ဆရာမိုးဇော်

  • Home
  • ဆရာမိုးဇော်

ဆရာမိုးဇော် ဆရာမိုးဇော်
လက္ခဏာ+ဗေဒ ပညာရှင်

လူတချို့အတွက်လမ်းတခု အဆုံးမှာအိမ်တလုံး ရှိနေမယ်လူတချို့အတွက်လမ်းတခုအဆုံးမှာ ပန်းခင်းတခု ရှိနေမယ်လူတချို့ အတွက်လမ်းတခု အဆ...
27/01/2024

လူတချို့အတွက်
လမ်းတခု အဆုံးမှာ
အိမ်တလုံး ရှိနေမယ်

လူတချို့အတွက်
လမ်းတခုအဆုံးမှာ
ပန်းခင်းတခု ရှိနေမယ်

လူတချို့ အတွက်
လမ်းတခု အဆုံးမှာ
တောင်တန်းတခုရှိနေမယ်

လူတချို့အတွက်
လမ်းတခု အဆုံးမှာ
ချစ်သူတယောက်စောင့်ကြိုနေမယ်

လူတချို့အတွက်
လမ်းတခု အဆုံးမှာ
ရန်သူတယောက်စောင့်ကြိုနေမယ်

လူတချို့အတွက်
လမ်းတခု အဆုံးမှာ
​ချောက်ကမ်းပါး တခု ရှိနေမည်

လူတချို့အတွက်
လမ်းတခု အဆုံးမှာ
အောင်ပွဲရ ဆုတံဆိပ်များရှိနေမယ်

လူတချို့အတွက်
လမ်းတခု အဆုံးမှာ
နောက်ထပ် လမ်း တခုရှိနေမယ်

*
သင်၏ ရှေ့အနာဂတ်ကာလ
ဘဝလမ်းခရီးမှာ
ဘယ်လိုကံကြမ္မာတရားက
စောင့်ကြိုနေပါသနည်း

သင်၏ အနာဂတ်ကာလဘဝ
တသက်တာ
လက္ခဏာ ကံကြမ္မာစစ်ဆေးလိုပါလျှင်
ရှင်းလင်းကြည်လင်သော
ဘယ်ညာလက္ခဏာပုံ တဘက်ခြင်းစီ
တဘက်ကိုအနည်းဆုံး နှစ်ပုံနှင့်
မွေးနေ့ လ ခုနှစ်အပြည်အစုံ
* သို့မဟုပ်
ခုရောက်ရှိခတ်မှန်းအသက်
ပေးပို့၍
အထွေထွေသော ဘဝကံကြမ္မာဆိုင်ရာတသက်တာ လက္ခဏာ ကံအညွှန်းပြများ စစ်ဆေးမေးမြန်နိုင်ပါသည်

တသက်တာ လက္ခဏာကံကြမ္မာစစ်ဆေးခြင်းအတွက်
မိမိ၏ မူရင်းလက္ခဏာပုံများ
နှိုင်းယှဥ် ပုံများနှင့်အတူ
အသေးစိတ်ပြန်လည်ရှင်းပြ၍
စစ်ပေး ဟောပေးပါမည်

တသက်တာ လက္ခဏာစစ်ဆေးခြင်းအတွက်
ပညာပူဇော်ခ ယူပါသည်

-
ငွေကျေးအဆင်မပြေသူများ
ဘဝအလွန်အခက်အခဲကြုံနေသူများအတွက်
သိလိုရာ
( လိုရင်းတိုရှင်းမေးခွန်း တစ်ခု )
မေတ္တာဖြင့်အလကားဖြေပေးပါမည်

*
မထင်ရှားမှုံဝါးနေသောလက္ခဏာများ ဘယ်ညာ လက်ပုံတဘက်တည်းပို့သူများ ရောက်ရှိအသက်မပြောသူများ
မပြည့်စုံသော
လက်ဝါးပြင်တပိုင်းပြတ်ပုံများ
အဆင်မပြေသဖြင့် ကံကြမ္မာစစ်ပေး ဟောပေးမည်မဟုပ်ပါ

-

#ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ ဗေဒ ပညာရှင်
Ph-Viber 09794415451

နောင်တော်ကြီးလက်မ၏ဥာဏ်ပညာ အတွေးအခေါ်ကျိုးစားမှု့လုံးလဝရိယလူသားကိုယ်ရည်သွေးဆိုင်ရာကောင်းဂုဏ်ဆောင်ထူးခြားဝသေသ အမှတ်အသားအရစ...
27/01/2024

နောင်တော်ကြီးလက်မ၏
ဥာဏ်ပညာ အတွေးအခေါ်
ကျိုးစားမှု့လုံးလဝရိယ
လူသားကိုယ်ရည်သွေးဆိုင်ရာ

ကောင်းဂုဏ်ဆောင်
ထူးခြားဝသေသ အမှတ်အသား
အရစ်ပို ကလေးများပါရှိနေခြင်း

ထက်မြက်သော အတွေးအခေါ်ဥာဏ်ပညာစွမ်းရည်
လက်တွေ့ကျိုးစားမှု့လုံးလဝရိယ
စွမ်းရည်များ
အချိုညီပူးပေါင်း၍
မိမိယုံကြည်ကျိုးစားရာ ဘဝရည်မှန်းချက်များ တဖြေးဖြေးတိုးတက်အောင်မြင်လာစေပါမည်

-

#ဆရာမိုးဇော်
#လက္ခဏာ+ ဗေဒ ပညာရှင်
Ph -Viber 09794415451

ငွေလမ်း ကလေးများကံလမ်း ဥစ္စာဓနလမ်းကလေးများထိုလမ်းကလေးများသည်ငွေကျေးဓနဥစ္စာ အလုပ်ဘဝကံကောင်းစေသော ပိုင်ဆိုင်စေသော ကံကောင်း...
25/01/2024

ငွေလမ်း ကလေးများ
ကံလမ်း ဥစ္စာဓနလမ်းကလေးများ

ထိုလမ်းကလေးများသည်
ငွေကျေးဓနဥစ္စာ အလုပ်ဘဝကံကောင်းစေသော ပိုင်ဆိုင်စေသော
ကံကောင်းခြင်းများ၏ ညွှန်ပြချက်

*သေဒိလေခ
ကံလမ်း
ငွေဓနဥစ္စာ
လမ်းကလေးများဖြစ်၍
လူတိုင်း၏ လက်ဝါးပြင်တွင်မပါရှိတတ်ပါ

ထိုသော
ကံ/ငွေဓနလမ်း
Line of destiny
ကလေးများ၏

စတင်ရာဒေသ
ဖြတ်သန်းရာကာလ တိမ်းညွတ်ယိမ်းနွဲ့မှု့များ
အဆုံးသတ်ရာဒေသ
အဆုံးသတ်ရာ၏ ထူးခြားဝိသေသ မူကွဲပုံဆောင်မှု့များသည်
လက္ခဏာရှင်များ၏
အလုပ် ဘဝ ငွေကျေး မတူခြားနားသော ဖြစ်စဥ်များသို့
အကျိုးပေးကံ ကွဲပြားခြားနားစေပါမည်

*( အညွန်းပြ ပုံ )
အသက်/ဘဝလမ်း
နှင့်ထိခတ်ဆက်သွယ်၍ အခြေပြုစတင်လာနေသော
ကံလမ်း/ငွေလမ်း
* ( A ) သည်
မိဘ မိသားစုဘဝ မွေးရပ်မြေ
စသော ဘဝဖြစ်တည်မှု့စတင်လာ၏အခြေခံဖြစ်သော
အောင်မြင်ခြင်းကံအကြောင်းတရားများ သို့ ညွှန်ပြနေသည်ဖြစ်၍
မိဘ မိသားစု မျိုးနွယ်စု၏ ကံအထောက်အကူများ နှင့်
မိမိကိုယ်တိုင်၏ ကျိုးစားအားစိုက်မှု့ ကြောင့်ရရှိလာမည်ဖြစ်သော
သစ်တပင်၏ ကိုယ်တိုင် အသီးအပွင့်နှင့်အလားသဏ္ဍာန်တူနေသော
ကျိုးစားမှု့ရလာဘ်
ဘဝအောင်မြင်ရေးအချက်အလက်များနှင့်
ငွေကျေးဥစ္စာ ကံပါရမီများကိုဖေါ်ပြနေသည် ဖြစ်၍

ကံလမ်း
ငွေဓနလမ်း
* ( B ) သည်
တနင်္လာဂြိုလ်ခုံ
ငွေလဝန်းနယ်မြေ
Moon
သာယာလှပခြင်း ပျော်ရွှင်ငြိမ်းအေးခြင်း
ကူညီစောင့်လျောက်ခြင်း
မိခင် ချစ်မေတ္တာ
ငွေကျေးဥစ္စာ ကြွယ်ဝစေခြင်း
ဝေး သောအရပ်များ
စသောကံကောင်းခြင်းများနှင့်သက်ဆိုင်သောဒေသ
မှ စတင်ထွက်ပေါ်လာနေသည်ဖြစ်၍
* ကံဓနလမ်း ( B )
သည်
ဟေတုဘာဝ အတိတ်ကံပါရမီကောင်းများပါရှိနေခြင်းကိုဖေါ်ပြနေသည် ဖြစ်၍
လက္ခဏာရှင်၏ တသက်တာဘဝကာလအတွက်
ချစ်သူခင်သူပေါများလူသိများစေမည် ငွေကျေးဥစ္စာဖွေရှာရလွယ်ကူစေမည် ပိုင်ဆိုင်စေမည်
ဆင်းရဲကင်းစေမည်
လူအများနှင့်ဆက်သွယ်လုပ်ကိုင်ရသောအလုပ်များ ဘဝကံကောင်းလာစေမည်
ဝေး သောအရပ်များ ပြည်ပခရီးများ ဆက်သွယ်ခြင်း သွားလာနေထိုင်ခြင်းများ ဘဝကံကောင်းလာစေမည်
ကျမ္မာအသက်ရှည်ဆင်းရဲကင်းသော ကောင်းသောဘဝတခုရရှိလာစေပါမည်
ကံလမ်းဓနလမ်း ( B ) သည်
အဝေးအရပ်မှ ငွေလဝန်းအလင်းရောင် ဖြာဝေသကဲ့သို့
လက္ခဏာရှင်၏ တသက်တာဘဝသို့
ကံကောင်းစေခြင်းကံအလင်းတရားများ ခံစားသက်ရောက်လာစေမည်သာဖြစ်ပါ၏

( သတိပြုရန် )
လက်ဝါးပြင်မှ လက္ခဏာလမ်းများသည်
ဟေတုဘာဝအတိတ်ကံများကြောင့်ဖြစ်စေ
ယခုကာလ မိမိပြုသော ကံအသစ်များ၏ တန်ပြန်သက်ရောက်မှု့ အရဖြစ်စေ
အချိန်ကာလ အရွေ့တခုအတွင်း၌
ရှိပြီးလမ်းများ မှေးမိန်ကွယ်ပျောက်သွားတတ်ကြသည်လည်းရှိ၍
မရှိသေးသောလမ်းများ အသစ်ထင်ရှားပေါ်ပေါက်လာတတ်သည်လည်းရှိနေတတ်ကြပါ၏

-

မိုးအောက်မြေကမ္ဘာ များသတ္တဝါ
ဘေးဘယာ ဝေး ကွာ
လိုရာဆန္ဒပြည့်ဝကြပါစေ

-

#ဆရာမိုးဇော်- ဝိမုဒ္ဓိ
လက္ခဏာ+ ဗေဒ ပညာရှင်
Ph-Viber 09794415451

မိုးအောက်မြေကမ္ဘာအနန္တ မိခင်မေတ္တာနှိုင်းတုမမြင်ကျေးဇူးရှင်များ ဘေးဘယာ ဝေး ကွာ လိုရာဆန္ဒပြည့်စုံကြပါစေ                  ...
25/01/2024

မိုးအောက်မြေကမ္ဘာ
အနန္တ မိခင်မေတ္တာ

နှိုင်းတုမမြင်ကျေးဇူးရှင်များ
ဘေးဘယာ ဝေး ကွာ လိုရာဆန္ဒပြည့်စုံကြပါစေ

M - Z

ဘဝအောင်မြင်ရေး၏လှို့ဝှက်ချက်*ဥာဏလေခဦးနှောက်/ဥာဏ်လမ်းLine of headနှင့်ဟာဒယလေခနှလုံးသား/ချစ်မေတ္တာလမ်းLine of heart*ဦးနှ...
23/01/2024

ဘဝအောင်မြင်ရေး၏
လှို့ဝှက်ချက်

*
ဥာဏလေခ
ဦးနှောက်/ဥာဏ်လမ်း
Line of head
နှင့်
ဟာဒယလေခ
နှလုံးသား/ချစ်မေတ္တာလမ်း
Line of heart

*
ဦးနှောက်/ဥာဏ်လမ်း
သည် လက္ခဏာရှင်၏
ဦးနှောက်အာရုံကြောဆိုင်ရာ
*နာဗ်ကြောစနှစ်
( Nervous System )
နှင့် ဦးနှောက်၏ လုပ်ငန်းစဥ်ဖြစ်သော
*သင်္ကေတအမှတ်အသားပြုခြင်း
( Encoding )
* သိုမှီးထိမ်းသိမ်းခြင်း
( Storage )
* ပြန်လည်ဖေါ်ထုပ်ခြင်း
( Retrieval )
စသည်တို့နှင့် သက်ဆိုင်မည်ဖြစ်၍

*
နှလုံးသားလမ်း
ချစ်မေတ္တာလမ်း
သည် လက္ခဏာရှင်၏
နှလုံးသွေးစီးဆင်းခြင်းဆိုင်ရာ
* သွေးလှည့်ပါတ်ဖွဲ့စည်းမှု့
( Blood Circutation )
နှစ်
ချစ်မေတ္တာ သံယောဇဥ်
လောဘ အလိုရှိခြင်း ဆန္ဒနှင့်
ဒေါသ အတ္တ မာန်မာန အချစ်အမုန်း ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း စသော အလုံးစုံသော
* စိတ်လှုပ်ရှားခံစားမှု့များ
( Emotionality )
၏ စတင်အခြေတည်ရာ
နှလုံးသားလမ်းမ ချစ်မေတ္တာလမ်းမပင် ဖြစ်နေပါမည်

ထိုသော
ဦးနှောက်/ဥာဏ်လမ်း
နှင့်
နှလုံးသား/ချစ်မေတ္တာလမ်း
လမ်းနှစ်သွယ်သည်
လက္ခဏာရှင်၏ ဘဝအောင်မြင်ရေးအတွက် အလွန်အရေးပါသော
* ပုဂ္ဂိုလ်ရေးကန့်သတ်ချက်
( Personal Limitation )
သို့ ဖေါ်ပြနေမည်ဖြစ်၍

ထိုလမ်းနှစ်သွယ်တွင် မည်သည့်လမ်းက
ပို၍ အရေးပါလျှက်ရှိနေပါသနည်းဟု စဥ်းစားစရာဖြစ်လာပါ၏

*
တခါက
( ဟားဗစ်ကာစင် )
ဆိုသော ပညာရှင်တဦးက
ဤသို့ရေးသားခဲ့ဘူးပါ၏
' များစွာသောလူတို့သည်
သူတို့၏ ဘဝများ ကို သူတို့၏
ဦးနှောက်ဥာဏ်ဦးဆောင်မှု့ဖြင့် လှုပ်ရှားနေကြသည်ဟု ထင်မှတ်နေတတ်ကြပါ၏
အမှန်မှာ သူတို့၏ များစွာသောပြုမူလှုပ်ရှားမှု့များနှင့် ဘဝဖြစ်စဥ်များသည် သူတို့ စိတ်နှလုံးသား၏ ခံစားစေခိုင်းချက်များသာဖြစ်နေ၍
ဦးနှောက်ဆိုသည်မှာ
နှလုံးသားခံစားချက်များအတိုင်းသာ အဆင်ပြေအောင်အကြောင်းအကျိုး အချက်အလက်ရှာ၍
လိုက်ပါဆောင်ရွက်နေရသော
အမည်ခံ အထင်ခံတခုသာဖြစ်နေတတ်ပါ၏

ဟားဗစ်ကာစင်
ပြောသလိုပင် တွေးကြည့်ပါက
နံက်မိုးလင်း၍ နံက်စာစားချိန်တွင် အဘယ်သူသည်
ဦးနှောက်ဦးဆောင်၍ မိမိကိုယ်ခန္ဓာ ကျမ္မာရေးလိုအပ်ချက်ဖြစ်သော
ဗိုက်တာမင်များ သက်စောင့်ဓါတ်များ၏ လိုအပ်ချက်အတိုင်းရှာဖွေဖြည့်စွတ်စားသောက်ပါသနည်း
သင်နှင့် ကျွန်ုပ်တို့သည် မိမိတို့စိတ်နှလုံး၏ ခံစားအလိုရှိရာအတိုင်းသာ အလွယ်တကူစားသောက်တတ်ကြပါ၏

နောက်တမျိုးတွေးကြည့်ပါက
လူတို့သည် ဦးနောက်အသိဥာဏ်အလင်းအတိုင်းသာ အမှန်တကယ်လိုက်ပါဆောင်ရွက်တတ်ကြသည် ဆိုပါလျှင်
ကမ္ဘာကြီး၏ အတိတ်ကာလသမိုင်းတလျောက်မှ စစ်ပွဲများသည် ဖြစ်လာနိုင်ခြေနည်းပါမည်
ထိုအရာများ၏ အခြေပြုအစတည်ရာသည် လူ့စိတ်နှလုံး၏
လောဘ အလိုများ နာကျင်မုန်းတည်းခြင်းများ ဒေါသများ အတ္တမာန်မာနများ
စသော စိတ်နှလုံးသားခံစားချက်အခြေခံမှ စတင်လာခြင်းဖြစ်နေပါသည်

ထိုမှတဖန်ထပ်ဆင့်တွေးကြည့်ပါက
များစွာသော ရာဇဝတ်မှု့များ
အမှားအလွဲများ သည် စိတ်နှလုံးသားခံစားချက်များမှသာ စတင်လာကြပါ၏

ထိုမှတဖန် တွေးသော်
စာပေ ဂီတ ရုပ်ရှင်ပန်းချီ ပန်းပု
သူခုမ အနုပညာများ၏ စတင်ရာသည်လည်း စိတ်နှလုံးသားပင်ဖြစ်နေပါမည်

ဘယ်ပန်ချီရေးလို့ မမှီဟု တင်စားကြသော
အလွန်အင်အားကြီးမားသော အသက်နှင့်ရင်း၍ သားသမီးအတွက်ကာကွယ်တတ်ကြသော
မိခင်မေတ္တာ မိဘမေတ္တာဟူသည်မှာလည်း စိတ်နှလုံးသားမှ အခြေပြုလာခြင်းပင်ဖြစ်ပါ၏

ထို့အတူပင်
ကမ္ဘာပေါ်ရှိ ဘာသာတရားများစွာတို့၏
ဆုံးမ သွန်သင်မှု့များစွာတို့သည်
လူတို့၏ စိတ်နှလုံးကို သာအလင်းပေးနေခြင်းဖြစ်ပါ၏

*
စိတ်တေနလောကော
စိတ်သည်လောက ကိုဖန်တည်း၏
( မြတ်ဗုဒ္ဓ )

-

စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏
အကြောင်းမူကား
သူတို့သည် ဘုရားသခင်ကိုမြင်ရကြရလတ္တံ
* မဿဲ - ၅ : ၈ /သမ္မာကျမ်းစာ

-

စိတ်ကိုနိုင်လျှင် ကံကိုနိုင်မည်
ကံကိုနိုင်လျှင် ဘဝကိုဖန်တည်းနိုင်ပါမည်
* ( Swami )

( အညွှန်းပြ ပုံ )
ထင်ရှားပြတ်သားရှည်လျှား အင်အားပြည့်ဝသော
ကောင်းသောပုံသဏ္ဍာန်နှင့်တည်ရှိနေသော နှလုံးသားလမ်းမပါရှိနေသူ လက္ခဏာရှင်သည်
နှလုံးသွေးစီးဆင်းခြင်းဆိုင်ရာကျမ္မာရေးကောင်းမွန်မည်
ကျမ္မာအသက်ရှည်စေမည်
ကောင်းမြတ်သော စိတ်နှလုံးသားတည်သူ ဖြစ်စေမည်

ကောင်းမြတ်သောစိတ်နှလုံးသားသည်
အပြုသဘောဆောင်သော
ကောင်းကျိုးပြုလုပ်ဆောင်မှု့များရှိနေမည်သာဖြစ်၍
အဆိုးကံမကောင်းခြင်းများမှ ကာကွယ်နေပါမည်

ထိုသူတို့သည် ချစ်သူခင်သူပေါများလူသိများမည်
ဘေးရန်အန္တရာယ်ကင်းဝေးမည်
ဒေဝတာနတ်များ ဝိဇ္ဇာအရှင်များ၏ စောင့်လျောက်ခြင်း ကူညီခြင်း ချစ်မေတ္တာများရရှိလာစေမည်
လူအများနှင့် ဆက်သွယ်လုပ်ကိုင်ရသောအလုပ်များအကျိုးပေးကံကောင်းစေမည်
ငွေကျေးဥစ္စာဖွေရှာရလွယ်ကူစေမည် ပိုင်ဆိုင်စေမည်

မိမိယုံကြည်ကိုးကွယ်ရာဘာသာတရားများ ကျိုးစားအားထုပ်ပါက ပေါက်မြောက်အောင်မြင်လွယ်ကူစေမည်
ကောင်းသောလားရာ ဘဝဂတိများရရှိလာစေမည်

ထင်ရှားပြတ်သားရှည်လျှားအပြစ်ကင်စင်နေသော
ကောင်းဂုဏ်ဆောင်
ဟာဒယလေ
နှလုံးသားလမ်း
ချစ်မေတ္တာလမ်း
Line of heart
တည်ရှိနေသူ၏ လက်ဝါးပြင်သည်
အချိန်ကာလ၏ အရွေ့တရားများအတိုင်း
မိမိပြုသောကောင်းကံအသစ်များ၏ တန်ပြန်သက်ရောက်မှု့အရ
ကံကြမ္မာကောင်းများ​စတင်ဖြစ်ဖြစ်တည်ရရှိလာမည်ဖြစ်၍
* အောင်မြင်ရေးလမ်းများ
ကံလမ်းငွေလမ်းများ
ရည်မှန်းချက်အောင်မြင်ရေးလမ်းများ
ဘုန်းတန်ခိုးလမ်းများ
စသော အရာရာသောကံအစောင့်လမ်းများ
ကံကူလမ်းကလေးများ ကံကောင်းစေသောလမ်းများ အစပြုဖြစ်တည်၍ လမ်းအသစ်များပေါ်ပေါက်လာတတ်ကြပါ၏

* ( လူလိုမှ နတ် လို
နတ် လိုမှ ဂြိုလ်မ ပါမည် )

- - -

မိုးအောက်မြေကမ္ဘာ များသတ္တဝါ
ဘေးဘယာ ဝေး ကွာ
လိုရာဆန္ဒ ပြည့်ဝကြပါစေ

-

#ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

မောင်နှံငါးဖေါ်လက်​ချောင်းအားလုံးထဲမှာထူးဆန်းလှပသော သူ့အမည်က* လက်သူကြွယ်သူကြွယ်ဆိုသော ကြွယ်ဝချမ်းသာသူပေါ့လက်သူကြွယ်လက်ချ...
19/01/2024

မောင်နှံငါးဖေါ်လက်​ချောင်းအားလုံးထဲမှာ
ထူးဆန်းလှပသော သူ့အမည်က
* လက်သူကြွယ်

သူကြွယ်ဆိုသော ကြွယ်ဝချမ်းသာသူပေါ့

လက်သူကြွယ်လက်ချောင်း
သည်နေရာက
မြန်မာဗေဒင်အလိုအရ
တနင်္ဂနွေဂြိုလ်ပိုင်ဒေသဖြစ်ပါ၏

တနင်္ဂနွေဂြိုလ်သည်
သည်ကမ္ဘာလောက
သက်ရှိသတ္တဝါများ၏
ဝိညာဥ်နှင့် အသက်များ ပိုင်ရှင်
အလင်း ( တန်ခိုး ) စွမ်းအားရှင်ဖြစ်ပါသည်
( တန်ခိုး ) ဟူသော စကားလုံးသည်
မူရင်းတရုပ်စကားလုံးဖြစ်၍
တန် သည်လည်ကောင်း
ခိုး သည်လည်ကောင်း
အလင်း ဟုပင်အဓိပ္ပါယ်ရပါ၏

ထိုသော
လက်သူကြွယ်လက်ချောင်းတည်နေရာကို
အနောက်တိုင်းလက္ခဏာပညာ၌
* အောင်မြင်ခြင်းနတ်ဘုရားနယ်မြေ
Apollo
ဒေသ ဟုရေးသားကြပါ၏

Apollo
နတ်ဘုရား ဆိုသည်မှာ
ရှေ့ကာလ ဂရိ လူမျိုးများ ယုံကြည်ကိုးကွယ်ကြသော
ကြွယ်ဝချမ်းသာစေခြင်းနှင့်
အောင်မြင်ခြင်း အရာရာသောကံကောင်းခြင်းများကို ပေးစွမ်းနိုင်သော နတ်ဘုရားတပါး၏ အမည်သာဖြစ်ပါသည်

စာပေများတွင်ဖတ်ဖူးခဲ့သည်မှာ
ရှေ့ကာလတွေးခေါ်ပညာရှင်
* ဆိုခရေးတီး ကိုအပြစ်ပေးရက်ရွေးရာတွင်
Apollo နတ်ဘုရားပွဲရက်နှင့်
ရက်တိုက်နေသဖြင့် ရက်ရွေ့ခဲ့ရသည်ဟု မှတ်သားခဲ့ဘူးပါ၏

*
ထိုသော
လက်သူကြွယ်လက်ချောင်း
တနင်္ဂနွေ + နေမင်း
သခင်ဒေသ
အောင်မြင်ခြင်းနတ်ဘုရားနယ်မြေမှ
အထက်သို့ဦးတည်နေသော
Apollo
အောင်မြင်ရေးလမ်း
ထင်ရှားပြတ်သားအားကောင်းစွာပါရှိနေသူသည်

ဦးနှောက်ဥာဏ်ပညာစွမ်းအားထူးခြားထက်မြက်သူဖြစ်နေမည်
အရာရာတတ်သိနားလည်လွယ်ကူနေမည်
မတူကွဲပြားသော အရာရာသော
အသိပညာအတတ်ပညာများကို
သိလိုတတ်လိုစိတ်ရှိနေမည်
အရာရာသော အသိပညာအတတ်ပညာများ နှင့်အသက်မွေးပါလျှင် ဘဝတိုးတက်အောင်မြင်လာမည်

ကောင်းမြတ်သောစိတ်နှလုံးသားတည်ရှိနေမည်
ချစ်သူခင်သူပေါများလူသိများမည်
တသက်တာရေရှည်ဘဝအတွက်ကံကောင်းသောချစ်သူအိမ်ထောင်ဘက်များရရှိလာစေမည်

ထိုသူတို့သည်
ဘဝအခက်အခဲများအောင်မြင်ကျော်ဖြတ်နိုင်စွမ်းရှိသူများဖြစ်၍
အရာရာသော ယုံကြည်ကျိုးစားရာဘဝရည်မှန်းချက်ပန်းတိုင်များသို့ ကျိုးစားပါကရယူနိုင်စွမ်းရှိသော
ဘဝအောင်မြင်ရေးဖန်တည်မှု့စွမ်းရည်ထက်မြက်သူ
လူတော်များသာဖြစ်နေကြမည်

သူတို့၏ တသက်တာဘဝ
ငွေကျေးဥစ္စာဖွေရှာရလွယ်ကူစေမည် ပိုင်ဆိုင်စေမည်
ကြွယ်ဝချမ်းသာစေခြင်း၏ ကံပါရမီအရင်းအမြစ်များပြည့်စုံသူများသာဖြစ်နေကြမည်

အသက် ငါးဆယ်ဝန်းကျင်မှစ၍
အထက်ကာလများ
မိသားစု ချစ်မေတ္တာ ငွေကျေးဓနဥစ္စာထူးခြားတိုးတက်အောင်မြင်ကံကောင်းလာစေမည်
ကျမ္မာအသက်ရှည်ဆင်းရဲကင်းသော
ကောင်းသောဘဝတခုရရှိလာစေပါမည်

ထိုသော
အောင်မြင်ရေးလမ်း
Apollo
သည်အမြင် အသွင်သဏ္ဍာန်သေးငယ်ပေမင့်
အောင်ကျိုးပေးစွမ်းအားကြီးမားတတ်သောသဘောရှိနေသည်

ထိုလက္ခဏာလမ်းကလေးသည်
အတိတ်ဘဝသံသရာများမှကောင်းဂုဏ်ဆောင် ကံပါရမီထူးများပါရှိနေခြင်း၏
အောင်မြင်ရေးအမှတ်အသားဖြစ်နိုင်သလို
ဂရိနတ်ဘုရား
Apollo
၏ ကံကောင်းခြင်းလက်ဆောင်ဆုလာဘ်တခုလည်းဖြစ်နေပါမည်

( သတိပြုရန် )
* ၁
လက်ဝါးပြင်မှကောင်းဂုဏ်ဆောင်လမ်းများ သည်
မှေးမှိန်အားနည်းနေခြင်း
ကန့်လန့်ဖြတ်အဖျက်မျဥ်းများတားဖြတ်နေခြင်း မှဲ့အစက်များ
ကျွန်းငယ်များ နှင့် အခြားသော
ဥပါတ်အမှတ်အသားများ
ထိခတ်ခြင်း ဖြတ်သန်းခြင်းရှိနေပါလျှင် ကောင်းကျိုးပေးစွမ်းရည်အားနည်းနေတတ်ပါသည်

လက်ဝါးပြင်မှ ကံအရံလမ်းကလေးများသည်
ဟေတုဘာဝ အတိတ်ကံကြောင့်ဖြစ်စေ
ယခုကာလ မိမိပြုလုပ်သော ကံအသစ်များ၏ တန်ပြန်သက်ရောက်မှု့အရဖြစ်စေ
အသစ်ပေါ်လာတတ်သည်လည်းရှိ၍
တဖန်ပြန်လည်ကွယ်ပျောက်သွားတတ်သည်လည်းရှိနေတတ်ကြပါ၏

- - -

မိုးအောက်မြေကမ္ဘာ များသတ္တဝါ
ဘေးဘယာ ဝေး ကွာ
လိုရာဆန္ဒပြည်ဝကြပါစေ

#ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

ဂီတ /အနုပညာထိုအရာကလူ၏ နှလုံးသားတို့ကို နုညံ့ပျော်ရွှင်စေမည်ဖြစ်၍ဘာသာတရား များသည်အရာ ကတော့လူတို့၏ စိတ်ဝိညာဥ်ကို လွတ်မြောက...
19/01/2024

ဂီတ /အနုပညာ
ထိုအရာက
လူ၏ နှလုံးသားတို့ကို နုညံ့ပျော်ရွှင်စေမည်ဖြစ်၍

ဘာသာတရား များ
သည်အရာ ကတော့
လူတို့၏ စိတ်ဝိညာဥ်ကို လွတ်မြောက်စေပါမည်

M - Z

တမာခွေးတောက်မြစ်လျှောက်ရောရှက် တူနှောဖက်ကသရက်ချိုမြ ဗန္ဓာရလျှက် ကွယ်မှ အပြီး အခါးသီး၏ ဟု'  မာဃဒေဝ လင်္ကာတွင် မာန်လည်ဆရာတ...
18/01/2024

တမာခွေးတောက်
မြစ်လျှောက်ရောရှက် တူနှောဖက်က
သရက်ချိုမြ ဗန္ဓာရလျှက်
ကွယ်မှ အပြီး အခါးသီး၏ ဟု
' မာဃဒေဝ လင်္ကာတွင် မာန်လည်ဆရာတော် ဘုရားကြီးက
ရေးသားဆုံးမ သတိပေးထားခဲ့သည်ရှိပါ၏

အလွန်ချိုမြသော အသီးသီးတတ်သောဗန္ဓာရသရက်ပင်၏ အမြစ်သည်
အနီးအနား၌တည်နေသော
ခါးတတ်သော သဘာဝရှိသော
တမာပင် ခွေးတောက်ပင် တို့၏
အမြစ်နှင့် အမြစ်ခြင်း အတူရောရှက်ပေါင်းဆုံ မိပါက
အခါးဓါတ်ကူးတတ်သည်ဖြစ်၍
ထိုသော ဗန္ဓာရ သရက်ပင်မှ အသီးသည်လည်း ခါးသော ရသ သက်ဝင်လာတတ်သည်ဟု ဆိုလိုရင်းဖြစ်ပါ၏

ထိုသော ဆိုဆုံးမစကားသည်
သစ်ပင်လောက သဘာဝလောက
လူလောကဝန်းကျင်နှင့်သက်ဆိုင်နေသလိုပင်

လူသားလက္ခဏာကံကြမ္မာစစ်ဆေးခြင်း
ပညာရပ်တွင်လည်းအထူးအရေးပါလျှက်ရှိနေပါမည်

တယောက်သောသူ၏လက်ဝါးပြင်မှ လက္ခဏာလမ်းများနှင့် ကံကြမ္မာဆိုင်ရာ အချက်အလက်များ အားလုံးတို့သည်
ထိုလမ်း၏ စတင်ရာ ဖြတ်သန်းရာ နှင့် အဆုံးသတ်နေရာများ၏ အင်အားများ ယိမ်းနွဲတိမ်းညွတ်မှု့ပုံသဏ္ဍာန်များ အတိုင်းသာ
ထင်ရှားသိသာစွာဖြစ်စေ မထင်ရှားလှို့ဝှက်စွာဖြစ်စေ
တလမ်းနှင့်တလမ်း တခုနှင့် တခု
( မိသားစုသဘော ) အပြန်အလှန်ဆက်သွယ်ကူညီနေ၍
အကောင်းအဆုံးအင်အားများ မျှဝေသက်ရောက်နေမည်သာဖြစ်ပါ၏

( အညွှန်းပြ ပုံ )
အာယုလေခ
အသက်/ဘဝလမ်းမ
Line of life
လည်ကောင်းသည် လက္ခဏာရှင်၏
ရှင်သန်မှု့အသက်ဓါတ် ကိုယ်ကာယအင်အားစုများ
ကျမ္မာရေးဆိုင်ရာ အချက်အလက်များနှင့် နေရပ်ဒေသ အလုပ်ဘဝအပြောင်းအလဲများ
ငွေကျေးဥစ္စာဓန ပိုင်ဆိုင်မှု့များ
ဆင်ရဲချမ်းသာကံပါရမီများ စသော
လက္ခဏာရှင်၏ ဖြစ်တည်မှု့ဘဝတခုလုံးနှင့်သက်ဆိုင်သော အလုံးစုံသော အရာများကိုဖေါ်ပြနေသော
လက္ခဏာလမ်းများအားလုံး၏
မိခင်လမ်းမ
အသက်/ဘဝလမ်းမ
ပင်ဖြစ်နေပါမည်

အသက်/ဘဝလမ်း
မှ ထင်ရှားသောလမ်းသွယ် လမ်းခွဲလေးတခုသည်
တနင်္လာဂြိုလ်ခုံ
ငွေလဝန်းနယ်မြေ
Moon
မိခင် စောင့်လျောက်ကူညီတတ်ခြင်း
ချစ်မေတ္တာ သာယာအေးမြစေခြင်း ငွေကျေးဥစ္စာ ကံကောင်းစေခြင်း ကျမ္မာအသက်ရှည်စေခြင်းများ၏ သခင်
မယ်တော်မာရိယာဒေသ သို့
ထူးခြားဆက်သွယ်လျှက်ရှိနေခြင်းသည်

ထိုသောလက္ခဏာရှင်၏
ဘဝတာကာလ၌
ချစ်သူခင်သူပေါများလူသိများစေမည်
လူအများနှင့်ဆက်သွယ်လုပ်ကိုင်ရသော အလုပ်များဘဝတိုးတက်အောင်မြင်လာစေမည်
မိမိမွေးရပ်မြေမှ တပါး ဝေး သောအရပ်များ သို့ ဆက်သွယ်ခြင်း သွားလာနေထိုင်ခြင်းများ ကံကောင်းစေမည်
ဝေး သောအရပ်များမှ ငွေကျေးဥစ္စာရရှိလာတတ်သည်
ငွေကျေးဥစ္စာဖွေရှာရလွယ်ကူစေမည် ပိုင်ဆိုင်စေမည် ဆင်းရဲကင်းစေမည်
ထိုသောကောင်းဂုဏ်ဆောင်ထူးခြားအမှတ်အသားပါရှိနေသူ၏ တသက်တာဘဝခရီးသည်
ကျမ္မာအသက်ရှည် ဆင်းရဲကင်းသော
ကောင်းသော ဘဝတခုသာရရှိနေမည်ဖြစ်ပါ၏

-

မိုးအောက်မြေကမ္ဘာ များသတ္တဝါ
ဘေးဘယာ ဝေး ကွာ
လိုရာဆန္ဒ ပြည့်ဝကြပါစေ

-

ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

အကောင်းအဆိုးအားပြိုင်နေသော လက္ခဏာလမ်းများ၏ ဖေါ်ပြချက်အညွှန်းပြပုံ* Aအောင်မြင်ရေးလမ်းApolloဥာဏ်ပညာ စိတ်အင်အား လူသားကိုယ်ရ...
14/01/2024

အကောင်းအဆိုး
အားပြိုင်နေသော လက္ခဏာလမ်းများ၏ ဖေါ်ပြချက်

အညွှန်းပြပုံ
* A
အောင်မြင်ရေးလမ်း
Apollo
ဥာဏ်ပညာ စိတ်အင်အား လူသားကိုယ်ရည်သွေးထူးခြားထက်မြက်သူ
ဘဝအခက်အခဲများအောင်မြင်ကျော်ဖြတ်နိုင်စွမ်းရှိသူ
ယုံကြည်ကျိုးစားရာ ဘဝရည်မှန်းချက်များ အောင်မြင်ရေးစွမ်းဆောင်ရည်မြင့်မားသူ

* B
စိတ်ပိုင်း /ရုပ်ပိုင်း
ကံကြမ္မာဆိုင်ရာ အညံ့များ အခက်အခဲများ၏ ညွှန်ပြချက်

* C
ဆော်လမွန်လက်စွပ်
ဦးနှောက်ဥာဏ်ပညာစွမ်းရည်ထူးခြားထက်မြက်သူ
အရာရာတတ်သိနားလည်လွယ်ကူသူဖြစ်နေမည်
- တသက်တာ ရေရှည်ဘဝကာလ
အတွက်
အသိပညာအတတ်ပညာ
ဦးနှောက်ဥာဏ်ပညာစွမ်းအား
ဖြင့် ဘဝအရာရာတိုးတက်အောင်မြင်လာစေမည်

* D
အင်္ဂါဂြိုလ်ခုံ
ကံကြမ္မာခံတပ်ဒေသ
Mars
ဥပါတ်မျဥ်းများရှုပ်ထွေးနေခြင်း
ရုပ်ပိုင်း/ စိတ်ပိုင်း ဘဝအခက်အခဲများ ကြုံရမည်

* E
အသက်/ဘဝလမ်း
ထင်ရှားပြတ်သားရှည်လျှားအားကောင်းနေသည်
- ဘဝသည်မည်သို့ပင်ဖြစ်စေ
ကျမ္မာအသက်ရှည်ဆင်းရဲကင်းနေမည်

* F
မိမူလ အသက်ဘဝလမ်းမ
သို့ ကူညီအားဖြည့်ကာကွယ်နေသော
အရံအပို အသက်ဘဝလမ်း ပါရှိနေသည်
ကျမ္မာရေး လူမှု့ရေးစီးပွားရေး
အရာရာသော ကံကြမ္မာနိမ့်ပါးခြင်းများမှ ကာကွယ်စောင့်လျောက်လျှက်ရှိနေမည်

-
သတိပြုရန်
လက်ဝါးပြင်မှ လက္ခဏာလမ်းများနှင့် ကံကြမ္မာဆိုင်ရာထူးခြားဝိသေသဖေါ်ပြချက်များသည်
ဟေတုဘာဝ အတိတ်ကံကြောင့်ဖြစ်စေ
မိမိယခုပြုလုပ်သော ကံအသစ်များ၏ တန်ပြန်အကျိုးပေးသက်ရောက်မှု့များကြောင့်ဖြစ်စေ
- လမ်းများ အမှတ်အသားများ
အသစ်ပေါ်ပေါက်လာတတ်သည်လည်းရှိ၍
ထိုမှတဖန် ရှိပြီသားလမ်းများအမှတ်အသားများ တဖန်ပြန်လည်ကွယ်ပျောက်သွားတတ်သည်လည်း ရှိပါ၏

-

ကမ္မံသတ္တေဝဘဇ္ဇတိ
ကံနှင့်တူသောအင်အားကြီးမားခြင်းသည်မရှိ
( မြတ်ဗုဒ္ဓ- ကမ္မနိယာမ )

-

ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ - ဗေဒ ပညာရှင်
Ph- Viber 09794415451

ဘဝ ဆိုတာအိမ်မက်ရှည်တခုသာ ဖြစ်၍အိမ်မက်ကာလမှာ အရာအားလုံးဟာ စစ်မှန်တယ်ထင်နေရမယ်အမြင်လွဲမှား အမှားများစွာသည်အရာတွေကတော့သင်အိ...
13/01/2024

ဘဝ ဆိုတာ
အိမ်မက်ရှည်တခုသာ ဖြစ်၍

အိမ်မက်ကာလမှာ
အရာအားလုံးဟာ စစ်မှန်တယ်ထင်နေရမယ်

အမြင်လွဲမှား အမှားများစွာ
သည်အရာတွေကတော့
သင်အိပ်မက်က နိုးထချိန်ကြမှသာ မြင်သိနိုင်မှာပါ

* လီယိုတော်စတွိုင်း

Photo /Crd

မိုးအောက်မြေကမ္ဘာများသတ္တဝါ ဘေးဘယာဝေးကွာ လိုရာဆန္ဒပြည့်ဝကြပါစေ                           M - Z
11/01/2024

မိုးအောက်မြေကမ္ဘာ
များသတ္တဝါ ဘေးဘယာဝေးကွာ
လိုရာဆန္ဒပြည့်ဝကြပါစေ

M - Z

11/01/2024
သင်္ခါရလောကအချိန်ကာလ၏ သမိုင်းအကျဥ်း(  1890 ) ဝန်ကျင်ကာလ*ပြည်မြို့Photo / crd
08/01/2024

သင်္ခါရလောက
အချိန်ကာလ၏ သမိုင်းအကျဥ်း
( 1890 ) ဝန်ကျင်ကာလ
*ပြည်မြို့

Photo / crd

ကြွယ်ဝချမ်းသာစေခြင်း၏လှို့ဝှက်သော ညွှန်ပြချက်ဥစ္စာဓနတောင်တန်းဒေသ* ဂြိုလ်ခုံများထူးခြားမြင့်မောက်အင်အားကောင်းနေခြင်း
07/01/2024

ကြွယ်ဝချမ်းသာစေခြင်း၏
လှို့ဝှက်သော ညွှန်ပြချက်
ဥစ္စာဓနတောင်တန်းဒေသ
* ဂြိုလ်ခုံများ
ထူးခြားမြင့်မောက်အင်အားကောင်းနေခြင်း

ငါတို့ ဆိုသည် မှာအခြားမဟုပ်သန်းခေါင်မှာနေရောင်အလင်း မီးအိမ်ကိုပြပွဲဆရာကိုင်ထားစဥ်ဝင်လိုက် ထွက်လိုက် လှုပ်ရှားနေသော မှော်...
06/01/2024

ငါတို့ ဆိုသည် မှာ
အခြားမဟုပ်

သန်းခေါင်မှာ
နေရောင်အလင်း မီးအိမ်ကို
ပြပွဲဆရာကိုင်ထားစဥ်
ဝင်လိုက် ထွက်လိုက် လှုပ်ရှားနေသော
မှော်အရုပ်ကလေးတွေသာ

နေ့ နဲ့ ည
ကျားကွက်ခံ တလွှား
တွယ်ရာမဲ့ အရုပ်ကလေးတွေကို
သူက ကစား

ပြီးတော့

တရုပ်ပြီး တရုပ်
သေတ္တာထဲ ပြန်ထည့်ကာသိမ်းသွား

( Omer Khayyam )
11 ရာစု
ကဗျာဆရာ နက္ခတ္တပညာရှင်

ဒေဝတာ နတ်များဟေတုဘာဝ အတိတ်ကံကောင်းခြင်းများ၏အစဥ်သဖြင့်စောင့်လျောက်ကူညီခြင်း ရရှိနေသူ*အာယုလေခအသက်လမ်းဘဝလမ်းမLine of lifeထ...
06/01/2024

ဒေဝတာ နတ်များ
ဟေတုဘာဝ အတိတ်ကံကောင်းခြင်းများ၏
အစဥ်သဖြင့်စောင့်လျောက်ကူညီခြင်း ရရှိနေသူ

*
အာယုလေခ
အသက်လမ်း
ဘဝလမ်းမ
Line of life

ထိုသော
( ပုံအညွှန်းပြလမ်း )သို့
အသက်လမ်း
Line of life
ဟု များစွာသောလက္ခဏာဆိုင်ရာကျမ်းများတွင်ရေးသားဖေါ်ပြကြည်သည် ဖြစ်၍
ထိုလမ်းသည် လက္ခဏာရှင်၏ ကျမ္မာရေးဆိုင်ရာ အချက်အလက်များနှင့်
အသက်ရှည်သန်းမှု့ဘဝ၏ကာလအပိုင်းအခြားသို့
ဖေါ်ပြနေသော လမ်းဟု သိသူများပါ၏

ထိုဖေါ်ပြချက်များ သည်မှန်ပါ၏
သိုသော်
အသက်လမ်းမ သည်
ထိုထက်ပိုသော လက္ခဏာရှင်၏
ငွေကျေးဥစ္စာဓန ပိုင်ဆိုင်မှု့များနှင့်
အရာရာသောဘဝဆိုင်ရာဖြစ်စဥ်များ သို့လည်းအင်အားကြီးမားစွာ အကျိုးသက်ရောက်စေပါမည်

*
သည်တွေးကြည့်ပါက
အသက်ရှိလျှင်
ကိုယ်ကာ ဟူသော ခန္ဓာရှိနေပါမည်
ကိုယ်ကာယ ရုပ်ခန္ဓာရှိလာလျှင်
ဘဝ ( ဘာဝ ) ဟူသော အရာအားလုံး၏ ဖြစ်ခြင်းသဘောရှိလာပါမည်
ထိုသော ဘဝတခုရှိလာလျှင်

အသက် ခန္ဓာ ဘဝ၏
ရှင်သန်တည်မြဲရေး လိုအပ်ချက်များဖြစ်သော
စား / ဝတ် / နေရေ
စီးပွားရေးငွေကျေး ဥစ္စာဓန
အလုပ် အိမ်ထောင်ရေး မိသားစု
စသည်များနှင့်အတူ
ဘဝဖြစ်စဥ်များ၏ အရွေ့အပြောင်းများ ဝေး သောအရပ်များ
ပြည်ပခရီးများ
ဆင်းရဲချမ်းသာကံပါရမီများ
စသော အရာအားလုံးတို့သည်
ဘဝ၏ အကြောင်းအရာများသာဖြစ်နေမည်ဖြစ်၍

ထိုသော
အသက်လမ်း/ဘဝလမ်းမ
သည်
လက္ခဏာရှင်လူသား၏
ရှင်သန်မှု့အသက်ဓါတ် ကိုယ်ကာယအင်အားစုများ
ကျမ္မာရေးဆိုင်ရာအချက်အလက်များ နှင့်
သူ၏ ဘိုးဘွားမိဘဆိုင်ရာ
ရုပ်ပိုင်း စိတ်ပိုင်း ကံအမွေဆက်ခံခြင်းများနှင့်
လက္ခဏာရှင်လူသား၏
ရုပ်ပိုင်း စိတ်ပိုင်း ကံပိုင်း ဘဝ၏အလုံးစုံသော
* ဇာတိပါတိမ်းညွတ်ချက်များ
( Innate Tendency )
ဖြစ်တည်မှု့ဘဝ နှင့်သက်ဆိုင်သော
ရှင်သန်မှု့အသက်ဓါတ် ကိုယ်ကာယအင်အားစုများ
ကျမ္မာရေးဆိုင်ရာအချက်အလက်များ
ငွေကျေးဥစ္စာဆင်းရဲချမ်းသာကံပါရမီများ
နေရပ်ဒေသ အပြောင်းအလဲများ
ဝေး သောအရပ်နှင့် ( ပြည်ပခရီး )အကျိုးပေးကံများ
ဘဝ၏ အောင်မြင်ကံကောင်းခြင်းနှင့် ကံကြမ္မာနိမ့်ကျခြင်းများ
စသော
ဖြစ်တည်မှု့ဘဝတခုလုံးနှင့် သက်ဆိုင်သော အလုံးစုံသော အရာများသို့
အကောင်းအဆိုး အပြောင်းအလဲအင်အားကြီးမားစွာ လွမ်းမိုးသက်ရောက်နေသော
လက္ခဏာလမ်း များ အားလုံး၏
ဦးဆောင် မိခင်လမ်းမ
* အာယုလေခ
အသက်/ဘဝလမ်းမ
Line of life
ပင်ဖြစ်နေပါမည်

*
တိုပြတ် ပါးလျှ မှေးမှိန် ကျဥ်းမြောင်းနေသော
ကျွန်းအစက်များ မှဲ့များ အဖျက်မျဥ်းများဖြတ်သန်းနေသော
ပုံသဏ္ဍာန်အားနည်းနေသော
အသက်/ဘဝလမ်း တည်ရှိနေသူ၏ ဘဝကာလသည်
ကျမ္မာရေး လူမှု့ရေး စီးပွားရေး
အိမ်ထောင်ရေး ဘဝအရေး
အဆင်မပြေခက်ခဲ ပင်ပန်းနေမည်သာ ဖြစ်၍

ထင်ရှား ပြတ်သား ရှည်လျှား ကျယ်ဝန်းသော
အသက်/ဘဝလမ်း
အင်အားပြည့်ဝနေသူ၏ တသက်တာဘဝခရီးလမ်းသည်
ငွေကျေးဥစ္စာဖွေရှာရလွယ်ကူစေမည် ပိုင်ဆိုင်စေမည်
ကြွယ်ဝချမ်းသာစေတတ်သည်ဖြစ်၍
တသက်တာရေရှည်ဘဝကာလအတွက်
ကျမ္မာအသက်ရှည်ဆင်းရဲကင်းသောကောင်းသော ဘဝတခုရရှိလာစေမည်သာဖြစ်ပါ၏

( အညွှန်းပြ ပုံ )
*မူလမိခင်
အသက်/ဘဝလမ်းမ သို့
ကာကွယ်ကူညီ စောင့်လျောက်နေသော
*ဒုတိယ အရံအကူအပို
အသက်/ဘဝလမ်း တကြောင်းအပိုပါရှိနေသူသည်

ရှင်သန်မှု့အသက်ဓါတ်
( အထူး ) ခိုင်မာစေမည်
ဘေးဥပါတ်အန္တရာယ်များ
ရန်များအပေါင်း မှ လွတ်မြောက်ကင်းဝေးစေမည်
အနာရောဂါဝေဒနာများလျှင်မြန်လွယ်ကူစွာပပျောက်စေမည်
ငွေကျေးဥစ္စာဖွေရှာရလွယ်ကူစေမည် ပိုင်ဆိုင်စေမည်
တသက်တာဘဝ ကျမ္မာအသက်ရှည်ဆင်းရဲကင်းစေပါမည်

ထိုသောလက္ခဏာရှင်များသည်
ဒေဝတာ နတ်များ စသော
အတိတ်ကံပါရမီကောင်းများ၏
စောင့်လျောက်ကူညီနေသော
ကောင်းကံထူးသူများသာဖြစ်၍
လည်ကောင်းသည်
အတိတ်ကံ
သာဘာဝ အန္တလောကကြီး၏
ကံကောင်းခြင်းလက်ဆောင်ဆုကျေးဇူးများ ရရှိနေသူများသာဖြစ်နေကြပါမည်

-

မိုးအောက်မြေကမ္ဘာ များသတ္တဝါ
ဘေးဘယာ ဝေး ကွာ
လိုရာဆန္ဒပြည့်ဝကြပါစေ

-

ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

အသွင်သဏ္ဍာန်သေးငယ်သော်လည်းကောင်းကျိုးပေးကံစွမ်းအားကြီးမားသောလက္ခဏာလမ်း ကလေးများ
04/01/2024

အသွင်သဏ္ဍာန်သေးငယ်သော်လည်း
ကောင်းကျိုးပေးကံစွမ်းအားကြီးမားသော
လက္ခဏာလမ်း ကလေးများ

လက်ဝါးပြင်မှလက္ခဏာလမ်းများသည်ထိုလူသား၏အရာရာသော ကံကြမ္မာအနိမ့် အမြင့် အတက် အကျများ သို့အရေးပါ လွမ်းမိုးနေသည်ဖြစ်၍ထို့အတူပ...
04/01/2024

လက်ဝါးပြင်မှ
လက္ခဏာလမ်းများသည်
ထိုလူသား၏
အရာရာသော ကံကြမ္မာအနိမ့် အမြင့် အတက် အကျများ သို့
အရေးပါ လွမ်းမိုးနေသည်ဖြစ်၍

ထို့အတူပင်
လက်ဝါးပြင်အသားအောက်ခံ
ဂြိုလ်ခုံများသည်လည်း
လက္ခဏာရှင်၏
ဆင်းရဲချမ်းသာ ကံပါရမီများနှင်
ဘဝအောင်မြင်ရေးအတွက်အထူးအရေးပါသော
* လူတို့၏ စွမ်းရည်များ
( ability )
နှင့်
*ပုဂ္ဂိုလ်လိုက်ခြားနားမှု့
( Individual Differences )
များ
ကံကြမ္မာဆိုင်ရာ အကောင်းအဆိုးစွမ်းအားများသို့ လွမ်းမိုးသက်ရောက်စေပါမည်

( အညွှန်းပြ ပုံ )
တနင်္လာဂြိုလ်ခုံ
ငွေလဝန်းဒေသ
Moon
သည်

ချစ်မေတ္တာ ငြိမ်းအေးသာယာခြင်း ပျော်ရွှင်ကံကောင်းစေခြင်း
ငွေကျေးဥစ္စာဓန အောင်မြင်ခြင်းနှင့်
မိခင်စောင့်လျောက်ကူညီတတ်ခြင်း
မယ်တော်မာရိယာ၏ နယ်မြေ
တနင်္လာဂြိုလ်ခုံ
* ငွေလဝန်းဒေသ
Moon
ပင်ဖြစ်နေပါမည်

ထိုဒေသ
ကျယ်ဝန်းမြင့်မောက်နေခြင်း
သန့်ရှင်းအင်အားပြည့်ဝနေခြင်းနှင့်
ဒေါင်လိုက်မျဥ်းကလေးများပါရှိနေခြင်းသည်

လက္ခဏာရှင်၏ တသက်တာဘဝအတွက်
ချစ်သူခင်သူပေါများ လူသိများစေမည်
ဝေး သောအရပ်များ နှင့်
( ပြည်ပ ) ခရီးများ ဆက်သွယ်ခြင်း သွားလာခြင်း နေထိုင်ခြင်းများ ဘဝထူးခြားတိုးတက်ကံကောင်းလာစေမည်
ငွေကျေးဥစ္စာဓနဖွေရှာရလွယ်ကူစေမည် ပိုင်ဆိုင်စေမည်
ထီပေါက်သလို အမွေရသလို
ငွေကျေးဓနဥစ္စာအစုလိုက်ရရှိတတ်သည်
တသက်တာဘဝ ကျမ္မာအသက်ရှည်ဆင်းရဲကင်းသော ကောင်းသော ဘဝတခု ရရှိလာစေပါမည်

-

မိုးအောက်မြေကမ္ဘာများ သတ္တဝါ
ဘေးဘယာ ဝေး ကွာ လိုရာဆန္ဒပြည့်ဝကြပါစေ

-

ဆရာမိုးဇော်
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

နေ့ အလင်းရောင်နှင့် ည အမှောင်က အားပြိုင်နေတယ်သည်ကမ္ဘာ​ကြီးက အချိန်စက်ဝန်းထဲမှာ ခြာခြာလည်နေတယ်သည်ကမ္ဘာလောကကြီးထဲမှာ အလင်း...
03/01/2024

နေ့ အလင်းရောင်
နှင့်
ည အမှောင်က အားပြိုင်နေတယ်

သည်ကမ္ဘာ​ကြီးက
အချိန်စက်ဝန်းထဲမှာ ခြာခြာလည်နေတယ်

သည်ကမ္ဘာလောကကြီးထဲမှာ
အလင်း နှင့် အမှောင်
အကောင်း နှင့် အဆိုး
အနိမ့် အမြင့် အနီး အဝေး
ဆင်းရဲခြင်း ချမ်းသာခြင်း
မွေးဖွားခြင်း သေဆုံးခြင်း
အချစ် နှင့် အမုန်း
အရာအားလုံးဟာ အစဥ်သဖြင့်အားပြိုင်လျှက်ရှိနေပါမည်

-
ထိုသော ကံကြမ္မာ အကောင်းအဆိုး အနိမ့်အမြင့် များ၏ အားပြိုင်ခြင်းသဘောသည်
လူသားများ၏ လက်ဝါးပြင်
လက္ခဏာလမ်းများ ပေါ်တွင်လည်း အစဥ်သဖြင့် မြင်တွေ့နေရတတ်ပါ၏

-

တယောက်သောသူ၏
လက်ဝါးပြင်၌ မိခင်လမ်းမ များနှင့်အတူ
ကံအကူလမ်းကလေးများသည်
များစွာတည်ရှိနေတတ်သည်ဖြစ်၍

အကြမ်းသဘော မှတ်သားရန်မှာ
လက်ဝါးပြင်၌
အသက်/ဘဝလမ်း
ဦးနောက်/ဥာဏ်လမ်း
နှလုံးသား/ချစ်မေတ္တာလမ်း
စသော မိခင်လမ်းမကြီးများမှ လွဲ

လက်ဝါးပြင်၌
ဒေါင်လိုက်သဘောတည်နေသော လက္ခဏာလမ်းများ အများစု သည်
အလင်း သဘောဆောင်သော
ကံကောင်းခြင်းများဆောင်ယူလာတတ်သည်ဖြစ်၍

အလျှားလိုက်ကန့်လန့်ဖြတ်သန်းနေသော လမ်းများ အများစုသည်
အမှောင်သဘောဆောင်နေသော
ဥပါတ်အဖျက်အတားများ
ကံကြမ္မာနိမ့်ပါးခြင်းများ သို့
သယ်ဆောင်လာမည်သာဖြစ်ပါ၏

ကြိမ်ဖန်များစွာပင်
ဤသို့မေးတတ်ကြပါ၏
* အောင်မြင်ရေးလမ်း
အကြောင်းရေးထားတာ ဖတ်ရတယ်
ကျွန်တော်/ကျွန်မ မှာလဲ
ထင်းနေတာပဲ အောင်မြင်ရေးလမ်းပါနေတာ
ဒါပေမယ့် ခုထိအဆင်မပြေပါဘူး ဘဝကခက်ခဲနေတယ်
စသဖြင့် မေးသူများပါ၏

ကျောက်ကောင်းတပွင့်မှာ အနာပါနေရင် ကျောက်တန်ဘိုး ရော့ကျသွားတတ်သလို

အလွန်ကောင်းသော အဝတ်အထည်တခုမှာ
အပေါက် အပြဲ အနာတခုပါရှိနေပါက တန်ဘို့လျော့နည်းနေပါမည်

ထို့အတူပင်
ထင်ရှားအားကောင်းနေသော
အောင်မြင်ရေးလမ်း သည်
အောင်မြင်ကံကောင်းစေသောအကြောင်းတရားများ ဆောင်ယူလာမည်မှာ မှန်သော်လည်း

အလင်းသဘောကံကောင်းစေသော လမ်းတခုပေါ်တွင်
အမှောင်သဘောဆောင်သော
မှဲ့အစက်များ ကျွန်းသဏ္ဍာန်များ
ထိခတ်တည်ရှိနေခြင်း
ကန့်လန််ဖြတ်အဖျက်မျဥ်းများ
ဖြတ်သန်းနေခြင်းများ ပါရှိနေပါလျှင်
ကောင်းကံများ၏
ကောင်းကျိုးသက်ရောက်မှု့များ
ဖျက်စီးခံရသည့်သဘောရှိနေသည်ဖြစ်၍
ကံကောင်းခြင်းစွမ်းအားများပျက်ယွင်းစေတတ်သည် သဘောရှိနေပါ၏

လူများစွာ၏ လက်ဝါးပြင်များစွာ၌
ကံကောင်းစေသော လမ်းများ
အမှတ်အသားများနှင့်
အညံ့သဘောဆောင်သော လမ်းများ အမှတ်အသားများသည် အခါများစွာရောထွေးအားပြိုင်လျှက်ရှိနေမည်ဖြစ်၍
သာရာအင်အားက သူ၏ဘဝသို့
လွှမ်းမိုး အကျိုးသက်ရောက်စေပါမည်

ထိုအရာသည် ပင်
လူ့ဘဝများစွာ အတွက်
အနတ္တမူလေ သဘောဆောင်နေသော
ဖြစ်စ -ဖြစ်လည် -ဖြစ်ဆုံးး
မတည်ပြောင်းလဲ နေတတ်သော
ကံဟောင်း နှင့် ကံအသစ် ကြိုးလွန်းကျစ်သို့ ထွေးရောရှက်တင် ခရီးနှင်နေရသော
ဘဝ၏ သံသရာခရီးစဥ်တခုဖြစ်နေပါမည်

-

မိုးအောက်မြေကမ္ဘာ များသတ္တဝါ
ဘေးဘယာ ဝေး ကွာ
လိုရာဆန္ဒ ပြည့်ဝကြပါစေ

-

ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

02/01/2024
ရာသီဥတု၏ လက္ခဏာမိုးတောင်က ညှိုလာလျှင်မိုရွှာမည်ဟု သိနိုင်ပါ၏ပင်လယ်ပြင်ဝါရင့် လုပ်သားများသည်ရုတ်တရက်လေငြိမ်ကျသွားလျင်ဖြစ်...
02/01/2024

ရာသီဥတု၏ လက္ခဏာ
မိုးတောင်က ညှိုလာလျှင်
မိုရွှာမည်ဟု သိနိုင်ပါ၏

ပင်လယ်ပြင်ဝါရင့် လုပ်သားများသည်
ရုတ်တရက်လေငြိမ်ကျသွားလျင်ဖြစ်စေ
အပူချိန်မြင့်မားလာသည်ဖြစ်စေ
မကြာမှီ လေပြင်းမှုန်တိုင်းကျရောက်တော့မည် ဟုသိကြပါ၏

အရာရာသောဖြစ်စဥ်များသည်
ထိုဖြစ်စဥ်မစတင်မှီကာလ တခု၌
ထိုအရာသည် စတင်ဖြစ်ပေါ်လာတော့မည်ဟု အချက်ပြသတိပေးခြင်းများရရှိနေတတ်ကြပါ၏

ထိုသော သဘာဝတရားကြီး၏
အချက်ပြသတိပေးနေခြင်းများသည်
သိနားလည်ရန် ခက်သောအရာများဖြစ်နေကြပါမည်
ထိုအရာများကို ရှေ့ကာလလူကြီးသူမ များက
နမိတ်ပြသည် ဟု ဆိုခဲ့ကြပါ၏

လူသားကံကြမ္မာလက္ခဏာဖတ်ကြားခြင်း အနာဂတ္တိပညာရပ်သည်
လက္ခဏာရှင်၏ရှေ့ကာလ
ဘဝဆိုင်ရာဖြစ်စဥ်များအတွက်
လက်ဝါးပြင်မှ နမိတ်ပြ အချက်အလက်များ ကိုဖတ်ကြားခြင်းပင် ဖြစ်ပါမည်

- - -

လွန်ခဲသော နှစ်ကာလတခုကဖြစ်ပါ၏
ကာလရှည်ကြာမတွေ့ဖြစ်သော
မိတ်ဆွေတယောက်ကို အမှတ်မထင်ပြန်ဆုံတွေ့ရ၍
သူသည် ယခုကာလ ငွေကျေးဥစ္စာများစွာပိုင်ဆိုင်နေသူတယောက်ဖြစ်နေသည့်အကြောင်း
သူ့လုပ်ငန်းများ အဆင်ပြေကြောင်းကြားရ၍ ဝမ်းသာကြည်နူးမိရပါသည်

အမှတ်မထင် သူ့လက်ဝါးပြင်ကို
ခဏကြည်မိလိုက်ရာတွင်
( အညွန်းပြ ပုံ ) သို့
အသက်/ဘဝလမ်း
တွင်ထင်ရှားသောဥပါတ်မျဥ်းတကြောင်းကန့်လန့်ဖြတ်သန်းနေသည်ကို မြင်လိုက်ရ၍

ကျမ္မာရေးဂရုစိုက်ပါ တခုခုပြနေတယ်ဟု ပြောမိရာမှ

သူသည် ကျမ်းမာရေး အတွက်
အမြဲဆေးစစ်ကြောင်း
ပြည်ပရောက်သူ့သားသမီးများပေးပို့သော ဆေးများအမြဲသောက်နေကြောင်း ပြောဆိုနေပါ၏

ထိုသို့နှင့် တလခန့်အကြာမှာ
သူနှင့်စကားပြောနေစဥ်က
အနားမှာအတူရှိနေသော သူငယ်ငယ်ချင်က Ph ဆက်လာပါ၏
သတင်းကြားပြီးပြီးလား
ကို . . . မနေ့ကလေဖြတ်လို့
ဆေးရုံတင်လိုက်ရတယ်

အမှတ်မထင်သော ထိုစကားကြောင့် မှင်သက်အံ့သြသွားရာမှ
ထိုစဥ်က သူ့လက်ဝါးပြင်မှ
မြင်ခဲ့ရသော
အသက်/ဘဝလမ်း သို့
ဥပါတ်မျဥ်းတကြောင်းဖြတ်သန်းနေခြင်း ပြန်လည်သတိရလာမိပါသည်
ထိုသော အမှတ်အသားသည်
လက်သခင်အတွက်
ကိုယ်ကာယပိုင်းဝေဒနာစု အစုံတရာကျရောက်လာတော့မည်
အစုပြုဦးတည်လာနေပြီဟု
လက္ခဏာ သာဘာစကားဖြင့်
နမိတ်ပြအချက်ပေးနေခြင်းပင်ဖြစ်နေပါမည်

-

ကမ္မံသတ္တေဝိဘဇ္ဇတိ
ကံနှင့်တူသော
အင်အားကြီးမားခြင်းသည်မရှိ
( မြတ်ဗုဒ္ဓ )

-

ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

-

ညီပုလေးလက်သန်း အောက်ခြေဗုဒ္ဓဟူးဂြိုလ်ခုံMercuryမှ အလျှားလိုက်တည်နေသောလမ်းငယ်ကလေးများသည်လက္ခဏာရှင်၏ အိမ်ထောင်ရေးဘဝဖြစ်မျာ...
02/01/2024

ညီပုလေး
လက်သန်း အောက်ခြေ
ဗုဒ္ဓဟူးဂြိုလ်ခုံ
Mercury
မှ အလျှားလိုက်တည်နေသောလမ်းငယ်ကလေးများသည်
လက္ခဏာရှင်၏ အိမ်ထောင်ရေး
ဘဝဖြစ်များ သို့ ဖေါ်ပြနေသည်ဖြစ်၍

( အညွှန်း ပြပုံ )
အိမ်ထောင်ရေး လမ်းကလေးမှ
အထက်သို့ ဦးတည်နေသော
ဒေါင်လိုက်သဏ္ဍာန်
မတ်တတ်မျဥ်းကလေးများ၏
ပုံဆောင်မှု့များသည်

လက္ခဏာရှင်သည်
အိမ်ထောင်ကျကံကောင်းစေမည်ဖြစ်၍
အိမ်ထောင်ကျပြီးမှ
ငွေအလုပ်ဘဝ အရာရာထူးခြားတိုးတက်အောင်မြင်ကံကောင်းလာပါမည်ဟု
လက္ခဏာဘာသာစကားဖြင့်
ဖေါ်ပြနေခြင်းသာ ဖြစ်ပါမည်

M - Z

အောင်မြင်ရေးလမ်းApollo*စိတ်နှလုံးကောင်းတည်ဥာဏ်ပညာ မြင့်မားဘဝအောင်မြင်ရေးဖန်တည်းမှု့စွမ်းရည်ထူးခြား ထက်မြက်သူဖြစ်စေမည်**အ...
01/01/2024

အောင်မြင်ရေးလမ်း
Apollo

*
စိတ်နှလုံးကောင်းတည်
ဥာဏ်ပညာ မြင့်မား
ဘဝအောင်မြင်ရေးဖန်တည်းမှု့စွမ်းရည်ထူးခြား ထက်မြက်သူဖြစ်စေမည်

**
အနာဂတ်ကာလ ဘဝရည်မှန်းချက်များ တဖြေးဖြေးတိုးတက်အောင်မြင်လာစေမည်
ငွေကျေးဥစ္စာဓ ကံကောင်းလာစေမည်

***
သက်ကြီးပိုင်းကာလ ဘဝ
အရာရာပို၍ ကံဇာတာမြင့်မားကံကောင်းလာစေမည်
အိမ်ထောင်ဘက် မိသားစု သားသမီး ကောင်းကျိုးများခံစားရရှိလာစေမည်
သက်ကြီးပိုင်း ဘဝကာလ
ကျမ္မာအသက်ရှည်ဆင်းရဲကင်းသော
ကောင်းသောဘဝတခု ရရှိလာစေမည်

M - Z

မှန်သည် ဟု ဆိုသောအယူများကိုမှန်သည်ဟု ဆိုသူများနှင့် အတူ ထားခဲ့ပါမှားသည်ဟု ဆိုသော အယူများကိုမှားသည်ဟု ဆိုသော သူများနှင့်အ...
31/12/2023

မှန်သည် ဟု
ဆိုသောအယူများကို
မှန်သည်ဟု ဆိုသူများနှင့် အတူ ထားခဲ့ပါ

မှားသည်ဟု
ဆိုသော အယူများကို
မှားသည်ဟု ဆိုသော သူများနှင့်အတူထားခဲ့ပါ

သင်ကတော့
သစ္စာတရားကို
မိမိကိုယ်ခန္ဓာ မိမိဘဝအတွင်းမှာသာ ရှာမှီးပါ

-

* 31 - 12 - 2023

အသက်/ဘဝလမ်းနှင့်ဦးနှောက်/ဥာဏ်လမ်းပေါင်းဆုံရညမှ စတင်ထွက်ပေါ်လာနေသော* ဒေါင်လိုက်လမ်းကလေးသည်စေရာသခင် လက်ညှိုးအောင်မြင်ခြင်...
31/12/2023

အသက်/ဘဝလမ်း
နှင့်
ဦးနှောက်/ဥာဏ်လမ်း
ပေါင်းဆုံရညမှ စတင်ထွက်ပေါ်လာနေသော
* ဒေါင်လိုက်လမ်းကလေးသည်
စေရာသခင် လက်ညှိုး
အောင်မြင်ခြင်းဒေသ
ကြာသာအတေးနယ်မြေ
Jupiter
သို့ ဦးတည်၍ စတင်ထွက်ပေါ်လာနေခြင်းသည်

လက္ခဏာရှင်၏
အနာဂတ်ကာလဘဝ
မိမိယုံကြည်ကျိုးစားရာဘဝရည်မှန်းချက်များ တိုးတက်အောင်မြင်လာပါမည်ဟု
လက္ခဏာဘာသာစကားဖြင့်
ဖေါ်ပြနေခြင်းဖြစ်၍

ထိုသော
ရည်မှန်းချက်အောင်မြင်ရေးလမ်းကလေးသည်
အမြင် အသွင်သဏ္ဍာန်သေးငယ်သည်ဖြစ်သော်လည်း
ငွေကျေး ဓနဥစ္စာနှင့် ဘဝ
အောင်မြင်ကံကောင်းစေခြင်း
ကောင်းဂုဏ်ဆောင်စွမ်းအား အထူးကြီးမားတတ်ပါ၏

ထိုသောရည်မှန်းချက်အောင်မြင်ရေးလမ်းကလေးများနှင့်
လက်ဝါးပြင်မှ ကံအကူလမ်းကလေးများ သည်
ဟေတုဘာဝ အတိတ်ကံများကြောင့်ဖြစ်စေ
ယခုလက်ရှိဘဝကာလ မိမိပြုလုပ်သော ကံအသစ်များ၏
အကောင်းအဆိုးတန်ပြန်သက်ရောက်မှု့များအရဖြစ်စေ
မရှိရာ မှ ရှိရာ သို့ အသစ်ပေါ်ပေါက်လာတတ်သည်လည်းရှိ၍
တဖန်ပြန်လည်ကွယ်ပျောက်သွားတတ်သည်လည်းရှိပါ၏

-

မိုးအောက်မြေကမ္ဘာ များသတ္တဝါ
ဘေးဘယာ ဝေး ကွာလိုရာဆန္ဒပြည့်ဝကြပါစေ

-

ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

-

အိမ်ထောင်ရေး သီးသန့်အိမ်ထောင်ရေးလမ်းကလေးများ၏ ဖေါ်ပြချက်အိမ်ထောင်ရေးကံကြမ္မာ တိကျသေခြာရန်မှာလက်ဝါးပြင်မှ နှလုံးသား/ချစ်မ...
29/12/2023

အိမ်ထောင်ရေး သီးသန့်
အိမ်ထောင်ရေးလမ်းကလေးများ၏ ဖေါ်ပြချက်

အိမ်ထောင်ရေးကံကြမ္မာ တိကျသေခြာရန်မှာ

လက်ဝါးပြင်မှ
နှလုံးသား/ချစ်မေတ္တာလမ်း
ဦးနှောက်/ဥာဏ်လမ်း
ကံလမ်းငွေဓနလမ်း
အသက်/ဘဝလမ်း
စသော လက်ဝါးပြင်ကံမိသားစုဆိုင်ရာ
လက္ခဏာလမ်းများအားလုံးကို တိုက်ဆိုင်စစ်ရေးရပါမည်

-

အသက်/ဘဝလမ်းLine of lifeသည်လက္ခဏာရှင်၏ရှင်သန်မှု့အသက်ဓါတ် ကိုယ်ကာယ အင်အားစုများကျမ္မာရေးဆိုင်ရာ အချက်အလက်များနေရပ်ဒေသ အပြ...
28/12/2023

အသက်/ဘဝလမ်း
Line of life
သည်

လက္ခဏာရှင်၏
ရှင်သန်မှု့အသက်ဓါတ် ကိုယ်ကာယ အင်အားစုများ
ကျမ္မာရေးဆိုင်ရာ အချက်အလက်များ

နေရပ်ဒေသ အပြောင်းအလဲများ
( ပြည်ပခရီး ) များ
ငွေကျေးဥစ္စာပိုင်ဆိုင်မှု့များ
ဆင်းရဲချမ်းသာကံပါရမီများ
ဘဝလမ်းခရီး၏
အရာရာသော ကံကြမ္မာအနိမ့်အမြင့်အတက်အကျများ
အပြောင်းအလဲ ဖြစ်စဥ်များ
စသော လက္ခဏာရှင်၏
ဖြစ်တည်မှု့ဘဝဆိုင်ရာ အလုံးစုံသော အကြောင်းအရာများ သို့
ကိုယ်စားပြုဖေါ်ပြနေသော
လက္ခဏာလမ်းများ အားလုံးထက်သာလွန်အရေးကြီးသော
လက္ခဏာလမ်းများအားလုံး၏
မိခင်လမ်းမ
အသက်လမ်းမ
ဘဝလမ်းမ ပင်ဖြစ်နေပါမည်

ထူးခြားအင်အားပြည့်ဝ
အားသာနေသော အသက်/ဘဝလမ်းမ တည်ရှိသူ၏ တသက်တာဘဝသည်
ကျမ္မာခြင်း အသက်ရှည်ခြင်းနှင့်
ငွေကျေးဥစ္စာဓန ပိုင်ဆိုင်ကြွယ်ဝစေခြင်း စသော
ဘဝဆိုင်ရာ ကံကောင်းခြင်းများနှင့် ပြည့်စုံစေပါမည်

-

#ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ ဗေဒ ပညာရှင်
Ph-Viber 09794415451

အာယုလေခအသက်လမ်းဘဝလမ်းမLine oflifeလည်ကောင်းသည်လက္ခဏာရှင်၏ရှင်သန်မှု့အသက်ဓါတ်ကိုယ်ကာယအင်အားစုများကျမ္မာရေးဆိုင်ရာအချက်အလက်...
03/12/2023

အာယုလေခ
အသက်လမ်း
ဘဝလမ်းမ
Line oflife
လည်ကောင်းသည်
လက္ခဏာရှင်၏ရှင်သန်မှု့အသက်ဓါတ်ကိုယ်ကာယအင်အားစုများ
ကျမ္မာရေးဆိုင်ရာအချက်အလက်များ

ဘိုးဘွားမိဘဆိုင်ရာမျိုးနွယ်စု၏ ကံအမွေဆက်ခံချင်းများ
* လူတို့၏ကြီးထွားဖွံ့ဖြိုးခြင်း
* ( Human Developement )
နှင့်
*ဇာတိပါတိမ်းညွှတ်ချက်များ
*( Inntae Tendeney )

လက္ခဏာရှင်၏တသက်တာဘဝ
နေရပ်ဒေသအပြောင်းအလဲများ
ဝေးသောအရပ်နှင့် ပြည်ပခရီးအကျိုးပေးကံများ
ငွေကျေးဥစ္စာဓနပိုင်ဆိုင်မှု့များ
ဆင်းရဲချမ်းသာကံပါရမီများ
စသော
လက္ခဏာရှင်၏ တသက်တာ
ဘဝဖြစ်တည်မှု့တခုလုံးနှင့်သက်ဆိုင်သော အလုံးစုံသောအရာများကို ကိုယ်စားပြုဖေါ်ပြနေသော
လက္ခဏာလမ်းများအားလုံးထက်သာလွန်အရေးကြီးသော
လက္ခဏာလမ်းများအားလုံး၏
ဦးဆောင်မိခင်လမ်းမ
အာယုလေခ
အသက်/ဘဝလမ်းမ
Line of life
ပင်ဖြစ်နေပါမည်

မထင်ရှားမှုံဝါးပါးလျှနေသော
တိုးတောင်းကျဥ်းမြောင်းနေသော
ပုံသဏ္ဍာန်အားနည်းပျက်ယွင်းနေသော
အသက်/ဘဝလမ်းမ
တည်ရှိနေသော လက္ခဏာရှင်၏
တသက်တာဘဝသည်
ကျမ္မာရေး လူမှု့ရေး စီးပွားရေး
အိမ်ထောင်ရေး အရာရာအဆင်မပြေခက်ခဲနေတတ်သသည်ဖြစ်၍

ထင်ရှားပြတ်သားရှည်လျား
ကျယ်ဝန်းအင်အားပြည့်ဝနေသော
အသက်/ဘဝလမ်းမ
တည်ရှိနေသူ၏ တသက်တာဘဝသည်
ကိုယ်ကာယ ကျမ္မာသန်းစွမ်းစေမည်
အနာရောဂါဝေဒနာများလျင်မြန်စွာပပျောက်စေမည်
ဘဝအခက်အခဲများအောင်မြင်ကျော်ဖြတ်နိုင်စွမ်းရှိသူ ဖြစ်စေမည်
ငွေကျေးဥစ္စာဖွေရာရလွယ်ကူစေမည်ပိုင်ဆိုင်စေမည်
တသက်တာရေရှည်ဘဝကာလအတွက်
ကျမ္မာအသက်ရှည်ဆင်းရဲကင်းသော
ကောင်းသောဘဝတခု ရရှိနေမည်သာဖြစ်ပါ၏

( အညွှန်းပြ ပုံ )
တနင်္လာဂြိုလ်ခုံ
ငွေလဝန်းဒေသ
Moon
သို့ ထူးခြားနယ်လွန်ကျယ်ဝန်း
နေသော
အသက်/ဘဝလမ်းမ
တည်ရှိနေသူသည် ချစ်သူခင်သူပေါများလူသိများစေမည်
လူအများနှင့်ဆက်သွယ်လုပ်ကိုင်ရသော အလုပ်များ
မိမိမွေးရပ်မြေမှ ဝေး သောအရပ်များပြည်ပခရီးများ
ဆက်သွယ်သွားလာခြင်း
နေထိုင်ခြင်းများ ဘဝကံကောင်းစေမည်ဖြစ်၏
ကျမ္မာအသက်ရှည်ဆင်းရဲကင်းသော ကောင်းသော ဘဝတခုရရှိလာစေမည်သာဖြစ်ပါ၏

-

မိုးအောက်မြေကမ္ဘာများသတ္တဝါ
ဘေးဘယာ ဝေး ကွာ
လိုရာဆန္ဒပြည့်ဝကြပါစေ

-

#ဆရာမိုးဇော်-ဝိမုဒ္ဓိ
လက္ခဏာ+ဗေဒ ပညာရှင်
Ph-Viber 09794415451

Address


Telephone

+959794415451

Website

Alerts

Be the first to know and let us send you an email when ဆရာမိုးဇော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share