Happy Ghost-GAMING

  • Home
  • Happy Ghost-GAMING

Happy Ghost-GAMING knowledge for all games.

18/07/2021

Friend : လတ်တလော အိမ်ကနေ မုန့်ဖိုးတောင်းရ
တာ အခြေနေဘလိုရှိလဲ...

Me : 👇👇👇

Legandary Game အဖြစ် ကျန်ရှိဆဲဖြစ်သော Clash of Clans💂MOBA ဂိမ်းတွေ Battle Royal ဂိမ်းတွေ Andriod မှာ ခေတ်မစားခင်က Strate...
29/07/2020

Legandary Game အဖြစ် ကျန်ရှိဆဲဖြစ်သော Clash of Clans💂

MOBA ဂိမ်းတွေ Battle Royal ဂိမ်းတွေ Andriod မှာ ခေတ်မစားခင်က Strategy ဂိမ်း အဖြစ် လူသိများ ထင်ရှားပြီး ကျွန်တော်တို့ ရဲ့ Crazy Game.. 👍

ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေက ကော CoC ဂိမ်းကို ဘယ် update ထိ ဆော့ခဲ့ကြလဲ? ဘယ် Legaue ​တွေထိ ရောက်ခဲ့ကြလဲဆိုတာ Comments မှာ မန့်ခဲ့ကြပါဦး 💁

ယခု လက်ရှိ Myanmar No 1 player ရဲ့ CoC တပ်လေးကိုလဲ အောက်မှာ ကြည့်လို့ရပါတယ်နော် 👨‍💻

New Punishment System.. Credit Score နဲ့ AFK အတွက်အရေးယူမှုများ📍1.Credit Score ဆိုတာဘာလဲ?Cedit Score ဆိုသည်မှာကစားသူတစ်ယ...
26/07/2020

New Punishment System..

Credit Score နဲ့ AFK အတွက်အရေးယူမှုများ

📍1.Credit Score ဆိုတာဘာလဲ?
Cedit Score ဆိုသည်မှာကစားသူတစ်ယောက်ရဲ့ကစားပုံအခြေနေပေါ်မူတည်သတ်မှတ်တဲ့ In-game အမှတ်ပေးစနစ် တစ်မျိုးပဲဖြစ်ပါတယ်။ အကယ်၍ကစားသူဟာ AFK လုပ်ခြင်း ၊ အပျက်သဘောဆောင် ကစားခြင်း ၊ တမင်တကာ အသေခံခြင်း စသည့် စည်းကမ်းချိုးဖောက်မှုများပြုလုပ်ပါက Credit Score လျှော့ချခြင်းခံရပါမယ်။

📍2.Credit Score တွေ လျော့ကျရင်ဘာဖြစ်မလဲ?
Credit Score 90 အောက်နည်းတဲ့ကစားသူများဟာ Rank ကစားလို့မရနိုင်ပါဘူး။ အမှတ် 60 အောက်နည်းတဲ့သူများကတော့ Classic Mode အပြင် Brawl Mode ပါ Ban ခံရမှာဖြစ်ပါတယ်။ Credit Score တွေလျှော့ခံရတဲ့အခါသင့်ရဲ့ ရရှိလာမယ့် Battle Point များဟာလည်းလျှော့ခံရမှာဖြစ်ပါတယ်။

📍3.Credit Score တွေပြန်တက်လာအောင်ဘယ်လိုလုပ်ရမလဲ?
နေ့စဉ် Login ဝင်ခြင်းနှင့် ကစားပွဲများကို ပြီးမြောက်အောင်ကောင်းမွန်စွာကစားခြင်းတို့ဖြင့် (ရှုံးရှုံးနိုင်နိုင်) Credit Score များ ပြန်လည်တက်လာစေနိုင်ပါတယ်။ သို့သော်လည်းကစားသူတစ်ယောက်နှင့်တစ်ယောက် ပြန်လည်တက်နိုင်မည့်ပမာဏကတော့ ကွဲပြားပါတယ်။

📍4.Credit Score ပြန်တက်သည့်ပမာဏကိုထိခိုက်စေမယ့်အချက်တွေကဘာတွေလဲ?
System ဟာ သင်ဆော့ကစားခဲ့သော ပွဲ 100 ကို ပြန်လည်စစ်ဆေးပြီး ၊ စည်းမျဉ်းဖောက်ဖျက်ခြင်း ရှိတဲ့ ပွဲတွေအကုန်လုံး(AFK, အပျက်သဘောဆောင်သော ကစားခြင်း, ရည်ရွက်ချက်ရှိရှိ အသေခံခြင်း အစရှိသည်) ကိုရေတွက်ပြီး စည်းမျဉ်းများအလိုက် Credit Score တွေကို လျှော့ချသွားမှာပါ
သင့် Credit Score လျှော့ခံရတဲ့ ပွဲတွေများလာလေလေ နေ့စဉ်ပြန်ရနိုင်တဲ့ Credit Score ပမာဏကလည်း နည်းလေပါပဲ!!!
(ဥပမာအားဖြင့် ကစားသူ A ဟာ လွန်ခဲ့တဲ့ ပွဲ 100 မှာ 1 ပွဲ AFK ဖြစ်ပြီး ကစားသူ B ဟာ လွန်ခဲ့တဲ့ ပွဲ 100 မှာ 10 ပွဲ AFK ဖြစ်တယ်ဆိုရင် ကစားသူ B အတွက် Credit Score တွေပြန်ရဖို့ ပိုမိုခက်ခဲလိမ့်မှာပါ )

📍5. အခြားအပြစ်ပေးမှု
Rank ပွဲတွေမှာ ကစားသူဟာ တစ်ရက်အတွင်း စည်းမျဉ်းကို 2 ခါ ချိုးဖောက်ခဲ့ရင် သူဟာ 1 ရက်ကြာ Ban ခံရမှာပါ!!!
အကယ်၍ ကစားသူတစ်ယောက်ဟာ Rank ပွဲမှာ အကြာကြီး AFK ဖြစ်နေရင် ထိုကစားပွဲကို သူတို့အသင်းနိုင်သွားသည့်တိုင်အောင် ကစားသူဟာကြယ်ရရှိမှာ မဟုတ်တော့ပါဖူး။

ကဲ ဆေးမထိုးကြဘဲ ပျော်ပျော်ပါးပါးဆော့ကစားကြပါ 😁

Mobile Legends: Bang Bang မှ Project NEXT Logo အား တရားဝင် မိတ်ဆက်ခြင်း===========================================Mobile...
26/07/2020

Mobile Legends: Bang Bang မှ Project NEXT Logo အား တရားဝင် မိတ်ဆက်ခြင်း
===========================================

Mobile Legends: Bang Bang မှ ၂၀၂၀ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ယခုနှစ်အတွက် အရေးအကြီးဆုံး စီမံကိန်းများထဲမှ တစ်ခုဖြစ်တဲ့ Project NEXT အား တရားဝင် ထုတ်ဖော်ကြေညာခဲ့ပါတယ်။ နောက်ဆုံးကြော်ငြာ ဗီဒီယိုမှာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သတင်းအချက်အလက်များစွာကို ထည့်သွင်းခဲ့ပါတယ်။ Hero များအား အဆင့်မြှင့် မွမ်းမံခြင်းအပြင် Project Next ၏ တရားဝင် အမှတ်တံဆိပ်နှင့် ဒီဇိုင်း ရေးဆွဲခြင်းရဲ့ နောက်ခံ အကြောင်းအရာများကိုပါ ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့ပါတယ်။
အချို့သော Heroများရဲ့ ထင်ရှားသော အမူအကျင့်ပုံစံကို ပြသရန်အတွက် Mobile Legends: Bang Bang ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုHeroများရဲ့ စွမ်းရည်များကို အဆင့်မြှင့်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ အဆင့်မြှင့်မွမ်းမံခြင်းရဲ့ ထိပ်ဆုံးစာရင်းတွင် ပါရှိနေသော Mobile Legends: Bang Bangရဲ့ ပထမဆုံး Hero Miya ဟာ ကစားပွဲရဲ့ သင်္ကေတ တစ်ခု ဖြစ်လာပြီ ဖြစ်ပါတယ်။
Mobile Legends: Bang Bang သည် Miya အား လက်နက်မှ ဝတ်စုံအထိ ထင်ရှားစွာ စီစဉ်သတ်မှတ်ပေးထားပါတယ်။ ထိုသို့ဖြင့် Miya အား သိမ်မွေ့သော လေးသည်တော် တစ်ဦးအသွင် ဖြစ်စေပါတယ်။ ထိပ်ဆုံးအချက်အနေဖြင့် Miya ဟာ ပြိုင်ပွဲမှာ တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်အတွက် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သူမ၏ စွမ်းဆောင်ရည်များအား အဆင့်ဆင့် ထိန်းညှိပေးခဲ့ပါတယ်။ တိုးမြှင့်ထားသော မူလတိုက်ခိုက်မှု စွမ်းရည်နှင့် စွမ်းရည် (၂) သည် သူမ၏ ရန်သူအား ပျက်စီးစေနှုန်းကို မြင့်တက်စေပြီး ထိန်းချုပ်နိုင်မှု စွမ်းရည်အားလည်း တိုးတက်စေပါတယ်။ နေရာချထားမှုအားလည်း ပို၍ လွတ်လပ်စွာ လုပ်ဆောင်နိုင်စေပါတယ်။
Miya နှင့် ကစားနေကြဖြစ်တဲ့ ကစားသမားတွေက များစွာမျှော်လင့်နေတဲ့ အခြား Hero ဖြစ်သည့် Alucard ရဲ့ စွမ်းရည်တွေကိုလည်း ပြန်လည်မွမ်းမံဖို့လည်း Mobile Legends: Bang Bang မှ စီစဉ်ထားပါတယ်။
တရားဝင်အဖွဲ့၏ လုပ်ဆောင်ချက်အရ Alucard ၏ စွမ်းဆောင်ရည်များကို အနည်းငယ်တိုးမြှင့်မှုများ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ သို့သော် Alucard ၏ သွင်ပြင်ကို များစွာပြောင်းလဲမည် မဟုတ်ပါ။ ကစားသမားများ၏ တုံ့ပြန်ချက် စစ်တမ်းအရ Mobile Legends: Bang Bang အဖွဲ့၏ တွေ့ရှိချက်မှာ ကစားသမား အများစုဟာ Alucard ၏ ရန်သူနှင့် တစ်ယောက်ချင်း တိုက်ခိုက်မှု စွမ်းရည်ကို နှစ်သက်ကြပါတယ်။ ထို့ကြောင့် ရန်သူနှင့် တစ်ယောက်ချင်း တိုက်ခိုက်လျှင် ထိခိုက် ပျက်စီးစေမှု စွမ်းရည်ကို အဆင့်မြှင့်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့သည် မူလ စွမ်းရည်ကို ထိန်းညှိပေးပြီး ပစ်မှတ် (၂) ခုကို ပစ်သည့်အခါတွင် ထွက်သော ပိုမို ထိခိုက် ပျက်စီးစေသည့် စွမ်းရည်ကို ဖယ်ရှားခဲ့ပါတယ်။ ထို စွမ်းရည်ကို ဖယ်ရှားခဲ့သည့်အစား ပစ်မှတ်တစ်ခုတည်းကို တိုက်ခိုက်သည့် Alucard ၏ မူလ စွမ်းရည်ကို တိုးမြင့်စေခဲ့ပါတယ်။ အသက်အပိုပါသည့် Alucard ၏ ထူးခြားတဲ့ စွမ်းရည်ကို ဖယ်ရှားပြီး အမှတ်အသားလုပ်ထားသည့် ပစ်မှတ်များအား ပျက်စီးနှုန်း ပိုမို မြင့်စေသည့် စွမ်းရည်နဲ့ အစားထိုးခဲ့ပါတယ်။ ထို ပျက်စီးမှုများစေတဲ့ စွမ်းရည်ဟာ Alucard ၏ ပုံမှန်တိုက်ခိုက်မှု စွမ်းရည်အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပြီး ထိခိုက်ပျက်စီးစေနှုန်းကို မြှင့်တင်ပေးပါတယ်။
သူရဲကောင်းများအား သတ်မှတ်ရေးဆွဲမှုနှင့် စွမ်းရည် သတ်မှတ်မှုများအား ထပ်မံ ဖော်ပြရမည်ဆိုလျှင် သူရဲကောင်းများအကြား နောက်ခံအကြောင်းအရာများအား အဆင့်ဆင့် ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
နိုင်ငံတကာက အမြင်တွေ အနုပညာနှင့်ဂီတတွေ Heroတွေကို ပိုမိုကောင်းမွန်အောင်ဖန်တီးသွားမှာ ဖြစ်ပြီး ဂိမ်းကစားလိုက်တိုင်းမှာ အတွေ့အကြုံသစ်များကို ရရှိစေရန် ရည်ရွယ်ပြီး Project NEXT ကို ရေရှည်စီမံသွားမှာပဲ ဖြစ်ပါတယ်။ Mobile Legends : Bang Bang ကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနှင့် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေနှင့်အတူ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Project NEXT logo ကိုဆန်းသစ်စွာ အသစ်တီထွင်ထားတာပဲ ဖြစ်ပါတယ်။
ရွှေရောင်က ဂုဏ်သရေရှိခြင်း၊ တရားမျှတခြင်း၊ ဝါသနာကြီးခြင်းကို ကိုယ်စားပြုပါတယ်။ အပြာရောင်စိန်ကတော့ မျှော်လင့်ချက်၊ ရဲတိုက်မျှော်စင်တွေကို ကာကွယ်ခြင်း၊ ဦးဆောင်လမ်းပြတဲ့အချက်ပြမီး ကို ကိုယ်စားပြုပါတယ်။ အောက်မှာရှိတဲ့ v ပုံစံလေးကတော့ တောင်ထိပ်ပုံလေးဖြစ်ပြီး အတိတ်က အောင်မြင်မှုကို ကိုယ်စားပြုပြီး NEXT ကတော့ နောက်လာမည့် စွန့်စားမှုတွေကို ကိုယ်စားပြုတာပဲ ဖြစ်ပါတယ်။ Mobile Legends: Bang Bang က ကစားသမားရဲ့ အကြံပေးချက်တွေနှင့်အတူ အချိန်၊အသစ်အဆန်းတွေ၊ အသစ်တီထွင်မှုတွေကို အကောင်းဆုံးပြုလုပ်ထားပါတယ်။ နှစ်စဉ်ဆန်းသစ်မှုတွေနှင့်အတူ ၂၀၁၉ ခုနှစ်မှာ Mobile Legends: Bang Bang 2.0 ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကစားသမားများက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဒါကြောင့် Project NEXT ကို စောင့်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ဆုံးရ သတင်းတွေကိုလည်း ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်စောင့်ကြည့်ကြရအောင်နော်။

Newfeed တခုလုံး ရနေတာဆိုတော့ Free ပေးလို့များလား 🤔
26/07/2020

Newfeed တခုလုံး ရနေတာဆိုတော့ Free ပေးလို့များလား 🤔

26/07/2020

မင်မင့် ရဲ့ The best Running Moment 😁

မင်္ဂလာပါဗျာ ဒီနေ့မင်မင် တင်ပေးမဲ့ အကြောင်းအရာကတော့f***y guide part-1ပဲဖြစ်ပါတယ်...... f***yဆိုတာကml playerတော်တော်များမ...
05/03/2020

မင်္ဂလာပါဗျာ
ဒီနေ့မင်မင် တင်ပေးမဲ့ အကြောင်းအရာကတော့
f***y guide part-1ပဲဖြစ်ပါတယ်......
f***yဆိုတာကml playerတော်တော်များများရဲ့dream heroပါ difficultyအမြင့်ဆုံးဖြစ်ပြီးတော့ ကိုင်ရတာလဲ အရမ်းခက်ပါတယ် 😏
ဒါပေမဲ့ကိုင်တတ်သွားရင်လဲ
easy kill,easy pointပါပဲနော်
ကဲ ကျနော်တို့ item buildကနေ စသွားလိုက်ကြရအောင်
..
1st itemကတော့မဖြစ်မနေjungleဓား စ ဆက်ဖို့လိုပါတယ် jungleဓားအကြီးမဟုတ်တောင်280တန်jungleဓားကfarmရတာ အဆင်ပြေစေမှာပါ
bloodlust axeကတော့f***yအတွက်မရှိမဖြစ်လိုအပ်တဲ့itemလို့ပြောလို့ရပါတယ် spellသုံးလို့ရန်သူကိုထိသွားတိုင်း ထိတဲ့ပမာဏပေါ်မူတည်ပြီးသွေးပြန်‌တက်စေမာပါ
+70physical attackနဲ့10%cd reduction
ပါတာမို့အရမ်းအဆင်ပြေပါတယ်
ချွင်းချက်အနေနဲ့endless battleနဲ့ဆော့ကြတာလဲတွေ့ဖူးပါတယ် မင်မင်ကတော့blooded axeနဲ့ပဲဆော့ပါတယ်
ဖိနပ်ကတော့ ပွဲအခြေအနေပေါ်မူတည်ပြီးဆက်ပါ ဒါတော့မပြောတော့ပါဘူး
blade of 7seaကတော့သွေး250နဲ့+65 physical attackအပြင် 15% physical penetrationပါပါတယ် passive skillကလည်း
5 sအတွင်းထိခိုက်မခံထားရရင် 1st basic attackကို100% physical attack
ပေါင်းပေးမှာပါ
blade of despair ကတော့ luxury itemပေါ့ အရမ်းအဆင်မပြေရင် မဆက်လဲရပါတယ်
defenseအနေနဲ့ကတော့ Queen's wingsရောbrute force bleast plateရောဆက်ကြပါတယ်
အဆင်ပြေတာရွေးဆက်နိုင်ပါတယ်
rose gold meteorကတော့ ဆက်သင့်ပါတယ်
ဘာလို့ဆိုတော့ stunမိနေတဲ့အချိန်မျိုးမှာ ဒီitemကပေးတဲ့ absorb shieldနဲ့escapeဖြစ်နိုင်ပါတယ်
ဒါကတော့ မင်မင်ရဲ့ fav item buildလေးပါ
buildထဲမှာက jungleလေးတွေဖြုတ်ထားတာနော်
မလိုဘူးမထင်နဲ့ဦး😁
part 2မှာတော့ emblem buildနဲ့ basic cable trainingလေးတွေလာပါမယ်နော်
စောင့်မျှော်ပေးကြပါဦး...😍😍

17/02/2020

League of Legandsမှာ အကြီးကျယ်ဆုံး 2017 World Championship Opening....

နည်းပညာနဲ့ Elder Dragon ကအသက်😍

12/02/2020

Franco ရဲ့ Hook မိလို့ကတော့ Feel ဘဲ 🤔

ကဲကဲ Dia လေးတွေ စုထားကြတော့ 😘
11/02/2020

ကဲကဲ Dia လေးတွေ စုထားကြတော့ 😘

Couple နှစ်ယောက်လာpနော် Battle Pointလေးတွေစုထားကြ 😁
11/02/2020

Couple နှစ်ယောက်လာpနော် Battle Pointလေးတွေစုထားကြ 😁

Address


Telephone

+959958943384

Website

Alerts

Be the first to know and let us send you an email when Happy Ghost-GAMING posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy Ghost-GAMING:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share