Mokao's Kitchen

  • Home
  • Mokao's Kitchen

Mokao's Kitchen Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mokao's Kitchen, Video Creator, .

မစားရတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ ရှမ်းဟင်းရည်လေး ရှမ်းဟင်းစစ်စစ် တအားကိုစားကောင်းတာ 😋ဒီနေ့ ရာသီဥတုနဲ့လိုက်ဖက်သောပဲမနက်ဖြန်...
28/01/2024

မစားရတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ ရှမ်းဟင်းရည်လေး
ရှမ်းဟင်းစစ်စစ် တအားကိုစားကောင်းတာ 😋

ဒီနေ့ ရာသီဥတုနဲ့လိုက်ဖက်သောပဲ
မနက်ဖြန် video တင်ပေးမယ်နော်
ဒီဟင်းလေး ကြိုက်ကြလားရှင်

မုန်ညှင်းစိမ်းချဉ်ကုန်သွားလို့ ဒီနေ့ထပ်လုပ်ဖြစ်ပါတယ်ဒီအခေါက်တော့ ဆန်တိုဖူး စားချင်လို့အချဉ်ရည်များများရအောင်လုပ်ထားပါတယ်
26/01/2024

မုန်ညှင်းစိမ်းချဉ်ကုန်သွားလို့ ဒီနေ့ထပ်လုပ်ဖြစ်ပါတယ်
ဒီအခေါက်တော့ ဆန်တိုဖူး စားချင်လို့အချဉ်ရည်များများရအောင်လုပ်ထားပါတယ်

25/01/2024

ခရမ်းသီးကင်

ခရမ်းသီး ဈေးပေါတုံးလေး အဝစားမယ် 😁
ကင်မယ်ဆိုရင် အလုံးကြီးတာ ရွေးဝယ်နော်
ကျွန်မကင်လိုက်တဲ့ ခရမ်းသီးက နည်းနည်းသေးသွားလို့ စားလို့မဝပဲ လုစားနေရတယ် 😁

#ခရမ်းသီးကင်
#အကင်

ဒီနေ့ ခရမ်းသီး bbq လုပ်စားပါတယ် 😋😋😋မစားတာကြာလို့လားမသိ တအားကောင်းခရမ်းသီးက သေးသွားတယ်ကွယ်
24/01/2024

ဒီနေ့ ခရမ်းသီး bbq လုပ်စားပါတယ် 😋😋😋
မစားတာကြာလို့လားမသိ တအားကောင်း
ခရမ်းသီးက သေးသွားတယ်ကွယ်

22/01/2024

ခရမ်းချဉ်သီး ပန်ထွေဖျော်

ကြိုက်ကြလားရှင် ပေါ့ပေါ့ပါးပါးဟင်းခွက်လေးပါ
ဟင်းမချက်ဖြစ်တဲ့နေ့တွေဆို
အီမြစ်တို့ ပဲပုတ်ထမင်းကြော်တို့
ပဲပုတ်ဟင်းရည် စွန်ထွန်ဟင်းရည် ဒါမျိုးလေးတွေပဲလုပ်စားဖြစ်တယ် 😁

မုန်ညှင်းချဉ် ဆီတိုဖူး လည်းအမြဲရှိတော့အဆင်ပြေတယ် 😁
အသားမပါတဲ့ ဒါမျိုးဟင်းလေးတွေစားနိုင်ကြလားရှင်

21/01/2024

ဖန်ပုလင်း order ပထမသုပ် ရောက်ထားပါတယ်ရှင်
မုန်ညှင်းချဉ်နဲ့ လော်ပူကန့်( မုန်လာဥချဉ် )လုပ်ကြမယ်

မှာယူလို့ရပါတယ်ရှင်
ဒီ link မှာဈေးနှုန်းရှိပါတယ်
https://m.facebook.com/story.php?story_fbid=890712463057997&id=100063577546628&mibextid=WC7FNe

20/01/2024

အော်စွန်း/အူစွန်း ကြာဇံသုပ်

နှာစေးနေလို့ အသံနားထောင်ရတာ အဆင်မပြေရင် အားနာပါတယ်ရှင်

19/01/2024

ဝက်သားခြောက်လေးထပ်လုပ်ဖြစ်တယ်
ရောင်းရင်အားပေးကြမလားရှင်

မနက်ဖြန် အော်စွန်းသုပ် တင်မယ်နော်

ရှမ်းမရွေး ( ခေါက်တမ် )စားဖူးကြလားရှင်ရှမ်းရိုးရာ သရေစာ မုန့်လေးပါ
18/01/2024

ရှမ်းမရွေး ( ခေါက်တမ် )
စားဖူးကြလားရှင်
ရှမ်းရိုးရာ သရေစာ မုန့်လေးပါ

17/01/2024

ကြာညှို့ , ဆီမွှေး လုပ်နည်း

လုပ်ရတာ အရမ်းလွယ်လို့
လုပ်တတ်တဲ့သူရှိရင် ကျော်သွားပေးနော်

ရှမ်းကြံသကာ အညှိုရောင်မရှိရင်
ကြံသကာအဖြူနဲ့မလုပ်ပဲ ထန်းညှက်အမဲရောင်နဲ့လုပ်နော်

edit :
ကြာညို့က အမျိုးမျိုးရှိပါတယ်ရှင်

ပဲနဲ့လုပ်တဲ့ကြာညို့လည်းရှိပါတယ်
တရုတ်ဟင်းလျာတွေမှာထည့်ကြတယ်

ရှမ်းတွေရဲ့ကြာညို့က ကြံသကာနဲ့လုပ်တာပါ
ရှမ်းခေါက်ဆွဲအမျိုးမျိုး နဲ့ ထိုဖူးနွေး မှာထည့်ကြတာပါ
တခြားဟင်းတွေမှာလည်းအရောင်လှအောင်လို့
သကြားအစားထိုးသုံးကြပါတယ်ရှင်

သက်သတ်လွတ် ဖက်ထုပ်ကြော် ကြိုက်ကြလားရှင် အထဲကဘာနဲ့လုပ်ထားလဲလို့ထင်လဲရှင်ဖြေကြည့်နော် 😁edit  ပုံလေးက နယ်ပြန်တုန်းက ဘုရားကျ...
16/01/2024

သက်သတ်လွတ် ဖက်ထုပ်ကြော်
ကြိုက်ကြလားရှင် အထဲကဘာနဲ့လုပ်ထားလဲလို့
ထင်လဲရှင်ဖြေကြည့်နော် 😁

edit
ပုံလေးက နယ်ပြန်တုန်းက ဘုရားကျောင်းအချိုပွဲအတွက်လုပ်ထားတာပါ
ရွာမှာ အာလူးထွက်တဲ့အချိန်ဆိုရင်
အာလူးကိုအမျိုးမျိုးလုပ်ပြီး ဘုရားကျောင်းကပ်လှူကြတယ်
စားလို့လည်းကောင်းတယ်

အိမ်မှာလုပ်စားဖြစ်ရင် video တင်ပေးမယ်နော်

15/01/2024

ဝက်ခေါင်းသုပ်/ ဝက်နားရွက်သုပ်

ခံတွင်းပျက်နေတဲ့သူဆို သေချာပေါက် သုပ်စားကြည့်နော် အရမ်းစားကောင်းသော
ထမင်းတအားမြိန်သောပဲ 😋😋😋

#ဝက်နားရွက်သုပ်
#ဝက်ခေါင်းသုပ်
#ဝက်သားသုပ်

14/01/2024

ဝက်နားရွက်မာလာ

အိမ်ကသူတွေက
ကြက်ခြေထောက်မာလာထက် ဒီဝက်နားရွက်မာလာကိုပို​ကြိုက်တယ် အသားများလို့တဲ့ 😁

အခုတလော အိမ်မှာအပျက်မခံတဲ့ အမယ်လေး
ကုန်သွားတာနဲ့ ထပ်မလုပ်ပေးမချင်း
နားညှီးအောင်ပြောတဲ့သူရှိတယ်
လုပ်ပြီးရင်လည်း ၃ ရက်ပြည့်အောင်မစောင့်ချင်ကြဘူးရယ်
မမြင်ရင် မမြင်သလိုသွားသွားနိုက်စားတာ
နောက်အခေါက် ကြက်တောင်ပံနဲ့လုပ်မယ် 😋

ဝက်နားရွက် ကြက်ခြေထောက် နဲ့တောင်ပံ ဘယ်ဟာပိုစားကောင်းလဲ လာပြောပြမယ်နော်

ကြက်ခြေထောက် video ကဖျက်လိုက်ရတယ်
copyright မလွတ်လို့တဲ့ 😔
လုပ်နည်းကတော့တူတူပါပဲရှင်

#ဝက်နားရွက်
#ဝက်နားရွက်မာလာ
#ကြက်ခြေထောက်မာလာ

11/01/2024

ယူနန် hotpot လည်းစားချင် လုပ်ရမှာလည်း အချိန်အရမ်းပေးရတော့ မလုပ်ဖြစ်ရင်
ဒီဟင်းရည်လုပ်ကြည့်နော်
ယူနန် hotpot လောက်အမယ်မများပေမယ့်
အတော်စားကောင်းတဲ့ဟင်းရည်လေးပါရှင်

မနက်စားမယ်ဆို ညထဲကတည်ထားရင် ပိုစားကောင်းပါတယ်
ကလေး လူကြီး လူငယ် မရွေးကြိုက်မယ့်ဟင်းရည်လေး အချိန်ရရင် ချက်စားကြည့်နော်

09/01/2024

ရာသီဥတု နဲ့ လိုက်ဖက်သော ဟင်းရည်လေး
😋
နောက်နေ့ video တင်ပေးမယ်နော်

07/01/2024

ဖက်ထုပ်ပြုတ်

#ဖက်ထုပ်
#ဖက်ထုတ်ပြုတ်
#မာလာ

07/01/2024

နားစည်​ရောင်နေလို့ နားတဘက်သိပ်မကြားရတော့
သူများလာအော်ရောင်းတဲ့ ပဲကတ္တီပါပြုတ်ကို
ပဲကလီစာပြုတ်လို့ကြားလို့ ပဲကလီစာပြုတ်ဆိုတာ
ဘယ်လိုလေးလဲမသိဘူးဆိုပြီး သေချာထွက်နားထောင်ကြည့်မှ ပဲကတ္တီပါ ဖြစ်နေတယ် 😆

သိပ်တောင်မရယ်ရဲဘူး နားကနာလွန်းတော့ 😁😁😁

06/01/2024

ကျွန်မရဲ့ page အသစ်လေးပါရှင်

ဒီ page အဆင်မပြေခဲ့ရင် http://fb.me/mokaokitchen page အသစ်မှာ video တွေ ဆက်တင်ဖြစ်မှာမို့လို့ပါရှင်

ဒီ page လေးကို like and follow လုပ်ပေးကြပါအုန်းနော်

ကျေးဇူးတင်ပါတယ် ❤️

Video creator

05/01/2024

ဒီနေ့ ဖက်ထုပ်ပြုတ် လုပ်စားတယ်
မနက်ဖြန် video တင်ပေးမယ်နော် 😚😋😋😋

#ဖက်ထုပ်
#ဖက်ထုပ်ပြတ်

03/01/2024

လားရှိုးကောက်ညှင်းထုပ်

လားရှိုးကောက်ညှင်းထုပ်စားဖူးကြလားရှင်
စောစောမထရင် စားရဖို့မသေချာတဲ့ ကောက်ညှင်းထုပ်
မနက်စောစောနှင်းတွေကြားထဲ သွားစားခဲ့တာ သတိရလို့ လုပ်စားထားတာပါ
ဆောင်းအအေးလေးနဲ့ ကောက်ညှင်းထုပ်ပူပူလေး အရမ်းလိုက်
အထုပ်အရမ်းမကြီးလို့ မအီလို့ စားလို့ကောင်းတယ်

#ကောက်ညှင်းထုပ်

ဒီပန်းလေး မြန်မာလိုဘယ်လိုခေါ်လဲဟင်စားရတာ ကြိုက်ကြလားရှင်
03/01/2024

ဒီပန်းလေး မြန်မာလိုဘယ်လိုခေါ်လဲဟင်
စားရတာ ကြိုက်ကြလားရှင်

02/01/2024

ကျွန်မရဲ့ အသားခြောက်လေး တအားလှ
ရှမ်းဟင်းတမျိုးလုပ်မယ်
ဘာဟင်းဖြစ်မယ်လို့ထင်လဲရှင်

မနက်ဖြန် လားရှိုးကောက်ညှင်းထုတ် တင်မယ်နော်

31/12/2023

ပြောင်းဖူး ထိုဖူးနွေး

ရှမ်းပြောင်းပေါ်ရင် ပြောင်းဖူးထိုဖူးနွေးပဲလုပ်စားဖြစ်တယ်
ကုလားပဲထိုဖူးနွေးထက်လုပ်ရတာလွယ်ပြီး
အေးသွားရင်လည်းမခဲသွားပဲ စားကောင်းတုန်းပဲ

ထိုဖူးနွေးလုပ်ရင် ရှမ်းပြောင်းနည်းနည်းရင့်တာ
ရွေးဝယ်နော် အရင့်က ပိုပျစ်ပါတယ်

video ကသာရှည်နေတာ လုပ်လိုက်ရင်ခနလေးပဲ
နာရီဝက်နဲ့စားလို့ရပြီ တအားလွယ်သောပဲ

ကိုယ်ကြိုက်တဲ့အပျစ်အကျဲရပြီဆိုရင် ထပ်မမွေနဲ့တော့နော်

#တိုဖူးနွေး
#ထိုဖူးနွေး
#ပြောင်းဖူး

လားရှိုးကောက်ညှင်းထုပ်ပြောင်းဖူးတိုဖူးနွေးဒီ ၂ မျိုး ဘယ်ဟာအရင်တင်ပေးရမလဲရှင်video ရိုက်တာနဲ့ edit တာကလွယ်ပေမယ့် အသံသွင်း...
29/12/2023

လားရှိုးကောက်ညှင်းထုပ်
ပြောင်းဖူးတိုဖူးနွေး

ဒီ ၂ မျိုး ဘယ်ဟာအရင်တင်ပေးရမလဲရှင်
video ရိုက်တာနဲ့ edit တာကလွယ်ပေမယ့်
အသံသွင်းတာက ကျွန်မအတွက်အတော်ခက်နေသေးတယ်အခုထိ အချိန်တော်တော်ပေးရတယ်
ဘေးအိမ်က အိမ်ဆောက်နေလို့ ပိုဆိုးတယ်

ဒီပိတ်ရက်တင်ပေးမယ်နော်
ကျွန်မရောင်းတာလေးတွေ လိုအပ်တာရှိရင်
အားပေးကြပါအုန်းနော်
ကျေးဇူးတင်ပါတယ် ❤️

အရှေ့ ၂ ပုံက အိမ်မှာသုံးထားတဲ့အပြင်ပုံပါquality ကောင်းပြီး ပုလင်းတော်တော်များများထည့်လို့ဆန့်တယ်မှာလို့ရပါတယ်ရှင်55,000 ...
28/12/2023

အရှေ့ ၂ ပုံက အိမ်မှာသုံးထားတဲ့အပြင်ပုံပါ
quality ကောင်းပြီး ပုလင်းတော်တော်များများထည့်လို့ဆန့်တယ်

မှာလို့ရပါတယ်ရှင်
55,000 ks
Preorder 4-5 weeks
ပစ္စည်းရောက်ငွေချေ

မှာယူမယ်ဆိုရင်
Ph - 09 78 100 6877
viber - 09 78 100 6877
page messenger
http://m.me/NANGNANGonlinestore ကနေလည်းဝယ်ယူနိုင်ပါတယ်ရှင်

28/12/2023

မုန်ညှင်းပေါင်း (ဖတ်ကတ်လလေး )

ငယ်ငယ်တုန်းက ဆောင်းရာသီရောက်ရင်
အိမ်ရှေ့မှာအမြဲလာရောင်းတဲ့ မုန်ညှင်းပေါင်းပုံစံ
ပေါင်းထားတာပါ
ကြွက်နားရွက်မှိုနဲ့ ပန်းမုန်လာ ထည့်ရင်ပိုကောင်းပါတယ်
ကျွန်မက အဆင်သင့်မရှိထားလို့
ရှိတာလေးနဲ့ပေါင်းစားထားပါတယ်

မုန်ညှင်းတမျိုးထဲပေါင်းတာထက်
ဒီလိုမျိုးပုံစံပေါင်းတာပိုကြိုက်တယ်
ရာသီစာလေး မနက်စောစောနှင်းတွေကျနေချိန်
မုန်ညှင်းပေါင်းပူပူလေးနဲ့ ဆောင်းတွင်းအအေးလေးနဲ့
လိုက်ဖက်သောပဲ

#မုန်ညှင်းပေါင်း
#ရာသီစာ

အချဉ်စိမ်ပုလင်းလမ်းခရီးပို့လို့ရတုန်း အတူတူမှာကြမလား 5   Jin ( 2.5 little ) - 35,000 ks10 Jin ( 5 little )    - 45,000 k...
27/12/2023

အချဉ်စိမ်ပုလင်း
လမ်းခရီးပို့လို့ရတုန်း အတူတူမှာကြမလား

5 Jin ( 2.5 little ) - 35,000 ks
10 Jin ( 5 little ) - 45,000 ks
15 Jin ( 7 little ) - 56,000 ks
20 Jin ( 9 little ) - 61,000 ks

ကျွန်မ 10 Jin ဟာမှာထားပါတယ် ရောက်လာရင်
မုန်ညှင်းချဉ် / လော်ပူကန့်(မုန်လာဥချဉ်) / ထိုဖူးရင် လုပ်မယ် တူတူလုပ်ကြမယ်လေနော်

Preorder 4-5 weeks
ပစ္စည်းရောက်ငွေချေ

မှာယူမယ်ဆိုရင်
Ph - 09 78 100 6877
viber - 09 78 100 6877
page messenger
http://m.me/NANGNANGonlinestore ကနေလည်းဝယ်ယူနိုင်ပါတယ်ရှင်

#ဖန်ပုလင်း
#အချဉ်စိမ်ပုလင်း
#ချဉ်ဖတ်

edit
ဈေးနှုန်းနည်းနည်း ပြောင်းထားပါတယ်ရှင်
ဖန်ပစ္စည်းမို့လို့ ကားခ တအားများသွားလို့ပါနော်

မုန်ညှင်းပေါ်တော့ ဒီရှမ်းမလေး ပျော်တာပေါ့နော်ဈေးသွားလို့ မုန်ညှင်းတွေ့ရင်မဝယ်ပဲ မနေနိုင်သော ကျွန်မပါရှင်ဒီတခါ မုန်ညှင်းပ...
26/12/2023

မုန်ညှင်းပေါ်တော့ ဒီရှမ်းမလေး ပျော်တာပေါ့နော်
ဈေးသွားလို့ မုန်ညှင်းတွေ့ရင်မဝယ်ပဲ မနေနိုင်သော ကျွန်မပါရှင်

ဒီတခါ မုန်ညှင်းပေါင်း (ဖတ်ကတ်လလေး) လုပ်စားထားပါတယ်
မွေးရပ်မြေ စတိုင်ပေါင်းထားပါတယ်ရှင်
မုန်ညှင်းတမျိုးထဲမဟုတ်ပဲ အခြားအသီး အရွက်တွေနဲ့ရောပေါင်းထားတာ တမျိုးလေးစားကောင်းတယ်

ဝယ်ပြီးလို့ နောင်တလုံးဝမရစေတဲ့ပစ္စည်းထဲမှာ ဒီစတီးပြားအမာ ဆီကာလည်း ထိပ်ဆုံးကပါတယ် နေ့စဉ်နေ့တိုင်းအတွက် မရှိမဖြစ်လေးအကြမ်း...
25/12/2023

ဝယ်ပြီးလို့ နောင်တလုံးဝမရစေတဲ့ပစ္စည်းထဲမှာ
ဒီစတီးပြားအမာ ဆီကာလည်း ထိပ်ဆုံးကပါတယ်
နေ့စဉ်နေ့တိုင်းအတွက် မရှိမဖြစ်လေး

အကြမ်းအရမ်းခံ ဟင်းချက်ပြီးလို့ ပြန်ဆေးရင်လည်း
ပလပ်နဲ့တိုက်မလား စတီးဖတ်နဲ့တိုက်ချမလား အကုန်ရ
စတီးပြားက အမာသားဆိုတော့ ခေါက်သွားမှာ ကြေသွားမှာ
စိတ်ပူစရာမလို တအားအသုံးဝင်ပါတယ်ရှင်

အိမ်မှာဟင်းချက်တိုင်း ဒီဆီကာသုံးတော့ ဘေးနားကိုဟင်းမစင်တော့ ချက်ပြုတ်ပြီးလို့ အကုန်ပြန်လိုက်သုပ်နေစရာအလိုတော့ဘူး တကယ် အဆင်ပြေသောလေး

စတီးအမာသားနဲ့လုပ်ထားတော့ ချက်ပြီးရင် ဖြန့်ဆေးပြီး 3ခေါက် ပြန်ခေါက်ထားလို့ရပါတယ်

ဝယ်သုံးကြည့်နော်လုံးဝ နောင်တ မရစေရပါရှင်

90 cm - 47,000 ks ( 2 ဖိုတွဲ )
45 cm - 39,000 ks
40 cm - 35,000 ks

Preorder 3-4 weeks

ပစ္စည်းရောက်ငွေချေ

မှာယူမယ်ဆိုရင်
Ph - 09 78 100 6877
viber - 09 78 100 6877
page messenger
http://m.me/NANGNANGonlinestore ကနေလည်းဝယ်ယူနိုင်ပါတယ်ရှင်

ဒီ link ၂ ခုကိုနှိပ်ပြီး အိမ်မှာ သုံးထားတဲ့
အပြင်ပုံ video file ကိုကြည့်လို့ရပါတယ်ရှင်

https://fb.watch/nmeME-FMgf/?mibextid=cr9u03

https://fb.watch/nmeNN1j26G/?mibextid=cr9u03

#ဆီကာ

19/12/2023

ကြက်ဥခေါက်ဆွဲ

အိမ်မှာ ခေါက်ဆွဲအမြဲချက်စားလို့
ကြက်သွန်ဖြူဆီကျက် ငရုပ်သီးဆီမွှေး
နံနံပင် ကြက်သွန်မိတ် ကြာညို့ အမြဲအသင့်ရှိတယ်

ကြက်ဥခေါက်ဆွဲက
စားလို့လည်းကောင်း ချက်ရတာလည်းလွယ်တယ်
တချို့က ခေါက်ဆွဲကိုအရင်ပြုတ်ရေစစ်ပြီး
ဆီနည်းနည်းထည့်နယ်ထားပြီးမှ ကြက်ဥကိုကြော်ပေမယ့်
ကျမကတော့ ဒီလိုပဲအမြဲလုပ်စားဖြစ်ပါတယ်
အလုပ်အရမ်းမရှုတ်ဘူး
ဆေးကြောရတာ သိပ်လည်းမများလို့ 😁
အရွက်ကြိုက်ရင်ထည့်နော်

ဒီသောကြာနေ့မှာ မာလာငါးလုပ်နည်း တင်ပေးမယ်နော်

ပါးစပ်အနာပေါက်နေလို့ အသံနားထောင်ရအဆင်မပြေရင် အားနာပါတယ်ရှင်

ငရုပ်သီးဆီမွှေးလုပ်နည်း
www.facebook.com/share/v/swodoeFdyngniTUZ/?mibextid=WC7FNe

Address


Telephone

+959781006877

Website

Alerts

Be the first to know and let us send you an email when Mokao's Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share