A1 News

A1 News In this page we post daily update news and emergency news
knowledge

ဘောက်ဆာ​တွေ သီလဝါမှာအ​တော်ရှင်းသွားပါပီ ။ ဆီဆိုင်များသို့ ညတွင်းချင်းအပီးဖြန့်​ဝေ​နေပီ ။ ရန်ကုန်အတွက် ၈၀% ပြီးစီးလုံ​လော...
19/08/2024

ဘောက်ဆာ​တွေ သီလဝါမှာအ​တော်ရှင်းသွားပါပီ ။
ဆီဆိုင်များသို့ ညတွင်းချင်းအပီးဖြန့်​ဝေ​နေပီ ။
ရန်ကုန်အတွက် ၈၀% ပြီးစီးလုံ​လောက်မည်ဟုသိရ...
နယ်မြို့များအတွက် သန်ဘက်ခါဆို ပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ခန့်မှန်း....
စက်သုံးဆီ​​စျေးက​တော့ အနည်းငယ် မဆိုစ​လောက်​လေးတတ်ဦးမယ်....
ဆီတန်းစီခြင်းမှ ကင်းဝေးပြီး အလွယ်တကူ လိုသလောက်ရနိုင်ကြပါစေ။

PGDL-18 Batch မကြာခင်ခေါ်တော့မှာပါ။PGDL အကြောင်းတစေ့တစောင်းပြောရ ရင်တော့PGDL ဆိုတာ Post Graduate Diploma in Lawဥပဒေပညာနဲ...
17/08/2024

PGDL-18 Batch မကြာခင်ခေါ်တော့မှာပါ။
PGDL အကြောင်းတစေ့တစောင်းပြောရ ရင်တော့
PGDL ဆိုတာ Post Graduate Diploma in Law
ဥပဒေပညာနဲ့ ပတ်သက်တဲ့ ဘွဲ့လွန်ဒီပလိုမာတစ်ခုပါ။
ဥပဒေဘွဲ့မှတပါး တခြားဘွဲ့ရတွေအကုန်လုံး
လျောက်ထားခွင့်ရှိပါတယ်။
-----
ရန်ကုန်တက္ကသိုလ်ကဖွင့်တဲ့ တခြား
ဥပဒေနဲ့ ပတ်သက်တဲ့ DBL တို့ DIL တို့လို့
Diploma တွေနဲ့မတူတာက PGDL က
လက်ရှိအချိန်မှာ ရှေ့နေလိုက်ခွင့်ရှိသော
တခုတည်းသော Diploma သင်တန်း ဖြစ်ပါတယ်။
---
PGDL ပြီးရင် ဘာလုပ်လို့ရလဲ
PGDL ပြီးရင် သေချာတာကတော့
ဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာတွေရရှိသွားမှာပါပဲ။
Professional လိုင်းဘက်ကိုသွားချင်တဲ့
လူတွေအတွက်လည်း Chamber ဆင်းပြီးရင်
အထက်တန်းရှေ့နေလိုင်စင်လျောက်ထားပြီး
လိုင်စင်ရရင် အထက်တန်းရှေ့နေ
( High Grade Pleader) အဖြစ်လိုက်ပါ
ဆောင်ရွက်ခွင့်ရရှိမှာဖြစ်ပါတယ်။
အဲ့ကနေ ၃ နှစ်ဆက်တိုက်
အထက်တန်းရှေ့နေ အဖြစ်
လိုက်ပါဆောင်ရွက်ပြီးရင်
တရားလွတ်တော်ရှေ့နေ (Advocate) အဖြစ်
လိုင်စင်လျောက်ပြီး အသက်မွေးခွင့်ရရှိမှာပါ။
တရားလွတ်တော်ရှေ့နေ အထိ လျောက်ထားနိုင်တဲ့
Diploma ဖြစ်ပါတယ်။ ဒါကြောင့် PGDLဟာ
ယခင်ခေတ်က RL နဲ့ အဆင့်တူညီပါတယ်။
ဒါကြောင့် PGDL ကို အရင်ခတ်က HGP ရပြီး
အထက်တန်းရှေ့နေဘဝနဲ့ တစ်နေတာကြောင့်
တရားလွတ်တော်ရှေ့နေ လျောက်လို့မရတဲ့
အပြင်က တချို့ ဝါရင့်ရှေ့နေကြီးတွေတောင်
ပြန်လာတက်ကြတာရှိပါတယ်။
တခြားဘွဲ့တခုခုရပြီး ဥပဒေဘွဲ့မရတာကြောင့်
ရှေ့နေလုပ်မရသူတွေအတွက် တခုတည်းသော
ဝင်ပေါက်တခုပဲဖြစ်ပါတယ်။
တကယ်လို့ Professional လိုင်းမဝင်ချင်ဘူးဆိုရင်တောင် အပြင်လောကမှာ တကယ့်ကို အသုံးဝင်တဲ့
Diploma တခုဖြစ်ပါတယ်။
PGDL ပြီးရင် JO/LO လို့ခေါ်တဲ့ တရားရေးအရာရှိ
စာမေးပွဲတွေ ဝင်ဖြေခွင့်မရှိပါ။ ဒါကြောင့်
PGDL ပြီးရင် တရားသူကြီး၊ ဥပဒေအရာရှိ
မဖြစ်နိုင်ပါ။
တရားလွှတ်တော်ရှေ့နေအထိ
အမြင့်ဆုံး ဖြစ်နိုင်ပါတယ်။
-----
ဘယ်လိုလျောက်ထားရသလဲ၊
Online ကနေပဲလျောက်ထားရပါတယ်။
သက်ဆိုင်ရာ Website ကနေ လျောက်ထားရပါတယ်။
ဝင်ခွင့်ရဖို့ အင်မတန်ခက်ပါတယ်။
လျောက်ထားပုံလျောက်ထားနည်းများကိုတော့
တခြားသူများGroup ထဲမှာ အသေးစိတ်ရေးထား
ပြီးသားရှိတာကြောင့်ရေးမပြတော့ပါဘူး။
အဓိက ကတော့လက်လျင်မြန်ဖို့၊ Typing ကျွမ်းကျင်ဖိူ့၊ အင်တာနက်လိုင်းကောင်းဖို့ လိုပါတယ်။
ကံကောင်းဖို့လည်းလိုပါတယ်။
၂ မိနစ်လောက်အတွင်းမှ အပြီးမတင်နိုင်ရင်
ရဖို့မစဥ်းစားပါနဲ့တော့။
ဘယ်လိုသင်သလဲ။
ဘယ်လိုသင်သလဲဆိုရင် Online ကနေပဲသင်ပါတယ်။
သက်ဆိုင်ရာ hrdlaw web site ထဲမှာ
Lecture File တွေ၊ Text book တွေ၊
Power Points တွေတင်ပေးပြီး အဲ့ဒါတွေကို
Download လုပ်ပြီးလေ့လာရပါတယ်။
ရံဖန်ရံခါ Zoom နဲ့လည်းသင်ပါတယ်။
Assignment တွေကိုလည်း Online ကနေပဲ
ပြန်တင်ပေးရပါတယ်။ Semester ၁ ခုကို
Assignment 8 ခု တင်ရပါတယ်။
Tutorial ကိုလည်း Online ကနေပဲ
Laptop နဲ့ အိမ်ကနေ ဖြေလို့ရပါတယ်။
စာမေးပွဲ Exam အစစ်ကြီးကိုတော့ ကျောင်းမှာ
သွားဖြေရပါတယ်။ ကျောင်းက computer
နဲ့ဖြေရပါတယ်။ နိင်ငံခြားရောက်နေရင်...အဝေးရောက်နေတဲ့ နိုင်ငံဝန်ထမ်းများလည်း ဌာနဆိုင်ရာအကြီးအကဲထောက်ခံချက်နဲ့ Home Module ဖြေဆိုခွင့်လျှောက်ထားရပါတယ်။ ခွင့်ပြုချက်ရရင်တော့Home Moduleဖြေလို့ရပါတယ် ။ သို့သော် ပင်ထောက်ထားမယ် Zoom ဖွင့်ထားရလို့ လွယ်တော့မလွယ်ပါ။ ကိုယ် error ဖြစ်ရင် ကိုယ်ခံပဲ။
Semester တခုမှာ Face to face
(၂) ကြိမ် ကေ​ျာင်းမှာသွားတက်ရပါတယ်။
ဒါကြောင့် နိုင်ငံခြားကနေတက်ချင်တယ်
ရလားလို့ မေးသူများ Final Exam ကိုလာဖြေနိုင်တယ်၊
Face to Face အနည်းဆူံး တစ်ကြိမ်ကျောင်းက်ု
လာပေးရပါမယ်။ အဲ့လိုတက်နိုင်တယ်ဆို
Join လို့ရပါတယ်။
Laptop မရှိလို့ ဖုန်းနဲ့ လျောက်လို့ရလားမေးသူများ
လျောက်တာကတော့ရပါတယ်။ ဒါပေမဲ့
နောက်ပိုင်းကိစ္စတွေကတော့ ကွန်ပျူတာမရှိလို့
လုံးဝအဆင်မပြေပါ။
အကုန်လုံးက Computer Base, Online Base
ဖြစ်တာကြောင့် Computer ကျွမ်းကျွမ်းကျင်ကျင်
မသုံးတတ်ရင်၊ အင်တာနက် လိုင်းမကောင်းတဲ့
အရပ်ဒေသတွေကဖြစ်ရင် ရေရှည်မှာ လုံးဝအဆင်ပြေ
မည်မဟုတ်ပါ။
------
Semester တစ်ခုမှာ
Assignment 8 ခု၊ Tutorial 1 ခု၊
Final Exam 1 ခု ဖြေရပါတယ်။
Assignment + Tutorial က ၄၀ ဖိုး၊
Final Exam က ၆၀ ဖိုး အမှတ်ယူပါတယ်။
အောင်မှတ်က ၆၅ မှတ်ဖြစ်ပါတယ်။
ဒါကြောင့် Assignment ၁ခုလေးတောင်
ပျက်ကွက် ဖို့ အဆင်မပြေပါဘူး။
Tutorial လေးတခုပျက်ကွက်တာနဲ့
ကျဖို့သေချာသလောက်ပါပဲ။
လုံးဝအမှားအယွင်းမခံပါဘူး။
Semester ၂ ခုရှိပြီး၊ Semester တစ်ခုချင်းအလိုက်
အောင်စာရင်းထုတ်ပေးပါတယ်။
Semester 1 ကျတာနဲ့ 2 ကိုတက်ခွင့်မရှိပါဘူး။
နောက်နှစ်ပြန်စောင့်ပြီး ပြန်တက်ရပါမယ်။
----
သင်ရတဲ့ ဘာသာရပ် စုစုပေါင်းက
ဖြန့်ကြည့်မယ်ဆိုရင် ၁၅ ခုလောက်ရှိပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊
ရာဇသတ်ကြီး
ရာဇဝတ်ကျင့်ထုံးဥပဒေ
တရားမကျင့်ထုံးဥပဒေ
စီးပွားရေးဆိုင်ရာဥပဒေတွေ
ပဋိညာဥ်အက်ဥပဒေ
ဖွဲ့စည်းပုံအခြေခံဥပဒေ
သက်သေခံဥပဒေ စတဲ့စတဲ့ မြောက်များလှစွာသော
သိသင့်တဲ့ ဥပဒေတွေအကုန်ကို သင်ရတာကြောင့်
အင်မတန်စာများပါတယ်။
LLB ရဲ့ ၃ နှစ်စာလောက် စာတွေကို
၁နှစ်တည်းမှာ စုပြီးသင်ရတာကြောင့်
အင်မတန် များပါတယ်။
ပိုဆိုးတာက
Second Semester မှာဆိုရင် စာတမ်းပါပါလာပါတယ်။
တခြား Diploma တွေလို စာတမ်းလုပ်ဖို့
အချိန်သက်သက်မပေးပါ။ စာတမ်းကိုလည်း
Subject တခုအနေနဲ့ သတ်မှတ်တာကြောင့်
စာလုပ်ရင်း၊ စာမေးပွဲဖြေရင်းနဲ့ပဲ ပြီးအောင်
ရေးရပါတယ်။ စာမေးပွဲအောင်ပြီး စာတမ်းနဲ့
ကျသူတွေလည်းပဲရှိပါတယ်။
Viva လည်းဖြေရပါတယ်။
----
လွယ်သလား၊ ခက်သလား... ?
Open Book စနစ်ဖြစ်ပါတယ်။
Open Book စနစ်ဖြစ်တယ်ဆိုလို့ လွယ်မယ်
ထင်ရင် ၅ ပါးမှောက်ရုံမက၊ သံဃာစင်ပါ
မှောက်ရုံမက မဏ္ဍပ်ကြီးပါ ပက်လက်လန်ပါလိမ့်မယ်။
Assignment တွေ မှာတောင် မွှေနှောက်ပြီးမေးပါတယ်။
သက်ဆိုင်ရာ စီရင်ထုံးတွေကနေ အခြေခံပြီး
အမှုတစ်ခုဆင်ပြီးHypothesis Questions တွေ
ဖြစ်တာကြောင့် ဥပဒေပြဌာန်းချက်တွေ၊
စီရင်ထုံး Case Law တွေကိုမူးနောက်နေအောင်
ကိုးကားရှာဖွေပြီးဖြေရပါတယ်။
Assignment တောင်ဒီလောက်ခက်နေရင်
စာမေးပွဲဆိုတွက်သာကြည့်တော့။
Objectives Questions Type ချည်းပဲဖြေရပါတယ်။
True/ False, Multiple Choice, Fill in the Blanks
တွေချည်းပဲမေးပါတယ်။ Short Questions အနည်းငယ်
ပါပါတယ်။
ဘယ်လိုခက်သလဲဆိုတာ တွေးကြည့်လို့ရအောင်
နည်းနည်းပြောပြပါ့မယ်။
Final Exam က ၃ နာရီမေးခွန်းဖြစ်ပါတယ်။
၃ နာရီဆို မိနစ်နဲ့တွက်ရင် ၁၈၀ ရှိပါတယ်။
Obj Questions ပေါင်းက ၁၂၀ မေးပါတယ်။
ဘာသာရပ်တွေက မေးခွန်းပုံစံတူပါတယ်။
ဆိုတော့ မေးခွန်းတခုကို ၁မိနစ်စွန်းစွန်းပဲ
စဥ်းစားချိန် ရှိပါတော့တယ်။
စာမရရင် စာအုပ်ကြိုက်သလောက်လှန် မဖြေနိုင်ပါဘူး။
သင်စာအုပ်ကိုလှန်နေရင်တော့ စာမေးပွဲမအောင်နိုင်ပါဘူး။
မေးတဲ့မေးခွန်းတွေကလည်း ကွက်တိမေးတာ
Text ထဲကနဲ့ ထပ်တူကျတာတခုမှ မပါပါ။
မွှေနှောက် Twist လုပ်ပြီးမေးတာပါ။
အနည်းဆုံးတော့ ဥပ​ဒေဆိုင်ရာ
ဝေါဟာရတွေကို Text ထဲကနဲ့ မတူဘဲ
Same Meaning ဖြစ်တာကို မတူဘဲလှည့်မေးပါတယ်။
မျိုးစုံကိုလှည့်ပြီး​မေးတာပါ။
နောက်ပြီး Professional အသက်မွေးခွင့်နဲ့ဆိုင်တဲ့
စာမေးပွဲဖြစ်တာကြောင့် စာမေးပွဲမေးခွန်းတွေ၊
Course curriculum အားလုံးက ရှေ့နေချုပ်ရုံး
အထိတင်ပြရပါတယ်။ ဒါကြောင့်ကျောင်းဘက်က
Exam Questions နဲ့ပတ်သက်ရင် Quality
လုံးဝမလျော့ပါဘူး။
သက်ဆိုင်ရာဘာသာရပ်သင်ဆရာမကပဲ
မေးခွန်းထုတ်တာဆိုပေမဲ့ သက်ဆိုင်ရာ
ပါမောက္ခ ဌာနမှူးတွေကို မေးခွန်းပြရပါတယ်။
ဌာနမှူးဆရာမကြီးက အရည်အသွေးပိုင်းကို
အရမ်းတင်းကြပ်တာကြောင့် မေးခွန်းကိုလွယ်နေရင်
သက်ဆိုင်ရာ ဆရာမတွေကို ပြန်ထုတ်ခိုင်းတာပါ။
မခက်မချင်းပြင်ခိုင်းတာမျိုးလဲရှိပါတယ်။
ဒါကြောင့် စာမေးပွဲမလွယ်ပါဘူး တစ်ကယ်မလွယ်ပါဘူး။
စာကြိုးစာမှ အောင်မှာပါ ။
အောင်ဖို့ စာတော်တော့ကိုလုပ်မှအောင်မှာပါ။
တချို့ဆို ဘယ်လောက်ထိတောင်ရှိလဲဆိုရင်
ဒါကြောင့်မတက်ခင်သေချာစဥ်းစားပါ။
ငါအချိန်ပေးနိုင်ရဲ့လား၊ စာလုပ်နိုင်ရဲ့လားဆိုတာကို။
----
ဘာလို့ဆိုတော့ သင်တန်းကြေးကလည်းများတယ်လေ။
၈ သိန်းကျော် ၉သိန်း ပတ်ဝန်းကျင်လောက်
ကုန်ကျမှာဖြစ်ပါတယ်။
သင်တန်းကြေးလည်းများတာကြောင့်
စာသေချာ လုပ်ဖို့ အချိန်မရှိဘဲ Join မယ်ဆိုရင်
ကျသွားခဲ့ရင် ငွေတွေ နှမျောစရာကောင်းတာကြောင့်
စဥ်းစားနိုင်အောင် Share ပေးတာဖြစ်ပါတယ်။
စဥ်းစားကြည့်ပါ.... ရှေ့နေဖြစ်ဖို့အတွက်ဆိုရင်
ပုံမှန်တက္ကသိုလ်တွေမှာ ဥပဒေပညါ မေဂျာယူပြီး
LL.B ဘွဲ့ရဖို့ ၅နှစ်လောက် အချိန်ပေးနေရချိန်မှာ
PGDL က ၁ နှစ်လောက်တက်ပြီး ရှေ့နေဖြစ်နိုင်တဲ့
အခွင့်အရေးကို ပေးထားတာဗျာ
လွယ်လွယ်နဲ့ တော့ ရမယ်မထင်ပါနဲ့။
အဲ့လို လွယ်လွယ်နဲ့ အောင်သွားရင် ပုံမှန်
အချိန် ၅ နှစ်လောက်ရင်းပြီးမှ
ရှေ့နေဖြစ်လာရသူတွေက ကျေနပ်ပါ့မလား။
ဒါကြောင့် PGDL က Quality Control အရမ်းလုပ်တာ
ကြောင့် ရှယ်စစ်ပါတယ်။ စာမေးပွဲမှာ ခေါင်းပူလောက်အောင်
ဖြေရတာပါ ခေါင်းတွေ မူးနောက်ချာလည်အောင် ဖြေရတာပါ။
----
ကျူရှင်ရှိလား... ?
ကျောင်းကဆရာမတွေက ကျူရှင်လုံးဝ (လုံးဝ)
မသင်ပါ။ ဒါကြောင့် ကျောင်းကဆရာမတွေဖွင့်တဲ့
ကျူရှင်လုံးဝမရှိပါ။
အပြင်က ဖွင့်တဲ့ ကျူရှင်တချို့တော့ရှိပါတယ်။
ဒါပေမဲ့ စျေးအရမ်းကြီးပါတယ်။
သူလည်း ၈သိန်းကျော်တယ်လို့ တက်တဲ့လူတွေ
စီက သိရပါတယ်။တစ်နှစ်ဆို ၁၆ သိန်းပေါ့။
----
PGDL ရဲ့ ကောင်းကျိုးများ
Online စနစ်ဖြစ်တာကြောင့် အလုပ်တဖက်နဲ့
တက်လို့ရပါတယ်။ ကိုယ်အားတဲ့အထဲက
စာလုပ်ချိန် ဖဲ့ပေးရုံပါပဲ။
စာမေးပွဲကြီးဖြေတဲ့ရက်၊ စာတမ်းကို seminar
ဖတ်တဲ့ရက်တချိုလောက်ပဲ အလုပ်ကခွင့်ယူ
ရတာမျိုးရှိနိုင်ပါတယ်။
၁ နှစ်လောက်အချိန်ပေးတာနဲ့ကို အောင်ခဲ့ရင်
Chamber ဆင်းပြီး ရှေ့နေအဖြစ်
အသက်မွေးနိုင်ဖို့ အခွင့်အရေးကို
ရရှိမှာဖြစ်တာကြောင့် တကယ့်ကိုအကျိုးရှိပါတယ်။
တကယ်လို့ ရှေ့နေမလုပ်ဘဲ အပြင်မှာပဲ
အသက်မွေးမယ်ဆိုရင်တောင်
Quality Control လုပ်ပြီးမှအောင်တာကြောင့်
တကယ့်ကို ဥပဒေနဲ့ပတ်သက်တဲ့ ဗဟုသုတ
တွေကိုရှိနေမှာဖြစ်ပါတယ်။
၇ပုဒ်ပေး ၊ ၃ပုဒ်ကျက်ပြီးအောင်တဲ့သင်တန်းမျိုး
လုံးဝမဟုတ်ပါဘူး။
----
PGDL ၏ မကောင်းတဲ့အချက်များ
ဝင်ခွင့်ရဖို့ အင်မတန်ခက်ခဲခြင်း၊
Online Web Base အခြေပြုသင်ကြားနည်း
ဖြစ်တာကြောင့် Computer Skills အခြေခံ
ကောင်းကောင်းလိုအပ်ခြင်း၊
Internet မကောင်းတဲ့နေရာတွေကဆိုရင်
အစတည်းက တက်ဖို့ မစဉ်းစားသင့်ခြင်း၊
ကိုယ့်အိမ်မှာပဲ Tutorial ဖြေရတာဖြစ်လို့
Tutorial ဖြေနေရင်း မီးပျက်သွားတာ၊ အင်တာနက်
ပြတ်သွားတာ၊ ကွန်ပျူတာမကောင်းလို့ စက်ကျသွားလို့
တခုခု Error ဆိုရင် ကျောင်းဖက်ကတာဝန်မယူပါဘူး။
အဲ့ stress တော်တော်များပါတယ်။
မီးပြတ်၊အင်တာနက်လိုင်းတွေပြတ်တဲ့အချိန်တွေဆို
ပိုဆိုးပါတယ်။
အဲ့လို Supporting တွေပေးမဲ့
နောက်ခံကိုယ့်မှာမရှိဘူးဆိုရင် နည်းနည်းတော့
သူများထက် ရုန်းကန်ရပါမယ်။
စာမေးပွဲဖြေနေရင်း မီးပြတ်သွားလို့၊ လိုင်းပြတ်သွားလို့
ဆိုတဲ့ကိစ္စတွေက အဖြစ်များပါတယ်။
နောက်တခုက တကယ်စာလုပ်ဖို့
အချိန်မပေးနိုင်ရင် အောင်ဖို့ တကယ်ခက်ပါတယ်။
သင်တန်းကြေးများပါတယ်။
----
ဘယ်လိုလူတွေတက်သင့်ပြီး၊
ဘယ်လိုလူတွေ မတက်သင့်ဘူးလဲ ?
ဥပဒေပညာကို တကယ့်ကိုဝါသနာပါပြီး
ရှေ့နေရှေ့ရပ်အဖြစ်အသက်မွေးချင်သော်လည်း
အကြောင်းအမျိူးမျိုးကြောင့် သင်ခွင့်၊ လုပ်ခွင့်
မရလိုက်သူတွေအတွက် တကယ်ကောင်းတဲ့
Good Chance တစ်ခုပါ။ အဲ့လိုလူတွေ
Join သင့်ပါတယ်။
Second Carrer အဖြစ်လမ်းကြောင်း
ချိန်းချင်သူများလည်း တက်သင့်ပါတယ်။
တကယ်ဝါသနာပါပြီး စာလုပ်ဖို့
အချိန်ပေးနိုင်သူတွေ Join သင့်ပါတယ်။
အစိုးရအရာရှိတွေ ကအစ
လာတက်ကြတာလည်း
အတော်များပါတယ်။
ရှေ့နေအဖြစ်အသက်မမွေးချင်ဘူး၊
ပြင်ပမှာ ဥပဒေနဲ့ပတ်သက်တာတွေသိထားချင်တယ်
အချိန်လည်းပေးနိုင်တယ်ဆိုတဲ့လူများ Join
သင့်ပါတယ်။
---
ဥပဒေဟာ တခြားဘာသာရပ်တွေနဲ့မတူတာက
ဝါသနာမပါတဲ့လူတွေအတွက်ဆိုရင်
တကယ့်ကိုပျင်းစရာကောင်းတဲ့
Subject ဖြစ်တာကြောင့်
ဝါသနာမပါတဲ့လူတွေ၊ အချိန်မပေးနိုင်သူတွေ၊
Onlineကသင်ရတာ၊ Open Book သင်ရတာ
ကြောင့် လွယ်လွယ်ရမယ်ထင်ပြီး
အလကားနေအလကား ဘွဲ့တခုရနည်းလားဆိုတဲ့
အတွေးနဲ့ တက်ချင်သူတွေ၊
ဘွဲ့တခုအဖြစ်ယူထားလိုက်မယ် အချိန်တန်
ရသွားမှာပဲလို့တွေးတဲ့လူတွေ၊
ဝါသနာတော့မပါဘူး၊ ရှေ့နေတော့
လုပ်တော့မစားဘူး ​ရှေ့နေလိုင်စင်ကတန်ဖိုးရှိလို့
လိုင်စင်ကိုင်ထားချင်လို့ လာတက်ကြမဲ့
စီးပွားရေးသမားတွေ ကတော့ မတက်သင့်ပါ။
တက်လည်းအောင်မှာမဟုတ်ပါဘူး။
Directior U Zaw

ဒေါ်နယ်ထရမ့်တစ်ယောက်မနေ့ က သေကံမရောက်သက်မပျောက်ဖြစ်ခဲ့ရတာပဲ...ကံကောင်းလို့မသေ သံချောင်းတို့ အဖေပေါ့...သူ့လက်ထက် 2019 မှာ...
15/07/2024

ဒေါ်နယ်ထရမ့်တစ်ယောက်မနေ့ က သေကံမရောက်သက်မပျောက်ဖြစ်ခဲ့ရတာပဲ...

ကံကောင်းလို့မသေ သံချောင်းတို့ အဖေပေါ့...

သူ့လက်ထက် 2019 မှာ ကိုဗစ် ရောဂါ ဖြစ်ခဲ့တယ်..
အခုလည်း သမ္မတပြန်ရွေးဖို့လုပ်နေတယ်...

ရမလား...မရဘူးလား ...သံချောင်းတို့အဖေ....ကိုဆုံးဖြတ်ပေးမှာက အမေရိကန်ပြည်သူတွေပဲ....။

သေနတ်သမားက အသက် ၂၀ ပဲရှိသေးတယ်...

လုံခြုံရေးတွေ ညံ့တယ်လို့ပဲမြင်တယ် ...ဟိုက လက်ချော်လို့...စနိုက်ပါနဲ့
ခြောက်ချက်လောက်ပစ်ထည့်လိုက်တာ....အကွာအဝေးက ပေ ၄၀၀လောက်ပဲဝေးတာ...

လက်သာတည့်ရင် ...အခုလောက်ဆို ကမ္ဘာအဆင့် နာရေးတစ်ခု လုပ်နေ လောက်ပြီ...။

ဟောလိ၀ုဒ် အကြည့်များလို့လားမသိဘူး...သမ္မတ လုံခြုံရေးတွေ တကယ်တော်တာက ရုပ်ရှင်ထဲမှာတော့ တစ်ကယ်တော်တယ်...

ကဲပါ ဘာပဲပြောပြော သတ္တဝါအားလုံး ဘေးကင်းကျန်းမာချမ်းသာကြပါစေ...

Directior U Zaw

အနုပညာကို လိုလားကြတဲ့ ညီ ညီမငယ်များအတွက် ပန်တျာကျောင်းများကျောင်းအပ်လက်ခံနေပြီနော် ၈တန်းအောင်တာနဲ့တတ်ရောက်ခွင့်ရမှာပါအနု...
16/05/2024

အနုပညာကို လိုလားကြတဲ့ ညီ ညီမငယ်များအတွက် ပန်တျာကျောင်းများကျောင်းအပ်လက်ခံနေပြီနော် ၈တန်းအောင်တာနဲ့တတ်ရောက်ခွင့်ရမှာပါ
အနုပညာကို ဝါသနာပါ၍ ဒီအနုပညာဖြင့် ဘဝကို ရပ်တည်လိုသူများ အတွက် အထူးအခွင့်ရေးလာပါပီ .....
ဆိုင်းတီး သင်ချင်လား ရတယ်
နှဲ သင်ချင်လား ရတယ်
မင်းသားအက သင်ချင်လား ရတယ်
မင်းသမီးအက သင်ချင်လား ရတယ်
စန္တယားတီး သင်ချင်လား ရတယ်
စောင်းတီး သင်ချင်လား ရတယ်
ပန်းချီ ပန်းပု ပညာလဲ သင်လို့ရပါတယ်

သင်တန်းကြေး တစ်ကျပ်မှ ပေးရန်မလိုပါ
နေစရာ သပ်ရှင်းသပ်ရပ်တဲ့ ရေမီးအပြည့်စုံ အဆောင်အခန်း ပေးထားမယ် ထမင်းကျွေးမယ် ပညာသင်ပေးမယ် တစ်ကျပ်မှ မပေးရပါ

ပညာသင်နှစ် အနေနဲ့ ပထမနှစ် ဒုတိယနှစ် တတိယနှစ် ဆိုပီး ၃ နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်

သင်တန်းကာလ ၃ နှစ် ပြည့်လျှင် မိမိ၏သက်ဆိုင်ရာ ဆရာများမှ အပြင်လောက ဆိုင်း ဇတ် အငြိမ့် သင့်တော်ရာများထံသို့ အပ်နှံပေးမှာဖြစ်ပါတယ်

အနုပညာဖြင့် စတင်၍ အသက်မွေးဝမ်းကြောင်း ပြုလိုရပါပီ
သင်ယူလိုသူ မိမိဘက်က လိုအပ်တာကတော့
အတန်းပညာ G8 တန်း အောင်ရမည်

အကယ်၍ G9တန်း အောင်ခဲ့လျှင် အတန်းပညာရေးကိုပါ ဆက်၍ သင်ပေးပါမည် မိမိမှ မသင်ချင်လဲ ရပါတယ် ....သင်ဖို့တော့ အားပေးတယ် ဘွဲ့ရတဲ့အထိပေါ့.....

အသက်အရွယ် သတ်မှတ်ချက်ရှိပါတယ် ၁၂ နှစ်မှ ၁၈ နှစ် အတွင်းသတ်မှတ်ထားပါသည် အသက်အနည်းငယ် ကွာဟမှူ့ ညှိနှိုင်းလို့ရပါတယ် .....

ဆိုင်းတီး နှဲ မင်းသား မင်းသမီး စန္ဒယား စောင်း ပန်းချီ ပန်းပု သင်ယူလိုသူများ အားလုံး ပန်တျာကျောင်းတော်ကြီးထံမှာ သင်ယူလို့ ရပါပီ သင်တန်သား ခေါ်ယူမှူ့ စတင်နေပါပီ

ယခု 5 လပိုင်း 28 ရက်နေ့တွင် စာရင်းပိတ်ပါမည်.......

အခွင့်အရေးလက်မလွတ်ပါစေနှင့်....

သုခ ဒဂုံ ပြည်သူ့အငှါးအိမ်ရာဒုတိယ အဆင့် မဲပေါက်သူများကို ၁-၆-၂၀၂၄ ရက်နေ့မှ စပြီး နေရာ ချထားပေးသွားပါမည်ငွေပေးသွင်းခြင်းနဲ...
11/05/2024

သုခ ဒဂုံ ပြည်သူ့အငှါးအိမ်ရာ
ဒုတိယ အဆင့် မဲပေါက်သူများကို
၁-၆-၂၀၂၄ ရက်နေ့မှ စပြီး နေရာ ချထားပေးသွားပါမည်
ငွေပေးသွင်းခြင်းနဲ့ စာချုပ် ချုပ်ဆိုခြင်းကို
၂၀-၅-၂၀၂၄ နေ့မှ စတင် ဆောင်ရွက်ပေးသွားပါမည်

မြန်မာပြည်အရပ်ရပ်တွင် အရညဝါသီ တေရမှီလျက် သာသနာပြုတော်မူသော                          မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏     ...
30/04/2024

မြန်မာပြည်အရပ်ရပ်တွင် အရညဝါသီ တေရမှီလျက် သာသနာပြုတော်မူသော
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
ဘဝဖြစ်စဉ်အကျဉ်း
(စာအုပ်ကျမ်းပေါင်း(၆၀)ကျော်ရေသားပြုစုခဲသည်)
………………………………………………………………
မဟာဗောဓိမြိုင် ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာ နေ
ခမည်းတော် ဦးဘစံ +မယ်တော် ဒေါ်မေ တို့မှ (၁၃၀၃ )ခုနှစ် ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူပါသည် ။ ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည် ။
မောင်နှမ(၅)ယောက်ရှိသည်အနက် အငယ်ဆုံးသားရတနာဖြစ်သည်။
(ဗုဒ္ဓစာပေအရနံနက်အရုဏ်တက်သည် နောက်တရက်အစဖြစ်​၏။သို့ဆိုလျင် တနင်္လာနေထဲပါဝင်ပါသည်)
(ယခင်ဘဝကတွင်-ဦးဖိုးရှိန်+ဒေါ်ဖက်ဖူးတို့​၏သား ဖြစ်ခဲ့ဖူး​၏။နာမည်မှာ မောင်ဉာဏ်ကျော်၊ရဟန်းဘွဲ့မှာ အရှင်ဉေယျ ဖြစ်သည်။ရဟန်းတဝါအရမှာကျောက်ရောဂါဖြင့်ပျံလွန်တော်မူသည်။)
၁၃၁၀-ခုနှစ်တွင် မင်းကုန်းကျေးရွာ မင်းကုန်းကျောင်းကြီးဆရာတော်ဘဒ္ဒန္တသုနန္ဒထံတွင်
မြန်မာစာသင်ပုန်းကြီးစသောဗုဒ္ဓစာပေများယူခဲ့သည်။
၁၃၁၅-ခုနှစ်တွင် ပထမ မင်းကုန်းဆရာတော်ပျံလွန်တော်မူသဖြင့်ဒုတိယဆရာတော် ဘဒ္ဒန္တအာစာရ ထံတွင် ဗုဒ္ဓစာပေများဆက်လက်သင်ယူခဲ့သည်။
၁၃၁၆-ခုနှစ်၊ါဆိုလဆန်း(၁၀)ရက်နေ့တွင်ဝေဘူဆာတော်ကြီးနှင့်ပထမဆုံးဖူးတွေ့ခဲ့ရသည်။ဝေဘူဆရာတော်ကြီး​အကျင့်စရဏဂုဏ်နှင့်ထူးခြားမှုသတင်းများကြားသိသည်မှစ၍ ဝေဘူဆရာတော်ကြီးအားကြည်ညိုစိတ်တွေဖြစ်ပေါ်ကာ ကျင့်ချင်သည်ဆန္ဒများ ဆရာတော်ကြီးလိုဖြစ်ချင်သည့်ဆန္ဒများ နှလုံးသားတွင်ခိုနားခဲ့ရသည်။ ဝေဘူဆရာတော်ကြီးအားဖူးတွေ့သည်အခါ ဆရာတော်လေင်းလျာခင်းထာသောပဝါဖြူခင်းပေါ်ကြွတော်မူပေး​၏" ကာပေါ်လိပ်ဆပ်ပြာတစ်ခဲ၊"နံ့သာမွှေးတိုင် ဆယ်တိုင် "ချီးမြှင့်တော်မူခဲ့သည်ဖြစ်၍ပို၍အင်အားဖြစ်စေပါသည်။ခိုင်မြဲစေသည်။
ဝေဘူဆရာတော်းကြီးကပင် "နောင်တစ်ချိန် သာသနာပြုမည့်ကိုရင်" ဟုပင်
နိမိတ်တော်ပေးတော်မူခဲ့သည်။ဝေဘူဆရာတော်ကြီးက မယ်တော် ဒေါ်မေို့ပင်" သာသနာပြုမည့် ကိုရင်မယ်တော်" ဟူ၍တင်စားခေါ်ဝေါ် ချီးမြောက်တော်မူခဲ့သည်။
၁၃၁၇ -ခုနှစ် တပို့တွဲ လပြည့်ကျော် (၆) ရက် စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ အာစာရ ထံတွင် ရှင်သာမဏေ ပြုခဲ့သည် ။
ဘွဲ့အမည် မှာ "ရှင်ဉေ ယျ "ဟု ကိုယ်တိုင် ခံယူခဲ့သည် ။(ယခင်ဘဝ ရဟန်း အရှင်ဉေယျ ကကူးဆက်လာသောဓာတ်ဖြစ်သည်)ဆရာတော်လောင်းလျာသည်ကျောင်းသားဘဝ (၁၃) နှစ်သားကပင်ဝေဘူဆရာတော်ကြီးအားကျဩ တောထွက်လိုစိတ်ကိန်းဝပ်ခဲ့သည်)။
ကိုရင်ဝတ်သောနေ့တွင် တောထွက်မည်အတွေးဖြင့်ပျော်နေခဲ့သည်မှာ အိပ်၍ပင်မပျော်ဖြစ်ခဲ့သည်။
၁၃၁၈ -ခုနှစ် ကဆုန်လပြည့်ကျော် (၁၀) ရက် တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့ ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ပိဋကတ် စာပေများ သင်ယူရန် ရောက်ရှိ ခဲ့သည်။
၁၃၁၉ -ခုနှစ်တွင် ရွှေဘိုမြို့ဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရပထမငယ်တန်း အောင်မြင်ခဲ့သည် ။
၁၃၂၁ -ခုနှစ် ဝါဆိုလဆန်း (၁၁) ရက် ဗုဒ္ဓဟူးနေ့ တွင် ရန်ကုန်မြို့သရက်တောကျောင်းတိုက် ရှိ ကျောက်ပန်းတောင်းကျောင်းတိုက်သို့ ပိဋကတ်စာပေသင်ကြားရန် ရောက်ရှိ ။
၁၃၂၁ -ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် (၃)ရက် ဗုဒ္ဓဟူးနေ့တွင် မွန်ပြည်နယ်၊မော်လမြိုင်မြို့စိန်မမပါဠိတက္ကသိုလ် သို့ ပိဋကတ်ပညာသင်ကြားရန် ရောက်ရှိ ခဲ့သည်၊ ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း အောင်မြင်ခဲ့သည် ။
၁၃၂၃ -ခုနှစ် ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင် ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ခဲ့သည်။ ရဟန်းဒကာ ဦးဘသန်း + ဒေါ်စောဉာဏ် တို့ ဖြစ်ကြသည်။
၁၃၂၃-ခုနှစ်၊နွေဦးကာလတွင်ဝေဘူဆရာတော်ကြီးအားဖူးတွေ့ရသည့်အခါ ဆရာတော်ကြီးက
တရားထိုင်ဖို့တိုက်တွန်းခဲ့ရာ "တပည့်တော်တတ်နိုင်သည့်အခါ ဆရာတော်တိုက်တွန်းသည့်အတိုင်း ကြိုးစားပါ့မည် ဘုရား" ဟုကတိပေးခဲ့ပါသည်။ထိုနှစ်ဝါကို မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်၌ဝါဆိုပြီး အကြီးတန်းစာဝါများလိုက်ခဲ့သည်။
၁၃၂၅ -ခုနှစ် နွေဦးကာလတွင် ဧရာဝတီတိုင်း ပုသိမ်မြို့ သာသနရံသီ ပါဠိတက္ကသိုလ်သို့ ရောက်ရှိသည် ။ ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည် ။
(တိုင်းတွင် ဒုတိယ ရသည်-ထောက်ပံ့ဝတ္ထုငွေ(၁၀)ကျပ်လစဉ်ရခဲ့သည်။
(ပုသိမ်မြို့သို့စာသင်ရန်ကြွသွားရာတွင် သင်္ဘောပေါ်မှာ ဟင်္သာတ ရတနာဗိမာန်ဆရာတော်ကြီးဦးကုမာရ နှင့်တွေဆုံသဖြင့်ဆရာတောက သူ့ကျောင်းသို့ပင့်ဆောင်ခေါ်သွား၍ ရတနာဗိမာန်ကျောင်းတွင် တစ်ညတာတည်းခိုခဲ့ရသည် ။နောက်တနေ့မနက်အစောမှာဆရာတော်ကြီးကိုတော်တိုင် ဘူတာအထိပို့ပေးတော်မူသည်။သရက်ကျောင်းတိုက် သာသနောဒယကျောင်းဆရာတော် ဒေါက်တာ ဦးပဝရထံ ခရီးစရိတ်(၃ဝိ)ငွေခေတ္တယူသုံးခဲ့ရသည်များ အား ဦဗောဓိကိုတွေ့တိုင်းအမိန့်ရှိ​၏ ။(အနည်းငယ်သောကျေးဇူမျှကိုပင်ထုတ်ဖေါ်တော်မူပါ​၏။သူတော်ကောင်းတို့နှလုံး သူတော်ကောင်းထုံးပင်ဖြစ်​၏)
၁၃၂၇ -ခုနှစ် တော်သလင်းလဆန်း(၁၃)ရက် နေ့တွင် စာသင်တိုက်များတွင်နေဖို့ရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲခဲ့သည် ။ ရန်ကုန်မြို့ရှိ "ဣစ္ဆိတံဆေးလိပ်ခုံ "တွင် စာရေးဝင်လုပ်ခဲ့သည် ။(ထိုဝါတွင်း၌ အင်္ဂလိပ်စာများသင်ယူလေ့လာခဲ့ပါသည်)
၁၃၂၉ -ခုနှစ် နယုန်လပြည့်ကျော်(၆)ရက်နေ့တွင် အိမ်ထောင်ကျခဲ့သည်။
မိခင်ဒေါ်မေ ၊ အမဒေါ်ကြည် တို့ က ၊ဘုန်းကြီးလူထွက် ခပ်ရှက်ရှက်နဲ့ ဆေးလိပ်ခုံမ ခပ်သွက်သွက်တို့ ခက်ချေပြီဟူ၍ အမြန်ခေါ်လျက်တိုက်တွန်းချက်ဖြင့် ပင် တစ်ရွာတည်းနေ ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်။
လူ့ဘဝတွင် ရန်ကုန် မြို့ သင်္ကန်းကျွန်း၌ နေထိုင်ကာ ဈေးဆိုင် ၊ အထည်ဆိုင် ၊ ဆေးဆိုးပန်းရိုက် ၊ မဲနယ်ထုတ်လုပ်ခြင်းများ လုပ်ကိုင်ခဲ့သည် ။ ရပ်ကွက်အတွင်း လူမှုရေးများ နှင့် (ရ.လ.က အဖွဲ့) ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး ၊ ပါတီကိုယ်စားလှယ် ၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စု ခေါင်းဆောင်၊ အရံပါတီဝင် စသည်များ ထမ်းဆောင်ခဲ့သည် ။ကိုပိုင်အိမ်နှင်ခြံမျာဖြစ်ထွန်းခဲ့သည်။အိမ်ထောင်ကိုပင် အကျဉ်းထောင်အဖြစ်မြင်တွေ့ကာသံဝေဂ များ ရတော်မူခဲ့သည်။
၁၃၃၇ -ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့ လှည့်လည်၍
အဓိဋ္ဌာန်ဝင်ခြင်း ၊ဘုရားတည်ခြင်း ၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ များကိုစွမ်းစွမ်းတမံကြိုးစားအားထုတ်ခဲ့သည် ။
(ရန်ကုန်မြို့ရှိဘုရားများသို့ လူဝတ်ဖြင့်ပင်အားထုတ်ခဲ့သည်၊ပုဆိုးခါးပိုက်ထဲတွင် ကုလားပဲထည့်ကာရေစိမ်စားပြီးအဓိဋ္ဌာန်ဝင်ခဲ့သည်)
၁၃၃၈-ခုနှစ်၊နတ္တော်လဆန်း(၇)ရက်ညတွင် ဝေဘူဆရာတော်ကြီးသည် ရန်ကုန်မြို့ ရွှေတိဂုံအနီးရှိ အင်းလေးဓမ္မာရုံ၌တရားဟောတော်မူရာ ပလ္လင်အနားတွင် စတုမဓူ (သစ္စာလေးပါးကိုရည်ရွယ်)ကပ်ခါ စိတ်ထဲမှ
ဆရာတော်ကြီးကဲ့သို့ကျင့်နိုင်စွမ်းပြီး သိနိုင်စွမ်းရှိကာ ဆရာတော်ကြီးဝေနေယျတို့အား သနားချီးမြှောက်နိုင်သလိုပင်တပည့်တော်ချီးမြောက်နိုင်းစွမ်းရှိရပါစေသား ဆုတောင်း​၏။ ဆုပန်ဆင်မှုကိုဆရာတော်ကြီးအသိအမှတ်ပြုပါက ဤစတုမဓူဆေးတော်သုံးဇွန်းဘုန်းပေးပါဟု အဓိဋ္ဌာန်၍ဆက်ကပ်ရာ ဆရာ​​တော်ကြီးမှသုံးဇွန်းပြည့်ပြည့်ဝဝကြီးဘုန်ပေးတော်မူသည်။
ထိုအခါ အဓိဋ္ဌာန်ဆန္ဒအောင်၍အင်အားများတက်ခဲ့ရသည်။
၁၃၃၉-ခုနှစ် ကဆုန်လဆန်း(၁)မှစလျက် ခုနှစ်နေ့ ခုနှစ်နံဘုရားများလူဝတ်ဖြင့်အဓိဋ္ဌာန်ဝင်ခဲ့သည်။ ရန်ကုန်တွင် ၁/ တနင်္ဂနွေနေ့ အောင်သိဒ္ဓိဘုရား ။၂/ တနင်္လာနေ့ ကျိုက္ကစံဘုရား
၃/ အင်္ဂါနေ့ ဆူးလေဘုရား။ ၄/ ဗုဒ္ဓဟူးနေ့ ရွှေတိဂုံဘုရား။ ၅/ ကြာသာပတေးနေ့ မိုးကောင်းဘုရား။၆/သောကြာနေ့ သီရိမင်္ဂလာကမ္ဘာအေးဘုရား။ ၇/စနေနေ့ နောင်တော်ကြီးဘုရားတို့၌ထူးခြားစွာအဓိဋ္ဌာန်အောင်မြင်ခဲ့သည်။ယင်းနယုံလပြည့်ကျော်(၁၁)ရက်နေ့တွင်
အဓိဋ္ဌာန်အားလုံးအောင်မြင်ခဲ့သည်။ ထို့နောက် တောင်စွန်း ကေလာသတောင်စသည့်ဘုရားများ၌လည်းအဓိဋ္ဌာန်များမကြာခဏဝင်ခဲ့ပါသည်။
၁၃၃၉-ခုနှစ် ဝါခေါင်လဆန်း(၂)နေ့တွင် သာသနာဗိမာန်ဆာတော် အဘဝိမလကိုစတင်ဖူးမြော်ခဲ့သည်။အဘဝိမလ​သည် (၂၄)တိုင်ဖယောင်းတိုင်တစ်ထုတ် ချီးမြှင့်လိုက်သည်။
၁၃၃၉ -ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကြီးချောင်းရွာ၊ ဆင်ကူးရွာရှိ
"ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီတော်" ကို ပြုပြင်မွမ်းမံသည်။ ပြာသိုလ်လပြည့်နေ့တွင် ပန္နက်ချမင်္ဂလာ ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်တင် မင်္ဂလာ ပြုလုပ်နိုင်ခဲ့သည် ။
၁၃၄၀-ခုနှစ်၊ဝါခေါင်လပြည့် နေ့တွင် အဘဝိမလ ဆရာတော်ကြီးထံတွင်တရားရှုခဲပါသည်။
ဆရာတော်ကြီးလည်းအတူတရားထိုင်တော်မူသည်။ငါတို့ ဝိဇ္ဇာတွေက ကိစ္စမပြီးဘူး ဝိပဿနာကမှကိစ္စပြီးမည်ဆိုကာ အဘဝိမလဆရာတော်က ရန်ကုန်မဟာစည်ကြီးကိုတရားထိုင်ဖို့ပို့လွှတ်ခဲ့ပါသည။
၁၃၄၁ -ခုနှစ် ဝါဆိုလဆန်း (၁) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန် မဟာစည် သာသနာ့ရိပ်သာကြီးတွင် (၄၉ )ရက် တရားစခန်းဝင်ခဲ့သည် အရိယာဝါသ အခန်းနံပါတ်(၃၀)တွင်နေခဲ့ရသည်။ယင်းဝါဆိုလဆန်း(၈)ရက်နေ့ နေ့လည်(၁)နာရီတွင်သမာဓိနယ်မှပညာနယ်သို့ကူးခဲ့သည်။
မဟာစည်ဆရာတော်ကြီးကိုတော်တိုင်ပင် ယောဂီ မောင်ငြိမ်းရဲ့ ဒဿနဆန်သောတရားတွေ့ရှိချက်များ သည် ထူးခြားကြောင်း ထုတ်ဖေါ်ချီးကျူးတော်မူခဲ့သလို ရိပ်သာကြီးရှိပရိသတ်များ
ပတ်ဝန်းကျင်ပရိတ်သတ်များထံသို့သတင်းပျံ့နှံ့ခဲ့ရပါသည်။
၁၃၄၁ -​ခုနှစ် ဝါခေါင်လပြည့်ကျော် (၇) ရက်နေ့ ညနေ (၅) နာရီတွင် ဉာဏ်စဉ် တရားများ နာကြားခွင့်ရခဲ့သည် ။ ယင်းလပြည့်ကျော်(၈)ရက်နေ့ ဘောက်ထော် သာသနာ့ဗိမာန်သို့ပြန်ရောက်ခဲ့သည်။
၁၃၄၁ -ခုနှစ် တော်သလင်းလဆန်း (၁၂) ရက် တနင်္ဂနွေနေ့ နံနက် (၈:၄၅) နာရီတွင် ဦးဆောင်နာယကဆရာတော်ကြီး ဘဒ္ဒန္တသေဋ္ဌိလ(ကမ္ဘာ့သာသနာပြု )ဖြစ်ပြီးသင်္ကန်းကျွန်းမြို့နယ်၊ဘောက်ထော် သီရိရတနာလမ်း သာသနာ့ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် တွင် (ဒုတိယအကြိမ်) မြင့်မြတ်သောရဟန်းဖြစ်ရောက်တော်မူခဲ့သည် ။ အိမ်ရှင်မထံက "ပါရမီ လူတားလို့မရပါဘူးရှင့်"ဟူသောစကားက
ရဟန်းဘောင်ပို့ဆောင်၍ ယနေ့တိုင်အောင် တားမရတဲ့ပါရမီများက လူသားတို့အတွက်ကောင်းကျိုးတွေဆက်နေခဲ့ကြရသည်။
၁၃၄၁ -ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၄) ရက် အင်္ဂါနေ့နံနက်(၇)နာရီတွင်ဆွမ်းခံကြွရင်း
တောရဆောက်တည်ရန်ထွက်ခဲ့သည်။အဘဝိမလက လေသာဆောင်မှကြည့်ရှု့လျက်၊ဦးသိန်းက"ယပ်ကလေးနဲ့ကြည့်ကောင်းသားပဲ" ဟုပြောသေး​၏။ယင်းမနက် ဦးမြင့်ဆွေ​တို့မိသားစုအိမ်တွင်ဆွမ်းဘုန်းပေး​၏။အငှါးကား နံပါတ်(၆၂၂၅)ကားဖြင့်(၁၀-၃၀) မိနစ်တောရဆောည်ရန်
အတွက် ခရီးစထွက်တော်မူသည်။ရန်ကုန် မန္တလေးစာပို့ရထား တွဲနံပါတ်(၃) ခုံနံပါတ်(၁၁)ဖြင့်ကြွခဲ့ရသည်။ ရထားလက်မှတ်မှာ သတင်းထောက်ဦးထွန်းဝင်းက ကြိုတင်စောင့်ကာလှူဒါန်းခဲ့သည်။
ယင်းနေ့တွင် မိုးမင်းကြီးသာဓုခေါ်ကောင်းချီးပေးသည်အလား မိုးကြီးကျယ်စွာရွာသဖြင့် ရန်ကုန်ရေကြီးရာ ကားပတ်၍ပင်မောင်းခဲ့သည်။ထိုမှအစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံး နေတော်မူလျက် ရှိရာ ယနေ့တိုင်ပင်ဖြစ်သည်။
၁၃၄၁ -ခုနှစ်တွင် သာစည်မြို့နယ် ရွှေကျောင်းကုန်း တောင်ထိပ်၌ ' ပထမဦးဆုံးတောရဆောက်တည်ခဲ့သည်။ထိုနှစ်မှာပင် ရွှေကျောင်းကုန်းတောင်တွင် "လောကမုနိ"စေတီတော်ကို တည်ထားပူဇော်ခဲ့သည် ။ အုတ်မြစ်ချမင်္ဂလာ နှင့် ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ရွှေထီးတော်စိန်ဖူးတော်တင်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည် ။
၁၃၄၂-ခုနှစ်တွင်လည်း သာစည် ရွှေကျောင်းကုန်းတောင်တွင် ဝါဆိုဝါကပ်တော်မူသည်။
၁၃၄၃-ခုနှစ်၊တွင် ဇင်းကျိုက် တောင်တော်တွင် သီတင်းသုံးတော်မူသည်။
၁၃၄၄-ခုနှစ်တွင် ဇင်းကျိုက် မင်းတစ်ရာ့တစ်ပါးတောင်တွင် သီတင်းသုံးတော်မူသည်။
၁၃၄၅-ခုနှစ်တွင် ဇင်းကျိုက် ကျောက်ခမောက်ဂူ (ကျောင်းမရှိ ကျောက်တုံးနှစ်တုံးကြား)
သီတင်းသုံးတော်မူသည်
၁၃၄၆-၄၇- ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ၊မှော်ဘီမြို့နယ် ဖူးကြီးကျေးရွာ အနီး သံသုမာရတောင် သီတင်းသုံးတော်မူသည်။ ရဟန္တာ ဈာန်ပျံသည်ဟုသတင်းကျော်ကြား၍ လူများခဲ့ရသည်။သူတို့က ငါ့ကိုရဟန္တာချည်းတဲ့ ငါကတော့ ရဟန်နာချည်းဖြစ်နေသည်။ကျန်းမာရေးမကောင်းဖြစ်နေရသည်ဟု မိန့်တော်မူဖူး​၏။ထိုတွင် တရားစခန်းတစ်လဖွင့်ပေးခဲ့သည်။
၁၃၄၈-ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင်တွင်စစ်ကိုင်းတိုင်း၊ စစ်ကိုင်းချောင် အရှေ့ပရက္ကမဂူသို့ရောက်ခဲ့သည်။ ထိုတွင် နှစ်ဝါတိုင်သီတင်းသုံးဝါဆိုတော်မူသည်။
၁၃၅၀/၅၁/၅၂- ခုနှစ်များတွင် သာစည်ရွှေကျောင်းကုန်းတောင်တွင် သီတင်းသုံးလျက်သုံးဝါတိုင်ဝါဆိုတော်မူခဲ့ပါသည်။ တရားစခန်းများလည်းဖွင့်လျက် ဟောကြားပြသပေးတော်မူခဲ့ပါသည်။
၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား (ယ္ခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင်သုံးဝါတိုင်သီတင်းသုံးတော်မူခဲ့သည်။ထိုကာလအတွင်း 'လက်လုပ်တောင် ဆရာတော်ဈာန်ပျံသည်' ဟူသော ကောလဟာလကြောင့် လူပရိသတ်များစွာလာရောက်ဖူးမြော်ကြသည်။ထိုအချိန်မှစ၍ဆရာတော်၏ သတင်းများတစ်နိုင်ငံလုံး သို့ပျံံ့လွင့်ခဲ့သည် ။
ထို လက်လုပ်တောင်တွင် သီတင်းသုံစဉ်ကပင် (၁၃၅၃-ခုနှစ်။၁၉၉၁-ခုနှစ်) ဤနေရာသည် နောင်တချိန်ကျလျင် မြို့တော်ကြီးဖြစ်လာမည်။ မမြင်ဖူးတာမြင်ရမည် မကြားဖူးတာကြားရမည် မစားဖူးတာစားရမည်မတွေ့ဖူးတာတွေ့ရမည် ဟုမိန့်တော်မူ​၏။
ဤနေရာမှစ၍ မြန်မာပြည်တွင်မကကမ္ဘာအထိသာသနာပြုရလိမ့်မည်။အရှေ့အရပ်သုံ
လက်ညွန်ပြလျက်က အဲဒီအနားမှာ "စေတီအကြီးကြီး"ဖြစ်ပေါ်လာလိမ့်မည် တို့လုပ်ဖို့တော့မဟုတ်ဘူး သူ့ဟာသူဖြစ်လာမှာပါ ဟုမိန့်တော်မူသည်။(ယခု-ဥပ္ပါဒသန္တိစေတီတော်ကြီးနေရာဖြစ်သည်)။(ယခု နေပြည်တော်ကြီးဖြစ်ခဲ့ကြရပြီ)
၁၃၅၃-ခုနှစ် တွင် အကျင့်စရဏအတွက်အလွန်ကျေးဇူးများသော "ဓမ္မောဝါဒကထာ"
ကျမ်းစာမှစ၍ စာအုပ်ပေါင်း(၆၀)ကျော် ရေးသားတော်မူခဲ့သည်။
၁၃၅၆-ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက်နေ့ညမှစတွင် လက်လုပ်တောင်မှသည် ရှမ်းပြည် သုဝဏ္ဏသျှံသို့ကြွတော်မူသည်။
၁၃၅၆-ခုနှစ် တွင် ရှမ်းပြည်နယ် သုဝဏ္ဏသျှံတောင် ဘုန်းတော်ပြည့်ကျောင်းတွင်ဝါကပ်တော်မူသည်။
၁၃၅၇-၅၈- ခုနှစ်များတွင် ရှမ်းပြည်နယ် မဟာဗောဓိမြိုင်ကျောင်းတွင်(၂)ဝါတိုင်ဝါကပ်တော်မူသည်။
၁၃၅၇-ခုနှစ်၊တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ ၊ လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည် ။
ယင်းတိုင်းရင်းသားများ ဒေသန္တရ ဗဟုသုတများ 'သာသနဗဟုသုတများ'ယဉ်ကျေးမှုများ' တိုးပွါးရန် အတွက် (၁၃၅၈ )-ခုနှစ် တပေါင်းလဆန်း(၃)ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များနှင့် နိုင်ငံတော်အဆင့် အထိ ပို့ဆောင်ပေးခဲ့သည် ။
ထိုသို့သော အကြောင်းများ ကြောင့် 'မဟာဗောဓိမြိုင် ဆရာတော်' ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှား ခဲ့သည် ။ယခင်က ရွှေကျောင်းကုန်းတော်ဆရာတော်၊ လက်လုပ်တောင်ဆရာတော်ဟုသာ လူသိများခဲ့သည်။(ဗောဓိမြိုင်(မဟာဗောဓိမြိုင်)ဆရာတော်ဟုဖြစ်ပေါလာမည့် ပင်မကျောင်းကလေးမှာ(၁၀)ခန့်ပါတ်လည်မျှသာရှိခဲ့ပါသည်)။
၁၃၅၉ -ခုနှစ်တွင် စစ်ကိုင်းတိုင်း ကန်ဘလူမြို့နယ် နတ်တလူတောရ ကို စတင်တည်ထောင်၍
ဝါဆိုတော်မူသည်။ဝါဆိုလပြည့် နေ့ မှ တော်သလင်းလပြည့်နေ့ထိ (၂) လတိတိ တရားစခန်း ဖွင့်လှစ်ပေးခဲ့သည် ။ စခန်းပွဲအတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက် တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့ထိ (၁) လ တရားစခန်းကို ပြုလုပ်ပေးခဲ့သည် ။
၁၃၅၉ -ခုနှစ်တွင် နတ်တလူတောရ၌ 'မင်းဘိသိက်ခံ' ဘုရားတည်ထား ပူဇော်ရန်။ နှောင်းတန်ခူးလပြည့်နေ့တွင် အုတ်မြတ်ချမင်္ဂလာပွဲ ပြုလုပ်ပူဇော်ခဲ့သည်။
၁၃၆၀ -ခုနှစ် ကဆုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ ပြုလုပ်ပူဇော်ခဲ့သည်။
၁၃၆၀-ခုနှစ်တွင် မေမြို့ အနီး ဝေဒလ္လ တောရကျောင်းတွင်ဝါဆိုတော်မူသည်။
၁၃၆၀-ခုနှစ်၊တပေါင်းလဆန်း(၁၄)ရက်နေ့တွင် နတ်တလူတောရ " မင်းဘိသိက်ခံ"ဘုရားရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်သည်။ယင်း တပေါင်းလပြည့်နေ့တွင် အနေကဇာတင်ပူဇော်သည်။ သံဃာတော်(၆၄)ပါး သံဃိကဆွမ်း ဆွမ်းဆန်တော်လောငါးလှူပွဲပြုလုပ်ပူဇော်သည်။
၁၃၆၁ -ခုနှစ် ကဆုန်လပြည့်နေ့တွင် မင်းကုန်းကျေးရွာ မွေးဖွားရာ ချက်မြှုပ်အိမ်နေရာတွင်
'ဉေ ယျဓမ် ရွှေချက်သို တံခွန်တိုင်' ကို တည်ထားခဲ့သည် ။
တစ်ချိန်တည်းမှာပင် နတ်တလူတောရ ၌ နှစ်လတရားစခန်း ထပ်မံ ဖွင့်လှစ်ပေးခဲ့သည် ။
၁၃၆၁-ခုနှစ် တွင် (ပုံတောင် ပုညာ နယ် )ဂန့်ဂေါမြို့နယ်၊လယ်ဓမ္မပိုင်၊ မဇ္ဈိမ ဓမ္မမောနိဂူတွင်ဝါဆိုတော်မူသည်။
၁၃၆၂-ခုနှစ်၊ တွင်(ပုံတောင်ပုညာနယ်)ဂန့်ဂေါမြို့နယ် စကားပိုင် မောနေယျတောရ တွင်ဝါဆိုတော်မူသည်။
၁၃၆၃-ခုနှစ် ပုလဲမြို့နယ် ကျော်တောရွာအနီး ပဋိပတ္တိတောရကျောင်တွင် ဝါဆိုတော်မူသည်။
၁၃၆၄-ခုနှစ်၊ပုနလဲမြို့နယ်၊ကျောတောရွာအနီး စံရိပ်ငြိမ်တောရကျောင်းတွင် ဝါဆိုတော်မူသည်။
၁၃၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃ -ခုနှစ်အထိ (၉)ဝါတိုင်တိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာမြိုင်တောကြီးအတွင်း ခေါင်နန်းပလ္လင်ကျောင်း အကျွတ်အလွတ်ကျောင်း များတွင်ဝါဆိုသီတင်းသုံးတော်မူသည်။
၁၃၇၄-/၇၅/၇၆/၇၇ -ခုနစ်၊စ်ကိုင်းတိုင်းဒေသကြီး ၊ကန်ဘလူမြို့နယ်၊ မလည်အနီး
ဉေယျဓမ်တောရ တွင် (၄)ဝါတိုင် သီးတင်းသုံးဝါဆိုတော်မူသည်။
၁၃၇၈/၇၉/၈၀/၈၁ -ခုနှစ်တွင်စစ်ကိုင်းဒေသကြီး၊အထက်ပိုင်း ဗန်းမောက်မြို့နယ်
ရွှေနှစ်တောရတွင် (၄) ဝါတိုင်သီတင်းသုံးဝါဆိုတော်မူသည်။
၁၃၈၂-/၈၃/ -ခုနှစ်များတွင် ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရတွင်သီတင်းသုံးတော်မူလျက်
အတွင်းသာသနာ ၊အပြင်သာသနာ များပြုတော်မူလျက်ရှိတော်မူသည်။ယနေ့တိုင်သီတင်းသုံးတော်မူနေပါသည်။
ယခုနှစ်သက်တော်(၈၀) ပြည့် တွင်အရွယ်တော်ရှိသော်လည်းအရွယ်နှင့်အသက်ငဲ့ကွက်ခြင်းအလျင်းမရှိပဲ
ဆွမ်းခံပေးတော်မူခြင်း၊အဖူးမြော်ခံပေးခြင်း၊လှူဘွယ်များအလှူခံပေးတော်မူခြင်း၊များနှင့်
ဒါယကာဒါယိကာမအများတို့​၏ကောင်းကျိုးချမ်းသာလိုလားတော်မူကာ စေတနာ သဒ္ဓါတရားများကိုအလှူခံပေးတောိမူခြင်းဖြစ်သည်။လေးနက်သော နက်ရှိုင်းသောမေတ္တာတော်ဓာတ်၊မေတ္တာကလာပ်တော်များဖြင့် "ကပ်ဘေကင်းပျောက် ချမ်းသာရောက်လျက် မဂ်ပေါက်ဖိုလ်ဝင် ငြိမ်းခြမ်းစေချင်၍ " ချီးမြှောက်တော်မူနေခြင်းဖြစ်သည်။
ခေတ္တသီတင်းသုံးရာဒေသများ
၁/ ရသေ့မဂူ ဇင်းကျိုက်မြို့နယ် ( ၃) လခန့်
၂/ ဖရုံညှာစခန်း ဇင်းကျိုက်မြို့နယ် ( ၁) လ
၃/ တောင်စဉ် တောင် မိတ္ထီလာမြို့နယ် (၁) လ
၄/ ကျောက်ထီးတောင် ကျောက်ဆည်မြို့နယ် (၂) လ
၅/ ဝါးသုံးရုံစခန်း ပုလဲမြို့နယ် (၇၂)ရက်
၆/ မပဒါန်ဂူ ညောင်နီရွာအနီး မိုးမိတ်မြို့နယ် (၂) လ
၇/ သုဝဏ္ဏသျှံတောင်ထိပ် ရှမ်းပြည် (၆)လ
ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်ယခုအခါတွင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလည်အနီး ဉေယျဓမ်တောရ တွင်တောရဓူတင်
အဓိဋ္ဌာန်တင်တော်မူလျက်သာသနာပြုကာသီတင်းသုံးနေတော်မူပါသည်။
ဗုဒ္ဓေါရသ(ဦးဗောဓိ)
ဗောဓိရိပ်ငြိမ်တောရဆရာတော်(မှော်ဘီ)
၁၃၈၃-ခုနှစ်၊သီတင်းကျွတ်လဆန်း(၉)ရက်
(၁၄-၁၀-၂၀၂၁)
ယနေ့တွင် ခန္ဓာဝန်ချတော်မူသည် ၃၀-၄-၂၀၂၄

ယခုနှစ်၁၃၈၅ ခုနှစ်မဟာသင်္ကြန်အကြို သင်္ကြန်အငွေ့အသက်လေးရိုက်ခြင်နေတာ...မိတ်ဆွေကြီး ကိုဝင်းကိုအောင်၏ တူမချောလေးများဖြစ်တဲ...
10/04/2024

ယခုနှစ်၁၃၈၅ ခုနှစ်မဟာသင်္ကြန်အကြို သင်္ကြန်အငွေ့အသက်လေးရိုက်ခြင်နေတာ...
မိတ်ဆွေကြီး ကိုဝင်းကိုအောင်၏ တူမချောလေးများဖြစ်တဲ့ မော်ဒယ် ဆန်းသော်တာ နှင့် အေးအေးအောင်တို့ကို သင်္ကြန်အငွေ့အသက်လေးဖြစ်တဲ့ ငုပန်း၊ ပိတောက်ပန်းလေးတွေနဲ့ရိုက်ဖြစ်ပါတယ်။
ဖြိုးစတူဒီယိုမှာ ရိုက်ဖြစ်ပါတယ် အကူအညီပေးခဲ့သော ကိုဝင်းကိုအောင်၊ ဦးမိုးမြင့်မောင်၊ကိုဖြိုး တို့နှင့် မော်ဒယ်လေးတို့ကို အထူးကျေးဇူးတင်ပါတယ်...
နောက်တစ်ခါ အောက်ဒိုးထွက်ရိုက်ကြတာပေါ့နော်...
ကိုဝင်းကိုအောင်နဲ့ ဦးမိုးမြင့်မောင် အားတဲ့ရက် ကြိုပြောနော်...

ကင်မရာ Canon 6D
မီး Godox AD 200
မှန်ဘီလူးက 85mm f 1.4 prime

Model ကို (အောက်ဒိုးပေါ့ )အေးအေးဆေးဆေးလေးပြန်ရိုက်ခြင်နေတယ်
မြန်မာနိုင်ငံဓာတ်ပုံကအသင်းက ပြိုင်ပွဲလေးတွေ ပြန်စရင် မော်ဒယ် အောက်ဒိုးကို တစ်၀ကြီးရိုက်လိုက်ဦးမယ်...

Directior U Zaw

ရန်ကုန် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းငှားရမ်းနေထိုင်ခွင့် အခု မတ်လ ၂၅ ရက်နေ့စပြီး လျှောက်ထားနိုင်ပြီ ဗျို့
25/03/2024

ရန်ကုန် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အိမ်ခန်းငှားရမ်းနေထိုင်ခွင့် အခု မတ်လ ၂၅ ရက်နေ့စပြီး လျှောက်ထားနိုင်ပြီ ဗျို့

 #နှစ်ဟောင်းကိုသုံးသပ်ဖို မေးခွန်း ၁၀ ခုဘာလိုလိုနဲ့ တစ်နှစ်ဆိုတာကုန်သွားပြန်ပြီဗျ။ဒီနေ့ဟာ ၂၀၂၃ ခုနှစ်မှာဘာတွေလုပ်ခဲ့တယ်ဆ...
31/12/2023

#နှစ်ဟောင်းကိုသုံးသပ်ဖို မေးခွန်း ၁၀ ခု

ဘာလိုလိုနဲ့ တစ်နှစ်ဆိုတာကုန်သွားပြန်ပြီဗျ။
ဒီနေ့ဟာ ၂၀၂၃ ခုနှစ်မှာဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြန်လည်
သုံးသပ်ရမယ့်အချိန်ရောက်ရှိလိုလာပါပြီ.....

ကျနော်တိုရဲ့လုပ်လက်စ လုပ်နေဆဲတွေကို ခနလောက်လေးရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ရအောင်ဗျ

၁. ငါဒီနှစ်အတွက် ဂုဏ်ယူစရာ ဘာလုပ်ခဲ့သလဲ?

ကိုယ်လုပ်ခဲ့တဲ့ အရာတွေထဲက ကြီးမားတာတွေဖြစ်စေ သေးငယ်တာတွေဖြစ်စေ.... ကိုယ့်ကိုယ်ကို ချီးမြှောက် အားပေးလိုက်ပါ။

၂. ငါအတွက် အကြီးမားဆုံး အခက်အခဲက ဘာလဲ အဲ့ဒါကို ဘယ်လိုငါကျော်ဖြတ်ခဲ့နိုင်တာလဲ?

အခက်အခဲနဲ့ အခွင့်အလမ်းဆိုတာ အမြဲတွဲရက်လာကြတာမဟုတ်လားဗျ။ ဒီတော့ ကိုယ့်အနေနဲ့ ဘယ်အခက်အခဲတွေကိုရင်ဆိုင်ရင်းနဲ့ ဘယ်လိုတိုးတက်လာခဲ့တယ်ဆိုတာကို သုံးသပ်ပြီး ချရေးကြည့်ပါ။

၃. ငါ့အကြောင်းငါဘာတွေပိုသိလာလဲ ?

လူတိုင်းမှာ ကြိုက်တာတွေ မကြိုက်တာတွေဆိုတာရှိတယ်။ ကိုယ့်မှာရော ဘာတွေရှိလဲ? ကိုယ်က ဘယ်လိုလူစားမျိုးလဲ ဘာတွေလုပ်ရတာကြိုက်လဲ ဘယ်အရာတွေက ပျော်စေလဲ အစရှိတာတွေကို သုံးသပ်ကြည့်ပါ။

၄. ငါနဲ့ ငါ့အသိုင်းအဝိုင်းကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲ?

ပရဟိတလုပ်တာပဲဖြစ်ဖြစ်။ သူငယ်ချင်းတွေကို အကြံကောင်းပေးတာပဲဖြစ်ဖြစ်။ ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက်ကူညီတာဖြစ်ဖြစ် ဘာတွေလုပ်လိုရလဲ? ကိုယ့်အတွက်ရော ဘာတွေလုပ်လိုက်ရင် ပိုကောင်းလာနိုင်သလဲ?

၅. ငါလုပ်မယ်လိုသတ်မှတ်ထားတဲ့အရာတွေပြီးသလား? မပြီးဘူးဆိုရင်လာဖြစ်လိုလဲ?

တစ်ချိုအရာတွေ အပြီးမသတ်နိုင်တာရပါတယ်။ ထင်သလိုလဲ အကုန်ဖြစ်တာမှမဟုတ်ပဲ။ ဒါပေမယ့် မပြီးတာက ကိုယ်တစ်ခုခုလိုနေလိုဆိုရင်တော့ ဒီမပြီးခဲ့တာကနေ ဘာသင်ခန်းစာရမလဲ နောက်ဒီလို မဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာကိုလေ့လာကြည့်သင့်တယ်။

၆. ဒီနှစ်အတွက် အပျော်ရဆုံးကလာဖြစ်မလဲ?

ကိုယ့်မှာမရှိသေးတာတွေကိုတွေးပူနေမယ့်အစား ရှိတာတွေအတွက် ဝမ်းသာပြီးပျော်နေနိုင်ဖိုလဲလိုတယ်ဆိုတော့။ ဒီနှစ်အတွက် ကိုယ်လုပ်ခဲ့တာ ကိုယ့်မှာရှိတာတွေထဲက ဘယ်အရာတွေက ပျော်ရွှင်မှုတွေသင့်ကိုပေးနိုင်ခဲ့လဲ?

၇. စိတ်နဲ့ ခန္ဓာ ကျန်းမာဖိုဘာတွေလုပ်ခဲ့လဲ?

အရာအားလုံးထက် ကျန်းမာရေးက အရေးကြီးတယ်။ ကျန်းမာရေးမကောင်းရင်ဘာမှလုပ်မရဘူးဆိုတော့ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာ ကျန်းမာဖိုဘာတွေလုပ်ခဲ့လဲ? ဘာတွေလုပ်လိုက်ရင် ပိုကောင်းမယ်လိုထင်လဲ?

၈. Comfort zone ထဲမှာနေနေခဲ့သလား? ထွက်ခဲ့လား?

တိုးတက်မှုတွေက comfort zone အပြင်ဘက်မှာပဲဖြစ်တယ်လိုလူတွေပြောကြတယ်။ သင်ရော တစ်နှစ်တာကာလလုံးဘာတွေလုပ်ခဲ့လဲ? comfort ဖြစ်အောင်နေနေခဲ့သလား? ကြိုးစားပြီး comfort zone ထဲကထွက်ခဲ့သလား?

၉. ဘယ်သူတွေနဲ့ လက်တွဲပြီး ဘယ်သူတွေနဲ့ လမ်းခွဲခဲ့လဲ?

ဘယ်သူတွေနဲ့ ဝန်းရံတယ်ဆိုတာကသိပ်ကိုအရေးကြီးတယ် ကိုယ့်နားမှာရှိတဲ့လူ ၅ ယောက်ကိုကြည့်ပြီးတော့ နောက် ၅နှစ်မှာ ဘာဖြစ်လာနိုင်တယ်ဆိုတာပြောလိုရတယ်လိုဆိုကြတယ်။ သင်ရော ဘယ်လိုလူတွေနဲ့ပေါင်းပြီး ဘယ်သူတွေနဲ့လမ်းခွဲခဲ့သလဲ?

၁၀. နောက်နှစ်မှာ ဘယ်အရာတွေပြောင်းလဲပြီး ပိုတိုးတက်အောင်လုပ်ချင်လဲ?

နှစ်သစ်ဆိုတာ အရာရာပြန်စလိုရတဲ့ စာရွက်အလွတ်တစ်ခုလိုပဲ။ ဒီတော့ ခုပြီးခဲ့နှစ်မှာ ဖြစ်ခဲ့တာတွေ မဖြစ်ခဲ့တာတွေကတော့ ပြင်လိုမရတော့ဘူးဆိုတော့ နောက်နှစ်မှာဘာတွေလုပ်ချင်လဲ ဘာတွေအကောင်အထည်ဖော်ချင်လဲ?

Address


Alerts

Be the first to know and let us send you an email when A1 News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

a1 news

နေ့စဉ်ထူးခြားသတင်းနှင့် အရေးပေါ်သတင်းများ သတင်းမှန်များ၊

သိသင့်သည့် အကြောင်းအရာ သတင်းများကို အချိန်နှင့်တပြေးညီတင်ဆက်ပေးမည့်

a 1 news

ရသစုံဆောင်းပါးများကိုလည်း တင်ဆက်ပေးပါမည်။