ခရမ်းသီးကင်
ခရမ်းသီးကင်
ခရမ်းသီး ဈေးပေါတုံးလေး အဝစားမယ် 😁
ကင်မယ်ဆိုရင် အလုံးကြီးတာ ရွေးဝယ်နော်
ကျွန်မကင်လိုက်တဲ့ ခရမ်းသီးက နည်းနည်းသေးသွားလို့ စားလို့မဝပဲ လုစားနေရတယ် 😁
#ခရမ်းသီးကင်
#အကင်
#BBQlovers
#bbq
ခရမ်းချဉ်သီး ပန်ထွေဖျော်
ခရမ်းချဉ်သီး ပန်ထွေဖျော်
ကြိုက်ကြလားရှင် ပေါ့ပေါ့ပါးပါးဟင်းခွက်လေးပါ
ဟင်းမချက်ဖြစ်တဲ့နေ့တွေဆို
အီမြစ်တို့ ပဲပုတ်ထမင်းကြော်တို့
ပဲပုတ်ဟင်းရည် စွန်ထွန်ဟင်းရည် ဒါမျိုးလေးတွေပဲလုပ်စားဖြစ်တယ် 😁
မုန်ညှင်းချဉ် ဆီတိုဖူး လည်းအမြဲရှိတော့အဆင်ပြေတယ် 😁
အသားမပါတဲ့ ဒါမျိုးဟင်းလေးတွေစားနိုင်ကြလားရှင်
အော်စွန်း/အူစွန်း ကြာဇံသုပ်
အော်စွန်း/အူစွန်း ကြာဇံသုပ်
နှာစေးနေလို့ အသံနားထောင်ရတာ အဆင်မပြေရင် အားနာပါတယ်ရှင်
ဝက်သားခြောက်
ဝက်သားခြောက်လေးထပ်လုပ်ဖြစ်တယ်
ရောင်းရင်အားပေးကြမလားရှင်
မနက်ဖြန် အော်စွန်းသုပ် တင်မယ်နော်
ကြာညှို့ , ဆီမွှေး လုပ်နည်း
ကြာညှို့ , ဆီမွှေး လုပ်နည်း
လုပ်ရတာ အရမ်းလွယ်လို့
လုပ်တတ်တဲ့သူရှိရင် ကျော်သွားပေးနော်
ရှမ်းကြံသကာ အညှိုရောင်မရှိရင်
ကြံသကာအဖြူနဲ့မလုပ်ပဲ ထန်းညှက်အမဲရောင်နဲ့လုပ်နော်
edit :
ကြာညို့က အမျိုးမျိုးရှိပါတယ်ရှင်
ပဲနဲ့လုပ်တဲ့ကြာညို့လည်းရှိပါတယ်
တရုတ်ဟင်းလျာတွေမှာထည့်ကြတယ်
ရှမ်းတွေရဲ့ကြာညို့က ကြံသကာနဲ့လုပ်တာပါ
ရှမ်းခေါက်ဆွဲအမျိုးမျိုး နဲ့ ထိုဖူးနွေး မှာထည့်ကြတာပါ
တခြားဟင်းတွေမှာလည်းအရောင်လှအောင်လို့
သကြားအစားထိုးသုံးကြပါတယ်ရှင်
ဝက်ခေါင်းသုပ်/ ဝက်နားရွက်သုပ်
ဝက်ခေါင်းသုပ်/ ဝက်နားရွက်သုပ်
ခံတွင်းပျက်နေတဲ့သူဆို သေချာပေါက် သုပ်စားကြည့်နော် အရမ်းစားကောင်းသော
ထမင်းတအားမြိန်သောပဲ 😋😋😋
#ဝက်နားရွက်သုပ်
#ဝက်ခေါင်းသုပ်
#ဝက်သားသုပ်
ဝက်နားရွက်မာလာ
ဝက်နားရွက်မာလာ
အိမ်ကသူတွေက
ကြက်ခြေထောက်မာလာထက် ဒီဝက်နားရွက်မာလာကိုပိုကြိုက်တယ် အသားများလို့တဲ့ 😁
အခုတလော အိမ်မှာအပျက်မခံတဲ့ အမယ်လေး
ကုန်သွားတာနဲ့ ထပ်မလုပ်ပေးမချင်း
နားညှီးအောင်ပြောတဲ့သူရှိတယ်
လုပ်ပြီးရင်လည်း ၃ ရက်ပြည့်အောင်မစောင့်ချင်ကြဘူးရယ်
မမြင်ရင် မမြင်သလိုသွားသွားနိုက်စားတာ
နောက်အခေါက် ကြက်တောင်ပံနဲ့လုပ်မယ် 😋
ဝက်နားရွက် ကြက်ခြေထောက် နဲ့တောင်ပံ ဘယ်ဟာပိုစားကောင်းလဲ လာပြောပြမယ်နော်
ကြက်ခြေထောက် video ကဖျက်လိုက်ရတယ်
copyright မလွတ်လို့တဲ့ 😔
လုပ်နည်းကတော့တူတူပါပဲရှင်
#ဝက်နားရွက်
#ဝက်နားရွက်မာလာ
#ကြက်ခြေထောက်မာလာ
ယူနန် Hotpot ဟင်းရည်
ယူနန် hotpot လည်းစားချင် လုပ်ရမှာလည်း အချိန်အရမ်းပေးရတော့ မလုပ်ဖြစ်ရင်
ဒီဟင်းရည်လုပ်ကြည့်နော်
ယူနန် hotpot လောက်အမယ်မများပေမယ့်
အတော်စားကောင်းတဲ့ဟင်းရည်လေးပါရှင်
မနက်စားမယ်ဆို ညထဲကတည်ထားရင် ပိုစားကောင်းပါတယ်
ကလေး လူကြီး လူငယ် မရွေးကြိုက်မယ့်ဟင်းရည်လေး အချိန်ရရင် ချက်စားကြည့်နော်
အကြိုက်ဆုံးဟင်းရည် 😋
ရာသီဥတု နဲ့ လိုက်ဖက်သော ဟင်းရည်လေး
😋
နောက်နေ့ video တင်ပေးမယ်နော်
ဖက်ထုပ်မာလာပြုတ်
ဖက်ထုပ်ပြုတ်
#ဖက်ထုပ်
#ဖက်ထုတ်ပြုတ်
#မာလာ
ဖက်ထုပ်ပြုတ်
ဒီနေ့ ဖက်ထုပ်ပြုတ် လုပ်စားတယ်
မနက်ဖြန် video တင်ပေးမယ်နော် 😚😋😋😋
#ဖက်ထုပ်
#ဖက်ထုပ်ပြတ်
လားရှိုးကောက်ညှင်းထုပ်
လားရှိုးကောက်ညှင်းထုပ်
လားရှိုးကောက်ညှင်းထုပ်စားဖူးကြလားရှင်
စောစောမထရင် စားရဖို့မသေချာတဲ့ ကောက်ညှင်းထုပ်
မနက်စောစောနှင်းတွေကြားထဲ သွားစားခဲ့တာ သတိရလို့ လုပ်စားထားတာပါ
ဆောင်းအအေးလေးနဲ့ ကောက်ညှင်းထုပ်ပူပူလေး အရမ်းလိုက်
အထုပ်အရမ်းမကြီးလို့ မအီလို့ စားလို့ကောင်းတယ်
#ကောက်ညှင်းထုပ်
ဝက်သားခြောက်
ကျွန်မရဲ့ အသားခြောက်လေး တအားလှ
ရှမ်းဟင်းတမျိုးလုပ်မယ်
ဘာဟင်းဖြစ်မယ်လို့ထင်လဲရှင်
မနက်ဖြန် လားရှိုးကောက်ညှင်းထုတ် တင်မယ်နော်
ပြောင်းဖူး ထိုဖူးနွေး
ပြောင်းဖူး ထိုဖူးနွေး
ရှမ်းပြောင်းပေါ်ရင် ပြောင်းဖူးထိုဖူးနွေးပဲလုပ်စားဖြစ်တယ်
ကုလားပဲထိုဖူးနွေးထက်လုပ်ရတာလွယ်ပြီး
အေးသွားရင်လည်းမခဲသွားပဲ စားကောင်းတုန်းပဲ
ထိုဖူးနွေးလုပ်ရင် ရှမ်းပြောင်းနည်းနည်းရင့်တာ
ရွေးဝယ်နော် အရင့်က ပိုပျစ်ပါတယ်
video ကသာရှည်နေတာ လုပ်လိုက်ရင်ခနလေးပဲ
နာရီဝက်နဲ့စားလို့ရပြီ တအားလွယ်သောပဲ
ကိုယ်ကြိုက်တဲ့အပျစ်အကျဲရပြီဆိုရင် ထပ်မမွေနဲ့တော့နော်
#တိုဖူးနွေး
#ထိုဖူးနွေး
#ပြောင်းဖူး
မုန်ညှင်းပေါင်း (ဖတ်ကတ်လလေး)
မုန်ညှင်းပေါင်း (ဖတ်ကတ်လလေး )
ငယ်ငယ်တုန်းက ဆောင်းရာသီရောက်ရင်
အိမ်ရှေ့မှာအမြဲလာရောင်းတဲ့ မုန်ညှင်းပေါင်းပုံစံ
ပေါင်းထားတာပါ
ကြွက်နားရွက်မှိုနဲ့ ပန်းမုန်လာ ထည့်ရင်ပိုကောင်းပါတယ်
ကျွန်မက အဆင်သင့်မရှိထားလို့
ရှိတာလေးနဲ့ပေါင်းစားထားပါတယ်
မုန်ညှင်းတမျိုးထဲပေါင်းတာထက်
ဒီလိုမျိုးပုံစံပေါင်းတာပိုကြိုက်တယ်
ရာသီစာလေး မနက်စောစောနှင်းတွေကျနေချိန်
မုန်ညှင်းပေါင်းပူပူလေးနဲ့ ဆောင်းတွင်းအအေးလေးနဲ့
လိုက်ဖက်သောပဲ
#မုန်ညှင်းပေါင်း
#ရာသီစာ
ကြက်ဥခေါက်ဆွဲ
ကြက်ဥခေါက်ဆွဲ
အိမ်မှာ ခေါက်ဆွဲအမြဲချက်စားလို့
ကြက်သွန်ဖြူဆီကျက် ငရုပ်သီးဆီမွှေး
နံနံပင် ကြက်သွန်မိတ် ကြာညို့ အမြဲအသင့်ရှိတယ်
ကြက်ဥခေါက်ဆွဲက
စားလို့လည်းကောင်း ချက်ရတာလည်းလွယ်တယ်
တချို့က ခေါက်ဆွဲကိုအရင်ပြုတ်ရေစစ်ပြီး
ဆီနည်းနည်းထည့်နယ်ထားပြီးမှ ကြက်ဥကိုကြော်ပေမယ့်
ကျမကတော့ ဒီလိုပဲအမြဲလုပ်စားဖြစ်ပါတယ်
အလုပ်အရမ်းမရှုတ်ဘူး
ဆေးကြောရတာ သိပ်လည်းမများလို့ 😁
အရွက်ကြိုက်ရင်ထည့်နော်
ဒီသောကြာနေ့မှာ မာလာငါးလုပ်နည်း တင်ပေးမယ်နော်
ပါးစပ်အနာပေါက်နေလို့ အသံနားထောင်ရအဆင်မပြေရင် အားနာပါတယ်ရှင်
ငရုပ်သီးဆီမွှေးလုပ်နည်း
www.facebook.com/share/v/swodoeFdyngniTUZ/?mibextid=WC7FNe
ငရုပ်သီးဆီမွှေး
ငရုပ်သီးဆီမွှေး
ဒီငရုပ်သီးဆီမွှေးကို တပုလင်း ကုန်လို့နောက်တပုလင်း
လုပ်ထားတာလေးပါ
ဟွားကျောင်းအမုန့်ရော ဟွားကျောင်းအစေ့ရော သုံးထားလို့
အထုံစေ့ အရသာမကြိုက်တဲ့သူဆို
ဒီအရသာကို မကြိုက်လောက်ဘူး
ဒီဆီမွှေးကို
ရှမ်းခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ၊ ဆီကျက်၊ မီးရှည်၊
ကြက်ဥခေါက်ဆွဲ၊ ကောက်ညှင်းထုတ်၊ ပေါက်စီ၊
ယူနန်ကြက်သားသုပ်၊ ဝက်ခေါင်းသုပ် ၊ ပန်ဆိုင်သုပ်
တွေမှာထည့်ရင် အရမ်းလိုက်ဖက်ပါတယ်
အထုံအရသာကြိုက်ရင် လုပ်ကြည့်နော်
တရုတ်က video မှာလို အမွှေးအကြိုင်ထုပ်
ready made သုံးလည်းရပါတယ်
ပိုစုံတာပေါ့နော် လိမ္မော်ခွံ လည်းပါသေးတယ်
မရှိတော့လည်း ရှိတာလေးနဲ့လုပ်လည်းပဲ
စားကောင်းတာပါပဲ
ပါဝင်ပစ္စည်း
အုပ်စု (၁)
- ငရုပ်သီးအစပ်၊ အရောင်တင်မုန့် ၊နှမ်း ၊
ဟွားကျောင်းမုန့် ၊ဆား ၊အရက်ဖြူ
အုပ်စု (၂)
- ငရုပ်ကောင်းစေ့ ၊နာနတ်ပွင့် ၊သစ်ဂျပိုးခေါက်
- နံ
အီမြစ်
တောဟင်းလေး
ဟင်းမချက်ဖြစ်တဲ့နေ့လေးများ
ဒီလိုလွယ်လွယ်ကူကူပဲ လုပ်စားတယ်
အိမ်က ဟင်းမရွေးလို့တော်သေးတယ်
အီမြစ်လှော်တဲ့အချိန် မတူးစေနဲ့နော်
ခါးသွားတတ်ပါတယ်
တချို့က ပဲပုတ်ထောင်းနဲ့ ဝက်ခေါက်ချေထည့်ကြတယ်
ကျမတော့ ရှိတာနဲ့စားပါတယ်
ဒီလိုဟင်းတွေစားတတ်မှ အိမ်လာလည်ပါရှင် 😁
#အီမြစ်
#မုန်ညှင်းချဉ်ခြောက်
မှိုကပ်ထောင်း
မှိုကပ်ထောင်း
မှိုကပ်ထောင်းမထောင်းစားဖူးသေးရင် ထောင်းစားကြည့်နော် ရှယ်ပဲ အသားဟင်းနဲ့မလဲနိုင်ဘူး
မှိုကပ်ဝယ်တဲ့အချိန်မှာ သန့်တာလေးရွေးဝယ်နော်
တချို့က အမှိုက်တအားများပြီး မှိုလည်းပိစိလေးတွေ
အဲ့လိုမျိုးဝယ်မိရင် သွားရောပဲ မှိုနဲ့အမှိုက် ကိုမကွဲတော့ဘူး
မျက်စိညှောင်းအောင်ကိုရွေးရတာ
အဲ့လိုတွေဝယ်မိရင် ရွေးပြီးမှ ရေစိမ်နော်
#မှိုကပ်ထောင်း
#အထောင်း