05/01/2022
လဘက်ရည်ဆိုင်ထဲသို့ ရပ်ပါယောင်ယောင်ဘာယောင် တောသား လေးကောင်ဝင်လာသည်။
တောသားတစ်ယောက်မှ စာပွဲထိုးအား စားစရာဘာရလဲ ဟုမေးသည်။ နောက်တောသားတစ်ကောင်မှ
"စားစရာဘာရလဲ မမေးနဲ့ ငါတို့သကြားပလာတာ မှာရမယ် "
ပါးပြေးရိုက်ချင်စရာကောင်းလှသော အသံဖြင့်ကျက်သရေကင်းမဲ့စွာပြောလိုက်သည်။
စာပွဲထိုးမှာစိတ်မရှည်ဖြစ်ကာ မီနူးများကိုရွတ်ပြနေသည် ။ တောသား လေးယောက်ထဲမှတစ်ကောင်က ကြက်သားပလာတာ စားချင်သဖြင့်မှာလိုက်သည် ။မျက်လုံးပြူးပြူးဖြင့်တောသားတစ်ကောင်မှ
" ကြက်သားပလာတာတော့မလုပ်ပါနဲ့သားကြီးရာ ငါရင်ပြည့်နေလို့ မင်းမှာ လျက်ဆား ပါလား "
ကြားရသူ အမြင်ကပ်စရာကောင်းအောင် ပြောလိုက်ပြန်သည် ။
" လျက်ဆားပါလား လို့မေးရအောင် မပါရင်သွားခိုးမှာမလား မင်းကငတတ်ပြားဇာတာ "
ကျက်သရေကင်းမဲ့လှသောအသံကား ထပ်မံထွက်ပေါ်လာသည် ။
"ငါက ငတတ်ပြားဇာတာ ထားလိုက်ပါတော့ ဒါပေမဲ့ မင်းအိမ်လို အကြွေးရှင်တွေတစ်ပတ်ခြားတစ်ခါမလာ"
နောက်ဆုံးတောသား တစ်ကောင်မှ
" လျှောက်ပြောမနေနဲ့ အားလုံး ဇေ ကိုတစ်နေ့တစ်ပုလင်းသောက်တဲ့ အရက်သမားပါကွာ "
ဟားဟားဟားဟားဟား
တစ်ဆိုင်လုံးတွင် ထိုတောသားများ၏ ရယ်သံများဖြင့်ပြည့်နှက်နေသည်။ ထိုစဥ် သူတို့ဝိုင်း အနီးသို့ လူတစ်ယောက် မနှေးမမြန်ရောက်လာသည် လူချည်းသက်သက်တော့မဟုတ် လက်ထဲတွင် အသင့်ပါလာသော သစ်သားခုံဖြင့် ရောက်ရှိလာသည်။
'အုန်း ခွပ် အု အား'
တောသား လေးယောက် အတုန်းအရုန်းလဲကျသွားသည်။ ထို့နောက်တည်ငြမ်ရင့်ကျက်သောအသံဖြင့်
"တ တောသားငါxိုးမသား xီးတောင်အရှင်မထား"
ဟုဆဲကာ ထွက်သွားတော့သည်
"ရွှီး ရွှီး ဖြောင်း ဖြောင်း "
ယုံကြည်ချက်အပြည့်ဖြင့်ထွက်သွားသောလူ၏အနောက်တွင် လက်ခုပ်ဩဘာ သံများနှင့်အတူ တောသားလေးကောင်မှာ လဲကျ ကျန်ရစ်ခဲ့တော့သည်။
ထို ထွက်ခွာသွားသော သူမှာမည်သူဖြစ်ကြောင်း အထူးတလည်ပြောပြရန်မလို စာဖတ်သူတို့ရိပ်မိလောက်မည်ထင်ပါသည်။
ပြီး
#သခင်တစ်ယောက်ထံမှကူးယူဖော်ပြသည်