Nay Lin Zaw

Nay Lin Zaw Photo, Video, Live Stream

a,e,i,o,u နှင့် စလျှင် an နဲ့တွဲဆိုသည်မှာ မမှန်ကြောင်းသက်သေပြချက်ခေတ်အဆက်ဆက် English သင်ကြားရေးတွင် သင်ကြားပေးသူဆရာများက...
20/06/2023

a,e,i,o,u နှင့် စလျှင် an နဲ့တွဲဆိုသည်မှာ မမှန်ကြောင်း
သက်သေပြချက်

ခေတ်အဆက်ဆက် English သင်ကြားရေးတွင် သင်ကြား
ပေးသူဆရာများကိုယ်တိုင်က မှားနေသောကိစ္စမှာ a နှင့် an
ကို ခွဲခြားရာ၌ အနည်းကိန်းနာမ်သည် a,e,i,o,u (သရ)နှင့်
စလျှင် an နှင့်တွဲရမည် ဟူသောအချက်ဖြစ်သည်။

အမှန်က a,e,i,o,u နှင့် အစပြုတိုင်း an နှင့်မတွဲရသလို
a,e,i,o,u နှင့် မစသော်လည်း an နှင့်တွဲရသည်လည်း ရှိပါ
သည်။

သက်သေပြချက်

umbrella (ထီး)တွင် u နှင့်စသည်။
ထို့ကြောင့် an နှင့်တွဲသည်။ an umbrella မှန်သည်။

သို့ရာတွင်

university(တက္ကသိုလ်)တွင်လည်း u နှင့်စသည်။
သို့ရာတွင် an နှင့်မတွဲရ။ an university မဟုတ်။
a university ဟု ရေးရသည်။

Why? ဘာ့ကြောင့် ထိုအရာ ၂ ခု မတူရတာလဲ

umbrella တွင် အန်ဘရဲလား ဟု (အ)အသံနှင့်ထွက်ရသော
ကြောင့် an နှင့် တွဲရခြင်းဖြစ်သည်။

university တွင်မူ u နှင့်စသော်လည်း(အ)အသံမထွက်သော
ကြောင့်(အူနီဗာစီတီ မဟုတ်။ယူနီဗာစီတီဟုထွက်သောကြောင့်)
an နှင့်မတွဲရဘဲ a နှင့် တွဲရခြင်းဖြစ်သည်။

ထို့အတူ -

hour တွင် a,e,i,o,u နှင့် မစသော်လည်း an နှင့်တွဲရ၏။
an hour ဟုရေးမှ အမှန်ဖြစ်သည်။

ထို့အတူ honest တွင် ဟောနက်စ် ဟုမထွက်ရ။ h နှင့်
စသော်လည်း အောနက်စ် ဟု ထွက်သည်။ သို့ဖြစ်၍
an honest man ဟုရေးရသည်။ a,e,i,o,u နှင့်မစ၍
a နှင့်တွဲလျှင် မှားပါလိမ့်မည်။

union တွင်လည်း u နှင့်စသော်လည်း an နှင့်မတွဲရ။
a union ဟုရေးရသည်။

Why? ဘာ့ကြောင့်လဲ

hour ၏ အသံထွက်သည် သရသံ(အ)အသံဖြင့် ထွက်ရသော
ကြောင့်ဖြစ်သည်။ hour ကို ဟာဝါ ဟုမထွက်ရ။ အာဝါ ဟု
ထွက်ရသည်။ (အ)အသံဖြစ်သည်။

union တွင် u နှင့်စသော်လည်း အူနီယံ ဟုအသံမထွက်။
ယူနီယံ ဟုအသံထွက်သောကြောင့် a union ဟု ရေးရသည်။
an union ဟု မတွဲရချေ။

သို့ဖြစ်၍ သရသံ(အ)အသံထွက်မှသာ an နှင့် တွဲရမည်။ အများ
ပြောနေသလို a,e,i,o,u နှင့် စ၍ an နှင့်တွဲရသည်ဆိုသည်မှာ
မှန်ကန်မှု မရှိပေ။

အောက်ပါ အဆိုအမိန့်အတိုင်း
ကျင့်သုံးပါ -

Countable noun တွင်သာ a,an,the ကို သုံးရ၏။
A နှင့် An ကို အောက်ပါအတိုင်း ခွဲပါ။

၁။ ဗျည်းသံ(consonant sound)ဖြင့်စလျှင် = a နှင့်တွဲ

e.g a book /a man/ a boy/ a house/
a chair/ a European/a cat/ a girl
a union/ a unicorn/ a one-eyed man
a useful article/ a university etc:

၂။ သရသံ(vowel sound) ဖြင့်စလျှင် = an နှင့်တွဲ

သရသံဆိုသည်မှာ မြန်မာလို အ,အာ.အိ,အီ,အု,အူ
အေ,အဲ,အော့,အော်,အံ,အား ဟူသောအသံတို့ဖြစ်သည်။
ထိုအသံများကို vowel sound ဟုခေါ်သည်။

e.g an egg/an orange/ an ice-cream/ an hour
an honest man/ an English book/ an engineer
an ant/ an officer/an umbrella etc:

ထို သရသံနှင့် အစပြုမှသာ an နှင့် တွဲရမည်ဟု သင်ကြား
ပေးသင့်ပါကြောင်း ဆရာ ဆရာမ မိတ်ဆွေတို့ရေ ---

မူရင်းရေးသားသူ credit
:Crd:

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။ မည်သူမျှ မပြုပြင်နိုင်ကြ။ ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်...
21/10/2022

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်​​နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်​ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ​ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်​လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

Saya U Khin Zaw ( ဘာသာပြန် )
#ကံ့ကော်

Good Night 😻😻😻
24/08/2022

Good Night 😻😻😻

Happy Birthday to my sweet wife, Wishing you the happiest of birthdays today, and health and happiness always.
29/06/2022

Happy Birthday to my sweet wife,
Wishing you the happiest of birthdays today, and health and happiness always.

13/06/2022
မိုးစိမ့်စိမ့်လေးနဲ့ အိပ်ပြီ Good Night
21/05/2022

မိုးစိမ့်စိမ့်လေးနဲ့ အိပ်ပြီ Good Night

Flower Various
15/04/2022

Flower Various

မမဗိုက်ကို လိုက်ပို့
11/04/2022

မမဗိုက်ကို လိုက်ပို့

Cute
05/04/2022

Cute

Facebook မှာ ကိုယ့်ကိုဘယ်သူတွေ ‌Block သွားလဲ Unfriend လုပ်သွားလဲဆိုတာသိနိုင်မယ့် ဆော့ဝဲကိုယ့်ကို Unfriend လုပ်သွားတဲ့အကေ...
17/03/2022

Facebook မှာ ကိုယ့်ကိုဘယ်သူတွေ ‌Block သွားလဲ Unfriend လုပ်သွားလဲဆိုတာသိနိုင်မယ့် ဆော့ဝဲ

ကိုယ့်ကို Unfriend လုပ်သွားတဲ့အကောင့်တွေ ဘလော့သွားတဲ့အကောင့်တွေကို ပြန်ကြည့်နိုင်တဲ့ ဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ်။
Android ဗားရှင်း 5.0 အထက်ဖုန်းတွေမှာအသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံကတော့ ဆော့ဝဲထဲမှာ မိမိအကောင့်ကို Login ဝင်ထားပေးရပါမယ်။

ဒါဆိုရင် Login ဝင်ပြီးသွားချိန်ကနေစပြီး ကိုယ့်ကို Unfriend လုပ်သွားတဲ့အကောင့်တွေ ဘလော့သွားတဲ့အကောင့်တွေက အခုဆော့ဝဲလ်မှာ ပေါ်နေမှာဖြစ်လို့ သိနိုင်ပါပြီ။

ဆော့ဝဲလ်လေးကို အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်။

ဆော့ဝဲအားဒေါင်းယူရန်
https://www.mediafire.com/file/jo1tmw91e7znxu3/Unfriend+Finder+For+Facebook++4.15.1.apk/file

အားလုံးအဆင်ပြေပါစေ

"တပေါင်းလပြည့်နေ့"🙏    မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့🙏                    လူနတ်ဗြဟ္မာသတ္တဝါအားလုံး လူချမ်းသာ၊ဗြဟ္မာချမ...
16/03/2022

"တပေါင်းလပြည့်နေ့"🙏
မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့🙏

လူနတ်ဗြဟ္မာသတ္တဝါအားလုံး လူချမ်းသာ၊ဗြဟ္မာချမ်းသာ၊သတ္တဝါတို့၏ချမ်းသာခြင်းအလုံးစုံကိုပြည့်စုံစွာခံစားရရှိနိုင်ကြပါစေ🙏

စိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်းကင်းပြီး ကပ်ကြီး သုံးပါး ဘေးမှ အမြန်ဆုံးကင်းဝေးနိုင်ကြပါစေ🙏

09/03/2022

ဒီနည်းလမ်းလေး မဆိုးဘူးဘဲ...

😛😛😛

Rose various colors
08/03/2022

Rose various colors

မတ်လ ၁၂ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပတ်တိတိလျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်ပါမည်။Source - ...
07/03/2022

မတ်လ ၁၂ ရက်နေ့ကနေ
မတ်လ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် တစ်ပတ်တိတိ
လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်ပါမည်။

Source -
https://www.facebook.com/khitthitnews/posts/1441790932924915

မတ်လအတွက် သံတွဲမြို့နယ်အတွင်းမီးဖြတ်မည့် အချိန်ဇယား
03/03/2022

မတ်လအတွက် သံတွဲမြို့နယ်အတွင်း
မီးဖြတ်မည့် အချိန်ဇယား

ချစ်နေကြတာ ​မောင်နှမတွေ
26/02/2022

ချစ်နေကြတာ ​မောင်နှမတွေ

Address


Alerts

Be the first to know and let us send you an email when Nay Lin Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Lin Zaw:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share