အေကေဆောင်း

  • Home
  • အေကေဆောင်း

အေကေဆောင်း ဘဝကိုအေတြးဖန္တီးသည္

05/06/2024

#အလွမ်း
and Poem.
Poem by Ak song
The World that is Crucified by the Leaves.Collection of Modern Poems.
#သစ်ရွက်တွေကားစင်တင်ထားတဲ့ကမ္ဘာခေတ်ပေါ်ကဗျာစုစည်းမူ.
Lyric Vocal-Ak Song
Music -Online Back ground Music
Song
#အေကေဆောင်း
#
The World that is Crucified by the Leaves.
Collection of Modern Poems
သစ်ရွက်တွေကားစင်တင်ထားတဲ့ကမ္ဘာ
ခေတ်ပေါ်ကဗျာစုစည်းမူ

05/06/2024

နေသာတဲ့နေ့တစ်နေ့..
Music and Poen
Poem writer-Aksong
The World that is Crucified by the Leaves.
Collection of Modern Poems
သစ်ရွက်တွေကားစင်တင်ထားတဲ့ကမ္ဘာ
ခေတ်ပေါ်ကဗျာစုစည်းမူ
အေကေဆောင်း
Lyric vocal-AkSong
Music by Online Background Music.

29/05/2024

ပကာသနဇာတ်ပျက်သမား

29/05/2024
27/05/2024

Song Name-လှတာထက်ပိုလှတယ်
Composer -အေကေဆောင်း(Ak Saung)
Singer -စိုင်းခန့်.(Sai Khant)
Band-G clef
Studio-Soe Moe
Mixing and Mastering -Soe Moe
Script and Director. အေကေဆောင်း(AkSaung)
Dop-phoe Thar(Hnine Wai Wai)
Editing. Phoe Thar(Hnine Wai Wai)
Cast. Sai Khant.Moe Set.Aung Zin Phyo.ThLagacy MusicYoutuble Channel..၊
https://youtu.be/X7_YJwq9jIg?si=LlMRNg4kH6ZQp0N2

Imagime Music Channel (Youtuble)
https://youtu.be/0MXNXgD6qe8?si=56UruLr0-x4G-Orl

Flow Music for Myanmar app
https://open.flow.com.mm/oP9UZHguKJb

Flow Music channel (Youtuble)
https://youtu.be/iv6dd4VRED8?si=x8dKcTZaJpmXddNA

International Streaming Platforms /နှင့်တကွ
ဖုန်း.အော်ပရေတာ Ringtune / တွေမှာကြည့်ရူခံစားနားဆင်နိုင်ဖို့ဖြန့်ချီလိုက်ပါ​ပြီနော်...။
အားပေးကြပါအုံး....။

အမတ်ကြီးနဲ့ဘုရင့်သားဟာတစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ့ချောင်းတစ်ခုနားကိုရောက်တော့ ....အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့....အ...
23/05/2024

အမတ်ကြီးနဲ့ဘုရင့်သားဟာ
တစ်နေ့တော့ တိုင်းခန်းလှည့်
လည်လာရင်းနဲ့ချောင်းတစ်ခုနားကို
ရောက်တော့ ....

အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့....
အဲဒီအ၀တ်ပုံမှာ အပေါ်၀တ်အက်ျီ
တစ်ထည်နဲ့ ပုဆိုးအစုတ် နှစ်ထည်ကို တွေ့ပါတယ်။

ဘုရင့်သားက စုတ်ပြတ်နေတဲ့
အ၀တ်ပုံကိုကြည့်ပြီးတော့
"အမတ်ကြီးကြည့်ပါ"...,

ဒီအ၀တ်ပုံဟာ
ဆင်းရဲသားတစ်ယောက်ရဲ့
အ၀တ်ပုံ ဖြစ်ရမယ်...

အ၀တ်တွေဒီနားမှာ
ထားသွားတာကိုကြည့်ရတာ
သူရေချိုးနေပုံရတယ်"...

အမတ်ကြီးက ပြုံးနေတယ်...
ဘုရင့်သားကပဲ " အမတ်ကြီး
ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့
အ၀တ်တွေကို ဖွက်ထားပြီး
ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်
နေရရင် မကောင်းဘူးလား...

သူတက် လာလို့
အ၀တ်တွေပျောက်သွားတာကို
မြင်ရင်တော်တော် ရယ်စရာကောင်းတဲ့
ပြရုပ်ဖြစ်နေမှာ ".....

အမတ်ကြီးက မင်းသားအား...

"အရှင့်သား "
လူတစ်ဦးတစ်ယောက်ရဲ့
Oမ်းနည်းပူဆွေးနေမှုကို ကြည့်၍ ...

ပျော်နေတယ်ဆိုတာ သူတော်ကောင်း
တွေမဟုတ် တကယ်လို့ အရှင့်သား
အနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်".....

အမတ်ကြီးက ရွှေပြား ၂ ပြားအား
မင်းသားကို ထုတ်ပေးလေသည်...

မင်းသားက အမတ်ကြီးအား
နားမလည်သလိုကြည့်၏...

အမတ်ကြီးက " အရှင့်သား "...

ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အ်ိပ်ကပ်နှစ်ခုမှာ
တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ"....

မင်းသားလဲ သွားထည့်လိုက်၏။
ထို့နောက် သူတို့ နှစ်ဦးသစ်ပင်
အကွယ်တွင်စောင့်ကြည့်နေကြသည်..

မကြာမီဆင်းရဲသားရေထဲမှ
ပြန်တက်လာသည်။

အရင်ဆုံး ပုဆိုးကို ရေလဲပြီး
၀တ်လိုက်သည်။ထို့နောက်
အင်္ကျီကို ကောက်ဝတ်လိုက်သည်...

ပြီးနောက် အကျီ်အိတ်ထဲ
တစ်ခုခု ရှိနေသလို ခံစားမိသဖြင့်
လက်နှိုက် လိုက်လေသည်။

ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကို တွေ့သည်။

သူအရမ်းပျော်မြူးသွားသည်။
မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏
ကိုက်ကြည့်၏။

ဆင်းရဲသားကား ပျော်ရွှင်မြူးတူးနေ၏...

ထို့နောက်ပြန်လှည့်အထွက်မှာ
နောက်အိတ်ကပ် တစ်ခုလေးနေ
သည်ကို သတိထားမိ၏။

လက်နှိုက် ကြည့်ပြန်၏။
ရွှေပြားတစ်ပြားထွက် လာပြန်၏။

ထိုအချိန်တွင် ဆင်းရဲသားက
မြေကြီးပေါ် ဒူးထောက် ထိုင်ချပြီး
လက်အုပ်ချီကာ ကောင်းကင် မော့၍ "..

အို အကျွန်ုပ်အား ဖေးမကူညီကြသော
နတ်ဒေဝါ အပေါင်းတို့ ...

အကျွန်ုပ်အိမ်တွင် နေမကောင်း
ဖြစ်နေသော ကျွန်ုပ်အမေအား
အသင်တို့ စောင့်ရှောက်ပေး၏...

စားစရာမရှိသောကြောင့်
အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊...

သင်တို့အား အထူးကျေးဇူးတင်ပါ၏"...
ဟုဆိုကာ ဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာ
ပြန်သွားလေသည်....

ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သား
မျက်ရည်ကျ၏။ အမတ်ကြီးကား
ပြုံးနေ၏။မင်းသားက " အမတ်ကြီး
ယနေ့ ကျွန်တော့်အား မမေ့နိုင်တဲ့
သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ ဟုပြော၏...

အမတ်ကြီးက "အရှင့်သား လူတွေကို
ဒုက္ခပေးပြီးမှ ပျော်ရတာထက် ...

"သုခ"ပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် ...

လှတာထက်ပိုလှတယ်..ဆိုတဲ့စိုင်းခန့်ရဲ့သီချင်းကလေးကိုLagacy MusicYoutuble Channel..၊https://youtu.be/X7_YJwq9jIg?si=LlMRNg4...
20/05/2024

လှတာထက်ပိုလှတယ်..ဆိုတဲ့စိုင်းခန့်ရဲ့သီချင်းကလေးကိုLagacy MusicYoutuble Channel..၊
https://youtu.be/X7_YJwq9jIg?si=LlMRNg4kH6ZQp0N2

Imagime Music Channel (Youtuble)
https://youtu.be/0MXNXgD6qe8?si=56UruLr0-x4G-Orl

Flow Music for Myanmar app
https://open.flow.com.mm/oP9UZHguKJb

Flow Music channel (Youtuble)
https://youtu.be/iv6dd4VRED8?si=x8dKcTZaJpmXddNA

International Streaming Platforms /နှင့်တကွ
ဖုန်း.အော်ပရေတာ Ringtune / တွေမှာကြည့်ရူခံစားနားဆင်နိုင်ဖို့ဖြန့်ချီလိုက်ပါ​ပြီနော်...။
အားပေးကြပါအုံး....။

Song Name-လှတာထက်ပိုလှတယ်
Composer -အေကေဆောင်း(Ak Saung)
Singer -စိုင်းခန့်.(Sai Khant)
Band-G clef
Studio-Soe Moe
Mixing and Mastering -Soe Moe
Script and Director. အေကေဆောင်း(AkSaung)
Dop-phoe Thar(Hnine Wai Wai)
Editing. Phoe Thar(Hnine Wai Wai)
Cast. Sai Khant.Moe Set.Aung Zin Phyo.Thwin

ကိုယ်တွေ့နိုင်ငံရေး__________________________________                                     အေကေဆောင်းတံဆိပ်အတုနဲ့ရုပ်ပြပဲ...
18/03/2024

ကိုယ်တွေ့နိုင်ငံရေး
__________________________________
အေကေဆောင်း

တံဆိပ်အတုနဲ့ရုပ်ပြပဲကောင်းတယ်
ဆေးသေနေတဲ့ဆေးလိပ်
ဘာအစာမှလည်းမပါဘူး
ဟန်ဆောင်ကောင်းလွန်းတဲ့မီးခိုးအငွေ့တွေကလည်း
သဲလွန်စတွေကို
ဒီအတိုင်း...အူပင်တွေလိုအရစ်လိုက်အခွေလိုက်
ဦးခေါင်းလည်းကျိူးသွားပြီ
ခါးလည်းနာလှပြီ
အရိူက်ထဲရောဂါကိုဆက်သွင်းနေရ.......။

သစ်ရွက်တွေကားစင်တင်ထားတဲ့ကမ္ဘာ
ခေတ်ပေါ်ကဗျာစုစည်းမူ
The World that is Crucified by the Leaves.
Collection of Modern Poems.

သံယောဇဉ်___________________________                            အေကေဆောင်းပိတောက်တွေပွင့်တော့မယ် ကွယ်ပိတောက်တွေနှစ်ဆက်ပြည...
13/03/2024

သံယောဇဉ်
___________________________
အေကေဆောင်း

ပိတောက်တွေပွင့်တော့မယ် ကွယ်

ပိတောက်တွေနှစ်ဆက်ပြည့်တော့မှပြန်လာတော့မှာလား

မျက်ဝန်းပေါ်ကမှတ်စုတို

ဘဝဓလေ့ထုံးတမ်းသောကရိပ်များ

ရေစိမ့်အိုးလေးခမျာကြိုးခွေရစ်နေရ။

11/03/2024

ဂရုစိုက် ကြင်နာတယ်မမှတ်လေနဲ့😝

10/03/2024

ဖော်ကောင်လုပ်မဲ့သူကို..သတိထားကြ.😜

Video ဖန်တီးသူအား Credit ပေးပါသည်။

များများသိနည်းနည်းပြောပြောသလောက်အနှစ်ရှိတယ်။နည်းနည်းသိများများပြောပြောသလောက်အနှစ်မရှိဘူး။                             အေ...
09/03/2024

များများသိနည်းနည်းပြော
ပြောသလောက်အနှစ်ရှိတယ်။
နည်းနည်းသိများများပြော
ပြောသလောက်အနှစ်မရှိဘူး။

အေကေဆောင်း

29/02/2024

လေလွငွခြင်းလမ်းမများ

လူတွေ၏စရိုက်လက္ခဏာ၊အတွေးအခေါ်ယဥ်ကျေးမူအရချစ်ခြင်းမေတ္တာအပေါ်ထားသောသဘောထားနှင့်ခံစားချက်များကွဲလွဲနိုင်ပါသည်။ကျွန်တော့်ဘေ...
29/02/2024

လူတွေ၏စရိုက်လက္ခဏာ၊အတွေးအခေါ်
ယဥ်ကျေးမူအရ
ချစ်ခြင်းမေတ္တာအပေါ်ထားသောသဘောထားနှင့်ခံစားချက်များကွဲလွဲနိုင်ပါသည်။

ကျွန်တော့်ဘေးတွင်ကောင်လေးတစ်ယောက်ဝင်ထိုင်သည်။သူ့ကောင်မလေးဆီကတယ်လီဖုန်းဝင်လာသည်..။သူတို့ချင်းအပြန်အလှန်ပြောဆိုနေကြသည်ကိုကျွန်တော်ကြားနေရသည်။

ကောင်မလေးည်ကောင်လေးအလိုမကျ
သည့်စကားမျိုးပြောလိုက်ဟန်တူပါသည်။
ကောင်လေးဆီမှအမျိုးစုံအောင်ဆဲဆိုကြိမ်းမောင်းသည့်စကားလုံးတွေချည်းထွက်ကျလာသည်..။မကြားဝံ့မနာခံသာဆဲနည်းတွေဖြင််.့ခံပြင်းစရာကောင်းလှသည်။

ကောင်မလေးသည်ဘာမှအထူးဆန်းဖြစ်ဟန်မတူပါ..။ကောင်လေးဆီမှ အလိုမကျလျင်အလိုမကျသလို.ရုတ်ရင်းကြမ်းတမ်းသည့်စကားလုံးတွေကို မကြာခဏ
လက်ဆောင်ရခဲ့သည်ဆိုတာသေချာပါသည်။ကျွန်တော်ကိုယ်တိုင်ပင်.၂ကြိမ်
၃ကြိမ်ကြားဖူးခဲ့လေပြီ..။

ကျွန်တော် သည်တစ်ခါက..ရွက်ဝါလေးကိုသတိရမိသွားသည်။
သူ့မ၏နာမည်အားအဖျားဆွတ်ပြီးခေါ်ဆိုသုံးနူန်းခဲ့သော်လည်း၊
တစ်ရက်သားကတော့..ဘယ်လိုခံစားချက်ကြောင့်ရယ်မသိ..၊"မင်း.."ဟုစာရေးမိလိုက်သည်။
ဘာတစ်ခုမှစိတ်အခန့်မသင့်တာမျိူးမရှိပါပဲ၊ခံစားချက်တစ်မျိုးဖြင့်
ရိုးရိုးသားသား.မင်း.လို့ရေးမိခြင်းအား
ရွက်ဝါက.ခံစားသည်။သူမကျွန်တော့်အား
ဝမ်းပမ်းတနည်းနဲ့.Replyပြန်လာတာက"မင်းတဲ့"ဆိုတဲ့စာကြောင်းလေးပင်...။

ကျွန်တော် တွေးမိပါသည်။ချစ်ခြင်းမေတ္တာဟူသည်ကားလှပပါသည်။နူညံ့ပါသည်။
လူတွေ၏စရိုက်လက္ခဏာ၊အတွေးအခေါ်
ယဥ်ကျေးမူအရ
ချစ်ခြင်းမေတ္တာအပေါ်ထားသောသဘောထားနှင့်ခံစားချက်များကားကွဲလွဲနိုင်ပါသည်။

အေကေဆောင်း

26/02/2024

ဆိုတာကိုသည်းခံနားထောင်စေချင်ပါတယ်။
ဒီမိုအကြမ်း.ပါ..။ဝယ်ယူသီဆိုလိုပါက..ဆက်သွယ်နိူင်ပါသည်..။

Akဆောင်း
09961961706

26/02/2024

"နွေဦး.."

ကောက်ကနဲ..ကိုယ့်ရှေ့မှာကြွေကျလာတဲ့
ရွက်ဝါကလေးကိုကြည့်ပြီး..
နှလုံးသားထဲနင့်ကနဲ.... ။
သြော်......
အဲ့ဒါ... မင်းမှမဟုတ်တာ...။

အေကေဆောင်း

ပြန်စာမလာ.တော့တဲ့မေတ္တာမှာ  "  စွန်.."ကလေး..ခြေရာမဲ့ရပါကြောင်း...ကောင်းကင်ဟာ.....ခြေလွန်လက်လွန်ဖြစ်ပြီး...မှောက်ကျသွားဟန...
23/02/2024

ပြန်စာမလာ.တော့တဲ့မေတ္တာမှာ
" စွန်.."ကလေး..ခြေရာမဲ့ရပါကြောင်း...
ကောင်းကင်ဟာ.....
ခြေလွန်လက်လွန်ဖြစ်ပြီး...မှောက်ကျသွားဟန်တူပါရဲ့
အရှက်ရယ်....
ကိုယ့်မှာ......
တကယ်အကျိူးနဲရတယ်.....။

အေကေဆောင်း

ဖြစ်နိုင်လျင်.တစ်ခါတစ်ရံ၌.ကျွန်တော်. သည်ပန်းမိုးများရွာချလိုက်ချင်ပါသည်...။ဤသို့ပင်ဆန္ဒပြုဘူး၏.။သို့သော်...ကျွန်တော် သည်...
22/02/2024

ဖြစ်နိုင်လျင်.တစ်ခါတစ်ရံ၌.
ကျွန်တော်. သည်ပန်းမိုးများရွာချလိုက်ချင်ပါသည်...။ဤသို့ပင်ဆန္ဒပြုဘူး၏.။
သို့သော်...ကျွန်တော် သည်..ဤမျှမစွမ်းခဲ့...။မပြည့်ဝခဲ့။
အကယ်၍.. ရွာချခဲ့ပါကလည်း..ကျွန်တော်သည်လူကြီးမင်းတို့ကို..ကျိူးနွံစွာဆက်ဆံပါလိမ့်အုံးမည်။
ကျွန်တော်ချစ်သော.ချစ်ရသူကိုလည်းကောင်း.....။

အေကေဆောင်း

22/02/2024

တစ်ခါကသူ့အချစ်ကို
ကျွန်တော့်နှလုံးသားထဲထည့်ပြီး
ချူံးပွဲချ ငိုပစ်လိုက်သည်.....။ကျွန်တော်..တကယ်ငိုချပစ်လိုက်သည်...။ကျွန်တော်သည်ပစ္စုပ္ပန်ကိုသတိမရပါ။

သည်နေရာလေးတော့..သူခံစားရရှာမှာပဲ၊သည်အပြုအမူလေးတော့.သူနာကျင်ရှာမှာပဲ...၊
သူ့ဓာတ်ပုံလေးကပါးပြင်လေးကိုပွတ်ပြီးကျွန်တော်ငိုသည်..။ကျွန်တော် လှတာကိုသတိရပြီးငိုသည်။
ကျွန်တော် မလှတာကိုသတိရပြီးကျွန်တော်ငိုသည်။
အဘယ်သို့သောအကြောင်းကြောင့်..သူသည်တင်းမာပြတ်သားနိုင်ရလေသနည်း.?။သူ့အချစ်၏အနှစ်သာရကို
ကျွန်တော်သိမြင်ခံစားရ၍.ကျွန်တော်ဤမျှအညံ့ခံနေသည်ကို...ငြင်းဆန်၍
မရစကောင်းဟု.ကျွန်တော် ယူဆပါသည်။
ကျွန်တော် သည်..သူ၏အချစ်ကြွေးကိုဆပ်၍သော်လည်းကောင်း၊ကျွန်တော်၏ချစ်ခြင်းမေတ္တာကိုဟုတ်မှန်ကြောင်းထုတ်ပြ၍သော်လည်း
ကောင်း၊ချစ်၍ချစ်စေလိုသည်ကတစ်ကြောင်း၊
ကြိုးစားခဲ့ပါသည်။....
အကယ်စင်စစ်..သူ့နှလုံးသားထဲ၍.ကျွန်တော်. မသေဆုံးသေးပါက..အမှန်တရားသည်နောက်မကျသေးဟု
ကျွန်တော် မြင်ပါသည်။သုံးသပ်ပါသည်။
သို့သော်...ကျွန်တော် တို့အမှန်တကယ်ဝေးသွားကြပါသည်...။

အေကေဆောင်း

19/02/2024

ဆင်းရဲတာဟာ...ပြသနာမဟုတ်ဘူး
မင်း...ဆင်းရဲခြင်းထဲမှာ...ဆက်နေ.တာကမှပြသနာ...

နောက်ကျတာဟာ..ပြသနာမဟုတ်ဘူး
ဘာမှမလုပ်ပဲနေ.....တာကမှပြသနာ.....။

လမ်းပျောက်တာက...ပြသနာမဟုတ်ဘူး
လမ်းသစ်မဖောက်နိုင်တာကမှ.တကယ့်ပြသနာ....။

လှဲကျသွားတာဟာ...ပြသနာမဟုတ်ဘူး
မင်း...ပြန်မထနိုင်တာကမှ...ပြသနာ....။

စဥ်းစားခြင်းဟာ...အချိန်ဖြုန်းတာမဟုတ်ဘူး
စဥ်းစားရင်း..တွေဝေနေတာကမှ..အချိန်ဆုံးတာ

ခက်ခဲတယ်ဆိုတာကပြသနာမဟုတ်ဘူး
အခက်ခဲကိုအရည်အချင်းအဖြစ်မပြောင်းလဲနိုင်တာကမှ
ပြသနာ........။

အေကေဆောင်း

18/02/2024

ကျွန်တော့်ထံ၌တစ်စုံတစ်ရာအပြစ်ရယ်မရှိပါက
ကျွန်တော် သူမကိုမေ့နိုင်ကောင်းပါလိမ့်မည်..။
ဖြေသာပါလိမ့်မည်..။
ယခုမူကား၊ ကျွန်တော် သည် အပြစ်နှင့်တကွ.သူမကိုလွမ်းဆွတ်နေမိသည်။နာကျင်စွာ၊ဝမ်းနည်းစွာ၊
အက်ကွဲစွာ...။ဤလောက၌.အကြောင်းနှင့်ကင်းသော
ကိစ္စဟူသည်မရှိ..။.

အေကေဆောင်း

18/02/2024

💓👨‍💼💓👨‍💼💓👨‍💼💓👨‍💼💓

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ်
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တချို့ နာကျင်ခြင်းတွေဟာ..
တချို့တိုက်ခိုက်မှုတွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်းကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ဖြစ်လာတာ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."

အရှင်စန္ဒောဘာသ
Photo;credit.

14/02/2024

သဘောကျတယ်ဗျာ...😊
မူရင်း Video ကို ခရက်ဒစ် ပေးပါတယ်

14/01/2024

Head Voice ကြမ်းချက်ပါပဲဖြူဖြူ..

."အဝါရောင်ည"အထူးအားဖြင့်          မင်းကိုလွမ်းရတာ သိပ်လှတဲ့ညပေါ့           မင်း...ဘယ်တယ်လီဖုန်းနံပါတ်တွေကိုခေါ်နေမလဲဘယ် ...
27/11/2023

."အဝါရောင်ည"

အထူးအားဖြင့်
မင်းကိုလွမ်းရတာ သိပ်လှတဲ့ညပေါ့
မင်း...ဘယ်တယ်လီဖုန်းနံပါတ်တွေကိုခေါ်နေမလဲ
ဘယ် ပန်းတွေနဲ့မွှေးကြူနေမလဲ....
ပြီးတော့...ဘယ်သူ့နာမည်နဲ့ အသက်ရူနေမလဲ......"လ."နဲ့အတူ..
နှလုံးသားထဲထိန်ထိန်.."ဝါ".လို့....။

အေကေဆောင်း."

နေသာတဲ့နေ့တစ်နေ့အချစ်သည်ငါ့နံဘေးမှာလျိူ့ဝှက်စွာလှဲလျောင်းနေ၏လူသူမသိတဲ့ပြတင်းပေါက်ကနေ ငါမြင်နေရတယ်စံပယ်ထက်နုတဲ့အနမ်းနဲ့ဒီ...
18/11/2023

နေသာတဲ့နေ့တစ်နေ့

အချစ်သည်
ငါ့နံဘေးမှာ
လျိူ့ဝှက်စွာလှဲလျောင်းနေ၏
လူသူမသိတဲ့ပြတင်းပေါက်ကနေ ငါမြင်နေရတယ်
စံပယ်ထက်နုတဲ့အနမ်းနဲ့
ဒီနေ့...တိမ်တွေလှနေတာ
သူနဲ့မကင်းဘူး.......။

အေကေဆောင်း
သစ်ရွက်တွေကားစင်တင်ထားတဲ့ကမ္ဘာ
ခေတ်ပေါ်ကဗျာစုစည်းမူ
The world that is Crucified by the Leaves.
Collection of Modern Poems.

သူ့အချစ်ကို...ကျွန်တော်အပိုင်ရလိုက်တယ်လို့အထင်မှားခဲ့ဘူးတယ်..တကယ်တော့.......ဒီလောကကြီးမှာ...ဘယ်သူ ကမှ...ဘယ်သူ့ဆီက...အပို...
23/10/2023

သူ့အချစ်ကို...
ကျွန်တော်အပိုင်ရလိုက်တယ်လို့အထင်မှားခဲ့ဘူးတယ်..
တကယ်တော့.......
ဒီလောကကြီးမှာ...
ဘယ်သူ ကမှ...ဘယ်သူ့ဆီက...အပိုင်မရခဲ့ကြဖူးပါဘူး.။

အေကေဆောင်း

နိူင်းဆချင့်ချိန်ခြင်း၊ကျိူး​ကြောင်းပေါ်အခြေခံပြီးဆက်စပ်ယှဥ်တွဲစဥ်းစားလို့..ရလာတဲ့..ယုံကြည်မူ မယုံကြည်မူဟာ ခံစားသိမဟုတ်ဘ...
12/10/2023

နိူင်းဆချင့်ချိန်ခြင်း၊ကျိူး​ကြောင်းပေါ်အခြေခံပြီးဆက်စပ်ယှဥ်တွဲစဥ်းစားလို့..ရလာတဲ့..ယုံကြည်မူ မယုံကြည်မူ
ဟာ ခံစားသိမဟုတ်ဘူး ။

ခံစားအသိမှာတောင်...
ခံစား.+. အသိ .=ခံစားအသ်ိဆိုတဲ့အတိုင်း
သူ့မှာလည်း.ဒီလိုခံစားပြီးအသ်ိလိုက်ဖို့.အကြောင်းရှိတယ်..။အကြောင်းမကင်းပြန်ဘူး..။ပညာဖြစ်ဖို့ပဲလိုတယ်

။ဆိုလိုချင်တာက..အမှန်တရားဆီရောက်အောင်..ချဥ်းကပ်တတ်မူကိုပြောချင်တာပါ...။လေ့လာမူ၊စူးစမ်းဆင်ခြင်မူဆိုတဲ့အပိုင်း.လေးတွေတော့ရှိသေးတာပေါ့နော်
ဆင်ခြင်တယ် သုံးသပ်တယ်ဆိုတာ.ပညာကပြဌာန်းပေးတယ်...။ခံစားသိမှာလည်းအဆင့်ဆင့်ရှိပါတယ်...။

လူတစ်ယောက် ရဲ့အသားအရည် မည်းတာဖြူတာ၊
ဆံပင်ကောက်တာ၊ဖြောင့်တာ ကိုကြည့်ပြီး ကောက်ချက်ချတဲ့ခံစားသိမျိူးကတော့ပညာဆီရောက်အောင်မသွားနိူင်ဘူး.....။ကျိူးကြောင်းကင်းနေတယ်ပေါ့။.ဥပမာ.ဓာတ်ပုံတစ်ပုံရဲ့အရည်အသွေးကိုကြည့်ပြီး
အပြင်မှာ.တကယ် လှမလှ.ကောက်ချက်ချလိုက်လို့မရတာမျိူးပေါ့....။လူတစ်ယောက်ရဲ့ ပုံရိပ်တိုင်းဟာ.အမှန်တွေချည်းလို့ယူဆလို့မရတာမျိူး........။

လူ့စိတ်ရဲ့အတွင်းသဘောတွေဟာ.ချောက်ကမ်းပါးနက်နက်ကြီးတွေလိုပါပဲ...။ဒါကိုမြင်တတ်တဲ့သူတွေက.ရှားပါတယ်..။အကောင်းဆုံးခြေရာခံတတ်ပြီဆိုရင်..ခံစားသိဆိုတာကလည်းအားကောင်းလာတတ်ပါတယ်..။

တစ်ခါတလေမှာ စကားလုံးတွေဟာ လူတစ်ယောက် ရဲ့
အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်နေတတ်တယ်..ဆိုတဲ့
အဂ်လိပ်ဒသနဆရာတစ်ယောက်ပြောခဲ့ဘူးတာသွားသတိရတယ်...။

အေကေဆောင်း

စတိတ်စင်ပေါ်ကကျကွဲသွားတဲ့ဖန်ပြောင်းတွေလို..နားမလည် နိူင်ခြင်းတွေ...အာမေဋိတ်သံထွက်တယ်..သစ္စာတရားဆိုတာကိုလင်းသုန်ပြောသလို....
10/10/2023

စတိတ်စင်ပေါ်ကကျကွဲသွားတဲ့ဖန်ပြောင်းတွေလို..
နားမလည် နိူင်ခြင်းတွေ...အာမေဋိတ်သံထွက်တယ်..
သစ္စာတရားဆိုတာ
ကိုလင်းသုန်ပြောသလို. နောက်လူမတွေ့ခင်ပြောတဲ့စကားထင်ပါရဲ့..ခင်ကျွန်တော့်ကိုမုန်းသွားပါပြီတဲ့...
ဟုတ်ပါတယ်..ခင်ကျွန်တော့်ကိုမုန်းသွားပါပြီ....

ဘဝတစ်ပါးကိုကူးပြောင်းသွားပြီဖြစ်တဲ့အိမ်မက်ကလေးနောက်ကို.ခြေရာလိုက်ကောက်ရင်း....သွေးရဲသံရဲ....

ကမ္ဘာဟာလုံးဝန်းလို့ကျွန်တော့်ကိုလိမ့်ထွက်သွားဟန်တူပါတယ်....
ဆင်းရဲခြင်းကိုတော့
ဒီတစ်ခါ.ကျွန်တော်တကယ်မုန်းမိတယ်
ခင်က...အကျင့်ပျက်တဲ့မီးသီးမို့ထင်ပါရဲ့
ကျွန်တော့်ကို"ထောင်း"ကနဲကျွမ်းတယ်......။

အေကေဆောင်း

Address


Telephone

+959961961706

Website

Alerts

Be the first to know and let us send you an email when အေကေဆောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share