Saw Nay Khu Blut

  • Home
  • Saw Nay Khu Blut

Saw Nay Khu Blut art and knowledge

😁😁😍
25/05/2022

😁😁😍

အေးပါကွာ
06/05/2022

အေးပါကွာ

သတိရ
10/06/2021

သတိရ

06/06/2021

😢😥😥😥😥

05/06/2021
20/05/2021

Pls like and comment me

တစ်နေ့ ၁၀၀၀ စု၅ နှစ်ပြည့်ရင် သင့်လက်ထဲမှာ ၁၈ သိန်းပိုင်ဆိုင်နေပြီး၁၈သိန်းနဲ့ ကိုယ်ပိုင်စီးပွားရေးကောင်းကောင်းတစ်ခုခု ထော...
19/05/2021

တစ်နေ့ ၁၀၀၀ စု
၅ နှစ်ပြည့်ရင် သင့်လက်ထဲမှာ ၁၈ သိန်းပိုင်ဆိုင်နေပြီး
၁၈သိန်းနဲ့ ကိုယ်ပိုင်စီးပွားရေးကောင်းကောင်းတစ်ခုခု ထောင်နိုင်ပြီ

တစ်နေ့ ၂၀၀၀ စု
၅ နှစ်ပြည့်ရင် ၃၆ သိန်း
အချိန်တိုအတွင်း ရပ်ကွက်ထဲမှာ ပိုက်ဆံရှိတဲ့သူစာရင်း
ဝင်နေလောက်ပြီး

တစ်နေ့ ၃၀၀၀ စု
၅ နှစ်ပြည့် သိန်း ၅၀ ကျော်

ဒါတောင်ဘာလို့ အသက် ၄၀ လောက်ထိ သူများလက်အောက်မှာ
ဝန်းထမ်းလုပ်နေကြလည်းမသိ

ခေါင်းရှုပ်မခံချင်လို့လား
ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိလို့လား
သူများအလုပ် လုပ်နေရတာ ပျော်လို့လား
မသေချာတဲ့ ၁၀ သိန်းထက် သေချာတဲ့ ၂ သိန်းကိုမှတ်နေတာလား

မိန်းမနဲ့ကလေးနဲ့ဆိုပြီးလာမလုပ်နဲ့
ဖင်မနိုင်ပဲ ပဲကြီးဟင်းစားပြီး တစ်နေ့ ၁၀၀၀ လေးတောင် မစုနိုင်ဘူးလား

၅ နှစ်တောင်ကြာမယ်မပြောနဲ့
မင်းမစုလည်း အဲ့ဒီအချိန် ၅ နှစ်ကုန်သွားမှာပဲ

စဉ်းစားစမ်းပါ
နောက်လာမယ့် ၅ နှစ်မှာ သူများလက်အောက်မှာ လုပ်နေအုံးမလား
ကိုယ်ပိုင်လုပ်မလား

အရမ်းကြိုက်လွန်းလို့ပါ...သင်လဲကြိုက်နစ်သက်ခဲ့ရင်.
ပြန်ရှဲ့လိုက်ပါ....👉💪💪💪👈👍👍👍
စာဖတ်နေသူလဲ ပိုက်ဆံဆုနိုင်ပါစေလို ဆန်ဒြပုပါတယ်

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ  =============================          ခေါင်းစဉ်လေးက သိပ်လှတယ်.......ဘာတဲ...
19/05/2021

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ
=============================

ခေါင်းစဉ်လေးက သိပ်လှတယ်.......
ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်ပါတယ။ ကျနော်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိတ်ပယ်လည်းပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။ သိပ်မှန်တဲ့ စာသားလေးဗျာ။ ကျနော်စာဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ ကျနော် စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့ နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့သူဘဲ ဘာမှသုံးစားမရတဲ့သူပေါ့။ ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်........။ ကျနော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့...........

တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး "ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်း မြေးလေး လို့ပြောလိုက်တယ် မြေးလေးလည်း နားမလည် စွာနဲ့ဘဲ ခြင်းကြားကို ယူခဲ့တယ်"ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေးလို့ ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇဝေဇဝါ ဖြစ်သွားတာပေါ့။ ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။ ဒါပေမဲ့လည်း အဖိုးခိုင်းတဲ့အတိုင်းဘဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ ပြန် မလိုက်တယ် ရေက ပါမလာဘူး။ အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါအုံး မြေးလေးလို့ ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းဘဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။ ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူသေးလားလို့မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။ အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါဘဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူဘဲပေါ့ မြေးလေးရဲ့ တဲ့။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ် စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ် အဲ့ဒီအသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ် တရုတ်စာရေးဆရာတစ်ဦးကပြောတယ် "စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ် ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ် စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တစ်ခါဆေးကျောခြင်း ဖြစ်ပါတယ် ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ ကျနော်တို့ ထင်ထားတာပါ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလည်းနေစေခဲ့ပါတယ်...

Credit

တိုက်ပွဲဝင်ဖို့အသင့်ရှိနေပြီလို့ပြောတဲ့ G-Z လေးများပါ။မျက်နှာတွေကိုဖုံးကွယ်ရန်မလိုပါဟုဆို။တကယ်တော့သူတို့လေးတွေဟာ ကျောင်း...
19/05/2021

တိုက်ပွဲဝင်ဖို့အသင့်ရှိနေပြီလို့ပြောတဲ့
G-Z လေးများပါ။
မျက်နှာတွေကိုဖုံးကွယ်ရန်မလိုပါဟုဆို။

တကယ်တော့သူတို့လေးတွေဟာ
ကျောင်းမှာနေရမယ့်အရွယ်တွေပါ၊
သို့ပေမဲ့ နောင်အနာဂတ်တိုင်းပြည်
ကောင်းစားဖို့အတွက်
ပေးဆပ်နေကြပါတယ်။

စစ်အာဏာရှင် ဖြုတ်ကျရေးအတွက်
သူတို့ဘဝတွေကို စတေးခံသူ
ပေးဆပ်သူတွေပါ
နှစ်သက်ရင် အားပေးသွားဦး

ပြည်သူ့အရေးတော်ပုံ
အောင်ကိုအောင်ရမည်

ခင်ချင်ရင် အောက်ပါ လင့်ကို
ဝင်အပ်သွား
https://www.facebook.com/kaung.pyar.712

credit: photo

19/05/2021

ဖမ်းခံရတဲ့ သူတွေအတွက် အားလုံးဖြန့်ပေးကြပါ !!!

အဖမ်းခံရမယ်ဆိုရင် အားလုံးမှာ ရှေ့နေ အလကားခေါ်ဖို့ အခွင့်အရေးရှိပါတယ်။
ဒီအောက်မှာရေးထားတဲ့ နံပါတ်နဲ့ လူတွေကို မိသားစုဝင်များ လည်းကောင်း ၊ ကိုယ်တိုင် လည်းကောင်း ဖုန်းခေါ်ဆက်သွယ်နိုင်ပါသည်။

Yangon Region:
ILF Yangon : 09-970680153
LCM Yangon (Headquarter): 09-266684448, 09-266684449
LCM Hlaing Tharyar: 09-449919126

အဖမ်းခံရရင် ဆက်သွယ်ပါ. . ကူညီပေးနိုင်မယ့် ရှေ့နေတွေ ရဲ့ Contact တွေပါရှင့်

Legal Clinic Myanmar
ဒေါ်အိအိမိုး 0973073872

Yangon Justice Center
09457224878

International Legal Foundation
ဒေါ်ချယ်ရီစု 09261208040

Wonder Women Organization
ဒေါ်ယဉ်မင်းအေး 0943102701

Legal Knowledge Sharing Group
ဦးသွင်ကိုကိုလတ် 09797511557
09967879123

Five Fingers Organization 09402638126

Noble Justice Association
ဦးလင်းလင်းထိုက် 09979441233

MyJustice
ဒေါ်ချိုလဲ့ရည် 09768039394

IBJ မန္တလေးတရားမျှတမှုစင်တာ
ဒေါ်၀င်းနန္ဒာထွဋ်ခေါင် 09402578572

မန္တလေးဥပဒေအထောက်အကူပြုသူများကွန်ယက် ( MPN)
ဒေါ်အေးသန္တာ 0943100734

Freelance Lawyers
ဦးတင်အောင် 092010247
ဦး၀င်းဇော်ဦး 09259046783
ဒေါ်ခင်မြတ်နိုး 09258165802
ဦးမြတ်မင်းထွန်း 09781621195
ဒေါ်ဆွေးဒင်မော် 092051957
ဦးဝေဖြိုးမောင်မောင် 09259955119

ပုသိမ်ကြီးမြို့နယ်တရားရုံး
ဦးအောင်ကျော်ကျော် 09793166282
ဒေါ်လုလုအောင် 09757596583
ဒေါ်မိမိခိုင် 0943146457
ဒေါ်အိမ့်လဲ့မေ 09451050345
ဦးရှင်းသန့်မောင် 09444023393

ချမ်းမြသာစည်မြို့နယ်တရားရုံး
ဦးမြင့်နိုင် 09444042239
ဦးသုတ. 09403733368
ဦးကျော်ဇင် 09402764336
ဒေါ်ဆန်းမွှေးရည် 09441006131
ဦးသက်မောင်မောင် 09258337755
ဒေါ်အေးအေးခိုင် 09258337755
ဒေါ်သင်းသင်းလဲ့ 09402580875
ဦးတင်ဝင်းအောင် 09259019989
ဒေါ်မွန်မွန်လှိုင် 09259088652
ဒေါ်လုလုအောင် 09757596583

ချမ်းအေးသာစံမြို့နယ်တရားရုံး
ဦးစိုးထွန်းထွန်းဇော် 092016714
ဦးဟိန်းသူ 09765011519
ဒေါ်ခိုင်ဇာထွန်း 09427427080
ဒေါ်ကေသီထွန်း 09404250023
ဦးငြိမ်းချမ်းမောင် 09974488504
ဦးစိုးထိုက်အောင် 09455484777
ဦးညီညီအောင် 09256236003
ဦးမြတ်ထွန်းဝင်း 092065499
ဒေါ်ဇာဇာလှိုင် 0920500201
ဒေါ်ကေသီလှိုင် 09777677367

အောင်မြေသာစံမြို့နယ်တရားရုံး
ဒေါ်နွယ်နွယ်အောင် 0979448889
0943011322
ဦးစိုင်းထွန်းအောင် 0943133235
ဦးလင်းလင်းကျော် 09401683091
ဦးကျော်သိန်းထွန်း 0979883155

ပြည်ကြီးတံခွန် တရားရုံး
ဦး ထွန်းထွန်း 09250233238
ဦးလင်းလင်းကျော် 09401683091
ဦးစိုင်းထွန်းအောင် 0943133235
ဦးဟိန်းစိုးမောင် 0943011322
ဒေါ်နွယ်နွယ်အောင် 09797448889
ဦးမင်းလှိုင် 0943191158
ဦးသူရဇော် 09440188775
ဒေါ်ချယ်ရီမို့မို့သိန်း 09444017683

အသုံးလိုမယ်ထင်လို့ပြန်ပီးတင်ပေးတာပါ
crd

UN က ရှုံ့ချတယ်ဆိုတဲ့စာတစ်စောင်ထွက်လာပြီ... ဒီရှုံ့ချစာလေးတစ်စောင်ထွက်ဖို့ကိုတရုတ်ကပယ်ချလိုက်...ရုရှားကပယ်ချလိုက်နဲ့... ...
11/03/2021

UN က ရှုံ့ချတယ်ဆိုတဲ့စာတစ်စောင်ထွက်လာပြီ...
ဒီရှုံ့ချစာလေးတစ်စောင်ထွက်ဖို့ကို
တရုတ်ကပယ်ချလိုက်...
ရုရှားကပယ်ချလိုက်နဲ့...

ကူညီတာအသာထား
ရှုံ့ချဖို့ကို ၁ လခွဲလောက်ကြာတယ်...

UN ရဲ့ အကူအညီယူရတာလဲ
ဝူခုန်းတို့အုပ်စု ကျမ်းစာသွားပင့်သလိုဖြစ်နေပြီ..

ဝူခုန်းတစ်ယောက်ထဲတန်ခိုးနဲ့ သွားယူလိုက်ရင်
ရွှီးရွှမ်းဆို တစ်ရက်ထဲနဲ့ယူလာပြီးပြီ...

ဆရာတော်နဲ့ တစ်အုပ်တစ်မကြီးခေါ်ပြီး ၁ ရက်ခရီးကို
၁၄ နှစ်ကြာသွားတယ်...

ဆရာတော်ဖမ်းသွားလိုက် ဆရာတော်ကိုပြန်လိုက်ကယ်လိုက်..
ဝက်ကြီးကိုဖမ်းသွားလိုက် လိုက်ကယ်လိုက်နဲ့ ရှေ့ကိုမရောက်ဘူး
😅

Crd

11/03/2021

မြန်မာနိုင်ငံက လူတော်တော်များများ
ဘယ်လောက် မှိုင်းတိုက်ခံထားရသ‌လဲမမေးနဲ့။

တချို့တွေ ဒီမိုကရေစီသာ လိုချင်တာ။

ဖယ်ဒရယ် ဒီမိုကရေစီဆိုတာ အခုထိ ဘာလဲ၊
ဘယ်လိုအကျိုးအမြတ်တွေရှိလဲဆိုတာ
သဲသဲကွဲကွဲ မသိကြသေးဘူး။

ဖယ်ဒရယ်ဆိုတာ
ပြည်ထောင်စု နိုင်‌ငံတော်ကိုခေါ်တာ။

ပြည်နယ်တွေ အားလုံးကိုယ်စီ
ကိုယ့်ဒေသ ကိုယ့်ပုံစံနဲ့ကိုယ် အုပ်ချုပ်ရမှာမျိုး။

အဲဒီလိုဆိုရင်မြန်မာပြည်ကြီးက
အစိတ်စိတ်အမွှာမွှာ ကွဲသွားမှာပေါ့တဲ့။
(ဘယ်လောက်တောင်များ မှိုင်းတိုက်ခံခဲ့ရသလဲ)

တစ်နိုင်ငံလုံးကိုအဖွဲ့အစည်းတစ်ခုကပဲ
ချုပ်ကိုင်ထားခဲ့လို့တိုးတက်သင့်သလောက်
မတိုးတက်ခဲ့တာ‌တွေက တကယ်ရင်နာစရာ။

ဥပမာ-
ချင်း တွေက သူတို့ဒေသကို
သူတို့ကိုယ်တိုင်အုပ်ချုပ်လိမ့်မယ်။

မွန်လူမျိုးတွေက
သူတို့ဒေသမှာ တိုးတက်ဖို့
လမ်းပန်းဆက်သွယ်ရေးကောင်းဖို့
ကိုယ်တိုင် အဖြေရှာကြလိမ့်မယ်။

ရခိုင်တွေက
မြောက်ဦးကို ပုဂံလိုမျိုး
ဖြစ်လာအောင်ကြိုးစားလိမ့်မယ်။
သူတို့ဆီကထွက်တဲ့ ဓာတ်ငွေ့ကို
ကိုယ်တိုင်အရင်ဆုံး သုံးစွဲသင့်တယ်။

တိုင်းရင်းသားတွေ မြေပြန့်ကလူတွေ
အပြိုင် ဖြစ်လာကြမယ်။

အရှင်းဆုံးပြောရရင် ဒေသခံတွေလောက်
ကိုယ့်ဒေသအကြောင်းသိသူ ဘယ်မှာရှိမလဲ။

အဲဒါပြည်ထောင်စုပြိုကွဲတာ မဟုတ်ဘူး။
နိုင်ငံတိုးတက်လာတာလို့ခေါ်တယ်။

လက်နက်ကိုင်က တစ်စုတည်းပဲ။
ဖယ်ဒရယ်တပ်မတော်။

ကိုယ့်ဒေသကို အစွမ်းကုန်တောက်ပအောင်
သူတို့ ကြိုးစားကြလိမ့်မယ်။
တစ်နိုင်ငံလုံးအတွက် အစည်းအဝေးတွေကို
ဒေသအလိုက် ခေါင်းဆောင်တွေစုပြီး
တိုင်ပင်လာကြလိမ့်မယ်။

ဖယ်ဒရယ်ပြည်ထောင်စုဆိုတာ အဲဒါပဲ။

အခုတော့ ဘယ်သွားသွား၊ ဘာလုပ်လုပ်
အာဏာရူး တစ်သိုက်ကပဲ
ပိုက်ဆံတွေရနေကြတယ်။

သူတို့မျိုးဆက်တွေကပဲ တစ်နိုင်ငံလုံး
အားကျရလောက်အောင် သုံးပြနေကြတယ်။

ကချင်ပြည်နယ်မှာ
လုပ်ငန်းတစ်ခု လုပ်ရင်
အဲ့ဒီဒေသကလူတွေပဲ
အကျိုးအမြတ်ရသင့်တယ်။

ရှမ်းပြည်နယ်ကို ခရီးသွားရင်
လမ်းကြေးကိုရှမ်းလူမျိုးတွေပဲရသင့်တယ်။

အခုတော့ ကိုယ့်ဒေသကဖြတ်သွားလို့
လမ်းကြေးတောင်း‌ရင် ဆက်ကြေးတောင်းတဲ့
သူပုန်ဆိုပြီးစစ်ခွေးတွေက
မှိုင်းတိုက်ထားခဲ့ကြတာ။

ထပ်ပြောပါမယ်။

ဒီမိုက​ရေစီ ဆိုတာ၊
ဖယ်ဒရယ် ပြည်ထောင်စုဆိုတာ၊
တစ်နိုင်ငံလုံး နီနေဖို့ မဟုတ်သလို
တစ်နိုင်ငံလုံး စိမ်းနေဖို့လည်း မဟုတ်ဘူး။

ကာလာ‌ပေါင်းစုံ ပါ၀င်ပြီး
ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာမှာ
အစွမ်းကုန်တောက်ပနိုင်ဖို့ကိုပဲ ရည်ရွယ်တာ။

ဖယ်ဒရယ်ကို သဲသဲကွဲကွဲ
သိနိုင်ကြပါစေ!!!!!!!

Crd

11/03/2021

KNUထဲ လာဖို့၃သိန်းပေးရမယ်ဆိုတာက အတုတွေပါနော။

မြစ်ဝကျွန်းပေါ်မှာ ကော်သူးလေထဲဝင်ဖို့ဆိုပြီး နာမည်တွေလိုက်ကောက်နေတာကြားရသလို ကရင်လူငယ်တွေလဲ များစွာနာမည်သွင်းတယ်လို့ကြားသိရတယ်။ ဂရုစိုက်ပါ။ ဒီအချိန်မျိုးမှာ လွယ်လွယ် မယုံမိစေပါနဲ့။

ဧရာဝတီတိုင်းမှာ တပ်မဟာ ၈ဖွဲ့မယ်ဆိုပြီး စာရင်းတွေလိုက်ကောက်နေတာ သိရတယ်။ဂရုစိုက်ပါ။ အဲဒီအစီအစဥ်ကလက်ရှိလုံးဝမရှိသေးပါဘူးနော။

တကယ်လို့ ဒီလိုကောလဟာလမျိုး ​ရှိလာရင်မိမိတို့ကိုအသိပေး မေးမြန်း စုံစမ်းပြီးမှ မှန်၏၊မမှန်၏ အတည်ပြုချက်ရယူပါ။

😁😁
10/03/2021

😁😁

အဆိုတော် ' ဖေါ်ကာ 'အနုပညာသမားထဲမှာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ Andaman Gold နဲ့စာချုပ်ချုပ်ထားတဲ့ပွဲလေးဆယ်စာမြန်မာငွေ သိန်း 1...
10/03/2021

အဆိုတော် ' ဖေါ်ကာ '
အနုပညာသမားထဲမှာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ Andaman Gold နဲ့စာချုပ်ချုပ်ထားတဲ့ပွဲလေးဆယ်စာ
မြန်မာငွေ သိန်း 1600 ကိုအနစ်နာခံပြီး စာချုပ်ကို
ဖျက်သိမ်းလိုက်တဲ့ Htain Minn Zaw အဆိုတော်'ဖေါ်ကာ'
Fokker Wanted Band လေးစားပါတယ်🥰
ငါရဲ့ldolကြီးလေးစားတယ်ကွာ🥳❤️

CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိနေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ။မတ်လ ၁၀ ရက် ၂၀၂၁ ခုနှစ်...
10/03/2021

CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိနေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ။

မတ်လ ၁၀ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ယမန်နေ့ မတ်လ ၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH မှ ခန့်အပ်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်းဝင်းခိုင်သန်း၏ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မန်းဘခိုင်လမ်းရှိ နေအိမ်အား ယနေ့ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု အနီးဝန်းကျင်ရှိ ပြည်သူများက ပြောသည်။

“ရဲတပ်ဖွဲ့ ကား ၃ စီးခန့်ဖြင့် မွန်းလွှဲ ၂ နာရီလောက်က လာကြတာပါ ။ အခုတော့ သူတို့ပြန်သွားကြပါပြီး။ ဘာတွေပါသွားလဲ ဆိုတာတော့ အတိအကျ မသိရဘူး”ဟု ပြည်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

CRPH မှ ဒု သမ္မတအဖြစ် ခန့်အပ်ခြင်းခံရသော မန်းဝင်းခိုင်သန်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အနိုင်ရကိုယ်စားလှယ်ဖြစ်ပြီး ယခင်က အမျိုးသားလွှတ်တော်ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သူလဲဖြစ်သည်။
. ကရင်သတင်းစဉ်

ဘားအံနဲ့ ဖာပွန်အကြား10.3.21 မနက်တိုက်ပွဲမအလ ၂၈ ယောက်ကျKNU တစ်ယောက်ကျ တစ်ယောက်ဒဏ်ရာရ ကျဆုံသွားတဲ့KNUသူရဲကောင်းRIPပါ🙏စိတ်မ...
10/03/2021

ဘားအံနဲ့ ဖာပွန်အကြား
10.3.21 မနက်တိုက်ပွဲ
မအလ ၂၈ ယောက်ကျ
KNU တစ်ယောက်ကျ တစ်ယောက်ဒဏ်ရာရ
ကျဆုံသွားတဲ့KNUသူရဲကောင်းRIPပါ🙏
စိတ်မေကာင်းေပမဲ့ ဂုဏ်ယူေလးစားပါတယ်
#စစ်မင်း

10/03/2021

KNU နဲ့တိုက်ပွဲဖြစ်နေပြီဆိုတာ အမှန်ပါ
သထုံမှာ ဖြစ်တာပါ ပြင်းထန်ပါတယ်။
KNU တပ်ဆုတ်ပါတယ် ပြည်သူထိမှာစိုးလို့
သိရပါတယ်။ နောက်နေ့ ဘာဆက်ဖြစ်မလဲ
မသိရပါ။ NCA ကတော့ ပျက်ပါပြီ

Free Burma Ranger အဖွဲ့ ရောက်နေပြီဆိုတာ အမှန်ပါ။
မအလဘက်က ထွက်ပြေး
တိမ်းရှောင်လာတဲ့ ရဲနဲ့ စစ်သားတွေကို
လက်ခံပြီး ခိုလှုံခွင့်ပါ ပေးထားပါတယ်။

ကြာသပတေးနေ့မှာ စစ်တပ် သတင်းစာရှင်းလင်းပွဲ
လုပ်ပြီး NLD အား ဖျက်သိမ်းမည်လို့ ကြားပါတယ်။
အခုထိ မဲစာရင်းကွာဟမှု ရှိတာကို
သက်သေ မပြနိုင်သေး။

စစ်တပ်မှ အမေရိကန်သံရုံးအတွင်း ဝင်ရှာခွင့်တောင်းသော်လည်း သံရုံးမှ ခွင့်မပြုဟုကြားသိရပါတယ်။

တပ်မှ စစ်သုံးဒရုန်းများကာကွယ်ရေးအစီအစဉ်များ ဝယ်ယူပြီး
အိန္ဒိယနှင့် ဝ ဒေသဘက်ချထားရန် စီစဉ်နေဟုကြားသိရပါတယ်

CRPH က KNU, TNLA နှင့်ဆွေးနွေးပြီး
SSA နှင့် ထပ်မံဆက်လက်ဆွေးနွေးလျက်ရှိပါတယ်။
ဒုတိယသမ္မတအဖြစ် မန်းဝင်းခိုင်သန်းကို
ခန့်အပ်ထားပါတယ်။ ဒါကလည်း အရွေ့တစ်ခုပါ။

အိန္ဒိယနိုင်ငံဘက်သို့ ဂျပန် အမေရိကန် တောင်ကိုရီးယား အိန္ဒိယ လာမည့် ၄ ရက်အတွင်း ဆွေးနွေးရန်ရှိပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပါဝင်ဆွေးနွေးမည်လို့
သိရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက
တင်ထားတဲ့ Post မှာ You Fight ပါနော်။
သင်တို့ တိုက်ခိုက်ရမယ်။
သင်တို့နိုင်အောင် တိုက်ရမှာပါ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပေါင်းပြီး
နိုင်အောင် တိုက်ရမှာပါ။

တပ်အရွှေ့အပြောင်းများကြောင့်
မြို့တွင်းဆန္ဒပြလူငယ်များအား ထိန်းရန်
အင်အားနည်းလာနိုင်သဖြင့်
ပို၍ရမ်းကားနိုင်ကြောင်းနှင့်
အကြောက်တရားရိုက်သွင်းလျက်ရှိပါတယ်။
မော်လမြိုင်မှာတော့ ရေတပ်အင်အားနဲ့
ဖြိုခွင်းပါတယ်။ ဒီနေ့ ၁၅ ဦး အဖမ်းခံရပါတယ်။
ဒီရက်ပိုင်း ဖမ်းခံရသူတွေကို ပြင်းပြင်းထန်ထန်
ရိုက်ပါတယ်။ ဒါမို့ အဖမ်းမခံရပါစေနဲ့။ ပြေးပါ။
တပ်တွင်းသူပုန်ထနေပါတယ်။

ရခိုင်ဘက်ခြမ်းမှ အမျိုးအမည်မသိ လေယာဉ် ၁ စင်းအား
ပစ်ချခဲ့ကြောင်း သိရပါတယ်။

ကရင်ဘက်အခြမ်းအား ပိုက်စိပ်တိုက်
စစ်ဆေးလျက်ရှိပါတယ်။ သထုံမှာတော့
ရပ်ကွက်တွေထဲထိ ဝင်ပြီး လူနာမည်နဲ့
ဖမ်းဆီးရိုက်နှက်တာတွေ ရှိပါတယ်။
ဧည့်စာရင်း ဝင်စစ်မယ်လို့လည်း သိရပါတယ်။

ဒီညမှာ‌တော့ ထားဝယ်မှာ
ရန်ကုန်ကို ပစ်သလို ရမ်းသန်းပစ်နေပါတယ်။

ပိုပြီးသတိထားပေးကြပါ။
Fb ပုံတွေနဲ့ rint ထုတ်ထားတဲ့ ဆိုက်ဝါးတွေ
ထပ်မတင်ကြပါနဲ့တော့

Newsfeed မှာ အဲ့ဒါချည်းပဲ တက်နေလို့ပါ။

Copy ယူချင်ယူပါ။


09/03/2021

ကရင်ပြည်နယ် ဝါးဘိုးတော အနောက်ခြမ်း KNU နှင့် မအလ တပ်မ (၂၀၄)စစ်ဖြစ် ဆုတောင်းခြင်းဖြစ် သတိရပေးကြပါ...
KNU တပ်အင်အားနည်းနေလို့ တော်တော်များများ ဒဏ်ရာရလို့ KNU တပ်နောက်ဆုတ်ထွက်ခွာရ သတင်းရရှိ
GOD BLESS KNU
May God bless u all

အကြမ်းဖက်နှိမ်နင်းခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြဖွယ်ရှိသော မြန်မာ ဒုက္ခသည်များကို နေရာထိုင်ခင်းပေးဖို့ ထိုင်း...
09/03/2021

အကြမ်းဖက်နှိမ်နင်းခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြဖွယ်ရှိသော မြန်မာ ဒုက္ခသည်များကို နေရာထိုင်ခင်းပေးဖို့ ထိုင်း ပြင်ဆင်ထား
---အကုန်သိ သတင်းဌာန---
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ရက်စက်တဲ့ နှိမ်နင်းမှုများကနေ ထွက်ပြေး တိမ်းရှောင်လာရနိုင်ခြေရှိတဲ့ ဒုက္ခသည်တွေကို နေရာထိုင်ခင်းပေးဖို့အတွက် ထိုင်းနိုင်ငံက နယ်စပ်ပြည်နယ်တွေရှိ အဆောက်အအုံတွေကို ပြင်ဆင်ထားကြောင်း သိရပါတယ်။
ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ဖန်ဂျစ်ကော်တေဟာ မတ်လ ၈ ရက်နေ့မှာ မယ့်ဟောင်ဆောင်နဲ့ တာ့ခ်ပြည်နယ်ရှိ လုံခြုံရေးတပ်တွေဆီ သွားရောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခြေအနေတွေမှ ထွက်ပြေးလာကြဖွယ်ရှိတဲ့ ဒုက္ခသည်တွေကို လက်ခံထားရှိရေး အဆင်သင့်ပြင်ထားမှုအား စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
မဲဆောက်၊ သာဆောင်ယန်၊မယ့်ရာမတ်၊ ဖော့ဖရာခရိုင်တို့ရှိ ဒေသ ၇ ခုကို ဒုက္ခသည်စခန်းတွေအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့နယ်စပ် ဘုရားသုံးဆူဂိတ်ရှိ အဆောက်အအုံလေးခုမှာ ဒုက္ခသည် ၂၀၀၀ အထိ နေရာပေးနိုင်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်၊မဲဆောက်ခရိုင်တွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ တာချီလိတ်၊ မြဝတီတို့လို မြန်မာနယ်စပ်မြို့နယ်တွေမှာပင် အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက အပြင်းအထန်နှိမ်နင်းမှုတွေရှိနေခဲ့ပါတယ်။ Thai PBS World

(zawgyi)

အကြမ်းဖက်နှိမ်နင်းခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြဖွယ်ရှိသော မြန်မာ ဒုက္ခသည်များကို နေရာထိုင်ခင်းပေးဖို့ ထိုင်း ပြင်ဆင်ထား
---အကုန်သိ သတင်းဌာန---
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ရက်စက်တဲ့ နှိမ်နင်းမှုများကနေ ထွက်ပြေး တိမ်းရှောင်လာရနိုင်ခြေရှိတဲ့ ဒုက္ခသည်တွေကို နေရာထိုင်ခင်းပေးဖို့အတွက် ထိုင်းနိုင်ငံက နယ်စပ်ပြည်နယ်တွေရှိ အဆောက်အအုံတွေကို ပြင်ဆင်ထားကြောင်း သိရပါတယ်။
ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ဖန်ဂျစ်ကော်တေဟာ မတ်လ ၈ ရက်နေ့မှာ မယ့်ဟောင်ဆောင်နဲ့ တာ့ခ်ပြည်နယ်ရှိ လုံခြုံရေးတပ်တွေဆီ သွားရောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခြေအနေတွေမှ ထွက်ပြေးလာကြဖွယ်ရှိတဲ့ ဒုက္ခသည်တွေကို လက်ခံထားရှိရေး အဆင်သင့်ပြင်ထားမှုအား စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
မဲဆောက်၊ သာဆောင်ယန်၊မယ့်ရာမတ်၊ ဖော့ဖရာခရိုင်တို့ရှိ ဒေသ ၇ ခုကို ဒုက္ခသည်စခန်းတွေအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့နယ်စပ် ဘုရားသုံးဆူဂိတ်ရှိ အဆောက်အအုံလေးခုမှာ ဒုက္ခသည် ၂၀၀၀ အထိ နေရာပေးနိုင်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်၊မဲဆောက်ခရိုင်တွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ တာချီလိတ်၊ မြဝတီတို့လို မြန်မာနယ်စပ်မြို့နယ်တွေမှာပင် အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက အပြင်းအထန်နှိမ်နင်းမှုတွေရှိနေခဲ့ပါတယ်။ Thai PBS World

KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ၊ သထုံခရိုင်(တပ်မဟာ ၁)တွင် စစ်တပ်နှင့် KNU ၏ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ...
09/03/2021

KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ၊ သထုံခရိုင်(တပ်မဟာ ၁)တွင် စစ်တပ်နှင့် KNU ၏ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား ယနေ့(မတ် ၉ ရက်)၌ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

သတင်းအပြည့်အစုံ-
http://kicnews.org/2021/03/knu-တပ်မဟာ-၁-နှင့်-စစ်တပ်တို/

KIC - ကရင်သတင်းဌာန
http://karennews.org/
http://kicnews.org/
http://karennews.org/radiokaren/
https://www.facebook.com/KICNewsPage/
https://www.facebook.com/KIC-Outlet-6...
https://www.facebook.com/KarenNewsOrg
https://www.facebook.com/Radio-Karen-276362032949505/
https://www.youtube.com/c/TheKarenNews

စစ်ကောင်စီကိုCRPHတရားစွဲပြီ
09/03/2021

စစ်ကောင်စီကိုCRPHတရားစွဲပြီ

တားဆီးမှုကြားက ဒေါနအရှေ့ဘက်ခြမ်း သပိတ်စစ်ကြောင်း ဆက်လက်ချီတက်မတ်လ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ မြဝတီမြို့တွင...
09/03/2021

တားဆီးမှုကြားက ဒေါနအရှေ့ဘက်ခြမ်း သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

မတ်လ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှု သွားရောက်ပြုလုပ်မည့် ဒေါန အရှေ့ဖက်ခြမ်း သပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၉ရက်၊ နံနက်ပိုင်းက တားဆီးမှုများနှင့် ကြုံတွေ့ခဲ့ရ သော်လည်း စစ်ကြောင်းကို ဆက်လက်ချီတက်ခဲ့ကြသည်ဟု သိရသည်။

ဒေါနအရှေ့ဖက်ခြမ်းရှိ စုကလိ၊ ဝေါ်လေ၊ အူဖိုးထာ ၊ သေဘောဘိုး စသည့် ကျေးရွာအုပ်စုများမှ ရာနှင့်ချီသော ဒေသခံရွာသားများစုပေါင်း၍ မြဝတီမြို့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲသွားရောက်ပြုလုပ်ရန် ယနေ့ စုစည်းရာတွင် နယ်မြေခံ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)မှ လုံခြုံရေးအရ မသွားကြရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်မည့်သူ ရွာသားတစ်ဦးက “တစ်ခုခုဖြစ်မှာကို စိုးရိမ်လို့ ပေးမသွားတာလို့ ပြောတယ်။ အခု ကျနော်တို့သွားတာက စစ်အာဏာရှင်ကို တော်လှန်တာဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်တာကို သူတို့တားတယ်ဆိုတော့ သူတို့လည်း စစ်အာဏာရှင်ဘက်ကို ရပ်တည်တာနဲ့အတူတူပဲပေါ့။ ကျနော်တို့ကို မကာကွယ်ပေးနိုင်ရင်တောင်မှ မနှောက်ယှက်သင့်ဘူး ထင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

တားမြစ်မှုများရှိသော်လည်း ဒေါနအရှေ့ဘက်ခြမ်း ဒေသခံရွာသားများသည် တားမြစ်ချက်များကို ဥပေက္ခာပြု ကာ သပိတ်စစ်ကြောင်းကို လေးကေကော်မြို့သစ်သို့ ဆက်လက်ချီတက်ပြီး ထိုမှတစ်ဆင့် မြဝတီမြို့အထိ ဆက်လက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း ပါဝင်သူများက ပြောဆိုသည်။

တားမြစ်ရသည့်အကြောင်းနှင့်ပတ်သက်၍ DKBA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောစတီးက “ကျနော် တို့ပြည်သူတွေ တစ်ခုခုဖြစ်လာရင် ဘယ်သူက အာမခံပေးမလဲ ဦးဆောင်သူကို ကျနော်မေးတယ်။ အခြေအ နေကို နည်းနည်းစောင့်ကြည့်ပါအုံးလို့ ကျနော်ပြောတယ်ပေါ့နော်။ တစ်ခုခု ဖြစ်လာရင် ခက်မယ်။ ကျနော်တို့ လည်း အပြည့်အဝ အာမ မခံနိုင်ဘူးလေ။ ဒါပေမယ့် ကျနော်ပြောတယ်။ ခင်ဗျားတို့ စိတ်အားထက်ရင် သွား ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေါနအရှေ့ဘက်ခြမ်းရှိ ဒေသခံများ စုပေါင်း၍ မြဝတီမြို့သို့ ချီတက်ဆန္ဒပြရန် စီစဉ်မှုမှာ ယခုတစ်ကြိမ် အပါ အဝင် ၄ကြိမ်မြောက်ဖြစ်သည်။ မြဝတီမြို့တွင် ပြီးခဲ့သည့်အပတ်က ပစ်ခတ်ဖြိုခွင်းမှုနှင့် ဖမ်းဆီးမှုများကြောင့် ဆန္ဒပြမည့်သူများ လူစု၍မရသည့် အခြေအနေတွင်ရှိသလို လူစုလူဝေး ပြုလုပ်မည့်နေရာများကိုလည်း ရဲနှင့် စစ်တပ်ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားက နေရာယူထားလျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရရှိသည့်သတင်းအရ အဆိုပါ ဒေါနအရှေ့ဘက်ခြမ်းသပိတ်စစ်ကြောင်းကို လေးကေကော်မြို့သစ်မရောက်ခင် ခလယ်ကလိုးနေရာအရောက်တွင် မြန်မာစစ်တပ်၏ ထပ်မံတားမြစ်ခံမှုရှိသော်လည်း သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်နေဆဲဖြစ်သည်။

UN တို့ US တို့ မမ​ျှော်ပါနဲ့ ။R2P နဲ့ ဝင်မလာနိုင်ဘူးလားဆိုရင်ဝင်လာကောင်း ဝင်လာနိုင်ပါတယ် ။ဒါပေမယ့် အဆင့်ဆင့်တွေရှိပြီးတ...
09/03/2021

UN တို့ US တို့ မမ​ျှော်ပါနဲ့ ။
R2P နဲ့ ဝင်မလာနိုင်ဘူးလားဆိုရင်
ဝင်လာကောင်း ဝင်လာနိုင်ပါတယ် ။
ဒါပေမယ့် အဆင့်ဆင့်တွေရှိပြီးတော့
တရုတ်နဲ့ ရုရှားက ကြားခံနေပါတယ် ။
လက်သည်ပဲ အားကိုးနေလို့ မရပါဘူး ။
ကိုယ်တိုင်ညစ်မှ ရပါမယ် ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဟာ ဘယ်သူက ကယ်မှကူမှရမယ့် လွတ်လပ်ရေးမဟုတ်ပါဘူး ။ ကိုယ်တိုင် တိုက်ပြီး ယူလည်း ရပါတယ် ။
တိုင်းရင်းသားတွေ ညီညွတ်စွာနဲ့
ကျွန်တော်တို့ ကိုယ့်အားကိုယ် ကိုးပြီး တိုက်ကြပါမယ် ။

🤔🤔
08/01/2021

🤔🤔

07/01/2021

*‌မောင်ဇော်ချစ်‌သောဆရာမ*

ဇော်ဇော် နင်ဒါဘာလုပ်တာလဲ
ငါ့ကိုလွှတ်
ပြောပြောဆိုဆိုနဲ့ ဇော်ဇော်က
ဆရာမရဲ့ ရင်သားတွေကို...See More

သောက်ကျင့်လေးပြင်ရန်လို😁
07/01/2021

သောက်ကျင့်လေးပြင်ရန်လို😁

Address


Telephone

+959666713919

Website

Alerts

Be the first to know and let us send you an email when Saw Nay Khu Blut posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share