Anythings Online Store - KAT

  • Home
  • Anythings Online Store - KAT

Anythings Online Store - KAT for everyone needs.

Special Discount.ကြိုက်တာယူ 28000 ကျပ်.ရေဘင် တံဆိပ် မှန်သားစစ်စစ် UV 400 ပါဝင်သော Class A အစစ်ပါ.Order to Cb.မြန်မာတစ်နိ...
05/03/2022

Special Discount.

ကြိုက်တာယူ 28000 ကျပ်.
ရေဘင် တံဆိပ် မှန်သားစစ်စစ် UV 400 ပါဝင်သော Class A အစစ်ပါ.
Order to Cb.
မြန်မာတစ်နိုင်ငံလုံး ပစ္စည်းရောက်မှငွေချေ ပို့ခ Free.

11/11/2021
တစ်စုံတစ်ယောက်ပျော်ရွှင်စေဖို့ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်အသုံးပြုဖို့ပဲဖြစ်ဖြစ် အသုံးဝင်မယ့် Items လေးတွေ စျေး...
07/11/2021

တစ်စုံတစ်ယောက်ပျော်ရွှင်စေဖို့ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်အသုံးပြုဖို့ပဲဖြစ်ဖြစ် အသုံးဝင်မယ့် Items လေးတွေ စျေးနှုန်းတန်တန်လေးတွေနဲ့ ရောင်းချပေးဖို့ အစီအစဥ္လေးရှိပါတယ် လေးစားရပါသော ချစ်မိတ်ဆွေများ အားပေးကြပါဦးနော်.

29/10/2021

'' လက်ဆောင် ''

ဘဝမှာ အမှတ်တရနေ့တွေဆိုတာ လစဥ္တိုင်းမှာလိုလို ရှိတတ်ကြတယ်.

တချို့က အရမ်းလေးနက်စေချင်တယ်.တစ်ချို့က မေ့ပစ်တတ်ကြတယ်(တကယ်မေ့နေတာလဲရှိ)
အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပဲဖြစ်ဖြစ် တန်ဖိုးကြီးသည်ဖြစ်စေ တန်ဖိုးနည်းသည်ဖြစ်စေ ကိုယ့်အတွက်သီးသန့်ပေးတဲ့ လက်ဆောင်ရရင် ကြည်နူးကြတာချည်းပဲလေ. လက်ဆောင်ပေးတဲ့အချိန်မှာ အမူအရာ အပြောအဆိုပါ ငြင်သာကြည်နူးနေမယ်ဆိုရင် ရ တဲ့သူထက် ပေးတဲ့သူမှာ ပိုပြီး အချစ်ခံပျော်ရွှင်ရစေတယ်.
ဘာရယ်မဟုတ် သူ့အတွက် သူသုံးနေကြ ပစ္စည်းလေးတစ်ခု ဝယ်ပေးကြည့် စိတ်ချမ်းသာပျော်ရွှင်ရမှာ ကိုကိုယ်တိုင်ပါ.

သူက ကိုယ့်ကို ဂရုစိုက်စေချင်ရင် ကိုယ်ကအရင်သူ့ကို ဂရုစိုက်ပေးရတယ်လေ.သူ့ရဲ့ ဂရုစိုက်တာလိုချင်လို့ အရွဲ့တိုက်ရင် တစ်ခါတစ်လေတော့ ရကောင်းပေမယ့် အမြဲလိုလိုဆိုရင်တော့ ပြဿနာပိုကြီးတာပဲရှိနိုင်ပါတယ်. တစ်ဖက်လူရဲ့နေရာကနေ ခဏတာခံစားကြည့်တဲ့အခါမှာ ပြဿနာအားလုံး တစ်ဝက်ဖြေရှင်းပြီးသားဖြစ်သွားမယ်.လူတိုင်း စိတ်အေးအေးချမ်းချမ်းဖြစ်ချင်ရင် ဒီ ၂ ချက်ကို ဆောင်သင့်ပါတယ်.

၁။ သူ့ဘက်ကိုယ့်ဘက် မျှခံစားခြင်း.

၂။ ကြုံကြိုက်တဲ့အချိန်လေးမှာ သာမန်ထက် နဲနဲပိုဂရုတစိုက်ရှိပေးခြင်း
တခါတလေ လက်ဆောင်လေးတွေဝယ်ပေးတာကလဲ တကူးတက ဂရုစိုက်ပေးတာထက်ပို အကျိုးရှိပါတယ်.
ဘဝခရီးမှာ တစ်ကိုယ်တည်း လျှောက်လှမ်းနိုင်ရင် အကောင်းဆုံးဆိုပေမယ့် လက်တွဲဖော်ရွေးချယ်ထားပြီးပြီဆိုရင်တော့ ၂ဦးလုံးရဲ့ ပျော်ရွှင်မှုက အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ်ဆိုတာ......................
29.2021.

အသိပညာ​ပေး စာစု​လေးများပုံကို​ထောက်၍ ဖတ်ပါ။ Credit
23/10/2021

အသိပညာ​ပေး စာစု​လေးများ

ပုံကို​ထောက်၍ ဖတ်ပါ။
Credit

အသိပညာ​ပေး သုတရသ စာ​ပေများ စုစည်းမှုပုံကို ​ထောက်၍ ဖတ်ပါ။ 👇👇👇Credit
22/10/2021

အသိပညာ​ပေး သုတရသ စာ​ပေများ စုစည်းမှု

ပုံကို ​ထောက်၍ ဖတ်ပါ။ 👇👇👇
Credit

22/10/2021

" တချို့တွေကို အဖတ်မလုပ်ပါနဲ့ "

အသက်လေးရလာတော့
ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်
ဝမ်းမနည်းမိတော့ဘူး။
သူတို့လိုအပ်တဲ့လူတွေ
သူတို့နားမှာမြဲနေပါစေပဲဆုတောင်းတယ်။

ကိုယ့်ကိုမကြိုက်တဲ့လူတွေတွေ့ရင်လည်း
သူတို့ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။
သူတို့ကြိုက်တဲ့လူတွေနဲ့သူတို့
ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။

ကိုယ့်ကိုမကောင်းပြောတာပြန်ကြားရင်
အစကတော့ဒေါသဖြစ်မိတယ်။
ဒါပေမယ့် လူတွေဆိုတာ
ဘုရားကိုတောင်သတ်ဖို့ကြိုးစားခဲ့ကြသေးတာပဲ။
ပြောရုံသာပြောပြီး
ကိုယ့်ကိုလာမသတ်တာကို
ကြံဖန်ကျေးဇူးတင်လိုက်ပါ။

လူတွေအပေါ်သိပ်ဂရုစိုက်လွန်းတာကို
လျှော့လိုက်ပါ
နေရတာပေါ့ပါးသွားမယ်။

သူတို့ကကိုယ့်တစ်ယောက်ထဲကို
လိုက်ကြည့်နေတာမဟုတ်သလို
ကိုယ့်ကိုမတွေ့လည်း နောက်လူတွေကို
ဆက်ကြည့်နေမှာဖြစ်တယ်။

ကိုယ့်အကြောင်းပြောစရာမတွေ့လည်း
နောက်တစ်ယောက်အကြောင်းကို
ထပ်ပြောနေမှာဖြစ်တယ်။

သူတို့လိုအင်တွေပြည့်နေစဉ်
သူတို့အကြိုက်လိုက်နေပေးစဉ်
သင်ကကောင်းနေမှာဖြစ်ပြီး....

သူတို့စိတ်ထဲမတွေ့တော့ရင်
သူတို့စိတ်ကြိုက်နေမပေးရင်
သင်ဟာသူတို့ရန်သူဖြစ်သွားမှာပါ။

သူတို့ပါးစပၴဲမြာ
သင်က ကောင်းလိုက် မကောင်းလိုက်
သူတို့အမြင်မှာ
သင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက်
သူတို့အတွေးမှာ
သင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက်
အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ
တနေ့တမျိုးမရိုးရအောင်
သင်က ကပြနေရတာပါ။

တကယ်တော့
လူတွေကိုသိပ်ဖက်တွယ်လွန်းရင်
သိပ်အာရုံထဲထည့်ထားရင်
အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။
သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့
ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ်ဆိုတာတွေကို
ဆက်လက်လုပ်နေမှာဖြစ်တယ်။

ဒါ့ကြောင့်
လူတချို့သင့်ကိုမလိုဘူးဆိုရင်
မနှစ်သက်ဘူးဆိုရင်
မကောင်းပြောနေတယ်ဆိုရင်
ဘာမှ ခံစားမနေဘဲ
ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။
နေတတ်သလိုဆက်သာနေပါ။

သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့
အမှိုက်လိုလူတွေရဲ့
ပုပ်နေတဲ့စကားတွေ
လောက်တက်နေတဲ့ အပြုအမူတွေကို
ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။

သူ့လမ်း ကိုယ့်လမ်း
သူ့ဘဝ ကိုယ့်ဘဝ
သူ့ထမင်း ကိုယ့်ထမင်း တူတာမှမဟုတ်တာ။

ဒါကြောင့်
သင့်မှာ အခုလိုလူတွေရှိရင်
အဖက်လုပ်မနေပါနဲ့

အဖက်မလုပ်ခြင်းဟာ
အပြင်းထန်ဆုံးတုန့်ပြန်ခြင်းသာဖြစ်ပါတယ်။

Credit. Original Writer

ဖတ်စရာ မှတ်စရာ ပညာ​ပေးစာစုများ စုစည်းမှု 👇ပုံကို​ထောက်၍ဖတ်ပါ။ Credit
22/10/2021

ဖတ်စရာ မှတ်စရာ ပညာ​ပေးစာစုများ စုစည်းမှု 👇

ပုံကို​ထောက်၍ဖတ်ပါ။
Credit

🌼 ဒီလူ ၆ ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ..၁။ သင့်ကိုငွေချေးပေးသူ- ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပ...
22/10/2021

🌼 ဒီလူ ၆ ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ..

၁။ သင့်ကိုငွေချေးပေးသူ
- ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။ တန်ဖိုးထားပါ။

၂။ သင့်ကို ပစ္စည်း ရက်ရက်ရောရော ပေးတတ်သူ
- ပစ္စည်းပေါလွန်းလို့တော့ မဟုတ်ဘူး။ ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။

၃။ အတူတူအလုပ်လုပ်တဲ့အချိန်မှာ သင့်ကို ဦးစားပေးတတ်သူ
- "အ" လို့တော့မဟုတ်ဘူး။ မျှဝေခံစားတတ်လို့ပါ။

၄။ အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ
- နုံအ လို့တော့မဟုတ်ဘူး။ တာ၀န်သိတတ်သူမို့လို့ပါ။

၅။ ဘေလ်ကို အရင်ရှင်းတတ်သူ။
- ငွေပေါနေလို့မဟုတ်ဘူး။ ခင်မင်ရင်းနှီးမှုကို ငွေထက် တန်ဖိုးထားတတ်လို့ပါ။

၆။ သင့်ကို ကူညီတတ်သူ
- သင့်ကို အောက်ကျခံ နေလို့မဟုတ်ဘူး။ သင့်ကို သူငယ်ချင်း အရင်းလို သတ်မှတ်လို့ပါ။


သင် ရင့်ကျက်လာလျှင် 💪Credit
22/10/2021

သင် ရင့်ကျက်လာလျှင် 💪

Credit

ဖတ်စရာ မှတ်စရာ စုစည်းမှုများ 💛ပုံကို​ထောက်၍ ဖတ်ပါ။Credit
21/10/2021

ဖတ်စရာ မှတ်စရာ စုစည်းမှုများ 💛

ပုံကို​ထောက်၍ ဖတ်ပါ။
Credit

မှတ်သားစရာ အဖြာဖြာ 💛Credit
21/10/2021

မှတ်သားစရာ အဖြာဖြာ 💛

Credit

တိတ်တိတ်​နေပါ 🤫Credit
21/10/2021

တိတ်တိတ်​နေပါ 🤫

Credit

20/10/2021

#ရှေးလူကြီးသူမ_ဆိုရိုးစကားများ

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။
စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊
မကောင်းပြောလျင်လည်း ချက်ချင်း ၀မ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။
လူသည်လည်း အကျင့်ပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။
ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။
မရှိသောသူကို သူခိုးမခိုး။

(၆) လက်ခြေတို့သည် ၀မ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။
မည်သူကမျှ အလကားခေါ်မကျွေးနိုင်။

(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊
လူတိုင်းသည် အချစ်နှင့် မကင်း။

(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊
မာနကြီးသူသည် စကားကျဲ၏။

(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊
အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊
စကားကြောင့် မုန်းတတ်၏။

(၁၁) မြန်မြန်စားသော် နင်တတ်၏၊
မြန်မြန်ပြေးသော် ချော်လဲတတ်၏။

(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊
အရောင်းအ၀ယ်ပြုလျင် အများတကာကဲ့သို့ စျေးယူရာ၏။

(၁၃) နှုတ်ချိုသော် ပုခုံး သက်သာ၏၊
နှုတ်ချိုသော် ဗိုက်ပြည့်၏။

(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊
ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊
မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊
သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

(၁၇) အတူတကွ ဝိုင်း၀န်းစားမှ အရသာမြိန်၏၊
အတူတကွ ဝိုင်း၀န်းမမှ အလေးချိန်ပေါ့၏။

(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊
ပညာရှိသည် တိတ်တိတ်နေတတ်၏။

(၁၉) တောချုံကိုလည်း မပျက်စေရာ၊
ယုံကိုလည်း မလွှတ်ထွက်စေရာ။

(၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊
ရေကိုလည်း မနောက်စေရာ။

(၂၂) စားလို၍ မေးမြန်းတတ်သည်။
ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

(၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊
ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

(၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။
အမျိုးကွဲသောသားသမီးသည် တခြားသူဖြစ်သွား၏။

(၂၅) လူဖြစ်လာလျင် မအပါနှင့်၊
မိမိကျော ကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

(၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။

(၂၇) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊
ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။

(၂၈) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။

(၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊
ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။

(၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။
တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

(၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊
မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

(၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။
ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

(၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျနိုင်၊
နာခေါင်းဖြင့် စားလျင် ဗိုက်မ၀။ (အနံ့ခံရရုံဖြင့် ဗိုက်မ၀ဟု ဆိုလို၏)

(၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊
ကိုယ်ဘက် သုံးချောင်းတိုး။
(လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊
လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)

(၃၅) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

(၃၆) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။
အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။

(၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။
ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

(၃၈) ဆင်ပြောင်ကြီးသည် သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့
စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

(၃၉) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊
ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။

(၄၀) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။
ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

(၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊
သန်းက ခွေးကို ကိုက်သော် လည်း ခွေးမသေ။

(၄၃) ကံမကောင်းလျင် သစ်ပင်ကို အမီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊
တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

(၄၄) ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ် ကျားနှင့် ၀င်တိုးတတ်၏။

(၄၅) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊
အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။

(၄၆) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

#🙏🙏🙏🙏🙏

20/10/2021

#အောင်မြင်ချင်ရင်

ငွေစုတာဟာ ငွေရှာရတာထက်ခက်တယ်
ငွေစုတာဟာ ပညာပဲ …

မိမိငွေကို သူများလက်ထဲမှာ ဘယ်တော့မှ မထားပါနဲ့ …

ချမ်းသာချင်ရင် စုဗူးနဲ့စုပါ စိတ်သောကရောက်ရင် စုမဲ စုပါ …

စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့
လူတန်းစေ့မနေနိုင်ခင် လူတန်းစေ့ မစားချင်ပါနဲ့
အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ…

ထမင်းနပ်မှန်ဖို့ ကြိုးစားနေရတဲ့အချိန်
အကောင်းဆုံး အလှကုန်တွေ မစဉ်းစားပါနဲ့
လူတစ်ယောက် အသက်ရှင်ဖို့ အရေးကြီးဆုံး
လိုအပ်ချက်မှာ ( စား .ဝတ် . နေ )ရေးပါပဲ…

မအောင်မြင်ခင် မလှချင်နဲ့ဦး
အောင်မြင်လာရင် လှလာလိမ့်မယ်… ( မယုံရင် အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ )


သုထက်သာ(လှည်းကူး)

20/10/2021

စကား
=======
စကားဆိုတာ
ပြောတတ်ရင် အား
မပြောတတ်ရင် အမှားဖြစ်တတ်တယ်။

ကိုယ်ပြောလိုက်တဲ့
စကားတစ်လုံးဟာ
လူတစ်ယောက် အားအင်ဖြစ်ဖို့လိုတယ်။

စကားလုံးတွေ
ဘယ်လောက်ကောင်းကောင်း
ဘယ်လောက်ပဲ လှလှ
နားထောင်သူအတွက်
စာဖတ်သူအတွက်
အားမဖြစ်ရင် ဘာထူးမှာလဲ။

အရသာတွေမှာ
လူတွေက ချိုတာကို ပိုကြိုက်တယ်
လူတစ်ချို့ပဲ
ခါးတဲ့အရသာ ကြိုက်ကြတာ။

ကိုယ့်စကားက ချိုပြီးကောင်းနေရင်
သူတစ်ပါးအတွက်
အားဖြစ်စေမယ်။

ကိုယ့်စကားက ခါးနေရင်
သူတစ်ပါးအတွက် အမှားဖြစ်တတ်တယ်။

"စကားထဲက ဇာတိပြ" တဲ့
ကိုယ်ပြောတဲ့စကားဟာ
ကိုယ့်ရဲ့ စိတ်နေ စိတ်ထားကို
ဖော်ပြနေခြင်းပါပဲ။

စကားတစ်ခွန်းကြောင့်
ဘဝဖြစ်နိုင်သလို
ပျက်စီးသွားတာမျိုးလဲ ဖြစ်နိုင်တယ်။

တစ်ယောက်နဲ့ တစ်ယောက်
အဓိပ္ပါယ်ဖွင့်ဆိုချက်
အပြောအဆိုမတူပေမယ့်
ကိုယ့်အတွက်အကျိုးရှိစေမယ့်
စကားမျိုးဆို မှတ်ထား လိုက်နာသင့်တယ်။

လူတွေ
မွေးလာကတည်းက ပြောလာကြတယ့်
စကားတွေပဲ
ဘယ်လိုစကားမျိုးက
ကိုယ့်အတွက်
ကောင်းတယ် မကောင်းဘူးဆိုတာ
နားလည်နိုင်ပါလိမ့်မယ်။

သူ့အပြောအဆိုကို မကြိုက်ရင်
ကိုယ့်အပြောအဆိုကိုလဲ ဆင်ခြင်ရမယ်။

ကိုယ်မကြိုက်တာ မပြောစေချင်ရင်
သူမကြိုက်တာလဲ မပြောမိစေနဲ့။

စကားဆိုတာ မပြောပဲ နေလို့မရလို့
ပြောတဲ့အခါမှာလဲ
အားဖြစ်စေမယ့် အကျိုးရှိမယ့်
စကားမျိုးတွေ ပြောနိုင်ဖို့ ကြိုးစားပါ။

ကိုယ့်စကားကမှန်တယ်ထင်တိုင်း
ပြောနေလို့မရဘူး
ကိုယ်ကမှန်တယ်လို့ ထင်တိုင်း
သူ့တစ်ပါး စကားကို
မှားတယ်လို့ဆိုလို့မရပါဘူး။

လူဆိုတာတော့
မုသားကင်းတယ်ဆိုတာ
ရှားပါတယ်။

ချိုသာတဲ့ နှုတ်ခမ်းနဲ့
မှန်ကန်သောစကား
မုသားကင်းနိုင်သမျှကင်းပြီး
အားဖြစ်စေမယ့်စကား
ပြောနိုင်ကြပါစေ။

မှတ်ဖွယ် မှတ်ရာ ထိုထိုစာ 👇ပုံကို​ထောက်၍ ဖတ်ပါ ။
19/10/2021

မှတ်ဖွယ် မှတ်ရာ ထိုထိုစာ 👇

ပုံကို​ထောက်၍ ဖတ်ပါ ။

 #သူ့နေရာနဲ့သူ         တစ်ခါတုန်းက မြို့တစ်မြို့မှာသူတောင်းစားလေးတစ်ယောက်ရှိတယ် ။ သူတောင်းလို့ရတဲ့ မုန့်ပဲသရေစာကို မြို့...
19/10/2021

#သူ့နေရာနဲ့သူ

တစ်ခါတုန်းက မြို့တစ်မြို့မှာ
သူတောင်းစားလေး
တစ်ယောက်ရှိတယ် ။

သူတောင်းလို့ရတဲ့
မုန့်ပဲသရေစာကို မြို့စျေးရဲ့
ပလက်ဖောင်း လေးမှာ
စားလေ့ရှိတယ် ။

ဒါကို စျေးသူ စျေးသား
စျေးဝယ်လာသူတွေ
အားလုံးသိတယ် ။

ဘယ်သူကမှ ဂရုတစိုက်
ရှိမနေဘူး ။

တစ်နေ့ကြတော့
ပိုက်ဆံချမ်းသာတဲ့
မိသားစုတစ်စုက
သူ့တို့ကလေးနဲ့
မတော်တော့တဲ့
အဝတ်တချို့ကို
သူတောင်းစားလေးဝတ်ဖို့
ပေးလိုက်တယ် ။

သူတောင်းစား လေး
ကလည်း နေ့စဉ်ရက်မျှ
နဂိုအတိုင်း ဝတ်မြဲ
အစုတ်အပြဲတွေနဲ့ပဲ
တောင်းစားတယ် ။

အရင်နေရာမှာသာ
ထမင်း အမြဲစားတယ် ။

ဒါကို
သတိထားမိတဲ့တစ်ရက်မှာ
အဝတ်တွေစွန့်ကြဲလိုက်တဲ့
သူဌေးကခေါ်မေးတယ် ။

မင်းကိုဝတ်စေချင်လို့
ပေးလိုက်တဲ့
အဝတ်တွေ ဘာလို့
မဝတ်တာလဲ ကလေး ?

မင်း
ရောင်းစားလိုက်တာလား...?

မင်းကိုပေးလိုက်တာ
မင်း ပိုင်တယ်ဆိုပေမယ့်
မင်းကို နွေးထွေးစေချင်လို့
ဝတ်စေချင်လို့. . .

မင်း အဲ့လို
တစ်ခါသုံးစိတ်ဓာတ်ရှိရင်..
မင်းကို တကူးတက
ပေးနေစရာမလိုဘူးလေ "

ဟုတ်ကဲ့ ဦး !
ပေးကမ်းတာကိုလည်း
ကျေးဇူးတင်ပါတယ် ။

ဦးပေးတဲ့
အဝတ်တွေကိုလည်း
သားမရောင်းစားပါဘူး ။

ညဆို ဝတ်အိပ်ပါတယ် ။

ညဘက်တွေ အေးစိမ့်
လာတိုင်း

ကျွန်တော့်ကို နွေးထွေးစေတဲ့
အဝတ်အကောင်းတွေကို
ဝတ်တိုင်း ဦးတို့ကို
ဆုတောင်း​ပေးနေမိတယ်... "

ဒါဆို ဘာလို့ နေ့တိုင်း
အစုတ်ကိုဝတ်နေတာလဲ..? "

ဦးရယ်
သားက သူတောင်းစားလေ "

လယ်သာဂျာကင်ကိုဝတ်
ဂျင်းဘောင်းဘီလှလှလေးနဲ့
သနားကြပါဆိုပြီး

တောင်းနေရင်
ဘယ်သူကယုံကြည်စွာ...
ပေးကမ်းမှာလဲ ??? "

ကျွန်တော်လို သူတောင်းစား
လမ်းဘေးမှာ
ထမင်းထုတ်ဖြေစားတာ
မထူးဆန်းပါဘူး...

သူဌေးသားတစ်ယောက်
လမ်းဘေးမှာ ထမင်းထုတ်
ဖြေစားရင်
ထူးဆန်းသွားကြတယ် "

ဦးရဲ့ စေတနာ ကို
နားလည်ခံစားမိပေမယ့်..

ကျွန်တော့်ရပ်တည်မှု
ဘဝကံတရားကို မတွန်းလှန်
နိုင်ချိန်မှာ အဝတ်စုတ်က
ထမင်းရှင်ဖြစ်နေတာမို့

ဦးရဲ့
ကျေးဇူးကို ရင်ထဲကသာ
ဆပ်နေခွင့်ပြုပါ ဦးရယ်.. "

ဘဝဆိုတာ သူ့နေရာနဲ့သူ
ဖြတ်သန်းနေကြရတာ

ကိုယ့်ရဲ့
အမှန်တရားကလည်း
ဆန့်ကျင်ဖက်
ဖြတ်သန်းနေရသူအတွက်
အမှန်တရားမဖြစ်နိုင်ဘူး ။

တစ်ခါတလေ
ကိုယ်ကပေးအပ်ပြီး
ကိုယ်က
ရှုံးနိမ့်တာတွေ ရှိတယ် ။

တစ်ခါတလေ ကိုယ့်က
ရယူလိုက်ပြီး
ရှုံးနိမ့်တာတွေ ရှိတယ် ။

တကယ်တော့ အနိုင်အရှုံး
ဆိုတာ
ကိုယ်က သတ်မှတ်တာ......

ရယူခြင်း ၊ ပေးအပ်ခြင်း
ဆိုတာ
နှလုံးသားက သတ်မှတ်တာပါ ။

အတွေးတစ်ခုခုရကြပါစေ

. ...

" တစ်ခါတစ်ရံ "ကိုယ်မှန်သလားမှားသလား သေချာမသိပေမဲ့ ကိုယ့်ကြောင့်နစ်နာသွားမလားဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ အရာရာကို ခွင့်လွတ...
18/10/2021

" တစ်ခါတစ်ရံ "

ကိုယ်မှန်သလား
မှားသလား သေချာမသိပေမဲ့ ကိုယ့်ကြောင့်
နစ်နာသွားမလားဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့
အရာရာကို ခွင့်လွတ်ပေးနိုင်အောင်နေခဲ့ဖူးတယ်။

ပြောသင့်လား
မပြောသင့်ဘူးလားဆိုတာ
ကိုယ်တိုင် သေချာမဝေခွဲနိုင်ပေမဲ့
ကိုယ့်ကြောင့်သူတို့ ထိခိုက်သွားမှာစိုးလို့
အရာရာကို ရေငုံနူတ်ပိတ်နေခဲ့ဖူးတယ်။

မြင်နေရ တွေ့နေရပေမဲ့
မေးသင့်လား မမေးသင့်ဘူးလားဆိုတာ
ကိုယ်တိုင်မဆုံးဖြတ်နိုင်ပေမဲ့ ကိုယ့်ကြောင့်သူတို့
အနှောက်အယှက်ဖြစ်သွားမလားလို့တွေးပြီး
အရာရာမသိသလို ဟန်ဆောင်ပေးခဲ့ရဖူးတယ်။

လုပ်သင့်လား
မလုပ်သင့်လားဆိုတာ
ကိုယ်တိုင် မစဉ်းစားတတ်သေးပေမဲ့
ကိုယ့်ကြောင့်သူတို့ နာကျင်သွားမလားဆိုတဲ့ စိတ်နဲ့
အရာရာ အရှုံးပေးလိုက်ခဲ့ဖူးတယ်။

တုန့်ပြန်သင့်လား
ခွင့်လွှတ်သင့်လားဆိုတာ
ကိုယ်တိုင် နားမလည်သေးပေမဲ့
ကိုယ့်ကြောင့် သူတို့အဆင်မပြေဖြစ်သွားမလားဆိုတဲ့
စိတ်နဲ့အရာရာ လက်လွတ်ခဲ့ဖူးတယ်။

တစ်ခါတစ်ရံ ကိုယ်မှန်တယ်ဆိုပေမဲ့
တစ်ပါးသူအတွက် နစ်နာမှာစိုးတဲ့စိတ်နဲ့
အမှန်တရားကို ချနင်းခဲ့ရတာမျိုး။

တစ်ခါတစ်ရံ ပြောသင့်ဖြေရှင်းသင့်ပေမဲ့
တစ်ပါးသူတွေ ထိခိုက်မှာစိုးတဲ့အတွက်
စကားလုံးတွေကို မျိုသိပ်သိမ်းဆည်းပေးလိုက်ရတာမျိုး။

တစ်ခါတစ်ရံ မေးသင့်မေးထိုက်ပေမဲ့
တစ်ပါးသူစိတ်ထဲ အနှောက်အယှက်ရသွားမှာစိုးလို့
မသိသလိုဟန်ဆောင် ပေးခဲ့ရတဲ့အခိုက်အတန့်မျိုး။

တစ်ခါတစ်ရံ လုပ်သင့်လုပ်ထိုက်ပေမဲ့
တစ်ပါးသူနာကျင် ဒဏ်ရာရသွားမှာစိုးလို့
အလျော့ပေးအရှုံးခံအညံ့ပေးလိုက်ရသလိုမျိုး။

တစ်ခါတစ်ရံ တန်ပြန်တုန့်ပြန်သင့်ပေမဲ့
တစ်ပါးသူ အဆင်မပြေဖြစ်သွားမှာစိုးလို့ ခွင့်လွတ်ခဲ့ရတဲ့
အချိန်မျိုး တကယ်ကို ဘဝမှာရှိခဲ့ဖူးတယ်။

©® မိုးရည်စက်များ

❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် ❀

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
____________________________________

ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့ ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း  သိသွားတယ်။မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့ဘယ်သူက...
17/10/2021

ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့ ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း သိသွားတယ်။

မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုမခွဲနိုင်အောင် ချစ်နေမှန်း သိသွားတယ်။

လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။

အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ...
ငွေကြေးမဟုတ်ပါ ... လှပခြင်းလည်း မဟုတ်ပါ ...
အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ၊ မေတ္တာကိုသာ မတိုးပွားစေနိုင်ပေမဲ့
စိတ်ထား အစစ်အမှန်တွေကိုတော့၊ တကယ်စီစစ် သိရှိသွားပါတယ်။

ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်၀က်ကြွေးမယ်၊ ငါတစ်၀က်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။

ငါ တစ်ကိုက်ပဲ ကိုက်မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။

ငါ တစ်ချက်မှ မစားရက်ဘူး၊
အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။

ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာကိုလဲ ပါးစပ်က အော်နေမယ်၊
ဒါကြတော့ လောကကြီးတဲ့ ...

မိမိအပေါ်ကောင်းတဲ့သူတွေကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။"
"မိမိအပေါ် မကောင်းတဲ့သူတွေကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။"



ောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့ ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း သိသွားတယ်။

မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုမခွဲနိုင်အောင် ချစ်နေမှန်း သိသွားတယ်။

လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။

အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ...
ငွေကြေးမဟုတ်ပါ ... လှပခြင်းလည်း မဟုတ်ပါ ...
အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ၊ မေတ္တာကိုသာ မတိုးပွားစေနိုင်ပေမဲ့
စိတ်ထား အစစ်အမှန်တွေကိုတော့၊ တကယ်စီစစ် သိရှိသွားပါတယ်။

ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်၀က်ကြွေးမယ်၊ ငါတစ်၀က်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။

ငါ တစ်ကိုက်ပဲ ကိုက်မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။

ငါ တစ်ချက်မှ မစားရက်ဘူး၊
အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။

ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာကိုလဲ ပါးစပ်က အော်နေမယ်၊
ဒါကြတော့ လောကကြီးတဲ့ ...

မိမိအပေါ်ကောင်းတဲ့သူတွေကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။"
"မိမိအပေါ် မကောင်းတဲ့သူတွေကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။"



အောင်မြင်မှုဆီကိုဆွဲခေါ်သွားနိုင်မယ့် အလေ့အထ (၁၀)ချက်”အောင်မြင်မှုကို အဓိပ္ပါယ်သတ်မှတ်တဲ့ နေရာမှာတစ်ဦးနဲ့တစ်ဦး တူညီတယ်လိ...
17/10/2021

အောင်မြင်မှုဆီကိုဆွဲခေါ်သွားနိုင်မယ့် အလေ့အထ (၁၀)ချက်”

အောင်မြင်မှုကို အဓိပ္ပါယ်သတ်မှတ်တဲ့ နေရာမှာ
တစ်ဦးနဲ့တစ်ဦး တူညီတယ်လို့ ထင်ပါသလား❓
အချို့အတွက် အောင်မြင်မှုဆိုတာ ငွေကြွေးပိုင်ဆိုင်
ကြွယ်ဝမှု ဖြစ်ပါတယ်။
ဥပမာ - မီလီလျံနာတစ်ယောက် ဖြစ်ဖို့ပါ။

အချို့အတွက် ချီးကျူးဂုဏ်ပြု ခံရဖို့ပါ။
အားကစားသမားတွေအတွက် ဆုဖလားတွေရခြင်း၊
ချန်ပီယံဖြစ်ခြင်းနဲ့ ဆုတံဆိပ်တွေ ပိုင်ဆိုင်နိုင်ခြင်းဟာ
အောင်မြင်မှုပါပဲ။

အချို့အတွက် အောင်မြင်မှုဟာ ရိုးရိုးရှင်းရှင်းလေးတွေလည်းဖြစ်နိုင်ပါတယ်။ကောင်းမွန်တဲ့ ဘဝတွေရဖို့ ကျန်းမာဖို့နဲ့ ပျော်ရွှင်ဖို့ ဖြစ်ပါတယ်။

သင့်အတွက် အောင်မြင်မှုအဓိပ္ပါယ်က ဘယ်လိုပဲ
ဖြစ်နေပါစေ အောက်မှာဖော်ပြတဲ့ အောင်မြင်သူတွေရဲ့လက်ကိုင်ထားတတ်တဲ့ အလေ့အထ( ၁၀)ချက်ကို
ရေးမှတ်ထားပြီး လိုက်နာကြည့်ပါ။

သူတို့တွေဟာ နေရာတိုင်းမှာ ဒီအချက်တွေကို ကျင့်သုံး
လေ့ရှိကြပါတယ်။

(၁) အောင်မြင်သူတွေဟာ ပန်းတိုင်တွေ ချမှတ်ကြပါတယ်။

ပန်းတိုင်မရှိဘဲ အောင်မြင်နေတဲ့သူကို သင်တွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ပြတ်သားတဲ့ ဦးတည်ချက်မရှိဘဲ သင်လိုချင်တာတွေရဖို့ အခွင့်အရေးရှာဖွေနေခြင်းဟာ တန်ဖိုးမရှိပါဘူး။သင်ဟာ အခုဘယ်ကို သွားနေသလဲ ဆိုတာကို မသိရင် ရောက်ချင်ရာကိုရောက်နေပါလိမ့်မယ်။ဒါကြောင့် ပန်းတိုင်ချမှတ်ခြင်းဟာ အောင်မြင်ချင်တဲ့သူတွေအတွက် နံပါတ်(၁)အချက် ဖြစ်သင့်ပါတယ်။

အောင်မြင်မှုရဖို့ တကယ် လိုအပ်တဲ့ အသေးစား
ပန်းတိုင်လေးတွေ ချမှတ်ပြီး လုပ်ဆောင်ပါ။
သင်အဖြစ်ချင်ဆုံးသော အရာတစ်ခုက သင့်ရဲ့ နောက်ဆုံးပန်းတိုင် ဖြစ်နေပါလိမ့်မယ်။

(၂) တာဝန်ယူမှု အပြည့်ရှိတယ်။

သူတို့ဟာ သူတို့ရဲ့ ကျရှုံးမှုနဲ့ အောင်မြင်မှုတွေအတွက်
တာဝန်ယူမှု ရှိကြပါတယ်။တစ်စုံတစ်ခုဟာ အလုပ်
မဖြစ်တော့ဘူးဆိုရင် တစ်ခြားသူတွေကို အပြစ်တင်နေမယ့်အစား သင်ခန်းစာကိုပဲရအောင် ယူပါတယ်။

ဘာကြောင့် မအောင်မြင်သလဲဆိုတာကို လေ့လာကြတယ်။ပြီးရင် ရှေ့ဆက်သွားကြပါတယ်။

(၃) သူတို့မှာ ကိုယ်ပိုင်စည်းကမ်းတွေရှိကြတယ်။

ကိုယ်ပိုင်စည်းကမ်း (Self discipline) ဆိုတာ
အောင်မြင်သူတိုင်းရဲ့ လက္ခဏာတစ်ခုပါ။
အိမ်ကနေ အလုပ်လုပ်တဲ့သူတွေနဲ့ ဝန်ထမ်းမဟုတ်ဘဲ
ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့သူတွေဟာ Self discipline ရဲ့အရေးပါပုံကို နားလည်ထားကြပါတယ်။

သင်တစ်ယောက်တည်း ဖြစ်နေတဲ့အခါ Social media
တွေကိုပဲ ထိုင်သုံးနေမှာလား။ YouTube က Videos
တွေပဲ ထိုင်ကြည့်နေတော့မှာလား။
ဒါမှမဟုတ် သင့်အနာဂါတ်အတွက် အကျိုးရှိတဲ့အရာ
တစ်ခုခုကို လုပ်ဖို့ အချိန်ပေးမှာလား။

သင့်မှာ အဓိပ္ပါယ်ရှိတဲ့ ရည်မှန်းချက်နဲ့ ပြတ်သားတဲ့
ပန်းတိုင်းတွေ ရှိနေမယ်ဆိုရင် ကိုယ်ပိုင် စည်းကမ်းတွေ
ချမှတ်ရတာ ပိုပြီးလွယ်ကူ နေပါလိမ့်မယ်။

(၄) သူတို့မှာ အမြဲတိုးတက်ချင်စိတ် ရှိကြတယ်။

သင့်ကိုယ်သင် အရှုံးပေးလိုက်မယ် ဆိုရင် သင်ဟာ
အောင်မြင်နိုင်မှာ မဟုတ်တော့ပါဘူး။တိုးတက်ချင်ရင် သင်ယူမှုအသစ်တွေကို ပြုလုပ်ရမှာပါ။
ဆရာသမားကောင်းတွေ၊ အကျိုးရှိမယ့် အသံဖိုင်တွေ၊
စာအုပ်ဖတ်ခြင်းတွေကနေ သင်ယူမှုတွေပြုလုပ်ပါ။
ပြီးရင် သင့်ရဲ့စိတ်ကို ဖွံ့ဖြိုးလာအောင် ကြိုးစားပါ။

လေ့လာမှုတွေ ပြုလုပ်နိုင်လေလေ ဝင်ငွေတွေ ရှာဖွေ
နိုင်လေလေပါပဲ။

(၅) စာအလွန် ဖတ်ကြတယ်။

အောင်မြင်သူအများစုရဲ့ အတိတ်ကအချိန်တွေ
ပြန်ကြည့်ရင်သူတို့ဟာ မအောင်မြင်ခင်ကတည်းက စာအလွန်ဖတ်ကြတာကို တွေ့ရပါလိမ့်မယ်။ဒီနေ့ခေတ်လူအများစုဟာ တစ်ယောက်တည်း နှစ်မိနစ်
လောက် ထိုင်နေရရင်ကို ပျင်းလာတတ်ကြပါတယ်။
ဖုန်းလေးကို ကောက်ကိုင်မယ်။ Onlineပေါ်တက်မယ်။
သူတို့ ဘယ်လောက်ပျင်းနေကြောင်း Post တွေတင်ကြ
တာနဲ့ အချိန်ကုန်နေကြပါတယ်။

အောင်မြင်သူတွေက တစ်ယောက်တည်း နေရတာကို
ပိုပြီး ပျော်ရွှင် သဘောကျတတ်ပါတယ်။တစ်ယောက်တည်း တိတ်တိတ်လေးနေပြီး စာဖတ်ဖို့
အခွင့်အရေးယူမယ်။ဒါမှမဟုတ် သူတို့ စိတ်ခွန်အား
အတွက်နဲ့ အနာဂါတ်အတွက် အကျိုးရှိစေမယ့်
အသံဖိုင်တွေ ဟောပြောပွဲတွေကို နားထောင်နေတတ်ပါတယ်။

သင်ဟာ စာဖတ်ရမှာ ပျင်းတဲ့သူတစ်ယောက်ဆိုရင်
Audio book တွေ၊ အကျိုးရှိမယ့် Video တွေ
ရှာဖွေပြီး နားထောင်လို့ ရပါတယ်။

(၆) အချိန်ကို အကျိုးရှိစွာ အသုံးချကြတယ်။

အချိန်ကို ကောင်းမွန်စွာ အသုံးချခြင်းဟာ အောင်မြင်ဖို့
အတွက် အဓိကကျသော အရာဖြစ်ပါတယ်။အောင်မြင်သူတွေဟာ အကျိုးမရှိတာတွေအတွက်
အချိန်မပေးကြဘူး။အလေ့အလွင့်ခံလေ့ မရှိကြပါဘူး။
ဘာဝတ်မယ်၊ဘာစားမယ်၊ဘာဝယ်မယ် စသဖြင့်
fashion design တွေ၊ အစားအသောက်တွေ၊
အသုံးအဆောင် ပစ္စည်းတွေနဲ့ပါတ်သတ်ပြီး အချိန်ကုန်
မခံတတ်ကြပါဘူး။

(၇) သူတို့ဟာ စွန့်စားမှုကိုသဘောကျကြပါတယ်။

သင်ဟာ ထီလက်မှတ် မဝယ်ဘူးဆိုရင် ထီပေါက်မှာလည်းမဟုတ်ပါဘူး။မစွန့်စားရဲရင် အောင်မြင်မှုဆိုတာလည်း ရမှာမဟုတ်ပါဘူး။အောင်မြင်သူတွေဟာ သူတို့ဖြစ်ချင်တာကို ဖြစ်ဖို့ စွန့်စားရမယ့် အချိန်တွေရောက် လာလိမ့်မယ်ဆိုတာကို နားလည်ထားကြပါတယ်။

ဒါပေမယ့် အလျင်မလိုတတ်ကြပါဘူး။ဖြစ်ချင်တာတွေဖြစ်လာဖို့ စိတ်ရှည်တတ်ကြပါသေးတယ်။
စွန့်စားဖို့ လိုအပ်မှလည်း စွန့်စားတာက ကောင်းပါတယ်။

(၈) အောင်မြင်သူတွေဟာ အတားအဆီးတွေ ကျော်ဖြတ်လို့ ရှေ့ဆက်သွားကြတယ်။

ကျွန်တော်တို့တွေအားလုံးရဲ့ဘဝမှာ အနှောင့်အယှက်
ဆိုတာ ရှိနေမှာပါ။စိတ်ကူးအိပ်မက် ရှိတဲ့လူတိုင်း အရှုံးတရားတွေကို ခံစားကြရတာပါပဲ။တစ်ချို့ဆို အရာအားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။

အများစုကတော့ အရှုံးပေးပြီး ထွက်ပြေးကြပါတယ်။
အောင်မြင်သူတွေကတော့ ဘယ်တော့မှ ထွက်မပြေး
ကြပါဘူး။သူတို့က ရှေ့ဆက်သွားကြပါတယ်။

(၉) အောင်မြင်ဖို့ နည်းလမ်းတွေ ရှာကြတယ်။

အောင်မြင်သူတွေဟာ အခက်အခဲတွေကြားက ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေ ရှာကြပါတယ်။
နည်းလမ်းတစ်ခုက အလုပ်မဖြစ်ရင် အလုပ်ဖြစ်မယ့်
နောက်ထပ် နည်းလမ်းတစ်ခုကို ရှာဖွေကြပါတယ်။
ဒါပေမယ့် သူတို့ရဲ့ပန်းတိုင်ကိုတော့ ဘယ်တော့မှ
မပြောင်းလဲ ကြပါဘူး။

(၁၀) သူတို့ဟာ သူတို့ချစ်တာကိုပဲ လုပ်ကြတယ်။

သင်ချစ်တာကို သင်မလုပ်ရင် သင်ဟာ အောင်မြင်
လိမ့်မယ်လို့တော့ အတိအကျပြောလို့ မရတော့ဘူး။
ပိုက်ဆံအတွက် သင့်ဘဝရဲ့ အချိန်အများစုကို
သင်ဝါသနာ မပါတဲ့အရာတွေလုပ်ရင်း ဖြုန်းတီးနေမယ်ဆိုရင် ဒါဟာအောင်မြင်နေတဲ့ ဘဝတစ်ခုလို့ သတ်မှတ်လို့ မရနိုင်တော့ပါဘူး။

ဘဝအခြေအနေအရ သင်ဝါသနာမပါတာကို
လုပ်နေရချိန်မှာ ခဏလောက် သည်းခံထားပါ။
ဒါပေမယ့် သင်ချစ်တဲ့အရာကို လုပ်ဖို့ ဘယ်တော့မှ
ကြောက်ရွံ့မနေပါနဲ့။
ငွေကြေးတစ်ခုထဲ နောက်ကိုလဲ မလိုက်ပါနဲ့။

Credit- Original Writer

လူရာဝင်တယ်ဆိုတာ+++++++++++++လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှ...
17/10/2021

လူရာဝင်တယ်ဆိုတာ
+++++++++++++

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊
သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။
ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊
သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊
ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊
ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊
လ္ဘက်ရည်အတူသောက်ဖူးတယ်၊
ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊
ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊
အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊
အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊
သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊
သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။
ဒါတွေပိုအရေးပါပါတယ်။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။
အဲ…သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။

လူရာဝင်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။

၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း

သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများကင်းသူများ ဖြစ်ကြတယ်။

၂။ ပတ်ဝန်းကျင်ကို ဝင်ဆန့်လွယ်ခြင်း

သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ဝင်ဆန့်နိုင်တဲ့ တတ္တဝါ နေရာယူသွားတာ များပါတယ်။ လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး ဖြစ်လောက်အောင် မရှင်ပြိုင်ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့လူဟာ ရပ်တည်မူ ရှည်ကြာသွားတာပါ။

၃။ သူများ အပေါ် သဘောထားကြီးခြင်း

လူရာဝင်ကြတဲ့သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီးဆိုရင် သတိဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။ မိမိကိုယ်မိမိ စည်းကမ်းကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများဖြစ်ကြပါတယ်။ လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဉာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဉာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။

၄။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
Keep Low Profile ကို ဆိုလိုတာပါ။ သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူများဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကိုနည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ်။ လုပ်ဖေါ်ကိုင်ဘက်ကောင်း တွေ့ရှိစေနိုင်ပါတယ်။

၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း

ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီမွမ်းတတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်၊ ချီးမွမ်းခြင်းနဲ့ ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိအမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်းသာဖြစ်တယ်။

၆။ ယဉ်ကျေးခြင်း၊

ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာအောင် ကျနော်တို့မှာတာဝန်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါလိမ့်မယ်။ ယဉ်ကျေးပါ။ အောက်မကျို့ ပါနှင့်၊

ရ။ မိမိကိုယ်မိမိ စမ်းစစ်တတ်ခြင်း၊
လူဆိုတာ သူများကို ပိုအစိုးမရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုးမရှိပါ။ မိမိကိုယ်မိမိ စမ်းစစ်တတ်မှသာလျင် တစ်စတစ်စ ပိုမိုတိုးတက်သွားမှာပါ။

၈။ ကျေးဇူးတင်တတ်ခြင်း၊

ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါတယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။ တိုင်းပြည်တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင်အဖြစ် သရုပ်ဆောင်နေရင်တော့ တိုးတက်ဖို့ အဟန့်အတားပါ။

၉ ။ အချိန်တိကျခြင်း၊
ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်၊ အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကိုလေးစားခြင်းဖြစ်ပါတယ်။ ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေ ဆိုတဲ့အကျင့်မျိုးကို လူကြီးတွေက စပြုပြင်သင့်ပါတယ်။

၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း၊
အနိစ္စတရားဟာ သဘာဝလည်းဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင်ပါလိမ့်မယ်။

၁၁။ သီးခံတတ်ခြင်း၊

ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သီးခံတတ်ဖို့ လိုပါတယ်၊ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါ၊ သင်ဘယ်လို အသက်ရှင်တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။ သူများအကြည့်၊ သူများအထင်ကြီးအထင်သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။ သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကို အထောက်အကူ ဖြစ်ပါတယ်။

၁၂။ ကတိတည်ခြင်း

ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြောပေးပါ။ ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမားဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။

- စကားပြောတတ်ခြင်းဟာ ပညာရပ်တစ်ခုပါ။စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောတတ်ခြင်းဟာလည်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။.   ရောဂါဆိုတာ ...
16/10/2021

- စကားပြောတတ်ခြင်းဟာ ပညာရပ်တစ်ခုပါ။

စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောတတ်ခြင်းဟာလည်း ပညာရပ်တစ်ခု ဖြစ်ပါတယ်။.

ရောဂါဆိုတာ ပါးစပ်ပေါက်ကနေ ၀င်ပါတယ်။ မဆင်မခြင် စားခဲ့ရင်ပေါ့၊
ပြဿနာ ဆိုတာလည်း ပါးစပ်ပေါက်ကနေ ထွက်ပါတယ်။ မဆင်မခြင်ပြောခဲ့ရင်ပေါ့၊

စကားကို ဘယ်လိုပြောမယ်၊ ဘယ်အချိန်မှာပြောမယ်၊အာယားတိုင်း လျှောက်မပြောဘူး၊ ဒါတွေဟာ စကားပြောတဲ့ အနုပညာပါ။

စကားပြောတတ်ဖို့ သုံးနှစ်တောင်မှ ကောင်းကောင်း မသင်ခဲ့ ရပါဘူး၊
ပါးစပ်ပိတ်တတ်ဖို့ တစ်သက်လုံး ကြိုးစားခဲ့ရပါတယ်။ ဒါလည်း အဆင်မပြေခဲ့ ပါဘူး၊

ကျွန်တော်က စကားကြောင့် အကြီးအကျယ် ပြဿနာ မဖြစ်ခဲ့ပေမဲ့၊ ပြောပြီးနောင်တရတာတော့ ခဏခဏပါ။

ကိုယ့်စကားနဲ့ကိုယ် အရှက်ရတဲ့ အခါလည်း ကြုံဖူးရပါတယ်။ ပိုင်ပိုင် နိုင်နိုင် မသိတဲ့ ကိစ္စတစ်ခုကို မသိပါဘူးလို့ မငြင်းဆိုရဲပဲ သိယောင်ယောင်နဲ့ ဖြေဆိုခဲ့တဲ့ အခါမျိုးမှာ ပိုဖြစ်တတ်ပါတယ်။

ရှေးရှေးတုံးက တပည့်က ဆရာဂုရု တစ်ဦးကို မေးမြန်းခဲ့ဖူးပါတယ်။
စကားများများပြောဆိုတာ ကောင်းပါသလားတဲ့
ဆရာက ဒီလိုဖြေဆိုပါတယ်၊ " ဖားတွေ၊ ယင်ကောင်တွေ တစ်နေ့လုံး အော်နေတာပဲ၊ ဘယ်သူကမှ အရေးမစိုက်ပါဘူး၊ကြက်ဖက မနက်ပိုင်းမှာပဲ တွန်တယ်၊ ဒါပေမဲ့ လူတွေက အလေးထားကြတယ်တဲ့”

အမှန်တော့ စကားပြောကောင်းတယ်ဆိုတာ စကားကို လှလှပပ ပြောတတ်တာ မဟုတ်ဘူး၊
သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့ စကားကို သင့်တော်တဲ့ အနေအထားမှာ ပြောဆိုတတ်တာကို ဆိုလိုပါတယ်။

ဆိတ်ဆိတ်ငြိမ်ထောင်တန်တယ်ဆိုတာငြိမ်သက်သင့်တဲ့အခါမျိုးမှာ ငြိမ်ငြိမ် လေး နေတတ်ခြင်းကိုပြောတာပါ။

ကိုယ့်ကိုယ်ကို ဆုံးမဖို့ ရေးလိုက်ပါတယ်။ အားလုံး မင်္ဂလာပါ။

# Credit_original_Uploader

16/10/2021

ဘဝနေနည်း နည်းလမ်း ၁၀ မျိုး
♦♦♦♦♦♦♦♦♦♦♦

( ၁ ) ဘယ်တော့မှ ပိုက်ဆံမချေးပါနဲ့ ။
ဆောင်ပုဒ်လေးတစ်ခုရှိတယ် ။

- တောင်းမှပေးတာ လူမိုက်
- မတောင်းဘဲပေးတာ လူလိမ္မာ
- တောင်းလည်းမပေးတာ လူယုတ်မာ

ဒါ့ကြောင့် ပြင်ပဘေးသူစိမ်းတွေနဲ့
မယုံကြည်ရတဲ့သူတွေကို
တက်နိူင်သမျှပိုက်ဆံမချေးပါနှင့် ။

ငွေကြေးဥစ္စာဟာ နည်းသည်ဖြစ်စေများသည်ဖြစ်စေ ချေးငှားကြသူတိုင်းဟာပြန်ပြီးလိုချင်ကြစမြဲပါ၊

ပြန်မဆပ်ခဲ့ဘူးဆိုရင် ရင်ထဲမှာ အစိုင်အခဲလေးတည်နေတတ်ပါတယ် ။

ကိုယ်တကယ်ချစ်တဲ့သူတွေအတွက်ဆိုရင်
ရက်ရက်ရောရောသာ ပေးကမ်းကူညီပေးလိုက်ပါ ။

( ၂ ) လိုအပ်လျှင်အဆင်သင့်
ဖြစ်အောင်ပိုက်ဆံပုံမှန်စုပါ ။

ကျွန်တော်တို့ဟာ ဘယ်အချိန်မှာ
ဆင်းရဲဒုက္ခတွေကြုံမလဲ
ဘယ်အချိန်မှာ အနာတရျဖစ္မလဲ
ဆိုတာ ကြိုပြီး မသိနိူင်ပါဘူး ။

ဒီလိုအနေအထားမျိုးတွေ တကယ်ဖြစ်လာခဲ့ရင်
အခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဖို့ ပိုက္ဆံစုပါ ။

( ၃ ) ကိုယ့်ဘ၀အတွက်မလိုအပ်တဲ့
သူတွေအတွက် အချိန်ကုန်မခံပါနဲ့ ။

ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးသူတွေ
လိုအပ်မှ ကိုယ့်ကို တမ်းတမ်းတတဖြစ်တတ်ကြသူတွေအတွက် လုံး၀ အချိန်ကုန်မခံပါနဲ့ ။

တစ်ချို့တွေတော့ ရှိတယ်
" ငါက သူ့အတွက် အမြဲတမ်း ပေးဆပ်ဖို့အဆင့်ပဲ " တဲ့။

ဒါဟာ သေချာတွေးကြည့်ရင် စိတ္တဇဝေဒနာသည်တစ်ယောက်ရဲ့အတွေးမျိုးပါ ၊ ချီးကျူးထိုက်ဖို့နေနေသာသာ လုံး၀ ဂုဏ်ယူစရာမကောင်းတဲ့လုပ်ရပ်မျိုးပါပဲ ။

ကိုယ့်ကို မလိုအပ်တဲ့သူအတွက် အချိန်ကုန်ခံနေမယ့်အစားပရဟိတလုပ်ငန်းတွေအတွက်အချိန်ကုန်ရင်အကျိုးရှိတာပေါ့။

( ၄ ) ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ပြတ်ပြတ်သားသား ဆက်ဆံတတ်ပါစေ ။

ကိုယ်ကကောင်းသလောက် ကိုယ့်အပေါ် မကြာခဏ လူလည်ကျတတ်သူတွေကို တေလးတစား ဆက်ဆံနေဖို့ လုံး၀ မလိုအပ်ပါဘူး ။

ဒီလိုလူမျိုးတွေဟာ သူတို့အနိူင်ယူဖူးတဲ့သူအပေါ် နောက်တစ်ကြိမ်ယုတ်မာဖို့ ဘယ်တော့မှ ၀နလှေးနမှော မဟုတ်ပါဘူး ။

သူက ပြုံးရင် ကိုယ်ကပြန်ပြုံးပြလိုက်ပါ
သူက မဲ့ရင် ကိုယ်ကပြန်မဲ့ပြလိုက်ပါ

သူကမီးလိုကျင့်ရင် ကိုယ်ကမီးလိုပူလောင်ပြလိုက်ပါ
သူကရေလိုကျင့်ရင် ကိုယ်ကရေလိုအေးချမ်းပြလိုက်ပါ

( ၅ ) စိတ်တူ ကိုယ်တူအသိမိတ်ဆွေများနှင့်စကားပြောပါ ။

သင့်ကို လေးစားတဲ့သူ ၊ သင်ကလည်း လေးစားတဲ့သူများနှင့် မကြာခဏ စကားပြောပါ ။

ဒီလို စကားပြောခြင်းဖြင့် စိတ်ချမ်းသာမှုကိုရစေပြီး
အချိန်ကုန်မှန်းမသိကုန်နေတာကို သတိမထားမိအောင် ကြည်နူးစရာကောင်းနေပါလိမ့်မယ် ။

နောက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက် ၊ လက်ရှိအခြေအနေ ၊ အနာဂတ်အလားအလာ စတာတွေအတွက် သင်နဲ့စိတ်သဘောထားချင်းတိုက်ဆိုက်သူများကသာ အကြံဉာဏ်ကောင်းတွေ ပေးနိူင်ပါလိမ့်မယ် ။

ဆိုလိုတာက သင်က ဘာသာရေးသမားဆိုရင် အရက်သမားတွေနဲ့ စကားပြောလို့အဆင်ပြေမှာမဟုတ်ပါဘူး ။

( ၆ ) ခရီးတွေ မကြာခဏ ထွက်ပါ ။

တိုတောင်းလှတဲ့ဘ၀မှာ အတွေ့အကြုံသစ်တွေကို ခံစားဖို့နဲ့ အေထြေထြဗဟုသုတ ( General knowledges ) မြင့်မားစေဖို့ မကြာခဏ ခရီးထွက်သင့်ပါတယ် ။

ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပန်းဖြေမှုတစ်မျိုးဆိုတာ သင် လက်ခံလာပါလိမ့်မယ် ။

ရေမြေတောတောင်သဘာ၀အလှတွေကို ရှုစားရခြင်းဟာ လည်း စိတ်ချမ်းသာမှုတစ်မျိုးပါပဲ ။

ခရီးထွက်ခြင်းအားဖြင့် သင့်ဆီမှာရှိနေတဲ့ pressure တွေကိုလည်း အတော်အသင့် လျော့နည်းစေမှာဖြစ်ပါတယ် ။

( ၇ ) ကိုယ်ဝါသနာပါတဲ့အလုပ်ကိုပဲ လုပ်ပါ ။

ကျွန်တော် စာတစ်ကြောင်း ဖတ်ဖူးခဲ့တယ် ။

If you don't like where you are , move .
You are not a tree .

မင်းနေတဲ့နေရာကိုမကြိုက်ရင်ပြောင်းလိုက်
မင်းက သစ်ပင်တစ်ပင်မဟုတ်ဘူး ။

ဟုတ်ပါတယ် ၊ ကျွန်တော်တို့ဟာ လူတွေပါ ။
ရွေ့လျားလို့မရတဲ့ သစ်ပင်တွေ မဟုတ်ပါဘူး ။

ဒါ့ကြောင့် ခဏတာရခဲလွတဲ့ဒီဘဝေလးမွာ ကိုယ်သဘောမကျတဲ့အလုပ်ကိုလုပ်ရင်း စိတ်ညစ်ညူးမခံပါနှင့်။

ဂျော့(ခ်ျ)ဘန်း(စ်) ပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်။

" ကျုပ်ကတော့ ကျုပ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်ပြီး အောင်မြင်သူ ဖြစ်ရတာထက် ကျုပ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ပြီး မအောင်မြင်သူဖြစ်ချင်တယ် " တဲ့ ။

ဟုတ်ကဲ့
ကိုယ်အမှန်တကယ် ဝါသနာပါတဲ့အလုပ်ကိုပဲလုပ်ပါ ။

( ၈ ) တစ်ဖက်လူဘက်မှ ဖြည့်တွေးပေးပါ ၊ ကိုယ်ချင်းစာ စိတ် ထားပါ ။

ပြဿနာတစ်ခုကို ကိုယ်မြင်တဲ့ဘက်ကလည်း မှန်နိူင်သလို သူမြင်တဲ့ဘက်ကလည်းမှန်နေနိူင်ပါတယ် ။

သေဘာထားကြဲလြဲတာဟာ အဓိကပြဿနာမဟုတ်ပါဘူး
ဒါ့ကြောင့် တစ်ဖက်လူအမြင်ကိုလည်း လေးစားတတ်ဖို့ သိပ္ကို လိုအပ်ပါတယ် ။

သူ့နေရာမှငါသာဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့အတွေးမျိုးကို တွေးတတ်ဖို့အမြဲတမ်းသင်ယူထားပါ ။

သူ့ဘက်ကကြည့်တော့ လက္ဖဝါး ငါ့ဘက်ကကြည့်တော့ လက္ဖမိုးဆိုသလို အမွန္တရားတစ္ခုဟာ အမြင်အမျိုးမျိုးရှိနေတတ်ပါတယ် ။

( ၉ ) စာများများဖတ်ပေးပါ ။

ဦးသန့်ရဲ့စကားလေးနဲ့ပဲ ပြောပါရစေ ။

" စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်သည် " တဲ့ ၊ သိပ္ကို မှန်ပါတယ် ။

သင်သာ စာဖတ်ခြင်းမှာ ဈန်၀င်နေရင် အျခားကမ္ဘာတစ္ခုကို ရောက်ရှိသွားသလို ခံစားမိမွာ မလွဲဧကန်ပါပဲ ။

ကျွန်တော်တို့ရဲ့ဘဝတွေ တိုးတက်မြင့်မားစေဖို့
အသိဉာဏ်ပညာတွေ တိုးပွားစေဖို့ အတွက် စာဖတ်ခြင်း
ဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ။

( ၁၀ ) တစ်စုံတစ်ရာကို အမြဲတမ်းသင်ယူပါ

ဥရောပနိူင်ငံတွေမှာဆိုရင် အသက်၈၀အရွယ်အဘိုးအဘွားတွေဟာ ဘာသာစကားအသစ်တွေကအစ အသိပညာအတတ်ပညာတွေ သင်ယူလေ့လာနေတုန်းပါပဲ ။

တစ်စုံတစ်ရာကို အမြဲတမ်း သင်ယူနေတတ်တာဟာ
သူတို့ရဲ့ ဓလေ့တစ်ခုလိုဖြစ်နေပါပြီ ။

ဒါကြောင့် တစ်စုံတစ်ခုကို စိတ်ပါလက်ပါ သင်ယူပါ
အတတ်ပညာတစ်မျိုးမျိုးကို ထူးချွန်အောင် လေ့လာပါ

to original writer. #

Address


Telephone

+959955190901

Website

Alerts

Be the first to know and let us send you an email when Anythings Online Store - KAT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share