26/03/2022
⭕ Announcement For Myanmar Thingyan 2022 ❌
တချို့လူအန္ဓတွေ ဘားသွား ကလပ်တက်ပြီး
New Normal Life ကျွန်ဘဝမှာ သာယာနေတာအထိ
ကျနော်တို့ လက်သင့်ခံနေပေးပါသေးတယ်။
သြော် ... တခါတလေ စိတ်ထွက်ပေါက်လေး ရှာကြတာ
ဖြစ်မှာပါလေ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ပေါ့။
ဒါပေမယ့် ခင်ဗျားတို့လို ရေပေါ်စီကျွန်တွေကြောင့်
ကျနော်တို့ Mission တွေ ဖျက်ရပေါင်းလဲ
မနည်းတော့ဘူး။ အထူးသဖြင့် ရန်ကုန်၊
မန်းလေးနဲ့ နေပြည်တော်တို့လို မြို့ကြီးတွေမှာ
အချိန်နဲ့ အခါနဲ့မဟုတ် ပျော်ပါးနေကြလို့၊
ညနက်ပိုင်း Mission တွေဆို ခနခနဖျက်ပေးလိုက်ရတယ်။
Mission တခါလုပ်ဖို့ဆိုတာ ပစ္စည်းပိုင်းက အစ လုပ်တဲ့
အချိန်အဆုံး ကျနော်တို့ အတွက် အင်မတန်ခက်ခဲတယ်။
ပြည်သူလူထုလဲ မထိခိုက်ရဘူး။ မအလတပ် လဲ
အထိနာရမယ်။ ပြီးရင် ဆုတ်ခွာချိန် တစ်မိနစ်လေး
တောင်မှ နောက်ကျသွားလို့မရဘူး။ ဆွဲထားတဲ့ Mission
နောက်ကျသွားတာနဲ့ PDF တွေ ကျဆုံးရတာဘဲ။
အဲ့တာ ခင်ဗျားတို့ ကြောင့်ပါ။
ခင်ဗျားတို့လို ရေပေါ်စီကျွန်တွေကြောင့်ပါ။
စာနာတတ်ပါစေ။ ရှက်တတ်ပါစေ။
Announcement ကြိုလုပ်ထားပါမယ်။
ဒီနှစ် သကြင်္န်မဏ္ဍပ်တွေမှာ ရေပေါ်စီတွေနဲ့
အတူရောပျော်မယ့် စခ တွေကို ကျုံးမယ့် Mission
တွေ အထူးသဖြင့် မြို့ကြီးတိုင်းမှာ ရှိပါမယ်။
နေရာတိုင်းစေ့မှာ PDF တွေ UG တွေ လှုပ်ရှားမှာဘဲ။
ဒီတခါတော့ ခင်ဗျားတို့လို ရေပေါ်စီကျွန်တွေကြောင့်
ဘယ် Mission မှ ဖျက်မှာမဟုတ်ဘူး။
လုပ်စရာရှိတာ လုပ်သွားမှာမို့ မနေတတ် မစားတတ်
ကျွန်ဘဝမှာ ပျော်ပါးနေတဲ့တချို့သူတွေအတွက်
ကျနော်တို့ ဘာမှတာဝန်ယူ တာဝန်ခံမှာ မဟုတ်ကြောင်း
ကိုလဲ ထပ်လောင်း သတိပေးလိုက်ပါတယ်။
---
ဗိုလ်တော်ဝင် (MasK.)
MDF - PDF ကွန်မန်ဒိုတပ်ရင်း.
Crd