FLOAT News
FLOAT News သတင်းစာပညာဖြင့် နိုင်ငံအကျိုး သယ်ပ?
24/11/2023
ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူကျောက်ဆင်းတုတော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ပထမအကြိမ် မသိုးသက်န်းကပ်လှူပူဇော်ပွဲ ကျင်းပနေ
ဝင်းဦး
၂၄.၁၁.၂၀၂၃
နှစ်စဥ် တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဘုရားစေတီတွေမှာ မသိုးသက်န်းယှက်လုပ်ပြီး ကပ်လှူပူဇော်တာဟာ ထေရဂါဒဗုဒ္ဓသာသနာတော် တည်တံခိုင်မြဲခြင်းအကြောင်းတရားတစ်ခုလည်းဖြစ်ပါတယ်။
န.စ.က ဥက္ကဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စေတနာရှင် ခုနှစ်ရက်သားသမီးအပေါင်းတို့က ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံခိုင်မြဲကြောင်း ကမ္ဘာကိုပြသတဲ့အနေနဲ့ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူကျောက်ဆင်းတုတော်
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်လှူဒါန်းပူဇော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးပွင့်ပွဲအခမ်းအနားကို ယခု ၂၀၂၃ ခုနှစ် ၊ သြဂုတ်လပထမပတ်ထဲမှာပြုလုပ်ခဲ့တာဖြစ်ပြီး ၊ သြဂုတ်လ ၈ ရက်နေ့မှာ ပြည်သူတွေကို ဝင်ရောက်ဖူးမြှော်ပူဇော်ခွင့်ပြုခဲ့ပါတယ်။
ယခုပြုလုပ်နေတဲ့ မသိုးသက်န်း ယှက်လုပ်ကပ်လှူပူဇော်ပွဲအခမ်းအနားဟာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ထဲမှာတည်ထားကိုးကွယ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ပထမအကြိမ်မြောက်ဖြစ်ပါတယ်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ မသိုးသက်န်းယှက်လုပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယခု နိုဝင်ဘာလ (၂၅) ရက် မှ (၂၇) ရက်အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မသိုးသက်န်းယှက်လုပ်မှုပြိုင်ပွဲနဲ့အတူ မီးပုံးပျံများလွှတ်တင်ပွဲ နှင်​့ စျေးရောင်းပွဲတော်ကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့သိရပါတယ်။
ပြည်သူတွေအနေနဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို နေ့စဥ် မနက် ၆ နာရီ မှ ည ၈ နာရီအထိ ဝင်ကြေးမပေးရပဲ ဖူးမြှော်ပူဇော်နိုင်ပါတယ်။
လက်ကိုင်ဖုန်းပါရင်တော့ ဖုန်းတစ်လုံးကို ကျပ် ၁၀၀၀ ပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။
ပွဲတော်ရက်အတွင်းမှာတော့ မီးပုံးပျံလွှတ်တင်မှုတွေ ဘယ်အချိန်ပြီးမလဲဆိုတာမသိနိုင်လို့ ဘုရားဝင်းပိတ်တဲ့အချိန်ဟာ နောက်ဆုတ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မသိုးသက်န်းကပ်လှူပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေသည်ကို (၂၄.၁၁.၂၀၂၃) ရက်က တွေ့မြင်ရစဥ်
18/11/2022
ယနေ့ပြုလုပ်သည့် (၂၁)ကြိမ်မြောက် န စ က သတင်းစာရှင်းလင်းပွဲ မစတင်မီ မြင်ကွင်း
ဝင်းဦး
၁၈.၁၁.၂၀၂၂
NHP Youtube Channel မှ Live ထုတ်လွှင့်နိုင်အောင် ကျိုးစားနေကြောင်း သတင်းကောင်းပါးအပ်ပါသည်။
လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် မနက်ဖြန်တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့တဖြည်းဖြည်းအားကောင်းလာနိုင်နေ့စဉ...
18/11/2022
လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် မနက်ဖြန်တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့တဖြည်းဖြည်းအားကောင်းလာနိုင်
နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
==========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တို့တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ (၁၉.၁၁.၂၀၂၂)ရက်နေ့၌ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့တဖြည်းဖြည်းအားကောင်းလာနိုင်ပြီး၊ (၂၂.၁၁.၂၀၂၂)ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
Zawgyi
********
နေ့စဉ်မိုးလေဝသသတင်း
------------------------
==========================================
၈၈ ပွင့်လင်း ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြန်လွတ်လာပြီဝင်းဦး၁၇.၁၁.၂၀၂၂ယနေ့ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် န...
17/11/2022
၈၈ ပွင့်လင်း ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြန်လွတ်လာပြီ
ဝင်းဦး
၁၇.၁၁.၂၀၂၂
ယနေ့ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် န စ က အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်၌ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ကိုမြအေး ပါဝင်လွတ်မြောက်လာပြီဖြစ်သည်။
ကိုမြအေး နှင့်အတူ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် သည်လည်းကောင်း ၊ စာရေးဆရာ မောင်သာချို သည်လည်းကောင်း လွတ်မြောက်လာသည်ဟုသိရသည်။
၎င်းတို့အနေဖြင့် မြန်မာ့နိုင်ငံရေးတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။
Zawgyi
********
ဝင်းဦး
၁၇.၁၁.၂၀၂၂
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမှာကို ကြောက်နေသူများ နှင့် BBC ရဲ့ နိုင်ငံရေးစော်ကားမှုhttps://youtu.be/I-OHGHdYPhsဝင်းဦ...
17/11/2022
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမှာကို ကြောက်နေသူများ နှင့် BBC ရဲ့ နိုင်ငံရေးစော်ကားမှု
https://youtu.be/I-OHGHdYPhs
ဝင်းဦး
၁၇.၁၁.၂၀၂၂
ယနေ့ နိုဝင်ဘာ ၁၇ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) နေ့သည် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။
ထိုနေ့တွင် န စ က မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် ၆၀၀၀ နီးပါးပေးခဲ့ရာ ထိုသူများထဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်ကို ကြောက်နေသူများရှိကြလေသည်။
ထိုသူများသည်......
ဘီဘီစီ မြန်မာပိုင်းသည် ယနေ့တွင် မြန်မာနိုင်ငံတော်အလံအား မှားယွင်းစွာ လိုသလိုအဓိပ္ပါယ်ဖွင့်ဆို၍ မြန်မာနိုင်ငံအား စော်ကားသွားခဲ့သည်။
ထိုအကြောင်းကို......
အမေစု ပြန်လွတ်လာပြီဆိုလျှင် ပထမဆုံးလုပ်ဆောင်မည်မှာ ဘယ်အရာဖြစ်မည်ဟု သင်တို့ထင်ပါသလဲ...
Zawgyi
********
ဝင်းဦး
၁၇.၁၁.၂၀၂၂
ထိုသူများသည်......
ဘီဘီစီ မြန်မာပိုင်းသည် ယနေ့တွင် မြန်မာနိုင်ငံတော်အလံအား မှားယွင်းစွာ လိုသလိုအဓိပ်ပါယျဖှငျ့ဆို၍ မြန်မာနိုင်ငံအား စော်ကားသွားခဲ့သည်။
ထိုအကြောင်းကို......
NLD အစိုးရဟောင်း၏ နိုင်ငံခြားသား စီးပွားရေးအကြံပေး ၊ ဗြိတိန်သံအမတ်ဟောင်းတို့ ဇနီးမောင်နှံ ၊အမေရိကန်နိုင်ငံသား ၊ ဂျပန်သတင...
17/11/2022
NLD အစိုးရဟောင်း၏ နိုင်ငံခြားသား စီးပွားရေးအကြံပေး ၊ ဗြိတိန်သံအမတ်ဟောင်းတို့ ဇနီးမောင်နှံ ၊
အမေရိကန်နိုင်ငံသား ၊ ဂျပန်သတင်းထောက် ၊ ဝန်ကြီးချုပ်ဟောင်း / ယခင်ရွေးကော်အဖွဲ့ဝင်ဟောင်း / ပြည်ထောင်စုဝန်ကြီးဟောင်း နှင့် အနုပညာရှင် ၁၁ ဦး ၊ဟာသ သရုပ်ဆောင် ဆင်မ လွတ်လူထဲပါဝင်
ဝင်းဦး
၁၇.၁၁.၂၀၂၂
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း
လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်
လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၅ဝ၉၈) ဦးနှင့် အကျဉ်းသူ (၆၇၆)ဦး စုစုပေါင်း (၅၇၇၄) ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်ပြီဖြစ်သည်။
ထိုသို့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် NLD အစိုးရဟောင်း၏ နိုင်ငံခြားသား စီးပွားရေးအကြံပေး ၊ ဗြိတိန်သံအမတ်ဟောင်းတို့ ဇနီးမောင်နှံ ၊ အမေရိကန်နိုင်ငံသား ၊ ဂျပန်သတင်းထောက် ၊ ဝန်ကြီးချုပ်ဟောင်း / ယခင်ရွေးကော်အဖွဲ့ဝင်ဟောင်း / ပြည်ထောင်စုဝန်ကြီးဟောင်း နှင့် အနုပညာရှင် ၁၁ ဦး ၊ဟာသ သရုပ်ဆောင် ဆင်မ တို့ကို သီးခြားအမိန့်များထုတ်၍ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
အသေးစိတ်သိရှိနိုင်ရန် အမိန့်ကြေညာချက်များအားဖော်ပြထားသည်။
နောက်ဆက်တွဲသတင်းအား NHP Youtube Channel. ၏ Live ထုတ်လွှင့်မှုအစီအစဥ်တွင် ပြောကြားပေးသွားမည်ဖြစ်သည်။
Zawgyi
********
ဝင်းဦး
၁၇.၁၁.၂၀၂၂
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မဟာ သရေစည်သူဘွဲ့ ချီးမြှင့်ခြင်းခံရဝင်းဦး၁၇.၁၁.၂၀၂၂မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင...
17/11/2022
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မဟာ သရေစည်သူဘွဲ့ ချီးမြှင့်ခြင်းခံရ
ဝင်းဦး
၁၇.၁၁.၂၀၂၂
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း
လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်)တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းလိုက်ကြောင်း သတင်းရရှိသည်။
ထိုသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် ပြည်ထောင်စု သဂ်ဟစည်သူဘွဲ့များအနက်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ၊ နိုင်ငံတော်ဒတိယဝန်ကြီးချုပ် ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံခဲ့ရသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ၊ ပြည်ထောင်စုဝန်ကြီးများ ၊ ဝန်ကြီးချုပ်များ ၊ စာရေးဆရာကြီးများ ၊ ဘာသာပေါင်းစုံမှဘာသာရေးဆရာများကိုလည်း စည်သူဘွဲ ၊ သီရိပျံချီဘွဲ့ နှင့် ဇေယျကျော်ထင်ဘွဲ အား အသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဘွဲ့တံဆိပ်ရရှိသူများစာရင်းကို ဖော်ပြထားသည်။
Zawgyi
********
ဝင်းဦး
၁၇.၁၁.၂၀၂၂
ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းဆိုင်ရာ သတင်းထုတ်ပြန်ဝင်းဦး၁၆.၁၁.၂၀၂၂ထုတ်ပြန်ချက်အားဖေ...
16/11/2022
ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းဆိုင်ရာ သတင်းထုတ်ပြန်
ဝင်းဦး
၁၆.၁၁.၂၀၂၂
ထုတ်ပြန်ချက်အားဖော်ပြထားသည်။
ကိုမင်းကိုနိုင် ပြန်ထွက်လာ / ကျွဲဖြူသတင်း / သပြုမိုင်းသတင်းကိုမင္းကိုနိုင္ ပြန်ထွက်လာ / ကျွဲဖြူသတင်း / သပြုမိုင်းသတင်းht...
16/11/2022
ကိုမင်းကိုနိုင် ပြန်ထွက်လာ / ကျွဲဖြူသတင်း / သပြုမိုင်းသတင်း
https://youtu.be/VCEsuYE7OtA
ဝင်းဦး
၁၆.၁၁.၂၀၂၂
16/11/2022
ဘုရားသုံးဆူနယ်မြေမှာရှိတဲ့ သဗြုမိုင်းတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ရှင်းလင်း
ဝင်းဦး
၁၆.၁၁.၂၀၂၂
တကယ်တော့ သပြုဒေသကမိုင်းတွင်းလုပ်ကွက်တွေဟာ ၂၀၁၆ ခုနှစ်ကတည်းက သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး ယနေ့မှာ KNU တပ်မဟာ ၆ နဲ့ တရားမဝင်ပူးပေါင်းလုပ်ကိုင်နေတာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
နိုင်ငံခြားသားတွေ လုပ်ကိုင်နေတာကို အတည်ပြုနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ၊ နိုင်ငံခြားသားတွေရှိနေမယ်ဆိုရင်လည်း KNU က တရားမဝင်ခေါ်သွင်းလာသူတွေသာဖြစ်မယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုသွားပါတယ်။
သတင်းအပြည့်အစုံကိုတော့ န စ က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ ဖြေကြားချက်ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ရုပ်သံ - Credit
Zawgyi
********
ဝင်းဦး
၁၆.၁၁.၂၀၂၂
ရုပ်သံ - Credit
ထောင်တွင်းက ကောင်းဘွိုင်များ နှင့် ငြီးတွားလာသောကုန်စျေးနှုန်းများေထာင္တြင္းက ကောင်းဘွိုင်များ နှင့် ငြီးတွားလာသောကုန်စေ...
16/11/2022
ထောင်တွင်းက ကောင်းဘွိုင်များ နှင့် ငြီးတွားလာသောကုန်စျေးနှုန်းများ
ထောင်တွင်းက ကောင်းဘွိုင်များ နှင့် ငြီးတွားလာသောကုန်ဈေးနှုန်းများ
https://youtu.be/4HlurUMC7E0
ဝင်းဦး
၁၆.၁၁.၂၀၂၂
ဒေါ်အောင်ဆန်းစုကြည် နှင့် ထောင်တွင်းစျေးတန်းလေးေဒၚေအာင္ဆန္းစုၾကည္ နှင့် ထောင်တွင်းဈေးတန်းလေးဝငျးဦး၁၅.၁၁.၂၀၂၂
15/11/2022
ဒေါ်အောင်ဆန်းစုကြည် နှင့် ထောင်တွင်းစျေးတန်းလေး
ဒေါ်အောင်ဆန်းစုကြည် နှင့် ထောင်တွင်းဈေးတန်းလေး
ဝင်းဦး
၁၅.၁၁.၂၀၂၂
15/11/2022
စစ်ကျွန်ပညာရေး / သခင်ပညာရေး နှင့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့
ဝင်းဦး
၁၆.၁၁.၂၀၂၂
15/11/2022
မွေးနေ့ပွဲသွားသည့်ကားတစ်စီး မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် တစ်ဦးသေ ၊ ၅ ဦးဒဏ်ရာရ
ဝင်းဦး
၁၅.၁၁.၂၀၂၂
ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာလမ်းခွဲ၌ ကားတစ်စီးအား PDF များက နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ … မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တမ်းရပ်ကွက်နေ ဒေါ်လှလှဝင်းသည် မြင်းခြံမြို့ နယ်၊ ကျောက်တိုင်ကျေးရွာသို့ မွေးနေ့ပွဲသွားရောက်ရန်
မိတ်ဆွေများခေါ်ဆောင်၍ LIGHT TRUCK အမျိုးအစား မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ငါန်းဇွန်မြို့နယ်၊ တံတားဦး- မြင်းခြံသွား ကားလမ်း၊ မင်းနေကုန်းကျေးရွာလမ်းခွဲသို့ ညနေ ၃ နာရီခွဲခန့်အချိန်၌ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ ဝဲဘက်
ခြမ်းမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန်သေဆုံးခဲ့ပြီး၊ ၅ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး သေဆုံးအလောင်းနှင့် ဒဏ်ရာရသူများအား ဆေးကုသမှုခံယူနိုင်ရေး မန္တလေး
ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ကြောင်းနှင့် ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PDF. အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Zawgyi
********
ဝင်းဦး
၁၅.၁၁.၂၀၂၂
ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲဖြစ်ပေါ်မိုးလုံးပြည့်၁၅.၁၁.၂၀၂၂မနေ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးအပြောင်းအ...
15/11/2022
ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲဖြစ်ပေါ်
မိုးလုံးပြည့်
၁၅.၁၁.၂၀၂၂
မနေ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးအပြောင်းအလဲပြုလုပ်သည့်ထုတ်ပြန်ချက်တချို့ကို န စ က မှ ထုတ်ပြန်သွားခြင်းဖြစ်သည်။
ထုတ်ပြန်ချက်များအား ဖော်ပြထားသည်။
Zawgyi
********
မိုးလုံးပြည့်
၁၅.၁၁.၂၀၂၂
ယနေ့ (၁၅.၁၁.၂၀၂၂) မိုးလေဝသ သတင်းနေ့စဉ်မိုးလေဝသသတင်း-------------------------(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်(၇:၀...
15/11/2022
ယနေ့ (၁၅.၁၁.၂၀၂၂) မိုးလေဝသ သတင်း
နေ့စဉ်မိုးလေဝသသတင်း
-------------------------
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ကာ၊ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
Zawgyi
********
နေ့စဉ်မိုးလေဝသသတင်း
-------------------------
=========================================
နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးနေပြီ
14/11/2022
နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးနေပြီ
14/11/2022
ဒေါ်အောင်ဆန်းစုကြည် ကို ထောင်တွင်းတရားစခန်းဝင်ဖို့တိုက်တွန်း
SAC နဲ့ NUG တွေ့ဆုံခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ......
ယနေ့အကြမ်းဖက်မှုတွေကို သေနတ်သမားကြည်လင်း ဘယ်လိုမြင်လဲ.....
တိုင်း ၄ ခု နှင့် ပြည်နယ် ၄ ခု နေရာကွက်၍ မိုးရွာနိုင်ယနေ့ (၁၄.၁၁.၂၀၂၂) မိုးလေဝသ သတင်းနေ့စဉ်မိုးလေဝသသတင်း----------------...
14/11/2022
တိုင်း ၄ ခု နှင့် ပြည်နယ် ၄ ခု နေရာကွက်၍ မိုးရွာနိုင်
ယနေ့ (၁၄.၁၁.၂၀၂၂) မိုးလေဝသ သတင်း
နေ့စဉ်မိုးလေဝသသတင်း
------------------------------------------------
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=======================================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
Zawgyi
********
နေ့စဉ်မိုးလေဝသသတင်း
------------------------------------------------
=======================================================
Non CDM တွေရဲ့ တကျော့ပြန်ဒုက္ခဝင်းဦး၁၃.၁၁.၂၀၂၂
13/11/2022
Non CDM တွေရဲ့ တကျော့ပြန်ဒုက္ခ
ဝင်းဦး
၁၃.၁၁.၂၀၂၂
ဘုလက်လှဆွေ အသတ်ခံရခြင်း နှင့် လော်ဘီတို့၏ အောင်ပွဲအလွဲ
13/11/2022
ဘုလက်လှဆွေ အသတ်ခံရခြင်း နှင့် လော်ဘီတို့၏ အောင်ပွဲအလွဲ
ယနေ့ (၁၃.၁၁.၂၀၂၂) မိုးလေဝသ သတင်းတနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးရွာနိုင်မင်္ဂလာနံနက်ခင်...
13/11/2022
ယနေ့ (၁၃.၁၁.၂၀၂၂) မိုးလေဝသ သတင်း
တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးရွာနိုင်
မင်္ဂလာနံနက်ခင်းပါ
နေ့စဉ်မိုးလေဝသသတင်း
-----------------------------
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
--------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
Zawgyi
********
မင်္ဂလာနံနက်ခင်းပါ
နေ့စဉ်မိုးလေဝသသတင်း
-----------------------------
--------------------------------------------------------------------------
Address
ရွှေလီ ၅ လမ်း
Telephone
+959784069777
Website
Alerts
Be the first to know and let us send you an email when FLOAT News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to FLOAT News:
Videos
Shortcuts
  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share