Myan Wiki

Myan Wiki သမိုင်းဝင်ဖြစ်ရပ်နှင့် လူပုဂ္ဂိုလ်များ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများကို စုစည်း တင်ဆက်ပေးနေပါသည်၊

တန်ဆောင်မုန်းလပြည့်ည ကျီးမနိးပွဲ ဖြစ်ပေါ်လာပုံနဲ့ ဆေးပေါင်းခတဲ့ ည အကြောင်း
26/11/2023

တန်ဆောင်မုန်းလပြည့်ည ကျီးမနိးပွဲ ဖြစ်ပေါ်လာပုံနဲ့ ဆေးပေါင်းခတဲ့ ည အကြောင်း

တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလ အခါတော် နေ့ ဖြစ်သလို မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင် ပွဲတ.....

ပြည်မြို့ရွှေဆံတော်ဘုရားပေါ်က ထူးဆန်းတဲ့ ဘိလပ် ပြန်ခေါင်းလောင်းလေး အကြောင်း
02/11/2023

ပြည်မြို့ရွှေဆံတော်ဘုရားပေါ်က ထူးဆန်းတဲ့ ဘိလပ် ပြန်ခေါင်းလောင်းလေး အကြောင်း

ပြည်မြို့က ရွှေဆံတော် ဘုရားပေါ်သို့ ဓာတ်လှေကားမှ တက်လျှင် တက်တက်ချင်းမှာပင် ရွှေရောင် ခေါင်း လောင်းလေး တစ်...

နောက် ၅ မိနစ်ဆိုပြီးပါပြီ ဆို😁😂😅
25/09/2023

နောက် ၅ မိနစ်ဆို
ပြီးပါပြီ ဆို

😁😂😅

22/09/2023

အင်းဝဘုရင် သတိုးမင်းဖျားလက်ထက် သစ္စာရှိတဲ့ စစ်ကိုင်းသား
သူခိုးကြီး ငတက်ပြား အကြောင်း

File size: 132 MB
Duration: 00:05:00

#မြန်မာ #မြန်မာစာအုပ်များ #မြန်မာအသံစာအုပ်များ #မြန်မာစကားပြော #ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်း #ချစ်စရာမိန်းကလေး #ငြိမ်းချမ်းရေး #စိတ်ဝင်စားဖွယ်သတင်းများ #တစ်ကွက်ကောင်း #နန်းသိင်္ဂီ #ဖွဈရပျမှနျမြား #ဘုရားသမိုင်းအကြောင်း #အန်နီမေးရှင်းကာတွန်းများ history of myanmar

22/09/2023

ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်ကတည်းက ကျောက်ဆည်နယ်နှင့် လယ်တွင်းနယ်များကို အပိုင်စား ပေးခဲ့သော ပြော့သိင်္ခဗိုလ် သားများဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့်သီဟသူ ရှမ်းညီနောင်သုံးဦး
နရသီဟပတေ့ရဲ့ သားတော် ကျော်စွာကို နန်းချပြီးမိမိတို့အပိုင်စားရာမြို့တွေမှာ မင်းပြုခဲ့ကြတဲ့ ရှမ်းညီနောင်သုံးဦး
File size: 741.4MB
Duration: 00:06:26
#သမိုင်း #ဒိုင်ယာရီပုံပြင်များ #မြန်မာ #ဇာတ်လမ်းတိုလေးပါ #ထူးဆန်းထွေလာဇာတ်လမ်းများ #မြန်မာစာအုပ်များ #မန္တလေး #ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်း #ခုနှစ်ရက်သားသမီးများအတွက်ဗေဒင် #ငြိမ်းချမ်းရေး #ငဝ်းလၢႆးမိူင်းႁူမ်ႈတုမ် #စုန်းကဝေဇာတ်လမ်း #စစ်ကိုင်း #ထီဂဏန်းချဲဂဏန်း #ဒရာမာတို #နန်းသိင်္ဂီ #ပုံပြင်များ2022 #ဘုန်းကြီးသောဘုရင် #မြန်မာအသံစာအုပ်များ #ယႃႈယႃတိုၼ်းလီ #လၢႆးၵၢၼ်ၶၢဝ်ႇ #လၢင်ႉၽလင်း #သတင်း #အမေးအဖြေ

20/09/2023

ပေါက္ကံမိဖုရားတစ်ပါးရဲ့ လွမ်းမောဖွယ် ဘဝ (သို့မဟုတ်) ပုဂံရာဇဝင်ထဲက မိဖုရားစောမွန်လှ

Ph no တွေရဲ့ထူးခြားတဲ့ စွမ်းအင်Ph no တွေကို တလုံးတည်းရအောင်ပေါင်းပါ09123456 ဂဏန်း ဆိုကြပါစို့09 ကအစ အကုန်ပေါင်းပါ0+9+1+2...
11/06/2023

Ph no တွေရဲ့ထူးခြားတဲ့ စွမ်းအင်

Ph no တွေကို တလုံးတည်းရအောင်ပေါင်းပါ
09123456 ဂဏန်း ဆိုကြပါစို့
09 ကအစ အကုန်ပေါင်းပါ
0+9+1+2+3+4+5+6= 30

30 ကိုပါ တလုံးတည်းဖြစ်အောင်ပေါင်းပါ

3+0= 3

3 ဂဏန်းရပါသည်

No 1
ပေါင်းခြင်း တစ်ဂဏန်းရပါက
ထိုph no ကို ကိုင်ဆောင်သောသူသည်
ရာထူးရာခံ အလွန်ကြီးနိုင်သည်
လူအများရဲ့လေးစားမှုကိုရနိုင်သည်
ထင်ပေါ်ကျော်ကြားသူလဲ ဖြစ်နေနိုင်သည်

No 2
ပေါင်းခြင်း နှစ်ဂဏန်းရပါက
ထို ph no ကို ကိုင်ဆောင်သူသည်
ငွေလာဘ်အလွန်ရွှင်သူဖြစ်မည်
company ပိုင်ရှင်
စက်ရုံပိုင်ရှင်ဖြစ်နေနိုင်သည်
လက်ဖျားငွေသီးသူဖြစ်မည်

No. 3
ပေါင်းခြင်း သုံးဂဏန်းရပါက
ထိုသူသည် တိုက်ခိုက်ရေးသမား ရှေ့နေ
ဥပဒေအရာရှိ မူးယစ်ရာဇာ မသမာအာဇိဝ နှင့် အသက်မွေးသူ ဖြစ်နေနိုင်သည်
အမြဲတမ်း ရုန်းကန်နေရသူလဲ ဖြစ်နေနိုင်သည်
ထို ဂဏန်း ဖုန်းပိုင်ရှင်သည်
အမြဲတမ်းစိတ်မောနေရမည်

No. 4
ပေါင်းခြင်းလေးဂဏန်းရပါက
ထို ph no ကိုင်ဆောင်သူသည်
အသိပညာရှင် အတတ်ပညာရှင်ဖြစ်နေနိုင်သည်
ဆရာဝန် အင်ဂျင်နီယာ ကွန်ပြူတာ
ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူဖြစ်နေနိုင်သည်
အမြဲတစေ အသိပညာ အတတ်ပညာတိုးရန်ကြံဆောင်နေသူဖြစ်မည်

No. 5
ပေါင်းခြင်း ငါးဂဏန်းရပါက
ထို ph no ကိုင်ဆောင်သူသည်
မြေယာလုပ်ငန်းနှင့် အလွန်အကျိုးပေးသူဖြစ်နေမည်
မြေပိုင်ရှင်
မြေအရောင်းအဝယ်
မြေအကျိုးတော်ဆောင် ဖြစ်နေနိုင်သည်
ပေါင်းစည်းခြင်းပြယုဂ်ကြောင့်
ငါးဂဏန်းပိုင်ရှင်သည် မိတ်ဆွေအပေါင်းအသင်းအလွန်ပေါမည်

No. 6
ပေါင်းခြင်းခြောက်ဂဏန်းရပါက
အလွန်စန်းပွင့်သောသူဖြစ်မည်
အနုပညာရှင်
ထင်ရှားကျော်ကြားသူ
fb celle တို့ကိုင်ဆောင်သော နံပါတ်သည်
ခြောက်ဂဏန်း နံပါတ်ဖြစ်နေနိုင်သည်
နာမည်ကျော်ကြားဖို့ အထူးအားစိုက်ထုတ်စရာမလိုပဲ
ထို ph no အသုံးပြုရုံဖြင့်ပင်
လူသိများထင်ရှားမည်
online shop လုပ်ကိုင်သူများ ထိုနံပါတ်ကိုဆောင်ထားသင့်သည်

No 7
Lucky seven
ကားနံပါတ်ပါ ရွေးခြယ်ဝယ်ယူသင့်သည်
အမြဲတမ်း ကံကောင်းနေစေသော ဂဏန်းပါ
သူများတွေ ဒုက္ခရောက်နေချိန်တောင်
ခုနှစ်ဂဏန်း ပိုင်ရှင်တွေက ဒုက္ခမရောက်ပါဘူး
ထီ ယိုးဒယားထီ စင်ကာပူထီ အမေရိကန်ထီတွေပါ ပေါက်နိုင်ချေရှိပါတယ်
မိမိ ဖုန်းနံပါတ် lucky seven ဖြစ်နေပါက
လက်ခမောင်းသာခတ်နေပေတော့
ထိုဖုန်း နှင့်သာ အလုပ်လုပ်
အလွန်ချမ်းသာကြွယ်ဝနိုင်သည်

No 8
ပေါင်းခြင်း ရှစ်ရပါက
ဘုရားတရား အထူးမြဲမှ ရမည်
စိတ်အားငယ်နေတတ်သည်
ခနခန နာဖျားနေတတ်သည်
အကြံအစည်တွေ မအောင်ပဲ ဖြစ်တတ်သည်
ထိုနံပါတ်ကို လုပ်ငန်းလုပ်ဆောင်ရာတွင် မသုံးသင့်ပါ
ဘုရားတရား အလွန်မြဲ၍ ရာဟုဂြိုဟ်မပြီဆိုပါက သုံးပါ
အခြားဂဏန်းတွေထက် သာလွန်စွာ အကျိုးပေးလိမ့်မည်

No 9
ပေါင်းခြင်း ကိုး
ဘုရားဒါယိကာ ဒါယိကာမ
ကျောင်းဒါယိကာ ဒါယိကာမ ဖြစ်မယ့်သူတို့သည်
ကိုးဂဏန်း နံပါတ်ပိုင်ရှင်များဖြစ်နေနိုင်သူ
အမြဲမပြတ် ကုသိုလ်စိတ်ဝင်နေပြီး
လှုဖို့တန်းဖို့လောက်သာ အာရုံရောက်နေတတ်သည်
ဘာနေနေ လှုလိုက်ရမှ
အိပ်ပျော်စားဝင်သူများဖြစ်နေနိုင်သည်
ဘာသာရေးကိုလဲ အထူးသက်ဝင်ယုံကြည်သူများဖြစ်ပြီး
သူတိူ့ဖုန်းထဲတွင် ပရိတ်ပဌာန်း တရားများ များစွာ ထည့်သွင်းထားနိုင်သည်
သမာသမတ်ကြသူများဖြစ်ပြီး
မတရားမှုကို လုံးဝလက်မခံနိုင်သူများဖြစ်ကြသည်

ဒါဟာ ဂဏန်းတွေရဲ့ စွမ်းအင်ပါပဲ
မိမိဖြစ်လာမည့်အခြေအနေပေါ်မူတည်ပြီး
နံပါတ်များသည် မိမိရှိရာလာရောက်သည်
မိမိလက်ဝယ် မိမိနှင့်အကျိုးသင့်ဂဏန်းများ ပိုင်ဆိုင်နေရသည်

Crd -ဆရာ Mone Mann

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ************************************ဆန့်ကျင်ဘက်မြို့များ•••••••••••••••••••၁။ ကျေ...
18/05/2023

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ
************************************

ဆန့်ကျင်ဘက်မြို့များ
•••••••••••••••••••
၁။ ကျောက်ဖြူ X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၄။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော

အက္ခရာပူးမြို့များ
===========
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့

နာမည်တစ်လုံးရှိမြို့များ
==============
၁။ ချောက် ၂။ ဂွ ၃။ ဆော ၄။ ဆွာ ၅။ ပေါက် ၆။ ပေါင် ၇။ ပြည် ၈။ ဖြူး ၉။ မြိတ် ၁၀။ မြိုင် ၁၁။ မြောင် ၁၂။ ရေး ၁၃။ လှိုင် ၁၄။ ဝေါ ၁၅။ အမ်း

ဂဏန်းသင်္ချာ ပါတဲ့မြို့များ
================
၁။ ထန်းတစ်ပင် ၂။ ဘုရားသုံးဆူ ၃။ သုံးခွ ၄။ ညောင်လေးပင် ၅။ လေးမျက်နှာ ၅။ ငါးသိုင်းချောင်း ၆။ ကိုကိုးကျွန်း ၇။ မူဆယ် ၈။ သုံးဆယ် ၉။ အထောင် ၁၀။ ဗိုလ်တထောင် ၁၁။ ကော့သောင်း

ဖားမြို့များ
======
၁။ ဖားကန့် ၂။ ဖားဆောင်း

စစ်မြို့များ
======
၁။ စစ်ကိုင်း ၂။ စစ်တွေ ၃။ စစ်တောင်း

ဆင်မြို့များ
=======
၁။ ဆင်ဘို ၂။ ဆင်ပေါင်ဝဲ ၃။ ဆင်ဖြူကျွန်း

မြင်းမြို့များ
=======
၁။ မြင်းခြံ ၂။ မြင်းမူ ၃။ မြင်းလွှတ်

ဆိပ်မြို့များ
=======
၁။ ဆိပ်ကမ်း ၂။ ဆိပ်ကြီးခနောင်တို ၃။ ဆိပ်ဖြူ

ခန္ဓာကိုယ်အစိပ်အပိုင်းပါတဲ့မြို့
===================
၁။ ပေါက်ခေါင်း ၂။ ပျဉ်းမနား ၃။ ဝက်လက် ၄။ ဝမ်းတွင်း ၅။ ဟားခါး ၆။ ပေါင် ၇။ ကျော (ဂန့်ဂေါခရိုင်) ၈။ မြေဒူး ၉။ မအူပင် ၁၀။ ဆင်ပေါင်ဝဲ ၁၁။ ပေါင်းတလည်

တပ်မြို့များ
=======
၁။ ဗထူးတပ် (ရှမ်း) ၂။ ရဲမွန်တပ် (ရန်ကုန်) ၃။ ဘုရင့်နောင်တပ် (ကရင်)
၄။ တပ်ကုန်း

အကျဉ်းအကြပ်ဆုံးမြို့
=============
၁။ ဝမ်းတွင်း

ရွာအမည်ရှိမြို့များ
============
၁။ ရွာငံ ၂။ မုံရွာ ၃။ ရွာသစ် (မိုးညင်း
ခရိုင်) ၄။ ရှမ်းရွာသစ် (ကရင်)

တောအမည်ရှိ မြို့များ
==============
၁။ ရှားတော ၂။ အင်တော ၃။ ငပုတော ၅။ ပေါက်တော ၆။ မောင်တော

ရေးအမှန် ဖတ်အသံမြို့များ
=================
၁။ ကျောက်ပန်းတောင်း ၂။ ငါန်းဇွန် ၃။ တန့်ဆည် ၄။ တံတား ၅။ တံတားဦး ၆။ ထားဝယ် ၇။ နွားထိုးကြီး ၈။ ပုဂံ ၉။ ပုဇွန်တောင် ၁၀။ ပုလဲ ၁၁။ ပုသိမ် ၁၂။ ပုလော ၁၃။ ပဲခူး ၁၄။ ပြည် ၁၅။ ဗန်းမောက် ၁၆။ ဗန်းမော် ၁၇။ ဘားအံ ၁၈။ မြိတ် ၁၈။ သံလျင်

ပါဠိမြို့
====
၁။ ကရသူရိ ၂။ ကေတုမတီ ၃။ ကောလိယမြို့ဟောင်း ၄။ စေတုတ္တရာ ၅။ ဇေယျဝတီ ၆။ တောင်ဥက္ကလာ ၇။ ဒက္ခိဏသီရိ ၈။ ပုဗ္ဗသီရိ ၉။ မတ္တရာ ၁၀။ မိတ္ထိလာ ၁၁။ မေတ္တာ ၁၂။ မေရဉ္စရာမြို့ဟောင်း ၁၃။ မြောက်ဥက္ကလာ ၁၄။ လပွတ္တာ ၁၅။ ဝေသာလီ ၁၆။ သက္ကလ ၁၇။ သာကေတ ၁၈။ သာဝတ္ထိ ၁၉။ သုဝဏ္ဏဝတီ ၂၀။ ဟင်္သာတ ၂၁။ ဟံသာဝတီ ၂၂။ အင်္ဂပူ ၂၃။ အမရပူရ ၂၄။ ဥတ္တရသီရိ

လောကနဲ့ ပြောင်းပြန်ဖြစ်တဲ့မြို့ (ကလော)

လူကြီးမဟုတ်တဲ့မြို့ (ကလေး)

ငယ်တုံးက မပိန်တဲ့မြို့ (ကလေးဝ)

မပူပင်ရတဲ့မြို့ (ကံမ)

ပူရှိန်းပူရှိန်းမြို့ (ငရုပ်ကောင်း)

ထွက်ပေါက်မရှိသောမြို့ (အလုံ)

ကြောက်စရာ ကောင်းသောမြို့ (ဘီလူး)

မင်းမရှိတဲ့မြို့ (မင်းကင်း၊)

အချမ်းသာဆုံးမြို့ (ရွှေတောင်)

မျက်နှာများတဲ့မြို့ (လေးမျက်နှာ)

ကြည့်ပေါင်းရသောမြို့ (သာပေါင်း)

မသေသောမြို့ (အမရပူရ)

ဒဏ်ရာရှိတဲ့မြို့ (အရာတော်)

အိမ်တွေ တရောင်တည်း ရှိတဲ့မြို့ (အိမ်မဲ)

ခေတ်စကားအရ သွက်လက်သောမြို့ (ဖလမ်း)

ဗိုလ်များတဲ့မြို့ (ဗိုလ်တထောင်)

လက်ရွံစရာကောင်းတဲ့မြို့ (လောက်ကိုင်)

အခိုင်မာဆုံးမြို့ (သံတောင်၊ သံတောင်ကြီး)

မိန်းမမြို့ (မေမြို့)

ယောက်ျား ဘသားမြို့ (တောင်ကြီး၊ ပြွန်တန်ဆာ)

မစိုပြေတဲ့မြို့ (ချောက်၊ မိုးနဲ)

ရွာမလို လာမလိုလိုမြို့ (မိုးညို)

လှသလားလို့ မေးစရာမလိုတဲ့မြို့ (မြို့လှ)

တမြို့လုံး ချိုတဲ့မြို့ (ကြံခင်း)

လုံခြုံသောမြို့ (ကျောက်တံခါး)

ဘုန်းဘုန်းတွေဆွမ်းမဝတဲ့မြို့ (သပိတ်ကျဉ်း)

တရုတ်ကြီး သူ့မိန်းမရဲ့ ညီမကိုခေါ်တဲ့မြို့ (ဝါးခယ်မ)

နှာခေါင်းပိတ်ရမည့်မြို့ (ပေါက်တော)

ဆီပေါတဲ့မြို့ (ဆီဆိုင်)

ရန်မရှိတဲ့မြို့ (ရန်ကုန် ၊ ရန်ကင်း)

အလုပ်ကြမ်းမြို့ (ကျောက်ထု)

ဖြောင့်မတ်သောမြို့ (မကွေး)

အရင်ဆုံးပေါ်တဲ့မြို့ (မြို့ဟောင်း)

နောက်ဆုံးပေါ်တဲ့မြို့ (မြို့သစ်)

အသားမဲတဲ့ ဓနုမရှိတဲ့မြို့ (ဓနုဖြူ)

နာမည်ပြောင်းပြန်ဖြစ်တဲ့ မြို့
၁။ ညောင်ရွှေ >< ရွှေညောင်

နာမည်တူမြို့
* မင်းလှ (မကွေးတိုင်း သရက်ခရိုင်၊ အထက်မင်းလှ)
* မင်းလှ(ပဲခူးတိုင်း သာယာဝတီခရိုင်၊ အောက်မင်းလှ)

* ထန်းတပင် (ရန်ကုန်တိုင်း)
* ထန်းတပင် (အင်းစိန်ခရိုင် လှိုင်မြစ်အရှေ့)
* ထန်းတပင် (ပဲခူးတိုင်း တောင်ငူခရိုင်)

ကာမြို့များ
၁။ ကာလိ ၂။ ကာမိုင်း ၃။ မိုင်းကာ

ကျိုက်အမည်ရှိမြို့များ
၁။ ကျိုက္ခမီ ၂။ ကျိုက်ဒုံ ၃။ ကျိုက်ထို ၄။ ကျိုက်မရော ၅။ ကျိုက်လတ် ၆။ ဇင်းကျိုက်

ကျိုင်းမြို့များ
၁။ ကျုင်းတုံ ၂။ ကျိုင်းတောင်း ၃။ ကျိုင်းလပ်

ကျောက်အမည်ရှိမြို့များ
၁။ ကျောက်ကြီး ၂။ ကျောက်စရစ်မြို့ဟောင်း ၃။ ကျောက်ဆည် ၄။ ကျောက်တလုံး ၅။ ကျောက်တန်း ၆။ ကျောက်တော် ၇။ ကျောက်တံတား ၈။ ကျောက်တံခါး ၉။ ကျောက်ထု ၁၀။ ကျောက်ပန်းတောင်း ၁၁။ ကျောက်ဖြူ ၁၂။ ကျောက်မဲ ၁၃။ ကျောက်မြောင်း

တောင်အမည်ရှိမြို့များ
၁။ တောင်ကုတ် ၂။ တောင်ကြီး ၃။ တောင်ငူ ၄။ တောင်တွင်းကြီး ၅။တောင်ပြိုလက်ဝဲ ၆။ တောင်သာ ၇။ တောင်ဥက္ကလာပ ၈။ ရွှေတောင် ၉။ သံတောင် ၁၀။ သံတောင်ကြီး ၁၁။ ဗူးသီးတောင် ၁၂။ ရသေ့တောင်

စမြို့များ
၁။ စကု ၂။ စလင်း

စဉ့်မြို့များ
၁။ စဉ့်ကူး ၂။ စဉ့်ကိုင်

တာမြို့များ
၁။ တာချီလိတ် ၂။တာမိုးညဲ ၃။ တာလေ ၄။ တုံတာ ၅။ ပူတာအို ၆။ လပွတ္တာ

တန့်မြို့
၁။ တန့်ယန်း ၂။ တန့်ဆည်

နမ့်မြို့များ
၁။ နမ့်ခမ်း ၂။ နမ့်စန် ၃။ နမ့်ဆန် ၄။ နမ့်တစ်

နောင်မြို့များ
၁။။ နောင်ခစ် ၂။ နောင်ချို ၃။ နောင်တရား ၄။ မိုင်းနောင် ၅။ နောင်မွန်း

ပင်မြို့များ
၁။ ပင်လောင်း ၂။ ပင်လုံ ၃။ ပင်လယ်ဘူး ၄။ ဟိုပင် ၅။ ယင်းမာပင် ၆။ညောင်လေးပင် ၇။ ထန်းတပင် ၈။ ဥသျစ်ပင် ၉။ အောင်ပင်လယ် ၁၀။ သနပ်ပင်

ပေါင်းမြို့များ
၁။ ပေါင်းတလည် ၂။ ပေါင်းတည် ၃။ သာပေါင်း

ပန်မြို့
၁။ ပန်ဝါ ၂။ ပန်နန်းဒင် ၃။ ပန်ခမ့် ၄။ ပန်ယန်း ၅။ ပန်လုံ ၆။ ပန်ဝိုင် ၇။ မိုင်းပန် ၈။ ပန်ဆန်း

ပန်းမြို့
၁။ ပန်းတနော် ၂။ အောင်ပန်း ၃။ ကျောက်ပန်းတောင်း ၄။ ပန်းပဲတန်း

မိုးအမည်ရှိသောမြို့များ
၁။ မိုးကုတ် ၂။ မိုးကောင်း ၃။ မိုးညို ၄။ မိုးညှင်း ၅။ မိုးနဲ ၆။ မိုးဗြဲ ၇။ မိုးမောက် ၈။ မိုးမိတ်

မော်မြို့
၁။ မော်လမြိုင် ၂။ မော်လမြိုင်ကျွန်း ၃။ ဗန်းမော် ၄။ ဝိုင်းမော် ၅။ မော်ထိုက် ၆။။ မော်လိုက်

မောက်မြို့များ
၁။ မောက်မယ် ၂။ မိုးမောက် ၃။ ဗန်းမောက် ၄။ နတ်မောက်

မင်းမြို့များ
၁။ မင်းကင်း ၂။ မင်းကွန်း ၃။ မင်းတပ် ၄။ မင်းတုန်း ၅။ မင်းပြား ၆။ မင်းဘူး ၇။ မင်းရဲလှမြို့ဟောင်း ၈။ မင်းလှ

မိုင်းအမည်ရှိမြို့များ
၁။ မိုင်းကာ ၂။ မိုင်းကိုင် ၃။ မိုင်းခတ် ၄။ မိုင်းခုတ် ၅။ မိုင်းငေါ့ ၆။ မိုင်းစံ ၇။ မိုင်းဆတ် ၈။ မိုင်တုံ ၉။ မိုင်းနောင် ၁၀။ မိုင်းပန် ၁၁။ မိုင်းပွန် ၁၆။ မိုင်းပေါက် ၁၇။ မိုင်းပျဉ်း ၁၈။ မိုင်းဖျန် ၁၉။ မိုင်းဖြတ် ၂၀။ မိုင်းမော ၂၁။ မိုင်းယန်း ၂၂။ မိုင်းယု ၂၃။ မိုင်းယောင်း ၂၄။ မိုင်းရယ် ၂၅။ မိုင်းရှူ း ၂၆။ မိုင်းလား ၂၆။ မိုင်းလုံ ၂၇။ ကာမိုင်း ၂၈။ လမိုင်း

မြိုင်မြို့များ
၁။ မြိုင် ၂။ မော်လမြိုင် ၃။ မော်လမြိုင်ကျွန်း ၄။ မြိုင်ကြီးငူ ၅။ ဝေါလေမြိုင်

ရေမြို့များ
၁။ ရေကြည် ၂။ ရေစကြို ၃။ ရေဇွာ ၄။ ရေတာရှည် ၅။ ရေနံချောင်း ၆။ ရေဖြူ ၇။ ရေဦး

ရန်မြို့များ
၁။ ရန်ကင်း ၂။ ရန်ကုန်

ရွှေအမည်ရှိမြို့များ
၁။ ရွှေကူ ၂။ ရွှေကျင် ၃။ ရွှေညောင် ၄။ ရွှေပေါ်ကွန်း ၅။ ရွှေပြည်သာ ၆။ ရွှေဘို ၇။ ရွှေသောင်ယံ ၈။ ညောင်ရွှေ ၉။ ချင်းရွှေဟော်

လားမြို့များ
၁။ လားရှိူး ၂။ မိုင်းလား

လင်မြို့များ
၁။ လွိုင်လင် ၂။ လင်ဟော် ၃။ ဘုတလင်

လွိုင်မြို့များ
၁။ လွိုင်ကော် ၂။ လွိုင်လင်

ဟိုမြို့များ
၁။ ဟိုတောင်း ၂။ ဟိုပင် ၃။ ဟိုပန် ၄။ ဟိုပုံး ၅။ ဟိုမိန်း

ဦးတို့ရဲ့မြို့များ
၁။ ခင်ဦး ၂။ ချောင်းဦး ၃။ ညောင်ဦး ၄။ တံတားဦး ၅။ ဒိုက်ဦး ၆။ ပြင်ဦးလွင် ၇။ မြောက်ဦး ၈။ ရေဦး

အောင်မြို့များ
၁။ အောင်ပန်း ၂။ အောင်လံ ၃။ မြန်အောင် ၄။ မာန်အောင်

အကောင်နာမည်ပါသောမြို့များ
၁။ ဆင်ဘို ၂။ ဖားကန့် ၃။ ဖားဆောင်း ၄။ လိပ်သို ၅။ ဆင်ပေါင်ဝဲ ၆။ ဆင်ဖြူကျွန်း ၇။ ဆိပ်ဖြူ ၈။ ငါန်းဇွန် ၉။ မြင်းခြံ ၁၀။ မြင်းလွတ် ၁၁။ ပုဇွန်တောင် ၁၂။ မိုင်းလား ၁၃။ လောက်ကိုင် ၁၄။ ငသိုင်းချောင်း ၁၅။ ဟင်္သာတ ၁၆။ ကျိုင်းတုံ ၁၇။ ကျိုင်းတောင်း ၁၈။ ကျိုင်းလပ် ၁၉။ နွားထိုးကြီး ၂၀။ ဝက်လက်

Crd #ဆရာညို(မကွေး)
Photo -credit

မေတ္တာဖြင့်...
ဝင်းသီဟ ကျော်

💢'Tropical Storms' 💢အပူပိုင်းဒေသ မုန်တိုင်းများ +++အပူပိုင်းဒေသမုန်တိုင်း ဆိုသည်မှာ ကမ္ဘာ့မြောက်ခြမ်းတွင် လက်ဝဲရစ်ဖြင့်လ...
12/05/2023

💢'Tropical Storms'
💢အပူပိုင်းဒေသ မုန်တိုင်းများ
+++

အပူပိုင်းဒေသမုန်တိုင်း ဆိုသည်မှာ ကမ္ဘာ့မြောက်ခြမ်းတွင် လက်ဝဲရစ်ဖြင့်လည်းကောင်း၊ ကမ္ဘာ့တောင်ခြမ်းတွင် လက်ယာရစ်ဖြင့်လည်းကောင်း လေဖိအားနည်းရပ်ဝန်းတစ်ခုကိုပတ်၍ အတွင်းဝိုက်ကာ တိုက်လေများပြင်ထန်စွာ စုဝင်တိုက်ခတ်နေသော လေဝဲအကြီးစားတစ်ခုပင်ဖြစ်သည်။ တစ်နည်းဆိုသော် တိုက်လေများဘေးတိုက်စုဝင်နေပြီး ရွေ့လျားနေသည့် လေဖိအားအလွန်နည်းသော ရပ်ဝန်းတစ်ခုပင်ဖြစ်သည်။

အပူပိုင်းဒေသမုန်တိုင်းများသည် ကမ္ဘာပေါ်ရှိ မုန်တိုင်းအမျိုးမျိုးအနက် အဖျက်စွမ်းအားအပြင်းထန်ဆုံးနှင့် အပျက်အစီးအများဆုံးဖြစ်စေနိုင်သော မုန်တိုင်းများဖြစ်ကြသည်။ ပြင်းထန်သောလေတိုက်ခတ်မှုဒဏ်ကိုသာမက ပင်လယ်ဒီလှိုင်များ ကမ်းသို့တက်ရောက်လွှမ်းမိုးမှုဒဏ်၊ လျှပ်တစ်ပြက်ရေကြီးမှုဒဏ်၊ မိုးသည်းထန်လွန်းသည့်ဒဏ်များကိုပါ ဤမုန်တိုင်းများ ဖြတ်သန်းရာတစ်လျှောက်၌ ရင်ဆိုင် ကြုံတွေ့ကြရသည်။

ပေါက်ဖွားသည့် အချိန်ကာလနှင့်
ဇာတိနယ်မြေ
----------------------------
အပူပိုင်းဒေသမုန်တိုင်းများသည် ပင်လယ်သမုဒ္ဒရာပေါ်၌သာ စတင်ဖြစ်ပေါ်လေ့ရှိသည်။ ပစိဖိတ်သမုဒ္ဒရာသည် အပူပိုင်းဒေသမုန်တိုင်းများ အများဆုံးပေါက်ဖွားရာ ဒေသဖြစ်ပြီး၊ တနှစ်လျှင်မုန်တိုင်းအရေအတွက် ၄၃ လုံးခန့်ဖြစ်ပေါ်သည်။ အင်အားအပြင်းထန်ဆုံးမုန်တိုင်းများကိုလည်း ပစိဖိတ်သမုဒ္ဒရာ၌ပင်တွေ့ရသည်။ အိန္ဒိယသမုဒ္ဒရာသည် အပူပိုင်းမုန်တိုင်း ဒုတိယအများဆုံး ဖြစ်ပေါ်ရာဒေသဖြစ်ပြီး တနှစ်လျှင်မုန်တိုင်း ၁၅ လုံးခန့်ဖြစ်ပေါ်သည်။ အပူပိုင်းဒေသတွင် မုန်တိုင်းမတွေ့ရသော သမုဒ္ဒရာများလည်းရှိသည်။ ယင်းတို့မှာ တောင်အတ္တလန္တိတ် သမုဒ္ဒရာနှင့် အရှေ့တောင်ပစိဖိတ်သမုဒ္ဒရာတို့ဖြစ်ကြသည်။ ထို့ပြင် အီကွေတာနှင့် နီးကပ်သောဒေသများတွင်လည်း အပူပိုင်းမုန်တိုင်းများကို မတွေ့ရပေ။

ကမ္ဘာ့အပူပိုင်းဒေသများတွင် ဖြစ်ပေါ်တတ်သော မုန်တိုင်းကြီးများကို မုန်တိုင်းများဖြစ်ပေါ်ရာနေရာ၊ ဒေသကိုလိုက်၍ အမည်အမျိုးမျိုးမှည့်ခေါ် ကြသည်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့် တောင်ပစိဖိတ်သမုဒ္ဒရာတို့တွင်ဖြစ်ပေါ်သော မုန်တိုင်းကြီးများကို Hurricane' ဟာရီကိန်း ဟူ၍လည်းကောင်း၊ မြောက်ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်တို့တွင် Typhoon' တိုက်ဖွန်း ဟူ၍ လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်၊ အာရေးဗျပင်လယ်၊ မြောက်ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းနှင့် အန္ဒိယသမုဒ္ဒရာတောင်ပိုင်းတို့တွင် Cyclone' ဆိုင်ကလုံး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ထို့အပြင် မိမိတို့ဆိုင်ရာနယ်မြေအလိုက်လည်း အမည်အမျိုးမျိုးခေါ်ကြပြန်ရာ ဖိလစ်ပိုင်ကျွန်းတွင် Baguios ဘာဂီယို၊ မက္ကဆီကိုတွင် ကော်ဒိုနာဇို၊ သြစတြေးလျအနောက်မြောက်ဘက်တွင် Willy-Willy ဝီလီဝီလီ အမည်များဖြင့်လူသိများကြပေသည်။ မုန်တိုင်းများကို အမည်နာမအမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသော်လည်း ယင်းမုန်တိုင်းများစတင်ဖြစ်ပေါ်ပုံ၊ အားပျိုးပြင်းထန်လာပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အားပျော့ပျက်ပြယ်ပုံ စသည့်ဖြစ်စဥ်အားလုံးသည် အတူတူပင်ဖြစ်သည်။

အထက်ပါမုန်တိုင်းဖြစ်ရာဒေသများအနက် မြန်နိုင်ငံနှင့်နီးကပ်သော ဘင်္ဂလားပင်လယ်အော်တွင် ဧပြီ၊ မေနှင့် စက်တင်ဘာမှ ဒီဇင်ဘာလအတွင်းတွင်လည်းကောင်း၊ အာရေးဗျပင်လယ်တွင် မေ၊ ဇွန်နှင့် အောက်တိုဘာမှ စက်တင်ဘာလအတွင်းတွင်လည်းကောင်း၊ တောင်တရုတ်ပင်လယ်တွင် ဇူလိုင်မှ နိုဝင်ဘာအတွင်းတွင်လည်းကောင်း မုန်တိုင်းများ ဖြစ်ပေါ်သည်။

'Formative Stage' စတင်ပေါက်ဖွားပုံ
----------------------------
အရှေ့မြောက်ကုန်သည်လေနှင့် အရှေ့တောင်ကုန်သည်လေတို့ဆုံရာရပ်ဝန်းဖြစ်သော လေငြိမ်ရပ်ဝန်းခေါ် အီကွေတာလေဖိအားနည်းရပ်ဝန်းတွင် အပူပိုင်းမုန်တိုင်းများသည် လေပွေလှိုင်းများအဖြစ် စတင်ဖြစ်ပေါ်တတ်သည်။ ထိုလေပွေလှိုင်းများတွင် တိုက်လေသည် မြောက်ကမ္ဘာခြမ်း၌ လေဖိအားနည်းဒေသကို လကျဝဲဘကျတှငျထားပွီးတျိုကျခတျကွသညျ။ အခြေအနေပေးပါက အဆင့်ဆင့်အားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ရောက်ရှိသည်။ လေပွေလှိုင်းဘဝမှ မုန်တိုင်းအဖြစ်ရောက်ရှိရန် သုံးလေးရက်ခန့်ကြာတတ်သည်။ အပူပိုင်းမုန်တိုင်းများဖြစ်ပေါ်ရန် အောက်ပါအခြေအနေများလိုအပ်သည်။

(၁) ပူနွေးကျယ်ဝန်းသည့် ပင်လယ်သမုဒ္ဒရာရေပြင် - မုန်တိုင်း၏စွမ်းအင်ကို ရေငွေ့များ ငွေ့ရည်ဖွဲ့ရာမှ ထွက်လာသော latent heat of condensation ငွေ့ရည်ဖွဲ့အောင်းပူမှရသဖြင့် အားပျိုး၍ အရွယ်တက်နေသည့် မုန်တိုင်း၏စွမ်းအင်ကို ကြာရှည်စွာ ဖြည့်တင်းပေးနိုင်ရန်လုံလောက်သော ရေငွေ့များလိုအပ်သည်။ ရေပြင်ပေါ်ရှိ လေထုအောက်ပိုင်းကို ပူနွေးစေရန်အတွက် ဖန်တီးပေးနိုင်မည့် ရေပြင်လည်းလိုအပ်သည်။ သို့အတွင် ယင်းလိုအပ်ချက်များကိုဖြည့်စည်းပေးနိုင်ရန်လုံလောက်စွာပူနွေးသော ကျယ်ပြန့်သည့် ပင်လယ်သမုဒ္ဒရာရေပြင်ကျယ်တစ်ခုလိုအပ်သည်။ ရေပြင်အပူချိန်သည် ၂၆ -၂၇ ဒီဂရီစင်တီဂရိတ် (၇၉ - ၈၁ ဒီဂရီဖာရင်ဟိုက်) ထက်ပို၍ ပူနွေးမှသာ လိုအပ်သောအခြေအနေမျိုးရရှိနိုင်သည်။

(၂) အီကွေတာမှ လုံလောက်သောအကွာအဝေး - အီကွေတာနှင့်အနီးတစ်ဝိုက်တွင် ကမ္ဘာလည်ပတ်မှုကြောင့်ဖြစ်ပေါ်သော တိမ်းစောင်းအား Coriolis force' (မြေလည်လေတိမ်းအား) အလွန်နည်းသဖြင့် တိုက်လေသည် လေဖိအားနည်းရပ်ဝန်းကို အရှိန်ကြီးစွာဖြင့် လှည့်ပတ်တိုက်ခတ်ရန် မစွမ်းနိုင်ချေ။ သို့အတွက် အီကွေတာမှ အနည်းဆုံး ၆ ဒီဂရီလတ္တီကျုခန့် ဝေးကွာမှသာ လိုအပ်သော တိမ်းစောင်းအားကိုရနိုင်ပေသည်။

(၃) တိုက်လေ၏ အမြင့်အလိုက် ပြောင်းလဲခြင်းနည်းပါးမှု - မြေစပ်လေထုအတွင်း တိုက်လေများသည် လေလာရာအရပ်ချင်း ဆန့်ကျင်ကွဲပြားပြီး တိုက်ခတ်နေပါက တစ်နေရာသို့ အတွင်းဝိုက်ပြီး စုပေါင်းတိုက်ခတ်ရန်ခက်ခဲမည့်အပြင် လေအင်အားလည်းလျော့ပါးနိုင်သည်။ သို့အတွက် မြေစပ်လေထုအတွင်း မြေပြင်မှ အမြင့်ပေ လေးငါးသောင်းအထိ တိုက်လေများသည် အရှေ့ဘက်မှသာ တိုက်ခတ်ရန်လိုအပ်သည်။

(၄) မြေစပ်လေထုအောက်ပိုင်း၌ လေထုလှုတ်ရှားမှု - အပူပိုင်းဒေသမုန်တိုင်း စတင်မဖြစ်ပေါ်မီ မြေစပ်လေထု၏အောက်ပိုင်းသည် လှုတ်ရှား၍ မငြိမ်မသက်မှုဖြစ်ပေါ်နေရမည်။ သို့မှသာ ဘေးတိုက်စုဝင်ခြင်းဖြစ်ပေါ်နိုင်မည်။ ဘေးတိုက်စုဝင်ခြင်းကြောင့် လေဝဲသဏ္ဍန်ပေါ်လာပြီး အခြေအနေပေးပါက မုန်တိုင်းငယ်အဖြစ်သို့ ရောက်လာတတ်သည်။

(၅) မြေစပ်လေထုအထက်ပိုင်း၌ ဘေးတိုက်ဖြာထွက်မှု - မြေစပ်လေထုအောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေထုလှုတ်ရှားမှု၏ အထက်၌ ဘေးတိုက်ဖြာထွက်မှုတစ်ခုသည် မြေစပ်လေထုအထက်ပိုင်းအတွင်း ဖြစ်ပေါ်နေရပေမည်။ သို့မှသာလျှင် အထက်တက်လေစီးကြောင်းများ အားကောင်းမှု တာရှည်ပြီး လေထုမငြိမ်မသက်ဖြစ်ရာမှ မုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်သည်။
အထက်ပါအခြေအနေငါးခုနှင့် ကိုက်ညီသောအခါ လတ္တီကျု ၅ ဒီဂရီမှ ၁၀ ဒီဂရီအတွင်း လေဝဲထိုးတိုက်ခတ်မှုဖြစ်လာသည်။ ဤလေဝဲများသည် ရွေ့လျားမှုမရှိဘဲ တည်ငြိမ်၍လည်းကောင်း၊ အီကွေတာမှခွာပြီး အနောက်ယွန်းယွန်းသို့ တဖြည်းဖြည်း ရွေ့လျား၍လည်းကောင်းရှိတတ်ကြသည်။

'Developing Stage' အားပျိုးအရွယ်တက်နေသော မုန်တိုင်းများ
---------------------------
လေဝဲအရွယ်မှ အလွန်အားကောင်းသော မုန်တိုင်းကြီးအဖြစ်သို့ရောက်ရှိရန် မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း၊ ဆိုင်ကလုံးမုန်တိုင်းကြီး၊ အလွန်အားကောင်းသော ဆိုင်ကလုံးမုန်တိုင်းကြီးဟူ၍ အင်အားပေါ်အခြေတည်၍ အရွယ်လေးမျိုးဖြတ်ကျော်ခဲ့ရသည်။
အရွယ်လေးမျိုးကိုဖြတ်သန်းကူးပြောင်းရာတွင် ရက်ပေါင်းများစွာကြာတတ်သကဲ့သို့ ၂၄ နာရီအတွင်း အလွန်လျင်မြန်စွာ ကူးပြောင်းတတ်သည့်မုန်တိုင်းများလည်းရှိသည်။
လေဝဲဘဝတွင် လေတိုက်နှုန်းသည် တစ်နာရီလျှင်မိုင် ၃၀ မှ ၃၅ မိုင်အထိလည်းကောင်း၊ မုန်တိုင်းငယ်ဖြစ်လာသောအခါ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၃၂ မိုင်မှ ၃၈ မိုင် အထိလည်းကောင်း၊ ဆိုင်ကလုံးမုန်တိုင်းဖြစ်လာသောအခါ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၃၉ မိုင်မှ ၅၄ မိုင်အထိလည်းကောင်း၊ ဆိုင်ကလုံးမုန်တိုင်းကြီးဖြစ်လာသောအခါ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၅၅ မိုင်မှ ၇၂ မိုင်အထိလည်းကောင်း တိုက်ခတ်တတ်ကြသည်။ အလွန်အားကြီးသော ဆိုင်ကလုံးမုန်တိုင်းကြီးဖြစ်လာသော် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၇၃ မိုင်ထက်ကျော်သွားပြီး မိုင် ၁၀၀ ကျော် ၂၀၀ အထိတိုက်ခတ်နိုင်သည်။

'Mature Stage' အရွယ်ရောက်ပြီးမုန်တိုင်း
--------------------------
မုန်တိုင်းတစ်ခုဖြစ်ပေါ်ရာတွင် အင်အားအမြင့်ဆုံးရောက်ရှိလာသည့်မုန်တိုင်းကို အရွယ်ရောက်ပြီးမုန်တိုင်းဟု ဆိုလိုခြင်းဖြစ်သည်။ မုန်တိုင်းမျက်စိဖြစ်ပေါ်လာပြီးမှသာ အားအကောင်းဆုံးအဆင့်သို့ ရောက်ရှိပြီးသည့် မုန်တိုင်းဖြစ်ပေသည်။ အရွယ်ရောက်ပြီးမုန်တိုင်းများသည် မိုင် ၁၀၀ မှမိုင် ၆၀၀ အထိကျယ်ဝန်းပြီး လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင် ၇၅ မိုင်နှုန်းမှ မိုင် ၂၀၀ အထိ ပြင်းထန်နိုင်ပေသည်။ လေအပြင်းထန်ဆုံးတိုက်ခတ်သည့်နေရာသည် မုန်တိုင်းဗဟိုချက်မှ မိုင် ၁၀၀ အတွင်းရှိ၍ မိုင် ၅၀ မှ ၁၅၀ အထိကျယ်ဝန်းတတ်သည်။ မုန်တိုင်းရွှေ့လျားရာလမ်းကြောင်း လက်ယာဘက်တွင် လေတိုက်နှုန်းပိုများတတ်သည်။

အချို့အပူပိုင်းမုန်တိုင်းများတွင် လေဆင်နှာမောင်းများ ပူးတွဲပါလာတတ်ကြရာ အများအားဖြင့် မုန်တိုင်း၏ ညာဘက်ခြမ်းတွင် ပါဝင်လေ့ရှိသည်။ အဆိုပါ လေဆင်နှာမောင်းများသည် သီးခြားဖြစ်ပေါ်သော လေဆင်နှာမောင်းများထက် များစွာသေးငယ်ကြသည်။ ၁၉၆၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ဟာရီကိန်းကားလ် (Hurricane Carla) တွင် လေဆင်နှာမောင်း ၂၈ ခုထိတွဲပါခဲ့ရာ ထိုအချိန်က အများဆုံးစံချိန်တင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မက္ကဆီကိုပင်လယ်ကွေ့မှ အမေရိပြည်ထောင်စု၊ တက်ဆက်ပြည်နယ်တောင်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်ခဲ့သော ဟာရီကိန်းဗြူလာ(Hurricane Beulah) နှင့်အတူ တွဲပါလာသော လေဆင်နှာမောင်း အရေအတွက်မှာ ၁၁၅ ခုတိတိပါရှိခဲ့ရာ၊ ဟာရီကိန်းကားလ်လတင်ခဲ့သော စံချိန်ကို အပြတ်အသတ်ချိုးခဲ့သည်။ အဆိုပါ လေဆင်နှာမောင်းအများစုသည် ဟာရီကိန်းမုန်တိုင်းစက်ဝိုင်း၏ ၃၃၀ ဒီဂရီမှ ၉၀ ဒီဂရီ စက်ဝိုင်းစိတ်အတွင်းဖြစ်ပေါ်ပါရှိခဲ့သည်။

အလွန်အားကောင်းသော ဆိုင်ကလုံးမုန်တိုင်းကြီးတစ်ခုအား ဒေါင်လိုက်ဖြတ်ကြည့်ပါက မြေပြင်မှ အမြင့်ပေ ၄၀,၀၀၀ ကျော်အထိမြင့်မားခြင်း၊ အချင်းမိုင် ၄၀၀ ကျော်ခန့်ရှိခြင်း၊ တိမ်ကင်းစင်နေသော သို့မဟုတ် တိမ်အနည်းငယ်သာရှိသော မုန်တိုင်းမျက်စိခေါ် ဗဟိုချက်ကို ထင်ရှားစွာတွေ့မြင်ရခြင်း၊ လေသည် လက်ဝဲရစ် အတွင်းဝိုက်၍ တိုက်ခတ်ပြီး ရေပြင်မှစ၍ အထက်သို့တက်နေကြခြင်းနှင့် အမြင့်ပေ လေးသောင်းအထက်၌ လေသည်အပြင်သို့ ဖြာထွက်တိုက်ခတ်နေခြင်းစသည့် အချက်များအားတွေ့ရသည်။

မုန်တိုင်းမျက်စိသည် မိုင်ဝက်မှ မိုင် ၂၀ အထိကျယ်ဝန်းပြီး စက်ဝိုင်းသဏ္ဍန်ဖြစ်ပေါ်နေသည်။ မျက်စိအတွင်း၌ တိမ်အနည်းငယ်သာရှိတတ်၍ အချို့မုန်တိုင်းများ၏မျက်စိတွင် တိမ်ကင်းစင်နေသလောက်ဖြစ်နေတတ်သည်။ မုန်တိုင်းမျက်စိ၏ပတ်ပတ်လည်တွင် မိုးတိမ်တောင်များသည် နံရံသဖွယ်ဝိုင်းရံလျက်ရှိပြီး လေရော မိုးပါ အလွန်ပြင်းထန်စွာ ကျရောက်နေတတ်ကြသည်။ မုန်တိုင်းမျက်စိအတွင်း၌မူ လေငြိမ်သက်သလောက်ဖြစ်နေတတ်၍ အပူချိန်သည် သာမန်ထက်ပိုပြီး နွေးနေတတ်ပေသည်။ လေဖိအားအနေဖြင့် မုန်တိုင်းတစ်ခုလုံး၌ အနိမ့်ကျဆုံးနေရာဖြစ်သည်။
သာမာန်အားဖြင့် မုန်တိုင်းကြီးများသည် တစ်နာရီလျှင် ၁၀ မိုင်နှုန်းဖြင့် ရွေ့လျားပြီး လမ်းကြောင်းပြောင်းကာနီတွင်ရွေ့လျားမှုသည် နှေးကွေးသွားတတ်သည်။
မြောက်ကမ္ဘာခြမ်းတွင် မုန်တိုင်းများသည် အများအားဖြင့် အရှေ့တောင်ယွန်းယွန်းမှ အနောက်မြောက်ယွန်းယွန်းဆီသို့ ဦးတည်ရွေ့လျားတတ်ပြီး မြောက်လတ္တီကျု ၁၅ မှ ၃၀ ဒီဂရီအကြား အရောက်တွင်မြောက်ဘက် သို့မဟုတ် အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားတတ်ကြပေသည်။

'Degenration or Dissipation Stage' အရွယ်လွန်မုန်တိုင်း
--------------------------
အပူပိုင်းမုန်တိုင်းများသည် အလွန်အားကောင်းနေရာမှ ပင်လယ်ရေအပူချိန် ၂၆.၅ ဒီဂရီစင်တီဂရိတ်ထက်နည်းသော ပင်လယ်ပြင်ပေါ်သို့ ရောက်ရှိဖြတ်သန်းသောအခါတွင်လည်းကောင်း၊ အောက်လွှာအတွင်းသို့ လေအေးများအမြောက်အများတိုးဝင်၍လည်းကောင်း၊ ကမ်းခြေကိုဖြတ်ကျော်ပြီးကုန်းတွင်းသို့ဝင်ရောက်သည့်အခါတွင်လည်းကောင်း အားပျော့ပျက်ပြယ်သွားလေ့ရှိကြသည်။

#ဒေါက်တာနိုင်နိုင်အေး
ကထိက၊ ပထဝီဝင်။

Creatives
10/05/2023

Creatives

မုန်တိုင်းအထူးသတိပေးချက်အိန္ဒိယနိုင်ငံမိုးလေဝသဌာနကြီးမှ မုန်တိုင်းခန့်မှန်းချက်ထုတ်ပြန်ထားတာဖြစ်ပါတယ် မင်းဂွတ်သီးလေးရက်အ...
10/05/2023

မုန်တိုင်းအထူးသတိပေးချက်
အိန္ဒိယနိုင်ငံမိုးလေဝသဌာနကြီးမှ မုန်တိုင်းခန့်မှန်းချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်
မင်းဂွတ်သီးလေးရက်အဝေးကြီးထဲကခန့်မှန်းပေးခဲ့တဲ့အတိုင်းပါပဲ မြန်မာ ဘင်္ဂလားဒေချ့်နယ်စပ်အနီးက မုန်တိုင်းဝင်ရောက်မှာဖြစ်ပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ ရသေ့တောင် ပုဏ္ဍာကျွန်း ကျောက်တော် မင်းပြား မြောက်ဦးဘူးသီးတောင်မောင်းတော ပလက်ဝ မတူပြီ မုန်တိုင်းဝန်းထိပြီးမုန်တိုင်ဒါဏ်ခံရမှာဖြစ်ပါတယ် မုန်တိုင်းဝင်ရောက်ချိန်တွင်
တစ်နာရီလေတိုက်နှုန်း 75kts
86mph
139km/h ဖြင့်တိုက်ခတ်နိုင်ပါတယ် အဆိုပါဒေသတွေကို ၂၀၂၃ မေလ ၁၃ရက်နေ့ ၁၄ရက်နေ့တွေမှာမုန်တိုင်းတိုက်ခတ်ခံရမှာဖြစ်သဖြင့် ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ကြဖို့အကြံပြုလိုက်ပါတယ်
source INDIA METEOROLOGICAL DEPARTMENT (IMD)
issued time
10/05/2023 5:30am(MMT)
Su Su San မင်း ဂွတ် သီး

တနင်္ဂနွေ သားသမီးတွေ အတာစားမယ်။💦 ရှေးပေါရာဏအယူအရ မြန်မာနှစ်ကူး သင်္ကြန်ကာလမှာ အတာစားတဲ့ လူတွေဟာ သင်္ကြန်မင်းကို ပြန်ပို့...
14/04/2023

တနင်္ဂနွေ သားသမီးတွေ အတာစားမယ်။💦

ရှေးပေါရာဏအယူအရ
မြန်မာနှစ်ကူး သင်္ကြန်ကာလမှာ
အတာစားတဲ့ လူတွေဟာ သင်္ကြန်မင်းကို
ပြန်ပို့ပေးရပါတယ်။ (သိကြားမင်းမဟုတ်ပါ။
သင်္ကြန်မင်းလို့ ခေါ်ပါတယ်။)

🗓နှစ်တစ်နှစ်အတွက် အတာစားတဲ့သူဆိုတာက
သင်္ကြန်အတက်နေ့ကျရောက်တဲ့ နေ့နံမှာ
မွေးတဲ့သူတွေကိုဆိုပါတယ်။

ဒီနှစ်မှာ သင်္ကြန်အတက်နေ့က
တနင်္ဂနွေနေ့မှာဖြစ်လို့
တနင်္ဂနွေတွေ အတာစားပါမယ်။❤

တွက်ချက်မှုအရ
💢၁၆ ရက်နေ့ ဧပြီလ၊ ၂၀၂၃ခုနှစ်
မြန်မာ သက္ကရာဇ်နဲ့ဆို
💢၁၃၈၅ ခုနှစ်၊ တန်ခူးလဆုတ် ၁၂ရက်နေ့
⏰ည (၁၀)နာရီ (၁၆)မိနစ်မှာ
မြန်မာသင်္ကြန်ပြီးဆုံးပါတယ်။

တစ်နည်း မြန်မာနှစ်ကူးပါတယ်။
အတာစားတဲ့ တနင်္ဂနွေသားသမီးတွေက
အဲဒီအချိန်ကာလမှာ မြောက်အရပ်ကို မျက်နှာမူပြီး၊
ကုသိုလ်ကောင်းမှု လုပ်ပေးရပါမယ်။

🙏 ဘုရားရှိခိုး၊ မေတ္တာပို့စသည့်ဖြင့်။
ဒီထက်ပိုအကျိုးထူးအောင်
သန့်ရှင်းတဲ့အဝတ်အထည်ကိုဝတ်
အိမ်မှာရှိတဲ့ ဘုရားစင်မှာ သစ်သီး၊ ပန်းနဲ့
အညွှန့်တွေကို ကပ်လှူပူဇော်ပါ။

😊 အတာစားပေးတဲ့အတွက်
အကျိုးကျေးဇူးက
(၁၃၈၅) မြန်မာသက္ကရာဇ်အတွင်း
တစ်နှစ်အတွင်းမှာ
🍀မဟာဘောကံ၊ 🍀မဟာသုခံ၊
🍀မဟာလာဘံဆိုတဲ့ ကြီးမားတဲ့ အကျိုးကျေးဇူး၊ လာဘ်လာဘတွေ မယုံနိုင်လောက်အောင်ရရှိ
ခံစားရပါမယ်။

မသိလို့ဖြစ်ဖြစ်၊ နားမလည်လို့ဖြစ်ဖြစ်
မေ့သွားလို့ဖြစ်ဖြစ် မလုပ်မိတဲ့သူတွေက
နှစ်ဆန်းတစ်ရက်နေ့မှာ တရော်ကင်ပွန်းနဲ့
ခေါင်းဆေး၊ ခေါင်းလျှော်ပြီး၊
အညံ့တွေက လွတ်အောင် ပြန်လုပ်ယူနိုင်ပါတယ်။🙏

အညံ့ပဲပျောက်တာဖြစ်လို့
ကောင်းကျိုးတွေကတော့ မရနိုင်တော့ပါ။

👉မလုပ်မိရင်တော့ အယူအဆရ
တစ်နှစ်တာလုံးရဲ့ အညံ့တွေကို
တခြား နေ့နံတွေအစားပါခံယူရတယ်လို့
အယူရှိပါတယ်။
(ဆရာ စံဇာဏီဘိုရဲ့ ဟောကြားချက်ကို
စာအဖြစ် မှတ်ရလွယ်အောင်
ပြန်လည် ရေးသား
ဖော်ပြလိုက်ရပါတယ်ခင်ဗျာ) 🙏🙏🙏

တရုတ်ပြေးမင်း (ခေါ်) နရသီဟပတေ့မင်းရဲ့ သားတော် ပုဂံ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကျော်စွာမင်းကို နန်းချပြီး မိမိတို့အပိုင်စားရ...
27/03/2023

တရုတ်ပြေးမင်း (ခေါ်) နရသီဟပတေ့မင်းရဲ့ သားတော် ပုဂံ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကျော်စွာမင်းကို နန်းချပြီး မိမိတို့အပိုင်စားရာမြို့တွေမှာ မင်းပြုခဲ့ကြတဲ့ ရှမ်းညီနောင်သုံးဦး

ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်ကတည်းက ကျောက်ဆည်နယ်နှင့် လယ်တွင်းနယ်များကို အပိုင်စား ပေးခဲ့သော ပြော့သိင်္ခ.....

ဒီဓာတ်ပုံဟာ 24.9 ဘီလီယံ pixels နည်းပညာနဲ့ ရိုက်ကူးထားတဲ့ပုံပါတဲ့ ။  ဒီပုံကို အနိီး အဝေး စိတ်ကြိုက် ဆွဲပြီးကြည့်နိုင်ပါတယ...
20/03/2023

ဒီဓာတ်ပုံဟာ 24.9 ဘီလီယံ pixels နည်းပညာနဲ့ ရိုက်ကူးထားတဲ့ပုံပါတဲ့ ။ ဒီပုံကို အနိီး အဝေး စိတ်ကြိုက် ဆွဲပြီးကြည့်နိုင်ပါတယ်( zoom in၊ zoom out စိတ်ကြိုက် လုပ်နိုင်သည်)။ လမ်းပေါ်မှာရှိတဲ့ လမ်းသွားလမ်းလာတွေ ရဲ့ မျက်နှာကိုပါရှင်းရှင်းလင်းလင်း မြင်ရပါတယ်။

ဓာတ်ပုံအမှန်ကို အောက်က link ကိုနှိပ်ပြီးဝင်ကြည့်ပေးပါ။

http://sh-meet.bigpixel.cn/?from=groupmessage&isappinstalled=0

အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ==================================သိပ်မဝေးတော့တဲ့ ကာလမှာ ကြက်တွေကို မသတ်...
13/03/2023

အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ
==================================

သိပ်မဝေးတော့တဲ့ ကာလမှာ ကြက်တွေကို မသတ်ဘဲ ကြက်သား စားလို့ရလာတော့မှာပါ။ အမေရိကန် ကုမ္ပဏီ ၁ ခုက ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေပါတယ်။ ကြက် ၁ ကောင်မှ မမွေးဘဲ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေတာပါ။

မွေးမြူထားတဲ့ အသားဆိုတာက တိရိစ္ဆာန်တွေရဲ့ ဆဲလ်တွေနဲ့ ဓါတ်ခွဲခန်းမှာ ထုတ်လုပ်ထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဌာန (FDA) က Upside Foods က ထုတ်လုပ်တဲ့ ဒီအသားတွေကို လူတွေ စားဖို့ ဘေးကင်းတယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။

ဒီအသားတွေကို ဒီနှစ်ထဲမှာပဲ စားသောက်ဆိုင်တွေမှာ ရလာနိုင်ပြီး ၂၀၂၈ ခုနှစ် အရောက်မှာ ဆိုင်တွေမှာ ဝယ်လို့ ရလာနိုင်ပါတယ်။ ဓါတ်ခွဲခန်းက ထုတ်တဲ့ အသားတွေကို FDA က ခွင့်ပြုလိုက်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။

ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ ကြက်သား အရသာဟာ တကယ့် ကြက်သား အရသာနဲ့ တူညီပါတယ်။ Upside Foods ဟာ ဒီနယ်ပယ်မှာ စွန့်ဦးတီထွင်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ဓါတ်ခွဲခန်းထုတ် ကြက်သားတွေကို လူတွေ အစားများလာဖို့ ဒီထက်ပိုပြီး များများထုတ်လုပ်ဖို့ လိုအပ်သလို ဈေးကလည်း ချိုသာဖို့ လိုမှာပါ။

Ref : bbc

နေပြည်တော်မှာ ပျောက်ဆုံးခဲ့တဲ့ မိန်းကလေးငယ် တို့ဆေးနဲ့ ရွှေထည်များလုယူခံရမဲခေါင်၊ မတ် ၃နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေ...
03/03/2023

နေပြည်တော်မှာ ပျောက်ဆုံးခဲ့တဲ့ မိန်းကလေးငယ် တို့ဆေးနဲ့ ရွှေထည်များလုယူခံရ

မဲခေါင်၊ မတ် ၃

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာမှာ နေထိုင်သူ အသက် ၁၁ နှစ်အရွယ်ရှိ မဖြိုးဖြိုးအောင် ဟာ မတ်လ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က ကျေးရွာ အတွင်း ဈေးသွားဝယ်ရာမှ ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီမိန်းကလေးငယ်ကို ဆေးတို့ လူယက်သူ အမျိုးသမီးကြီးက လက်ပုတ် ခေါ်ဆောင်သွားပြီးနောက် ကလေးငယ်ကို ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီး ထမင်းဆိုင်မှာ ထားရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ကလေးနဲ့ တို့ဆေးလုပ်တဲ့ အမျိုးသမီးနှစ်ယောက် ရယ်မောပြီး ထမင်းဆိုင်ထဲ အတူလာကြတာ။ ဆိုင်ပိုင်ရှင်တွေကလည်း အတူတူလာတယ် ထင်တာပေါ့။ ကလေးကို ထမင်းဟင်း သူကြိုက်တာနဲ့ ထည့်ပေးဖို့ မှာတယ်။ သူကတော့ ပိုက်ဆံမလောက်လို့ ကလေးအဖေ သွားခေါ်ပြီး ပြန်လာမယ် ပြောသွားတာ။ ကလေးက ၁၂ ခွဲကျော်တော့မှ ငိုပြီး သူ့ကို အိမ်ပြန်ပို့ပေးဖို့ ပြောတာ။ ပြီးတော့မှ ရပ်ကွက်လူကြီးတွေနဲ့ ကလေးမိဘတွေ ရောက်လာပြီး ကလေးကို ပြန်ခေါ်သွားတာပါ" လို့ သူကပြောပါတယ်။

တို့ဆေး အသုံးပြုတဲ့ အမျိုးသမီးဟာ ကလေးငယ် ဝတ်ဆင်ထားတဲ့ နားကပ်ကို ထမင်းဆိုင်လာရာ လမ်းချွတ်ယူထားလိုက်တယ်လို့ ကလေးငယ်က ပြန်လည် ပြောဆိုကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

MK-005

#နေပြည်တော်
#တို့ဆေး
#အေးမြင့်သာယာကျေးရွာ

တူရကီ နဲ့ ဆီးရီးယားငလျင် လူ ရာချီ သေဆုံး၆/၂တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ ဖေဖေါ်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ပြင်းအား ရစ်ချ်တာ...
06/02/2023

တူရကီ နဲ့ ဆီးရီးယားငလျင် လူ ရာချီ သေဆုံး
၆/၂

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ ဖေဖေါ်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇.၉ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူ ရာနဲ့ချီ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းတွေက ဖေါ်ပြနေပါတယ်။

အနည်းဆုံး ၅၀၀ ကျော်သေဆုံးခဲ့ပြီး အဆောက်အအုံအပျက်အစီးတွေထဲမှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေဆဲလို့လည်း သတင်းတွေက ဆိုပါတယ်။ တူရကီနိုင်ငံဘက်က နှစ် ရာကျော်သေဆုံးခဲ့ပြီး နှစ်ထောင်ကျော်ဒဏ်ရာရခဲ့သလို ဆီးရီးယားဘက်မှာလည်းနှစ်ရာကျော်သေဆုံးခဲ့ပြီး ခုနှစ်ရာနီးပါး ဒဏ်ရာရခဲ့တယ်တယ်လို့ သတင်းတွေက ဖေါ်ပြပါတယ်။

အဆိုပါငလျင်ဟာ ဆိုက်ပရပ်စ်နဲ့ လက်ဘနွန်မှာလည်း လှုပ်ခတ်ခဲ့ကြောင်း သက်ဆိုင်ရာနိုင်ငံတွေက သတင်းထုတ်ပြန်ထားပါတယ်။

BNN

ဖားကန့်တွင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး အပိုင်းပိုင်းအသတ်ခံရဖေဖော်ဝါရီ၊၂၊၂၀၂၃ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်...
02/02/2023

ဖားကန့်တွင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး အပိုင်းပိုင်းအသတ်ခံရ

ဖေဖော်ဝါရီ၊၂၊၂၀၂၃

ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်ရှိ ရွှေရောင်လင်း စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို
မနေ့ည ၁၁:၀၀နာရီ ဝန်းကျင်ခန့် သူ့၏အမျိုးသားက ဓားဖြင့်အပိုင်းပိုင်း ခုတ်သတ်လိုက်ကြောင်း သိရပါတယ်။

ရွှေရောင်လင်း စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးသည် နေအိမ်တွင် အသတ်ခံရပြီး အမျိုးသားဖြစ် သူနှင့် မကြာခန စကားများအဆင်မပြေဖြစ်
ကြေင်းကို အမည်မဖော်လိုသူ မှ Manau Voice ကို ပြောပါတယ်။

“အပိုင်းပိုင်းခုတ်သတ်လိုက်တာ၊ သူ့ရဲ့ အခုယောက်ျားက အရမ်းနိုင်စားတယ်၊ရုံးတွေမှာ သွားတိုင်ထားလဲ ခနဘဲ၊ရိုးရာရုံးတွေမှာလဲ တိုင်တယ်၊ မနေ့ည ကွာရှင်းမယ် ပြောနေကြတာကြားတယ်၊ မနက်ရောက်တော့ အခုလိုမြင်ရတာပဲ” ပြောပါတယ်၊၊

ဓါးနဲ့ အချက်ပေါင်းများစွာ ခုတ်ထားတာ လည်ပင်းက ပြတ်ဖို့နဲနဲပဲ လိုတော့တာ ၊အခုထိ မျက်လုံးကမထွက်ဘူး၊ ဆိုင်ပိုင်ရှင်အမက အရမ်းသဘောလဲကောင်းတယ်၊လို့ဆက်ပြောပါတယ်။

အသတ်ခံရသူမှာ အသက်၅၀ကျော်အရွယ်ရှိ မမိုင်းမိုင်ဖြစ်ပြီး သူ၏အမျိုးသားဖြစ်သူက နောက်အိမ်ထောင် ဖြစ်ကြောင်းလဲ သိရပါတယ်။

ကျူးလွန်သူအမျိုးသားကိုတော့ သက်ဆိုင်ရာ က ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်းနဲ့ အမျိုးသားဖြစ်သူ က ဘာအကြောင်းရင်းကြောင့်သတ်တာကိုတော့ Manau Voice မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သတင်း- ယပလက်
ပုံ -ယပလက်
#ဖားကန့်

#သတ်ခံရ

မြန်မြန်ဆန်ဆန် သန်းကြွယ်သူဌေးဖြစ်စေနိုင်တဲ့ ရာသီခွင် ၆ခု၁Virgo ( ဩဂတ် ၂၃ မှ စက်တင်ဘာ၂၂)Virgo တွေဟာ ရင်းနှီးမြုပ်နှံမှု လ...
19/01/2023

မြန်မြန်ဆန်ဆန် သန်းကြွယ်သူဌေးဖြစ်စေနိုင်တဲ့ ရာသီခွင် ၆ခု

Virgo ( ဩဂတ် ၂၃ မှ စက်တင်ဘာ၂၂)
Virgo တွေဟာ ရင်းနှီးမြုပ်နှံမှု လုပ်တဲ့နေရာမှာ တော်ပါတယ်
အလုပ်တစ်ခုကို သေချာ plan ချပြီးလုပ်တယ် သေချာမှလုပ်တယ် အလုပ်ပေါ်မှာ အားရုံစိုက်နိုင်သူများဖြစ်ပါတယ်
Virgo တွေဟာ အလုပ်တွေချဲ့ထွင်တဲ့နေရာမှာလည်းတော်ကြပါတယ်
ဒါကြောင့် သန်းကြွယ်သူဌေး အမြန်ဖြစ်နိုင်သူများဖြစ်ပါတယ်

Ta**us (ဧပြီ ၂၀ မှ မေ ၂၀)
Ta**us တွေဟာ အလုပ်လုပ်ရာမှာကြိုးစားတယ် စိတ်ရှည်တယ် အသေးစိတ်ကျတယ်
ကိုယ်လိုချင်တယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ ငွေပမာဏ ကို ရအောင်ရှာဖွေကြတယ်
သန်းကြွယ်သူဌေးဖြစ်ဖို့ မြန်သောသူများပါ

Leo (ဂျူလိုင် ၂၃ မှ ဩဂတ် ၂၂)
Leo တွေဟာ စွန့်ဦးတီထွင်ခြင်း နဲ့ creative ဘက်မှ တော်ကြပါတယ်
သူတို့ဟာ သူတို့ရချင်တာနဲ့ လုပ်ရာမှာကို အတိအကျ သိသူများဖြစ်ပါတယ်
Leo တွေဟာ ခေါင်းဆောင်ဖို့မွေးလာသူများဖြစ်ပါတယ် ခေါင်းဆောင်ပြီးအလုပ်လုပ်ရရင် အောင်မြင်အောင်ဆောင်ရွက်ကြပါတယ်
ဒါကြောင့်လည်း သန်းကြွယ်သူဌေးဖြစ်ဖို့နီးစပ်သူများ

Scorpio (အောက်တိုဘာ ၂၃မှ နိုဝင်ဘာ ၂၁)
Scorpio တွေဟာ ထက်တယ် သွက်တယ် အလုပ်လုပ်ရာမှာ တိကျပြီးမြန်ဆန်တယ်
စီးပွါးရှာရာမှာ လုပ်သင့်တာတွေကို သေချာလုပ်နိုင်သူများဖြစ်ပြီး အားစိုက်ပြီး အလုပ်လုပ်ကြပါတယ်
ဆုံးဖြတ်ချက်တွေကိုမြန်မြန်ချနိုင်ကြပြီး ရင်းနှီးမြုပ်နှံမှုမှာတော်ကြသူများဖြစ်လို့ သန်းကြွယ်သူဌေးများ ဖြစ်ဖို့မြန်သောသူများပါ

Capricorn (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉)
Capricorn များဟာ အစီအစဉ်အကျအနချပြီးမှ အလုပ်လုပ်ကြပါတယ် သူတို့ဟာ ဦးဆောင်ပြီးအလုပ်လုပ်ရာမှာတော်ပြီး အောင်မြင်မှုတွေရအောင် လုပ်နိုင်ကြပါတယ်
အလုပ်ကိုတစိုက်မက်မက်လုပ်ပြီး စူးစိုက်ကြလို့ အောင်မြင်မှုများကြပါတယ်
ဒါကြောင့်လည်းသန်းကြွယ်သူဌေးဖြစ်ဖို့ နီးစပ်တာ မဆန်းပါဘူး

Aries ( မတ် ၂၂ မှ ဧပြီ ၁၉)
Aries တွေဟာ အလိုလိုသိစိတ်နိုးကြားနေပြီး အလုပ်လုပ်ရာမှာ မြန်ဆန်ကြပါတယ်
စီမံခန့်ခွဲမှုနေရာမှာတော်ကြပြီး အလုပ်ကို တဟုန်ထိုးလုပ်ကြသူများဖြစ်ပါတယ်
လိုချင်ပြီဆိုပါက မရမနေကြိုးစားသူများဖြစ်ပါတယ် ဒီအချက်ကြောင့်လည်း မြန်မြန်ဆန်ဆန် သန်းကြွယ်သူဌေးဖြစ်နိုင်သူများဖြစ်ပါတယ်

Credit: Han

Address


Alerts

Be the first to know and let us send you an email when Myan Wiki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share