေအကြောင်းပြောပြပေးပါမယ်။ ဒီsignတွေကတော့ သူရဲ့သဘာဝကိုက အချေဓာတ်ပါလာတတ်ကြပြီး သူတို့ရဲ့နေ့စဥ်ပုံမှန်လှုပ်ရှားမှုတွေမှာ ဘေးကလူတွေက ချေမိုးတယ်ဆိုတဲ့ စိတ်ဝင်စေတတ်ကြသူတွေဖြစ်ပါတယ်။

signတိုင်းမှာ ချေတတ်တဲ့သူတွေရှိကြပေမယ့် ဒီရာသီခွင်တွေမှာတော့ အချေတွေကြီးစုနေတတ်ကြပါတယ်။

Zodiac ပက်သက်တဲ့အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် အောက်က Link တွေကနေ ဝင်ဖတ်ကြည့်နိုင်ပါတယ်။👇

Zodiac Signs တွေနဲ့ အချစ်ရေးအမြင် - https://www.facebook.com/105605218954687/posts/115229604658915/

Virgo - https://www.facebook.com/105605218954687/posts/113026301545912/

Virgo-Libra Cusp - https://www.facebook.com/permalink.php?story_fbid=115896567925552&id=105605218954687

Libra - https://www.facebook.com/permalink.php?story_fbid=116465594535316&id=105605218954687

Scorpio တွေက တကယ်ပဲ လူဆိုးတွေလား - https://www.facebook.com/105605218954687/posts/113461411502401/

4 Elements Groups -
https://www.facebook.com/105605218954687/posts/112376664944209/

Sun, Moon, Mercury, Venus, Mars, Jupiter, Saturn Signs များအကြောင်း -
https://www.facebook.com/105605218954687/posts/117856254396250/

ကျွန်တော်တို့ M For Media မှတင်ဆက်တဲ့အကြောင်းအရာများကို Viber မှာလည်းဖတ်ရှုနိုင်ပါပြီ ✨
Viber ချန်နယ် Join ရန် 👉 https://bit.ly/3LRw31T


**us

လူကြီးတွေက ​ကပ်စီးနည်းလိုက်တာ လူတွေရယ်😔
07/10/2022

လူကြီးတွေက ​ကပ်စီးနည်းလိုက်တာ လူတွေရယ်😔

ဒီဘက်ခေတ်မှာ လက်မထပ်ခင်အတူနေကြတဲ့ သမီးရည်းစားတွေ ရှိလာတာ မဆန်းတော့တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအတူနေကြတဲ့အခါ အချိန်မတိ...
06/10/2022

ဒီဘက်ခေတ်မှာ လက်မထပ်ခင်အတူနေကြတဲ့ သမီးရည်းစားတွေ ရှိလာတာ မဆန်းတော့တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအတူနေကြတဲ့အခါ အချိန်မတိုင်ခင် ကိုယ်ဝန်ရခြင်းကနေ ကြိုတင်ကာကွယ်ဖို့အတွက် ကွန်ဒုံးအပြင် အခြားသော သားဆက်ခြားနည်းမှန်တွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် နည်းမှန်မှန်နဲ့ထိရောက်တဲ့ သားဆက်ခြားနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရေးပေါ်မဟုတ်တဲ့ သားဆက်ခြားနည်း ဘယ်နည်းလမ်းကိုပဲသုံးသုံး ကျွမ်းကျင်ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ သုံးတာပိုကောင်းပါတယ်။ အခြားသူနဲ့တည့်ပေမယ့် ကိုယ်နဲ့မတည့်တဲ့ဆေးတွေရှိနေနိုင်ပါတယ်။ အရေပြားအောက်ခွဲထည့်တဲ့နည်းနဲ့ သားအိမ်ထဲထည့်တဲ့ နည်းတွေဆိုလည်း ကျွမ်းကျင်ဆရာဝန်ကိုသေချာပြပြီးစနစ်တကျထည့်ဖို့လိုအပ်ပါတယ်။ ယောင်ယမ်းတာ မတည့်တာ ဘာညာ ရှိခဲ့ရင်လည်း ကိုယ်ပြထားတဲ့ဆရာဝန်ကိုသေချာပြန်ပြရပါမယ်။ အားလုံးပဲ ကိုယ်နဲ့အဆင်ပြေမယ့် သားဆက်ခြားန​ည်းတွေကိုအသုံးပြုပြီး သာယာပျော်ရွှင်တဲ့ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။






ပ လေး တတ်ဆုံး ရာသီခွင် (၅) မျိုး ပ လေး တတ်ဆုံး ရာသီခွင်ဆိုတာနဲ့ zodiacအကြောင်းကိုစိတ်ဝင်စားကြတဲ့ လူအများစုကဒီ sign တွေကိ...
04/10/2022

ပ လေး တတ်ဆုံး ရာသီခွင် (၅) မျိုး

ပ လေး တတ်ဆုံး ရာသီခွင်ဆိုတာနဲ့ zodiacအကြောင်းကိုစိတ်ဝင်စားကြတဲ့ လူအများစုကဒီ sign တွေကို ထိပ်ဆုံးကပြေးမြင်တယ်လို ပြောကြပါတယ်။ သူတို့ရဲ့သဘောသဘာဝမှာလည်း စိတ်ကစားလွယ်တဲ့ သဘာဝလေးတွေပါလာတတ်ကြပါတယ်။ ဒါပေမယ့်လည်း ရာသီခွင်တိုင်းမှာတော့ ပလေး တတ်တဲ့သူကပါမြဲပါပဲ။ 🙄

အခုပြောပြပေးမယ့် signကတော့ ပ လေး တတ်ဆုံးလူတွေစုနေတယ်လို့ အပြောများကြတာကြောင့် လူတွေအမြင်မှာ လူဆိုးတွေဖြစ်နေတတ်ကြတာပါ။ ဒီလိုဆိုပေမယ့် ဒီ sign တွေထဲမှာလည်း လူကောင်းတွေရှိသေးတာကြောင့် တသမတ်ထဲမှတ်ယူလိုမရပါဘူး။ ကိုယ်တကယ်ချစ်တဲ့သူနဲ့တွေ့ရင်တော့ ဘယ်signမဆို ရူးသွပ်ကြတာပါပဲ။ ဒါကြောင့် ဟုတ်မဟုတ်ကြည့်ပြီး အပေါင်းအသင်းတွေထဲ ဒီ signတွေရှိရင်လည်းမေးကြည့်ပြီး shareပေးသွားကြပါအုံး 😉

ပုံတစ်ပုံချင်းစီအောက်မှာ Sign တစ်ခုစီရဲ့ အကြောင်းလေးတွေ ပြောပြထားတာမလို့ ဖတ်ကြည့်ပြီး share ပေးဖို့မမေ့ပါနဲ့နော်။ အချစ်နဲ့တွေ့ရင်တော့ အခုပြောသွားမဲ့ sign လေးတွေလည်း အချစ်ရူးလေးတွေ ဖြစ်တတ်ကြတာပါပဲ။ ဒါကြောင့် ကိုယ့်ကိုတကယ်ချစ်တဲ့ လက်တွဲဖော်တွေကို ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။🤗

Zodiac ပက်သက်တဲ့အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် အောက်က Link တွေကနေ ဝင်ဖတ်ကြည့်နိုင်ပါတယ်။👇

Zodiac Signs တွေနဲ့ အချစ်ရေးအမြင် - https://www.facebook.com/105605218954687/posts/115229604658915/

Virgo - https://www.facebook.com/105605218954687/posts/113026301545912/

Virgo-Libra Cusp - https://www.facebook.com/permalink.php?story_fbid=115896567925552&id=105605218954687

Libra - https://www.facebook.com/permalink.php?story_fbid=116465594535316&id=105605218954687

Scorpio တွေက တကယ်ပဲ လူဆိုးတွေလား - https://www.facebook.com/105605218954687/posts/113461411502401/

4 Elements Groups -
https://www.facebook.com/105605218954687/posts/112376664944209/

Sun, Moon, Mercury, Venus, Mars, Jupiter, Saturn Signs များအကြောင်း -
https://www.facebook.com/105605218954687/posts/117856254396250/

ကျွန်တော်တို့ M For Media မှတင်ဆက်တဲ့အကြောင်းအရာများကို Viber မှာလည်းဖတ်ရှုနိုင်ပါပြီ ✨
Viber ချန်နယ် Join ရန် 👉 https://bit.ly/3LRw31T



Hello သီတင်းကျွတ်လည်း နီးလာပြီဆိုတော့ ကိုယ်ချစ်ရတဲ့ ဘိုးဘွားမိဘတွေ ဆရာသမားတွေကို ဘာနဲ့ကန်တော့ရမလဲ၊🙇‍♂️ ဘာလက်ဆောင်ပေးရမလဲ...
03/10/2022

Hello သီတင်းကျွတ်လည်း နီးလာပြီဆိုတော့ ကိုယ်ချစ်ရတဲ့ ဘိုးဘွားမိဘတွေ ဆရာသမားတွေကို ဘာနဲ့ကန်တော့ရမလဲ၊🙇‍♂️ ဘာလက်ဆောင်ပေးရမလဲ🎁 စဥ်းစားရင်းခေါင်းရှုပ်နေကြပြီလား။🤔
ဒီလိုခေါင်းမပူရအောင် M for media က ကူညီပြီး စဥ်းစားပေးထားတာမလို့ အောက်မှာဆက်ကြည့်လိုက်ရအောင်နော်။💁

• ဘိုးဘွားမိဘတွေအတွက်ဆို သစ်သီးခြင်းလေးတွေ၊ Milo Ensure စတဲ့သောက်စရာတွေ အားဆေး (ငါးကြီးဆီ, calcium) တို့လို အသုံးဝင်မဲ့ ဆေးဝါးတွေ၊ လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ cakesနဲ့ cookies တွေ၊ သီဟိုဠ်စေ့ လိုအစေ့အဆံတွေ၊ ပေါင်မုန့်ညို ဆန်လုံးညိုတို့လို ကျန်းမာရေးအထောက်အကူပြုမဲ့ စားစရာတွေ၊ မကြာခင် ဆောင်းတွင်းရောက်တော့မှာဆိုတော့ အနွေးထည်အသစ်လေး (ဒါမှမဟုတ်) မာဖလာနွေးနွေးလေးတစ်ထည် လက်ဆောင်ပေးနိုင်ပါတယ်နော်။ ဒါ့အပြင် မိမိကိုးကွယ်ရာဘာသာအလိုက် တရားစာအုပ်၊ စိပ်ပုတီး အစရှိတာတွေ လက်ဆောင်ပေးလိုက်ရင် အထောက်အကူဖြစ်မှာ အမှန်ပါပဲ။ 🥰

• ကိုယ့်အထက်လူကြီးကို ကန်တော့ဖို့အတွက်ဆိုရင် ကြက်ပေါင်းရည် ငှက်သိုက်လို အားဆေးမျိုး အပြင် Pocari Sweat လိုမျိုး အားပြည့်စေမဲ့ drinks တွေ၊ Tea bag, NESCAFÉ စတဲ့ သောက်စရာတွေ၊ သစ်သီးခြင်းတွေ၊ အပျင်းပြေစားလို့ရမဲ့ snacks တွေ၊ သောက်တတ်တယ်ဆိုရင်တော့ အကောင်းစားဝိုင်ပုလင်းတွေ လက်ဆောင်ပေးနိုင်ပါတယ်။ အလှထားလို့ရတဲ့ ပစ္စည်းလေးတွေ၊ အပင်ပေါက်ကလေးတွေအပြင် အနံ့အသက် ကောင်းမွန်တဲ့ relaxing candles လေးတွေ လက်ဆောင်ပေးတာကလည်း သူတို့ကိုအကြိုက်တွေ့စေမှာပါ။ 😍

• ချစ်ရတဲ့မေမေ့ကို အမြဲနုပျိုလှပနေစေဖို့အတွက်ဆိုရင် Skincare products တွေနဲ့ Collagen တွေ ဝယ်သွားပေးသင့်တယ်နော်။ ပန်းစည်းလှလှလေးတစ်စည်းကတော့ မပါမဖြစ်ပဲပေါ့။💐💝

ကန်တော့တဲ့ကဏ္ဍ ပြီးပြီဆိုတော့ မုန့်ဖိုးတောင်းရမဲ့ကဏ္ဍလာပါပြီ။ ကုန်ဈေးနှုန်းတွေမကျသေးတော့ ခေတ်ကာလအလိုက် မုန့်ဖိုးလည်း ဈေးတက်ရမှာပေါ့နော်။ $ နဲ့ပေးလည်း စိတ်မဆိုးပါဘူးဟဲဟဲ ပေါ့:D။😝

အားလုံးပဲ သီတင်းကျွတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။✨🪔



Lo-fi Music, White Noise, Relaxing songs, ASMRYo.. ဒီနေ့ပြောမဲ့အကြောင်းအရာလေးကတော့ လူငယ်တွေကြားမှာ ရေပန်းစားပြီးသားဖြစ်မ...
02/10/2022

Lo-fi Music, White Noise, Relaxing songs, ASMR

Yo.. ဒီနေ့ပြောမဲ့အကြောင်းအရာလေးကတော့ လူငယ်တွေကြားမှာ ရေပန်းစားပြီးသားဖြစ်မှာပါ။ Youtube မှာ အလွယ်တကူ နားထောင်လို့ရတဲ့ musics အေးအေးလေးတွေပေါ့။ ကိုယ်တိုင်ကလည်း အသံတိုးတိုးအေးအေးလေးတွေ, Asmrတွေ နားထောင်ရတာ သဘောကျတယ်ဆိုရင် စာကိုဆုံးအောင်ဖတ်ကြည့်ပေးပါနော်။ 😄

ပထမဆုံးကတော့ Lo-fi music ပါ။ အဓိပ္ပာယ်ကတော့ low fidelity ( အသံအရည်အသွေးနိမ့်ခြင်း) လို့ခေါ်ပါတယ်။ ကြည်လင်ပြတ်သားမှုမရှိတဲ့ အသံအရည်အသွေးလို့ပြောရင် ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပုံစံကိုက original song ထပ်စာရင် ဖြည်းဖြည်းနှေးနှေးလေးနဲ့ အသံပိုလျော့တဲ့အပြင်ကို 1990 လောက်က hip hop သံစဥ်မျိုး ရှိနေလို့ပါ။ ကိုယ်တိုင်ဖန်တီးထားတာရှိသလို original song ကိုမှ beatsတွေ အသံတွေပြောင်းပြီး လုပ်ယူထားတာလည်းရှိပါတယ်။ကက်ဆက်တိပ်ခွေကလည်နေသလို တဂျစ်ဂျစ် အသံလေးနဲ့ သီချင်းအေးအေးနှေးနှေးလေးတွေ ဖြစ်တာကြောင့် ဦးနှောက်ကို သက်သာရာရစေပါတယ်။ youtube မှာတင် Lo-fi songs လို့ရိုက်ရှာလိုက်ရုံနဲ့ ကိုယ်သဘောကျရာကို ရွေးချယ်နားဆင်နိုင်ပါတယ်။ ကိုယ်အလုပ်လုပ်နေရင်းနဲ့တောင် Lo-fi လေးနဲ့ chill ရင်း လုပ်တော့ စိတ်ကဘယ်လောက်ပေါ့ပါးနေမလဲ ဆိုတာနားထောင်ကြည့်မှ သိမှာနော်။ 😎
International မှာတော့ Lo-fi artist တွေများကြီးရှိပေမဲ့ မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး Lo-fi artist
တစ်ယောက်ကို ပြောရရင်တော့ ယူတို့ မီတို့ အချစ်တော် Jixk Gabby ပါပဲ။ သူ့လက်ရာတွေကို social platform ပေါင်းစုံကနေ နားဆင်နိုင်ပါတယ်။
Youtube link - https://youtube.com/channel/UC7lFfxRBeVu1hFkMW-012-A

နောက်တစ်ခုကတော့ Lo-fi songsတွေနဲ့ ခပ်ဆင်ဆင်တူတဲ့ relaxing music ပဲဖြစ်ပါတယ်။ ကျွန်တော်ဆို ဒါအမြဲလိုလိုနားထောင်နေကျပေါ့။ အလုပ်လုပ်နေတဲ့ချိန် ပင်ပန်းနွမ်းနယ်နေတဲ့ချိန်မှာ စိတ်ကိုလျှော့ထားပြီး beats အေးအေးလေးတွေနားထောင်ရတာ ဘာနဲ့မှမလဲနိုင်ပါဘူး။ Lo-fiနဲ့ဘာကွာလဲဆိုတော့ Lo-fi က တကယ့်တိုးတိုးအေးအေးလေးတွေဖြစ်ပြီး relaxing songs တွေကတော့ Ghibli vibes, Disney, Tim burtons vibes စတာတွေကို piano စတာတွေနဲ့ playlistတွေ အဖြစ် ပြန်ပြောင်းထားတာတွေများပါတယ်။ ကိုယ်အိပ်နေတဲ့ချိန်ဆို oldies music playing in another room စတဲ့ playlists တွေနားထောင်နိုင်ပါတယ်။ စိတ်က အေးချမ်းလာပြီး မကြာမီအိပ်ပျော်သွားနိုင်ပါတယ်။ 😴

White noise ဆိုတာကတော့ သိသလိုရှင်းပြရရင် သင်နဲ့ ဆူညံသံကြားက ကြားခံနယ်လေးပေါ့။ တီးလုံးသံတွေ သီချင်းတွေမဟုတ်ပဲ ဒီတိုင်းအသံတစ်ခုပါပဲ။Nf ကြည့်ရင်း video တစ်ခုမှာ စသိတာပေါ့နော်။ မိခင်တစ်ယောက်က ကလေးလေးကိုခွဲသိပ်တဲ့အပြင် အိပ်နေတဲ့ချိန်မှာ white noise ဖွင့်ပေးတယ်ဆိုတဲ့အကြောင်းပေါ့။ အဲ့မှာစိတ်ဝင်စားပြီး စနားထောင်ဖြစ်တာပါ။ ကျွန်တော်တို့ asian တွေမှာက သိတဲ့အတိုင်းပဲ ကိုယ်ပိုင်အခန်းရှိတဲ့သူဆိုတာ နည်းတဲ့အပြင် ကိုယ်ပိုင်အခန်းရှိရင်တောင် တအိမ်လုံးက ဝင်ထွက်သွားလာနေကြတော့ သူတို့အသံတွေနဲ့ အရမ်းအိပ်ရေးပျက်ပါတယ်။ အအိပ်ဆတ်တဲ့သူတွေအဖို့ ညဖြစ်ဖြစ် နေ့ဖြစ်ဖြစ် အနားယူတဲ့အခါမှာ တခြားပြင်ပအသံတွေနားထဲမရောက်ဖို့ရာ white noise လေး ဖွင့်ထားပြီးအိပ်တာ အကောင်းဆုံးပါ။ 🎼

နောက်ဆုံးတစ်ခုကတော့ Sleeping ASMR ပဲဖြစ်ပါတယ်။ ASMR ရဲ့ full name ကတော့ `Autonomous Sensory Meridian Response´ လို့ခေါ်ပါတယ်။ insomnia ဆိုတဲ့ အိပ်မပျော်တဲ့ရောဂါရှိတဲ့သူတွေ၊ အိပ်ဖို့အရေးကို stressတွေ anxiety တွေကြောင့် မျက်စိကြောင်ပြီး အိပ်မရတဲ့သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ သူကစကားပြောပေးတာအပြင် တခုခုကို ကုတ်ခြစ်တဲ့အသံ ရေသံ စသဖြင့် vd တွေအများကြီးတွေ့နိုင်ပါတယ်။ International မှာတော့ ASMR blog တင်တဲ့ artist တွေများကြီးရှိပေမဲ့ Local မှာတော့ရှားပါတယ်။ Local ထဲကနားထောင်ဖြစ်တာကတော့ Cheers ASMR ဆိုတဲ့ channel လေးပါ။ ချက်ချင်းအိပ်ပျော်သွားတာ မဟုတ်ပဲ နားထောင်ရင်း မျက်ခွံတွေလေးလာတာမျိုးပါ။ ဒီchannel မှမဟုတ်ပါဘူး၊ ရည်းစားမရှိတဲ့သူတွေအနေနဲ့လည်း Boyfriend / Girlfriend ASMR sleep လို့ရိုက်ရှာလိုက်ရင် ကျလာမှာဖြစ်ပါတယ်။ မသိရင် ကိုယ့်ချစ်သူလေးက ချော့သိပ်နေသလိုပဲ။ ပြီးတော့ အာဝါးပါရသေးတာ အတွေးမမှားစေချင်ဘူးနော် ;P ရည်းစားမရှိလဲ ပြုံးပြုံးကြီးအိပ်ရာဝင်လို့ရပါကြောင်း။ :D

ဒီထဲမှာ အိပ်မပျော်တဲ့သူတွေ၊ Stress ပိနေတတ်တဲ့သူတွေရှိရင် အပေါ်မှာ ကျွန်တော် recommend ပေးခဲ့တဲ့ 4 မျိုးကိုနားထောင်ကြည့်ပါ။ ခဏတာဖြစ်ဖြစ် စိတ်ကြည်သွားရင်လည်း အမြတ်ပဲမလား။ စိတ်ဖိစီးမှုတွေလျှော့ထားပြီး ကိုယ့်ကိုယ်ကိုယ် ချစ်ပေးပါနော်။ အိပ်မက်လှလှမက်ပါစေ။ 😄💤



Oct 1ရက်နေ့ International Coffee Day ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာတော့ ကော်ဖီအမျိုးအစားတွေအကြောင်း အနည်းငယ်ရှင်းပြပေးသွား...
01/10/2022

Oct 1ရက်နေ့ International Coffee Day ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာတော့ ကော်ဖီအမျိုးအစားတွေအကြောင်း အနည်းငယ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ☕️

အဓိကကော်ဖီစေ့အမျိုးအစားလေးမျိုးရှိပါတယ်။ Aribica၊ Robusta၊ Excelsa နဲ့ Librica စတာတွေပဲဖြစ်ပါတယ်။ ကော်ဖီအမျိုးအစားပေါင်းလည်း၂၀ ကျော်ရှိပါတယ်။

(1) Espresso
(2)Latte
(3) Cappuccino
(4) Americano
(5) Doppio
(6) Brewed coffee
(7) Black
(8) Cold brew
(9) Red Eye
(10) Galão
(11) Lungo
(12) Macchiato
(13) Café Mocha
(14) Ristretto
(15) Flat white
(16) Affogato
(17) Café au Lait
(18) Irish
(19) Cortado
(20) Iced Coffee
(21) Frappuccino
(22) Nitro
(23) Mazagran
စတာတွေပဲဖြစ်ပါတယ်။ ကော်ဖီအမျိုးအစား၂၀ ကျော်ထဲကမှ ဒီကဆိုင်တွေအတော်များများမှာတွေရတဲ့အမျိုးအစားအချို့ကိုအကြမ်းဖျင်းတင်ပြပေးလိုက်ရပါတယ်။☺️

ကိုယ်တိုင်က ကော်ဖီကြိုက်နှစ်သက်သူ ဒါမှမဟုတ် အသိမိတ်ဆွေတွေထဲမှာ ကော်ဖီချစ်သူတွေရှိရင် သိရအောင် like and share လေးလုပ်ပေးသွားပါအုံးနော်။😘

ကော်ဖီဆိုင်ရောက်တိုင်း မှာသောက်နေကြ ကိုယ်အကြိုက်ဆုံး ကော်ဖီလေးတွေနဲ့ ကိုယ်သိတဲ့ ကော်ဖီနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေရှိရင်လည်း comment မှာမျှဝေပေးသွားပါအုံး။🧋

မိုးအေးအေးနဲ့ကော်ဖီလေးသောက်ရင်း ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကြည့်ရင်း ဒါမှမဟုတ် စာအုပ်လေးဖတ်ရင် အားလပ်ရက်မှာအေးအေးချမ်းချမ်း စိတ်အပန်းဖြေ အနားယူကြရအောင်။💁

M for media မှာတင်စေချင်တဲ့အကြောင်းအရာလေးတွေရှိရင် page chat boxမှာလာရောက်တောင်းဆို အကြံပြုနိုင်ပါတယ်နော်။ 🙆



Blonde ရုပ်ရှင်ဟာ မျှော်လင့်ထားသလို ဖြစ်ခဲ့လား?(Honest Review)မထွက်ခင်တည်းက နာမည်ကြီးခဲ့တဲ့ Marilyn Monroe အတ္ထုပ္ပတ္တိ ...
30/09/2022

Blonde ရုပ်ရှင်ဟာ မျှော်လင့်ထားသလို ဖြစ်ခဲ့လား?
(Honest Review)

မထွက်ခင်တည်းက နာမည်ကြီးခဲ့တဲ့ Marilyn Monroe အတ္ထုပ္ပတ္တိ ရုပ်ရှင် “Blonde” ဟာ စက်တင်ဘာ(၂၈)ရက်က Netflix မှထွက်ရှိလာပြီဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ NC-17 Rating အတိုင်းပဲ ဒီရုပ်ရှင်မှာ ခပ်ကြမ်းကြမ်း လိင်အသားပေးဇာတ်ဝင်ခန်းတွေ ပါတာမလို့ အသက်(၁၇)နှစ်ပြည့်မှသာ ကြည့်သင့်ပါတယ်။ မိသားစု၊ သူငယ်ချင်းများနဲ့ အတူကြည့်ဖို့ မသင့်တော်ပါဘူး။ နောက်တစ်ချက်က ဒီကားဟာ Monroe အကြောင်းဆိုတာထက် သူမရဲ့ ပင်ကိုယ်ဘဝဖြစ်တဲ့ Norma Jeane အကြောင်း အဓိကရိုက်ပြထားတာ ဖြစ်ပါတယ်။

Blonde ရုပ်ရှင်မှာ Monroe အဖြစ် မင်းသမီး Ana de Armas က သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Andrew Dominik ကရိုက်ကူးပေးထားပါတယ်။ လက်ရှိ Netflix မှာ ကြည့်ရှုမှုအများဆုံးရုပ်ရှင် ဖြစ်ပေမဲ့ Blonde ဟာ ဝေဖန်ရေးသမားတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း ခံနေရပါတယ်။

➖➖➖

ဇာတ်လမ်းအကျဉ်း

အဖွင့်မှာ ဖခင်ဖြစ်သူက ထားသွားတာခံရတဲ့ သားအမိနှစ်ယောက်နဲ့ ဇာတ်လမ်းစထားပါတယ်။ သူ့အမေဟာ ဒီကလေးမွေးတာကြောင့် ယောက်ျားက သူ့ကိုထားခဲ့တာလို့ဆိုပြီး ကလေးပဲရှိသေးတဲ့ Norma Jeane ကိုမကျေနပ်ပဲ နှိပ်စက်ပါတော့တယ်။ အိမ်နီးချင်းတွေ သိသွားပြီးတဲ့နောက် သူ့အမေလည်း Mental Hospital ရောက်သွားကာ Norma လည်း မိဘမဲ့ဂေဟာကို ပို့ခံလိုက်ရပါတယ်။ အဲ့ဒီနောက် ဇာတ်လမ်းက အရွယ်ရောက်ပြီးဖြစ်တဲ့ Norma ကို ပြပါတယ်။ ဖိုတိုမော်ဒယ် ဘဝကနေ ရုပ်ရှင်ကားတွေမှာသရုပ်ဆောင်ဖို့ ခြေလှမ်းစနေတဲ့ သူမကို တွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့ ဟောလိဝုဒ်မှာ Marilyn Monroe ဆိုပြီးကျော်ကြားလာတာရဲ့ နောက်ကွယ်မှာတော့ Norma Jeane ဟာ လူတချို့ရဲ့ အသုံးချခံ၊ အနှိပ်စက်ခံရပြီး စိတ်ဒဏ်ရာတွေနဲ့ ရှေ့ဆက်နေရပါတယ်။ သူမဘဝတစ်လျှောက်မှာ ပျော်ရွှင်ရတဲ့အခိုက်အတန့်တွေရှိပေမဲ့ နောက်ဆုံးအချိန်ထိ ခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေလည်း ရှိတယ်ဆိုတာကို ပုံဖော်တင်ဆက်ထားတာပဲဖြစ်ပါတယ်။

➖➖➖

ခြုံပြောရရင် ဒီကားမှာ ကြိုက်တာရော မကြိုက်တာရော အစုံတွေ့ပါတယ်။ ကြိုက်မိတဲ့အချက်ကတော့ Norma ရော Monroe ရောအဖြစ် ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ Ana de Armas ရဲ့ Acting တွေပါပဲ။ နောက်တစ်ချက်က အားလုံးသိပြီးသား ဇာတ်မှာ Plot Twist လေး တစ်ခုပါအောင်ထည့်ထားတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ Soundtrack မှာ Monroe ရဲ့ မူရင်းဇာတ်ကားတွေထဲက သီချင်းတွေ ပြန်ထည့်ထားတာလည်း သဘောကျမိပါတယ်။ အက်ဒမင်ကတော့ “Every Baby Needs a Da-Da-Daddy” နဲ့ “Diamonds Are A Girl's Best Friend” နှစ်ပုဒ်ကို အကြိုက်ဆုံးပါပဲ

မကြိုက်တာကတော့ လိင်အသားပေး ဇာတ်ဝင်ခန်းတွေ များနေတာပဲဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာ မှဲ့က နှုတ်ခမ်းအောက်ရောက်သွားတဲ့ movie error တစ်ခုရှိပေမဲ့ မပြောပလောက်ဘဲ ဇာတ်ညွှန်းကသာ အဓိက ပြောစရာဖြစ်နေတာပါ။ နိုင်ငံတကာ Critics တွေကလည်း လိင် အသားပေးလွန်းတယ်၊ Monroe ရဲ့ဂုဏ်သိက္ခာကို ဒီကားက ဖျက်ဆီးပစ်တယ်ဆိုပြီး ဝေဖန်နေကြပါတယ်။

Blonde ဟာ မျှော်လင့်ထားသလိုမဖြစ်ခဲ့ပေမဲ့ အရမ်းဆိုးရွားတဲ့ ဇာတ်ကားတော့လည်း မဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့သလို Norma Jeane ဘက်ကနေ ကြည့်ရမှာဖြစ်ပြီး သူခံစားခဲ့ရတာတွေကို မီးမောင်းထိုးပြထားတာပါ။ Blonde ရုပ်ရှင်ကိုတော့ Netflix နဲ့ Channel Myanmar မှာ ကြည့်ရှုလို့ရနေပါပြီ။

ကြည့်ပြီးသွားတဲ့ သူတွေကလည်း ဒီကားနဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေ Comment မှာ ပြောသွားပါဦးခင်ဗျာ

IMDb - 5.8/10
Rotten Tomatoes - 45%
Own Rating - 6.5/10


အခုနောက်ပိုင်းတော်တော်များများက ရာသီခွင်တွေအကြောင်း စိတ်ဝင်စားလာကြတယ်။ သိလည်းသိချင်လာကြတယ်။ ကိုယ့်ရဲ့ရာသီခွင်signကိုတော့...
29/09/2022

အခုနောက်ပိုင်းတော်တော်များများက ရာသီခွင်တွေအကြောင်း စိတ်ဝင်စားလာကြတယ်။ သိလည်းသိချင်လာကြတယ်။ ကိုယ့်ရဲ့ရာသီခွင်signကိုတော့သိကြပေမယ့် အပြောများလာကြတဲ့ Sun sign, Moon sign, Rising sign စတာတွေကို မသိကြသေးတဲ့သူတွေရှိနေသေးတဲ့အတွက် messengerမှာလည်း လာမေးကြတဲ့အတွက် Sun, moon, risingဆိုတာဘာတွေလဲအကြမ်းဖျင်းတင်ပြပေးလိုက်ပါတယ်။

sun sign၊ moon sign တွေကိုအောက်မှာပေးထားတဲ့ linkထဲဝင်ပြီး ကိုယ့်မွေးနေ့၊ မွေးချိန် နဲ့ နေရာကိုထည့်ပြီးတွက်ကြည့်လိုရပါတယ်။

https://justastrologythings.com/pages/chart/

ဒါတွေကတော့ မင်မင်သိသလောက် လေ့လာထားသလောက်ကိုပြောပြထားတာလေးတွေပါ။ အခုအပေါ်မှာပေးထားတဲ့ Linkမှာလည်း ကိုယ့်ရတဲ့ signတွေကိုလိုက်ပြီး ပြောပြထားတာလေးတွေရှိပါတယ်။ ဒါကြောင့် တွက်ကြည့်ပြီး အခြားသူတွေလည်းသိရအောင်မျှဝေပေးပါအုံး။ သိချင်တဲ့အကြောင်းအရာ တင်စေချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း page chat boxကနေ လာပြီးမေးမြန်း အကြံပြုနိုင်ပါတယ်နော်။

Zodiac နဲ့ပက်သက်တဲ့အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် အောက်က Link တွေကနေ ဝင်ဖတ်ကြည့်နိုင်ပါတယ်။👇

Zodiac Signs တွေနဲ့ အချစ်ရေးအမြင် - https://www.facebook.com/105605218954687/posts/115229604658915/

Virgo - https://www.facebook.com/105605218954687/posts/113026301545912/

Virgo-Libra Cusp - https://www.facebook.com/permalink.php?story_fbid=115896567925552&id=105605218954687

Libra - https://www.facebook.com/permalink.php?story_fbid=116465594535316&id=105605218954687

Scorpio တွေက တကယ်ပဲ လူဆိုးတွေလား - https://www.facebook.com/105605218954687/posts/113461411502401/

4 Elements Groups -
https://www.facebook.com/105605218954687/posts/112376664944209/

ကျွန်တော်တို့ M For Media မှတင်ဆက်တဲ့အကြောင်းအရာများကို Viber မှာလည်းဖတ်ရှုနိုင်ပါပြီ ✨
Viber ချန်နယ် Join ရန် 👉

https://bit.ly/3LRw31T




27/09/2022

ယောက်ျားလေးဖြစ်နေလို့ ငိုခွင့်မရှိဘူးလား?...🙄

ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်တဲ့အတွက် နေ့စဥ်မတူညီတဲ့စိတ်ခံစားချက်တွေရှိပါတယ်။ ပျော်ရင်/ ဟာသတစ်ခုခုတွေ့ရင် ရယ်မယ်။ စိတ်မကောင်းစရာ တစ်ခုခုဖြစ်ရင်ပဲဖြစ်ဖြစ် စိတ်ပင်ပန်းလာတဲ့အခါမျိုးမှာဖြစ်ဖြစ် ငိုမိမယ်။ ဒါဟာ ယောကျာ်း၊မိန်းမ ကြီးငယ်မရွေးအတွက် ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ ☺️

ဒါပေမဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ မိန်းကလေးတွေ စိတ်အားငယ်တာ၊ စိတ်မကောင်းဖြစ်ရင် ငိုမိတာတွေကို လက်ခံကြပေမဲ့ ယောကျာ်းလေးတစ်ယောက် ငိုမိရင်တော့ `ဟာ မင်းက အဲ့လောက်ထိ စိတ်ပျော့ရအောင် gay လား။ (စကားချပ် - gay တိုင်း စိတ်မပျော့ပါ) ငိုနေတာ အရှက်မရှိဘူး။ အသည်းကွဲတာကို ငိုစရာလား၊ ယောကျာ်းလေးဆိုတာ မငိုရဘူး၊ စိတ်ဓာတ်ခိုင်မာရတယ်´ အစရှိသဖြင့် အမျိုးမျိုးပြောဆိုခံရတာကို တွေ့ရပါတယ်။

အထူးသဖြင့် ရှေးရိုးစွဲတဲ့သူတွေ၊ ဖိုဝါဒီသမားတွေနဲ့ generation gap အများကြီးကွာတဲ့သူတွေက အများဆုံးတိုက်ခိုက်ကြတာတွေ့ရပါတယ်။ သူတို့စိတ်ထဲမှာ `ယောကျာ်းလေးမှန်ရင် မငိုရဘူး´ ဆိုတဲ့စကားက အရိုးစွဲနေလို့ပါ။ ငိုတာကို ရှက်စရာကောင်းတဲ့ကိစ္စကြီးတစ်ခုလို မြင်နေတဲ့သူတွေကို ကျွန်တော်ကတော့ မရှက်သင့်တဲ့နေရာမှာ ရှက်ပြနေတယ်လို့ပဲမြင်ပါတယ်။

ငိုတယ်ဆိုတာဟာ ကျား/မ လိင်စိတ်ခံယူချက် အသက်အရွယ်အပိုင်းအခြား ဒါတွေအားလုံးနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ စိတ်ညစ်စရာတွေရှိလာတဲ့အခါ၊ နာကျင်လာရတဲ့အခါ ဘယ်သူမဆို ငိုမိမှာပဲ။ ငိုချင်နေတာကို အတင်းဖိနှိပ်မျိုသိပ်ထားလိုက်ရုံနဲ့တင် စိတ်ဖိစီးမှုတွေက ပြေပျောက်မသွားပါဘူး။ ကြာလာတဲ့အခါ အရမ်းမွန်းကြပ်လာပြီး မလုပ်သင့်တာတွေ လုပ်မိတဲ့အထိဖြစ်တတ်ပါတယ်။

ဒါတင်မကပဲ ယောကျာ်းလေးတွေ ဆံပင်ရှည်ထားတာ၊ လက်သည်းအရောင်ဆိုးတာ၊ ပန်းရောင် ခရမ်းရောင်တို့လိုမျိုး အရောင်နုလေးတွေ နှစ်သက်တာ၊ ပန်းကြိုက်တာ၊ အလှအပကြိုက်တာ၊ skincare တာ အစရှိတာတွေအားလုံးဟာ မိန်းကလေး/ယောကျာ်းလေးမှ မဟုတ်ဘဲ လူသားအားလုံး လုပ်ပိုင်ခွင့် နှစ်သက်ပိုင်ခွင့်ရှိပါတယ်။

လူဆိုတာ လွတ်လပ်မှုကိုမြတ်နိုးတတ်တာကြောင့် အထူးသဖြင့် စိတ်ပင်ပန်းနေရတဲ့အခါမျိုးမှာ အားရပါးရငိုပြီး ပေါက်ကွဲပစ်တာမျိုးကို လက်ခံနားလည်ပေးသင့်ပါတယ်။ ကိုယ်ချစ်ရတဲ့သူက စိတ်ဖိစီးပြီး မျက်ရည်ကျနေတဲ့အခါမှာ ပွေ့ဖက်ထားပေးတာ၊ အားပေးစကားပြောပေးပြီး နှစ်သိမ့်ပေးတာမျိုးဟာ တကယ်ကို ခွန်အားဖြစ်စေပါတယ်။ အချင်းချင်းဖေးမပြီး နွေးထွေးတဲ့ လူမှုအသိုင်းအဝိုင်းကို အတူတူတည်ဆောက်ကြရအောင်နော်။ 💪🥰

ကျွန်တော်တို့ M For Media မှတင်ဆက်တဲ့အကြောင်းအရာများကို Viber မှာလည်းဖတ်ရှုနိုင်ပါပြီ ✨
Viber ချန်နယ် Join ရန် 👉

https://bit.ly/3LRw31T



Video creator

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ကျွန်တော်အပါအဝင် လူငယ်တွေ စိတ်ဓာတ်ကျ လမ်းပျောက်နေကြပြီး ဒီအခြေအနေကြီးကို အမြန်ဆုံ...
26/09/2022

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ကျွန်တော်အပါအဝင် လူငယ်တွေ စိတ်ဓာတ်ကျ လမ်းပျောက်နေကြပြီး ဒီအခြေအနေကြီးကို အမြန်ဆုံး ကျော်လွှားနိုင်ဖို့ ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်။

အဲ့လိုအခက်အခဲတွေ ရင်ဆိုင်ရာမှာ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်းချင်း မတူညီကြပါဘူး။ တချို့အတွက် ဘာမဟုတ်တဲ့ ကိစ္စလေးက တချို့အတွက် ကိုယ့်ဘဝကိုတောင် လက်လျော့လိုက်နိုင်လောက်တဲ့အထိ ပြင်းထန်နေတတ်တယ်။ အထူးသဖြင့် စိတ်အပြောင်းအလဲမြန်ပြီး ခံစားချက်တွေကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ်တွေက ဒီလိုအခြေအနေမျိုးကို ဖြတ်ကျော်ဖို့ အရမ်းခက်ခဲတတ်ကြပါတယ်။

ဒါကြောင့် ကျွန်တော်က စိတ်ဓာတ်ကျချိန်၊ စိတ်ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ ကြံ့ကြံ့ခံ ကျော်ဖြတ်လို့ရမဲ့ နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းတွေက လူတိုင်းနဲ့ကိုက်ညီဖို့ မသေချာပေမဲ့ စိတ်ထွက်ပေါက်အနေနဲ့တော့ အသုံးချလို့ရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။🥰

ပထမဆုံးအနေနဲ့ “Take a Break” အရာအားလုံးကနေ ခဏတာအနားယူလိုက်ပါ။ ဟုတ်ပါတယ်။ တခါတလေ ကျွန်တော်တို့ဟာ ကိုယ့်ကိုစိတ်ရောကိုယ်ပါ ပင်ပန်းစေတဲ့ အရာတွေကနေ ခဏတာ အနားယူဖို့ လိုကိုလိုပါတယ်။ 💛

နောက်ပြီး အတွေးလွန်ခြင်း “Overthinking” မှလဲ ရှောင်ဖို့အရေးကြီးပါတယ်။ အတွေးလွန်ခြင်းက စိတ်ကိုပင်ပန်းစေတဲ့ အကြောင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အရာအားလုံးကနေ အနားယူတဲ့နေရာမှာ အတွေးလွန်ခြင်းတွေကလဲ အနားယူဖို့လိုပါတယ်။ 🧘‍♀️

နောက်တစ်ချက်အနေနဲ့ စိတ်ကို Relax ဖြစ်အောင် ထားရပါမယ်။ Relaxation လုပ်ဖို့အတွက်ဆို ကိုယ်ဝါသနာပါရာ ပေါ့ပေါ့ပါးပါး လုပ်နိုင်မဲ့ အရာလေးတွေလုပ်ဖို့ လိုပါတယ်။ ဥပမာ သီချင်းနားထောင်တာ၊ သီချင်းဆိုတာ၊ စာဖတ်၊ ပန်းချီဆွဲ၊ ရေကူး၊ စက်ဘီးစီး၊ ယောဂကျင့် စတဲ့ အရာတွေလုပ်န်ုင်ပါတယ်။ သီချင်းနားထောင်ရာမှာ နားကြပ်နဲ့ နားထောင်တာထက် Speaker နဲ့ နားထောင်တာက စိတ်ကိုပို relax ဖြစ်စေပါတယ်။ ဒါပေမဲ့ ကိုယ့်သီချင်းဆိုသံ၊ ဖွင့်ထားသံတွေက တခြားသူ အနှောင့်အယှက်မဖြစ်စေဖို့ လိုအပ်ပါတယ်။ ကိုယ်တစ်ယောက်ထဲ ဒီအခက်အခဲတွေကို ကြုံတွေ့နေရတာမဟုတ်ဘဲ တခြားသူတွေလဲ မိမိလိုပဲ အခက်အခဲတွေကို ရင်ဆိုင်နေရပြီး စိတ်ညစ်၊ စိတ်ရှုပ်ထွေး၊ စိတ်ဓာတ်ကျနေကြတယ်ဆိုတာ မမေ့ပါနဲ့။ 💁‍♂️

သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ယုံကြည်ရသူတွေကို ရင်ဖွင့်ပြောပြပါ။ မိမိရဲ့ အခက်အခဲတွေ ခံစားချက်တွေကို ယုံကြည်ရသူတွေနဲ့ ပြောဆိုတိုင်ပင်ခြင်းက ကိုယ့်ရဲ့သောကတွေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ 🧡

ဒါ့ကြောင့် ဘာဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်း ကြိတ်ခံစားနေတာထက် သူငယ်ချင်း အပေါင်းအသင်းတွေ မိသားစုတွေနဲ့ တိုင်ပင်အဖြေရှာကြည့်ကြရင် အခက်အခဲ အကျပ်အတည်းတွေကို နည်းလမ်းမှန်မှန်နဲ့ စိတ်ရောကိုယ်ပါ အဆင်ပြေကျန်းမာစွာနဲ့ ကျော်ဖြတ်နိုင်မှာ အသေအချာပါပဲ။ 💪💙




Skin care သုံးတဲ့အခါ budget save ဖြစ်အောင် ဘယ်လိုသုံးကြမလဲ။🤔ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အသက်ရလာတာတောင် သူ...
25/09/2022

Skin care သုံးတဲ့အခါ budget save ဖြစ်အောင် ဘယ်လိုသုံးကြမလဲ။🤔

ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အသက်ရလာတာတောင် သူများထပ်နုပျိုချင်တယ်ဆိုရင် ဆယ်ကျော်သက်အရွယ်ထဲက စတင်ပြီး Skin care ပေးဖို့လိုအပ်ပါတယ်။ 🤗

ဒါပေမဲ့အစစအရာရာ ရှားပါးခက်ခဲလာတဲ့ခေတ်ကြီးမှာ ဘက်ပေါင်းစုံကနေ အသုံးစရိတ်တွေလျှော့လာရပါတယ်။ Skincare ပြုလုပ်ရာမှာ မလိုအပ်တဲ့stepsတွေ ကျော်သွားလို့ရအောင် daily lifeအတွက် တကယ်အသုံးဝင်တဲ့ steps တွေပဲဖော်ပြပေးပါ့မယ်။🥰

• Double Cleansing💛

ကိုယ်က chemical suncream ပဲလိမ်းတယ်ဆိုရင် ဒီအဆင့်ကို skip လုပ်လိုက်ပါနော်။
Makeup လိမ်းတဲ့နေ့တွေမှာဆိုရင်တော့ double cleansing က လိုကိုလိုလာပါပြီ။ Double cleasing ဆိုတာ မျက်နှာနှစ်ခါသစ်ခြင်းမဟုတ်ပါဘူး။ ကိုယ်လိမ်းထားတဲ့ Make up အပေါ်မူတည်ပြီး သင့်လျော်တဲ့ Remover / cleansing oil ကို gentle ဖြစ်တဲ့ထဲက ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ လိမ်းထားသမျှ make up တွေ အညစ်အကြေးတွေ အကုန်ဖျက်ပစ်ပြီးမှ မျက်နှာသေချာသစ်ပေးသင့်ပါတယ်။ ဒါမှသာ အသားအရေညစ်နွမ်းတာ၊ ချွေးပေါက်ပိတ်ပြီး ဝက်ခြံအဆီဖု ထွက်တာတွေ မဖြစ်တော့မှာပါ။ ကိုယ်ကအိမ်မှာပဲနေတယ်၊ suncream ဘာညာလည်းမလိမ်းဖြစ်ဘူး ဆိုရင်တော့ ဒီstep ကို ကျော်လိုက်ပါနော်။💁

• Facial foam💙

တနေကုန်ပင်ပန်းနွမ်းနယ်နေတဲ့ skin ကို လန်းဆန်းစေဖို့ဆိုရင် မျက်နှာသစ်ဖို့က အရေးကြီးပါတယ်။မျက်နှာကိုတော့ မျက်နှာသစ်ဆေးနဲ့မသစ်တဲ့သူဆိုတာ မရှိကြလောက်ပါဘူး။ ဈေးကြီးတဲ့ productထပ် ကိုယ်နဲ့ကိုက်ညီမှုရှိမဲ့ product ကိုသာ သေချာရွေးချယ်ဝယ်ယူတတ်ဖို့လိုပါတယ်။
မျက်နှာသစ်ပြီးတဲ့အခါမှာလဲ wet tissues တွေထပ် သီးသန့်မျက်နှာသုတ်ပဝါအသေးလေးတွေ ဆောင်ထားနိုင်ရင် budget ပိုကိုက်ပါတယ်။😉

• Toner 💜

မျက်နှာသစ်ပြီးတဲ့အခါမှာ မျက်နှာအသားအရေကို ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုကို လိုပါတယ်။ Toner အဆင့်ကို ကျော်သွားတာမျိုးက တခါတလေအဆင်ပြေပေမဲ့ ရေရှည်ကျရင် ချွေးပေါက်ကျယ်တာ အသားအရေညစ်နွမ်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို skincare routine 2 ခါလုပ်ရင် 1ခါတော့ကျိန်းသေပေါက် toner အသုံးပြုစေချင်ပါတယ်။ toner အသုံးပြုတဲ့အခါမှာ budget save ဖြစ်စေဖို့အတွက် cotton pad အစား လက်ထဲမှာပဲ နည်းနည်းလေးထည့်ပြီး အသုံးပြုပေးတာ ပိုအဆင်ပြေပါတယ်။ cotton pad က toner တွေကိုအများကြီး စုပ်ယူသွားနိုင်လို့ပါ။😣 နှမြောစရာကြီး :')

• Moisturiser💚

Moisturizer အသုံးပြုတဲ့နေရာမှာလည်း ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ product ကိုအသုံးပြုဖို့ အရမ်းကိုအရေးကြီးပါတယ်။ မျက်နှာအတွက် လုံလောက်တဲ့ပမာဏ လိမ်းရုံနဲ့တင် အဆင်ပြေပါတယ်။ လက်ထဲမှာ ပိုသေးရင် လည်ပင်းလေးကိုပါလိမ်းပေးဖို့မမေ့ပါနဲ့နော်။ တချို့က အဆီပြန်တဲ့အသားအရေတွေဆိုရင် လိမ်းစရာမလိုဘူးဆိုပြီး အထင်မှားတတ်ကြတာမျိုးတောင်ရှိပါတယ်။ အသားအရေအမျိုးအစားတိုင်းအတွက် သင့်တော်တဲ့ moisturizer က ဈေးကွက်ထဲမှာ ရှိပြီးသားနော်။ မလိမ်းလေလေ ကိုယ့်အသားအရေ ပိုပျက်စီးလေပါ။🙄 Trust me!

• Suncream🧡

လူတိုင်းနီးပါးသိပေမဲ့ မလိမ်းကြတဲ့အချက်လာပါပြီ။ ဒါကတော့ Suncream ပါ။ သိတဲ့အတိုင်း ဒီနိုင်ငံက အရမ်းပူတယ် ချွေးထွက်များကြတဲ့အတွက် suncream လိမ်းလိုက်ရင် ပူနေမယ် အဆီပြန်နေမယ် စသဖြင့် ကြောက်တတ်ကြပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်အသားအရေနဲ့ကိုက်တဲ့ product တွေ့ထားရင် တကယ်ရွှေပါ။ အိမ်နေရင်းမလိမ်းရင်တောင် နေရောင်ခြည်ရတဲ့ချိန် အပြင်သွားတဲ့လူတိုင်း မဖြစ်မနေ လိမ်းကိုလိမ်းသင့်တဲ့ productပါ။
Tone up ပါတာရွေးထားရင် makeup လိမ်းစရာမလိုတော့လို့ budget တောင် save ဖြစ်ပါသေးတယ်။ ကိုယ့်အသားအရေက ဘာနဲ့ကိုက်လဲ physical suncream နဲ့ အဆင်ပြေမလား။ chemical suncream ဆိုတာကရောဘယ်လိုလဲ။ ဆိုတာသိဖို့အတွက် social media တွေမှာ bloggers တွေမျှဝေထားတဲ့ အချက်အလက်တွေကို သေချာဖတ်ပြီးမှ ကိုယ်နဲ့အဆင်ပြေမဲ့ဟာ ဝယ်ဖို့တိုက်တွန်းပါရစေ။😚

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ daily skincare routine အတွက် တော်တော်budget save ဖြစ်သွားလောက်ပြီလို့မြင်ပါတယ်။ Extra care လုပ်ချင်ပါတယ်ဆိုရင်တော့ Exfoliating လုပ်တာ၊ Sheet mask ကပ်တာတွေကိုတော့ ကိုယ်အဆင်ပြေသလို 1လ 1ခါ (or) 2ပတ်1ခါ အသုံးပြုပေးနိုင်ပါတယ်။ အားလုံးပဲ Budget နည်းနည်းနဲ့ အရင်လိုဆက်လှနိုင်ကြပါစေနော်။❣️




ချိန်ခွင်လို မျှမျှတတ အတွေးအခေါ်ရှိကြသူများ သို့မဟုတ် Libra များ ♎ Libra ရာသီခွင်လည်းရောက်ပြီဖြစ်တာကြောင့် Libra ရာသီခွင...
24/09/2022

ချိန်ခွင်လို မျှမျှတတ အတွေးအခေါ်ရှိကြသူများ သို့မဟုတ် Libra များ ♎

Libra ရာသီခွင်လည်းရောက်ပြီဖြစ်တာကြောင့် Libra ရာသီခွင်ပိုင်ရှင်များရဲ့ထူးခြားချက်လေးအကြောင်း ရှင်းပြပေးပါမယ်။ Libra ရာသီခွင်ပိုင်ရှင်လေးတွေက Sep 23 မှ Oct 23 အတွင်းမွေးဖွားကြပြီး သတ္တမမြောက်ရာသီခွင်လေးတွေဖြစ်ကြပါတယ်။ Libra ရာသီခွင်ကို Venus ဂြိုလ်ကလွှမ်းမိုးထားပါတယ်။

♎Libraတွေဟာ Air signထဲမှာပါဝင်ပြီး Libraတွေကို ⚖ ချိန်ခွင်နဲ့ကိုယ်စားပြုဖော်ပြကြပါတယ်။ ဒါကြောင့် Libra တွေဟာ Balance ဖြစ်အောင်လုပ်ပေးတဲ့နေရာမှာနာမည်ကြီးပါပဲ။ တရားမျှတတာကိုနှစ်သက်ကြတဲ့သူတွေဖြစ်တဲ့အလျောက် သူတို့ဟာ လူမှုပတ်ဝန်းကျင်မှာ အမြဲတမ်း မျှတအောင်အခြေအနေတွေကို ထိန်းနိုင်တာကြောင့် လူချစ်လူခင်ပေါပြီး 🙆 socialကျတဲ့ signလေးတွေဖြစ်ကြပါတယ်။

Air sign သဘာဝအလျောက် ချုပ်ချယ်ခံရတာမကြိုက်ဘူး၊ စိတ်ကူးတွေအကြံဉာဏ်တွေ ကွန့်မြူးနိုင်တယ်ဆိုပေမယ့် အထိန်းအကွပ်မဲ့ စည်းလွတ်ဝါးလွတ်မဖြစ်အောင်လည်းထိန်းနိုင်ကြပါတယ်။ သူတို့ကျင်လည်ရာ ဘယ်လိုပတ်ဝန်းကျင်ရောက်ရောက် ညှိယူပြီးပြောင်းလဲနိုင်စွမ်းမြင့်ကြပါတယ် 😇

သူငယ်ချင်းအပေါင်းအသင်းကြားမှာလည်း ဘယ်လိုPersonalityနဲ့လူဖြစ်နေပါစေ သူတို့ပေါင်းနိုင်သင်းနိုင်ကြပါတယ်။ အချစ်ရေး ❤ နဲ့ သူငယ်ချင်းအပေါင်းအသင်းဆက်ဆံရေး 🤍 နှစ်ခုလုံးကိုလည်း ဘယ်ဘက်မှအလေးမသာအောင် ညှိထားနိုင်ကြပါတယ်။ ချစ်သူကိုအချိန်ပေးသလို သူငယ်ချင်းကိုလည်းမေ့ထားကြတဲ့သူတွေမဟုတ်ပါဘူး။

စိတ်နုတဲ့သူတွေဖြစ်တာကြောင့် လူတကာကိုအမြဲတမ်း တန်းတူညီကောင်းကောင်းမွန်မွန် ဖော်ဖော်ရွေရွေဆက်ဆံပေးတတ်ကြပါတယ်။ ❣ ဒီလိုဆက်ဆံပေးတာကောင်းပေမယ့် တဖက်ကလူတွေရဲ့အမြင်မှာတော့ သူတို့ရဲ့သဘောကောင်းပေးတာကို flirtတယ်၊ playတယ် စသဖြင့်အထင်မြင်လွဲပြီး 😞 လူဆိုး sign လေးတွေလို့မြင်ခံရကြပါတယ်။ စိတ်ကူးတွေ အတွေးတွေကို လွတ်လွတ်လပ်လပ်တွေးကြတဲ့သူတွေဖြစ်တဲ့အလျောက် အကြံဉာဏ်အသစ်တွေကိုမှ ပတ်ဝန်းကျင်နဲ့အညီလည်းဖြစ်စေမယ့် ideaတွေကို သူတို့ဆီကရနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီရာသီခွင်တွေက stylist၊ designer၊ အိမ်တွင်းအလှဆင်ခြင်း၊ အလှအပရေးရာအကြံပေးစတဲ့ နယ်ပယ်တွေမှာ အောင်မြင်နိုင်ကြပါတယ် 🤓

ဒီလို စိတ်ကူးကောင်းအကြံဉာဏ်ကောင်းတွေအများကြီးရှိတတ်ကြတဲ့သူတွေအလျောက် သူတို့ဟာရွေးချယ်ဖို့အတွက် ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲတတ်ကြပါတယ်။ ဟိုဟာပိုကောင်းနိုးနိုး ဒီဟာပိုကောင်းနိုးနိုးနဲ့ ဆုံးဖြတ်ချက်တွေ တွေဝေတတ်ကြပါတယ် 🤔 ကိုယ့်အမြင်နဲ့ ပတ်ဝန်းကျင်အမြင်တွေကို ယှဉ်ပြီးလိုက်ညှိယူတာထက် ကိုယ့်ရဲ့စိတ်ထဲကဖြစ်လာတဲ့ အကြံဉာဏ်အတိုင်း ယုံကြည်ပြီးလိုက်လုပ်တာက ပိုအဆင်ပြေပါတယ်။ ဒါကြောင့် မျှတအောင်လိုက်ညှိယူတာကောင်းပေမယ့် အချို့အရာတွေမှာလည်း ကိုယ့်စိတ်ထဲကဆုံးဖြတ်ချက်အတိုင်းလိုက်လုပ်ဖို့အကြံပေးပါရစေနော် 🤗

အရာရာကို balanceဖြစ်အောင်လိုက်ထိန်းတတ်တဲ့သူတို့အဖို့ အချစ်ရေးမှာလည်း လူတိုင်းကို မျှတအောင်ဆက်ဆံတတ်ကြပါတယ်။ အားလုံးကိုတန်းတူမျှ ချစ်ပေးတာပါဆိုသလိုပေါ့ 🤭 အသစ်အဆန်းတွေ အမြဲကြိုက်တဲ့သူတွေ ဖြစ်တဲ့အလျောက် အချစ်ရေးမှာလည်း အသစ်အဆန်းလေးတွေ ရှာချင်စိတ်ကိုထိန်းရပါမယ်။ ဆိုလိုချင်တာက ကိုယ့်စိတ်ကိုအရင်သေချာသိအောင်လုပ်ပြီးမှ ဒီလူနဲ့တွဲသင့်မတွဲသင့်ဆုံးဖြတ်တာမျိုး​ပေါ့။ ဟိုလိုလိုဒီလိုလို အစမှာတော့အရူးအမူးဖြစ်သလိုနဲ့ 🙄 နောက်ပိုင်းကျတော့ ထင်ထားသလိုမဟုတ်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း play တဲ့ရာသီခွင်လို့သတ်မှတ်ခံရတာပါ။ (တခြား libra တွေတော့မသိပေမယ့် ကိုယ့်libra သူငယ်ချင်းကတော့အဲ့လိုပါ 😂)

ဘေးလူတွေရဲ့လိုက်တယ်ဘာညာ တွဲသင့်တယ် စတဲ့အကြံပေးချက်အမြင်တွေထက် ကိုယ့်စိတ်ထဲက တကယ်သဘောကျမကျ ဆန်းစစ်ပြီးမှတွဲသင့်ပါတယ်။ ဒါပေမယ့်အချစ်ရူးတော့မဖြစ်စေနဲ့ပေါ့နော် :3။ ကိုယ်မကြိုက်တဲ့သူကိုလည်း အားမနာတမ်းငြင်းပါ။ ❌ အားနာပြီး စိတ်ထိခိုက်သွားမလား တွေးပြီး ကိုယ်ကတော့ငြင်းတယ်ထင်လိုက်တာပဲ တဖက်လူကတော့ ဟုတ်ပြီထင် နောက်မှအဖြစ်မှန်ကို ရှင်းရှင်းလင်းလင်းသိရတဲ့အခါ ကိုယ်ကပဲလူဆိုးဖြစ်ရပါတယ် 😑

အရာရာကိုမျှမျှတတ တန်းတူညီမျှ ဆက်ဆံဆုံးဖြတ်ရမယ်ဆိုပေမယ့် ငြင်းသင့်တဲ့သူကိုငြင်းပါ။ ကိုယ်မလုပ်ပေးနိုင်တဲ့အရာကို အားနာမနေပဲ 🙅 အပြတ်ငြင်းပါ။ လူတကာအပေါ်စေတနာတအားပိုပြီး ကောင်းပေးတတ်တာကို သတိထားသင့်ပါတယ်။ တချို့လူတွေကစေတနာလို့မမြင်ပဲ ကိုယ့်ကိုအပိုပြောတဲ့သူ၊ လွယ်တဲ့သူ၊မျက်နှာကောင်းရအောင် တမင်ဟန်လုပ်နေတဲ့သူ စသဖြင့် အတင်းပြောခံရတာတွေ ရှုံ့ချခံရတာတွေ ကြုံရတတ်ပါတယ်။ ;(

ဒီလောက်ဆို Libraလေးတွေရဲ့ထင်ရှားတဲ့ထူးခြားချက်လေးတွေ သိလောက်ပြီထင်ပါတယ် 😄 Libraရာသီခွင်လေးတွေမှာတွေ့ရတတ်တဲ့ သဘောသဘာဝကို အကြမ်းဖျင်းရေးထားတာကြောင့် moon sign,rising signကိုလိုက်ပြီး အချက်တိုင်းမတူညီနိုင်တဲ့ libra လေးတွေလည်းရှိနိုင်ပါတယ်နော်။ နောက်လာမယ့်အခေါက်တွေမှာလည်း တခြားစိတ်ဝင်စားဖွယ်ကောင်းတာလေးတွေယူလာအုံးမှာမို့ စောင့်မျှော်ပေးကြပါအုံးနော်။ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့် 💓

Zodiac ပက်သက်တဲ့အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် အောက်က Link တွေကနေ ဝင်ဖတ်ကြည့်နိုင်ပါတယ်။👇

Zodiac Signs တွေနဲ့ အချစ်ရေးအမြင် - https://www.facebook.com/105605218954687/posts/pfbid02X4tJRHE9tJtNWeck9LcUxL2RVLCc4846ioT5ZbG6RfC7k34Fmy1Thzv2hxLXdFH3l/

Virgo - https://www.facebook.com/105605218954687/posts/pfbid02o18X6TYpg8PFgKrQgNHsDBAt2MraMJjQcpWDc7KMfDDccdCkN28dq7982FMyMBpUl/

Virgo-Libra Cusp - https://www.facebook.com/permalink.php?story_fbid=pfbid034HNWrp9Duxry7cc1kmnmeg5ndchWiviy3n8zKyhazahKAXJVH2axhzDHJaiWczQCl&id=105605218954687

Scorpio တွေက တကယ်ပဲ လူဆိုးတွေလား - https://www.facebook.com/105605218954687/posts/pfbid02DWcM9c5XmJAPTkstKZrRBeqSALgAPfRmxTJyBUB8o5aAfqBQdJA47RuGpupmpTzbl/

4 Elements Groups -
https://www.facebook.com/105605218954687/posts/pfbid02LmcfJ8DpU93R3yiJ4tARydF3P6qLKZX2UuBkHau8DR1Po5aQEWURXvNwqQNEnJVZl/


#‌airsign

Address


Telephone

+959751234824

Website

Alerts

Be the first to know and let us send you an email when Mtertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mtertainment:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share