Rage of Arthur

  • Home
  • Rage of Arthur

Rage of Arthur Play2Win

စစ်ပွဲဆီက ပြန်လာတဲ့ အာသာကြီးဟာ ဆောက်တည်ရာမရခဲ့ဘူး။ လူငယ်လေးတစ်ယောက်ကို လက်ဗလာနဲ့ အသေသသတ်ခဲ့မိတဲ့အထိပဲ။ စိတ်အနာတရတွေဟာ မူ...
15/04/2023

စစ်ပွဲဆီက ပြန်လာတဲ့ အာသာကြီးဟာ ဆောက်တည်ရာမရခဲ့ဘူး။

လူငယ်လေးတစ်ယောက်ကို လက်ဗလာနဲ့ အသေသသတ်ခဲ့မိတဲ့အထိပဲ။ စိတ်အနာတရတွေဟာ မူးယစ်ဆေးနဲ့တောင်ဖြေဆည်မရနိုင်တဲ့အထိပါပဲ။

သောမတ်စ်ဟာ အာသာ့ကိုအမြဲပြောတယ်။ ဒါပေမယ့်သူကိုယ်တိုင်လည်း ဖက်တွယ်စရာ မရှိဘူး။

အာသာကြီး ကို ကိုယ်အပြည့်အဝနားလည်တယ်။

တာဝန်တွေ ဝတ္တရားတွေကြားမှာ ပိတ်မိလုံးချာလည်နေတဲ့ ဘဝကို မသေအောင်ဖြတ်သန်းသွားနိုင်တဲ့ စိတ်မျိုးကို ကြိုးစားမွေးမြူနေရတယ်။

ကိုယ်ပြောချင်တာကတော့ မသေတာလည်း အပြစ်တစ်ခုပါပဲ။

ရုပ်ရှင်ထဲက သောမက်စ်နဲ့ အာသာ အကြောင်းတွေမပြောဖြစ်တာကြာပြီ။ Live လွှင့်ဆော့ဖို့ ကတော့ အဝေးကြီးပဲ။ နောက်ရက်တွေကျရင် အာသာကြ...
30/05/2022

ရုပ်ရှင်ထဲက သောမက်စ်နဲ့ အာသာ အကြောင်းတွေမပြောဖြစ်တာကြာပြီ။ Live လွှင့်ဆော့ဖို့ ကတော့ အဝေးကြီးပဲ။

နောက်ရက်တွေကျရင် အာသာကြီးအကြောင်း ဆက်ပွားဦးမယ်။

လောလောဆယ်တော့ တိုင်ပျောက်နေတယ်။ မနက်အစောကြီးကို လစ်နေပြီ။

လန်ဒန်သားတွေက အရက်မချက်တတ်ဘူးကွ တဲ့။အာသာကြီးက လန်ဒန်က ပြန်ရောက်တယ်ဆို ဖောက်သည်ချတာပဲ။ တကယ်တော့ အစွဲပါပဲ။ ဒေသစွဲပေါ့။ ကို...
15/05/2022

လန်ဒန်သားတွေက အရက်မချက်တတ်ဘူးကွ တဲ့။

အာသာကြီးက လန်ဒန်က ပြန်ရောက်တယ်ဆို ဖောက်သည်ချတာပဲ။

တကယ်တော့ အစွဲပါပဲ။ ဒေသစွဲပေါ့။

ကိုယ် အိမ်နဲ့ အဝေးကြီးမှာ နေခဲ့တုန်းက စားခဲ့ရတဲ့ အမဲခြောက်လေးနဲ့ ချက်အရက်ကလေးတောင့်တမိနေတယ်။ ဆန်နံ့သင်းသင်းလေးနဲ့ ချက်အရက်က သိပ်ပြင်းတယ်။ မီးတောက်တယ်။

ဝီစကီ တစ်လုံးလောက်သောက်နိုင်တဲ့ ကိုယ်ဟာ အဲ့ဒီ ချက်အရက်ကို ၄ ပက်လောက်ပဲ သောက်နိုင်တယ်။ မူးတာမှ လည်နေအောင် မူးတာ။

တစ်နေ့တော့ အမဲခြောက်ကလေး ကိုက်လိုက် ဆန်အရက်လေး မော့လိုက်၊ ခပေါင်းလေး ရှိုက်လိုက်ပေါ့။ တိမ်တွေကို ငေးမယ်။ သီချင်းဆိုမယ်။

လှပတဲ့ညနေခင်းတွေဆီ အရောက်ပြန်ဦးမယ်လေ။

လူတွေမှာ ထူးဆန်းတဲ့ ကိစ္စတွေရှိတတ်တယ်။ဥပမာ ဆိုပါတော့။ ဝီစကီ တစ်ခွက်ကို သောက်ကွာဆိုပြီးတိုက်မယ်။ ပုလင်းကို မမြင်စေရဘူး။ မ...
08/05/2022

လူတွေမှာ ထူးဆန်းတဲ့ ကိစ္စတွေရှိတတ်တယ်။

ဥပမာ ဆိုပါတော့။ ဝီစကီ တစ်ခွက်ကို သောက်ကွာဆိုပြီးတိုက်မယ်။ ပုလင်းကို မမြင်စေရဘူး။ မပြဘူး။

အဲ့ဒီအချိန်မှာ ဒီ ဝီစကီဟာ ကောင်း၏ ညံ့၏ ကတော့ အရသာကို အမှန်တကယ် ကြိုက်တဲ့သူတွေပဲ ခွဲခြားနိုင်လိမ့်မယ်။ ရာခိုင်နှုန်းကတော့ အတော်နည်းပါတယ်။

အဲ့ဒီမှာ နောက်တစ်ဆင့်ကိုသွားရင် သက်တမ်း ၁၈ နှစ် နဲ့ ၁၂ နှစ် အဲ့အထက် သက်တမ်းရင့် စသည်ပေါ့လေ။ ဒါကို ခွဲခြားနိုင်ဖို့က သာမာန်သောက်သုံးသူအဆင့်မဟုတ်တော့ဘူး။ ဝီစကီကျွမ်းကျင်သူ အဆင့်ပေါ့။ သူကတော့ ပိုပြီး ရာခိုင်နှုန်း နည်းသွားပြီ။

သက်တမ်းရင့် အရည်အသွေးမြင့် ဝီစကီပဲ ဖြစ်နေပါစေ မသိရင် တန်ဖိုးတယ်မထားချင်ကြဘူး။

ဒါပေမယ့် ဟေ့ ဒါက ဝီစကီကောင်းကောင်း သက်တမ်းရင့်ရင့်လို့ပြောထားပြီး သောက်ကွာဆိုပြီးတိုက်ရင်ကျတော့ ရာနှုန်းပြည့်သော လူတွေက ပိုပြီး တန်ဖိုးထားကြလိမ့်မယ်။ အတူတူပဲဆိုရင်တောင် သူတို့ ပေးတဲ့ ငွေကြေးတန်ဖိုးနဲ့ သူတို့ပေးတဲ့ အလေးအမြတ်ထားမှုက ကွာခြားသွားမယ်။ ဝီစကီအရသာကို သေသေချာချာမသိတဲ့ သူကတောင် တန်ဖိုးတစ်ခုထားပြီး သောက်မှာ သေချာတယ်။

တစ်ခါတလေကျတော့ ဝီစကီလို နေထိုင်ဖို့လိုအပ်လိမ့်မယ်ထင်တယ်။

စမ်းချောင်းလေး စီးသလို ငြိမ့်ငြိမ့်လေးစီးရင်းပေါ့။

ခင်ဗျားတို့ရဲ့



ဒီည ၆ နာရီခွဲ ၇ နာရီလောက် Live တက်မယ်နော်။

08/05/2022

JDN မှာအဘိုးကြီးသမီးပေးနေပြီ။ bet 900 မှာ ပေးတဲ့ အော်တိုအပေးလေး။ နောက်တစ်ပိုင်းလာဦးမယ်။

Arthur Fan acc ဖွင့်ရန်viber Link- https://tinyurl.com/kuw88ee7

စိတ်ကြမ်းကိုယ်ကြမ်းကြီး အာသာဟာ တစ်ချိန်မှာဝမ်းပမ်းတနည်း ငိုကြွေးနေခဲ့တယ်။ ဘယ်သူမှ မသိပါဘူး။သူ ဝမ်းနည်းအားငယ်နေလိမ့်မယ်လိ...
07/05/2022

စိတ်ကြမ်းကိုယ်ကြမ်းကြီး အာသာဟာ တစ်ချိန်မှာဝမ်းပမ်းတနည်း ငိုကြွေးနေခဲ့တယ်။ ဘယ်သူမှ မသိပါဘူး။

သူ ဝမ်းနည်းအားငယ်နေလိမ့်မယ်လို့လည်း ဘယ်သူကမှ ထည့်မတွေးခဲ့ကြပါဘူး။

အာသာဟာ တိတ်တိတ်ဆိတ်ဆိတ် ဝမ်းနည်းတတ်တယ်။ ဒါက အသေအချာပါပဲ။

လူတစ်ယောက်ရဲ့ နဖူးကို သေနတ်ပြောင်းနဲ့တေ့ပြီး မောင်းခလုတ်ကို ဆွဲပစ်လိုက်ဖို့ အကြောင်းပြချက်က သောမက်စ် ပါပဲ။ ဒါပေမယ့် အာသာကြီးက အမြဲ ဝမ်းနည်းနေခဲ့ရတယ်။

ဘယ်သူမှ မသိကြပါ။ သောမက်စ်ကိုယ်တိုင်လည်း မသိပါ။

ကံဲံပေါ့ အာသာကြီးရာ။ ဒီဇာတ်မှာ ကြမ်းရမယ်ဆိုလည်း ကြမ်းပေါ့။ လွမ်းရမယ်ဆိုလည်း လွမ်းပေါ့။

အငိုဇာတ်မဟုတ်တော့ တိတ်တိတ်မျက်ရည်ဝဲရုံပေါ့လေ။ ဒီလောက်နဲ့ ကြေနပ်ပေါ့။ မျက်ရည်ဝဲရုံပေါ့ အာသာကြီးရာ။

ကိုယ်က ငယ်ငယ်တုန်းက ရန်ကုန်ကနေ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားဖူးတယ်။ ရန်ကုန်ဟာ မွန်းကြပ်တယ်။ မြို့ပြဆိုပေမဲ့ တရားမဲ့တ...
07/05/2022

ကိုယ်က ငယ်ငယ်တုန်းက ရန်ကုန်ကနေ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားဖူးတယ်။ ရန်ကုန်ဟာ မွန်းကြပ်တယ်။ မြို့ပြဆိုပေမဲ့ တရားမဲ့တယ်။ သားရဲတွေနဲ့ အရိုင်းဆန်တယ်။ အလှတရားစစ်စစ် မရှိဘူး။ မေတ္တာဆိုတာကို စာလုံးတောင် မပေါင်းတတ်ဘူး။ စသည်ဖြင့် စွဲချက်တွေ အများကြီးတင်ပြီး ရန်ကုန်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ကို အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး။

အခုလည်း မိသားစုတွေဆီကနေ ထွက်ပြေးဖို့ ကြိုးစားမိတယ်။ ဒါပေမယ့် ဒီတစ်ခါလည်း မအောင်မြင်ပြန်ပါဘူး။ မိသားစုတွေဆီကို ပြန်လာဖို့ ဖြစ်လာခဲ့တယ်။

ကိုယ်ပြန်လာခဲ့ပါပြီ။

ဒီနေ့ ည ၈ နာရီ ဆုံကြမယ် အမျိုးတို့။ အရင်လို ပျော်ပျော်ပါးပါးပေါ့။ အနိုင်ဂိမ်းတွေ အတူတူရှာကြမယ်။ ကုန်းတော့လည်းလောင်ကြတာပေါ့။

သင်တို့​၏ မိသားစုဝင်ကြီး

အမြင့်ပျံကြတဲ့အခါ မြေပြင်ကို စွန့်ခွာကြရတာပဲ။ ​ကမ္ဘာမြေကြီးကတော့ ငါ့ကို စွန့်ခွာသွားရက်လေခြင်းလို့ ဘယ်သူ့ကိုမှ အပြစ်မတင်...
06/05/2022

အမြင့်ပျံကြတဲ့အခါ မြေပြင်ကို စွန့်ခွာကြရတာပဲ။ ​ကမ္ဘာမြေကြီးကတော့ ငါ့ကို စွန့်ခွာသွားရက်လေခြင်းလို့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။

တစ်ချိန်မှာ လေဆန်တိုးရင်း အတောင်တွေ ကြေမွတဲ့အခါဖြစ်ဖြစ်၊ ဝမ်းနည်းအားငယ်တဲ့အချိန်ပဲ ဖြစ်ဖြစ် ပြန်လာနားခိုတဲ့ အခါမှာလည်း နွေးနွေးထွေးထွေး ကြိုဆိုတာပါပဲ။

ကမ္ဘာမြေကြီးက အားလုံးနဲ့ သက်ဆိုင်ပါတယ်။

ဒီလိုပဲ တွေးပါတယ်။

ခင်ဗျားတို့ရဲ့


ငါ့ကို မျှားခေါ်နေတဲ့ အလှတရားတွေ။
05/05/2022

ငါ့ကို မျှားခေါ်နေတဲ့ အလှတရားတွေ။

ပင်လယ်က ညှို့ငင်တတ်တယ်၊ မာယာများတယ်။ ရိုးရှင်းတင့်တယ်ပေမယ့် တစ်ချိန်မှာ ဝုန်းဒိုင်းကြဲ ပေါက်ကွဲလာမယ်ဆိုတာလည်း သိတယ်။ အခု...
03/05/2022

ပင်လယ်က ညှို့ငင်တတ်တယ်၊ မာယာများတယ်။ ရိုးရှင်းတင့်တယ်ပေမယ့် တစ်ချိန်မှာ ဝုန်းဒိုင်းကြဲ ပေါက်ကွဲလာမယ်ဆိုတာလည်း သိတယ်။

အခုတော့ အာသာ ဖီလင်ကနေ မာဝီ ဖီလင် ခနပြောင်းထားတယ်။

ချစ်သော မိုအာနာလေး ငြိမ်းချမ်းပါစေ။

အာသာက ပြုံးတတ်သေးလားလို့ ပြန်စဉ်းစားကြည့်တယ်။ မသေချာဘူးကွာ။ စီးရီး အစအဆုံး တောက်လျှောက်မှာ သူပြုံးတာကို အမှတ်မဲ့ ဖြစ်ဖြစ...
03/05/2022

အာသာက ပြုံးတတ်သေးလားလို့ ပြန်စဉ်းစားကြည့်တယ်။ မသေချာဘူးကွာ။ စီးရီး အစအဆုံး တောက်လျှောက်မှာ သူပြုံးတာကို အမှတ်မဲ့ ဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် ပြတာမျိုးက သိပ်နည်းတာကိုး။

အာသာဟာ သူချစ်တဲ့ အမျိုးသမီးနဲ့ ယူပြီးတဲ့အခါ အေးချမ်းမှုကို ရှာဖို့ ကြိုးစားတယ်။ သူ့ အမျိုးသမီးလေးက စာသင်မယ်၊ သူက စတိုးဆိုင်ထိုင်မယ်ပေါ့။

ရူးပါ့ အာသာရယ်။ သေနတ်ကိုင်လာတဲ့ လက်နဲ့ စတိုးဆိုင်မှာ စာရင်းမှတ်မတဲ့။ ဒီလိုပြောလာမှာတွေကို အာသာ မမှုဘူး။ ဒါပေမဲ့ သူမျှော်လင့်သလို ဖြစ်မလာပါဘူး။ အာသာကြီးရေ ကြမ်းဦးပေါ့။ ချစ်ခြင်းမေတ္တာ၊ ဘာသာရေးအဆုံးအမ၊ ကိုယ်ပိုင်အသိုက်အမြုံ။ ဒါတွေ အကုန်လုံးလောက်နဲ့တော့ အာသာကြီးထွက်ပြေးဖို့ မလုံလောက်သေးပါဘူး။

အာသာကြီးက သူချစ်တဲ့ အမျိုးသမီးလေး နဲ့ ကိုယ်ပိုင်ဘဝလေးနဲ့ ဒီလောက်ဆို လုံလောက်ပြီ တွက်ပြီး အပြီးသတ် ရပ်လိုက်ဖို့ ထွက်ပြေးတာပါ။ ဒါပေမယ့် မလွတ်မြောက်ရှာပါဘူး။

ထွက်ပြေးသူဟာ ဘယ်တော့မှ မလွတ်မြောက်ဘူးဆိုတာကို သောမက်စ် က သိနှင့်နေခဲ့တယ်။ စစ်ပွဲထဲမှာလည်း ဒီလို ကိုင်တွယ်ဖြေရှင်းခဲ့ပုံရပါတယ်။ သူရဲကောင်းဆုတံဆိပ်တွေ ရခဲ့တယ်။ အာသာကရော။

အာသာကြီးက သောမက်စ် ကိုယုံတယ်။ ငြိမ်းချမ်းချင်တာလည်း နှစ်ယောက်မရှိဘူး။ သောမက်စ်ကလည်း ထွက်ပြေးရင် မလွတ်မြောက်ဘူးလို့ ယူဆထားတဲ့သူ။

ဟိုးအစမှာ ကိုယ်တို့ စဉ်းစားခဲ့တဲ့ အာသာကြီးက ​ပြုံးတတ်သေးလားဆိုတာဆီ ပြန်သွားရအောင်။ နူးညံ့ သိမ်မွေ့မှုကို သင်ယူခွင့်၊ ခံစားခွင့်ရှိတဲ့ အခြေအနေရောက်ရင် အာသာကြီး ပြုံးနေမှာသေချာပါတယ်။

ပြုံးရင် လူတိုင်းလှတယ်ဆိုတာ အာသာကြီးလည်း သိမှာပေါ့။

သူပြုံးတတ်ပါတယ်။

သင်တို့​၏

30/04/2022

ဒါက မနက်က JDN မှာ ရခဲ့တဲ့ Buffalo King Megaways ရဲ့ လှလှလေး။

Arthur Fan acc ဖွင့်ရန်viber Link- https://tinyurl.com/kuw88ee7

ကိုအာသာဖန်အကောင့်ဖွင့်ချင်လို့ပါလို့ ပြော။ ခပ်ချောချော ကောင်မလေးတွေ အကောင့်ဖွင့်ပေးလိမ့်မယ်။

30/04/2022

ဒီနေ့ JDN မှာ ရိုးရိုးလှည့် ၆၀၀ က ပေးတဲ့ Tic Tac Take.

Arthur Fan acc ဖွင့်ရန်viber Link- https://tinyurl.com/kuw88ee7

ကိုအာသာဖန်အကောင့်ဖွင့်ချင်လို့ပါလို့ ပြော။ ခပ်ချောချော ကောင်မလေးတွေ အကောင့်ဖွင့်ပေးလိမ့်မယ်။

"တဖြည်းဖြည်းပျောက်ကွယ်သွားတာထက်စာရင် မီးရှို့ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းတယ်။"Kurt Cobain
30/04/2022

"တဖြည်းဖြည်းပျောက်ကွယ်သွားတာထက်စာရင် မီးရှို့ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းတယ်။"

Kurt Cobain

9 : 30 AM တွေ့ကြမယ် အမျိုးတို့။
30/04/2022

9 : 30 AM တွေ့ကြမယ် အမျိုးတို့။

မနက်ဖြန် ကိုယ် Live လွှင့်တာ နောက်ဆုံးဖြစ်လိမ့်မယ်။ ခင်ဗျားတို့နဲ့ ဆုံခဲ့တဲ့ အချိန်တွေက တကယ်ပျော်ဖို့ ကောင်းခဲ့တယ်။ ဒါပေ...
29/04/2022

မနက်ဖြန် ကိုယ် Live လွှင့်တာ နောက်ဆုံးဖြစ်လိမ့်မယ်။ ခင်ဗျားတို့နဲ့ ဆုံခဲ့တဲ့ အချိန်တွေက တကယ်ပျော်ဖို့ ကောင်းခဲ့တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ တကယ့်ဘဝထဲကို ပြန်သွားဖို့ အချိန်တန်ပြီ။ နာကျည်းစရာတွေလည်း မေ့ပစ်သင့်သလောက် မေ့ပစ်နိုင်ခဲ့ပြီပဲ။

ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ဒီ ၂ လမှာ ဖက်တွယ်ထားစရာ မိသားစု တစ်ခုလိုမျိုး ရှိပေးခဲ့ကြတယ်။ Live လာကြည့်တယ်၊ စကားတွေ ပြောကြတယ်။ နိုင်ရင် ရပ်ဖို့ သတိပေးခဲ့တယ်။ ရှုံးရင် စိတ်မပျက်ဖို့ အားပေးခဲ့ကြတယ်။

မနက်ဖြန် မနက် ၉ နာရီ ၃၀ မှာ Live တက်ခဲ့မယ်။ ခင်ဗျားတို့ကို နှုတ်ဆက်မယ်။ ပြီးရင် ဒီမိသားစုကို ထားခဲ့ပြီး တကယ့်ဘဝထဲကို ကိုယ်ပြန်သွားတော့မယ်။

အိပ်မက်က နိုးရင် လက်တွေ့ဘဝထဲ ပြန်သွားကြရမှာပါပဲ။

ခင်ဗျားတို့ရဲ့

လူဆိုတာ အကြည်ဓါတ်ကလေးတွေ ရှိကြတယ်။ ရုပ်လှတာ၊ မလှတာနဲ့ မဆိုင်ဘူး။ မျက်နှာလေးက ကြည့်လိုက်ရင် အကြည်ဓါတ်ကလေး ရှိဖို့လိုတယ်။ ...
26/04/2022

လူဆိုတာ အကြည်ဓါတ်ကလေးတွေ ရှိကြတယ်။ ရုပ်လှတာ၊ မလှတာနဲ့ မဆိုင်ဘူး။ မျက်နှာလေးက ကြည့်လိုက်ရင် အကြည်ဓါတ်ကလေး ရှိဖို့လိုတယ်။ ဒါမှလည်း လူချစ်လူခင်ပေါတာ။

အဲ့ဒီတော့ အကြည်ဓါတ်က ဘယ်ကလာသလဲဆို အရင်းခံကတော့ အကောင်းမြင်စိတ်ကလေးတွေက လာတာပါပဲ။ ဘာပဲ ဖြစ်ဖြစ် အကောင်းမြင်စိတ်လေးတော့ ထားကြဖို့လိုအပ်တယ်။

"အကောင်းမြင်စိတ် ရှိဖို့ဆိုတာ အကိတ်မြင် စောင်းကြည့်ရတယ်ကွ။"

အဟွန်း။ ချစ်လို့ပြောတယ်မှတ်ပါ။

သင်တို့​၏

လန်ဒန်က မြင်းပြိုင်ကွင်းကို သိမ်းပြီးတဲ့အခါ အာသာကြီးက ဒီလိုကြွေးကြော်တယ်။" ဟေ့ လန်ဒန်က ဘုရင်တွေက ဒီမှာပဲ " တဲ့။ဒါအမှန်မဟ...
25/04/2022

လန်ဒန်က မြင်းပြိုင်ကွင်းကို သိမ်းပြီးတဲ့အခါ အာသာကြီးက ဒီလိုကြွေးကြော်တယ်။

" ဟေ့ လန်ဒန်က ဘုရင်တွေက ဒီမှာပဲ " တဲ့။

ဒါအမှန်မဟုတ်ပါဘူး။ သူက မြင်းပြိုင်ကွင်းထဲမှာ ဝင်ရမ်းရုံပါ။ သောမက်စ် ချထားတဲ့ အစီအစဉ်တွေထဲက အစိတ်အပိုင်းတစ်ခုပဲ။ ဒါပေမဲ့ ကြမ်းရ ရမ်းရရင် ပျော်နေရှာတဲ့ အာသာကြီးက ဒီ မြင်းပြိုင်ကွင်းကို သူ့လက်သူ့ခြေနဲ့ ရမ်းကားလိုက်ရတာကို ကျေနပ်နေတယ်။

သူ့ဆိုင်ကို ပြန်ရောက်တော့ အောင်ပွဲခံတယ်။ အရက်အပြင် မူးယစ်ဆေးရောပေါ့။ ဒီမှာလည်း ကိုကင်း ဟာ ဖွင့်ပွဲနဲ့ တိုက်ပွဲတွေအတွက်ပဲလို့ သောမက်စ်က သူ့ကို ပြောထားတယ်။ ဒါပေမဲ့ အာသာကြီးက ငြိနေပြီ။ ငြိရုံတင်မက မလုပ်ပါနဲ့ ပြောထားတာတောင် ရအောင် ကုန်ကူးနေပြီ။

ဘာမြင်ရလဲဆိုတော့ အာသာကြီးက သူချစ်တဲ့အရာတွေကို အဆုံးထိရောက်အောင် လုပ်မှာပဲ။ တစ်ဖက်မှာ သောမက်စ်ကို ဘယ်လောက်ပဲ ယုံကြည်မှု ပေးထား ပေးထား၊ သူချစ်တဲ့အရာဆိုရင်တော့ မဖြစ်ဖြစ်အောင်လုပ်တာပါပဲ။ ဆင်ကန်းတောတိုး လုပ်တာပါပဲ။

ဂျွန်က သူ့ကို ထောင်ထဲမှာ သွားတွေ့တယ်။ အာသာကြီးက ကျိန်းသေပေါက် ကြိုးပေးခံရတော့မဲ့ အခြေအနေ။ သူ ဘာပြောသလဲဆိုတော့

" ငါက ပုံဆွဲတာ တော်ခဲ့တယ်။ အတန်းထဲမှာတုန်းက သေသေချာချာ သင်လိုက်ရမှာကွာ" တဲ့.

ဂျွန်ကလည်း ပြန်ပြောပါတယ်။ မင့် ဘယ်သောက်အတန်းကို သေချာတက်ဖူးလို့လဲတဲ့။ ဒါပေမဲ့ကွာ။ အာသာကြီးမှာ နူးညံ့မှုလေးရှိတယ်။ အဲ့ဒါကို သူမဖော်ပြတတ်ခဲ့ဘူး။ ဖော်ပြခွင့်လည်း မပေးခဲ့ဘူး။

ကျိန်းသေကြိုးပေးခံရတော့မဲ့ အခြေအနေမှာ သောမက်စ်ကို ယုံကြည်မှု နည်းနည်း ပျောက်သွားတယ်။ ဒါပေမဲ့ သူ့ရင်ထဲက နူးညံ့မှုလေးက မသိမသာခေါင်ပြူထွက်လာတယ်။ ငါလခွမ်း သောမက်စ်၊ ယီးပဲ။ ငါက အသတ်ခံရတော့မယ်။ မေဘေးတွေ ငါ့ကို သတ်တော့မှာကွ ဘာညာ ထမပေါက်ကွဲဘူး။ ကြိုးပေးမခံရရင်တောင် ထောင်ထဲမှာက ပြိုင်ဘက်တွေရဲ့ လူမိုက်တွေက အပြည့်မဟုတ်လား။ ရှင်သန်နိုင်ဖို့ အရမ်းကို ရုန်းကန်နေရ အခြေအနေမျိုးမှာနော်။ ဒါပေမဲ့လည်း သူ သောမက်စ်ကို မျှော်နေပါတယ်။ ယုံကြည်နေပါတယ်။

လမ်းပေါ်က လူမိုက်ကလေး။ စစ်ကြီးထဲမှာ တိုင်းပြည်အတွက် ကိုယ့်နာမည်ကို စာရင်းသွားပေး။ စစ်ထဲကပြန်လာတော့ စိတ်ဒဏ်ရာပေါင်းစုံနဲ့။ လူမိုက်ကလေးက လူမိုက်ကြီးဖြစ်လာရော။ မိသားစုကိုလည်း ပြန်ထူထောင်ရတယ်။ ဒါပေမဲ့ မလုပ်တတ်မကိုင်တတ်နဲ့ ဆိုတော့ သောမက်စ်က ဦးဆောင်တယ်။

ဒီနေရာမှာလည်း အာသာကြီးက သောမက်စ်ကို မငြင်းဆန်ပါဘူး။ နောက်လိုက်ကောင်း ဖြစ်အောင်နေခဲ့တယ်။

ဘာရယ်မဟုတ်ပါဘူး။ ရှေ့မှာလည်း ရုပ်ရှင်ထဲက အာသာကြီးအကြောင်းတွေ ပွားထားတာ ရှိတယ်။ ဝင်ဖတ်ကြည့်ပေါ့။ နောက်ပိုင်းလည်း အာသာကြီးအကြောင်းတွေ အားရင် အားသလို ပွားနေမှာပဲ။

အနည်းဆုံးတော့ အပျင်းပြေမှာပါ။

သင်တို့၏ ချစ်လှစွာသော



Arthur Fan acc ဖွင့်ရန်viber Link- https://tinyurl.com/kuw88ee7

21/04/2022

လာလာ အမျိုးတို့။ JDN မှာ ငွေသွင်းဆော့တဲ့သူတွေကို မဲဖောက်ပေးနေတယ်။ ငွေသွင်းမဆော့ထားလဲ ဝိုင် လေးကို သွားငမ်းကြမယ်။ အာသာကြီးလည်း ဒါပြီးမှပဲ Live တက်တော့မယ်။

ကိုယ်ကတော့ ငမ်းတာ မဟုတ်ဘူးနော်။ အားပေးတာ။

Lakshmi – The Indian Goddess of Wealth and Prosperity= = = = = = = = = = = = = = = = = = = = = = = = = = လက်ချ်မီး မယ်တေ...
20/04/2022

Lakshmi – The Indian Goddess of Wealth and Prosperity
= = = = = = = = = = = = = = = = = = = = = = = = = =
လက်ချ်မီး မယ်တော်က ချမ်းသာစည်းစိမ်နဲ့ ကြွယ်ဝမှု အတွက် ကိုယ်စားပြုတဲ့ နတ်ဘုရားတစ်ပါးပဲ ဖြစ်ပါတယ်။
လက်ချ်မီးမယ်တော်က ဗိဿနိုး နတ်ဘုရားရဲ့ အဓိက ခွန်အားအရင်းအမြစ်လည်း ဖြစ်ပါတယ်။ မယ်တော့်ကို ကိုးကွယ်ဆုတောင်းသူတွေအတွက် ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာတွေကို ယူဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။
မယ်တော့်ကို ကိုးကွယ်ဆုတောင်းသူတွေဟာ Diwali အလင်းပွဲတော်နေ့မှာ ဆုတောင်းမှုတွေ ဆင်နွဲကြပြီး ကံစမ်းတဲ့ ကစားပွဲတွေဆီကို ချီတက်ကြလေ့ရှိပါတယ်။ မယ်တော့်ရဲ့ အကူအညီနဲ့ ကံကောင်းမှုတွေ သူတို့ဆီ ရောက်ရှိလာလိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။
အွန်လိုင်းကာစီနိုတွေလို ကံစမ်းကစားမှုတွေ လုပ်မယ်ဆိုရင်တော့ လက်ချ်မီး မယ်တော်ဆီမှာ ဆုတောင်းမှုတွေ လုပ်သင့်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။



Slot Game တွေမှာ အနိုင်ဂိမ်းတွေကို အတူတူရှာဖွေဖို့ Rage of Arthur Page ကို Like & Follow လေးလုပ်ပြီး စောင့်ကြည့်ပေးပါဦး။

"မင့် အမိန့်သာ ပေးတော့ဟေ့။"သောမက်စ် အကြပ်ရိုက်နေတဲ့ အချိန်ပေါ့။ ဘီလီကင်မ်ဘာနဲ့ သူ့လူတွေက Peaky Blindrs တွေထက် အင်အားအမျာ...
20/04/2022

"မင့် အမိန့်သာ ပေးတော့ဟေ့။"

သောမက်စ် အကြပ်ရိုက်နေတဲ့ အချိန်ပေါ့။ ဘီလီကင်မ်ဘာနဲ့ သူ့လူတွေက Peaky Blindrs တွေထက် အင်အားအများကြီး။ သူတို့ ရင်ဆိုင်တွေ့နေကြပြီ။

ချက်ခြင်း ပစ်ခတ်ကြမဲ့ အခြေအနေမျိုး၊ အချိန်မရွေး သေသွားမဲ့ အခြေအနေမျိုးမှာနော်။

အာသာကြီးက ဒီတစ်ခွန်းပဲ ထပြောတယ်။ဦးနှောက်မဲ့တဲ့ အာသာကြီးက သတ္တိတော့ မမဲ့ဘူး။

​သောမက်စ်က ငါ့ကို ယုံပါလို့ ပြောတော့ အာသာကြီးက ပြုံးလိုက်တယ်။ သူ သောမက်စ်ကို တကယ်ယုံပါတယ်။

အာသာကြီးက စစ်ပွဲကနေ အိမ်ပြန်ရောက်ရင်အရက်ဆိုင်လေး တစ်ဆိုင်ပိုင်ချင်တယ်။ ဒီလောက်ပဲ။ တိုင်းပြည်အတွက် ပြင်သစ်စစ်မြေပြင်မှာ တိုက်ခိုက်ရာက အိမ်ပြန်ရောက်ရင် အရက်ဆိုင်လေး တစ်ဆိုင်ပိုင်ဖို့ပဲ သူမျှော်လင့်တယ်။

ငါပြောပြတဲ့ အကြောင်းအရာတွေက ရုပ်ရှင်ထဲက အာသာကြီးကို ဘက်ပေါင်းစုံကနေ ကြည့်နေတာပဲ။ အဓိက ဇာတ်ဆောင်လည်းမဟုတ်တော့ အာသာကြီး အကြောင်းက များများ ပြောဖို့ မရှိဘူး။ အာသာကြီး ကိုယ်တိုင်ကလည်း ရိုးရှင်းတာကိုး။

စစ်တိုက်မယ်၊ အိမ်ပြန်ရောက်ရင် (မသေခဲ့လို့ အိမ်ပြန်ရောက်ခဲ့ရင် ) အရက်ဆိုင်လေး တစ်ဆိုင်ပိုင်ချင်တယ်။ ဒီလိုလူစားကိုး။

ဘာပဲဖြစ်ဖြစ်ပါ။ အာသာကြီးအကြောင်းတွေ ခနခန ပြောပြမယ်။ စိတ်ဝင်စားဖို့ ကောင်းတာလေးတွေတော့ ရှိမှာပါ။

ခင်ဗျားတို့ကို ချစ်တဲ့



ညပိုင်း Live တက်ခဲ့မယ်နော်။

မရတော့ဘူးအရမ်းဖြစ်နေပြီ။ အရှုံးထဲက အမြတ်ရှာရမှာပဲ။ 🤣🤣🤣  Arthur Fan acc ဖွင့်ရန်viber Link- https://tinyurl.com/kuw88ee7
20/04/2022

မရတော့ဘူးအရမ်းဖြစ်နေပြီ။ အရှုံးထဲက အမြတ်ရှာရမှာပဲ။ 🤣🤣🤣



Arthur Fan acc ဖွင့်ရန်viber Link- https://tinyurl.com/kuw88ee7

"လူတွေက အိပ်နေတဲ့အချိန် သိပ်ချစ်ဖို့ကောင်းတာ အစ်ကိုရဲ့။ သူတို့မျက်နှာပေါ်က လောဘတွေ၊ ဒေါသတွေ ဘာမှ မရှိတော့ဘူး" တဲ့။လွန်ခဲ...
19/04/2022

"လူတွေက အိပ်နေတဲ့အချိန် သိပ်ချစ်ဖို့ကောင်းတာ အစ်ကိုရဲ့။ သူတို့မျက်နှာပေါ်က လောဘတွေ၊ ဒေါသတွေ ဘာမှ မရှိတော့ဘူး" တဲ့။

လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာတုန်းက အနှိပ်ခန်းက အနှိပ်သမလေးတစ်ယောက်က ပြောဖူးတာ သတိရမိတယ်။ သူ့အတွေးက မဆန်းပေမဲ့ သူက သူ့ဧည့်သည်တွေ အိပ်ပျော်သွားရင် အမြဲထိုင်ကြည့်တတ်တာကတော့ ဆန်းတယ်။

သူ့ဆီလာသူတွေမှာ အမှန်တကယ် အနှိပ်ခံချင်သူရှိမယ်၊ ထိကပါးရိကပါး လည်း ရှိမယ်။ ထိကပါးရိကပါး လုပ်ခံရတဲ့အခါ သူ့မှာလည်း မကျေလည်မှုတွေ ရှိမယ်။ သူ့ မကျေလည်မှုကို ဖြေရှင်းတဲ့ ပုံစံက အိပ်ပျော်သွားအောင်စောင့်ပြီး အဲ့ဒီ ဘာမှ မပါတော့တဲ့ လူတွေရဲ့ အဖြူထည်မျက်နှာကို ထိုင်ကြည့်တာပဲ။

မလှဘူးလား။

ကျွန်တော်တို့ အနေနဲ့လည်း အဲ့ဒီနည်းလမ်းကို လိုက်လုပ်ကြည့်သင့်တယ်။

အိပ်ပျော်နေတဲ့ အဖြူထည်မျက်နှာလေးတွေကို သိမ်းထားရမယ်။ တစ်ချိန်ချိန်မှာ တစ်စုံတယောက်ကို ခွင့်မလွှတ်နိုင်တဲ့အခါ ခုန အနှိပ်သမလေးလို အဖြူထည်မျက်နှာလေးတွေကို ထိုင်ကြည့်ကြတာပေါ့။

​လောလောဆယ်တော့ သောက်နေတာပဲ ကောင်းပါတယ်။

အာသာကြီးဟာ ညီရဲ့ မင်္ဂလာဆောင်မှာ စကားပြောဖို့ ကြိုးစားတယ်။ စစ်မြေပြင်မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေက ကုစားလို့ မပျောက်နိုင်တဲ့...
18/04/2022

အာသာကြီးဟာ ညီရဲ့ မင်္ဂလာဆောင်မှာ စကားပြောဖို့ ကြိုးစားတယ်။ စစ်မြေပြင်မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေက ကုစားလို့ မပျောက်နိုင်တဲ့ အခြေအနေ နဲ့။ သောမက်က သူ့အစ်ကို စကားမှားမှာကို သိပ်စိတ်ပူတယ်။ တစ်ခုခု လွဲချော်သွားရင် ပွဲပျက်မှာကိုး။

သောမက်စ်က အာသာကြီးကို စကားဆက်မပြောဖို့ တားလိုက်တယ်။ အာသာဟာ လူကြားထဲမှာ နှစ်လိုဖွယ်စကားကို ပြောဖို့ အများကြီး ကြိုးစားခဲ့ရှာတယ်။
ပင်ကိုယ်က ခပ်ကြမ်းကြမ်း အာသာကြီးဟာ စိတ်ဒဏ်ရာတွေနဲ့ ပြည့်သွားတဲ့အခါ စကားကို နှစ်လိုဖွယ် မပြောနိုင်တော့ရှာပါဘူး။ လူငယ်လေးတစ်ယောက်ကို လက်ဗလာနဲ့ အသေထိုးသတ်မိခဲ့တဲ့အထိ ကြမ်းတမ်းခက်ထန်ခဲ့ရှာတယ်။

ဒါပေမဲ့ အာသာကြီးဟာ သောမက် ပြေးလမ်းတစ်ခုကို ပိုင်ဖို့ ကြိုးစားခဲ့ချိန်မှာ လီ တွေဆီက ငွေတွေကို ပြန်လုပြီး သူ့ညီကို ပေးလိုက်တယ်။ လီ တစ်ယောက်ရဲ့ နားရွက်ကို လှီးနေတဲ့အချိန်မှာ ငြိမ်ငြိမ်နေ လို့ ပြောလိုက်တာက တကယ့်ဆရာကျတဲ့ အကွက်ပဲ။ပြီးတော့ ဒီငွေတွေကို Peaky Blinders မိသားစုအမိန့်နဲ့ သိမ်းတယ်ဟေ့လို့ အော်ဟစ်လိုက်တယ်။ တကယ်ကျုံးရမယ့်အချိန်မှာ အဲ့ဒီလို ရမ်းကားပစ်လိုက်တာက ရန်သူတွေကို တုန်လှုပ်စေတယ်။

လူကြားထဲ ထွက်တွေ့တဲ့ သောမက်စ်က အဲ့ဒီငွေထုပ်ကို မြင်းပြိုင်ပွဲ ပိုင်ရှင်ဆီကို ပြန်အပ်လိုက်တယ်။ ပြီး​တော့ သူလိုချင်တဲ့ အခွင့်အရေးကို တည့်တည့်တောင်းဆိုလိုက်တယ်။ မငြင်းနိုင်တဲ့တောင်းဆိုမှုကို အာသာကြီး အထောက်အပံ့နဲ့ သောမက်တောင်းဆိုလိုက်နိုင်တယ်။

တစ်ခါတလေတော့ ကြမ်းတမ်းခက်ထန်မှုကလည်း အလုပ်ဖြစ်ပါတယ်။

ဘာမှမဟုတ်ဘူး။ Live မရှိတဲ့ အချိန် ခင်ဗျားတို့ ပျင်းမှာစိုးလို့ ရုပ်ရှင်အကြောင်း တောင်ရေးမြောက်ရေး လာရေးပြတာ။ အပျင်းပြေဖတ်ကြ။

By order of the " PEAKY BLINDERS"
16/04/2022

By order of the " PEAKY BLINDERS"

ကိုယ်မပိုင်ရလည်း အဆင်ပြေပါတယ်။ ပျော်ရွှင်နေတာ မြင်ရင် ကျေနပ်ပေးရမှာပေါ့။ နှစ်သစ်ကူးကာလက စပြီး ပျော်ရွှင်တဲ့ ဘဝ ကို အမြဲပ...
14/04/2022

ကိုယ်မပိုင်ရလည်း အဆင်ပြေပါတယ်။

ပျော်ရွှင်နေတာ မြင်ရင် ကျေနပ်ပေးရမှာပေါ့။ နှစ်သစ်ကူးကာလက စပြီး ပျော်ရွှင်တဲ့ ဘဝ ကို အမြဲပိုင်ဆိုင်နိုင်ပါစေ ဆုတောင်းပေးပါတယ်။

PS. ငလူးမဘဝ။ စောင်သည်းက ကွဲပါတယ်ဆို စောင် ဂိမ်းကလည်း ၄ ရက်ရှိပြီ။ ဆက်တိုက်ကုန်းနေတာ။ :3

စောစောစီးစီး ထပြီး လေ့ကျင့်ခန်းလေး ဘာလေး ပြန်လုပ်တယ်။ တစ်ချက်ချော်ထိုးမိတော့တံတောင်ကွေးက နည်းနည်း နာသွားရော။ ခနလေးနဲ့ နာ...
11/04/2022

စောစောစီးစီး ထပြီး လေ့ကျင့်ခန်းလေး ဘာလေး ပြန်လုပ်တယ်။ တစ်ချက်ချော်ထိုးမိတော့တံတောင်ကွေးက နည်းနည်း နာသွားရော။ ခနလေးနဲ့ နားလိုက်ရတယ်။ လခွမ်း အိတ်မို့လို့၊ လူသာဆို ထိအောင်တောင် ထိုးနိုင်တော့မယ်မထင်ဘူး။ ဘာပဲ ဖြစ်ဖြစ် လူက လန်းဆန်းသွားသလို ခံစားရတယ်။

ဒီနေ့တော့ ပုံမှန်နဲ့ မတူတဲ့ ပေါ့ပေါ့ပါးပါး နေ့ကလေး တစ်ရက်ပဲ။ ရှေ့ရက်က ခင်ဗျားတို့သာ မသိတာ၊ အစာအိမ်ယောင်နေလို့ ပုလင်းနား၊ ဆန်ပြုတ်သောက်နေရတာ။

ခင်ဗျားတို့ မှန်မှန်ပြော။ ရှေ့ ၃ ရက်မှာ ကျွန်တော် အစာအိမ်ယောင်နေလို့ ဗိုက်အောင့်နေတာ မသိကြဘူး မဟုတ်လား။ ဘာပြောချင်တာလဲဆိုတော့ ခင်ဗျား တို့ ဒီခေတ်ကြပ်ကြီး ခေတ်ပျက်ကြီးထဲမှာ နည်းနည်းပဲ အပျင်းပြေပြေ၊ ဝါသနာပါလို့ပဲလိုက်ဆော့ဆော့ တူတူ ဆော့ရအောင် Stream တယ်။ ဒီ မိသားစု ကျွန်တော့်ရဲ့ Second life ပဲ။ ဒီလို ပြောချင်တာ။

ဒီနေ့တော့ သက်သာပါတယ်။

၉ နာရီ ၉ ခွဲလောက် ဆုံကြမယ်။

ချစ်ခင်မှုဖြင့်



စကားချပ်။ ။ မိသားစုထဲက ဘဲတွေ ကိုယ့်ဆီမှာသာ လာမကြည့်၊ မမန့်တာ။ JDN က ဘေဘီလေး Live မှာ တန်းစီနေတယ်နော်။ မပြောသေးဘူး။ အဟွန်း။

ပြီးရင် မင်းလည်း ပျံထွက်သွားဦးမှာပဲ မဟုတ်လား။
09/04/2022

ပြီးရင် မင်းလည်း ပျံထွက်သွားဦးမှာပဲ မဟုတ်လား။

08/04/2022

အဆ ၂၅၀ အငြိလေးတစ်ချက်။

ခနတာတော့ ပျော်ရပါတယ်။

တစ်ဘဝလုံးပျော်ရဖို့ကတော့ ညီမလေး ကယ်တင်မှ ဖြစ်မှာ။

လွန်ခဲ့သောနှစ်ကာလများတုန်းက ကျွန်တော့်ဆီရောက်လာခဲ့တဲ့ မက်ဆေ့လေး တစ်စောင်ပေါ့။အဲ့ဒီနောက် ရနံ့ခြုံဖိတ်စာကလေး တစ်စောင်ဟာ ကျ...
08/04/2022

လွန်ခဲ့သောနှစ်ကာလများတုန်းက ကျွန်တော့်ဆီရောက်လာခဲ့တဲ့ မက်ဆေ့လေး တစ်စောင်ပေါ့။

အဲ့ဒီနောက် ရနံ့ခြုံဖိတ်စာကလေး တစ်စောင်ဟာ ကျွန်တော့်နာမည် ကပ်ပြီး ဝိဉာဉ်နုတ်ဖို့ ရောက်လာခဲ့တယ်။

အလဲလဲ အပြိုပြိုနေ့ရက်တွေ အများကြီးကို တစ်ကိုယ်တော်လေလွင့်ဖြတ်သန်းခဲ့ရတယ်။ တစ်စုံတယောက်ကို စိတ်ချလက်ချ ချစ်နိုင်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးကို အခုအထိ ရင်ဆိုင်နေရတုန်းပဲ။

အကြိမ်ကြိမ်တောင်းပန်ခဲ့တဲ့ ကြားက ဝင်လာပြီး ပြန်ထွက်သွားတဲ့ စွန်ကလေးတွေ ကောင်းကင်မြင့်မြင့်မှာ ပျံဝဲနေတာ မြင်ရတော့လည်း ပြုံးမိပါတယ်။

ဝေးဝေးက ငေးနေရုံပေါ့။

"ဘီယာကို ကံစမ်းမဲပေါက်အောင် ဘယ်လိုသောက်မလဲ"မြန်မာတွေဟာ ကံစမ်းမဲကို အင်မတန် မက်တယ်လို့ ပြောလို့ရတယ်။ ဘယ်ထုတ်ကုန်နေနေ ကံစမ...
06/04/2022

"ဘီယာကို ကံစမ်းမဲပေါက်အောင် ဘယ်လိုသောက်မလဲ"

မြန်မာတွေဟာ ကံစမ်းမဲကို အင်မတန် မက်တယ်လို့ ပြောလို့ရတယ်။ ဘယ်ထုတ်ကုန်နေနေ ကံစမ်းမဲ ထည့်တာပဲ မဟုတ်လား။

အဲ့အခါကျတော့ အရက် ဘီယာ ကြိုက်ပြီး ကံစမ်းမဲလည်း စိတ်ဝင်စားတယ်ဆိုရင်တော့ အကြံကောင်းပေးပါဦးမယ်။

ပထမဆုံး အနေနဲ့ ရှောင်ရမှာက မီနီမတ်တွေကနေ လုံးဝ မဝယ်ပါနဲ့။ ဘီယာတော့ ရမယ်။ ကံစမ်းမဲ ပေါက်ဖို့ အခွင့်အလမ်း လုံးဝ မရှိသလောက် နည်းတယ်။ အထူးသဖြင့် မည်သည့်ကံစမ်းမဲမျှ လဲမပေးပါ ဆိုတဲ့ပြီး စာကပ်ထားတဲ့ဆိုင်တွေက ကုမ္ပဏီ နဲ့ ညှိထားပုံရပါတယ်။ ဘယ်ကံစမ်းမဲပါတဲ့ ဘီယာ ဝယ်ဝယ် ကျေးဇူးတင်ခံရပါလိမ့်မယ်။ မတော်တဆ ပေါက်ရင်တောင် လဲပေးမှာ မဟုတ်ဘူးလို့လည်း ပြောပြီးသားပါ။

အဲ့တော့ ဘယ်မှာဝယ်ရမလဲ။ ဘယ်မှာကမလဲ။ ရပ်ကွက်ထဲက အေးဂျင့်ဆိုင်တွေမှာ ဝယ်ပေါ့။

ဘယ်လိုဝယ်မလဲ။ ဒီနေရာမှာ အေးဂျင့်ဆိုင်တွေက အရောင်းသမားတွေဟာ ဘယ်ပုလင်းက ဘာပေါက်မယ်ဆိုတာကို ၈၀ ရာခိုင်နှုန်းလောက်အထိ မှန်အောင် ခန့်မှန်းနိုင်ပါတယ်။ အဲ့ဒီတော့ သူတို့က ဝယ်ပြီး မဲပေါက်တဲ့ ပိုက်ဆံ ၁၀၀၀၀ အောက်ကို သူတို့ဆီ ပြန်သောက်မယ့် သူတွေကိုပဲ ပေးတတ်ပါတယ်။ ပုံမှန်ဖောက်သည်ကိုပေါ့။ ကိုယ့် အပိုင်ဆိုင်ဆိုရင် ဟိတ်လူ မပေါက်တာများပြီနော်။ ဒီနေ့တော့ လုပ်လိုက်တော့လို့ ပြောပါ။ မရှက်နဲ့။ အားမနာနဲ့။

အပိုင်ဆိုင် မရှိဘူးဆိုရင်တော့ တစ်ဖာ ဆို တစ်ဖာ ဝယ်ပါ။ ဒါဆိုရင် ပေါက်မယ့် အခွင့်အလမ်း တက်လာပါလိမ့်မယ်။ ဟာကွာ တစ်ဖာကတော့ များပါတယ် မလုပ်ပါနဲ့။ အချိန်တန်ရင် ကုန်ပါတယ်။

တစ်ဖာလည်း မဝယ်ချင်ဘူး၊ ဆိုင်အသိလည်းမရှိဘူးဆိုရင်တော့ ကိုယ်ဝယ်မယ့်ဆိုင်ရဲ့ ရောင်းအားကို လေ့လာပါ။ ရောင်းပုံစနစ်ကို လေ့လာပါ။

တစ်ချို့ ဆိုင်တွေက လက်သင့်ရာ ဆွဲပေးပြီး တစ်ချို့က စနစ်တကျပေးပါတယ်။ စနစ်တကျပေးတယ်ဆိုတာ အပေါ်က ကိုယ့်ဖောက်သည်ကို ပေါက်မဲပေးတဲ့ ဆိုင်မျိူးကို ပြောတာပါ။ ရောင်းအားများတဲ့ဆိုင်တွေက ၁၀ ဖာလောက်ကို အေးအောင် စိမ်ထားပါတယ်။ လက်သင့်ရာပေးတဲ့ဆိုင်က မဆိုသာပေမယ့် စနစ်တကျ ပေးတဲ့ဆိုင်ကတော့ သူ့ဆိုင်ရဲ့ ရောင်းအားအမြင့်ဆုံး အချိန်ကျမှ ပေါက်မဲပါတဲ့ သီးခြားခွဲထားတဲ့ ပုလင်းကို ထည့်ပေးတတ်ပါတယ်။ အဲ့ဒီအချိန်ကို သေသေချာချာသတိထားကြည့်ပါ။ ည ၉ နာရီ ၃၀ ကနေ ၁၀ နာရီ ၃၀ ကြား ဖြစ်ပါတယ်။

ပေါက်မဲတွေက အဲ့ဒီအချိန်မှ အများစု စထွက်ပါတယ်။ ကိုယ့်အနီးအနားက သောက်သုံးသူအလိုက် အချိန်ပြောင်းနိုင်ပေမယ့် အဲ့ဒီအချိန်က အများစု ရောင်းအားမြင့်တဲ့အချိန်ပါ။

နောက်တစ်ချက်က ၉ နာရီ ၃၀ ကနေ ၁၀ နာရီ ၃၀ ကြားဝယ်ထားသူတွေ နောက်တစ်ကြိမ်ထပ်ဝယ်မယ့်အချိန်က ၁၂ နာရီ ဝန်းကျင်ပါ။ သူတို့ဆိုင်ပိတ်ပါပြီ။ နောက်တစ်နေ့မှာ သူတို့ဆိုင်ကို မဖြစ်မနေလာရပါတော့မယ်။

တခြား ဆရာစားချန်ထားတဲ့ အကွက်ကလေးတွေ သိချင်ရင်တော့ Video Call ကနေ တိုက်ရိုက်ပို့ချပေးပါတယ်။ ဘီယာ တစ်လုံး ဒလီဘာရီနဲ့ ပို့ပေးရင် လက်ခံဖြေကြားပေးနေပါတယ်ဆိုတဲ့ အကြောင်း ပြောပြချင်တာပါ။

မေတ္တာဖြင့်

Ko Arthur

Arthur Fan acc ဖွင့်ရန်viber Link- https://tinyurl.com/kuw88ee7

ဒါလေးလိုချင်တယ်ကွား။ JDN ဆီက အနိုင်ရှာပြီး ဝယ်ရမယ်။မနက်က ၂ သိန်းကျော်နိုင်ပြီးမှ ပြန်ကျတယ်။ လိုင်းမကောင်းတာနဲ့ Amount ပြ...
02/04/2022

ဒါလေးလိုချင်တယ်ကွား။ JDN ဆီက အနိုင်ရှာပြီး ဝယ်ရမယ်။

မနက်က ၂ သိန်းကျော်နိုင်ပြီးမှ ပြန်ကျတယ်။ လိုင်းမကောင်းတာနဲ့ Amount ပြန်ကျပြီး ၉ သောင်း အနိုင်မှာ ရပ်ထားလိုက်ရတယ်။

နေ့လည်လောက် အလုပ်လည်းပါး လိုင်းလည်းကောင်းရင် ပြန်တက်လာခဲ့မယ်။

01/04/2022

ဒီနေ့ စိတ်ကြည်ကြည်လင်လင်နေမယ် ဆုံးဖြတ်ထားတယ်။

Live တက်တဲ့အခါ ပြုံးပြမယ်။

တစ်ယောက်နဲ့ တစ်ယောက် အာရုံ မနောက်ကြေးဗျာ။ ခနခန ပြောနေတာက တခြားရပ်ကွက်တွေ အကြောင်း တခြား Streamer တွေ အကြောင်း သယ်မလာဖို့ပဲ။ ကျွန်တော့် အနေနဲ့ ဘယ်သူ့အကြောင်း၊ ဘယ်ရပ်ကွက် အကြောင်းမှ ပြောမနေဘူး။

ကိုယ့်မိသားစုနဲ့ ကိုယ် ပျော်ပျော်ရွှင်ရွှင်နေကြရအောင်ပါ။

ချစ်သော

Ko Arthur

ဒီနေ့တော့ ညနေ ၃ နာရီလောက် တက်လာခဲ့မယ်နော်။ညကျရင် ကိစ္စလေးတွေ ရှိလို့။ မနေ့ညကလည်း ဒီကိစ္စတွေ စီစဉ်ဖို့ရော မတွေ့တာကြာတဲ့ သ...
31/03/2022

ဒီနေ့တော့ ညနေ ၃ နာရီလောက် တက်လာခဲ့မယ်နော်။

ညကျရင် ကိစ္စလေးတွေ ရှိလို့။ မနေ့ညကလည်း ဒီကိစ္စတွေ စီစဉ်ဖို့ရော မတွေ့တာကြာတဲ့ သူငယ်ချင်းက လှမ်းခေါ်တာရောနဲ့ Live ကိူ ပိတ်ချလိုက်ရတာ အတွက် Arthur မိသားစုတွေ ကို တကယ်အားနာမိပါတယ်။

အပြင်ကမိသားစုတာဝန်တွေရော လူမှုရေး တွေပါ ရှိနေလို့ပါ။

ညနေ ၃ နာရီ ကျော်ကျော်လောက် ဆုံကြမယ်။ အဲ့ကျမှ ဝိုင်းဆူကြတော့နော်။

ခင်ဗျားတို့ရဲ့

Ko Arthur

30/03/2022

မဲဖောက်နေတယ် မိသားစုတွေ။ တစ်ချက် သွားကြည့်ကြဦးဗျ။

25/03/2022

၂ ရက် ကြောင်ပျောက်ပြီး ဘာမှ မစားဖြစ်။ လူက စိတ်ဆင်းရဲ ရတဲ့အထဲ အလုပ်က သိပ်အဆင်မပြေ။ Slot ကလည်း Live လွှင့်တိုင်း Viewer များလာရင် ကုန်းပြီ။

ဒီနေ့တော့ ဘုရားသွားလိုက်တယ်။ ပုဆိုး နဲ့ ရှပ်ကလည်း မဝတ်တာကြာတော့ မဝတ်ချင်တာနဲ့ အိမ်နေရင်းအတိုင်း ထွက်လာလိုက်တာ။ ဘုရား မုခ်ဝမှာသေနတ်နဲ့ချိန်ပြီး စစ်ဆေးခံရတယ်။ ငါ့ပုံက ဘာပုံပေါက်နေတယ်မသိဘူး။

စိတ်ရှုပ်ရတဲ့အထဲ ငါလည်း နောက်ချင်လာတာနဲ့ စိတ်ညစ်လွန်းလို့ ဘုရားလာတာပါကွာ... အဲ့လောက်ကြီး စစ်လားဆေးလား မလုပ်ကြပါနဲ့။တောင်းပန်ပါတယ်ဆိုပြီး အကျယ်ကြီး ထအော်ပစ်လိုက်တယ်။

အဲ့ကောင်တွေလည်း ဘယ်လို တွေးမိလဲ မသိဘူး။ အတင်းတွေ တောင်းပန်ပြီးကျွန်တော်တို့ ဘုရားပေါ်လိုက်ပို့ပေးပါ့မယ်တဲ့။ ဟီးဟီး။

ဒီည ၈နာရီ ဆုံကြမယ် အမျိုးတို့။ ဒီနေ့တော့ ဘုရားရှိခိုးထားတော့ နိုင်မှာပါ။

အမြင့်ပျံ ထွက်ပြေးသွားတဲ့ စွန်ကလေးတစ်ကောင်အကြောင်း ခင်ဗျားတို့ကို ပြောပြမယ်။ ​ကျွန်တော်က အရာရာ ငေးကြည့်နေသူ သပ်သပ်ပဲ။ ကြ...
22/03/2022

အမြင့်ပျံ ထွက်ပြေးသွားတဲ့ စွန်ကလေးတစ်ကောင်အကြောင်း ခင်ဗျားတို့ကို ပြောပြမယ်။

​ကျွန်တော်က အရာရာ ငေးကြည့်နေသူ သပ်သပ်ပဲ။ ကြိုးပြတ်အောင် ရုန်းထွက်လွတ်မြောက်သွားသူ စွန်ကလေးကို ရပ်ငေးကြည့်နေရုံလေးပဲ။

ချည်နှောင်ထားမိတဲ့ ကိုယ့်မှာပဲ အပြစ်ရှိတဲ့အကြောင်းရယ်၊ ရုန်းထွက်ပြေးသူကို ဆွဲထားဖို့ သတ္တိမရှိခဲ့တဲ့ အကြောင်းရယ် ဒီလိုမျိုးတွေပေါ့။

တိမ်တွေမြင်တိုင်း စွန်ကလေးကို ရှာနေမိတဲ့လူတစ်ယောက်အကြောင်း ဒီနေ့ည ၈ နာရီ Live မှာ ကျွန်တော်ရင်ဖွင့်မယ်။ ပြီးရင် ကျွန်တော် လွှတ်ချလိုက်တော့မယ်။

ဒီအကြောင်းတွေ ၊ ဒီဒဏ်ရာတွေကို ကျွန်တော်ထမ်းပိုးနေရတာ ပင်ပမ်းလှပြီလေ။

ခင်ဗျားတို့ရဲ့

Arthur



ငါလခွမ်း။ ည ၈ နာရီ Live တက်မယ်ဆိုတာ ရိုးရိုးပြောလည်း ရပါတယ်ဟ။ 😀 😛

EPC Win သွားတာဟေ့။နိုင်နေတဲ့ အချိန် မီးပျက်လို့ ဆက်လည်းဆော့မရ၊ Live ကလည်း ပိတ်သွားတယ်။ မဲဖောက်ပေးရမယ့် Viewer တွေကိုလည်း...
21/03/2022

EPC Win သွားတာဟေ့။

နိုင်နေတဲ့ အချိန် မီးပျက်လို့ ဆက်လည်းဆော့မရ၊ Live ကလည်း ပိတ်သွားတယ်။ မဲဖောက်ပေးရမယ့် Viewer တွေကိုလည်း မဖောက်ပေးလိုက်ရဘူး။

မနက်ဖြန် Live မှာ ဖုန်းဘေလ် ၅၀၀၀ နဲ့ 4 ယောက် မဲဖောက်ပေးမယ်နော်။ ဒီနေ့ အဆင်မပြေဖြစ်သွားတာ ဆောရီးပါ ဗျာ။

Arthur မိသားစုကြီး ပိုကြီးလာဖို့ Like & Share လုပ်ပြီး အားပေးကြပါဦး။

Address


Telephone

+959426967010

Website

Alerts

Be the first to know and let us send you an email when Rage of Arthur posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share