နွေဦးတော်လှန်ရေးသတင်းစုံ

  • Home
  • နွေဦးတော်လှန်ရေးသတင်းစုံ

နွေဦးတော်လှန်ရေးသတင်းစုံ အရေးတော်ပုံ အောင်တော့မည်

31/01/2023

စကစ နဲ့ ပျူ ကိုယောက်သေတဲ့ ရွှေဘို ကူတို့ဆိပ်ရွာ
တိုက်ပွဲ ထုတ်ပြန်

https://fb.watch/ioPaQl6OSM/

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၃"တသံတည်းညီ၊ တချီတည်းရုန်း""One Voice, One Fight"၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရ...
31/01/2023

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၃

"တသံတည်းညီ၊ တချီတည်းရုန်း"
"One Voice, One Fight"

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေးနှစ်နှစ်ပြည့်အဖြစ် စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုပြည်သူတစ်ရပ်လုံးက လုံးဝ(လုံးဝ)ဆန့်ကျင်တိုက်ဖျက်ပြီး၊ စစ်အာဏာရှင်ကို အဆုံးထိတွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကမ္ဘာသို့ဆန္ဒထုတ်ဖော်သည့်အနေနှင့်ဖော်ဆောင်သော "တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်" "Silent Strike" အားဝန်းရံထောက်ခံပြီး မြနန်ာပြည်သူလူထုနှင့်တစ်သားတည်းရပ်တည်းကြောင်း တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားအလုပ်သမားသမဂ္ဂခေါင်းဆောင်များမှ ဓာတ်ပုံကမ်ပိန်းပြုလုပ်


#တသံတည်းညီ_တချီတည်းရုန်း

#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#တိတ်ဆိတ်ခြင်းဖြင့်_အကျယ်လောင်ဆုံးဟစ်ကြွေးကြ

26/09/2022
25/09/2022

" တိုက်ပွဲ သတင်း ထုတ်ပြန်ချက် "

ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ဘာ စစ်သည်များ၏ စွမ်းဆောင်ချက်ဖြင့် ယနေ့ (စက်တင်ဘာ ၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၃) ဦး သေဆုံးကြောင်းကို စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဓါတ်ပုံ - ကော်ဘရာစစ်ကြောင်း၏ ခြေမှုန်းရေး အမျိုးသမီး စစ်သည်တစ်ဦး

မကွေးတိုင်း၊ ကျောမြို့ရှိ စစ်တပ်လက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ် ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ Non-CDM  အရာရှိမျ...
30/07/2022

မကွေးတိုင်း၊ ကျောမြို့ရှိ စစ်တပ်လက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ် ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ Non-CDM အရာရှိများ နှင့်ဝန်ထမ်းများအားလုံး ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၃၀

မကွေးတိုင်း၊ ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံမှ အရာရှိနှင့်ဝန်ထမ်းများ ပျောက်ဆုံးနေကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ် ငန်းMOGE သတင်းရပ်ကွက်ထံမှ သိရှိရသည်။

မကွေးတိုင်းနှင့်ကျောမြို့ပေါ်သို့သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များဖြင့် လျှပ် စစ် မီးဖြန့်ဝေနေသည့် စက်ရုံသည် လုံးဝ စက်ရုံ ရပ်ဆိုင်းသွားသည်မှာ ၃ ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ဝန်ထမ်းများအားလုံး ပျောက်ဆုံး နေခြင်းဖြစ်ကြောင်း သိရှိရသည်။

"ပုထိုးလုံ ဓာတ်ငွေ့ လျှပ်စစ်စက်ရုံက အခု လုံးဝ Shut Down ဖြစ်တာ ၃ ရက်ရှိသွားပြီ။ နေပြည်တော်မှာ MOGE လူကြီးတွေလည်း ပုထိုးလုံ ‌အတွက်အစည်း အဝေးတွေ လုပ်နေကြတယ်။ စစ်ကောင်စီ လက်အောက်မှာ အလုပ်ဆက် မလုပ် ဖို့ သတိပေးခံရတာ ၃ကြိမ်ရှိခဲ့တယ်ပြောတယ်။ ပျောက်ဆုံးနေပြီးတော့ အဖမ်း ခံရတယ်လို့ ယူဆရတဲ့ ဝန်ထမ်းတွေထဲမှာ ဦးမင်းအောင် (အင်ဂျင် နီယာမှူး) ၊ ထုတ်လုပ်ရေးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လည်း ပါ သွားတယ်။ ဝန်ထမ်းအရေအတွက် အတိအကျ တော့မသိရသေးဘူး။ အကုန် လုံး ပျောက်ဆုံးနေပါတယ်" ဟု MOGE သတင်းရင်းမြစ်က ပြောသည်။

အင်ဂျင်နီယာမှူးဦး မင်းအောင်သည် ရေနံများကို အရပ်ဘက် ဆီဘောက်ဆာကားများဖြင့် ခိုးထုတ် ရောင်းစားမှုများ မကြာခဏဆိုသလို လုပ်ဆောင်ခဲ့ပြီး လမ်း တွင် ဖမ်းဆီးခံရသည်ဟု သိရှိရကြောင်း၊ အရပ်ဘက်ဘောက်ဆာဖြင့် သယ်ယူ ရောင်းစားနေစဉ် လမ်းတွင်အဖမ်းခံခဲ့ရသည်ဟု သတင်းရင်းမြစ်တချို့က ပြောသည်။

"မင်းအောင်က ရေနံတွေ ခိုးယူရောင်းချပြီး ရောင်းလို့ရတဲ့ခိုးငွေတွေနဲ့ ချောက်မြို့မှာ ‌တိုက်ဆောက်တယ်။ ကားဝယ်စီးတယ်။ နေပြည်တော် MOGE၊ ထုတ် လုပ်ရေးဌာန၊ ဒုညွှန်ကြားရေးမှူး(ဓာတ်ငွေ့) ဦးကျော်ဇင်ဖြိုးကို ‌ရေနံရောင်းချငွေနဲ့ လာဘ်ငွေပေးတယ်။ ကျော်ဇင်ဖြိုးကလည်း Tender ကိုလည်း လာဘ်ငွေယူပြီး တင်ဒါ အောင် မအောင် ဆုံးဖြတ်တာမျိုးရှိတယ်" ဟု MOGE သတင်းရင်းမြစ်က ဆိုသည်။

ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွင် လျှပ်စစ်ဌာနဆိုင်ရာဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း များ ပူးပေါင်း ဆောင်ရွက်ပြီး Gas Engine ၇ လုံးဖြင့်လည်ပတ်ကာ မကြာသေးမီက စစ်တပ်နှု့်ပုဂ္ဂလိက အကျိုးတူ ပူးပေါင်း လျှပ်စစ် စတင်ထုတ်သည့် စက်ရုံလည်းဖြစ်သည်။

ဓာတ်ပုံ- ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ် ငွေ့သုံး ဓာတ်အားပေး စက်ရုံ။

"ဘယ်ကိုသွားသွား မလုံပါကွယ်" ကာတွန်း - ပိုးဟပ်ဖြူ #မြေလတ်အသံ
18/05/2022

"ဘယ်ကိုသွားသွား မလုံပါကွယ်"

ကာတွန်း - ပိုးဟပ်ဖြူ

#မြေလတ်အသံ

တပ်မဟာ ၂ နယ်မြေအတွင်းမှ စစ်ကောင်စီ တပ်စခန်း ၃ ခု ထပ်မံ ဖယ်ရှားရန် KNLA သတိပေး၊  ဖယ်ရှားရန် သတိပေးထားသည့် စစ်တပ်စခန်းပေါင...
15/05/2022

တပ်မဟာ ၂ နယ်မြေအတွင်းမှ စစ်ကောင်စီ တပ်စခန်း ၃ ခု ထပ်မံ ဖယ်ရှားရန် KNLA သတိပေး၊ ဖယ်ရှားရန် သတိပေးထားသည့် စစ်တပ်စခန်းပေါင်း ၆ ခုရှိလာ

ရန်ကုန်၊ မေ ၁၅

ပဲခူးတိုင်း၊ KNLA တပ်မဟာ (၂)နယ်မြေ၊ တောင်ငူခရိုင် တပ်ရင်း ၆ နယ်မြေတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်စွာ တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီစခန်း ၃ ခုကို ၁၀ ရက်အတွင်း အပြီးတိုင် ရုတ်သိမ်းထွက်ခွာရန်နှင့် ဆက်လက်တပ်စွဲပါက နောက်ဆက်တွဲ ကိစ္စများ တာဝန်မယူဟု KNLA တပ်ရင်း (၆) တပ်ရင်းဌာနချုပ်က ယနေ့ ထပ်မံသတိပေး ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လွန်ပူးစခန်း၊ နတ်သမီးတောင်စခန်းနှင့် ရေတံခွန်စစ်စခန်းများကြောင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများကြောင့် နေ့စဉ်သွားလာရေး အဟန့်အတား အခက်အခဲဖြစ်ရခြင်း၊ စစ်ကောင်စီ၏ ဦးတည်ချက်မဲ့ ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများကို စိုးရိမ်ထိတ်လန့်နေရကြောင်း KNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၈ ရက်နေ့ စွဲဖြင့်လည်း စစ်ကောင်စီဘုမ္မတီး စခန်း၊ တောင်ကြီးစခန်း၊ ရှားစေးဘိုးစစ်စခန်းများကို ရုပ်သိမ်းရန် KNLA က သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်ရာ စစ်ကောင်စီစခန်း စုစုပေါင်း ၆ ခုကို ရုပ်သိမ်းရန် KNLAက သတိပေးချက် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

KNLA က ယခု သတင်းထုတ်ပြန်သည့် နေ့မှစ၍ ၁၀ ရက်အတွင်း အပြီးတိုင် စခန်းများ ရုပ်သိမ်းထွက်ခွာသွားရန်နှင့် အဆိုပါရက် ကျော်လွန်၍ ဆက်လက်တပ်စွဲနေပါက နောက်ဆက်တွဲကိစ္စများကို တာဝန်ယူမည် မဟုတ်ကြောင်း KNLA တပ်ရင်း(၆) တပ်ရင်းဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။

တောင်ငူခရိုင် ၊ တပ်မဟာ ၂ နယ်မြေအတွင်းမှ စစ်ကောင်စီ တပ်စခန်းများ ၁၀ ရက်အတွင်း ရုပ်သိမ်းရန် နှင့် မရုပ်သိမ်းပါက နောက်ဆက်တွ...
14/05/2022

တောင်ငူခရိုင် ၊ တပ်မဟာ ၂ နယ်မြေအတွင်းမှ စစ်ကောင်စီ တပ်စခန်းများ ၁၀ ရက်အတွင်း ရုပ်သိမ်းရန် နှင့် မရုပ်သိမ်းပါက နောက်ဆက်တွဲကိစ္စများ တာဝန်မယူဟု KNLA က တရားဝင် သတိပေး

ရန်ကုန်၊ မေ ၁၄

ပဲခူးတိုင်း တောင်ငူခရိုင် ၊ တပ်မဟာ ၂ နယ်မြေအတွင်းမှ စစ်ကောင်စီ တပ်စခန်းများ ၁၀ ရက်အတွင်း ရုပ်သိမ်းရန် နှင့် မရုပ်သိမ်းပါက နောက်ဆက်တွဲကိစ္စများ တာဝန်မယူဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တရားဝင် သတိပေးချက်တစ်ရပ်ကို မေလ ၈ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

KNLA တပ်ရင်းနယ်မြေများတွင် စစ်ကောင်စီတပ်စခန်းများ တပ်စွဲထားခြင်းသည် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီး ကရင်လူထုနှင့်တိုင်းရင်းသားပြည်သူ များအတွက် မည်သည့် ကောင်းကျိုးမှ မရှိသည့်အပြင် အနှောင့်အယှက် အဟန့် အတားများ ဖြစ်ပေါ်စေကြောင်း၊ အထူးသဖြင့် ဘုမ္မတီး စခန်း၊ တောင်ကြီးစခန်း၊ ရှားစေးဘိုးစစ်စခန်းများကြောင့် လူထုမှာ ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများ ကြောင့် နေ့စဉ် သွားလာရေး အခက်အခဲဖြစ်ရခြင်း၊ ဦးတည်ချက်မဲ့ ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများကို ပြည်သူများက စိုးရိမ်ထိတ်လန့်နေရကြောင်း KNLA ၏ သတိပေးချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်စခန်းများကို KNLA အနေဖြင့် လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်း၊ ထို့ကြောင့် စာထုတ်ပြန်သည့်နေ့မှစတင်၍ ၁၀ ရက်အတွင်း တပ်စခန်းများ အပြီးတိုင် ရုပ်သိမ်းရန်နှင့် အဆိုပါ ရက်ကျော်လွန်၍ ဆက်လက် တပ်စွဲနေပါက နောက်ဆက်တွဲကိစ္စများ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန် ကြေ ညာ သည်။

KNLA ၏ သတိပေးချက်သည် မေလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် သတိပေးခြင်းဖြစ်၍ မေလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ စစ်ကောင်စီတပ်စခန်းများ ရုပ်သိမ်းထွက်ခွာရမည်ဖြစ်သည်။

ကနီတွင် စစ်တပ် တပ်စခန်း ဝင်ရောက် စီးနင်းခံရ၊ ထီးချိုင့်တွင်လည်း စစ်တပ် ယာဉ်တန်း မိုင်းဆွဲခံရ၊ ထားဝယ်တွင် စစ်တပ် ပစ်ခတ်သေ...
10/05/2022

ကနီတွင် စစ်တပ် တပ်စခန်း ဝင်ရောက် စီးနင်းခံရ၊ ထီးချိုင့်တွင်လည်း စစ်တပ် ယာဉ်တန်း မိုင်းဆွဲခံရ၊ ထားဝယ်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက် ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် အလယ်ကျွန်း ကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ တပ်စွဲထားသော စခန်းကို ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် မသိရသေးကြောင်း DRPA တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စခန်းကို အာဏာရှင် တော်လှန်ရေး ပြည်သူ့ တပ်မတော် (DRPA)၊ KPDF 1၊ KGL PDF၊ နှလုံးလှ လူမိုက်ကြီးများ (မြင့်ခြံ)၊ KGF၊ M&K the boys၊ KCRF၊ Chindwin Dragon၊ ကနီမြို့နယ် အဖွဲ့၊ အနီမြို့နယ် ပကဖနှင့် တပ်ပေါင်းစု မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ပစ်ကူများဖြင့်ပါ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အလယ်ကျွန်းကျေးရွာသည် အိမ်ခြေ ၃ဝခန့်ရှိသော ပျူစောထီး ရွာဖြစ်ကာ အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးချိန်၌ အနီးအနားဝန်းကျင်ရှိ ကျေးရွာနေ ပြည်သူများကို ဒုက္ခပေးနေသည့် အတွက် စစ်တပ်နှင့် မပူးပေါင်းရန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သတိပေးထားသော ကျေးရွာတစ်ရွာဖြစ်ကြောင်း DRPA ကထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှ တက်လာသော စစ်တပ် ယာဉ်တန်းကို KIA တပ်ဖွဲ့နှင့် Tiger Army တို့ပူးပေါင်းကာ ယနေ့ မေလ ၁ဝ ရက်နေ့ နံနက် ၅ နာရီခန့်တွင် နဘားနှင့် ပင်ဝယ်ကျေးရွာကြားတွင် မိုင်းပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း Tiger Army တပ်ဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မေတ္တာမြို့ ကျောက်မဲတောင်ရွာရှိ သဲအင်းဂူဘုန်းကြီးကျောင်းကို ယနေ့ မေလ ၁ဝ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ဘုန်းကြီး ကျောင်းဝန်းထဲ ကျရောက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ သံဃာတော် ၁ ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ ၁ ဦးသည် သွေးထွက် လွန်ကာ ဆုံးပါးသွားပြီး ဒဏ်ရာရရှိခဲ့သော သံဃာတော် ၁ ပါးကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Photo - ထီးချိုင့်မြို့မှ တက်လာသည့် စစ်တပ်ယာဉ်တန်းကို KIAတပ်ဖွဲ့နှင့် Tiger Army တပ်ဖွဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့သော ပဒေသာမိုင်းများ

တနင်္သာရီမြို့နယ်ရှိ ထုံခါအကျဉ်းစခန်းကို PDF က ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ PDF ၁ ဦးကျဆုံးရန်ကုန်၊ မေ ၈...
08/05/2022

တနင်္သာရီမြို့နယ်ရှိ ထုံခါအကျဉ်းစခန်းကို PDF က ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ PDF ၁ ဦးကျဆုံး

ရန်ကုန်၊ မေ ၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အမှတ် ၄ ထုံခါအကျဉ်းစခန်းကို တနင်္သာ ရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ နံနက် ၅ နာရီအချိန် ဝင်ရောက် စီးနင်းပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်TDF က သတင်းထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင်(၄) ထုံခါအကျဉ်းစခန်းကို ယနေ့နံနက်(၅)နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်းခဲ့ပြီး စခန်း ကို ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၃ ဦး ကျဆုံးကြောင်းအတည်ပြုနိုင်ပြီး ၃ ဦး ထိခိုက်ရာရရှိကြောင်း၊ ထိခိုက်ဒဏ် ရာရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှာ သေဆုံးရန် အခြေအနေ ရှိနေကြောင်း သိရှိရသည်။

ထုံခါအကျဉ်းစခန်းကို ဝင်ရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦးကျဆုံးပြီး ထုံခါအကျဉ်းစခန်းသည် ရေဖြူစစ်ဗျူဟာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် အကျဉ်းစခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ပုံ-ထုံခါစခန်းတစ်နေရာ Photo -TDF

မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ကြေ...
08/05/2022

မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ကြေညာ

ရန်ကုန်၊မေ ၈

အကြမ်းဖက် ရာဇဝတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်း ချမ်း ရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ယနေ့ ကြေညာသည်။

မေလ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရန် ဖိတ်ကြားစာရရှိကြောင်း၊ သို့ရာတွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်ကြောင်း၊ အားလုံးပါဝင်နိုင်သည့် အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်ရန် လိုအပ်ကြောင်း ABSDF က ကြေညာချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KIO ၊ KNPP ၊ CNF ၊ ABSDF တို့က တက်ရောက်မဟုတ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

AA ကမူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ထင်လတ်ဦးကို သတိပေးထားပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် အလားအလာ နည်းနေပြီဟု လေ့လာသုံးသပ်သူများက ဆိုကြသည်။

KNU ကမူ မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ဟန်ပြသာဖြစ်၍ မတက်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

ABSDF သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်၌ ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးဟု CNAဆို=====================မကွေးတ...
06/05/2022

မကွေးတိုင်းနှင့် ချင်းပြည်နယ်၌ ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးဟု CNAဆို
=====================

မကွေးတိုင်းနှင့် ချင်းပြည်နယ်တွင် ဧပြီလ ၂၂ရက် မှ ၃၀ရက် နေ့ အတွင်း လတ်တလော စစ်ရေးလှုပ်ရှားနယ်မြေ၌ တိုက်ပွဲ အနည်းဆုံး ငါးကြိမ်ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၆၁ဦး သေဆုံးသွားကြောင်း ချင်းအမျိုးသားတပ်မတော် (Chin National Army) မှ ယနေ့ မေလ ၆ရက်နေ့တွင်ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ မကွေးတိုင်း ဂန့်ဂေါ် မှ ချင်းပြည်နယ် ဟားခါးမြို့ ကားလမ်းတစ်လျောက်တွင် အင်အား ၂၀၀ခန့်ဖြင့် ဟားခါးစစ်ဗျူဟာသို့ ခြေလျင်ဖြင့် ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

ယင်းတိုက်ပွဲများတွင် CNA နှင့်အတူ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဟားခါး) CDF – Hakha ၊ ထီးလင်း PDF (မကွေး) မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့မှ နှစ်ဦးတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီစစ်ဗျူဟာသို့ မကွေးတိုင်း ပခုက္ကူမှ အင်အား အလုံးအရင်းဖြင့်ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား CDF – Mindat နှင့် CDF – Matupi ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဟားခါးမြို့မှ ဖလမ်းမြို့ သို့ တင့်ကားနှစ်စီး ၊ စစ်ကောင်စီယာဉ် ၂၇ စီး အင်အား ၁၅၀ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းအား CNA နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး နှစ်ဖက်အကျအဆုံးများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များမှ သိရသည်။


#မကွေးတိုင်း
#ချင်းပြည်နယ်
#တိုက်ပွဲဖြစ်ပွါး

စစ်အုပ်စုရဲ့ ရိက္ခာသယ်လာတဲ့ ရေယာဉ်၃စင်းကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ရိက္ခာအားလုံးသိမ်းယူHTY Information  (မေလ ၆ ရက်) ချင်း...
06/05/2022

စစ်အုပ်စုရဲ့ ရိက္ခာသယ်လာတဲ့ ရေယာဉ်၃စင်းကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ရိက္ခာအားလုံးသိမ်းယူ

HTY Information (မေလ ၆ ရက်)

ချင်းတွင်းမြစ်ကြောင်းအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်မှာ အကြမ်းဖက်စစ်အုပ်စုအတွက် ရိက္ခာသယ်ယူလာတဲ့ ရေယာဉ် ၃စီးကို ဒီကနေ့ မေလ ၆ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ နဂါးညီနောင်အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။

မုံရွာကနေ ခန္တီးဘက်ကို ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ အမြန်ရေယာဉ်တွေကို စစ်ဆေးရာမှာ ကနီနယ်ထဲက အကြမ်းဖက် စစ်အုပ်စုအတွက် ပို့ပေးမယ့် ရိက္ခာတွေ စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးလိုက်တာဖြစ်ကြောင်းသိရပါတယ်။

"ကုန်တင်အမြန်ယာဉ် သုံးစင်းမှာ မအလရဲ့လက်ပါးစေများ တပ်စွဲထားသောကနီမြို့သို့ ရိက္ခာများသွားရောက်ထောက်ပံ့တယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရ ကျွန်တော်တို့ DBTFအဖွဲ့နှင့်မဟာမိတ်ညီနောင်အဖွဲ့များ ပူးပေါင်းပီးအချိန်မှီသွားရောက်ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ပါတယ်"လို့ နဂါးညီနောင် အထူးတပ်ဖွဲ့က ဖော်ပြထားပါတယ်။

ရေယာဉ်တွေပေါ်မှာ တင်ဆောင်လာတဲ့ ဆီပုံးနဲ့ ဆန်အိတ်တွေကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်အုပ်စုထုတ်ကုန် အရက်ပုလင်းတွေကိုတော့ ဖျက်ဆီးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#ဓာတ်ပုံ_DBTF

နိုင်ငံရဲ့စစ်တပ်ပါလို့နာမည်ခံထားတဲ့ မအလတသိုက်က ရန်ကုန်၊ မန္တလေး၊ မြစ်သား စတဲ့မြို့တွေမှာ သွေးသောက်လိုလို သေးသောက်လိုလိုအဖ...
04/05/2022

နိုင်ငံရဲ့စစ်တပ်ပါလို့နာမည်ခံထားတဲ့ မအလတသိုက်က ရန်ကုန်၊ မန္တလေး၊ မြစ်သား စတဲ့မြို့တွေမှာ သွေးသောက်လိုလို သေးသောက်လိုလိုအဖွဲ့တွေေ-ာက်ရှက်မရှိဖွဲ့ပြီး တော်လှန်ရေးသမားတွေရဲ့မိသားစုတွေ၊ တော်လှန်ရေးကိုဝန်းရံထောက်ခံသူတွေကို သူရဲဘောကြောင်စွာ သတ်ဖြတ်နေတာတွေကြားသိနေရတယ်

ချောင်းဦး မှာ အဲဒီလိုအဖြစ်မျိုးလုံးဝလက်ခံမှာမဟုတ်ဘူး။ လက်ရှိအချိန်အထိ ပျူ ဒလန် ကလွဲရင် ချောင်းဦးမှာ စစ်ခွေး ရဲခွေး မိသားစုတွေနဲ့ တော်လှန်ရေးကိုကပ်ဖဲ့တိုက်နေတဲ့သူတွေကို လုံးဝသတ်ဖြတ်ခြင်းမလုပ်ခဲ့ဘူး။

ဒါပေမယ့် ချောင်းဦးမှာ သေးသောက်လိုသူရဲဘောကြောင်‌တဲ့အဖွဲ့တွေပေါ်လာပြီး တော်လှန်ရေးသမားတွေရဲ့မိသားစုတွေ၊ တော်လှန်ရေးကိုဝန်းရံထောက်ခံသူတွေကို အန္တရာယ်ပေးလာတာမျိုးရှိခဲ့ရင်တော့ ချောင်းဦးမှာရှိတဲ့ စစ်ခွေး ရဲခွေး မိသားစုတွေနဲ့ တော်လှန်ရေးကိုကပ်ဖဲ့တိုက်နေတဲ့သူတွေကို လုံးဝအရှင်ထားမှာမဟုတ်ဘဲ တန်ပြန်စီရင်သွားမှာဖြစ်တယ်လို့ ThanDauk ChaungU Guerilla အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

"မလဲသာရွာလုံးကျွတ်နီးပါးနှင့် ညောင်ပင်ရွာမှ ဆိုင်ကယ်၊ ကား၊ စက်ခုံများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး | တော်လှန်ရေးရ...
03/05/2022

"မလဲသာရွာလုံးကျွတ်နီးပါးနှင့် ညောင်ပင်ရွာမှ ဆိုင်ကယ်၊ ကား၊ စက်ခုံများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး | တော်လှန်ရေးရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး"
3.5.2022(TUE) | အရာတော်

မနေ့ မေလ(၂)ရက်နေ့က အရာတော်မြို့နယ် တောင်ပိုင်းသို့ ဝင်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ညောင်ပင်ကျေးရွာမှ ဆိုင်ကယ်(၁၂)စီး၊ လူမှုကူညီရေးကား(၁)စီးနှင့် တွင်စက်ခုံ(၁)ခုတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။ အဆိုပါ စစ်ကြောင်းသည် မလဲသာကျေးရွာကို ဝင်ရောက်ဖျက်ဆီးပြီးနောက် ညောင်ပင်ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကာ ညောင်ပင်ရှိ ဓမ္မာရုံများ၊ ပြည်သူ့နေအိမ်များတွင် ညအိပ်စခန်းချသွားခဲ့ခြင်းဖြစ်သည်။

"ရွာထဲက ဓမ္မာရုံ(၂)ခု၊ နေအိမ်(၅)လုံးမကမှာ စစ်သားတွေ ခွဲချပြီး ညအိပ်သွားတာပါ။ အိမ်တွေထဲက ထင်သလိုယူပြီး ချက်ပြုတ်စားသွားတဲ့နေရာကိုက (၁၀)နေရာကျော်တယ်ဆိုတော့ အင်အား(၁၀၀)ကျော်ပြီး (၂၀၀)နီးပါးထိ ရှိပါတယ်။ ညောင်ပင်မှာတော့ ဆိုင်ကယ်(၁၂)စီး၊ ကန်ရင်း သုခိတာအသင်းရဲ့ကား(၁)စီး၊ တွင်ခုံ(၁)ခု မီးရှို့ခံရပါတယ်။ မလဲသာကတော့ တစ်ရွာလုံးနီးပါးပေါ့။" ဟု ဒေသခံတစ်ဦးက သတင်းမှန်သို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများရှိနိုင်မည့်နေရာများကို ၄၀မမ/၆၀မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ရဲဘော်တစ်ဦး ထိမှန်ကျဆုံးခဲ့ကြောင်း တပ်ပေါင်းစုတာဝန်ခံတစ်ဦးကပြောသည်။ တော်လှန်ရေးတပ်ပေါင်းစုများ ပြန်လည်တပ်‌ဖျောက်ဆုတ်ခွာခဲ့ရပြီး ဒဏ်ရာရရှိသူများနှင့် ပျောက်ဆုံးနေသူအချို့လည်း ရှိကြောင်း သိရသည်။

‌၎င်းအကြမ်းဖက်စစ်တပ်သည် ဗောဓိတထောင်တောင်ရိုးနောက်ကျောမှလာ၍ ဝက်ကျကျေးရွာဘက်ကတဆင့် အရာတော် ကန်ရင်း၊ မလဲသာသို့ တောက်လျှောက်ဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။ ယခု မြင်းမူနယ်၊ ပဒတ်ထိုင်းကျေးရွာဘက်သို့ ထွက်ခွာသွားပြီး ပဒတ်ထိုင်းတဝိုက်တွင် တပ်စွဲထားသည်ဟု သိရသော်လည်း လှုပ်ရှားမှုငြိမ်သက်နေသည်။

ဒေသတွင်း အင်တာနက်ဖြတ်တောက်ထားမှုကြောင့် မှတ်တမ်းဓာတ်ပုံများ ရရှိလျှင် ဆက်လက်တင်ပြပေးပါမည်။

Subscribe Us :
https://t.me/ayadawrevolutionnews

သတင်းများပေးပို့ရန် အရာတော်ကင်းထောက်
https://t.me/ayadawscouts

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ရွှေဘို ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်စီး ကျေးရွာသား ကိုရှိုင်း အပါအဝင် ပြည်သူ ၆ဦးကို ပစ်သတ် ရုပ်အလောင်းများ ကောက်မ...
03/05/2022

ရွှေဘို ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်စီး ကျေးရွာသား ကိုရှိုင်း အပါအဝင် ပြည်သူ ၆ဦးကို ပစ်သတ် ရုပ်အလောင်းများ ကောက်မရသေး

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို အကြမးဖက် စစ်တပ်က မေလ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ကိုရှိုင်း အပါအဝင် ပြည်သူ ၆ဦး ပစ်ခတ် သတ်ဖြတ်ခံရပြီး ကျေးရွာအနီးအနားတွင် ပျူစောထီး အဖွဲ့များ လှည့်လည် သွားလာနေသောကြောင့် ရုပ်အလောင်းများ ကောက်မရ သေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မေလ ၂ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ဆိပ်ခွန် မူးဘောင်ဘေးတွင် ဆိုင်ကယ် စီးနင်းလာသည့် အသက် ၂၂ နှစ်အရွယ် ကိုရှိုင်းကို ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကို မီးရှို့ခဲ့ပြီးနောက် ဆိပ်ခွန်-နံ့သာရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မိသားစုဝင် ၅ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

" မနေ့က အသတ်ခံရတဲ့ ကောင်လေးက အသက် ၂၂ နှစ်ပါ အမည်က ကိုရှိုင်း ဆိပ်ခွန်ရွာသား အသတ်ခံရတဲ့ နေရာက ဆိပ်ခွန် မူးဘောင်ဘေးမှာပါ။ အကြမ်းဖက် စစ်တပ်က စစ်ကား ၉စီးနဲ့ လာတာ သူနဲ့ ထိပ်တိုက်တိုးပြီး ဆိုင်ကယ် ရပ်ခိုင်းတာ မရပ်ပေးလို့ ပစ်သတ်ပြီး မီးရှို့ခံလိုက်ရတာပါ။ ဆိပ်ခွန်-နံ့သာရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ အဲမှာ အိမ်ဆောက်နေတဲ့ မိသားစုကို ထိမှန်ပြီး မိသားစုဝင် ၅ဦးလုံးသေသွားတယ်" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော ဆိပ်ခွန်-နံ့သာရွာသည် ဆိပ်ခွန် အနောက်ဘက်ခြမ်းရှိ ဇီးဖြူကုန်းရွာနှင့် အစပ်ကြား ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် မိသားစုဝင်များသည် ရွာခံများ မဟုတ်ဘဲ ပြောင်းရွေ့လာသူများ ဖြစ်ကြောင်း သိရသည်။

03/05/2022

ကျိုက်ထိုမြို့ရှိ စကစကင်းစခန်းတစ်ခုအား KNU နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ စခများထွက်ပြေး၍ စခန်းအား မီးရှို့ဖျက်ဆီးခဲ့

ကျိုက်ထို၊ မေလ ၃ ရက်

ယနေ့ မနက် ၁၀:၃၀ ‌အချိန်လောက်က ကျိုက်ထိုမြို့နယ် အထက်အင်္ဂဘိုကျေးရွာရှိ စကစ ကင်းပုန်းဝပ် တပ်စွဲထားသော စကစကင်းစခန်းတစ်ခုအား KNU တပ်မဟာ (၁) တပ်ရင်း (၃) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုစခန်းတွင် စကစအင်အား ၃၀ ထက်မနည်းရှိနေပြီး အကုန်ထွက်ပြေးသွားကြသဖြင့် စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

CRPH ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆုံးဖြတ်မေ ၃ ၊ ၂၀၂...
03/05/2022

CRPH ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆုံးဖြတ်
မေ ၃ ၊ ၂၀၂၂

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက် လက်ထားရှိဖို့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီက ဆုံးဖြတ်ခဲ့တာပါ။

ဒါအပြင် မြန်မာပြည်သူတွေနဲ့ အတူတကွရပ်တည်ကြောင်း ပြသရန် ပြည် ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီကို မြန်မာနိုင်ငံမှာ ပီပြင်တဲ့လွှတ် တော်တစ်ရပ်ပေါ်ပေါက်တဲ့ အချိန်အထိ နိုင်ငံတကာ ပါလီမန်များအဖွဲ့(IPU)မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိရန်နဲ့ IPU အ စည်းအဝေးတွေမှာ မဲပေးခွင့်မပြုသော လေ့လာသူ (Non-Voting Observer) အဖြစ် တက်ရောက်နိုင်ရေး IPU လည်းဆုံးဖြတ်ပေးခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အ ကြမ်းဖက်စစ်တပ်မှ ကျူးလွန်လျက် ရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေနဲ့ စပ်လျဉ်းပြီး ထည့်သွင်း ချမှတ်အတည်ပြုတာတွေလုပ်ခဲ့တယ်လို့ ဆို ပါတယ်။

IPU အနေနဲ့ CRPH ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေ အနေတွေကို နိုင်ငံရေးသိမြင်မှု ပိုမိုမြှင့်တင်နိုင်ရန်နဲ့ စောင့်ကြည်သွား မှာ ဖြစ်တယ်လို့ IPU အထွေထွေအတွင်းရေးမှူးချုပ် မာတင်ချောင်ဂေါင်က CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံကို စာရေးသားပေးပို့ရာမှာ ဖော်ပြထားတာပါ။

CRPH က နိုင်ငံတကာပါလီမန်များအဖွဲ့နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ်တည် ဆောက်ထားပြီး IPU ရဲ့ အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စား လှယ်အဖွဲ့အနေနဲ့ လူကိုယ်တိုင် ပါဝင်တက်ရောက်နိုင်ရေးစီစဉ် နေပါတယ်။

CRPH ရဲ့ လုပ်ငန်းတာဝန်တွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ပြင်ပဆက် ဆံရေးကဏ္ဍ၊ နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးကဏ္ဍမှာ IPU ရဲ့ အကူအညီပေးရေး စီမံကိန်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။



Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

Address


Telephone

+95933987715

Website

Alerts

Be the first to know and let us send you an email when နွေဦးတော်လှန်ရေးသတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နွေဦးတော်လှန်ရေးသတင်းစုံ:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share