P.T.S - Digital Marketing Consultant & learning Academy

  • Home
  • P.T.S - Digital Marketing Consultant & learning Academy

P.T.S - Digital Marketing Consultant & learning Academy Facebook Marketing နဲ့ဈေးရောင်းကောင်းချင်သူတွေနည်းပညာမျှဝေပေးနေသောသင်တန်း

27/12/2023

Page တခု အသစ်ဖွင့်ပြီးတာနဲ့ ဈေးတန်းရောင်းသင့်လား

အခုနောက်ပိုင်းမှာ online shop လုပ်တဲ့သူတော်တော်များက page တခု ဖွင့်ပြီးတာနဲ့ အရောင်း ပိုစ် တွေ တင်ပြီး‌ တန်းပြီး boost လုပ်ပြီး ဈေးတန်းရောင်းတာတွေအများဆုံး သတိထားမိတယ်

အဲလို ဈေးတန်းရောင်းတဲ့အခါမျိုး မှာ မရောင်းရလိုစိတ်တွေ ညစ်ကြ ဒေါ်လာတွေ ကုန်နဲ့ online shop မလုပ်ချင်ကြတဲ့အထိ ဖြစ်လာကြတယ်

အမှန်တော့ page အသစ်တခုဖွင့်ပြီး ဈေးတန်းရောင်းတာထက်စာ ရင် ကိုယ်ရဲ့ page ကို customer သိအောင်လုပ်သင့်ပါတယ်။

Customer ကို ကိုယ်page သိအောင်
ကိုယ်ရဲ့ page က ဘာလုပ်ငန်းလုပ်တာရယ်၊ကိုယ်က ဘယ်လိုလူမျိုးလဲ ဆိုတာရယ်၊ ကိုယ်ရဲ့ ပစ္စည်း နဲ့ပတ်သက်တဲ့ knowledge sharing တွေ ကို customer သိအောင်အရင်လုပ်သင့်ပါတယ်။

အဲလို customer က ကိုယ်လုပ်ငန်းနဲ့ ကိုယ်အကြောင်းသိ‌ အောင် ပိုစ် ကို boost လုပ်တဲ့အခါမှာလဲ message ကိုအရင် boost လုပ်တာထက်စာရင် Post Engagement၊ Page like Reach တို့နဲ့အရင် boost လုပ်ပြီးမှာ message နဲ့ boost လုပ်ပြီးဈေးရောင်းသင့်ပါတယ်

ဒါဆိုရင် page အသစ်တခုဖွင့်ပြီးတိုင်းဈေးတန်းရောင်းသင့်မသင့်ကိုနားလည်သဘော‌ပေါက်ပြီးလို့ ထင်ပါတယ် ။

ဒီ video က မိတ်ဆွေအတွက်အကျိုးရှိတယ်ဆို သူများတွေသိအောင် ပြန်လည်မျှဝေပေးသွားပါအုန်း။

23/12/2023

Engagement Objective နဲ့ Message Objective ကို ကိုယ်ရဲ့လုပ်ငန်းပေါ်မူတည်ပြီး ဘယ် objective ရွေးချယ်ပြီး အသုံးပြုသင့်လဲ?

ဘယ် objective ရွေးချယ်သင့်လဲမရှင်းပြသေးခင်မှာ Objective ၂ခုရဲ့ အသုံးဝင်ပုံနဲ့ အလုပ်လုပ်ပုံလေးအကြောင်း အရင်ဆုံးပြောပြပေးချင်ပါတယ်။

Engagement Objective ‌က boost တဲ့အခါ ဘယ်လိုလေးအလုပ်လုပ်လဲ ဘယ်လိုလေးအသုံးဝင်လဲဆိုရင်တော့ ကိုယ်ရဲ့ page မှာတင်ထားတဲ့ post တွေကို like (all reaction), Comment, Share တွေ ကို post မှာအဓိက များများ ရချင်တဲ့အခါမျိုးမှာ အသုံးပြုလို့ရပါတယ်။ Ads Objective တွေမှာ Reach objective ပြီးရင် Engagement Objective ဒုတိယ Reach အများဆုံးရရှိတဲ့ objective လေးပဲပါ။ရွေးချယ်ထားတဲ့ Audience တွေ့ရဲ့ Newfeed မှာကြော်ငြာတဲ့အခါမျိုးမှာ လဲ post like တွေများနေတာဖြစ်တဲ့အတွက် Customer ယုံကြည်မူပိုရစေပါတယ်။

Message Objective ဒီ objective လေးအနေနဲ့ကတော့ ကိုယ်ရဲ့ page ရောင်းအားကျနေတဲ့အခါမျိုးမှာ Message ကနေ ကိုယ်ရဲ့ product, service တွေကိုဝယ်နိုင်ချေရှိတဲ့ customer တွေဆီ ကို ပြပေးတဲ့နေရာမှာ အသုံးပြုရတဲ့ objective လေးဖြစ်ပါတယ်။အဓိက Messages Objective အနေနဲ့ ရောင်းအားတက်ဖို့ အဓိက အသုံးပြုရပါတယ်။

Engagement Objective ပဲသုံးသုံး၊ Message Objective ပဲသုံးသုံး customer ဆီကိုယ်ရဲ့ ကြော်ငြာပြတဲ့အခါ customer ဆီ ဆွဲဆောင်မူရှိစေတဲ့ content, photo, Video တွေက အစ ကိုယ်ပေးနိုင်တဲ့ ဝန်ဆောင်မူ စတဲ့အချက်လေးတွေကလဲ customer ဆွဲဆောင်နိုင်အောင်ပြင်ဆင်ထားရပါမယ်။

ကိုယ်အနေနဲ့ budget နိုင်မယ်ဆိုရင် Engagement ရော Message ရောဘု လုပ်သင့်ပါတယ်။ Message အနေနဲ့ Engagement ထက်တော့ ကုန်ကျစရိတ် အနည်းငယ် ပိုတာမို့ ကိုယ်လုပ်ငန်းအနေနဲ့ like လိုချင်တာလာ ရောင်းအားတက်ဖို့လားဆိုတာ စနစ်တကျ ဆုံးဖြတ်ရွေးချယ်သင့်ပါတယ်။

စာလေးလဲနည်းနည်းရှည်သွားပြီးဖို့ page နဲ့ပတ်သက်တာလေးတွေမျှဝေပေးမှာမို့ like and share လေးပြုလုပ်ပေးသွားကြပါအုန်းနော်


ဘယ်လိုအချိန်မျိုးတွေ ဘယ်လိုရက်မျိုးတွေမှာ Boost လုပ်သင့်လဲ။ #ဘယ်လိုအချိန်မျိုးမှာBoostingလုပ်သင့်လဲ? #ဘယ်လိုရက်မျိုးတွေမ...
14/03/2023

ဘယ်လိုအချိန်မျိုးတွေ ဘယ်လိုရက်မျိုးတွေမှာ Boost လုပ်သင့်လဲ။

#ဘယ်လိုအချိန်မျိုးမှာBoostingလုပ်သင့်လဲ?
#ဘယ်လိုရက်မျိုးတွေမှာကြော်ငြာရင်ရောင်းကောင်းမလဲ

ဒီနေရာမှာဆိုရင်တော့ကျွန်ဝော်အနေနဲ့ ၂ပိုင်းခွဲခြားထားပြီးပြောပြပေးပါမယ် ။ ပထမပိုင်းအနေနဲ့ အချိန်နဲ့ပတ်သက်ရင် ကိုယ်ရဲ့ page ကို customer တွေဘယ်ချိန်စောင့်ကြည်လဲဆိုတာအရင်သိထားရပါမယ့်ဒါမှ ကိုယ်အနေနဲ့ ဘယ်လိုအချိန်မျိုးမှာ post တင်ရမယ်၊ဘယ်ချိန် boost လုပ်ရမယ်ဆိုတာ လေ့လာထားလိုရပါမယ်

ဒုတိယအနေနဲ့ ‌ဘယ်လိုရက်မျိုးတွေမှာ ကြော်ငြာသင့်လဲဆိုရင် customer တွေအကြိုက်ဆုံးကတော့ ရာသီပွဲတော်အချိန်မျိုးတွေ ၊ ခရစ်စမတ်ပွဲတော်အချိန်မျိုးတွေ၊ နှစ်ကုန် promotion ရှိတဲ့ အချိန်မျိုးတွေက ရောင်းကောင်းဆုံးအချိန်မျိုးတွေပါပဲ။

ပွဲဝောာ်မရှိတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွန်‌တော်တို့အနေနဲ့ လတလကို အပိုင်း၃ပိုင်းခွဲခြား ထားတတ်ဖို့လိုအပ်ပါတယ်။

လတလကို ‌လဆန်း၊လလယ်၊လကုန်ဆိုပြီးခွဲခြားပြီး customer တွေရဲ့စိတ်နေသဘောထားကိုလေ့လာကြည်သင့်ပါတယ်

Customer တွေအနေနဲ့ လဆန်းရက်ဆိုရင်တော့ လက်ဝယ်ပိုက်ဆံ ရှိကြတာမို့ အကျီတွေ ၊ အလှကုန်ပစ္စည်းမျိုးတွေ၊ ရက်ပိုင်းအတွင်းပို လို အဆင်ပြေမယ့်product တွေ၊ သင်တန်းမျိုးတွေ Boost လုပ်သင့်ဆုံးအချိန်မှ ထိုအချိန်မျိုး boost လုပ်မယ့်ဆိုရင် ရောင်းအားကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ပျက်သုံးလပ်သုံး၂၃ ဖြစ်တဲ့လအလယ်မှာဆိုရင်တော့ customer တွေလိုအပ်တဲ့အရာတွေလောက်ပဲ ဝယ်လေ့ရှိတာမို့ထို အချိန်မျိုး boost လုပ်မယ်ဆိုရင် တော့ရောင်းအားအနည်းငယ်ကျလေ့ရှိပါတယ်။

လကုန် လက်ထဲငွေသီး သူဌေး သားဆိုရအောင် လကုန်မို့ လက်ဝယ်လခပိုက်ဆံလေးတွေရှိကြတာမို့ ဈေးအကြီးဆုံး ပစ္စည်းတွေ ၊လိုအပ်တာရော မလိုအပ်တာရောကုန်ပစ္စည်း တွေ ဝယ်တာမို့ page admin အားလုံး boost လုပ်သင့်တဲ့အချိန်ကောင်းပါပဲ။

ဒါဆိုရင်တခြားအချိန်တွေ boost မလုပ်ရင်တောင်လဆန်း၊လကုန်မှာတော့ boost လေးတွေသေချာလုပ်ပြီးလုပ်ငန်းတိုင်းရောင်းကောင်းကြပါစေဗျာ။

06/02/2023

Page Insight အကြောင်းသိပြီးပြီးလား Page Insight ကိုကြည်ပြီးဘာတွေ အကျိုးရှိမလဲ

ကျွန်တော်တို့တွေ အနေနဲ့ ဖေ့စ်ဘွတ်ခ် page နဲ့ အလုပ်တော့မယ့်ဆိုရင် အရေးကြီးဆုံးက ကိုယ်ရဲ့ customer တွေအကြောင်း နားလည် ထား ဖို့ လိုပါတယ်။

ကိုယ်ရဲ့ Customer တွေ က ဘယ်သူတွေလဲ၊ သူတို့နေထိုင်တဲ့နေရာဒေသ က ဘယ်နေရာတွေလဲ ၊ သူတို့ ဘာလေးတွေကြိုက်တတ်လဲ၊ သူတို့ ရဲ့ အသက်အရွယ်ကဘယ်လောက်လဲ စတဲ့ အချက်အလက်တွေက သိထားရပါမယ်။

Page နဲ့ပတ်သက်တဲ့ ‌အရာတွေကို ကြည်မယ့်ဆိုရင် Page Insight ကနေ လေ့လာလိုရပါတယ်။ page Insight အနေနဲ့ page စထောင်ကစမှာတော့ ကြည်လို့မရသေးပေ့မယ် boost လုပ်တာကြာလာတဲ့အခါမျိုး လေ့လာလိုရပါတယ်။

Page Insight အကြောင်းသိရင်ဘာတွေလုပ်လိုရမလဲ?

Boost လုပ်တဲ့အခါ Details Targeting တည်ဆောက်တဲ့ အခါ location တွေ ဘယ်နေရာကိုအဓိက ပြရမယ် ၊ ဘယ်လို အသက်အရွယ်တွေ ကို ပြရမယ့်ဆိုတာတွေကို အသေးစိတ်လေ့လာလို့ရပါမယ်။

Page Insight လေးကိုသေချာလေ့လာပြီး ကိုယ် page ရဲ့အားသာချက်တွေ အားနည်းချက်တွေပြင်ဆင်ပြီး ဖေ့စ်ဘွတ်ခ် page ကိုအသုံးချ ပြီး ဝင်ငွေ နဲ့ skill တိုးတက်ကြပါစေ။

ဒီ video လေးကိုအဆင်ပြေကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးတချက်ပြုလုပ်သွားပေးကြပါနော်။

အဆုံးထိဖတ်ပေးလို ကျေးဇူးတင်ပါတယ်

Online shop လုပ်ချင်တဲ့သူတွေ၊Online shopလုပ်တဲ့ လူတိုင်းအတွက် တက်သင့်သော ဖေ့စ်ဘွတ်ခ် Marketing သင်တန်း( Zoom Live Class)...
04/02/2023

Online shop လုပ်ချင်တဲ့သူတွေ၊Online shopလုပ်တဲ့ လူတိုင်းအတွက် တက်သင့်သော ဖေ့စ်ဘွတ်ခ် Marketing သင်တန်း( Zoom Live Class)

Page နဲ့ပတ်သက်ပြီး Page ဖွင့်တဲ့အခါ ကိုယ် page name ဟာ ဘယ်သူဆီမှ မရှိတော့နာမည်ဖြစ်အောင် ဘယ်လိုဖွင့်ရမလဲ

Page မှာ page setting စနစ်တကျ နားလည်လွယ်အောင်

Post ဖန်တီးတဲ့ အခ မည်သို့ မည်ပုံ တလစာ ဘယ်လိုဖန်တီးမလဲ

ကိုယ်ရဲ့ လုပ်ငန်းတူတွေ ဘယ်လို audience တွေတည်ဆောက်ထားလဲ လေ့လာနည်း

ကိုယ်ရဲ့ post မှာ customer တွေစာပို လွယ်အောင် post မှာ message button ဘယ်လိုတည်ဆောက်မလဲ

Boost လုပ်တဲ့အခါ လုပ်ငန်းနဲ့ကိုက်ညီမယ့် objective ရွေးချယ်သုံးသင့်လဲ

Details Targeting တွေဘယ်လိုတည်ဆောက်မလဲ

Page Insight တွေ ဘယ်လိုလေ့လာရမလဲ

အကောင့်ကျရင် ပေ့စ် ကျရင် ဘယ်လိုပြန်ဆယ်ရမလဲ

ဖေ့စ်ဘွတ်ခ် ပေ့ အပိုင်းကိုကျွမ်းကျင်ပိုင်နိုင်ပြီး အမှန်တကယ်နားလည်လွယ်ပြီး boost လုပ်လိုလျှင် သင်တန်းလေးတက်သင့်ပါတယ်။

သင်တန်းမှာသင်ကြားပေးမှာတွေက

Page ဖွင့်နည်းအကြောင်း

Page setting ပြင်ဆင်နည်းအကြောင်း

Page Insight လေ့လာနည်း

Detail Targeting audience တည်ဆောက်နည်း

Disable ဆယ်နည်းတွေပါ မကျန် တန်အောင်သင်ကြားပေးမယ့် P.T.S - Digital Marketing Consultant & learning Academy သင်တန်း

သင်တန်းကြေးသက်သက်သာသာ နဲ့ သင်ကြားခွင့်ရမယ့် Zoom Live Class
Zoom Live Class -3,000 နဲ့လေ့လာခွင့်ရမယ်

Zoom Live Class February 6ရက်နေ့စပါမယ် (၅ရက်တာသင်တန်း)

သင်တန်းအပ်မယ်ဆိုရင် 09978749865
m.me/PTSDigitalMarketingConsultantLearningAcademy


01/02/2023

Profile Page Admin

First Impression မှာတင် customer ယုံကြည်မူရရှိအောင်ဘာလုပ်သင့်လဲ?Customer တယောက်ကိုယ် page ထဲလာတဲ့အခါ First Impression မှ...
30/01/2023

First Impression မှာတင် customer ယုံကြည်မူရရှိအောင်ဘာလုပ်သင့်လဲ?

Customer တယောက်ကိုယ် page ထဲလာတဲ့အခါ First Impression မှာတင်ယုံကြည်မူရှိအောင် ပြင်ဆင်ထားသင့်တယ်အချက်

1. Profile Photo

Customer တွေအနေနဲ့ Page ထဲဝင်လာတာနဲ့ အရင်ဆုံး page ရဲ့ profile picture တွေအရင်ဆုံးကြည်တတ်ကြပါတယ်။ profile picture ဖန်တီးရာမှာ ကိုယ် product ပုံ သို့မဟုတ် ကိုယ် page logo လေးတွေတင်သင့်ပါတယ်။

2. Cover photo

Cover photo ဖန်တီးတဲ့အခါ mobile size , Desktop size , laptop size တွေနဲ့အညီဖန်တီးထားရပါမယ်။ Cover photo ဖန်တီးတဲ့အခါ လိပ်စာကဒ်တွေ၊ Business card တွေ မတင်သင့်ပါဘူး။ ဘာလိုဆို လိပ်စာကဒ်တွေ ကို ကြိုက်တာကိုယ်ပဲရှိတာမို့မတင်ပါဘူးဗျ။

3.Call To Action Button

Page မှာ Customer တွေ အဆင်ပြေစေဖို့ လုပ်ငန်းနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းလွယ်ကူစေဖို့ Call To Action Button လေးတွေဖန်တီးထားသင့်ပါတယ်။ကိုယ်ရဲ့ page မှာ customer တွေဆီက ဖုန်းဆက်တာအဆင်ပြေတယ်ဆိုရင်‌Call Now Button ဖန်တီးထားရပါမယ်။ အကယ်လို customer တွေ message ပိုတာ အဆင်ပြေတယ်ဆိုရင် page မှာ Message button ဖန်တီးထားသင့်ပါတယ်။Page မှာ Call Now လေးဖန်တီးထားမယ့်ဆိုရင် Message button လေးတခါတည်းပါပါတယ်။

4. Location

Page မှာ location လေးထည့်ထားရပါမယ်။တချို customer တွေက အပြင်မှာတကယ်ရောင်းချ မချသိချင်ကြတာမို့ online ပေါ်မှ ဈေးရောင်းတာ ဖြစ်ပေ့မယ် ကိုယ်ဆိုင်ရဲ့ လိပ်စာကို့ထည်ထားရပါမယ်

5.Attraction Post and Photo or video

Page မှာ customer တွေ ကို ဆွဲဆောင်မူရှိစေမယ့် post တွေ photo တွေ video တွေကို ဖန်တီးထားရပါမယ်။

6. Shop

Page မှာ Shop မဖြစ်မနေတည်ဆောက်ထားသင့်ပါတယ်။

7. Review

Page မှာကိုယ်တွေရဲ့ product, service ကိုဝယ်ယူသုံးစွဲတဲ့ customer တွေကို ကိုယ်ရဲ့ product, service တွေအပေါ် review မဖြစ်မနေ ရေးခိုင်းသင့်ပါတယ်။Page မှာ Review လေးရှိမှာ နောက်ထပ် customer တွေ ယုံကြည်မူပိုရစေပါတယ်။

8.Page like 1000

ကျွန်တော်တို့အနေနဲ့ Page like1000ရှိပါတယ်။Page like 1000ရဖို့ Page promote လုပ်တာတွေ customer စိတ်ဝင်စားစေမယ့် Content တွေ ဖန်တီးသင့်ပါတယ်

9. Theme Colors

Page ကိုဝင်တာနဲ့ ကိုယ်ရဲ့ page cover photo တွေ profile photo တွေက အစ post တင်တဲ့အခါ ဖန်တီး တဲ့ content တွေဟာလဲအရောင်တူညီစွာဖန်တီးထားသင့်ပါတယ်

10. Tone of voice
Page မှာတင်တဲ့ video တွေဖန်တီးတဲ့အခါ အသံအနေအထားအနေနဲ့ တဖြေးညီ ဖြစ်သင့်ပါတယ်။ဥပမာ ကိုယ်အနေနဲ့ Founder ဆိုရင် founder နဲ့လိုက်ဖက်တဲ့အနေ အထားရှိသင့်ပါတယ်။

11. Content

Content ဖန်တီးတဲ့အခါ ကိုယ့် page ရဲ့ product, service နဲ့ ကိုက်ညီမယ့် ဈေးရောင်း post ချည်းပဲ မဟုတ်ပဲ knowledge and sharing ဖြစ်စေမယ့် ၊Content မျိုးတွေဖန်တီးသင့်ပါတယ်။Business Goal ရည်ရွယ်ချက်နဲ့အညီ ဖန်တီးထားသင့်ပါတယ်။

ဒါတွေက page တခုမှမဖြစ်မနေ ဖန်တီးပြီး customer တွေရဲ့ First Impression မှာယုံကြည်မူရရှိစေမှာပါ

Page မပျက်အောင်......မကျအောင်ဘယ်လိုကြိုတင်ပြင်ဆင်မလဲ?Page မကျအောင်....မပျက်အောင်1.အကောင့်တုတွေ page Role ထဲမထားပါနဲ့2. A...
30/01/2023

Page မပျက်အောင်......မကျအောင်ဘယ်လိုကြိုတင်ပြင်ဆင်မလဲ?

Page မကျအောင်....မပျက်အောင်

1.အကောင့်တုတွေ page Role ထဲမထားပါနဲ့

2. Advertising Policy ကိုသေချာ Follow လုပ်ပါ

3. Ad Reject မိတာတွေကို လိုအပ်သလို Review လုပ်

4. Review မရတဲ့ adတွေ ဖျက်ပစ်ပါ

5. Page Support inbox, Page Quality,Ad Account Quality လေးတွေသေချာစိစစ်ပေးပါ

Online shop လုပ်တဲ့အခါ အကောင့် နဲ့ လုပ်သင့်လား pageနဲ့ လုပ်သင့်လား.....ဘယ်ဟာလေးကပိုအဆင်ပြေမလဲOnline shop လေးစလုပ်တဲ့အခါ ...
24/01/2023

Online shop လုပ်တဲ့အခါ အကောင့် နဲ့ လုပ်သင့်လား pageနဲ့ လုပ်သင့်လား.....ဘယ်ဟာလေးကပိုအဆင်ပြေမလဲ

Online shop လေးစလုပ်တဲ့အခါ တချို လူတွေ အနေနဲ့ အကောင့် နဲ့ပဲဈေးရောင်းရမလား.......Page နဲ့ပဲရောင်းရမလား ဆိုတာ ဒွိဟ အမြဲ ဖြစ်တတ်ကြပါတယ်။

ဒီနေရာမှာ ကျွန်တော်အနေနဲ့ ဖေ့စ်ဘွတ်ခ် အကောင့်နဲ့ ဖေ့စ်ဘွတ်ခ် Page ကွာခြားချက်လေး ပြောပြပေးပါမယ်။

ဖေ့စ်ဘွတ်ခ် အကောင့်နဲ့ ဈေးရောင်းမယ်ဆိုရင်

အကောင့်အနေနဲ့ Friend အရေအတွက် 5000ကို ပဲကျွန်တော်တို့ဈေးရောင်းလို့မရသလို

အဲ Friend အားလုံးက ကျွန်တော်တို့ product, Service တွေကိုဝယ်ယူချင်မှလဲဝယ်ယူ ပါလိမ့်မယ်။

အကောင့်ထဲက friend တွေပဲ လှည့်ပတ်ရောင်းနေလို့မရပဲ တခြား လူတွေကိုလဲရောင်းချဖို့လိုပါတယ်။

အကောင့်အနေ့နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကြော်ငြာလို့မရသလို post တွေရဲ့အခြေအနေ ကိုလဲ လေ့လာစိစစ်လို့မရပါဘူး။

ဖေ့စ်ဘွတ်ခ် page အနေနဲ့ဆိုရင် like and follow များစွာရရှိနိုင်သလို

ဖေ့စ်ဘွတ်ခ် ပေါ်မှာလဲ ကိုယ်လို ချင်တဲ့ Marketing plan အလိုက် boost လုပ်လိုရပါတယ်။

Boost လုပ်ထားတဲ့ post တွေရဲ့ Reach, Engage အခြေအနေတွေကို ဖတ်လို့ရသလို့၊

ကိုယ်ရဲ့page ကို like လုပ်ထားတဲ့ customer တွေမှာ ယောက်ျားလေးများလား၊မိန်းကလေးများလား၊အသက်အရွယ်ကအစလေ့လာလိုရတာမို့ boost လုပ်တဲ့အခါ ကိုယ် page နဲ့ကိုက်ညီမယ် audience တွေကိုစနစ်တကျတည်ဆောက်လို့ရပါတယ်။

အကောင့်နဲ့ပဲဈေးရောင်းသင့်လား ၊ Page နဲ့ပဲဈေးရောင်းသင့်လားဆိုတာ ကိုယ်လိုချင်တဲ့ ရလ‌ဒ်ပေါ်မူတည်ပြီး စဉ်းစားသင့်ပါတယ်။

ကိုယ်အနေနဲ့ ဈေးရောင်းကောင်းချင်တဲ့ဆိုရင်တော့ pageနဲ့ လုပ်သင့်ကြောင့် Recommend ပေးချင်ပါတယ်။

အားလုံးပဲ အစဉ်ကြိုးစားလျှက်ပါ

Custom Audience နဲ့ Lookalike Audience လေးနဲ့ရော ကြော်ငြာဖူးကြပြီးလား။မကြော်ငြာဖူးသေးဖူးဆိုရင်တော့ဒီ post လေးကိုအဆုံးထိဖ...
23/01/2023

Custom Audience နဲ့ Lookalike Audience လေးနဲ့ရော ကြော်ငြာဖူးကြပြီးလား။

မကြော်ငြာဖူးသေးဖူးဆိုရင်တော့ဒီ post လေးကိုအဆုံးထိဖတ်စေချင်ပါတယ်။

အရင်ဆုံး Custom Audience အကြောင်းလေးအရင်ပြောပြမယ့်။

Custom Audience ကဘယ်ချိန်မျိုးမှာ ကြော်ငြာသင့်လဲဆိုရင် ကိုယ်ရဲ့ page က ဖွင့်တာလဲကြာပြီး၊ကြော်ငြာတွေ Run ထားတာလဲများပြ၊ Page Like and follow လဲများ‌ပြီးဆိုရင် custom Audience သုံးကြည်သင့်ပါတယ်။

Custom Audience ဆိုတာက page ကို Engage ဖြစ်ဖူးတယ်သူ ကိုယ်ရဲ့page မှာ စာပို့ထားခဲ့ဖူးတယ်သူ ‌တွေကို Retargeting နည်းနဲ့ ပြန်ကြော်ငြာတဲ့နည်း တွေပဲဖြစ်ပါတယ်။

Custom Audience တည်ဆောက်တဲ့အခါ Video View နဲ့ page like လုပ်ထားဖူးတဲ့လူတွေ အဓိက ပြန်ကြော်ငြာတဲ့နည်းလေးကို အဓိကထားပြောပြပေးပါမယ်

ကိုယ်ရဲ့ page မှာတင်ထားတယ် video လေးထဲကမှာ customer အကြိုက်ဆုံးဖြစ်တဲ့ video ကို 3 second ကြည်ဖူးတဲ့သူလား၊10 second ကြည်ဖူးတဲ့သူလား၊ 15second,25percent,50percent,75percent,95percent ကြည်သွားတဲ့လူလား စသဖြင့်သတ်မှတ်ပြီးကြော်ငြာ လို့ရပါတယ်။

VIDEO ကိုလဲ လွန်ခဲ့တဲ့ လကကြည်ခဲ့သူလား၊တနှစ်ကကြည်ခဲ့သူလားအစသဖြင့်ရွေးချယ်ကြော်ငြာလိုဂပါသေးတယ်

Page အနေနဲ့ Custom Audience တည်ဆောက်မယ်ဆိုရင် like or follow လုပ်ခဲ့ဖူးတဲ့သူလား၊ page ကိုလာလည်ခဲ့ဖူးတဲ့သူလား၊ post or ad တွေ engage လုပ်ဖူးတဲ့သူလား call to action button နှိပ်ခဲ့ဖူးသူလား၊စာပိုခဲ့ဖူးသူလား အစသဖြင့် ကိုယ် page နဲ့ လိုက်မယ့် အရာကိုရွေးချယ် ကြော်ငြာလို့ရပါတယ်

Lookalike Audience အနေနဲ့ က ဆင့်ပွားကြော်ငြာနည်းလို့ သတ်မှတ်လိုရပါတယ်။

ကျွန်တော်တို့အနေနဲ့ page ရဲ့ အချက်အလက်တခုခု ပေးပြီးဆင်တူ ကိုဆင့်ပွားကြော်ငြာလိုရပါတယ်

Custom Audience နဲ့ တည်ဆောက်ခဲ့ဖူးတဲ့ audience တွေကိုလဲဆင့်ပွားကြော်ငြာလိုရပါတယ်။
Lookalike Audience သုံးပြီးလဲကြော်ငြာလို့ရပါတယ်။

ဒီ tool တွေက page ကို run တာကြာပြီဖြစ်တဲ့ မိတ်ဆွေတွေအတွက်ပါ

မသုံးရသေးရင်သုံးကြည့်သင့်ပါတယ်ဗျ

လူအဟောင်းတွေကြော်ငြာလို့ရိုးသွားရင်တော့ လူအသစ်တွေပြန်ကြော်ငြာပါခင်ဗျာ

ကြော်ငြာကို တစ်ခါနဲ့တစ်ခါ audience မတူအောင်ပြောင်းပြီး run ဖို့လိုသလို

Same audience ကိုပဲ မတူတဲ့ကြော်ငြာတွေပြကြည့်ပါခင်ဗျာ

ရလဒ်လေးတွေပိုကောင်းလာပါလိမ့်မယ်ဗျ

ဒီစာလေးက မိတ်ဆွေအတွက်အကျိုးရှိစေမယ်ဆို like and follow လေးလုပ်သွားပေးပါအုန်းဗျ

ချစ်သောမိတ်ဆွေများအတွက်အစဉ်ကြိုးစားလျက်

Page admin တိုင်းသိထားရမယ် Page Access အကြောင်းလေးပြောပြပေးပါမယ်Page Role ကဘယ်နေရာလေးကသွားရမလဲဆိုရင် Notification ဘေးက M...
22/01/2023

Page admin တိုင်းသိထားရမယ် Page Access အကြောင်းလေးပြောပြပေးပါမယ်

Page Role ကဘယ်နေရာလေးကသွားရမလဲဆိုရင် Notification ဘေးက More ထဲက setting လေးကဝင်ရမှာပါ

Page Role ထဲမှာဘာတွေပါလဲ ဘယ်လိုတွေအသုံးဝင်လဲ

Page Role ထဲပါတာတွေက
✅ Admin
✅ Editor
✅ Moderator
✅Advertiser
✅ Analyst တို့ပါဝင်ပါတယ်

❤️Admin ကတော့ page တွေမှာ post တင်တာ၊post editလုပ်တာ၊page settingပိုင်းပြင်တာ၊boost လုပ်တာ၊ Result data ဖတ်တာ၊နောက်ထပ် admin, editor,ထပ်ခန့်တာတွေပြုလုပ်လို့ရပါတယ်

💁 Editorကတော့ page တွေမှာ post တင်တာ၊page settingပြင်ဆင်တာ၊boost လုပ်တာ စတဲ့ page adminတယောက်လုပ်သလို့ အကုန်လုပ်လို့ရပေ့မယ် adminခန့်တာ ဖြုတ်တာတော့လုပ်လို့မရပါဘူး။

⭐ Moderatorကတော့ page တွေမှာစာပြန်တာ၊boost တာ၊ Result dataတွေဖတ်လို့ရပါတယ်

💡 Advertiser ကကျတော့ page မှာကြော်ငြာတာတွေ ၊Result data တွေတော့ဖတ်လို့ရပါတယ်

🌱 Analystကတော့ page က boostထားတဲ့ result data ရလဒ်တွေ ၊Post Engagementကောင်းကောငိးမကောင်း တပတ်အတွင်းpage ရောင်းအားကောင်းမကောင်းခွဲခြားလေ့လာလိုရပါတယ်။

ဒါလေးကတော့ page Access အကြောင်းလေးပဲဖြစ်ပါတယ်နောက်ပိုင်းကျရင်လဲ page ရဲ့ knowledge Sharingတွေဆက်ပြီးတင်ပေးသွားမှာမို့လေ
page ကို like and followလေးလုပ်သွားပေးပါအုန်းနော်

ကြော်ငြာတွေ Runတဲ့အခါ Budget and Schedule ထဲမှာမြင်နေရတဲ့ Daily Budget နဲ့ Lifetime Budget ဆိုတာဘာလဲ????......Daily နဲ့ ...
19/01/2023

ကြော်ငြာတွေ Runတဲ့အခါ Budget and Schedule ထဲမှာမြင်နေရတဲ့ Daily Budget နဲ့ Lifetime Budget ဆိုတာဘာလဲ????......

Daily နဲ့ Lifetime Budget က သူတို့ရဲ့ တိုက်ရိုက်အဓိပ္ပာယ်လိုပါပဲ

✅Daily ဆိုတာ တရက်စာပါ
✅ Lifetime ဆိုတာ Total စာပေါ့

နားလည်အောင်ရှင်းပြရရင်

ကြော်ငြာတခုကို Daily Budget နဲ့ $5-3days နဲ့တစ်ရက်ကို $5 ကျရင်၃ ရက်စာ $15ကျသင့်မှာပါ။

end date မရွေးပဲ Daily Budget ကိုလုပ်လို့ရပါတယ်။

Daily Budget နဲ့ကြော်ငြာရင်ကြော်ငြာကို
ကိုယ်ရပ်ချင်တဲ့အချိန်မှရပ်လိုက်ရုံပါပဲ။

တခုပဲ သတိပြုရမှာက ကြော်ငြာရပ်ဖို့မေ့နေရင်တော့ Visa ထဲကငွေတွေကုန်တဲ့အထိသုံးပြီအကြွေးပါတင်သွားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ

ကြော်ငြာတခုကို

lifetime Budget နဲ့ $10(3day)နဲ့ထားမယ်ဆိုရင် 3ရက်ကို $10နှုန်းနဲ့ တရက်ကို$3.333 လောက်ကျသင့်မှာပါ။အဲလောက်တော့အတိအကျကြီးအဲလိုမျိုးဖြတ်တာတော့မဟုတ်ပါဘူး
အရေးကြီးတာကတော့ 3ရက်လုံးကိုမှာ Total $10 ကျသင့်မှာပါ။

မိတ်ဆွေတို့အနေနဲ့ အဲလောက်ဆိုရင် ကြော်ငြာတခု ကြော်ငြာတဲ့အချိန် Daily သုံးသင့်လား? lifetime သုံးသင့်လားရွေးချယ် အသုံးပြုနိုင်ကြပါစေ။

✴️Page Adminလေးတို့ရေ ပြောင်းလဲသွားတဲ့ Profile Page က Professional Dashboard ဆိုတာလေးကိုဝင်ကြည်ပြီးကြပြီးလားဗျအခုဆိုရင် ...
19/01/2023

✴️Page Adminလေးတို့ရေ ပြောင်းလဲသွားတဲ့ Profile Page က Professional Dashboard ဆိုတာလေးကိုဝင်ကြည်ပြီးကြပြီးလားဗျ

အခုဆိုရင် ကျွန်တော်တို့ Page တော်တော်များလဲ ဇူဇူရဲ့ update အသစ်လေးမှာ page တွေလဲ profile အကောင့်ပုံစံလေးတွေပြောင်းလဲသွားကြပြီး နော်

Profile Page ပြောင်းလဲမူနဲ့အတူ ဇူဇူက page admin တွေသုံးရလွယ်ကူစေဖို့ Professional Dashboard ဆိုတဲ့ Function လေးတခု ထည့်သွင်းပေးထားတဲ့နော်

Professional Dashboard ဆိုတာ ဘာတွေလုပ်လို့ရမလဲဆိုတော့

Professional Dashboard ထဲကိုဘယ်လိုဝင်ရမလဲဆိုတာလေးကိုပုံမှာပြထားပေးတယ်နော် အဲဒါဆို Professional Dashboard က ဘာလေးတွေလုပ်လို့ရလဲကြည်လိုက်ရအောင်...............

Professional Dashboard ထဲဝင်လိုက်ပြီးဆိုတာနဲ့ အရင်ဆုံး စတွေ့ရမှာက page overview လေးပါမင်မင်တို့ရေ....

Page Overview လေးမှာတော့ကိုယ့် Page ကတင်တဲ့ပိုစ့်တွေရဲ့ reach ရောက်နှုန်းလေးတွေ၊page post တွေကို customer တို့ရဲ့ engagement ဘယ်နှယောက်စိတ်ဝင်စားလဲ ဆို့တဲ့ post engagement လေးတွေ၊page ကိုဘယ်နှယောက် follow လုပ်သွားလဲဆိုတဲ့ New follower ဘယ်နှယောက်ရှိလဲကြည်လို့ရမယ်နေရာတွေ၊Page ကို like လုပ်သွားတဲ့ ယောကျာ်းလေး ဘယ်နှယောက်၊မိန်းကလေး ဘယ်နှယောက် အသက် ဘယ်လောက်ဆိုတာတွေက အစ အသေးစိတ်ကြည်လို့ရမှာပါ

Page Manage အပိုင်းလေးမှာဆိုရင်လဲ

✅Ad Center - Ads တွေဖန်တီးဖို့ ၊ Campaign တွေဖန်တီးဖို့

✅ Invite friend to follow -အကောင့်ထဲက friend တွေကို ကိုယ် page ကို like or follow လုပ်ဖို့ invite လုပ်လို့ရသေးတယ်

Page ရဲ့ Tools အပိုင်းလေးကိုကြည်မယ်ဆိုရင်လဲ

✅ Event- Page မှာ Event ရှိရင်လဲ Event တည်ဆောက်ကြမယ်

✅Page access အပိုင်းအနေနဲ့ဆိုရင်လဲ Page admin အသစ်ခန့်ချင်တဲ့အခါ admin ဝင်ခန့်လိုရသေးတယ်

✅ Linked accounts - linked accounts နေရာမှာဆိုရင်လဲ Instagram အကောင့် ထည်မလား ၊ Whatsapp အကောင့်ချိတ်မလား ချိတ်လို့ရသေးတယ်

✅Top Fans ဆိုရင် page ရဲ့အမာခံအနေနဲ့လဲ Top Fans ထားလို့ရသေးတယ်

နောက်ပြီး Moderation Assist လည်းပါလာတဲ့အတွက် Page မှာဝင်မန့်တဲ့ Comment တွေကို Auto Hide လုပ်ထားလို့ရမှာပါ(ဥပမာ - profile မတင်ထားတဲ့သူမန့်ရင် auto hide တာ၊ ဆဲတဲ့ comment ဆို auto hide လုပ်တာ)

စာရှည်သွားသလိုဖြစ်သွားပေ့မယ် ဒီ post လေး က page admin တို့အတွက်အကျိုးရှိစေမှာပါ

တကယ်လို့အကျိုးကျေးဇူးရှိစေတယ်ဆိုရင် ကျွန်တော် ရဲ့ page လေးကို like and share လေးလုပ်ပေးသွားကြပါ မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ့် page ပိုင်းဆိုင်ရာလေး knowledge Sharing လေးတွေ ပြုလုပ်ပေးသွားမှာပါ။

အဆုံးထိဖတ်ပေးလို့ကျေးဇူးအထူးတင်ပါတယ်

#ဇင်ကိုကိုဇော်




Boost လုပ်တော့မယ်ဆိုရင် ဘာတွေအဓိက စဉ်းစားသင့်လဲ?အခုနောက်ပိုင်း လုပ်ငန်းရှင် တော်တော်များများ က ကိုယ်တိုင် Boost လုပ်နေကြ...
19/01/2023

Boost လုပ်တော့မယ်ဆိုရင် ဘာတွေအဓိက စဉ်းစားသင့်လဲ?

အခုနောက်ပိုင်း လုပ်ငန်းရှင် တော်တော်များများ က ကိုယ်တိုင် Boost လုပ်နေကြပြီးပဲဖြစ်ပါတယ်။ဒီ Boost လာတာများလာတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ Boost လုပ်တဲ့အခါ ဘာတွေအဓိက စဉ်းစားသင့်လဲ?

ဖေ့စ်ဘွတ်ခ် မှာ boost မယ်ဆိုရင် နံပါတ်တစ်အနေနဲ့ ဘယ်လို campaign objective နဲ့သွားမလဲဆိုတာ အရင်စဉ်းစားရပါမယ်။

ဖေ့စ်ဘွတ်ခ်မှာ Marketing objective ၆ မျိုးထဲက-
Awareness Traffic EngagementLeadsApp promotionSale

ဆိုပြီး Marketing objective 6မျိုးထဲကမှာ ဘယ် objective နဲ့ သွားမလဲအရင်စဉ်းစားသင့်ပါတယ်။ လူသုံးများ objective ဆိုရင်တော့ Engagement Objective လေးပါ။Engagement objective မှာ Post Engagement,Page like or Page Promote, Message ဆိုပြီးရှိသေးတယ်။

Post မှာ like, Comment, Share, Reaction အတွက်အဓိကရချင်ရင်တော့ Post Engagement လေးနဲ့သွားရပါမယ်။ Post Engagement ကလဲ ကိုယ် ရဲ့ Content writing ကောင်းရင်ကောင်းသလို ရောင်းရပါတယ်။

Page ကို like ပဲအဓိက ရချင်တယ်ဆိုရင်တော့ Page Promote လေးပြုလုပ်သင့်ပါတယ်။

ရောင်းအားတက်ဖို့ ဆိုရင် Page ရဲ့ Messenger မှာ အဝယ်စာတွေ ၊အမေးစာတွေ ရှိနေဖို့ လိုတာဖြစ်လို့ Message campaign လေးနဲ့ Run သင့်ပါတယ်။

ကိုယ်အနေနဲ့ ဘယ် လို့ လေး boost လုပ်မလဲဆိုတာ သေချာစဉ်းစားထားဖို့လိုအပ်ပါတယ်။

Campaign objective ကိုသေချာရွေးချယ်ပြီးဆိုရင် boost တဲ့အခါ မျိုးမှာအရေးကြီးဆုံးဖြစ်တဲ့ Audience အပိုင်းလေးကိုစနစ်တကျ တည်ဆောက်ရပါမယ်

Audience ပိုင်းတည်ဆောက်တဲ့အခါ မျိုးမှာ လဲ Location,Age , Gender, Details Targeting တွေပိုင်းကို စနစ်တကျပြင်ဆင်ထားရပါမယ်။

Location မှာဆိုရင်လဲ-ကိုယ်ရဲ့ product တွေကို မြို ပေါ်တွေပြသမယ်ဆိုရင် မြိုအလိုက်ရွေးချယ်ပြီးပြသသင့်သလို၊ ကိုယ်ရဲ့ product အနေနဲ့ မြိုရော နယ်ပါ သုံးလို့ရမယ်ဆိုရင်တော့ တနိုင်ငံလုံးရွေးချယ်လိုရပါတယ်။

Location ရွေးချယ်တဲ့အခါမျိုးမှာလဲ-
-People live or recent this location People live in this location People recent in this location People Traveling in this location
တွေကို စနစ်တကျရွေးချယ်သင့်ပါတယ်

အသက်အရွယ်ပိုင်းမှာလဲကိုယ်ရဲ့ product နဲ့ လိုက်မယ်အသက်အရွယ်ကိုရွေးချယ်သင့်ပါတယ်။

Detailed Targeting ဖြစ်တဲ့ Behaviors, Interests, Demographics အစရှိသဖြင့်ပေါ့လေ။ ဒီအချက်တွေကို Boost မလုပ်ခင်ထဲက ကိုယ့်ရဲ့ Market တွေက ဘယ်သူတွေကိုဦးတည်သလဲ ၊ ဘယ်သူတွေကို Target ထားရမလဲဆိုတာ ချရေးထားပြီး မှတ်ထားတာအကောင်းဆုံးပါ။ Boost တဲ့အခါကျ အဲ့ဒီ Data တွေကို ကြည့်ပြီး ကိုယ်ရွေးစရာရှိတာတွေရွေးလိုက်ရုံပါပဲ။

Campaign objective တွေ၊ Audience တွေ လုပ်ရုံနဲ့ ပြီးပြီးလားဆိုတော့မပြီးသေးပါဘူး ကြော်ငြာပြသတဲ့ အခါ ဘယ် placement နေရာမျိုးကို ရွေးချယ်ပြသမလဲအရေးကြီးပါတယ်

Placement မှာ ရွေးချယ်ခွင့် ၂ ခုပေးထားပါတယ်။ ✅Advantage+ placements
✅Manual Placement ပဲဖြစ်ပါတယ်။

ကျွန်တော်အ‌နေနဲ့ကတော့ Manual Placement ကိုပဲရွေးချယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်မပြချင်တဲ့နေရာတွေမှာ ပြပြီး ပိုက်ဆံအကုန်မခံချင်လို့ပါ။
ဥပမာအားဖြင့် Device Type လိုနေရာမျိုးမှာ မြန်မာနိုင်ငံအနေနဲ့ ဆို Facebook ကို Mobile နဲ့သုံးတာများတာမို့ Desktop လိုမျိုးသွားပြီးပြသနေမယ်ဆိုရင် ကျွန်တော်တို့ budget တွေက နှမြောစရာကောင်းပါတယ်

နောက်တခုက ပြသမယ့် platform အပိုင်းပါဗျကျွန်တော်တို့အနေနဲ့ လူသုံးနည်းတဲ့ platform တွေမှာကြော်ငြာမိမယ် ဆိုရင် ကြော်ငြာတွေအတွက် CPR မြင့်တဲ့ Instagram ဟာ ကျွန်တော်တို့ Budget တွေကို မလိုအပ်ဘဲ ဖြုန်းတီးပါလိမ့်မယ်။

အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်မိတ်ဆွေ။ မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့မန့်သွားပေးစေချင်ပါတယ်။ နောက်ထပ်လည်း ဗဟုသုတရစရာတွေတင်ဆက်ပေးသွားဦးမှာမို့လို့ စောင့်ကြည့်ဖို့မမေ့နဲ့နော်။

#ဇင်ကိုကိုဇော်



'သင်ကုန်ပစ္စည်းအတွက် ဝယ်သူမရှာပါနဲ့                                                  သင်ဝယ်သူအတွက် Product ရှာပါ"       ...
16/01/2023

'သင်ကုန်ပစ္စည်းအတွက် ဝယ်သူမရှာပါနဲ့

သင်ဝယ်သူအတွက် Product ရှာပါ"

Boost နေကျ audience အလုပ်မဖြစ်တော့ရင် ချိန်းလေးနည်းပြောင်းသုံးကြည်ပါပထမဆုံးချိန်းက တော့ လက်ရှိသုံးနေတဲ့ Audience ကိုချိန...
14/01/2023

Boost နေကျ audience အလုပ်မဖြစ်တော့ရင် ချိန်းလေးနည်းပြောင်းသုံးကြည်ပါ

ပထမဆုံးချိန်းက တော့ လက်ရှိသုံးနေတဲ့ Audience ကိုချိန်းပါ

အရင်တုန်းကလဲဒီ audience နဲ့ကျွန်တော်တို့သုံးတာပဲအခုကျမှ ဒီ audience က ဘာလို့အလုပ်မလုပ်ရတာလဲဆိုရင် လူတွေက အကြိုက်မျိုးဆုံးပြောင်းတတ်ပါတယ် အရင်က ဒီပစ္စည်း ဒီ ဟာကိုကြိုက်ချင်ကြိုက်ပါလိမ့်မယ် ကိုယ်တခါမှ မလုပ်ဖူးတဲ့ တခါမှမတွေးဖူးတယ် နယ်ပယ် Audience ကိုပြုလုပ်ကြည်ပါ။

ဒုတိယချိန်းကတော့ ကြော်ငြာချိန်းပါ

ဒီကြော်ငြာ ဒီ post ချည်းပဲထပ်ထပ်ခါ‌ကြော်ငြာနေမယ့် ထပ်ခါထပ်ခါပြသနေမယ့်ဆိုရင် ဒီကြော်ငြာကို ရေမချိုးတဲ့ ကြော်ငြာလို့ကျွန်တော်တို့ခေါ်ပါတယ်။ဥပမာအနေနဲ့ ကိုယ်က ပုံနဲစာနဲ့ပဲကြော်ငြာလေ့ရှိမယ်ဆိုရင် Video နဲ့စာ ကြော်ငြာကြည်မယ့်။ မဟုတ်ဘူး ကိုယ်က video နဲ့ပဲကြော်ငြာနေတာဆိုရင် ပုံနဲ့စာပြောင်း‌ကြော်ငြာကြည်ပါ သူမတူတဲ့ပုံစံတွေနဲ့ ‌ကြော်ငြာတွေပြောင်းကြော်ငြာရပါမယ်

တတိယ ချိန်းကတော့ Offer ကိုချိန်းပါ ကျွန်တော်တို့တွေပိတ်စ ရောင်းနေတာပဲဆိုရင်အဲပိတ်စနဲ့ငါဘာတွေ ထပ်ပေါင်းထည့်လို့ရမယ် ငါဘယ်လိုလေး Customer ကို လက်ဆောင်ပစ္စည်းပေးပြီး Offer မလား၊ဒါမှမဟုတ် discount တွေပေးမလားစသဖြင့် Customer ကို လိုချင်လာအောင် offer ချိန်းရပါမယ်

နံပါတ်၄ချိန်းကတော့ ကျွန်တော်တို့လုပ်ငန်းချိန်းပါ

အပေါ်က ပြောခဲ့သလို့ကျွန်တော်တို့ audience တွေချိန်းတယ်၊ကြော်ငြာတဲ့နည်းလမ်းတွေချိန်းတယ်၊Offer တွေချိန်း နေတာတောင်မှအဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့လုပ်ငန်းချိန်းရပါမယ်။ ဘာလို့ဆိုဒီလုပ်ငန်းက ကိုယ်နဲ့အဆင်မပြေလို့ ကိုယ်နဲ့မသင့်တော်နိုင်တာမို့ လုပ်ငန်းချိန်းကိုချိန်းရပါမယ် ။

ဒါဆို Boost နေကျ audience အလုပ်မဖြစ်တော့ရင် ဒီချိန်းလေးနည်းလေးကိုသုံးပေးပါဗျ။

ဟုတ်ကဲ့ပါ ကျွန်တော်ရဲ့ Study Note ထဲကနေပြီးတော့လူကြီးမင်းတို့အတွက်အဆင်ပြေမယ်နည်းလမ်းလေးတွေကို Sharing လုပ်ပေးမှာမို့ ဒီ page လေးကို like and follow လေးလုပ်ပေးဖို့မမေ့ကြနဲ့နော်

Engagement Objective နဲ့ Message Objective ကို ကိုယ်ရဲ့လုပ်ငန်းပေါ်မူတည်ပြီး ဘယ် objective ရွေးချယ်ပြီး အသုံးပြုသင့်လဲ?ဘ...
13/01/2023

Engagement Objective နဲ့ Message Objective ကို ကိုယ်ရဲ့လုပ်ငန်းပေါ်မူတည်ပြီး ဘယ် objective ရွေးချယ်ပြီး အသုံးပြုသင့်လဲ?

ဘယ် objective ရွေးချယ်သင့်လဲမရှင်းပြသေးခင်မှာ Objective ၂ခုရဲ့ အသုံးဝင်ပုံနဲ့ အလုပ်လုပ်ပုံလေးအကြောင်း အရင်ဆုံးပြောပြပေးချင်ပါတယ်။

Engagement Objective ‌က boost တဲ့အခါ ဘယ်လိုလေးအလုပ်လုပ်လဲ ဘယ်လိုလေးအသုံးဝင်လဲဆိုရင်တော့ ကိုယ်ရဲ့ page မှာတင်ထားတဲ့ post တွေကို like (all reaction), Comment, Share တွေ ကို post မှာအဓိက များများ ရချင်တဲ့အခါမျိုးမှာ အသုံးပြုလို့ရပါတယ်။ Ads Objective တွေမှာ Reach objective ပြီးရင် Engagement Objective ဒုတိယ Reach အများဆုံးရရှိတဲ့ objective လေးပဲပါ။ရွေးချယ်ထားတဲ့ Audience တွေ့ရဲ့ Newfeed မှာကြော်ငြာတဲ့အခါမျိုးမှာ လဲ post like တွေများနေတာဖြစ်တဲ့အတွက် Customer ယုံကြည်မူပိုရစေပါတယ်။

Message Objective ဒီ objective လေးအနေနဲ့ကတော့ ကိုယ်ရဲ့ page ရောင်းအားကျနေတဲ့အခါမျိုးမှာ Message ကနေ ကိုယ်ရဲ့ product, service တွေကိုဝယ်နိုင်ချေရှိတဲ့ customer တွေဆီ ကို ပြပေးတဲ့နေရာမှာ အသုံးပြုရတဲ့ objective လေးဖြစ်ပါတယ်။အဓိက Messages Objective အနေနဲ့ ရောင်းအားတက်ဖို့ အဓိက အသုံးပြုရပါတယ်။

Engagement Objective ပဲသုံးသုံး၊ Message Objective ပဲသုံးသုံး customer ဆီကိုယ်ရဲ့ ကြော်ငြာပြတဲ့အခါ customer ဆီ ဆွဲဆောင်မူရှိစေတဲ့ content, photo, Video တွေက အစ ကိုယ်ပေးနိုင်တဲ့ ဝန်ဆောင်မူ စတဲ့အချက်လေးတွေကလဲ customer ဆွဲဆောင်နိုင်အောင်ပြင်ဆင်ထားရပါမယ်။

ကိုယ်အနေနဲ့ budget နိုင်မယ်ဆိုရင် Engagement ရော Message ရောဘု လုပ်သင့်ပါတယ်။ Message အနေနဲ့ Engagement ထက်တော့ ကုန်ကျစရိတ် အနည်းငယ် ပိုတာမို့ ကိုယ်လုပ်ငန်းအနေနဲ့ like လိုချင်တာလာ ရောင်းအားတက်ဖို့လားဆိုတာ စနစ်တကျ ဆုံးဖြတ်ရွေးချယ်သင့်ပါတယ်။

စာလေးလဲနည်းနည်းရှည်သွားပြီးဖို့ page နဲ့ပတ်သက်တာလေးတွေမျှဝေပေးမှာမို့ like and share လေးပြုလုပ်ပေးသွားကြပါအုန်းနော်

#‌ဇင်ကိုကိုဇော်

Customer တွေဘာကြောင့် Online ပေါ်ကနေ ဈေးဝယ်ကြတာလဲ?ကျွန်တော်တို့အနေနဲ့အခုနောက်ပိုင်း online ပေါ်ကနေ customer တော်တော်များ...
10/01/2023

Customer တွေဘာကြောင့် Online ပေါ်ကနေ ဈေးဝယ်ကြတာလဲ?

ကျွန်တော်တို့အနေနဲ့အခုနောက်ပိုင်း online ပေါ်ကနေ customer တော်တော်များများဟာ ဈေးဝယ် ရတာကိုကြိုက်လာကြပါတယ်။

Online ပေါ်ကနေ ဈေးဝယ်ရတာ ဘာကြောင့် customer တော်တော်များကြိုက်နှစ်သက်လာရတာလဲဆိုတာ အချက် ၅ချက်ကြောင့်ကြိုက်နှစ်သက်လာကြတာပါ။

Customer တွေ online ပေါ်ကနေ ဈေးဝယ်တာကြိုက်နှစ်ရတဲ့အချက်တွေက-

1. Comparison Shopping (ယှဉ်ပြိုင်ပြီး ဝယ် သုံးရတာကြောင့်)

လူသဘာဝ က ယှဉ်ပြိုင်ရတာကိုကြိုက်နှစ်သက်ကြပါတယ်။ယှဉ်ပြိုင်ရတာကြိုက်နှစ်သက်ကြတဲ့ customer တွေအနေနဲ့ လဲ online ပေါ်မှာ ရွေးချယ်စရာအများကြီးတွေထဲကမှ ယှဉ်ပြိုင်ပြီးဝယ် သုံးရတာမို့

2. Wider Selection (အသစ်သစ်သော ရွေးချယ်စရာတွေဖန်တီးပေးထားပါ)

Customer တွေက ယှဉ်ပြိုင်ပြီး ဝယ်ယူရတာ သဘောကြတဲ့ သူတွေမို့ လုပ်ငန်းရှင်များ အနေနဲ့လဲ ကိုယ်လုပ်ငန်းမှာ product တခုမက ရွေးချယ်ဝယ်ယူအားပေးနိုင်အောင် Service ပိုင်းဆိုရင်လဲ အသစ်သစ်တွေ ဖန်တီးထားပေးဖို့ ‌လိုအပ်ပါတယ်။

3. Better Price ပိုပြီးသက်သာတဲ့ ဈေးနှုန်း

Customer တွေအနေနဲ့ အပြင်မှာဈေးဝယ်တာ ထက် Online ပေါ်မှာဈေးဝယ်ရတာ ဈေးနှုန်းသက်သာ လောက်မယ့်လို တွေးတတ်ကြပါတယ်။

Customer တွေအတွက် ပေးရတဲ့ ဈေးနှုန်း သက်သာအောင်ဖန်တီးထားနိုင်ဖို့နဲ့ ပေးရတဲ့နှုန်းနဲ့ ပြန်ရတဲ့ အရာ ပိုကောင်းဖို့ လုပ်ငန်းရှင်များဘက် က ဖန်တီးပေးထားရပါမယ်။

4. Review From Other Shoppers

Page တွေအနေနဲ့ Review တခုခု ရအောင် လုပ်ခိုင်းသင့်ပါတယ်။ Customer တွေအနေနဲ့ ရှေ့က ဝယ်ယူသုံးစွဲခဲ့ တဲ့ သူတွေရဲ့ review လေးတွေကြည်ပြီးလဲ ဈေးဝယ်တတ်ကြပါတယ်

5.Save Time (အချိန်ကုန်သက်သာလို့)

Customer တွေအနေနဲ့ online ပေါ်ဈေးဝယ်ရတာဟာသူတို့ရဲ့ အချိန်တွေကို ကုန်တာ သက်သာစေလို့ပါ။ယနေ့ Digital ခေတ်ကြီးမှာ online ပေါ် လိုချင်တာ မှန်သမျှ အချိန် ကုန် သက်သက်သာသာနဲ့ရရှိနိုင်လို့ပဲဖြစ်ပါတယ်။

အဲဒီအချက်၅ချက်တွေကြောင့် customer တွေအနေနဲ့ online ပေါ်ကနေ ဈေးဝယ်ကြတဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်

Address


Telephone

+959978749865

Website

Alerts

Be the first to know and let us send you an email when P.T.S - Digital Marketing Consultant & learning Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to P.T.S - Digital Marketing Consultant & learning Academy:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share