𝐂𝐡𝐚𝐮𝐤-𝐌𝐞𝐝𝐢𝐚

  • Home
  • 𝐂𝐡𝐚𝐮𝐤-𝐌𝐞𝐝𝐢𝐚

𝐂𝐡𝐚𝐮𝐤-𝐌𝐞𝐝𝐢𝐚 စစ်ကောင်စီ၏လက်ချက်ကြောင့်ကျဆုံးသွ?
(69)

CHAUK-MEDIA
16/06/2022

CHAUK-MEDIA

07/06/2022
31/05/2022

မေလ ၂၆ရက်နေ့ည က ရိုင်ဖယ်တစ်လက် အသီး နှစ်လုံးတည်းနဲ့ အုပ်စုလိုက်ထဲ ဝင်ဆွဲခဲ့ပါတယ်။
လုံခြုံရေးအခြေအနေအရ ယနေ့မှ သတင်းထုတ်ပြန်တာပါ။

ရဲဘော်ကိုရဲထက် ကောင်းရာမွန်ရာဘုံဘဝ မှာ အနားယူပါတော့။

https://www.facebook.com/105481271714130/posts/316133067315615/
25/04/2022

https://www.facebook.com/105481271714130/posts/316133067315615/

https://www.facebook.com/100577412524132/posts/142569801658226/

တိုက်ပွဲသတင်းထုတ်ပြန်ချက်

(21.4.2022) နေ့တွင် ဆိပ်ဖြူမြို့နယ်မှဝင်ရောက်လာသော စခ၊ပျူ အင်းအား(၇၀)ခန့်သည် ဒိုဇာ (၁)စိီး၊ဖောကား(၂)စီး၊ကားလေး(၂)စီးတို့ဖြင့်ပေါက်မြို့နယ် အရှေ့တောင်ပိုင်းကျေးရွာများသို့ဝင်ရောက်လာခဲ့ရာ မိုင်း(၇)ကြိမ်၊အလုံး(၃၀)ခန့်အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။

21ရက်နေ့မှ 23ရက်နေ့အထိ ဗျူဟာကျကျ တိုက်ခိုက်ခဲ့ရာ 23.4.2022 ရက်နေ့တွင် King Fighter ၊ ချောက်၊ဆိပ်ဖြူ၊မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရာစစ်ခွေး၊ပျူ (၇)ဦးခန့်မုန့်ဟင်းခါးဖြစ်သွားပြီး၊ (၂၀)ခန့်စာအုပ်ရောင်းထွက်သွားခဲ့ကြောင်း ပြည်သူလူထုအားအစီရင်ခံတင်ပြအပ်ပါသည်။
်ရင်း၄
#အရေးတော်ပုံအောင်ရမည်

ထမ်မံသတိပေးချက်များ ထုတ်ပြန်
14/04/2022

ထမ်မံသတိပေးချက်များ ထုတ်ပြန်

ပြည်သူတချို့ကြောင့် Mission  ဖျတ်ခဲ့ ရဟု သတင်းထုတ်ပြန်
13/04/2022

ပြည်သူတချို့ကြောင့် Mission ဖျတ်ခဲ့ ရဟု သတင်းထုတ်ပြန်

ရေကစားပွဲတော်အား ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ရန်ကြေငြာ ချက် ထုတ်ပြန်
12/04/2022

ရေကစားပွဲတော်အား ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ရန်
ကြေငြာ ချက် ထုတ်ပြန်

22/03/2022

ချောက်မြို့ မာရှယ်လော အချိန် ပြောင်းလဲ သတ်မှတ်

ချောက်မြို့ရှိ မြို့ပေါ် ရပ်ကွက် များကို
ညမထွက်ရ အမိန့် ည(၁၂ )မှ မနက်( ၄ )နာရီထိ ပြောင်းလဲသတ်မှတ် ​ကြောင်း လိုက်လံ ကြော်ငြာ နေတယ်လို့ သိရှိရပါသည်။

20/03/2022

ချောက်မြို့နယ်သားဖြစ်သည့်PDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

အကြမ်းဖက်​စစ်ကောင်စီအား တော်လှန်တိုက်ခိုက်မှု့ပြင်းထန်နေသည့်ဒေသများတွင် စစ်ပညာသင်ယူရင်း လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည့် ချောက်မြို့သားတစ်ဦး မတ်လ19ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ နှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကျဆုံးသွားကြောင်းသိရသည်။

23/02/2022

3:00Pm

ချောက်မြို့နယ် ကျွဲတပ်အုပ်စု သဘွတ်ကုန်းရွာသို့ စစ်ကောင်စီ​မှစစ်ကားနှစ်စီးဖြင့်ဝင်ရောက်ခဲ့ကြောင်းသိရပြီး​ဝင်ရောက်ရသည့်အကြောင်းအရင်းကိုမူမသိရှိရသေးပေ။

23/02/2022

ယနေ့ညနေ7နာရီမှ8နာရီအတွင်း Page၏ security နှင့် အဖွဲ့​ဝင်တွေ၏ လုံခြုံရေး​စိတ်ချရစေရန် Technical team မှာ​ပြန်လည်စစ်ဆေးမှု့အချို့ပြုလုပ်မည်ဖြစ်ပါသဖြင့် ည7နာရီမှ8နာရီအထိ​ page အား​ခေတ္တ​unpublished ပြုလုပ်မည်ဖြစ်ပါသည်။

23/02/2022

အသက်မပြည့်သေးသည့်ချောက်ကျောင်းသားအချို့ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် အသက်မပြည့်သေးသည့် ကျောင်းသား၊ ကျောင်းသူ​ငယ်လေးများ ရွှေပုံတောင်မှာစာရွက်ကပ်ရင်း​စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရသည်။ ဖမ်းဆီးခံ​ရသည့်​ကျောင်းသား​များဟာ​အသက်16နှစ်ဝန်းကျင်ခန့်သာရှိသေးတာဖြစ်ပြီး​ အဆိုပါဖမ်းဆီးခံရမှု့အတွင်း မိန်းကလေး​များပါ​ ပါဝင်ကြောင်းသိရသည်။

ချောက်မြို့ Covid -19 လူနာ ၁၅ ယောက် တွေ့ ရှိ Khit Naing - Chauk-Mediaချောက်မြို့ နေ ပြည်သူလူထု များ အထူးသတိထားရန်  COVID...
16/02/2022

ချောက်မြို့ Covid -19 လူနာ ၁၅ ယောက် တွေ့ ရှိ

Khit Naing - Chauk-Media

ချောက်မြို့ နေ ပြည်သူလူထု များ အထူးသတိထားရန် COVID-19 ခေါ် OMICRON စတင် တွေ့ရှိနေကြောင်း သိရပါတယ် MASK နှင့် လက်သန့်ဆေး များ ပြန်လည်အသုံးပြုစေချင် ပါတယ် ထိစပ်နှင့် ကူးစက် နေတာ တွေ ရှိနေတယ်လို့ သိရ ပြီး ပြည့်သူ့ဆေးရုံးကြီး မှာ တက်ရောက် ကုသ နေသူများ ရှိနေတယ်လို့ သိရပါတယ် လူအများကြား သွားလာ လှူပ်ရှားနေသူ များ အထူးဂရု စိုက်ကြပါ။


11/02/2022
11/02/2022

Breaking News

အင်တာနက်ဖြတ်ထားမယ်ဆိုတဲ့ကိစ္စ Officially သတင်းပို့တာက Ooredoo ကနေ Company တွေဆီကို Inform ပေးပို့တဲ့သတင်းအချက်အလက်ဟာမှန်ကန်ပါတယ်။မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာအင်တာနက်ဖြတ်ထားမဲ့မြို့နယ်List ကတော့
ဗိုလ်တထောင်၊ဒဂုံဆိပ်မြို့သစ်ဆိပ်ကမ်း(East/North/South)၊မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊ရန်ကင်း၊ပုဇွန်တောင်၊တာမွေ၊မဂ်လာတောင်ညွှန့်၊သာကေတ၊ဒေါပုံ၊သယ်န်းကျွန်း၊လမ်းမတော်၊ပန်းဘဲတန်း၊လသာ၊ကျောက်တံတား၊ဒဂုံ၊ဗဟန်း၊စမ်းချောင်း၊အလုံ၊ကြည့်မြင်တိုင်၊လှိုင်၊ကမာရွတ်၊မရမ်းကုန်းမြို့နယ်တွေကိုဖြတ်တောက်ထားမှာဖြစ်တယ်လို့Officillay သိရှိရပါတယ်။အားလုံးပေါင်း 26 မြို့နယ်ကို အင်တာနက်ဖြတ်တောက်ထားမှာလို့သိရပါတယ်။သူတို့ထုတ်ပြန်ချက်အရတော့မနက်၄နာရီကနေည၁၁နာရီအထိလို့သိရှိရပါတယ်။ကျနော်တို့မြို့ကတော့ ပါလား မပါလား မသေချာသေးပါဘူး ခဗျာ။


မနက်ဖန် ည​နေ ​၅နာရီပြိုင်တူလက်၃​​ချောင်း​ထောင် ဆိုင်ကယ်/ကားဟွန်း​တွေတီးပြီးသွေးပူ​လေ့ကျင့်ခန်း လုပ်ကြမယ်တဲ့...အ​ခြေအ​နေက...
11/02/2022

မနက်ဖန် ည​နေ ​၅နာရီ
ပြိုင်တူလက်၃​​ချောင်း​ထောင်
ဆိုင်ကယ်/ကားဟွန်း​တွေတီးပြီး
သွေးပူ​လေ့ကျင့်ခန်း လုပ်ကြမယ်တဲ့...

အ​ခြေအ​နေကြည့်လှုပ်ရှား
အလံနဲ့အသံကိုလည်း နားစွင့်ထားကြပါဦးဗျို့...


#ပင်လုံစာချုပ်
#အရေးတော်ပုံ_အောင်ရမည်
#ပင်လုံကတိကဝတ်_အရင်းတည်
#ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီ_ရဲရဲချီ
#လူမျိုးကြီးဝါဒဟူသမျှ_တိုက်ဖျက်ကြ
#လမ်းပေါ်ထွက်_တော်လှန်ကြ

(ချောက်​မြို့နယ်​မှထွက်ပေါ်နေတဲ့သေနတ်သံအကြောင်းကိုတော့စုံစမ်းနေဆဲပါ)

11/02/2022

စခများ သေနတ်ဆက်တိုက်ပစ်ဖောက်နေကြောင်းသိရပါတယ် ဂရုတစိုက်​နေကြပါ သတင်း​စုံစမ်း​နေဆဲဖြစ်ပြီး Todayနားကပစ်တယ်လို့သတင်းရရှိပေမဲ့အတည်မပြုနိုင်သေးပါဘူး

06/02/2022

ချောက်မြို့နယ် ညောင်ချောင်းကျေးရွာအပ်စုရှိ ကျေးရွာများအား စလေEPCမှဦးဆောင်၍ ကျေးရွာ​တာဝန်ခံနှင့်ကြံဖွတ်ပါတီဝင်များ၏အကူအညီဖြင့် မီတာမဆောင်သည့်အိမ်များအား မီးလိုက်လံဖြတ်တောက်နေကြောင်းသိရသည်။

Edited​:အလားတူမီးဖြတ်တောက်ခံရသည့် ကျေးရွာ​များလည်းထပ်မံရှိနေ

ဖေဖော်ဝါရီ​1ရက်နေ့စလေ Silent Strike မြင်ကွင်း​များ
01/02/2022

ဖေဖော်ဝါရီ​1ရက်နေ့စလေ Silent Strike မြင်ကွင်း​များ

ဖေဖော်ဝါရီ​1ရက်နေ့ ချောက်မြို့နယ် Silent Strike မြင်ကွင်း​အချို့ထပ်မံ​ရရှိတဲ့ပုံတွေကို 1နာရီလောက်ထပ်တင်ပေးပါမယ်
01/02/2022

ဖေဖော်ဝါရီ​1ရက်နေ့ ချောက်မြို့နယ် Silent Strike မြင်ကွင်း​အချို့

ထပ်မံ​ရရှိတဲ့ပုံတွေကို 1နာရီလောက်ထပ်တင်ပေးပါမယ်

01/02/2022

Silent Strike မှာချောက်မြို့နယ်လူထုရဲ့ပါဝင်လှုပ်ရှားမှု့ကို ကမ္ဘာ​ရော၊ တစ်နိုင်ငံလုံး​ရော​သိဖို့အတွက် Silent​ Strike အသံတိတ်သပိတ်ရဲ့အဓိကအချက်ဖြစ်တဲ့လမ်းမပေါ်မှာလူရှင်းနေကြောင်းပြသဖို့မိမိနှင့်နီးစပ်တဲ့လမ်းမကြီးရဲ့ပုံလေးတွေကို Chauk-Media​သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်

February 1ရက်နေ့ Silent Strike အားကြိုဆိုသည့်အနေဖြင့် ချောက်မြို့နယ် အမျိုးသမီးများဦးဆောင်၍ "ငါတို့မြို့ငါတို့ပိုင်တယ်" ...
31/01/2022

February 1ရက်နေ့ Silent Strike အားကြိုဆိုသည့်အနေဖြင့် ချောက်မြို့နယ် အမျိုးသမီးများဦးဆောင်၍ "ငါတို့မြို့ငါတို့ပိုင်တယ်" "ပြည်တော်ဝင်ဖို့ရုန်းထွက်စို့"​"အပြစ်မဲ့သွေးတွေမြေမကျဖို့အာဏာရူးကိုတော်လှန်စို့"​ဟူသော​ဆောင်ပုဒ်​တို့ဖြင့် အကြမ်းဖက်​စစ်ကောင်စီ​အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ပြသသည့် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ပရဟိတလုပ်ကိုင်သူတစ်ဦးအလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံရKhit Naing- Chauk Mediaချောက်မြို့ မှ ပရဟိတ လုပ်ငန်းမျာ...
29/01/2022

ပရဟိတလုပ်ကိုင်သူတစ်ဦးအလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံရ

Khit Naing- Chauk Media

ချောက်မြို့ မှ ပရဟိတ လုပ်ငန်းများထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့သော မြို့ခံ ပရဟိတမင်းသားကြီး ခေါ် ဦးမိုးကျော် ဆိုသူအား လပိုင်းအတော်ကြာ ဖမ်းဆီး ခံရပြီးနောက် အမှူ ဖွင့် အရေးယူ ခဲ့တယ်လို့သိရပြီး ၎င်း ကျူးလွန်သည်မှာ NUG Picture ကြောင့်လို့ သိရှိရပြီး
အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၃ နှစ် ချမှတ် လိုက်တယ်လို့သိရှိရသည်။

27/01/2022

ဖေဖော်ဝါရီ​1ရက်နေ့တွင်ပြုလုပ်မည်​Silent ​Strike အသံတိတ်သပိတ်အား ပြည်သူများမပါဝင်နိုင်ရန် စစ်ကောင်စီ မှ ဖိအားပေးလုပ်ဆောင်နေကြောင်းသိရသည်။ စစ်ကောင်စီလက်ပါးစေများမှ February 1ရက်နေ့နှင့်2ရက်နေ့တွင် မဖွင့်လှစ်သည်စျေးဆိုင်၊ ဆိုင်ခန်းများအား တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်းနှင့် 505(က)ဖြင့်တရားဆွဲမည်ဖြစ်ကြောင်း ဦးနေမန်းဆိုသူမှ လိုက်လံကြေညာနေကြောင်းသိရသည်။ စစ်ကောင်စီ​တစ်သိုက်၏ အကျင့်ပျက်ယုတ်မာမှု့ကြောင့် စျေးဆိုင်၊ဆိုင်ခန်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် Silent Strike​တွင်ပါဝင်ရန်အခက်အခဲ​အချို့ရှိနိုင်ပါသဖြင့် စစ်ကောင်စီ၏ ဖိအားပေးခံရသည့်ဆိုင်ရှင့်များအား ချောက်မြို့နယ်​လူထုမှ နားလည်ခွင့်လွှတ်ကာ ချောက်မြို့သူ၊ မြို့သားတို့၏ လုပ်ပိုင်ခွင့်၊ လွတ်လပ်​ခွင့်​များဖြစ်သည့် အိမ်မှာနေခြင်း၊မိသားစု​အားအချိန်ပေးခြင်းတို့ဖြင့် ချောက်ပြည်သူများအားလုံး February 1ရက်နေ့ Silent Strike တွင်ပါဝင်ရန် Chauk-Media မှ လေးစားစွာနှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။

26/01/2022

အခုတလော Messenger တွေ errorတက်နေသောကြောင့် သတင်းပေးပို့မှုတွေ ​နှောင့်နှေးကြန့်ကြာတတ် ပါတယ်ခဗျာ။အဲ့ဒီအတွက်ကြောင့် သတင်းupdမဖြစ်တာတွေ နောက်ကျတာတွေရှိရင်သည်းခံခွင့်လွတ်ပေးကြပါခဗျာ။

26/01/2022

မြို့ထဲမှာ မော်တော်ပီကယ်တွေ စစ်နေတယ်လို့ သတင်းရရှိထားပါတယ် ဘာတွေစစ်နေမှန်းတော့သေချာမသိပါဘူး အကြောင်းစုံသိရရင်ထပ်တင်ပေးပါ့မယ်

လဂွန်းအိမ်

20/01/2022

စီးပွားရေး​ကျပ်တည်း​နေချိန်ချေးငွေကောက်ခံမှု့များခေတ္တဆိုင်းငံစေလို

ဇန်နဝါရီလ​20,2022
ရှင်ယွန်းမြတ်

ချောက်​မြို့နယ် သမဝါယမအသင်းမှယခုရက်ပိုင်း ကျေးရွာ၊ ရပ်ကွက်​များသို့ ချေးငွေများပြန်ဆပ်ရန်​ဖိအားပေး​ကောက်ခံ​မှု့များရှိနေကြောင်းသိရသည်။ သို့​သော်​ကိုဗစ်နှင့်ကိုစစ်ကြောင့် စီးပွားရေး​ခက်​ခက်ခဲ​နေသည့်​ ဒေသခံများ​သည် စီးပွားရေးကျပ်တည်း​နေချိန် ချေးငွေ​ကောက်ခံ​မှု့များကို ခေတ္တ​ရပ်ဆိုင်း​ပေးရန် လိုလားနေကြသည်။

​

20/01/2022

ဇန်နဝါရီလ​20,2022

ချောက်​မြို့နယ်တွင် ခေတ်ကာလမကောင်းသည်ကိုအခွင့်ကောင်းယူ၍ အရာရှိပိုင်း၊ မြို့​မျက်​နှာဖုံးနှင့် စည်ပင်ဝန်ထမ်း​အချို့မှ ဒေသခံတောင်သူလယ်သမားများအား ကားကြီးကွင်းလုပ်မည်ဟုဆိုကာမြေပုံအတု၊စာချုပ်အတုတို့ဖြင့်မြေကွက်များအား အတင်းအဓမ္မ​သိမ်းဆည်း​နေမှု့တို့လုပ်ဆောင်နေကြောင်းသိရသည်။

20/01/2022

ဇန်နဝါရီလ​20,2022

ချောက်ရေနံချက်စက်ရုံမှ CDMဝန်ထမ်းများအား30.​1.2022နောက်ဆုံးထား၍ ဝန်ထမ်းအိမ်ယာမှဆင်းပေးရန်​စစ်ကောင်စီ​ကဖိအားပေးလုပ်ဆောင်မှု့တွေရှိနေပြီ CDMဝန်ထမ်းအချို့နေထိုင်ရန် နေရာအခက်အခဲဖြစ်ပေါ်နေကြောင်းသိရပါတယ်

18/01/2022

ခုရက်ပိုင်း သတင်းပေးသူမရှိသလောက်ဖြစ်နေပါတယ် ဒီရက်ပိုင်း ချောက်မှာအေးချမ်းနေလို့ သတင်းမရတာ၊ ငြိမ်နေတာဆိုရင်တော့ဝမ်းသာမိပါတယ် အဲ့လိုမဟုတ်ပဲ သတင်းမတက်အောင် ဖုံးဖိခံရတာမျိုးတွေရှိရင်တော့ သတင်းပေးပို့ဖို့နဲ့စစ်ကောင်စီတပ်တွေကိုမကြောက်ကြဖို့အသိပေးလိုပါတယ် ဒီရက်ပိုင်း​အရမ်းအေးမယ်လို့ Accu Weather ရဲ့ခန့်မှန်းချက်အရသိရပါတယ် နွေးထွေး​စွာဝတ်ဆင်သွားလာ​ကြပါ

16/01/2022

ယခုရက်ပိုင်းချောက်တွင်မိုးအုံ့​ခြင်း၊ အအေးပိုခြင်းတို့ဖြစ်ပေါ်နိုင်

ဇန်နဝါရီလ​16,2022
ရှင်​ယွန်း​မြတ်

တွန်ဂါကျွန်းမှာ မနေ့က မီး​တောင်​ပေါက်ကွဲမှုဖြစ်ပွားပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ထိစပ်တဲ့ဒေသများနှင့် ပစိဖိတ်ရပ်ဝန်းမှာရှိတဲ့ ဂျပန်၊ အမေရိကန်အနောက်ဘက်ခြမ်း၊ နယူးဇီလန်၊ သြစတြေးလျနိုင်ငံမှာ ဆူနာမီသတိပေးချက်တွေကြေညာကြပါပြီ။မြန်မာနိုင်ငံဟာလည်း အာရှ ပစိဖိတ်တွင် ပါဝင်​တာ​ကြောင့် ရုတ်တရက် ပင်လယ်​ရေမြင့်တက်ခြင်း၊ ​ရေ​ကြောင်း၊ ​လေ​ကြောင်း နဲ့ ရာသီဥတု ​ပြောင်းလဲဖြစ်​ပေါ်ခြင်းတို့ ကြုံ​တွေ့ရနိုင်ပါတယ်။ဒါကြောင့်​ချောက်​မြို့နယ်​တွင်လည်း ယခုရက်ပိုင်း မိုး​အုံ့ခြင်း၊ ရာသီဥတု​အအေးပိုခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။

ဒီရက်ပိုင်း Pageကိုဘောမတစ်သိုက် Report တဲ့အတွက် သတင်းတင်ရအဆင်မပြေတာလေးတွေရှိလာပါတယ် ဒါကြောင့်​Pageမကျအောင် Reviews လေးတွ...
07/01/2022

ဒီရက်ပိုင်း Pageကိုဘောမတစ်သိုက် Report တဲ့အတွက် သတင်းတင်ရအဆင်မပြေတာလေးတွေရှိလာပါတယ် ဒါကြောင့်​Pageမကျအောင် Reviews လေးတွေရေးပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်​ လုပ်ဆောင်နည်းအဆင့်ဆင့်ကို​ပုံမှပြသထားပါတယ် Reviews ဆိုတာလေးနှိပ်ပြီး Yesကိုရွေးပေးပါ ပြီးရင် ကိုယ်ရေးချင်တဲ့အကြောင်းရာကိုရေးလို့ရပါတယ် English လိုရေးရင်ပိုထိရောက်ပါတယ် ဥပမာ I like this page ဒါမှမဟုတ်​ this is real local News page. I support this pageတို့ရေးပေးရင်ရပါတယ်။ ဖတ်ရှု့ပေးတဲ့အတွက်​ကျေးဇူးတင်​ပါတယ် နည်းပညာ​အားနည်းလို့ လုပ်ချင်ပေမဲ့ မလုပ်​ဆောင်တတ်တဲ့သူတွေအနေနဲ့လည်း စိတ်မညစ်ဖို့နဲ့ လုပ်ဆောင်တတ်သူတွေကလည်း ပိုမိုပါဝင်အားဖြည့်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။

07/01/2022

စလေရှိကျေးရွာအများအပြားမီးဖြတ်ခံရ

ဇန်နဝါရီလ​၇,၂၀၂၂
ရှင်ယွန်းမြတ်

ဇန်နဝါရီလ​၆ရက်နေ့မှစ၍စလေမြို့ရှိ ကျေးရွာအများအပြား စတင်မီးဖြတ်ခံရကြောင်းသိရပြီး ရွာတစ်ရွာတွင် ပျမ်းမျှ​မီးခွန်ဆောင်သူ၇၀%အထက်ရှိမှသာလျှင် မီးပြန်လည်ပေးမည်ဖြစ်ကြောင်းသိရသည်။ထို့ပြင် ချောက်မြို့နယ်​အတွင်းရှိ ကျေးရွာ​အချို့တွင်လည်း မီးဖြတ်တောက်ခံရမှု့များရှိကြောင်းသတင်းရရှိထားပြီး အသေးစိတ်​အား ဆက်လက်​စုံစမ်းနေသည်။

07/01/2022

ဇန်နဝါရီလ၇,​၂၀၂၂

ချောက်​မြို့နယ်​စီးပွားရေးဘဏ်နှင့်သမဝါယမဘဏ်များက ဒေသခံ​ပြည်သူများ​ထံမှ ချေးငွေများကောက်ခံနေကြောင်းသိရသည်။Covidနဲ့နိုင်ငံရေးပြဿနာများကြောင့် ချောက်မြို့နယ်​တစ်ဝိုက်ရှိမြို့နယ်များတွင် ချေးငွေများပြန်ဆပ်ရန် အထက်မှဖိအားပေးကောက်ခံစေသော်လည်း ပြည်သူနှင့်ပြေလည်မှု့ရယူကာ အခွန်ကောက်ခံခြင်းများရပ်တန့်ခြင်း၊ ခေတ္တ​ဆိုင်းငံ့ခြင်း၊ အချိန်ဆွဲပေးခြင်းတို့လုပ်ဆောင်နေကြသော်လည်း ချောက်မြို့နယ်​စီးပွားရေး​ဘဏ်နှင့်သမာဝါယမဘဏ်များကမူ ထိုသို့လုပ်ဆောင်းခြင်းတစ်စုံတစ်ရာမှမရှိခဲ့သည့်အပြင် စစ်ကောင်စီ​၏ဝင်ငွေခွန်များရရှိစေရန် ပူးပေါင်း​ပါဝင်နေကြောင်း သိရသည်။ချောက်မြို့နယ်​လူထု၏ စိတ်ဆန္ဒ၊ သဘောထားမပါပဲလုပ်ဆောင်သည့်ကိစ္စတိုင်းသည် ချောက်မြို့နယ်၏ သမိုင်း၊အာဇာနည်​ခေါင်း​ဆောင်​များ၊လူထု၏ဆုံးဖြတ်​ချက်​ကို စော်ကားရာရောက်သဖြင့် သက်ဆိုင်သူများ ဆင်ခြင်လုပ်ဆောင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ရွာဟောင်း ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးတာတွေ  အိမ်တွေဝင် စစ်နေတာတွေ ဖြစ်နေပါတယ် အင်အား ၂၀ခန့် ရှိတယ်လို့ သိရပါတယ် အချိန်အား...
05/01/2022

ရွာဟောင်း ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးတာတွေ အိမ်တွေဝင် စစ်နေတာတွေ ဖြစ်နေပါတယ် အင်အား ၂၀ခန့် ရှိတယ်လို့ သိရပါတယ် အချိန်အားဖြင့် မနက်ပိုင်း နေလယ်ပိုင်း ညနေပိုင်း ဆိုပြီး ခွဲဝင်နေတယ်လို့ သတင်းရရှိထားပါသည်။ကိုယ်ထိလက်ရောက် ရိုက်နှက်ဖမ်းစီးမှူတွေရှိတယ်လို့ သိရပါတယ်။

Khit Naing (Chauk-Media)

Breaking New Source from အကရချောက်မြို့ ရွာဟောင်း ကမ်းနားတွင် နေထိုင်သော ကိုလမင်းထွန်းအား စစ်ကောင်စီမှ ည 8:15 PM အချိန်ခ...
04/01/2022

Breaking New
Source from အကရ

ချောက်မြို့ ရွာဟောင်း ကမ်းနားတွင် နေထိုင်သော ကိုလမင်းထွန်းအား စစ်ကောင်စီမှ ည 8:15 PM အချိန်ခန့်တွင် မီးများ ပျက်သွားချိန် အတင်းအဓမ္မ ဖမ်းစီးခေါ်ဆောင်သွားကြောင်းသိရပါသည်။


04/01/2022

Breaking News
Edit- စည်ပင်ရုံးရှေ့ဗုံးခွဲတယ်လို့သိရပါတယ် စကစများ လိုက်လံပစ်ခတ်နေတယ်လို့လဲ သိရပါတယ်

ယနေ့ည ၆နာရီထိုးခန့်အချိန်မှာ မြို့ထဲ ဗုံးပေါက်တယ်လို့ ယူဆရတဲ့ အသံကြားလိုက်ရကြောင်းသိရပါတယ်
ဆက်လက်စုံစမ်းပီးပြန်တင်ပေးပါ့မယ်

လဂွန်းအိမ်

ဒီဇင်ဘာလ​၃၁ရက်နေ့ ညပိုင်းတွင် ချောက်မြို့နယ် အမှတ်၈ရက်ကွက်မှ လူငယ်နှစ်ဦးဖမ်းဆီးခံရကြောင်းသိရပြီး စစ်ကောင်စီခန့်လူကြီး၏လက...
01/01/2022

ဒီဇင်ဘာလ​၃၁ရက်နေ့ ညပိုင်းတွင် ချောက်မြို့နယ် အမှတ်၈ရက်ကွက်မှ လူငယ်နှစ်ဦးဖမ်းဆီးခံရကြောင်းသိရပြီး စစ်ကောင်စီခန့်လူကြီး၏လက်ချက်ကြောင့် ဖမ်းဆီးခံ​ရခြင်းဖြစ်နိုင်သည်ဟုသိရသည်။

"ချောက်မြို့နယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်စစ်တပ်ထုတ်ကုန်အားမပေးရေး ကမ်ပိန်း"
31/12/2021

"ချောက်မြို့နယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်စစ်တပ်ထုတ်ကုန်အားမပေးရေး ကမ်ပိန်း"

ချောက်တက်ကြွလူငယ်များမှ အာဏာရှင်​ဆန်ကျင်ရေးကမ်ပိန်းပြုလုပ်ဒီဇင်ဘာလ​၃၁,၂၀၂၁ရှင်ယွန်းမြတ်"နှစ်သစ်ကိုလည်းကြို ဖက်ဆစ်ကိုလည်း...
31/12/2021

ချောက်တက်ကြွလူငယ်များမှ အာဏာရှင်​ဆန်ကျင်ရေးကမ်ပိန်းပြုလုပ်

ဒီဇင်ဘာလ​၃၁,၂၀၂၁
ရှင်ယွန်းမြတ်

"နှစ်သစ်ကိုလည်းကြို ဖက်ဆစ်ကိုလည်းဖြို"
"အကြမ်းဖက်​စစ်တပ်အမြစ်ဖြတ်ရေး စစ်တပ်ထုတ်ကုန်အားမပေး"​ဟူသည်စာတန်းများ နေရာအချို့တွင်ချိတ်ဆွဲကာ စစ်ကောင်စီ အားမထောက်ခံကြောင်း၊ ဆန်ကျင်ကြောင်းပြသသည့်ကမ်ပိန်းအား ချောက်တက်ကြွလူငယ်များမှဦးဆောင်ပြုလုပ်ခဲ့ကြသည်။

Address


Telephone

+959777777777

Website

Alerts

Be the first to know and let us send you an email when 𝐂𝐡𝐚𝐮𝐤-𝐌𝐞𝐝𝐢𝐚 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐂𝐡𝐚𝐮𝐤-𝐌𝐞𝐝𝐢𝐚:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share