Khayay Yanant - Digital Magazine

  • Home
  • Khayay Yanant - Digital Magazine

Khayay Yanant - Digital Magazine Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khayay Yanant - Digital Magazine, Publisher, .

ဆန်းသစ်(ဘိုကလေး) ၏"အောင်စိတ်"
08/03/2022

ဆန်းသစ်(ဘိုကလေး) ၏

"အောင်စိတ်"

ခရေရနံ့လေးကို မေ့ထားကြပြီလား ?ချမ်းမြေ့အောင် (ဥပဒေ)ရဲ့"သူ့မင်္ဂလာဆောင်"တဲ့ ဗျာ။အားပေးကြပါဦးဗျ ။
28/02/2022

ခရေရနံ့လေးကို မေ့ထားကြပြီလား ?

ချမ်းမြေ့အောင် (ဥပဒေ)
ရဲ့
"သူ့မင်္ဂလာဆောင်"တဲ့ ဗျာ။

အားပေးကြပါဦးဗျ ။

ဆူးခတ်ထွဋ် (လေးအိမ်စု) ရဲ့ "သည်းလှည့်ပါမိုး"
16/02/2022

ဆူးခတ်ထွဋ် (လေးအိမ်စု) ရဲ့

"သည်းလှည့်ပါမိုး"

"အရိုင်းပင်မို့ အပွင့်မတင်ခဲ့ပါ"တဲ့။ကြေကွဲစရာဇာတ်လမ်းလေးကို ဖန်တီးရေးဖွဲ့ထားသူက ဆရာဆလိုင်း ပါ။ အားပေးဖတ်ရှူကြပါဦးဗျ
08/02/2022

"အရိုင်းပင်မို့ အပွင့်မတင်ခဲ့ပါ"တဲ့။
ကြေကွဲစရာဇာတ်လမ်းလေးကို ဖန်တီးရေးဖွဲ့ထားသူက ဆရာဆလိုင်း ပါ။ အားပေးဖတ်ရှူကြပါဦးဗျ

ခရေကာတွန်းကဏ္ဍ
03/02/2022

ခရေကာတွန်းကဏ္ဍ

"ဘုရားလှူဖို့ ပန်းကောက်စို့"မင်းခန့်(တာပွန်)မြိုင်မြိုင်ဆိုင်ဆိုင် အား‌ဆေးတိုက်ကြပါဦးဗျ။ခရေရနံ့မိသားစု
29/01/2022

"ဘုရားလှူဖို့ ပန်းကောက်စို့"

မင်းခန့်(တာပွန်)

မြိုင်မြိုင်ဆိုင်ဆိုင် အား‌ဆေးတိုက်ကြပါဦးဗျ။

ခရေရနံ့မိသားစု

ခရေနှလုံးသားကဏ္ဍမှာ ပါဝင်အားဖြည့်ထားသော"လင်းညို့သွေး(ဘုတလင်)" ရဲ့"အတိတ်ဆူး"
23/01/2022

ခရေနှလုံးသားကဏ္ဍမှာ ပါဝင်အားဖြည့်ထားသော
"လင်းညို့သွေး(ဘုတလင်)" ရဲ့

"အတိတ်ဆူး"

အမေများနေ့မှာသျှန်းမိုးအိမ်ရဲ့"ဇာတ်ရုပ်မျိူးစုံနဲ့အမေ"ခံစားဖတ်ရှုပေးကြပါဦးနော်
16/01/2022

အမေများနေ့မှာ

သျှန်းမိုးအိမ်ရဲ့

"ဇာတ်ရုပ်မျိူးစုံနဲ့အမေ"

ခံစားဖတ်ရှုပေးကြပါဦးနော်

ဒီနေ့တော့"အလွမ်းမှတ်တိုင်" ပါဗျ။လွမ်းဝေ(ရွာတန်းရှည်)
14/01/2022

ဒီနေ့တော့

"အလွမ်းမှတ်တိုင်" ပါဗျ။

လွမ်းဝေ(ရွာတန်းရှည်)

ချစ်စိုး(ဟုမ္မလင်း)ရဲ့"ခရေပန်း" ဆိုတဲ့ ချစ်စရာကဗျာလေး။တစ်ယောက်ကိုတစ်ယောက်ကူ အားပေးရင်းနဲ့ စာတွေ၊ကဗျာတွေအတူတူရေး၊အတူတူစာတ...
10/01/2022

ချစ်စိုး(ဟုမ္မလင်း)ရဲ့

"ခရေပန်း" ဆိုတဲ့ ချစ်စရာကဗျာလေး။

တစ်ယောက်ကိုတစ်ယောက်ကူ အားပေးရင်းနဲ့ စာတွေ၊ကဗျာတွေအတူတူရေး၊အတူတူစာတွေ ဖတ်ကြစို့လားဗျာ :-* :-*

"အညာမိုး" တဲ့ဗျာ :-* :-*ဟိန်းသုတ(ပုဂံ)
08/01/2022

"အညာမိုး" တဲ့ဗျာ :-* :-*

ဟိန်းသုတ(ပုဂံ)

ဒီနေ့တော့မိုးပြေးရဲ့"ငွေလမင်း"
06/01/2022

ဒီနေ့တော့

မိုးပြေးရဲ့

"ငွေလမင်း"

နှင်းရိပ်နွေရဲ့"နီယွန်မီးတစ်လုံးရှိသည်" တဲ့။အားပေးကြပါဦးဗျ။
04/01/2022

နှင်းရိပ်နွေရဲ့

"နီယွန်မီးတစ်လုံးရှိသည်" တဲ့။

အားပေးကြပါဦးဗျ။

"လျှိုမြောင်ကြားက မြတ်စေတီ"
02/01/2022

"လျှိုမြောင်ကြားက မြတ်စေတီ"

မင်္ဂလာပါ။ခရေအဖွင့်ကဗျာလေးနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။၂၀၂၂ နှစ်သစ်မှစ ပျော်ရွှင်အေးချမ်းပါစေဗျ။ခရေရနံ့ မိသားစု
01/01/2022

မင်္ဂလာပါ။

ခရေအဖွင့်ကဗျာလေးနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

၂၀၂၂ နှစ်သစ်မှစ ပျော်ရွှင်အေးချမ်းပါစေဗျ။

ခရေရနံ့ မိသားစု

ခရေရနံ့ဒစ်ဂျစ်တယ်  အမှတ်(၁)၊အတွဲ(၄) ဒီဇင်ဘာလထုတ် မဂ္ဂဇင်းကို အောက်ပါ link မှ  download ဆွဲပြီး ဖတ်ရှု့နိုင်ပါကြောင်းခင်ဗ...
28/12/2021

ခရေရနံ့ဒစ်ဂျစ်တယ် အမှတ်(၁)၊အတွဲ(၄) ဒီဇင်ဘာလထုတ် မဂ္ဂဇင်းကို အောက်ပါ link မှ download ဆွဲပြီး ဖတ်ရှု့နိုင်ပါကြောင်းခင်ဗျ။

ခရေရနံ့မဂ္ဂဇင်း

https://www.mediafire.com/file/bgpy42m6ol8n4o8/Khayayyanant_Digital_Magazine_%2528DEC%252C2021%2529.pdf/file

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

မင်္ဂလာပါဗျခရေရနံ့ အတွဲ(၁)၊အမှတ် (၄) မှာ ပါဝင်တဲ့ ဆရာ၊ဆရာမများနှင့်ဖတ်ရှု့အားပေးချင်သော စာဖတ်ပရိတ်သတ်အပေါင်းတို့ ခင်ဗျာ။...
27/12/2021

မင်္ဂလာပါဗျ
ခရေရနံ့ အတွဲ(၁)၊အမှတ် (၄) မှာ ပါဝင်တဲ့ ဆရာ၊ဆရာမများနှင့်ဖတ်ရှု့အားပေးချင်သော စာဖတ်ပရိတ်သတ်အပေါင်းတို့ ခင်ဗျာ။
ကျေးဇူးပြုပြီး 09782259119 Viber နံပါတ်သို့ မိမိကလောင်နာမည်လေး ပေးပို့မှာယူနိုင်ပါကြောင်းဗျ။ အခြေအနေအရ
Viber က ပို့ပေးရမှာ ဖြစ်တဲ့အတွက် နားလည်ပေးစေချင်ပါတယ်ဗျ။ Chat box က ပို့ပေးလို့ရအောင် PDF ဖိုင်ကို Link ပြောင်းပေးနိုင်သူရှိရင်လည်း ကူညီပေးစေချင်ပါ၏။အားလုံးကို လေးစားစွာ

ခရေရနံ့မိသားစု

မင်္ဂလာနေ့သစ်လေးဖြစ်ပါစေဗျ။ အတွဲ(၁)၊အမှတ်(၄)၊ခရေရနံ့လေး သင်းပျံ့ခဲ့ပါပြီ။ အားလုံးမျှော်နေကြပြီလား :-* :-* အားပေးကြပါဦးဗျ...
25/12/2021

မင်္ဂလာနေ့သစ်လေးဖြစ်ပါစေဗျ။ အတွဲ(၁)၊အမှတ်(၄)၊ခရေရနံ့လေး သင်းပျံ့ခဲ့ပါပြီ။ အားလုံးမျှော်နေကြပြီလား :-* :-* အားပေးကြပါဦးဗျ။
အားလုံးကို ချစ်လျက်

ခရေရနံ့မိသားစု

ခရေရနံ့လေး မွှေးနေပါပြီ။သီကုံးထားပါတယ်ဗျ။ဘယ်သူတွေ ပန်ချင်ပါသလဲ?ခရေရနံ့မိသားစု
20/11/2021

ခရေရနံ့လေး မွှေးနေပါပြီ။

သီကုံးထားပါတယ်ဗျ။

ဘယ်သူတွေ ပန်ချင်ပါသလဲ?

ခရေရနံ့မိသားစု

ခရေပုံပြင်လေးကို ဆရာနွေသန့်မောင် (ပညာရေး) က  "မေတ္တာစွမ်းအားလွန်ထူးခြားသည်"တဲ့။‌ဘယ်သူတွေများ ဘယ်လိုပြောချင်ကြသေးလဲဗျ။ ပြ...
28/10/2021

ခရေပုံပြင်လေးကို ဆရာနွေသန့်မောင် (ပညာရေး) က "မေတ္တာစွမ်းအားလွန်ထူးခြားသည်"တဲ့။
‌ဘယ်သူတွေများ ဘယ်လိုပြောချင်ကြသေးလဲဗျ။ ပြောပေးသွားကြပါဦးလားဗျာ။

တစ်ခါတလေ တရားဓမ္မလေးတွေနဲ့လည်း ပျော်မွေ့ကြ စေချင်....
26/10/2021

တစ်ခါတလေ တရားဓမ္မလေးတွေနဲ့လည်း ပျော်မွေ့ကြ စေချင်....

ခရေရနံ့လေး မျှော်နေကြပြီလားဗျ။
24/10/2021

ခရေရနံ့လေး မျှော်နေကြပြီလားဗျ။

ငြိမ်း(ပဲခူး) ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း‌ခေတ်ထဲက အမေ
21/10/2021

ငြိမ်း(ပဲခူး) ရဲ့

ဂလိုဘယ်လိုက်ဇေးရှင်း‌ခေတ်ထဲက အမေ

ဒီနေ့တော့ခိုင်မြဲသူယျရဲ့ရင်ဝေးမြို့....... အားပေးကြပါဦးဗျ
16/10/2021

ဒီနေ့တော့

ခိုင်မြဲသူယျရဲ့

ရင်ဝေးမြို့....... အားပေးကြပါဦးဗျ

ဆည်းဆာရိပ်သာနှင့် မြို့မိတ္ထီလာကဗျာချို(မိတ္ထီလာ)မိတ္ထီလာအကြောင်း လေ့လာရင်း အားပေးကြပါဦးဗျ။
14/10/2021

ဆည်းဆာရိပ်သာနှင့် မြို့မိတ္ထီလာ

ကဗျာချို(မိတ္ထီလာ)

မိတ္ထီလာအကြောင်း လေ့လာရင်း အားပေးကြပါဦးဗျ။

ထုထည်မဲ့ အနံနှင့်အလျားကျော်ပုည(သာစည်)
12/10/2021

ထုထည်မဲ့ အနံနှင့်အလျား

ကျော်ပုည(သာစည်)

ဒီနေ့တော့ ဆုပေးတတ်ဖို့အားပေးကြပါဦးဗျ
10/10/2021

ဒီနေ့တော့ ဆုပေးတတ်ဖို့

အားပေးကြပါဦးဗျ

ဒီနေ့တော့ ရတနာသိုက်လေး ဖွင့်လိုက်ကြရအောင်ဗျာ။
09/10/2021

ဒီနေ့တော့ ရတနာသိုက်လေး ဖွင့်လိုက်ကြရအောင်ဗျာ။

စည်သူ(ရေနံချောင်း) ၏"ဆိုင်ကယ်ယဉ်ကျေးမှုဆီသို့ စီးမြောခြင်း"တဲ့ ဗျာ။ အားပေးကြပါဦးဗျ။
07/10/2021

စည်သူ(ရေနံချောင်း) ၏

"ဆိုင်ကယ်ယဉ်ကျေးမှုဆီသို့ စီးမြောခြင်း"

တဲ့ ဗျာ။ အားပေးကြပါဦးဗျ။

ခရေနှလုံးသားဝတ္တုတိုကဏ္ဍ ကအိုင်ဟွမ်းခေတ်လားရဲ့"ကွဲအက်သွားသောမှန်"
04/10/2021

ခရေနှလုံးသားဝတ္တုတိုကဏ္ဍ က

အိုင်ဟွမ်းခေတ်လား

ရဲ့

"ကွဲအက်သွားသောမှန်"

ဒီနေ့တော့ လင်းနွေးအိမ်ရဲ့"မတစ်ထောင်ဖွား ရင်နှစ်သား"အားပေးကြပါဦးဗျ
01/10/2021

ဒီနေ့တော့
လင်းနွေးအိမ်ရဲ့
"မတစ်ထောင်ဖွား ရင်နှစ်သား"

အားပေးကြပါဦးဗျ

ခရေ တစ်မျက်နှာဝတ္တုတိုကဏ္ဍ"တတ်ဖို့မလို နပ်ဖို့လိုပါသနော်"                               ကျော်ထွန်းဦး
27/09/2021

ခရေ တစ်မျက်နှာဝတ္တုတိုကဏ္ဍ

"တတ်ဖို့မလို နပ်ဖို့လိုပါသနော်"

ကျော်ထွန်းဦး

ပေးပို့နိုင်သည့်ကဏ္ဍများ👇👇👇👇👇
19/09/2021

ပေးပို့နိုင်သည့်ကဏ္ဍများ
👇👇👇👇👇

------- ရေစီးကမ်းပြို ----- သုခယံ
19/09/2021

------- ရေစီးကမ်းပြို ----- သုခယံ

မင်းညီညီ(ဘိုကလေး) ၏ "ကောက်ကြောင်းမဲ့ ပန်းချီ"အားပေးကြပါဦးဗျ။
18/09/2021

မင်းညီညီ(ဘိုကလေး) ၏ "ကောက်ကြောင်းမဲ့ ပန်းချီ"
အားပေးကြပါဦးဗျ။

ဖယောင်းရုပ်                    နေစူး
15/09/2021

ဖယောင်းရုပ်
နေစူး

06/09/2021

Page messenger မှာလာပြောထားသူ အားလုံးကို file ပို့လိုက်ပါပြီ....အားပေးဖတ်ရှုသူအားလုံးကို ကျေးဇူးအထူး တင်ပါတယ်ခင်ဗျ.....
မဂ္ဂဇင်းမှာ ပါဝင်တဲ့ စာမူရှင် ဆရာ၊ဆရာမများ pdf file မရသေးရင် ကျနော့်fb အကောင့်ကို hi လိုက်ပါ...ပို့ပေးပါ့မယ်ခင်ဗျ

အမှတ်(၃)မှာ ပါဝင်တဲ့ ခရေနှလုံးသားဝတ္ထုတို စာမူလေးမှာ စာမူအပြည့်အစုံမပါတဲ့ ချို့ယွင်းချက် ရှိခဲ့တဲ့အတွက် စာရေးသူနှင့်တကွ ...
06/09/2021

အမှတ်(၃)မှာ ပါဝင်တဲ့ ခရေနှလုံးသားဝတ္ထုတို စာမူလေးမှာ စာမူအပြည့်အစုံမပါတဲ့ ချို့ယွင်းချက် ရှိခဲ့တဲ့အတွက် စာရေးသူနှင့်တကွ စာဖတ်သူအားလုံးကို အနူးညွတ်တောင်းပန်အပ်ပါတယ်...ဒါ ကျနော်ရဲ့ အားနည်းချက်ပါ...နောက်လတွေမှာ ဒီလိုအမှားမျိုးတွေမပါအောင် အထူးကြိုးစားသွားပါ့မယ်...
စာဖတ်သူများအတွက် စာမူအပြည့်အစုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်...

တာဝန်ခံစာတည်း

ခရေ နှလုံးသားဝတ္ထုတို

"အနက်ရောင်ဖဲကြိုးဖြူ"

အခန်း(၁)

ပုဂံ၏ဆည်းဆာဟာ အိုးဖုတ်ကုန်းကနေကြည့်လျှင် ပြဿာဒ်ကြီးဘုရားမှာမေးတင်လျှက်ရှိနေ၏။ဘုရားကြို၊ဘုရားကြားမှထွက်လာသော မီးခိုးတန်းလေးတွေဟာ ပုဂံရဲ့ဆည်းဆာကို အိပ်တန်းဝင်ငှက်များနှင့်အတူအသက်ဝင်နေလေသည်။Sunsetကြည့်သည့်သူများဟာ နေလုံးကျသည်နှင့်ကိုယ့်တည်းခိုရာနေရာများသို့ ကိုယ်စီပြန်လာကြမည်ဖြစ်သည်။
Forienger ရော Local ပါ ဧည့်အကျများ၍ ကျွန်မတို့မှာအလုပ်အရမ်းများလှ၏။ဂျူတီတစ်ချိန်ကိုရှစ်နာရီဖြင့် သုံးဆိုင်းခွဲကာအလုပ်ဆင်းရသည်။သည်နေ့မှာ ကျွန်မက ညနေငါးနာရီကနေစပြီးအလုပ်ဝင်ရမည်ဖြစ်၍ နေ့လယ်ခင်းပိုင်းတစ်ရေးတမောအိပ်ကာ ရေမိုးချိုး၊ယူနီဖောင်းလဲပြီး ထွက်လာခဲ့လိုက်သည်။ကျွန်မတာဝန်ယူရသည့်ဌာနက Food and Beverage Service ဖြစ်သည်။ကျွန်မတို့က အလွယ်တကူပဲ F&B လို့ခေါ်ကြသည်။
လင်းဝေဟာ ကျွန်မနှင့်တစ်ဌာနတည်း အလုပ်အတူလုပ်သည့် သွားအတူ၊စားအတူ ပြောမနာဆိုမနာသူငယ်ချင်းဖြစ်သည်။ကျွန်မကမိန်းကလေးဆိုတော့ ဝီရိယရှိပမေဲ့ သူကအမြဲတမ်းနောက်ကျလေ့ရှိသည်။အခုလည်းဧည့်သည်တွေကိုညစာစီစဉ်ဖို့အတွက် အရေးကြီးနေပါပြီဆိုကာမှ အေးဆေးလုပ်နေသည်။မိန်းကလေးဆောင်နှင့် ယောက်ျားလေးဆောင်က တစ်ဝန်းထဲဖြစ်၍ သူ့အခန်းရှိရာကိုခက်သွက်သွက်လေး ကျွန်မလျှောက်သွားလိုက်သည်။
"ဟဲ့.... အကောင်၊လင်းဝေ... မပြီးသေးဘူးလား၊အမြဲတမ်းနင့်ပဲစောင့်နေရတာ
၊နင့်ကြောင့် ဂျာကြီးအဆူခံရရင် ငါနင့်ကိုခွင့်မလွှတ်ဘူး"
"လာပါပြီဟ " ဟူသည့်အသံနှင့်အတူတံခါးပွင့်လာပြီး သူ့ခေါင်းထွက်လာသည်နှင့် ကျွန်မ၏လက်ကလည်း သွက်သွားလိုက်သည်။
"ခွပ်... "
"အား.... နာတယ်ဟ၊နင် သေပြီသာမှတ်"
သူကနောက်ကလိုက် ကျွန်မကရှေ့ကပြေးနှင့် ဟိုတယ်ဝန်းနားသို့ရောက်သွားလေ၏။ဂိတ်ဝရောက်သော် ဝန်ထမ်းကတ်ပြပြီး ကျွန်မတို့နှစ်ယောက်လုံး ဘယ်သူ့ကိုမှမကြည့်ဘဲဝင်လာခဲ့ကြသည်။
ကျွန်မတို့ဟိုတယ်ကဝန်ထမ်းအင်အားများပေမဲ့ ဌာနအသီးသီးရဲ့မန်နေဂျာတွေကသဘောကောင်းလှ၍ တစ်ဟိုတယ်လုံးဟာမိသားစုလိုဖြစ်နေကြသည်။နေ့ထူးနေ့မြတ်များမှာဆိုရင် ဟိုတယ်ရဲ့ရှေ့မျက်နှာစာမြက်ခင်းပြင်ပေါ်မှာ ညစာစားပွဲတွေကိုတစ်ခမ်းတနားကျင်းပလေ့ရှိသည်။ထိုသို့သောအချိန်မျိုးဆိုလျှင် ကျွန်မတို့ဌာနဟာအလုပ်အများဆုံးဖြစ်လေသည်။သူကကျွန်မတို့ဌာနရဲ့စီနီယာဝိတ်တာဖြစ်၍ အစစအရာရာကို မန်နေဂျာပြီးလျှင်သူကပဲဦးဆောင်ရလေသည်။
သူက ကျွန်မဆိုးသမျှသည်းခံပေးသလို ကျွန်မကိုလည်းမခံနိုင်သည်အထိစနောက်တတ်သေးသည်။သူ့ဘက်ကလည်း ကျွန်မကိုသူငယ်ချင်းထက်ပိုသော သံယောဇဉ်တွေယိမ်းယိုင်နေသလို၊ကျွန်မကလည်း သူ့အပေါ်မခြူမီကကြွေလုနီးပါးဖြစ်နေလေ၏။သို့ပေမဲ့ မိန်းကလေးတို့ရဲ့ဘဝဟာ တစ်ဖက်ကဖွင့်မပြောသေးသ၍ မျိုသိပ်နေရလေသည်။
အခန်း(၂)
ယနေ့ကလစာထုတ်အစည်းအဝေးမို့ ညောင်ဦးကိုကျွန်မသွားရလေသည်။အစည်းအဝေးကကိုးနာရီစမှာဖြစ်၍ အိမ်ကနေရှစ်နာရီလောက်မှာ ကျွန်မထွက်လာခဲ့လိုက်သည်။လစာထုတ်သည့်တာဝန်ကဆရာမကြီးရဲ့တာဝန်ဖြစ်ပေမဲ့ ဆရာမကြီးကအသက်ရွယ်ရနေပြီဖြစ်၍ ကျွန်မကပဲဦးဆောင်ဦးရွက်ပြုပြီး ကျောင်း၏ကိစ္စအဝဝကိုတာဝန်ယူပေးလိုက်ရသည်။
အစည်းအဝေး၏သဘောသဘာဝဟာ မည်မျှထိကြာမည်ကိုကြိုမသိရ၍ ကျွန်မကဗိုက်ဆာလျှင်စားဖို့ မုန့်နှင့်ရေဘူးကိုအသင့်ယူသွားစမြဲဖြစ်သည်။တင်ရမည့်စာရင်းများကိုတင်၊ကျောင်းအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကိုထုတ်ပြီး ဈေးဘက်သို့ကျွန်မထွက်လာခဲ့လိုက်သည်။ဘုရားနီအဝိုင်းပတ်ကိုကျော်ပြီး KBZဘဏ်ရှေ့ရောက်သော် လီဘာလျှော့ပြီးဘရိတ်နင်းကာ ဆိုင်ကယ်ကိုလမ်းဘေးချရပ်လိုက်သည်။
တက်ထရွန်အဖြူ ကျူထရံအနက်ကွက်နှင့် ပိုးပုဆိုးနက်ပြာရောင်ကိုဝတ်ထားသောသူဟာ ကားလမ်းဘက်ကိုမျက်နှာမူပြီး KBZဘဏ်ရှေ့မှာ အခြားလူတစ်ယောက်နှင့်ရပ်ကာစကားပြောနေသည်။သူ့ရဲ့နက်မှောင်တောက်ပသည့်ဆံပင်က နှာတံပေါ်ပေါ်၊လေးထောင့်စပ်စပ်မျက်နှာနှင့် လိုက်ဖက်နေလှ၏။ကျွန်မလည်းဆိုင်ကယ်ကိုဖြည်းဖြည်းလေးပြန်မောင်းကာ သူ့အနားသို့ရောက်သွားလိုက်သည်။သူတို့နှစ်ဦးစကားဆုံးသည်အထိခဏစောင့်လိုက်ပြီး-
"ဟဲ့... လင်းဝေ၊ နင် လင်းဝေမလား"
သူကခေတ္တမျှ ကျွန်မကိုကြောင်ကြည့်နေပြီးမှ-
"နင်... နင် အိနွယ်ခိုင် ဟုတ်တယ်မလား၊အမလေးနင်ကပုံစံပြောင်းသွားတော့ ငါကရုတ်တရက်မမှတ်မိလို့ပါဟာ"
"ဖြစ်ရလေဟယ် ၊နင်ကလည်းပိုပြီးသန့်ပြန့်လာပါတယ်နော်"
"သားသားကအရင်ကတည်းကသန့်ပြီးသားပါ ဆရာမကြီး"
"ကောင်စုတ်၊ နင်ကတော့ အရင်လိုပဲ ဘာမှကိုမပြောင်းလဲဘူး"
သူနှင့်ကျွန်မဟာ ဆိုင်ကယ်တစ်ယောက်တစ်စီးစီဖြင့် ရှေ့နောက်မောင်းကာ ကော်ဖီဆိုင်တစ်ခုမှာဝင်ထိုင်လိုက်သည်။ဝိတ်တာကလေးလာတော့ သူကပဲကျွန်မအကြိုက်ကော်ဖီနှစ်ခွက်ကိုမှာလိုက်သည်။
"ကဲ ဘယ်လိုလဲဆရာမကြီး အဆင်ပြေရဲ့လား၊မတွေ့တာတောင်ကြာပြီနော်၊ဘယ်နှစ်နှစ်ပါလိမ့်"
"ခုနှစ် နှစ်လောက်တော့ရှိရော့မယ်"
"အေးဟာ ရုတ်တရက်နင်အလုပ်ထွက်သွားတော့ ငါလည်းတစ်ယောက်တည်းအဖော်မရှိဖြစ်နေခဲ့တာ၊အဲ့ဒါနဲ့ ငါလည်း နောက်ဟိုတယ်တစ်ခုပြောင်းလိုက်တယ်၊ငါအခု မန်နေဂျာတောင်ဖြစ်နေပြီ"
"တယ်ဟုတ်ပါလား၊ငါကမနှစ်ကမှ ပြည်နယ်ဘက်ကနေပြန်ပြောင်းလာတာ၊နင်ကမန်နေဂျာကြီးဆိုတော့ ကောင်မလေးတွေဝိုင်းဝိုင်းလည်နေမှာပေါ့"
ကျွန်မကကော်ဖီခွက်ကို အသာယာလေးမလိုက်ကာ ခွက်နှုတ်ခမ်းဝကို ကျွန်မနှုတ်ခမ်းနှင့်တို့ရုံမျှတို့ပြီး ပြန်ချထားလိုက်သည်။
"အထင်နဲ့အမြင် တလွဲဆီပါဆရာမကြီးရယ်၊ငါကမိန်းကလေးသူငယ်ချင်းဆိုလို့ အဲ့ကတည်းကနင်ပဲရှိတာလေ သိရဲ့သားနဲ့၊နေပါဦး နင်ကငါ့ကြီးပဲအစ်မေးနေတာ၊နင်ကရော ကလေးတွေဘယ်နှစ်ယောက်ရနေပြီလဲ"
"ကောင်စုတ်... ငါကအပျိုကြီးလုပ်မှာဟဲ့"
ကျွန်မကအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး ရေနွေးခွက်ဖြင့်ကောက်ပေါက်မည်လုပ်လိုက်သည်။
"ဟိုး... ဟိုး ငါကစတာပါဟာ"
ကိုယ့်အကြောင်းသူ့အကြောင်းထွေရာလေးပါးပြောကြကာ တစ်နာရီလောက်ရှိတော့ ကျွန်မကဈေးဝယ်ရမှာမို့ သူ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်သည်။ထွက်လာခါနီးမှသူကမေးလို့ ကျွန်မရဲ့Facebook Accountကို ပေးခဲ့လိုက်သည်။
အခန်း(၃)
Messenger ကနေ နေ့တိုင်း ကျွန်မတို့စကားပြောဖြစ်ကြသည်။သူ့အလုပ်မှာဖြစ်ခဲ့သမျှကို ကျွန်မဆီအစီရင်ခံတတ်လေ့ရှိ၏။ညရောက်တိုင်း ကိုးနာရီထိုးလျှင်ကျွန်မဆီကို သူကအမြဲဖုန်းခေါ်ပြီး တစ်ခါတလေ Video call ခေါ်၍ ဂစ်တာတီးကာသီချင်းဆိုပြသည်။
တနင်္ဂနွပေိတ်ရက်တိုင်း ကျွန်မရောသူပါအားလပ်ရက်ဖြစ်၍ သူကကျွန်မကိုတစ်နေရာမဟုတ်တစ်နေရာလိုက်ပို့ပေးသည်။မုန့်လျှောက်စားလိုက်၊ပုဂံဘုရားတွေပတ်ဖူးလိုက်နှင့် ကျွန်မရဲ့ပင်တိုင်စံကင်မရာမန်းကြီးဖြစ်လေသည်။ညောင်ဦး-ပခုက္ကူကားလမ်းဘေးက ပုလင်းကမ်းသာယာဆင်စခန်းကို ကျွန်မကသွားချင်လှပါသည်ဆို၍ သူ့အလုပ်နားရက်မဟုတ်ဘဲ ခွင့်ယူပြီးလိုက်ပို့လေ၏။
ဆင်စခန်းက အပင်တွေကြားမှာအပင်တွေကိုဒေါက်တိုင်ပြုပြီး ချိတ်ဆက်တည်ဆောက်ထားသည့် Tree house ပုံစံလေးတွေဖြစ်သည်။မြစ်ဘက်ကိုထိုးထွက်ထားသည့် လေညှင်းခံတံတားအနီး ထန်းပင်စုတွေနှင့် မအူပင်၊တရုတ်မန်းကျည်းပင်တွေကြားမှာ အပင်တွေကို ထန်းသားဖြင့်ချိတ်ဆက်၊လိုအပ်သည့်နေရာတွေကိုတိုင်ထည့်ပြီး ဝါးကိုအလုံးလိုက် အခင်း၊အကာလုပ်ထားလေသည်။မြေပြင်ကနေ(၂၁)ပေလောက်မြင့်သည့် ထန်းရွက်မိုးTree houseလေးတွေကနေ တံတားလေးနှင့် ဆင်လေးတွေ၊ဧရာဝတီမြစ်ကြီးကိုပါ အပေါ်စီးကမြင်ရလေသည်။
Tree house၏ရှေ့ဘက်ဝရံတာဟာ ဝါးလုံးကိုပဲကျောက်စက်နှင့်လှီးဖောက်ပြီး ရာဇမက်ကွက်ပုံဖော်ထားလေ၏။ကျွန်မတို့နှစ်ယောက်လည်း လက်ခုပ်ပင်ကြီးကိုဝိုက်ပြီးဆောက်ထားသည့် Tree houseပေါ်ကနေ တံတားလေးဘက်ကိုထွက်လာခဲ့ကြသည်။
"လင်းဝေ ဧရာဝတီမြစ်ကြီးကမလှဘူးလား"
"နင်ကပိုလှတာပေါ့"
သူ့အပြောကိုနှုတ်ခမ်းကိုက်၍ မဲ့ပစ်လိုက်သော်လည်း ရင်ထဲမှာတော့ကျိတ်၍ ကျွန်မရင်ခုန်နေမိသည်။ဧရာဝတီမြစ်ရေပြင်မှာ သင်္ဘောလေးတစ်စီးဟာ မီးခိုးတလူလူနှင့် ရေဆန်ကို ခုတ်မောင်းနေလေသည်။
"အချစ်ဆိုတာ ကျောင်းကခေါင်းလောင်းသံလိုပဲ"
"ဟဲ့.... ဘာဆိုင်တုန်းဟ"
"ဆိုင်တယ် မနက်ပိုင်းကျောင်းတက်ခေါင်းလောင်းသံက ကျောင်းသားတွေကိုမချင့်မရဲဖြစ်စေတယ်"
"အင်း... ဆက်ပြီးဆိုစမ်းပါဦး ကဗျာဆရာကြီး"
ကျွန်မကပြုံးစိစိလုပ်ပြီး လက်ပိုက်ကာသူ့မျက်လုံးအစုံကိုစိုက်ကြည့်နေလိုက်သည်။
"ဒါပေမဲ့ ကျောင်းသားလေးတွေဟာ ညနေဘက်ကြတော့ အဲ့ဒီခေါင်းလောင်းသံကိုပဲစောင့်ဆိုင်းကြတယ်၊ခေါင်းလောင်းသံချင်းကတော့ အတူတူပဲ"
"ဟဲ့ ... အချစ်နဲ့ အဲ့ခေါင်းလောင်းသံနဲ့ကဘာဆိုင်လို့လဲ"
ကျွန်မကသူ့ကို မဆိုင်ဘူးဆိုသည့်ပုံစံဖြင့်မေးထိုးကာပြောလိုက်သည်။
"ဆိုင်တယ် ခေါင်းလောင်းသံချင်းတူပေမဲ့ ထင်မြင်ချက်တွေ၊ခံစားချက်တွေပြောင်းလဲသွားတယ်လေ၊အဲ့ဒီလိုပဲ ငါလည်းနင့်နှလုံးသားကလာတဲ့ခေါင်းလောင်းသံဟာ ကျောင်းဆင်းချိန်ပဲဖြစ်ပါရစေဟာ"
သူ့စကားဆုံးတော့ ကျွန်မရဲ့မျက်နှာတစ်ခုလုံးနှင်းဆီရောင်ယှက်ပြေးသွားလေသည်။ကျွန်မရဲ့ရင်ဘတ်ကြီးတစ်ခုလုံးနွေးခနဲဖြစ်သွားကာ ကိုယ့်စိတ်ကိုပြန်ထိန်းပြီး မြစ်ရေပြင်ကိုပဲမတုန်မလှုပ်ငေးကြည့်နေလိုက်သည်။
"ဆရာမကြီး ... အမှတ်ပေးဦးလေ၊ဒီမှာကျောင်းသားကလက်ပိုက်ပြီးစောင့်နေတာ"
ကျွန်မသူ့ကိုတစ်ချက်ငှဲ့ကြည့်လိုက်ပြီး တံတားလက်ရန်းကိုမှီလျက် ဆရာမကြီးစတိုင်ဖြင့်-
"နှစ်ဆယ့်လေးမှတ်ခွဲ"
"ဟင် တစ်ရာမဟုတ်ဘူးလား"
"လပတ်စာမေးပွဲလေ"
ဧရာဝတီမြစ်ရေပြင်မှာ ဆည်းဆာရဲ့နောက်ဆုံးအချိန်လေးကို နေနှင့်လကအတူယှဉ်တွဲကာ သရုပ်ဖော်နေလေသည်။ကြိုးကြာငှက်ကလေးနှစ်ကောင်ဟာ လည်ချင်းယှက်ပြီး မြစ်ပြင်ဝယ်ပျံဝဲနေလေ၏။
အခန်း(၄)
First dateမှာ သူနှင့်ကျွန်မတို့ "ဥပါယ်တံမျဉ်"ရုပ်ရှင်ကားကိုသွားကြည့်ဖြစ်ကြသည်။သူကကျွန်မကို ဇာတ်ကားထဲကမင်းသမီးလိုလုပ်သွားမှာလားလို့မေး၍ သူ့ပခုံးကိုမှီပြီး ဘယ်တော့မှမခွဲဘူးလို့အကြိမ်ကြိမ်ကတိပေးခဲ့လိုက်သေးသည်။နောက်ပြီး သူပေးသည့်အနမ်း။တက်မက်ဖွယ်အနမ်းတို့ဟာ သူ့ကိုကျွန်မပိုပြီးချစ်မိသွားလေသည်။
"မောင် ... အိ ဗိုက်ဆာတယ်၊မုန့်လိုက်ကျွေး"
"သွားမယ်လေ"
မုန့်ဆိုင်ရောက်သော် ကျွန်မရဲ့အကြိုက်တွေပဲမှာပေမဲ့ သူကတော့တစ်ခုခုကိုမျှော်နေသည့်ပုံစံဖြစ်နေသည်။ကျွန်မအလိုမကျဖြစ်နေသည်ကို သူဟာသိသိနှင့်ဥပက္ခာပြုနေလေ၏။ချစ်သူဖြစ်ပြီးပထမဆုံးတွေ့ဆုံမှုမှာ အခုလိုလုပ်သည့်အတွက် စိတ်ကောက်ဖို့ဟန်ပြင်နေချိန်မှာပဲ ကျွန်မတို့စားပွဲဝိုင်းနားကို ခပ်ငယ်ငယ်ကောင်လေးနှစ်ယောက်ရောက်လာပြီး-
"ကိုလင်းဝေ...ဒီမှာ ခင်ဗျားမှာထားတာတွေ၊ကျွန်တော်တို့ကိုပြုစုဖို့မမေ့နဲ့နော်"
"အေးပါ စိတ်ချ"
ကောင်လေးနှစ်ယောက်ပြန်သွားသော်-
"မောင် အဲ့ဒါဘာတွေလဲ"
"ဘာမှမဟုတ်ပါဘူး၊ လိုင်းပေါ်ကပစ္စည်းလေးမှာထားလို့"
ကျွန်မလည်းဘာမှစောဒကဆက်တက်မနေတော့ဘဲ မှာထားသည်များကိုစားနေလိုက်သည်။ပျော်ရွှင်နေသည့်အချိန်လေးကို အစွန်းအထင်းမခံချင်။
"မောင် စားလေ"
ကျွန်မကိုပဲစေ့စေ့ကြည့်နေ၍ မရိုးမရွဖြစ်လာကာ ငုံ့စားနေရာမှမျက်ခွံကိုအထက်သို့ပင့်ကြည့်လိုက်သည်။
"မောင့် ကို.... "
"ဘာဖြစ်လဲပြောလေ မောင်ရဲ့"
"ဟို ...မောင့်ကို ပိုက်ဆံငါးသောင်းလောက်ခဏချေးပါလား၊မောင့်အမေဆေးဖိုးအတွက် နဲနဲလိုနေလို့"
"ဪ.... ဒါများမောင်ရယ် ညနေကျလွှဲပေးလိုက်မယ်"
လိုချင်တာကိုရသွားသည့်ကလေးငယ်လိုဖြစ်သွားသည့် သူ့မျက်နှာလေးကိုကြည့်ပြီး မမြင်ဖူးသေးသောယောက္ခမလောင်းရဲ့အပေါ်ကိုပါ မေတ္တာတွေကျွန်မပေးနေမိသည်။တစ်နေကုန်လည်ပြီးညနေရောက်မှ ပြန်လာခဲ့ကြသည်။
အခန်း(၅)
ကျောင်းပိတ်ရက်မှာ သူကခရီးတိုလေးတစ်ခုထွက်ဖို့ကျွန်မကိုပြောလေ၏။သူကစခေါ်တော့ နေရာဝေးပြီးညအိပ်ခရီးဖြစ်၍ မလိုက်ချင်ဘူးဟုကျွန်မငြင်းလိုက်ပေမဲ့ သူ့သူငယ်ချင်းအတွဲပါ ပါသေးသည်ဆိုလို့ ကျွန်မလည်းခေါင်းငြိမ့်ပေးလိုက်သည်။ခရီးက ပြင်ဦးလွင်ဘက်ကိုနှစ်ညအိပ်ခရီးဖြစ်သည်။
ပြင်ဦးလွင်ရောက်တော့ ဟိုတယ်တစ်ခုရှာပြီး ပစ္စည်းတွေထားခဲ့ကြကာ ရုက္ခဗေဒဥယျာဉ်သို့သွားကြလေ၏။တစ်ညနေလုံးပန်းခြံထဲလျှောက်ကြည့်၊ဓာတ်ပုံရိုက်ကြပြီး မှောင်ရည်ပျိုးစအချိန်မှဟိုတယ်သို့ပြန်လာကြသည်။ဟိုတယ်ကစီစဉ်ပေးထားသောညစာကိုစားပြီး ကိုယ့်အခန်းကိုပြန်ကြရာတွင် သူ့သူငယ်ချင်းအတွဲကအတူတူတစ်ခန်းတည်းနေမည်ဆို၍ ကျွန်မလည်းသူနှင့်တစ်ခန်းတည်းဖြစ်သွားရ၏။အစမှာကြောက်ပေမဲ့ ကိုယ့်ချစ်သူပဲဆိုပြီးစိတ်နှင့်မျက်စိကို စုံမှတ်ချလိုက်ကာအခန်းထဲဝင်လိုက်လေသည်။
"အိ တစ်ကိုယ်လုံးပေစုတ်နေတာ၊ရေချိုးပစ်လိုက်လေ"
"မောင်ကရော မချိုးဘူးလား"
"အိပြီးမှ ချိုးမယ်လေ"
ရေချိုးပြီးတော့ သူရေချိုးနေစဉ်သဘက်စောင်အဖြူကြီးကို ရင်ရှားပတ်ထားပြီး မှန်တင်ခုံမှာအလှပြင်နေလိုက်သည်။သူရေချိုးအပြီး ကျွန်မလည်းအဝတ်စားဝတ်ပြီးအောင် ညအိပ်မိတ်ကပ်ကိုခပ်ပါးပါးလေးပဲလိမ်းပစ်လိုက်သည်။တို့ဖက်ဖြင့်မိတ်ကပ်ညှိနေစဉ် ကျွန်မ၏နောက်ကျောမှာအေးစက်စက်အထိအတွေ့နှင့်အတူ သူ့ရဲ့သိုင်းဖက်ခြင်းကိုခံလိုက်ရလေသည်။ကျွန်မလည်းဘာပြောရမှန်းမသိတော့ဘဲ ရင်ထဲကနှလုံးခုန်သံတို့မြန်နေလေသည်။
ကျွန်မကိုယ်ကျွန်မသတိထားနေသည့်ကြားကပင် သူ့ရဲ့အထိအတွေ့မှာနစ်မွန်းသွားနေလေသည်။ပြီးတော့ ကျွန်မဘာကိုမှမမြင်နိုင်တော့ပါ။ကျွန်မရဲ့လောကကြီးဟာ အမှောင်ကန့်လန့်ကာချသွားလေတော့သည်။အပြင်ဘက်ကမိုးစက်တို့ဟာလည်း ပြတင်းပေါက်မှန်ကာထား၍ ကျွန်မကိုမကူညီနိုင်တော့ချေ။
အခန်း(၆)
ပြင်ဦးလွင်ကပြန်လာပြီးကတည်းက ကျွန်မတို့နှစ်ယောက်၏အတူနေချိန်တွေဟာ တစ်ပတ်တစ်ခါကနေအကြိမ်ရေစိပ်လာလေသည်။ကျွန်မလည်းသူ့ကိုဘဝနှင့်ပုံပြီးချစ်ပြီးသားမို့ သူနှင့်ရှိနေချိန်တိုင်းမှာကျွန်မပျော်နေသည်။အချိန်တိုင်းသူ့ကိုပဲ သတိရနေမိသည်။
တစ်ညနေမှာမှာ သူနှင့်တွေ့ပြီးအိမ်ပြန်ရောက်သော် ရေချိုးဖို့ပြင်နေစဉ်ဖုန်းစိမ်းတစ်လုံးဝင်လာလေသည်။
"နင့်နာမည် အိနွယ်ခိုင်လား"
"ဟုတ်ပါတယ် ဘာကိစ္စရှိလို့ပါလဲ"
"လင်းဝေနဲ့ကြိုက်နေတုန်းလား "
"ဟုတ်ပါတယ် ဘယ်သူပါလဲ"
ကျွန်မကမေးပေမဲ့ တစ်ဖက်အမျိုးသမီးက-
"ဘယ်သူမှမဟုတ်ပါဘူး၊ဒီတိုင်းမေးကြည့်တာပါ၊နင့်ဘဲရဲ့ သူငယ်ချင်းပါ"ဟုပြောပြီး ဖုန်းချသွားလေသည်။
"အဲ့ဒီမိန်းမနဲ့ မောင်ကဘယ်လိုပတ်သက်နေသလဲ၊မောင့်ရဲ့ ရည်းစားများလား၊အရင်ရည်းစားလား၊ဒါမှမဟုတ် ငါ့အပြင်နောက်တစ်ယောက်များလား"
အတွေးများဟာ တစ်ညလုံးကျွန်မကိုအိပ်မပျော်ခဲ့ပေ။ဖုန်းဆက်ပြီးမေးမယ်ပြုသော်လည်း သူကညဂျူတီမို့ဖုန်းဆက်မရ၍ မနက်မှဘဲမေးမည်ဟု တေးထားလိုက်ရသည်။
"မောင်.... မောင့်မှာ အိအပြင်ဘယ်သူရှိသေးလဲ"
"ဘယ်သူရှိရမှာလဲ၊မောင့်ဘဝမှာ အိတစ်ယောက်တည်းပဲရှိတာပါ"
မနက်လင်းသည်နှင့် ညကဖုန်းဆက်သည့်မိန်းမအကြောင်းကိုပြောပြပြီး သူ့ကိုပြဿနာရှာလိုက်သည်။သူကစိတ်မဆိုးဖို့ပြောပြီး ကျွန်မကိုပဲသက်ဆုံးတိုင်ချစ်သွားမည်ဟု ကတိတွေပေးလေ၏။
ညနေကျောင်းဆင်းတော့ သူနှင့်ကော်ဖီသောက်ဖို့ ချိန်းလိုက်သည်။ကျွန်မစိတ်ဆိုးပြေဖို့ဆိုပြီး သူကနှင်းဆီပန်းစည်းတစ်ခုယူလာလေသည်။သူ့မျက်နှာလေးက စာမရသည့်ကျောင်းသားဟာ ဆရာမရဲ့ရှေ့ရောက်နေသလိုဖြစ်နေသည်။
"မောင့်ကို အိယုံပါတယ်"
ကျွန်မစိတ်ဆိုးပြေသွားမှန်းသိတော့ လိုချင်တာရသည့်ကလေးတစ်ယောက်လို သူ့မျက်နှာတစ်ခုလုံးဝင်းလက်သွားသည်။
"အိ.... "
သူကကျွန်မကိုခေါ်ပြီး ဘာမျှဆက်မပြောဘဲနေလေသည်။
"မောင် ပြောလေ၊ဘာပြောမှာလဲ"
"မောင့်ကို အိဖုန်းခဏပေးလိုက်ပါလား၊လုပ်ငန်းတစ်ခုရှိလို့ ၊မောင့်ဖုန်းက စောနထွက်လာခါနီးအဆောင်ကရေမြောင်းထဲကျသွားလို့ ဖုန်းပြင်ဆိုင်ပို့ထားရမှာ"
"အိဖုန်းတော့ မြောင်းထဲမကျစေနဲ့နော်"
"ချကိုပစ်မှာ "
"မောင်နော် "ဆိုပြီး သူ့ဗိုက်ခေါက်ကိုကျွန်မလိမ်ဆွဲပြစ်လိုက်သည်။
ကော်ဖီသောက်ပြီးကျွန်မပူဆာ၍ ပွဲတော်ဈေးတန်းကို သူကလိုက်ပို့လေသည်။ဈေးတန်းမှာ အကြော်စား၊ခြေညောင်းသည်ထိလျှောက်ကြည့်ပြီး ပြန်လာကြလေသည်။ပွဲတော်ဈေးကပြန်လာတော့ မောင်ကခေါ်၍ဟိုတယ်လိုက်သွားပြီး ညနေစောင်းမှအိမ်ပြန်လာလိုက်သည်။
အခန်း(၇)
မနက်ဖြန် အိမ်မှာအလှူတစ်ခုလုပ်ဖို့လိုအပ်တာလေးတွေကိုဝယ်ရန် သုံးဘီးငှားပြီးဈေးသို့သွားလိုက်သည်။ဈေးထဲမှာ တက္ကသိုလ်တုန်းကသူငယ်ချင်းဟောင်းနှင့်ပြန်တွေ့လေသည်။တက္ကသိုလ်မှာ မေဂျာတူ၊အတန်းတူတက်ခဲ့သည့်သူငယ်ချင်းဖြစ်သည်။သူကကျွန်မကို မအိလို့ပဲခေါ်သည်။
"မအိ နင်ခုဘာတွေလုပ်နေလဲ၊မတွေ့တာတောင် အတော်ကြာပြီနော်"
"ငါက ကျောင်းဆရာမလုပ်နေတာ၊ကောင်းခန့်... နင်ကရောဘာတွေလုပ်နေ"
"ဆိုင်ကယ်အရောင်းအဝယ်လုပ်နေတာ၊မတ်တပ်ကြီးပြောနေတာမကောင်းဘူး၊ လာ မအိ အေးဆေးစကားပြောရအောင်"
ကျွန်မတို့နှစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာဝင်ထိုင်လိုက်ကြသည်။မတွေ့တာကြာပြီဖြစ်၍ သာကြောင်းမာကြောင်းတွေပြောရင်း ရှေးဟောင်းနှောင်းဖြစ်တွေပါပြောကြလေသည်။ပြောရင်းနှင့်သူ့မိန်းမအကြောင်းတွေပါစကားစပ်မိရင်း ဆိုင်ကယ်အခိုးခံရလို့စိတ်ညစ်နေသည်ကိုပါ သူ့ကိုကျွန်မရင်ဖွင့်လိုက်သည်။
"နင်ရော အိမ်ထောင်တွေဘာတွေကျနေပြီလား"
"ကျသေးပါဘူးဟာ၊ ချစ်သူတော့ရှိတယ်"
"ပြစမ်းနင့်ဘဲပုံ"
ကျွန်မကဖုန်းထဲကနေ မောင်နှင့်နှစ်ယောက်ရိုက်ထားသည့်ပုံကို ပြလိုက်သည်။
"ဟာ ... အဲ့ဒါ ငါ့ဘော်ဒါရဲ့ယောက်ျားကြီး၊အဲ့ကောင်မှာ မိန်းမရှိတယ်၊နင်လူပျိုထင်နေတာလား"
ကြားကြားလိုက်ချင်း ကျွန်မ၏နားတွေမယုံနိုင်အောင်ကိုဖြစ်သွားရလေသည်။
"နင်မယုံမှာဆိုးလို့ ငါပြမယ်"ဆိုပြီးကောင်းခန့်က မောင်နှင့်သူ့မိန်းမတို့မင်္ဂလာဆောင်တုန်းကရိုက်ထားသည့်ပုံတွေကို မောင့်မိန်းမဆိုသူရဲ့ Facebook Accountကနေရှာပြီးပြလေသည်။
"နေပါဦး မအိ၊ နင့်ဆိုင်ကယ်က Honda Clickအဖြူလေးမလား၊ဟိုနေ့ကသူစီးနေတာငါတွေ့တယ်"
"ဟုတ်တယ် "
"သေချာပြီ နင့်ဆိုင်ကယ်တော့ဆုံးပြီ၊အဲ့ဒီကောင်က ဆေးဆွဲနေတာ၊သူ့မိန်းမကလည်း သူနဲ့အလိုတူအလိုပါပဲ၊နင့်ဆီကပိုက်ဆံတွေဘာတွေချေးသေးလား"
"ချေးတယ် ပထမတစ်ခါတုန်းကငါးသောင်း၊နောက်တစ်ခါကျ ငါမပေးလိုက်ဘူး"
စကားဆုံးအောင်ကို ကျွန်မမနည်းပြောနေရသည်။ပါးပြင်ထက်မှာမျက်ရည်တို့ယီးလေးခိုနေပြီး ကျွန်မ၏စိတ်တွေမွန်းကျပ်လာကာ အသက်ရှူလို့ကိုမဝတော့ပေ။ကျွန်မရဲ့ရှေ့မှာအရာရာဟာ ဇောက်ထိုးဖြစ်နေ၏။နောက်သော် ကမ္ဘာကြီးဟာချာချာလည်လျက် အမှောင်ကျသွားလေသည်။
အခန်း(၈)
"ဒေါက်တာ ကျွန်တော့်သူငယ်ချင်းအခြေအနေလေး"
"လူနာက ရုတ်တရက် ရှော့ဖြစ်သွားတာပါ၊စိတ်မပူပါနဲ့ ၊နောက်တစ်ခါတော့ ဒါမျိုးမဖြစ်စေပါနဲ့"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
"ညီလေးက လူနာရဲ့အမျိုးသားမဟုတ်ဘူးလား"
"မဟုတ်ပါဘူးခင်ဗျာ၊သူငယ်ချင်းပါ"
"ဒါဆိုလည်း ညီလေးကိုပဲပြောရတော့မယ်၊လူနာမှာ ကိုယ်ဝန်ရှိနေပြီ"
"ဘယ်လို ဒေါက်တာ"
ကောင်းမြတ်ရော ကျွန်မပါ မျက်လုံးပြူးသွားရသည်။
"ကိုယ်ဝန်က (၃)လရှိနေပြီ"
ကျွန်မ၏နားတွေမယုံနိုင်လောက်အောင် ဖြစ်သွားသည်။ကျွန်မ၏မျက်ဝန်းအစုံတို့မှမျက်ရည်တို့ဟာ ပါးပေါ်ကနေတဆင့် ခေါင်းအုံးပေါ်သို့တစ်စက်ချင်းကြနေ၏။
ကောင်းမြတ်ကတော့ ကျွန်မကိုဘာပြောရတော့မည်မှန်းမသိသည့်မျက်လုံးတို့ဖြင့် နံရံတွေကိုသာတွေတွေကြီးကြည့်နေတော့သည်။
အခန်း(၉)
သူနှင့်မျက်နှာချင်းမဆိုင်ချင်၍ ဖုန်းဆက်ပြီး သက်သေတွေနှင့်တကွအကုန်ပြောပြကာ ဝန်ခံပြီးကျွန်မကိုတောင်းပန်ဖို့ပြောလိုက်သည်။
"လင်းဝေ .. နင့်မှာမိန်းမရှိတာဝန်ခံပြီး ငါ့ကိုတောင်းပန်စမ်း"
"ငါကဘာဝန်ခံရမှာလဲ၊ဘာကိစ္စတောင်းပန်ရမှာလဲ၊ နင့်ပါးစပ်က ငါ့အကြောင်းတစ်ခွန်းဟကြည့်လိုက် ငါ့ဆီမှာနင်နဲ့အတူနေတုန်းကရိုက်ထားတဲ့ ဗွီဒီယိုဖိုင်ရှိတယ်၊နင့်ရုပ်ပဲပါတာနော်၊ ငါဖြန့်ပစ်လိုက်မယ်"
ကျွန်မရဲ့ပါးပြင်တစ်ခုလုံး မျက်ရည်တွေဖြိုင်ဖြိုင်စီးကျနေလေ၏။တစ်ညလုံးအိပ်မပျော်ဘဲ မိုးလင်းခါနီးလောက်မှ တစ်မှေးအိပ်ပျော်သွားလေ၏။မနက်နိုးတော့ ကျောင်းချိန်လည်းမမီ၊ကျောင်းသွားချင်စိတ်လည်းမရှိ၍ ခွင့်ယူလိုက်သည်။သူ့ကိုတရားစွဲမယ်ဆိုရင်လည်း ကျောင်းဆရာမဆိုသည့်သိက္ခာ၊မိသားစုရဲ့သိက္ခာပါကျမှာကိုထောက်ပြီး တစ်ရှက်ကနှစ်ရှက်ဖြစ်မှာဆိုး၍ ကျွန်မဘာမျှရှေ့မဆက်တော့ဘဲ ရေငုံနှုတ်ပိတ်နေလိုက်ရသည်။
ဖဲကြိုးလေးတွေဆိုတာ အရာဝတ္ထုတွေကိုလှပဖို့တန်ဆာဆင်ပေးသည့်အရာများဖြစ်သည်။သို့ပေမဲ့ သူ့ရဲ့အနက်ရောင်ရမ္မက်ဖဲကြိုးကြီးဟာ ကျွန်မရဲ့ဖြူစင်သည့်ဘဝကိုသာမက သိက္ခာတွေပါရစ်ပတ်သွား၏။ကျွန်မဘဝမှာ သူများယောက်ျားနှင့်ပတ်သက်မိလေခြင်းဆိုပြီး ညစဉ်အိပ်မက်တစ်ခုလိုခြောက်လှန့်ခံနေရတော့၏။
အခန်း(၁၀)
စာရေးဆရာမ အိနွယ်ခိုင် လားရှင့်"
"ဟုတ်ကဲ့ ကျွန်မ အိနွယ်ခိုင်ပါ"
"ကျွန်မတို့ ဆရာမစာအုပ်တွေဖတ်ပြီး ယောက်ျားတွေရဲ့ အချစ်နဲ့ တပ်မက်မှုကို ခွဲခြားတတ်လာတယ်"
"ဒါဆို ကျွန်မလည်းရေးရကျိုးနပ်လှပါပြီ"
"ဟုတ်ကဲ့ရှင့် ဆရာမကို ကျွန်မတို့တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းပွဲမှာ ဟောပြောပေးဖို့ ဖိတ်ခေါ်ချင်လို့ပါ"
ထိုနေ့က တက္ကသိုလ်ကျောင်းသူလေးတွေကို ကျွန်မလို အချိန်လွန်မှနောင်တမရ ရလေအောင် ကြိုးစားပြီးဟောပြောပေးခဲ့လိုက်သည်။



#သုခယံ

 #ခရေရနံ့ ဒစ်ဂျစ်တယ် မဂ္ဂဇင်း အမှတ်(၃)မင်္ဂလာပါခရေချစ်သူ စာဖတ်သူတို့ရဲ့ ဘဝအမော စိတ်အမောတွေကို ဖြေဖျောက်ပေးဖို့ ခရေရနံ့လေ...
05/09/2021

#ခရေရနံ့ ဒစ်ဂျစ်တယ် မဂ္ဂဇင်း အမှတ်(၃)

မင်္ဂလာပါ
ခရေချစ်သူ စာဖတ်သူတို့ရဲ့ ဘဝအမော စိတ်အမောတွေကို ဖြေဖျောက်ပေးဖို့ ခရေရနံ့လေး ပျံ့လွင့်လို့လာပါပြီ...
ဒီလအနေနဲ့ကတော့ ပါဝင်ရေးသားသူများ အပါအဝင် ခရေမိသားစုများကနေ ရသဒါန စာပေပရဟိတအနေဖြင့် (အခမဲ့) ဖြန့်ဝေပေးသွားမှာပါ....
မှာယူဖတ်ရှုချင်သူ စာဖတ်သူများအနေနဲ့ ဒီpost ရဲ့ မန့်မှာနဲ့ page messenger နှစ်ခုလုံးမှာပါ #မှာယူလိုပါတယ် ဆိုတဲ့ စာသားလေးမန့်ပြီး မှာယူဖတ်ရှုနိုင်ပါတယ်....
မှာယူနိုင်မဲ့ကာလကတော့ အခုpostတင်ပြီးချိန်ကနေ 6.9.2021 ညနေ 6pm အထိပါ....

ပါဝင်ရေးသားကြတဲ့ စာရေးသူများနဲ့ မဂ္ဂဇင်း မိသားစုအဖွဲ့ဝင်အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

စာချစ်သူများအားလုံး ရောဂါဘယဝေးကွာပြီး သောကအမောတွေ ကင်းငြိမ်းကြပါစေ

#ခရေရနံ့ စာပေမိသားစု

05/09/2021

သတ်ပုံအမှား အနည်းဆုံးဖြစ်အောင် ဂရုတစိုက်ရေးထားသော စာမူများသည် စာရေးသူက သူ့စာမူအပေါ် ဘယ်လောက်အထိ အလေးထားဂရုပြု ဖန်တီးထားကြောင်း ပေါ်လွင်စေပါသည်........

သတ်ပုံအမှား သောင်းခြောက်ထောင်နှင့် စာမူများသည်ကားးးးးးးးးးးးးး

Address


Telephone

+95943112570

Website

Alerts

Be the first to know and let us send you an email when Khayay Yanant - Digital Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khayay Yanant - Digital Magazine:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share