Boosted Media

  • Home
  • Boosted Media

Boosted Media An independent automotive media channel for every auto enthusiasts in Myanmar.

Rally Fan တစ်ယောက်ရဲ့ Wet Dream | VARIS ARISING 01 GR Corollaကျွန်တော်တို့ ကားဝါသနာရှင်အများစုမှာ dream car ကိုယ်စီရှိတတ...
24/08/2024

Rally Fan တစ်ယောက်ရဲ့ Wet Dream | VARIS ARISING 01 GR Corolla

ကျွန်တော်တို့ ကားဝါသနာရှင်အများစုမှာ dream car ကိုယ်စီရှိတတ်ကြတယ်ဗျ။ တစ်နေ့တော့ Performante စီးရမယ်၊ NISMO GT-R စီးရမယ်နှင့် အစ ရှိသည်ပေါ့။ Acceleration & Track Performance အတွက် master craftsman များနှင့် အချိန်ယူဖန်တီးတည်ဆောက်ထားတဲ့ purpose built supercar တွေမလို့ daily driven မရတာ အဆန်းမဟုတ်။

သို့ပေမယ့်လို့ Rally ကားတစ်စီးနှင့် အနီးစပ်ဆုံးတူညီအောင် တည်ဆောက်ထားတဲ့အပြင် GR FOUR AWD စနစ်နှင့် battle proven 3-cylinder အင်ဂျင်ပါဝင်တဲ့ GR Corolla ကို daily driver အဖြစ်ထားမယ်ဆိုရင် supercar တွေလောက် ခေါင်းမကိုက်ရမှာ အသေအချာဘဲဗျ။

Weekend တွေမှာ Performante စီးပြီး daily မှာတော့ space ကျယ်ကျယ်ဝန်းဝန်း၊ ride height လုံလုံလောက်လောက်နှင့် GR Corolla လေး စီးမယ်။ စိတ်ပါရင် country road တွေမှာ flat out လုပ်ရင်း မိမိရဲ့ inner WRC driver fantasy ကို ဖြည့်ဆည်းပေးနိုင်တဲ့ hot hatch လေး တစ်စီးမလို့ ဘာများပိုပြီး တောင်းဆိုချင်စရာရှိဦးမလဲဗျ။

ကျွန်တော် IS500 F Sport Performance စီးချင်ပေမယ့် ဒီလို 5.0 V8 Luxury Performance Sedan မျိုး afford မလုပ်နိုင်သေးခင်တော့ GR Corolla ကို တစ်ဝကြီး စီးပစ်ချင်မိပါတယ်။ ဒါက ကျွန်တော့်ရဲ့ အတွေးပါ။

Aftermarket လောကမှာ Civic Type R နှင့် Nissan Z ဆိုရင် ဘော်ဒီကစ်ပေါင်းများစွာ၊ modification များစွာ ရှိထားပြီး တစ်ဖက်မှာတော့ aftermarket support နည်းနေသေးတဲ့ GR Corolla အတွက် ယခုနှစ် ၂၀၂၄ အစပိုင်း Tokyo Auto Salon မှာ မိတ်ဆက်သွားခဲ့တဲ့ VARIS ARISING 01 GR Corolla Bodykit လေးကို ဒီကနေ့ည Mods & Kits Content Category မှာ ရွေးချယ်ပြသသွားပါ့မယ်ခင်ဗျ။

Body Kit Includes

- Front Spoiler
- Front Turbulator
- Side Under Spiltter
- Rear Under Splitter
- Exhuast Heat Shield
- Exhuast Outlet Cover
- Rear Wing
- Carbo Bonnet
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

Mid-tier Supercar Title အတွက် စိန်ခေါ်သူအသစ် Lamborghini Temerarioလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ပြန်သွားကြည့်ရအောင်! McLa...
18/08/2024

Mid-tier Supercar Title အတွက် စိန်ခေါ်သူအသစ် Lamborghini Temerario

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ပြန်သွားကြည့်ရအောင်! McLaren ရဲ့ MP4-12C reign ပြီးနောက် 540 နှင့် 570 တို့ကို ပွဲထုတ်ချိန်၊ Ferrari ဟာလည်း Ferrari တစ်စီးဆန်စေရခြင်းရဲ့ အဓိက သော့ချက်ဖြစ်သော High-revving flat-plane NA V8 ကို စွန့်ပစ်ပြီး သေးသေးကွေးကွေး 3.9L Twin-Turbo V8 Ferrari 488 ကို မိတ်ဆက်ချိန်မှာ Lamborghini ကတော့ 8,500 RPM 5.2L NA V10 ကို ဆက်လက်ထိန်းသိမ်းရင်း တစ်ချိန်မှာ all-time best selling Lamborghini Supercar မော်ဒယ်ဖြစ်လာမည့် Huracan ကို မိတ်ဆက်ခဲ့ပါတယ်။

သံသရာ တစ်ပတ်လည်တယ်လို့ဘဲ ပြောရမလားမသိ၊ စာဖတ်သူတို့ ကျွန်တော်တို့ မျက်စိအောက်မှာတင် စတင် မိတ်ဆက်၊ edition အမျိုးမျိုး၊ trim အမျိုးမျိုးနှင့် သက်တမ်းစေ့ နေထိုင်သွားပြီးနောက် ၎င်း (Huracan အား ဆိုလိုခြင်းဖြစ်) ရဲ့ အရိုက်အရာကို ဆက်ခံမည့် Temerario ကိုလည်း မနေ့တစ်နေ့ကပင် မိတ်ဆက်လို့ သွားခဲ့ပါပြီ။ စာဖတ်သူနှင့် ကျွန်တော်တို့ ယခုတွေ့ကြုံနေရသော Temerario Reveal က အနာဂတ်ရဲ့ Hybrid Lamborghini Lineup တစ်ခုလုံးရဲ့ နိဒါန်းပျိုးစ အချိန်လို့လည်း ပြောနိုင်တယ်ဗျ၊ feel great to be able to witness this!

Temerario မိတ်ဆက်ပွဲမှာဆိုရင် V10 မဟုတ်တော့လို့ မကျေမနပ်ဖြစ်နေသူနှင့် 10,000 RPM V8 မလို့ hype နေသူနှင့် အဖွဲ့နှစ်ဖွဲ့ ကွဲနေတာကို ကျွန်တော်တို့ တွေ့နိုင်မှာဖြစ်တယ်။ စာဖတ်သူကရော ဘယ်အဖွဲ့ထဲကလဲဗျ။ ကျွန်တော်ကတော့ 10,000 RPM V8 ကို အားပေးတဲ့ အဖွဲ့ကပါ။ မကြာခင်မှာလည်း REVUELTO Review - တုန်းကလိုမျိုး ရရှိနိုင်တဲ့ အရောင်တွေ၊ ဘီးတွေ အစုံအလင်ပါဝင်တဲ့ full walkthrough လာမှာဖြစ်လို့ ကားအကြောင်းကို စာအရှည်ကြီးတော့ မရေးတော့ဘူး။ အင်ဂျင်၊ hybrid စနစ်နှင့် aero အကြောင်းတွေ ရှင်းပြတာက article ထွက်လာမှ ပုံနှင့်တကွ ဖတ်ရှုပေးပါလို့ ပြောချင်ပါတယ်ခင်ဗျ။ အခုကတော့ ဘာကြောင့် ဒီ V8 ကို ကျွန်တော်ကြိုက်နှစ်သက်မိသလဲဆိုတာကို ဦးစွာပြောပါရစေ…

ယခု Lamborghini Temerario မှ 4.0L Hot-V Setup Twin-Turbo V8 ဟာဆိုရင် ကမ္ဘာပေါ်မှာ နှစ်စီးတည်းသာရှိသေးတဲ့ production-version 10K RPM V8 အင်ဂျင်ထဲမှ တစ်ခုဖြစ်ပြီး McLaren 750S၊ Ferrari F8 Tributo တို့နှင့် လားလားမျှမတူညီတဲ့ Mid-engined V8 အရသာကို ပေးအပ်သွားမှာဖြစ်ပါတယ်။ Exhaust Manifold များကို အင်ဂျင် cylinder bank အတွင်းထဲ ထည့်ထားပြီး Intake Manifold များကို cylinder bank အပြင်ပြောင်းထားတဲ့ သမာရိုးကျမဟုတ်တဲ့ Hot-V setup မလို့ အင်ဂျင်တစ်ခုလုံးရဲ့ over-all profile က ပိုသေးပြီး air intake အပိုင်းမှာလည်း ပိုမို efficient ဖြစ်စေပါတယ်။ ယခု layout က Turbo Lag လည်း (လုံးဝ) မရှိတော့တဲ့ နီးနီး လျှော့ချပေးနိုင်ပြီး မျက်စိတစ်မှိတ်အတွင်း A to B တန်းရောက်စေမည့် throttle response ကို ရရှိစေမှာပါ။ McLaren တွေက Straightline မှာ အတော်လေးမြန်တယ်ဆိုတဲ့ stereotype ကို Temerario ကဘဲ ချိုးဖျက်သွားနိုင်မလား၊ 750S နှင့် F8 Tributo ကဘဲ ပြန် smoke လုပ်မလား မသိပါဘူး။

ဈေးတန်းတူ ပြိုင်ဘက်များနှင့် ထိပ်တိုက်ယှဉ်ပြီး test လုပ်တဲ့ demonstration မျိုး မတွေ့ရသေးတာကြောင့် Temerario ကိုMcLaren 700 series (720S, 750S, 765LT) လို hypercar-killer များထက် ပိုမြန်ပါတယ်၊ ပိုကောင်းပါတယ်လို့ အမွှန်းမတင်ချင်ပေမယ့် ကျွန်တော့်စိတ်ထဲတော့ ဒီအင်ဂျင်က next-generation Lamborghini တစ်စီးအတွက် လိုက်ဖက်တယ်လို့ မြင်မိပါတယ်။

ဒီနေရာမှာ ဖြတ်ပြောချင်တာတစ်ခုက ယခု Temerario မှ Twin-Turbo V8 အင်ဂျင်ဟာ Lamborghini Urus မှ မဟုတ်သလို SC63 LMDh မှ အင်ဂျင်လည်း မဟုတ်ပါဘူး။ Temerario အတွက် သီးသန့် bespoke develop ပြုလုပ်ထားသော အင်ဂျင်ဖြစ်ပြီး ၎င်းရဲ့ power figures များက လန်ဘိုတစ်စီးရဲ့ နွားရိုင်းတစ်ကောင်သဖွယ် Beastly Profile ကို လိုက်ဖက်စေပါတယ်။ ဒါပေမယ့် မျှမျှတတ ပြောရရင် ယခု အင်ဂျင်က 10K အထိ rev နိုင်သော်လည်း Ferrari လောက်တော့ အသံလှမနေပါဘူး။ Flat-plane Crank ကို သုံးထားတိုင်း မာရာနယ်လို မြင်းစောင်းမှ မြင်းပျိုအသံမထွက်နိုင်တာကတော့ အမှန်ဗျ။ Emission Laws တွေအရ Temerario ရဲ့ stock-exhaust မှာ ကန့်သတ်မှုတွေရှိနေတာကြောင့် Temerario GT3 ကား ထွက်လာရင် အသံအစစ်အမှန်ကို ကြားရသေးတာပေါ့။

ကျွန်တော် Temerario အကြောင်း full walkthrough article မရေးခင် ယခုရက်ပိုင်း မိတ်ဆက်နေသမျှ ကားမော်ဒယ်အသစ်တွေကို တစ်စီးချင်းဆီ အရင်တင်ဆက်ပေးသွားဖို့ ရှိပါတယ်။ Video လေးတွေလည်း လုပ်လက်စတွေ ရှိသေးတာမလို့ အနည်းငယ်ကြာဦးမယ်ဆိုတာ ကြိုအသိပေးပါရစေခင်ဗျ။ အားလုံးဘဲ ကောင်းသော ညချမ်းလေးပါ. . .
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

ပုတ်သင်တစ်ကောင် မီးမှုတ်တိုင်း နဂါးမဖြစ်နိုင်လွန်ခဲ့တဲ့ (၆) နှစ်တုန်းက၊ ယခုလို August လထဲ၊ ယခုတွေ့မြင်နေရတဲ့ SL680 Monog...
18/08/2024

ပုတ်သင်တစ်ကောင် မီးမှုတ်တိုင်း နဂါးမဖြစ်နိုင်

လွန်ခဲ့တဲ့ (၆) နှစ်တုန်းက၊ ယခုလို August လထဲ၊ ယခုတွေ့မြင်နေရတဲ့ SL680 Monogram ကို global unveil လုပ်သောချိန်မှာဘဲ မိတ်ဆက်ခဲ့တဲ့ Vision Mercedes-MAYBACH 6 concept ကို မှတ်မိကြသေးလားဗျ? Mercedes-lineup ထဲ မည်သည့်မော်ဒယ်နှင့်မှ မတူညီတဲ့ ဒီဇိုင်း၊ အမှတ်မှားစရာမလိုလောက်အောင်ပင် ထင်ရှားသိသာတဲ့ MAYBACH တစ်စီး overall profile ကို ရရှိထားတဲ့ concept ကားတစ်စီးပါ။ SL300 လိုမျိုး Mercedes ရဲ့ motorsports pedigree ကို စတင်ခဲ့တဲ့ ဂန္တဝင် benz တစ်စီးရဲ့ gullwing doors များအပြင် teardrop shape နောက်ဖင် slop ကိုပါ ထည့်သွင်းဖန်တီးထားတာကြောင့် အနာဂတ်မှာ MAYBACH တံဆိပ် SL တစ်စီး ထွက်လာတဲ့အခါ ဒီလိုဘဲလားဆိုပြီးတောင် စိတ်ကူးမိလိုက်သေးတယ်။ And then we got this!

စာဖတ်သူတို့မှာလည်း ကိုယ်ပိုင်အမြင်နှင့် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသလို ကျွန်တော့်မှာလည်း အမြင်လေးတွေ မတူတာမလို့ အဖွဲ့နှစ်ခု မကွဲခင် heads up ပေးချင်ပါတယ်။ မနေ့တုန်းက မိတ်ဆက်ခဲ့တဲ့ MAYBACH SL680 Monogram ကို ကျွန်တော် လုံးဝ (လုံးဝ) သဘောမကျမိပါဘူး၊ မျက်စိထဲ SL တစ်စီးလို့သာ ဆက်မြင်နေပြီး MAYBACH တစ်စီးပါလို့ (လုံးဝ) ခွဲထွက်ပြီး မခံစားမိဘူးဗျ။ ကိုယ်တိုင်လည်း Luxury Segment က မော်ဒယ်များနှင့် ပတ်သတ်ရင် knowledge နည်းပါးသလို MAYBACH အလှကို မမြင်တတ်လို့ နေပါလိမ့်မယ်။ သို့ပေမယ့် ဘာကြောင့် သဘာမကျမိတဲ့ အချက်တွေကို ပြောပြပေးသွားပါမယ်။ အကယ်လို့ စာဖတ်သူက ကျွန်တော်နှင့် ဆန့်ကျင်ဘက်ဆိုရင် ဘယ်အရာတွေက ဒီကားကို MAYBACH တစ်စီးဖြစ်စေသလဲ၊ ဘာကြောင့် သဘောကျသလဲဆိုတာကို ‌comment section မှာ ပြောပြပေးပါဦးဗျ။

“စာရေးသူက ဒီဇိုင်းအကြောင်း ဘာနားလည်လို့ MAYBACH ကို ဝေဖန်ရတာလဲ၊ ဒါ MAYBACH ရဲ့ ပထမဆုံး SL လေဗျ” လို့ ကျွန်တော့်ကို မေးခွန်းထုတ်မယ်ဆိုရင် ကျွန်တော်ပြန်မေးစရာရှိတယ်။ Mercedes ရဲ့ luxury sports-coupe ဖြစ်သော SL မှ SL က ဘာလဲ။ ‘SL’ ဆိုတာက ဂျာမန်စကား ‘super liecht’ (super light) ရဲ့ acronym ဖြစ်ပြီး ယခု SL680 ကတော့ ပေါင် ၄၄၀၀ အလေးချိန်ရှိလို့ super light ဖြစ်‌မနေခဲ့ပါဘူး။ 300SL Gullwing လို parts-bin special Le Mans ပြိုင်ပွဲသုံး race car နှင့် ဒီကနေ့ခေတ် ultra luxury sports-coupe လေးကိုတော့ အလေးချိန်မယှဉ်နဲ့ပေါ့လို့ ကျွန်တော့်ကို ပြန်ထောက်နိုင်ပါတယ်၊ ဘာကြောင့်လဲဆို ဒါကလည်း မှန်နေလို့ပါ။

သို့ပေမယ့် SL680 နာမည်မှ ‘680’ ဟာ 6.0L Bi-Turbo V12 ဖြစ်ရမှာဆိုပေမယ့် လက်တွေ့မှာတော့ AMG SL63 မှ 577 hp 4.0L Bi-Turbo V8 အင်ဂျင်သာဖြစ်ပြီး ဇိမ်ကျကျနန cruise ဖို့အတွက် လုံလောက်သော ပမာဏသာဖြစ်ပါတယ်။ ကျွန်တော် ဒီလိုပြောလို့ MAYBACH SL တစ်စီးကို BRABUS ဆန်ဆန် ဒီဇိုင်းနှင့် ထွက်လာစေချင်တာလည်း (လုံးဝ) မဟုတ်ရပါဘူး။ အဓိက ပြောချင်တာက ယခု MAYBACH SL680 ဟာ သူ့ဟာနှင့်သူ လှပပေမယ့်လို့ MAYBACH တစ်စီးရဲ့ ကိုယ်ပိုင်အလှလို့ မခံစားရဘဲ တမင်ဈေးမြှင့်ထားတဲ့ design package တစ်ခုလို့သာ ခံစားမိပါတယ်။

ရှေ့ရုပ်တစ်ခုလုံးကို ပြောင်းလိုက်ရင်လည်း သာမန် SL တစ်စီး ဆန်နေဦးမှာပါ။ ဘာကြောင့်လဲဆိုရင် MAYBACH ဆိုတာ ဒီဇိုင်းကိုဘဲ ဆိုလိုချင်တာမဟုတ်ဘဲ design၊ material၊ bespoke နှင့် rarity လို့ ကျွန်တော် ခံယူထားလို့ခင်ဗျ။ ယနေ့ခေတ်လို အဆမတန် ငွေကြေးဖောင်းပွနေတဲ့ ခေတ်ကြီးထဲမှာ engineer များ influence မရှိတော့တဲ့ brand တစ်ခုကို V12 အင်ဂျင်တပ် ပေါင် ၃၇၀၀ ဝန်းကျင် ultra luxury sports-coupe တစ်စီးသီးသန့် develop လုပ်ခိုင်းတာက အတော်လေး မတရားရာကျပေမယ့် ယခု SL680 ဟာလည်း MAYBACH နာမည်နှင့် ထိုက်တန်မနေပါဘူး။

Bespoke လက်ရာ MAYBACH logo embossed hood တို့၊ ရှေ့က iconic ဖြစ်သော MAYBACH radiator grille၊ MAYBACH badge လေးများစွာဖြင့် ဒီဇိုင်းဖန်တီးထားတဲ့ lower-front bumper air intake တို့အပြင် ကားတစ်စီးလုံး နေရာအနှံ့တွေ့နိုင်တဲ့ MAYBACH စာတန်းတွေကိုသာ ပြူးပြီး မြင်မနေရရင် ဒီကားကို သာမန် SL တစ်စီးလို့ဘဲ ထင်နေမိမှာပါ။

တကယ်တမ်း ဖြစ်သင့်တာက MAYBACH လိုဂို နေရာအနှံ့မပါဘဲ MAYBACH ပါလို့ ပြောပြစရာမလိုအောင်ကိုမှ ထင်ထင်ရှားရှားဖြစ်စေမည့် bespoke & unique ဒီဇိုင်းနှင့် ထွက်လာသင့်တာဖြစ်ပြီး SL လို ဘော်ဒီအသေးလေးမလို့ V12 မထည့်နိုင်ရင်တောင် 680 ဂဏန်းကို ဖြုတ်ထားသင့်ပါတယ်။ Maybach 62 မှာဆိုရင် W220 S-Class နှင့်အပြင်ပိုင်း မည်သည့်အစိတ်အပိုင်းမှ sharing မလုပ်သော်လည်း အချို့ချို့သော နေရာတွေမှာ S-Class ဆန်မှုလေးတွေရှိတာကြောင့် Bentley နှင့် Rolls-Royce တို့ကို outselling မလုပ်နိုင်ခဲ့ပါဘူး။ အခုကျတော့ MAYBACH လိုဂိုကို copy/paste လုပ်ထားတဲ့ rebadged model သာသာဖြစ်ပြီး ကမ္ဘာ့ပထမဆုံး MAYBACH SL ပါလို့ ဟစ်ကြွေးနေတာက ရယ်ချင်စရာဖြစ်နေပါတယ်။

ဒီလိုဘဲ တွေးကြည့်ရအောင်! စာဖတ်သူက သန်းကြွယ်သူဌေးတစ်ယောက်ဗျာ။ F1 ကိုလည်း စိတ်ဝင်စားသလို Monte Carlo မြို့က အထပ်မြင့်ဟော်တယ်ခန်း လေသာဆောင်ထဲ ရှန်ပိန်လေးသောက်ရင်း Formula One Monaco Grand Prix ကြည့်ဖို့ Monaco သွားမယ်ပေါ့။

အခြားသော သန်းကြွယ်သူဌေးများကလည်း Bentley Continental GT၊ Aston Martin DB12 Volante နှင့် ဟော်တယ်ကိုရောက်လာချိန် စာဖတ်သူကလည်း MAYBACH SL680 နှင့် ဟော်တယ်ဝင်ပေါက်ရှေ့ ကားရပ်တဲ့အခါ ဘေးလူများက လူကြီးလူကောင်းဆန်စွာပင် မိမိကားလေးကို “ဟေ့လူ၊ ခင်ဗျား မာဆေးဒီးစ်လေး လှတယ်ဗျာ” လို့ ချီးကြူးတဲ့အခါ စာဖတ်သူအနေနှင့် “ဒီကောင်က MAYBACH ဗျ” လို့ ပြန်ရှင်းပြချင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုးဆို တစ်ဖက်လူအတွက် ရိုင်းရာကျမှာပေါ့။ တကယ်တမ်း ဒီမှာဖြစ်သင့်တာက “it’s a MAYBACH” လို့ နှုတ်နှင့် ပြန်ရှင်းပြစရာ မလိုအောင်ကို MAYBACH ဆန်နေသင့်ပါတယ်။

ကျွန်တော် အခုပြောပြတဲ့ scenario က အတော်လေး စိတ်ကူးယဉ်ဆန်နေပေမယ့် ကျွန်တော်အဓိက ထောက်ပြချင်တဲ့ အချက်က မှန် နေတာကို စာဖတ်သူ ငြင်းနိုင်မယ်မထင်ပါဘူး။

And again, ထပ်ပြောရမယ်ဆိုရင် Mercedes အနေနှင့် ယခု MAYBACH SL680 ကို the first of it’s kind ဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ်နိုင်ပေမယ့် ဒီကားကို ၁၀ ခါပြန်ဝယ်နိုင်တဲ့ old money milionaire သူဌေးများအတွက်က ပိုကောင်းတဲ့ option တွေရှိလို့ နေတယ်။

ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး ဂန္တဝင် Coachbuilder များထဲက တစ်ခုဖြစ်တဲ့ Bentley Mulliner Division ရဲ့ ဇီးကွက်မျက်ခုံးစတိုင် ရှေ့မီးလုံးများကို ဆက်ခံရင်း လတ်တလောကမှ ထွက်ရှိထားတဲ့ Continental GT အသစ်၊ ကမ္ဘာ့ပထမဆုံး super tourer ကိုမှ အမိုးပွင့်အနေနှင့် ရရှိနိုင်မည့် Aston Martin DB12 Volante တို့ဟာဆိုရင် SL680 ရဲ့ worthy alternative တွေ ဖြစ်ကြပါတယ်။

SL လို သေးသေးကွေးကွေး coupe လေးနှင့် Grand Tourer တွေကိုတော့ မယှဉ်သင့်ပါဘူး၊ သို့ပေမယ့်လို့ ကျွန်တော်သာ old money သန်းကြွေသူဌေးသားသမီးသာဆိုရင် SL680 နေရာမှာ အခြားရွေးချယ်စရာတွေရှိခဲ့ရင် ယူဖြစ်လောက်မည့် မော်ဒယ်လေးတွေကို ပြောပြတာပါခင်ဗျ။ (တကယ်သာ သူဌေးတစ်ယောက်ဆိုရင်တော့ Singer Porsche စီးမှာပါ) အကြောင်းအရာ ခေါင်းစဉ် "ပုတ်သင်တစ်ကောင် မီးမှုတ်တိုင်း နဂါးမဖြစ်နိုင်" အတိုင်းဘဲ Mercedes တစ်စီးကို MAYBACH လိုဂိုတပ်လိုက်လို့ Bentley၊ Rolls-Royce ပြိုင်ဘက် တန်းပြီး မဖြစ်သွားနိုင်ပါဘူး။ ၎င်းပြိုင်ဘက်နေရာကို ရယူနိုင်ဖို့က Bentley နှင့် Rolls-Royce တို့လို တစ်စီးချင်းစီက customer တစ်ယောက်စီအတွက် personally unique & bespoke ဖြစ်တဲ့ လက်ရာတစ်ခုဖြစ်နေရပါမယ်။ ပြောချင်တာကတော့ ဒီလောက်ပါဘဲခင်ဗျာ။

ဒီကနေ့ အကြောင်းအရာလေးအပေါ် ထင်မြင်မှုကွဲလွဲနေရင်တောင် တကူးတက အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်မိပါတယ်ခင်ဗျာ။ ဆီတန်းစီတဲ့အခါလည်း သတိထားကြဖို့နှင့် ကိုယ်လိုချင်သလောက် ပမာဏကိုလည်း ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Peace out!
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

A RAGING BULL IS ABOUT TO BE UNCAGED🐃ကျွန်တော်တို့ အားလုံးနှင့် ရင်းနီးပြီးသား supercar တစ်စီးဖြစ်သော Lamborghini Huraca...
15/08/2024

A RAGING BULL IS ABOUT TO BE UNCAGED🐃

ကျွန်တော်တို့ အားလုံးနှင့် ရင်းနီးပြီးသား supercar တစ်စီးဖြစ်သော Lamborghini Huracan ရဲ့ Raging Bull နေရာကို ဆက်ခံဖို့ worthy successor မော်ဒယ်ဟာဆိုရင် ဆယ်စုနှစ် (၁) ခုကြာပြီးချိန်မှာတော့ ထွက်ပေါ်လို့လာခဲ့ပါတယ်။ Official Name အရ Lamborghini Temerario (Rackless/Daredevil) လို့ အမည်ရပြီး ဒီ 10,000 RPM Hot-V Twin-Turbo V8 နှင့် မော်ဒယ်သစ်ကိုတော့ မနက်ဖြန် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်ထရေး (Monterey) Car Week မှာ တရားဝင် မိတ်ဆက်သွားဖို့ရှိပါတယ်။

မိတ်ဆက်ဆက်ပြီးပြီးချင်းမှာ မီးလာရင်တော့ video လေး အမြန်လုပ်ပြီး တင်ပေးပါ့မယ်ဗျ။ Temerario နှင့်ပတ်သတ်ပြီး pre-unveil ကာလမှ research လုပ်ထားသမျှ အကြောင်းအရာတွေကို မနက်ဖြန် တရားဝင်မိတ်ဆက်ချိန်မှ သတင်းတိုရယ်၊ weekend လောက်မှာ Boosted WALKTHROUGH Article ရယ်ဆိုပြီး တင်ဆက်ပေးသွားပါဦးမယ်ဗျ။ ဒီရက်ပိုင်း မီးမမှန်လို့ ပျောက်နေတာကိုလည်း စိတ်မရှိကြပါနဲ့ခင်ဗျာ။

Automotive လောကအပေါ် သက်ရောက်မှုကြီးမားခဲ့သော Lamborghini Huracan ရဲ့ (၁၀) နှစ်တာ လမ်းခရီးကို ရေးသားထားတဲ့ Huracan Lineup အကြောင်း article ကိုလည်း ယခု link မှ - https://bit.ly/4cwuNwy တစ်ဆင့် ဖတ်ရှနိုင်ပါတယ်။
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

“ ကျွန်တော်တို့ 16-cylinder အင်ဂျင်က NA ဖြစ်မှတော့ ရမယ်ဗျ “Bugatti Tourbillon ထွက်မလာခင် ၎င်းရဲ့ V16 အင်ဂျင်ကို Bugatti ...
10/08/2024

“ ကျွန်တော်တို့ 16-cylinder အင်ဂျင်က NA ဖြစ်မှတော့ ရမယ်ဗျ “

Bugatti Tourbillon ထွက်မလာခင် ၎င်းရဲ့ V16 အင်ဂျင်ကို Bugatti ဘက်ကနေ စတင် ကြေငြာလိုက်ချိန်ကတည်းက Chiron Successor ဖြစ်လာမည့် Bugatti ကားအသစ်အပေါ် ကားလောကဟာ expectation တွေ မြင့်ထားကြပါတယ်။ ကားတကယ်တမ်း ထွက်လာချိန်မှာလည်း လှပသေသပ်ပြီး ရှေ့ Bugatti မော်ဒယ်များကို တစ်နည်းတစ်ဖုံ homage ပေးထားတဲ့ ဒီဇိုင်း၊ sleek ဖြစ်ပြီး aerodynamic အင်မတန်ကောင်းမွန်တဲ့ Peregrine Falcon-inspired aero work တို့ကြောင့် မည်သူကမှ အပြစ်ပြောစရာမရှိခဲ့ပါဘူး။ သို့ပေမယ့် ဒီကားကို Bugatti တစ်စီးဖြစ်အောင် ထိုက်တန်စေတဲ့ အစိတ်အပိုင်းက သူ့ရဲ့ V16 အင်ဂျင်ပါ။ “နှိုင်းယှဉ်လို့သာ ရမည်ဆို Bugatti တစ်စီးမဟုတ်တော့ချေ” ဆိုတဲ့ စကားအတိုင်း လက်ရှိ ကမ္ဘာပေါ်က မည်သည့် production ကားမှာမှ မရှိတဲ့ Naturally Aspirated High-revving V16 အင်ဂျင်ဟာ ဒီ Tourbillon ကို Bugatti ဖြစ်စေခဲ့တာဗျ။ Bugatti ဖြစ်နေလို့ ဆလင်ဒါ ၁၆ လုံးပါနေတာမဟုတ်ဘဲ ဆလင်ဒါ ၁၆ လုံးပါနေလို့သာ Bugatti ဖြစ်နေတာပါ။ ကောင်းမွန်တဲ့ ပရောဂျက်တိုင်းက idea တွေကနေ လာသလို၊ ၎င်း idea တွေကို လက်တွေ့ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေလိုအပ်ပါတယ်။ ဒီ ပုဂ္ဂိုလ်တွေနေရာမှာ ကျွန်တော်ဆိုလိုချင်တာက Bugatti-Rimac ရဲ့ CEO - Mate Rimac နှင့် Cosworth I.C.E မှ စီမံခန့်ခွဲရေးဒါရိုက်တာ Bruce Wood တို့ပါ။

(ယခု အကြောင်းအရာလေးကို Top Gear မှ V16 Inside Story Video - https://bit.ly/4ckVZ1j မှ ကောက်နှုတ်ရေးသားထားပါတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော့်စာဖတ်တာထက် video အပြည့်အစုံကို သွားကြည့်ဖို့ recommend လုပ်ပါတယ်ဗျ)

[ ဖတ်လို့ အဆင်ပြေအောင် ဘာသာပြန်ထားပါတယ်၊ တိုက်ရိုက် အတိအကျကြီးဆို ထောက်လို့ပါခင်ဗျ ]

Top Gear ။ ။ အခုလို bespoke၊ high-end အင်ဂျင်မျိုးကို ဆောက်မယ်ဆိုရင်ပေါ့နော်၊ ဘယ်သူက ဘယ်သူ့ဆီကို အရင်ဆက်သွယ်တာလဲဗျ။

Bruce Wood, Cosworth ။ ။ အဲ့အကြောင်းက ပြောရမယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ တစ်နေ့တော့ ကျွန်တော် နံပါတ်စိမ်းနဲ့ဝင်လာတဲ့ ဖုန်းကို ကိုင်လိုက်တယ်။ တစ်ဘက်က ကြားရတဲ့ အသံပိုင်ရှင်က သူ့ကိုယ်သူပြောတယ်။

Mate Rimac, Bugatti-Rimac ။ ။ ကျွန်တော် Mate Rimac ပါ။

Bruce Wood, Cosworth ။ ။ ကျွန်တော်ကလည်း “အိုကေလေ၊ ဟုတ်ပြီ” ဆိုပြီး စိတ်ထဲ တွေးလိုက်မိတာပေါ့။ ဒါပေမယ့် ကျွန်တော် အသံကို လုံးလုံးလျားလျား မမှတ်မိသေးဘူး၊ ဟိုဘက်ကလူ ဘာပြောမလဲဆိုတာ ဆက်နားထောင်ကြည့်မယ်လေလို့ဘဲ တွေးထားလိုက်တယ်။ ကျွန်တော် ထင်တာပေါ့နော်၊ Mate အနေနှင့်ကလည်း ကျွန်တော်တို့ (Cosworth) ရဲ့ Valkyrie၊ T.50 V12 အင်ဂျင်တွေနှင့် အောင်မြင်ထားမှုကို သိထားနှင့်ပြီဆိုတော့ သူကလည်း “Hypercar အင်ဂျင်တစ်လုံးလုပ်ဖို့ စိတ်ဝင်စားတယ်” ဆိုပြီး ဖုန်းဆက်တာဘဲ နေလိမ့်မယ်ပေါ့။ ဒါပေမယ့် Mate တို့က Bugatti ဖြစ်နေတဲ့အတွက် Bugatti ရဲ့ ကမ္ဘာကျော် ဆိုရိုးစကား “နှိုင်းယှဉ်လို့သာ ရမည်ဆို Bugatti တစ်စီးမဟုတ်တော့ချေ” အတိုင်း တခြား Cosworth အင်ဂျင်တွေနှင့် မတူတဲ့၊ unique ဖြစ်တဲ့ တစ်ခုခုကိုတော့ တောင်းဆိုလိမ့်မယ်လို့ ကျွန်တော်တွေးလိုက်မိတယ်။

Bruce Wood, Cosworth ။ ။ ဆိုတော့ သူနှင့် ကျွန်တော်နှင့် ဖုန်းပြောနေချိန်မှာဘဲ Mate က Valkyrie ကလို V12 အင်ဂျင်သစ်တစ်လုံး လာရှာနေတာမဟုတ်ဘူး။ သူရှာနေတာ 16-cylinders အင်ဂျင်။ ကြိုပြီး စကားခံရမယ်ဆိုရင် ကျွန်တော်တို့ စစပြောနေတုန်းက V16 လုပ်မယ်လို့ မဟုတ်ဘူးဗျ။ ဆလင်ဒါအရေအတွက်ကတော့ (၁၆) လုံးဖြစ်ရမယ်၊ ဒါပေမယ့် configuration ကို “W” လို့ ရည်ရွယ်ထားပေမယ့် Mate မှာက VW Group နှင့်မတူတဲ့ အတွေးမျိုးတွေရှိနေခဲ့တယ်။

Bruce Wood, Cosworth ။ ။ ကြားထဲမှာတော့ Mate နှင့် ကျွန်တော်နှင့် တစ်ပတ်တစ်ခါလောက် ဆက်သွယ်ဖြစ်တယ်။ သူကလည်း သူလိုချင်တဲ့၊ သူစိတ်ကူးပေါက်လာတဲ့ idea တွေကို လာလာတိုင်ပင်သလို ကျွန်တော်ကလည်း သူ့ idea က ဘယ်လိုမျိုး လက်တွေ့မှာ အလုပ်လုပ်နိုင်သလဲ၊ လည်ပတ်နိုင်သလဲကို email နှင့် ပြန်ရှင်းပြဖြစ်တယ်ဗျ။ တစ်ဖြည်းဖြည်းနှင့်ဘဲ ကျွန်တော်တို့ idea တွေကနေ အခုတွေ့နေရတဲ့ V16 ဆိုတာကြီးဖြစ်လာအောင် push & pull လုပ်ခဲ့ရတာပေါ့။

Bruce Wood, Cosworth ။ ။ ကျွန်တော်နှင့် Mate နှစ်ယောက်လုံး လက်ခံတဲ့အချက်က W configuration က သိပ်ကိုမှ ကောင်းမွန်ပေမယ့်လည်း RPM ခပ်မြင့်မြင့်၊ naturally aspirated အင်ဂျင်ဖြစ်ဖို့အတွက် အကောင်းဆုံး layout တော့ ဟုတ်မနေခဲ့ဘူး ဆိုတဲ့ အချက်ဗျ။

Bruce Wood, Cosworth ။ ။ ဆိုတော့ ကျွန်တော်တို့ နှစ်ယောက် လက်တွဲပြီး အင်ဂျင်တစ်လုံးဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပြီးချိန်ကတည်းက အင်ဂျင်က 16-cylinders ဖြစ်ရမယ်၊ ဒါပေမယ့် ဒီတစ်ခေါက်မှာ V16 ကို ဆောက်ဖို့ သဘောတူခဲ့တယ်။ ပြီးတော့ အစကတည်းက Mate ဟာ သူ turbocharger တွေ မလိုချင်ကြောင်းနှင့် Naturally Aspirated ဖြစ်မှရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားခဲ့တယ်။

Bruce Wood, Cosworth ။ ။ အဲ့ဒီ့အချက်ကလည်း NA အင်ဂျင်တစ်လုံးရဲ့ pure ဖြစ်သော driving experience၊ high-revving nature၊ အင်မတန်လျှင်မြန်တဲ့ throttle response တို့အပြင် ခမ်းနားသာယာတဲ့ သံစဉ်တို့ကို ဘယ်အင်ဂျင်ကမှ မယှဉ်နိုင်လို့ဗျ။ တာဘိုတွေသာ တပ်လိုက်မယ်ဆို ဒီ induction အသံ (မည်သည့် forced induction ကိရိယာ; supercharger, turbocharger မှမပါဘဲ အင်ဂျင်မှ သဘာဝအတိုင်း လေစုပ်ယူသံ၊ exhaust အသံမဟုတ်) ကို ကျွန်တော်တို့ ကြားရတော့မှာမဟုတ်ဘူး။

Bruce Wood, Cosworth ။ ။ Gordon Murray T.50 နှင့်ပတ်သတ်ပြီး မီဒီယာမှာ ပေါက်သွားတာကလည်း သူ့ရဲ့ NA induction အသံကြောင့်ဗျ၊ ဘာလို့လဲဆို အင်ဂျင်က ကိုယ့်ခေါင်းပေါ်မှာတင် မလို့လေ။ အဲ့လိုမျိုး အသံကို turbo နှင့်မရနိုင်ဘူးဗျ။ ဆိုတော့ကာ အခုလိုမျိုး hypercar တွေရဲ့ တစ်စိတ်တစ်ပိုင်းကိုက သူမတူနဲ့ အင်ဂျင်မျိုးဖြစ်နေတာ…

Bruce Wood, Cosworth ။ ။ ခင်ဗျားပြောသလိုဘဲ (Top Gear မှ interviewer ကို ဆိုလိုခြင်းဖြစ်) ဘယ်သူကမှ ဆလင်ဒါ (၁၆) လုံးတောင် မလိုပါဘူး။ ဘယ်သူကမှ ဆလင်ဒါ (၁၂) လုံးထိလည်း မလိုပါဘူး၊ အမှန်တိုင်း ပြောရရင်ပေါ့။

Bruce Wood, Cosworth ။ ။ ဒါပေမယ့် သူတို့က အင်ဂျင်နီယာမှုရဲ့ ခမ်းနားလှပသော အစိတ်အပိုင်းတွေဖြစ်ကြသလို ကျွန်တော့် ကိုယ်ပိုင်အမြင်အရလည်း အခုလို engineering marvel တွေက ကမ္ဘာကို ပိုနေချင်စဖွယ်ကောင်းအောင် တစ်ဖက်တစ်လမ်းကနေ ကွက်လပ်ဖြည့်ပေးနေတာပါ။

Bruce Wood, Cosworth ။ ။ ဘာလို့လည်း ဆိုရင် ခင်ဗျားတို့သိတဲ့အတိုင်း ဒီလိုအင်ဂျင်တွေက ဖန်တီးသူတွေရဲ့ နှလုံးသား၊ စိတ်ဝိဉာဉ်တို့ ထည့်ပြီး တမြတ်တနိုး ဖန်တီးထားတဲ့ magnificent pieces of engineering တွေ မလို့ပါ။ ပြီးတော့ ဆလင်ဒါ (၁၆) လုံးအင်ဂျင်ကလည်း အတော်လေး ထူးကဲဆန်းပြားပါတယ်။

Bruce Wood, Cosworth ။ ။ နောက်ပြီး ဒီလိုကားတွေမှာရှိတတ်တဲ့ butterfly doors တွေ၊ ဒါတွေက ကားထဲ ဝင်ရပြုရတာ မလွယ်ဘူး၊ သို့ပေမယ့်လို့ ဒီလို တံခါးမျိုးနှင့် hypercar တွေရဲ့ အဓိက point ကလည်း သူတို့ဟာ ပိုင်ဆိုင်ထားဖို့ကောင်းတဲ့ ခမ်းနားသော အရာတွေဖြစ်နေလို့ဘဲ။ ပိုင်ရှင်တွေအတွက်တင် မဟုတ်ဘဲ ဘေးနားကနေ ဖြတ်လျှောက်သွားမည့် လူတွေအတွက်ကိုတောင် မြင်ရရှုရ သိပ်ကိုမှ ခမ်းနားလွန်းပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်း car show တွေက လူသိပ်များကျော်ကြားလာခဲ့တာပေါ့။ ဘာလို့လဲဆို ကျွန်တော်ရော၊ ခင်ဗျားရော ဒီကားတွေကို ထိုင်ကြည့်ချင်နေမိတာကိုး…..
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

Hypercar လောက စာမျက်နှာသစ် ဖွင့်လေပြီသက်တမ်းအရ (၁၀) နှစ်ရှိပြီဖြစ်သော်လည်း ယနေ့ထိတိုင် လှပနေဆဲ၊ အချို့ချို့သော လူများရဲ့...
09/08/2024

Hypercar လောက စာမျက်နှာသစ် ဖွင့်လေပြီ

သက်တမ်းအရ (၁၀) နှစ်ရှိပြီဖြစ်သော်လည်း ယနေ့ထိတိုင် လှပနေဆဲ၊ အချို့ချို့သော လူများရဲ့ dream car အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သော Lamborghini Huracan၊ ကမ္ဘာကြီးကတောင် 4-seater hypercar အတွက် အဆင်သင့်မဖြစ်သေးချိန်မှာ Koenigsegg Gamera အား ဒီဇိုင်းရေးဆွဲပေးခဲ့သည့်အပြင် ယနေ့ခေတ် Top Speed Rivalry မှာ အရေးပါသော human engineering achievement တစ်ခုဖြစ်တဲ့ BUGATTI Chiron တို့ကိုပါ ရေးဆွဲဖန်တီးခဲ့တဲ့ automotive design ပညာရှင်တစ်ဦးဆီကနေ စာဖတ်သူတို့ ဘာကို မျှော်လင့်ထားသလဲဗျ? အနာဂတ်ရဲ့ hypercar sketch တစ်ခုလား၊ Nevera အသစ်အတွက် blueprint လား? ဒါတွေ မဟုတ်ပါဘူး။

အကယ်လို့ ဒီ designer က 2010’s ကာလမှာသာ သူ့ရဲ့ ဒီဇိုင်းစိတ်ကူးစိတ်သန်းတွေကို ရှာဖွေစုဆောင်းထားသူဆိုရင် Rimac လို all-electric (သို့မဟုတ်) Koenigsegg မှ twin-turbo V8 hybrid setup သုံးရင်း hypercar တစ်စီး ဖန်တီးကောင်း ဖန်တီးနိုင်ပါလိမ့်မယ်။

သို့ပေမယ့် ကျွန်တော်တို့ အခုပြောနေတာက Ferrari F40 လို tubular steel-frame chassis နှင့် race-car လို့ ခေါင်းစဉ်မတပ်ရုံတမယ် မာရာနယ်လို မြင်းရိုင်းတစ်ကောင်နှင့် Lamborghini Countach လိုမျိုး ကားနှင့်ဒရိုက်ဘာကြား ဘာ assist မှမထားရှိတဲ့ visceral connection ကို ပေးနိုင်သော V12 Supercar တို့ကို မြတ်နိုး၊ အိပ်မက်ထားပြီး ကြီးပြင်းလာခဲ့တဲ့ 80’s born Designer တစ်ယောက်ရဲ့ လက်ရာ

ကလေးငယ်များရဲ့ သဘာဝအတိုင်း စိတ်ကူအိပ်မက်ကြီးကြီးထားတတ်တဲ့ အသိရှိစဉ်ကနေ စပြီး သူကိုယ်တိုင်ဖန်တီးကာ ကမ္ဘာကြီးကို အမြဲချပြချင်ခဲ့တဲ့ ကားတစ်စီးကို ဒီကနေ့ညမှာ panel တစ်ခုချင်းဆီအလိုက် ကျွန်တော်က ပြောပြပေးသွားမှာဖြစ်ပါတယ်၊ ပုံတွေများပေမယ့် စာအရမ်းတော့ မရှည်ပါဘူးဗျ!
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

COTD // Ford Mustang GTD🇺🇸Ford လိုမျိုး အရာရာကို စီးပွားတွက် တွက်လေ့ရှိတဲ့ U.S. Automobile Powerhouse ကနေ motorsports-di...
09/08/2024

COTD // Ford Mustang GTD🇺🇸

Ford လိုမျိုး အရာရာကို စီးပွားတွက် တွက်လေ့ရှိတဲ့ U.S. Automobile Powerhouse ကနေ motorsports-direct ဆင်းသက်လာတဲ့ GT3 ကားတစ်စီး ထွက်မယ်လို့ ဘယ်သူကမှ ထင်မထားချိန် ဗြုန်းစားကြီး မိတ်ဆက်ခဲ့တဲ့ Mustang GTD။ Corvette ကလို mid-engined flatplane V8 European Recipe အတိုင်း မချက်ပြုတ်ဘဲ အမေရိကန် မာဆယ်စစ်စစ်ကို ဆက်လက်ထိန်းသိမ်းရင်း 5.2L Supercharged 'Predator' V8 အင်ဂျင်နှင့်အတူ Porsche အား ရင်ဘောင်တန်းနိုင်တဲ့ DRS-wing တို့ပါဝင်သော supercar-killer Mustang

Mustang GTD အကြောင်းဖတ်ရှုရန် - https://bit.ly/3LYKWA2

Engine: V8
Displacement: 5.2L
Induction: Supercharged
Type: Supercharged Crossplane Crankshaft V8
Horsepower: over 800 hp (estimated)
Torque: over 700 lb-ft (estimated)

Acceleration: 0-60 mph around 2.8 seconds (estimated)
Top Speed: 190+ mph (estimated)

Nurburgring Lap Time: TBD ( to be expected around sub 7 mins)
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

၂၁ ရာစုရဲ့ Hypercar စာမျက်နှာသစ်6.5L Naturally Aspirated V12၊ 7-Speed Manual Gearbox နှင့် ယုံနိုင်ဖို့တောင် ခက်ခဲလွန်းတ...
08/08/2024

၂၁ ရာစုရဲ့ Hypercar စာမျက်နှာသစ်

6.5L Naturally Aspirated V12၊ 7-Speed Manual Gearbox နှင့် ယုံနိုင်ဖို့တောင် ခက်ခဲလွန်းတဲ့ exterior အလှအပ၊ ဒီအချက်တွေကြောင့်ဘဲ Nilu27 ဟာ Koenigsegg၊ Pagani နှင့် Bugatti တို့ရှိတဲ့ hypercar အိမ်တော်ရာရှေ့ကို ထိုက်တန်စွာပင်ရောက်ရှိလို့ လာခဲ့ပါပြီ။ BM က တင်ထားတဲ့ ပိုစ့်တချို့နှင့် page inbox မှာ Nilu27 အကြောင်း လာမေးခဲ့ကြပေမယ့် ၎င်းအချိန်တုန်းကတော့ rendering မျှသာရှိသေးတာမလို့ ကျွန်တော်လည်း တကူးတကမရေးဖြစ်ခဲ့တာဗျ။ မနေ့ညတုန်းက မအိပ်ခင် youtube ပေါ် ဟိုကြည့်ဒီကြည့် လုပ်နေချိန် Top Gear ရဲ့ video ကို တွေ့လိုက်ပြီးချိန်မှာတော့ Nilu27 ဟာ တကယ်ထွက်လာတော့မယ်မှန်း သဘောပေါက်သွားတယ်။ Article အရှည် တစ်ပုဒ်သီးသန့်ရေးဖို့ကောင်းတဲ့ hypercar တစ်စီးမလို့ Nilu27 နှင့်ပတ်သတ်သမျှ အချက်အလက်တွေကို အခု စာတိုမှာ အများကြီး မဖော်ပြတော့ဘူးနော့! (မနက်ဖြန်ည Boosted WALKTHROUGH မှာ chapter နှင့်အလိုက် တင်ဆက်ပေးဖို့ ပြင်ထားပါတယ်၊ အကယ်လို့ အခုဖတ်ချင်တာဆိုရင်တော့ Kars - Burma က ညီလေး ကောင်းဟန်ရေးထားတဲ့ article - https://bit.ly/3ArgdJl ကို ဖတ်လို့ရပါတယ်ဗျ)

ကျွန်တော်ရဲ့ အတွေးအမြင်နှင့် hypercar လောကထဲမှာ Nilu27 က ဘယ်လိုမျိုး အရေးပါလာနိုင်မလဲကိုဘဲ ပြောပြပေးသွားပါ့မယ်။ ပထမဆုံးကတော့ သူ့ရဲ့ ဒီဇိုင်းဗျ၊ ဒီကားရဲ့ ဖန်တီးသူ Sasha Seliponov_ဆာရှာ ဆီလီပိုနော့ဗ် Top Gear မှာပြောခဲ့သလိုဘဲ ကားဒီဇိုင်းက မြင်လိုက်သူတိုင်းကို nostalgia ဖြစ်စေတယ်။ ရင်းရင်းနီးနီးမြင်ဖူးနေလျက်ဆိုပေမယ့် ဘယ်တစ်ခုနှင့်မှ သွားတူမနေနှင့် ဒီဇိုင်းမျိုးဗျ။ ၎င်း Top Gear ဗီဒီယိုကို ကြည့်ရင်းကနေလည်း Hypercar Designer တစ်ယောက်ရဲ့ ကားတစ်စီးအပေါ် ဒီဇိုင်းရှုထောင့်ကနေ ချဉ်းကပ်ပုံကို အနည်းအကျဉ်းနားလည်သွားတယ်။ ဆာရှာ ပြောပုံအရဆိုရင် Nilu27 ရဲ့ ဒီဇိုင်းက လေခွင်းအားကောင်းဖို့၊ အင်ဂျင်အတွက် လေများများကျွေးနိုင်ဖို့၊ downforce များပြီး လမ်းပေါ်မှာ ဝပ်နေစေဖို့ စတဲ့ စွမ်းဆောင်ရည်ကဏ္ဍများကို လက်ဆုပ်လက်ကိုင်ရှိစေဖို့ ဦးတည်ပြီး ဒီဇိုင်းဆွဲထားတာဖြစ်တယ်။

တခြားသော hypercar တွေရဲ့ ဒီဇိုင်းကလည်း ဒီလိုဘဲဆိုပေမယ့် Nilu27 မှာက အပိုအလို (လုံးဝ) မရှိဘူးဗျ။ ဒါကလည်း အခုမှထွက်လာတဲ့ start-up company ဖြစ်လို့ iconic design trait မရှိသေးတာလား ဆိုပြီး ပြန်မေးခွန်းထုတ်နိုင်ပေမယ့် ကျွန်တော်တစ်ဦးတည်း personal အမြင်အရဆိုရင် Nilu27 ရဲ့ ဒီဇိုင်းမျိုးကို လက်ရှိ ဘယ်ကားမှာမှ မမြင်ဖူးသေးပါဘူး။ အနီးစပ်ဆုံး တူတာဆိုလို့ Alfa Romeo 33 Stradale က canopy ပါဘဲ။ ကားအလည်က engine bay ကို ဘာအမိုးအကာနှင့်မှ ကာကွယ်မထားတဲ့အကြောင်းအရင်းက အခုလောက် လှပတဲ့ powertrain ကို body panel တစ်ခုခုနှင့် သွားကာလိုက်တာက (လုံးဝ) အဓိပ္ပာယ်မဲ့သလို အခုလို fully-exposed ထားခြင်းဖြင့်လည်း cooling ပိုင်းအတွက် ကောင်းမွန်တယ်ဗျ။ ကိုယ် ဈာန်ဝင်စားပြီး ရေးခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို ဘာလို့များ အဝတ်တစ်ထည်နှင့် ဖုံးကွယ်ထားတော့မလဲ…ပြမယ့်ပြ တခြားလူတွေပါ ဒီ အနုပညာကို စီးမြောခံစားနိုင်အောင် ပြသတော့မှာပေါ့။ “နို့ ဒါဆိုရင် တခြားကားတွေမှာကျ ဘာလို့ ဖုံးအုပ်ထားတာလဲ” ဒီအဖြေကို ကားဖန်တီးသူ ဆာရှာက ဖြေပေးထားပါတယ်။ “အခြားသော Hypercar နှင့် Supercar တွေမှာလည်း open-engine bay ရှိကြတာဘဲ၊ ပိတ်ထားတယ်သာထင်ရတာ တကယ်တမ်းက လေဝင်ပေါက်တွေ စုံစိနေအောင်ရှိကြတယ်။ ဆိုတော့ ကျွန်တော်တို့ကလည်း ရှိရှိသမျှ cover တွေကို ဖယ်ပြီး Nilu27 ရဲ့ bespoke developed 80-degree V12 အင်ဂျင်ကို အတူတကွ ခံစား celebrate လုပ်တဲ့အနေနှင့် မဖုံးထားတာပါ။”

Video ထဲမှာ ပြောသွားတာတွေအပြင် Nilu27 development နောက်ကွယ်က စိတ်ဝင်စားစရာတွေ များစွာရှိပေမယ့် ၎င်းအကြောင်းအရာတွေကိုတော့ စာအရှည်အတွက် ချန်ထားပါဦးမယ်။ နောက်တစ်ချက်က Nilu27 ရဲ့ hypercar လောကအပေါ် သက်ရောက်လာနိုင်ပုံ၊ အရေးပါမည့်ပုံကို ကျွန်တော်နားလည်သလောက်လေးပြောရမယ်ဆိုရင် Nilu27 က hypercar လောကကို တံခါးတစ်ချပ် ထပ်ဖွင့်ပေးလိုက်သလိုဘဲဗျ။ ဘာကြောင့်အခုလို ပြောရသလဲဆိုရင် စာဖတ်သူအနေနှင့် နည်းပညာအမြင့်ဆုံးပါ၊ ဘယ်ကားမှာမှ မရှိတဲ့ light speed transmission ပါဝင်ပြီး တာဘိုတပ်ထားတဲ့ အင်ဂျင်မှန်းတောင် မသိနိုင်လောက်အောင် throttle response အင်မတန်မြန်တဲ့ hypercar ကို လိုချင်တယ်ဆိုရင် ဆွီဒင်က ဆရာကတုံး (Christian Von Koenigsegg) လက်ပြနေတယ်။

ဒီလိုမှ မဟုတ်ဘူး လုံးဝ brand ဂုဏ်မြင့်မားပြီး elite ထဲကမှ elite အဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်းကို နှုတ်ကထုတ်ပြောစရာမလို စီးတော်ယာဉ်ကနေ ကိုယ့်အစားပြောပေးမည့် hypercar ကို ရွေးချယ်ချင်တယ်ဆိုရင် Bugatti ရှိနေတယ်။

အဲ့လိုလည်း မဟုတ်သေးဘူးဗျာ၊ ကျွန်တော်က ကားတစ်စီးထက်ကို ပိုပါတယ်ဆိုတဲ့ အနုပညာအလှကို တန်ဖိုးထားချင်တာ၊ ပိုင်ဆိုင်ချင်တာဆိုရင် ဧည့်ခန်းထဲမှာ မှန်ဘောင်ခတ်ပြီး အလှထားဖို့ကောင်းတဲ့ Pagani ကို ရွေးချယ်နိုင်ပါတယ်။

Nilu27 မှာက အပေါ်က (၃) စီးလုံးနှင့်မတူတဲ့ character တွေရှိနေတယ်။ ဘာကြောင့်အခုလို ကျွန်တော်မြင်သလဲဆိုရင် ကားဖန်တီးသူ ဆာရှာက Koenigsegg နှင့် Bugatti တို့မှ ဒီဇိုင်နာဟောင်းဖြစ်သော်လည်း သူကြီးပြင်းလာတဲ့ ခေတ်ကာလမှာ အဓိက influence ရခဲ့တာက Ferrari F40၊ Lamborghini Countach တို့လို ဘာ နည်းပညာ assist၊ electronic-assist မှ မပါဝင်တဲ့ မောင်းနှင်သူနှင့် ကားတို့ကြားက connection ကို Nilu27 မှာ ပြန်လည် replicate ပြုလုပ်ထားလို့ဗျ။ အင်ဂျင်ကလည်း ၁၉၉၀ နှောင်းပိုင်း Ferrari ဖော်မြူလာဝမ်း 75-degree V12 ကားတွေကလို အရိုင်းဆန်တဲ့ racing V12 အင်ဂျင်အသံထွက်အောင် သီးသန့်ထုတ်လုပ်ထားပြီး 12-into-1 exhaust ကလည်း Pagani မှ AMG V12 နှင့် Nilu27 မှ V12 တို့ကြား အသံအနေအထားကွာအောင် ခွဲခြားထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Personally တော့ Pagani အသံကို ပိုကြိုက်ပါတယ်။ ဒါပေမယ့် Nilu27 ဟာလည်း ကျွန်တော်တို့ မမှီခဲ့တဲ့ ခေတ်တစ်ခုဆီ ပြန်လည်ခေါ်ဆောင်သွားမည့် overall package မျိုးဖြစ်နေတယ်ဗျ။ သေချာတာပေါ့၊ ကမ္ဘာ့လူဦးရေရဲ့ 0.000000001 ရာခိုင်နှုန်းထဲက လူတချို့ကဘဲ ဒီကားကို ပိုင်ဆိုင်နိုင်၊ ကိုယ်တိုင် ခံစားနိုင်မှာဆိုပေမယ့် Hypercar လောကထဲ အပြောင်းအလဲတချို့ မြင်လာရတာက ကားဝါသနာရှင်တိုင်းအတွက် ကြည်နူးစရာပါ၊ ဝယ်နိုင်တာမဝယ်နိုင်တာထက် အခုလို I.C.E အင်ဂျင်တွေ လွှမ်းမိုးထားနိုင်ဆဲ ခေတ်ကာလမှာ အသက်ရှင်နေတာကိုက ကျေနပ်စရာကောင်းနေတာ။

စာဖတ်သူတို့ ကျွန်တော်တို့ရဲ့ သားသမီးတွေခေတ်ကျ လူတိုင်းနီးပါးက hybrid စီးနေလောက်ပြီ၊ ဖွံ့ဖြိုးပြီးသားနိုင်ငံဆိုရင်တော့ all EV ပေါ့။ အတိုချုံ့ပြီး ပြောရရင်တော့ ဒီနှစ် 2024 က ကားလောကအတွက် မှတ်မှတ်ရရရှိနေမှာဘဲ။ သေဆုံးနေပြီဖြစ်တဲ့ V16 အင်ဂျင်ကို ပြန်တွေ့ရတယ် (Bugatti Tourbillon)၊ အင်ဂျင်နီယာမှုနှင့် အနုပညာတို့ကို မျှမျှတတပေါင်းစပ်ထားတဲ့ hypercar အသစ် မွေးဖွားလာတာကိုပါ မြင်ရသလို ဂျွန်ဟန်နစီ (Hennessey တည်ထောင်သူ) ရဲ့ Venom F5 Record Attempt ခရီးစဉ်ကိုပါ မျက်မြင်ခံစားနေရတာမလို့ what a time to be alive ပေါ့။

ဒီကနေ့ အကြောင်းအရာလေးကို ဖတ်ရှုပေးခဲ့ကြလို့ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော် အာကာပြည့်စုံပါ၊ သိချင်တာလေးတွေနဲ့ ကိုယ်ပိုင်အထင်အမြင်လေးတွေကိုလည်း Comment Section မှာ မျှဝေပေးခဲ့လို့ရပါတယ်။
Stay boosted via our channels linked down below

Facebook🔗 https://bit.ly/4awt49C
Instagram🔗 https://bit.ly/4azgR3X
TikTok🔗 https://bit.ly/4eaD3oj
YouTube🔗 https://bit.ly/3UZqAe9

✉️ [email protected]
___________________________________________

Address


Telephone

+959777669723

Website

Alerts

Be the first to know and let us send you an email when Boosted Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Boosted Media:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share