WeEntertain+

WeEntertain+ We are committed to create original contents that will entertain and benefit people.

25/01/2022

Cry of Hope - Healing
ခံစားကြည့်ကြရအောင်လား

08/07/2020

ဒီနေ့ ကျွန်တော်တို့ တင်ဆက်ပေးသွားမယ့်နေရာကတော့ Death Road လို့ ကမ္ဘာတလွှား နာမည်ကြီးနေတဲ့ Yungas လမ်းမကြီးပဲဖြစ်ပါတယ်။

ဒီလမ်းမကြီးမှာနှစ်စဉ် လူ (၂၀၀) ကနေ (၃၀၀) ဝန်းကျင် ဒီလမ်းမကြီးပေါ်မှာ အသက်သေဆုံးကြရပါတယ်။

07/07/2020

ကမ္ဘာ့အကောင်းဆုံး ဘောလုံးအကယ်ဒမီများ
==========

ဘောလုံးလောကမှာ စံချိန်တင်အပြာင်းအရွှေ့သတင်းတွေ မကြာခဏ ကြားဖူးကြပါလိမ့်မယ်။

UEFA ရဲ့ ပြောင်းလဲ ချမှတ်လိုက်တဲ့ ဘောလုံးဉပဒေကြောင့် နောက်ပိုင်းမှာတော့ ရီးရဲယ်မက်ထရစ်လို ငွေသုံးကြမ်းတဲ့ အသင်းတွေအပြင်

အခြားအသင်းဉရောပ အသင်းကြီးတွေဟာလည်း ကစားသမားတွေကို ကြိုက်ဈေးပေးခေါ်ယူဖို့ထက် အသင်းအကယ်ဒမီတွေကို ပိုပြီးအလေးထားလာကြပါတယ်/

ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ကမ္ဘာ့အကာင်းဆုံး ဘောလုံးအကယ်ဒမီတွေအကြောင်းပဲ ဖြစ်ပါတယ်။

26/06/2020

ဘောလုံးပွဲမှာ အနီကတ်တွေ အဝါကတ်တွေကြောင့် ဒိုင်လူကြီးကို ကျွန်တော်တို့ မကြာခဏ ဒေါသထွက်ဖူးကြမှာပါ။

ဒီနေ့ခေတ် VAR စနစ်လိုပဲ ဒီ အနီ၊ အဝါ ကတ်ပြားတွေ ဘောလုံးကွင်းထဲကို စတင်ဝင်ရောက်လာတုန်းက အချို့ဘောလုံးသမားတွေနဲ့၊ နည်းပြတွေကတော့ ခါးခါးတူးတူးကို ငြင်းပယ်ခဲ့ကြဖူးပါတယ်။

ဘယ်လို အခြေအနေတွေကြောင့် ဒီကတ်ပြားတွေ ဘောလုံးလောကထဲ ဝင်ရောက်လာသလဲဆိုတာကို ဒီနေ့ WeEntertain+ ရဲ့ အားကစားအစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

25/06/2020

ဒေသခံတိုင်းရင်းသားတွေကတော့ ဒီမီးတောင်ပေါက်ကြီးထဲကို တစ်နှစ်တစ်ကြိမ် အသား၊ ငါးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပိုက်ဆံတွေကို ပစ်ထည့်ကြရပါတယ်။

နောက်ပြီး ဒီမီးတောင်ကို သွားချင်တိုင်း သွားလို့မရဘဲ ခွင့်ပြုချက်တွေစောင့်ဆိုင်းပြီး အာဏာပိုင်တွေက ခွင့်ပြုမှသာ လည်ပတ်သွားလို့ရတဲ့ တောင်ဖြစ်ပါတယ်။

ဘာတွေကြောင့် ဒေသခံတွေက ဒီတောင်ကို အစာတွေ၊ ပိုက်ဆံတွေနဲ့ ပူဇော်ရတာလဲ ဆိုတာကတော့ video ထဲမှာ ကြည့်လိုက်ကြပါနော်................

24/06/2020

ရေကြည်ရာမြက်နုရာဆိုသလို ကျွန်တော်တို့ဟာ ကိုယ့်မွေးရပ်မြေကို စွန့်ခွါပြီး မြို့ကြီးပြကြီး၊ နိုင်ငံကြီးတွေအထိ သွားရောက် အလုပ်လုပ်နေကြရပါတယ်။

ဂျပန်နိုင်ငံက နာဂိုရိုဆိုတဲ့ ရွာကလေးတစ်ရွာဟာ ဒီလိုပါပဲ။ ဒါပေမယ်မယ့် ထူးခြားတာကတော့ နာဂိုရိုရွာမှာ ကျန်ရစ်ခဲ့တဲ့ အဖိုးအဖွားတွေဟာ သူတို့ရဲ့ အထီးကျန်ဆန်မှုကို အရုပ်တွေလုပ်ပြီး စိတ်ဖြေဖျောက်ကြပါတယ်။

ဒါပေမယ့် ဒီအရုပ်တွေကို ရောင်းတမ်းမတင်ထားသလို စနစ်တကျ သေသေချာချာ ထိန်းသိမ်းထားတာလဲမရှိပါဘူး။ ဒီရွာမှာ ကလေးငိုသံမကြားတာ (၁၈) နှစ်ကြာသွားပါပြီ။

ကဲ..... ဘယ်လိုရွာမျိုးလဲ။ ဒီအရုပ်တွေကို ဘယ်လိုအသုံးချသလဲ သိချင်ရင်တော့ video လေးကို ကြည့်ပြီး Like & Share ပေးဖို့ မမေ့ကြနဲ့ဦးနော်........

22/06/2020

ဒီနေ့ကတော့ ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်ဆုရှင်ဖြစ်တဲ့ မာလာလာအကြောင်းကို တင်ဆက်ပေးထားပါတယ်။

မာလာလာဟာ နိုဘယ်ဆုကို ဘာကြောင့်ရရှိခဲ့ပြီး မာလာလာနေ့ရယ်လို့ ဖြစ်လာရလောက်အောင် အသက် (၁၆) နှစ်အရွယ်မှာ ဘယ်လိုတွေလုပ်ဆောင်သွားခဲ့သလဲဆိုတာကို ဒီ video လေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။

18/06/2020

ဒီနေ့ကတော့ အာဆီယံဒေသတွင်းက စပါးဆိုတဲ့ ဗီယက်နမ်က တောင်တန်းတွေအကြောင်းကို တင်ဆက်ပေးထားတာဖြစ်ပါတယ်.

အာဆီယံရဲ့ အမြင့်ဆုံးတောင်နဲ့ လောကနိဗ္ဗာန်လို့ဆိုတဲ့ ရေတံခွန်ကြီးတွေရှိပြီး လှေကားထစ်စိုက်ပျိုးထားတဲ့ တောင်တန်းတွေက ရင်သက်ရှုမော်စရာကောင်းတဲ့အကြောင်းတွေကိုတော့ Video လေးနဲ့ ဖေါ်ပြထားတာဖြစ်လို့

like, Share လုပ်ပြီး စိတ်ထဲပေါ်လာတာတွေကို Comment ရေးပေးဖို့လည်းမမေ့ပါနဲ့ဦးနော်

17/06/2020

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၁၀)
============
ကမ္ဘာ့အမြင့်ဆုံးတောင် ဧဝရက်တောင်ထက် ပိုမြင့်ပေမယ့် ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်မလာရတဲ့ တောင်တစ်ခုအကြောင်းကို တင်ဆက်ပေးထားပါတယ်။
Video လေးပြီးသွားရင် Like & Share လုပ်ပြီး စိတ်ထဲပေါ်လာတာတွေကိုလည်း Comment မှာ ပြေသွားပေးကြပါဦးနော်

15/06/2020

ကြိုးစားတယ်ဆိုတာက ရလဒ်အတွက်လား
===========

မကြာသေးမီက ရဟက်ယဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ကမ္ဘာကျော် Baseketball ကစားသမား Kobe Bryant ကို မှတ်မိကြလိမ့်မယ်ထင်ပါတယ်။

Kobe Bryant ရဲ့ အင်တာဗျူးတစ်ခုမှ ဖြေကြားခဲ့တဲ့ သူ့ဘဝအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကို WeEntertain+ ကနေ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

10/06/2020

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၉) (သို့) မြွေတွေ သီးသန့်နေတဲ့ ကျွန်း
=========

ဘရာဇီးလ်ဆိုရင်တော့ အတော်များများက ဘောလုံးသမားကောင်းတွေထွက်တဲ့နေရာလို့ပဲ သိထားကြပြီး

ဒီဘရာဇီးလ်က မြွေတွေချည်းသီးသန့်နေတဲ့ ကျွန်းတစ်ကျွန်းအကြောင်းကိုတော့ သိတဲ့သူအနည်းကျဉ်းပဲ ရှိပါလိမ့်မယ်။

ဒီကျွန်းမှာ ဘာကြောင့်မြွေတွေပဲရှိနေပြီး အခြားသတ္တဝါတွေ ဘာကြောင့်မရှိတာလဲဆိုတာကတော့.......

04/06/2020

အာဆီယံသို့ ခရီးသွားခြင်း (၄)
============

ဒီနေ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးမှာရှိတဲ့ ချင်းမိုင်ဆိုတဲ့ နေရာအကြောင်းကို တင်ဆက်ပေးထားပါတယ်။

ချင်းမိုင်မှာ ဘယ်လိုစိတ်ဝင်စားစရာအချက်အလတ်တွေ ရှိနေလည်းဆိုတာကိုတော့ video clip လေးကို ဖိပြီး ကြည့်လို်က်ကြပါဦး

02/06/2020

မြက်ခင်းစိမ်းပေါ်က အမှတ်တရ လက်သီးချက်များ (၂)
=======

ဘောလုံးကစားရင်း ရန်ဖြစ်တာကတော့ မထူးဆန်းပါဘူး။ ရပ်ကွက်ပွဲတွေကနေ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအထိ မြင်တွေ့ဖူးကြမှာပါ

ဒီ video လေးထဲမှာတော့ ဘောလုံးပရိသတ်တွေ တသသဖြစ်စေမယ့် အမှတ်တရ ရန်ပွဲတွေကို တွေ့ကြရမှာဖြစ်ပါတယ်။

တစ်ချို့ရန်ပွဲတွေဆိုရင် ဒေါသမထွက်မိဘဲ ပြုံးမိသွားစေလောက်တဲ့ ရန်ပွဲတွေလည်း ရှိနေတာမို့လို့ video လေးကို ကျော်မသွားကြနဲ့နော်

01/06/2020

The Pursuit of Happyness ဇာတ်ကားနောက်ကွယ်က ဖြစ်ရပ်မှန်ဇာတ်လမ်း
=====================

Chris Gardner ဘယ်လို ချမ်းသာလာပြီး Hollywood မှာ သူ့ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ပြန်ရိုက်ရလောက်အောင် ဘာတွေကြောင့် အောင်မြင်ခဲ့တာလည်းဆိုတာကိုတော့ Video ဖွင့်ကြည့်လိုက်ပါနော်...။

29/05/2020

ပရိသတ်တွေ ရင်ထဲအမှတ်တရ ရှိနေသေးတဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့့ အမှတ်တရ ရန်ပွဲတွေအကြောင်းကို WeEntertain+ ကနေ တင်ဆက်ပေးလိုက်ပါတယ်။

ဘယ်လိုရန်ပွဲတွေပါလာမလဲဆိုတာကတော့ Video clip လေ့နှိပ်ပြီး ကြည့်လိုက်ကြပါဦး.......

28/05/2020

“မြို့ပြမှာ မနီလာ၊ ကမ်းခြေမှာ ဘိုရာစေ(Boracay)၊ တောဓလေ့အတွက် ဘိုဟိုးလ်(B0hol)” ဆိုတဲ့ စကားက ဖိလစ်ပိုင်ကို သွားဖူးသူတိုင်း ရင်းနှီးကြတဲ့ စကားပါပဲ။

ဒီနေ့ WeEntertain+ ကနေ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ဖိလစ်ပိုင်က ဘိုဟိုလ်းဆိုတဲ့ သဘာဝ တောအုပ်ကြီးပဲဖြစ်ပါတယ်။

ဘိုဟိုးလ်ဆိုတဲ့ တောကြီးဟာ ဘာတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားရတာလဲဆိုတာကတော့ .............

23/05/2020

အာကာသ သိပ္ပံပညာရှင်တွေလေ့ကျင့်တဲ့နေရာဖြစ်ပြီး ပုံမှန်အနေနဲ့တော့ ဒီဒေသမှာ လူတွေ နေထိုင်လို့မရပါဘူး။

Mars on Earth ဆိုပြီး နာမည်ကြီးတဲ့ ဒီနေရာမှာ နာဆာရဲ့ အာကာစခန်းကို တည်ဆောက်ထားပါတယ်။ ဘယ်လိုနေရာဖြစ်ပြီး ဘာတွေထူးခြားသလဲဆိုတာကိုတော့ video လေးသာ ဆုံးအောင် ကြည့်ပေးပါနော္

20/05/2020

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၅)
=======

ဒီတစ်ပတ်မှာတော့ ဘုရားသခင်ရဲ့ အမျက်တော်တည်ရာလို့ ဥရောပသားတွေ ယုံကြည်ထားကြတဲ့ ကမ်းခြေတစ်ခုအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီကမ်းခြေဟာ ရှေးယခင် သဘောင်္တွေနဲ့ စွန့်စားပြီး ကူးသန်းရောင်းဝယ်စဉ်ကတည်းက မြေပုံမှာ ကြက်ခြေခက်ပြီး သတိကြီးကြီးထား ရှောင်ရှားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီကမ်းခြေကို သဘောင်္ သားတွေ ဘာကြောင့်ကြောက်ရွံ့ကြတာလည်းဆိုတာကိုတော့ Video ထဲမှာ ပြောပြထားပါတယ်။

နောက်လာမယ့် အစီအစဉ်တွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာတွေ တင်ဆက်ပေးမလဲဆိုတာ WeEntertain+ ကနေ စောင့်ကြည့်ပေးကြပါဦး

19/05/2020

ရွှေရုပ်ကောက်ရကြသူများ
=======

ဘောလုံးနဲ့ ပတ်သက်ရင်တော့ တစ်စ တစ်စ မြင့်တက်လာတဲ့ စံချိန်တင်အပြောင်းအရွှေ့သတင်းတွေကို မကြာခဏ ကြားဖူးကြမှာပါ။

ဒီလို စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူတိုင်း ခြေစွမ်းပြဖို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ တစ်ခါတစ်လေ စျေးပေါပေါနဲ့ ခေါ်ယူပြီး အသင်းအတွက် မရှိမဖြစ် ထောင့်တိုင်ဖြစ်လာတာတွေလည်းရှိတတ်ပါတယ်။

ဒီနေ့တင်ဆက်ပေးချင်တာကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီး အသင်းအတွက် အကျိုးအပြုဆုံး ပရီးမီးယားလိဂ် ကစားသမား တွေအကြောင်းပဲဖြစ်ပါတယ်။

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၄)========= ကမ္ဘာကြီးဟာ သိပ္ပံနည်းပညာတိုးတက်လာတာနဲ့အမျှ  ခရီးသွားလုပ်ငန်းမျးဟာလည်...
18/05/2020

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၄)
=========

ကမ္ဘာကြီးဟာ သိပ္ပံနည်းပညာတိုးတက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းမျးဟာလည်း တစ်စထက် တ စ်စ ကျယ်ပြန့်လာပြီဖြစ်ပါတယ်။ ဒီလိုကျယ်ပြန့်လာတာနဲ့အမျှ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလိုဖြစ်လာပါပြီ။ ယခင်အချိန်တွေတုန်းကတော့ ရက်၊လ၊ နှစ်တွေကြာအောင် အပြင်းနှင်ရတဲ့ခရီးတွေဟာ အခုအချိန်မှာတော့ နာရီပိုင်း လောက်နဲ့လည်း သွားလာနိုင်ပြီဖြစ်ပါတယ်။ ဒီလိုတွေ သွားလာနိုင်ပေမယ့် ကမ္ဘာကြီးကို လူတွေအကုန် နားလည်သဘောပေါက်သွားပြီလို့တော့ အတက်ပြောလို့မရနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ သိပ္ပံပညာရပ်တွေ နားလည်ရခက်စေတဲ့ နယ်ပယ်တွေ ရှိနေသေးလို့ဖြစ်ပါတယ်။

ဒီနေ့အတွက် ကျွန်တော်တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ကျွန်တော်တို့ကမ္ဘာပေါ်မှာဆိုပေ မယ့် အခြားကမ္ဘာတစ်ခုလို သီးခြားဖြစ်တည်နေတဲ့ နေရာဒေသတွေအကြောင်းပဲဖြစ်ပါတယ်။ ကဲ ဘယ်လိုနေရာတွေဖြစ်ပြီး ဘယ်လိုအကြောင်းအရာတွေက ဒီလိုနေရာကို သီးသန့်ကမ္ဘာတစ်ခုလို ဖြစ်စေတာလဲဆိုတာ ကျွန်တော်နဲ့အတူတူ ကြည့်လိုက်ကြရအောင်….။

ဒါးလော်အော်လ်၊ အီသီယိုးပီးယား (Dallol)

ဓါတ်ပုံတွေအရဆိုရင် ဒီနေရာဟာ အလွန်တရာသာယာလှပပြီး ဆက်ဖ်ဖီဆွဲလို့ကောင်းမယ့်နေရာပါ။ နောက် မင်္ဂလာဆောင် ပရီဝီးဒင်း ရိုက်မယ်ဆိုရင်လည်း ရောင်စုံကျောက်တုံးတွေဟာ နောက်ခံအနေနဲ့ အင်မတန်လှပတဲ့နေရာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက မျက်စိအမြင်နဲ့ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒါဟာ မျက်လုံးကို လှည့်စားထားတဲ့ အန္တရယ်တွင်းတွေပဲဖြစ်ပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ ဒါနာခီးလ် ဒီပရက်ရှင်း (Danakil Depression) ဆိုတဲ့ ဒေသဟာ ဗိုကယ်လ်နို မီးတောင်ကြီး ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ ဒေသတစ်ခုပါ။ မီးတောင်သုံးခု ဆုံတဲ့နေရာဖြစ်ပြီး အမြဲတမ်း ချော်ရည်ခဲတွေ စုပြုံနေတဲ့ချိုင့်ခွက်တွေ အမြောက်အများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆားလွင်ပြင်ကြီးဖြစ်နေတာကြောင့် အပင်တွေကိုတွေ့မြင်နိုင်မှာမဟုတ် သလို လေထုဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံမှန်အားဖြစ် တောင်ဆိုတာက ပင်လယ်ရေမျက်နှာပြင်အထက် ပေထောင်နဲ့ချီမြင့်တဲ့နေရာဖြစ်ပေမယ့် Dallol ဆိုတဲ့ ဒီနေရာကတော့ တစ်မျိုးတစ်ဘာသာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် (၁၁၆) မီတာ၊ ပေ (၁၅၀) နိမ့်နေပါတယ်။ နောက်ဆုံးအကြိမ် မီးတောင်ပေါက်ကွဲခဲ့တာကတော့ ၂၀၁၁ ဖြစ်ပြီး အဲသည့်ပေါက်ကွဲမှု အပြီးမှာပဲ ဒီလိုအခြေအနေ ဖြစ်လာတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဒီလိုချော်ရည်တွေ၊ ဆားတွေသာရှိတဲ့နေရာမှာ သက်ရှိအချို့ရှိနေပြီး ဒီသက်ရှိ တွေဘယ်လိုရှင်သန်နေလည်းဆိုတာကို သိပ္ပံပညာရှင်သုတေသီတွေကတော့ အဖြေရှာနေရဆဲပါပဲ။

ဒီလို ဆားငန်ရည်၊ အက်စစ်တွေနဲ့ ချော်ရည်တွေမပြတ်စီးဆင်းနေတဲ့ ဒီDallol ဒေသဟာ ၁၉၂၆ ခုနှစ်ကစလို့ မီးတောင်ပေါက်ကွဲရာကနေ အခုထက်ထိ မြင်နေရတဲ့အတွင်းပဲ ဆက်လက်တည်ရှိနေ တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Dallol မှာ လူတွေလည်ပတ်မှုအနည်းရှိလာပြီဖြစ်ပေမယ့် ဘယ်သူမှတော့ ကြာကြာနေလို့မရသေးပါဘူး။ Dallol ရဲ့အပူချိန်ဟာ အမြဲတမ်း ပုံမှန် ၇၆ ဒီဂရီဖာရင်ဟိုက်ကနေ ၁၁၅ ဒီဂရီဖာရင်ဟိုက်ကြားထဲမှာရှိနေလို့ဖြစ်ပါတယ်။

လူတွေအချိန်ပြည့်နေထိုင်လို့မရပေမယ့် အဲသည့်ကို အလည်အပတ်သွားချင်တယ်ဆိုရင်တော့ Dallol ရဲ့ အနီးတဝိုက်မှာ သယ်ယူပို့ဆောင်ရေးတွေ ရှိနေပြီး အနီးဆုံး Mersa Fatma ရထားဘူတာကနေ ကားနဲ့သွားရင် မိနစ်အနည်းငယ်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်။ Dolla ဆိုတဲ့ မီးတောင်ဒေသကို ယခင်ကတော့ မိုင်းစမ်းသပ်တဲ့နေရာအဖြစ်အသုံးပြုခဲ့ပြီး ၁၉၆၀ ခုနှစ်ကစလို့ အဲသည့်လုပ်ငန်းကို ရပ်ဆိုင်းထားလိုက်ပြီလို့လည်း သိရပါတယ်။

အဖြူ၊ အဝါ၊ အါ၊ ရေညှိရောင်၊ မြရောင်တွေနဲ့ ရောင်စုံလှပနေတဲ့ ဒီလိုနေရာမှာ တစ်ခေါက်တစ်ခါများ ဆဲက်ဖီလ်မဆွဲချင်တဲ့သူရှိမလားခင်ဗျ။

16/05/2020

ရုတ်တရက် ဓါတ်ပုံတွေကိုပဲ မြင်တွေ့ရမယ်ဆိုရင် ဘယ်သူကမှ ဒီကမ္ဘာပေါ်ကနေရာလို့ ထင်စရာမရှိပါဘူး....

ဒါပေမယ့် အီသီယိုးပီးယားနိုင်ငံမှာ တကယ်ရှိနေတာပါ။ ၂၀၁၁ နောက်ပိုင်းမှ အခုလိုပုံစံဖြစ်သွားတာဆိုတော့ ဘယ်လိုမျိုးလဲဆိုတာ Video အဆုံးထိကြည့်ရင် သိရမှာပါ။

အခုလို စိတ်ဝင်စားစရာ Video တွေကို အပတ်စဉ် ဗုဓ္ဒဟူးနဲ့ စနေ နေ့တိုင်း တင်ဆက်ပေးမှာမလို့ WeEntertain+ ကနေ စောင့်ကြည့်ပေးကြပါဦး

14/05/2020

Biker

အနာဂတ်လှအောင် ဘာလုပ်သင့်သလဲ?

4k Qualityဖြင့်အောက်က youtube link မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/ean7C3X3MUc

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၃)========= ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ ဆိုတဲ့ ဒီအစီအစဉ်ကနေ ဒီနေ့ကျွန်တ...
14/05/2020

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၃)
=========

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ ဆိုတဲ့ ဒီအစီအစဉ်ကနေ ဒီနေ့ကျွန်တော်တို့ လေ့လာကြမယ့် နေရာကတော့ အက်စတာကျွန်းလို့ အမည်ရတဲ့ ကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။ ဒီကျွန်းကတော့ ဘီလူးတွေနေခဲ့ တဲ့ကျွန်းတစ်ကျွန်းလို့ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ ဝေလံခေါင်ဖျားကျွန်းတစ်ကျွန်းဖြစ်ခဲ့ပြီး ချီလီနိုင်ငံရဲ့ ကိုကိုးကျွန်းတစ်ကျွန်းအဖြစ်လည်း အသုံးတော်ခံခဲ့ဖူးတဲ့ ရာဇဝင်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကျွန်းကို သွားရောက်လည်ပတ်ဖို့ကတော့ အတော်ကိုစဉ်းစားရမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဒီကျွန်းဟာ တစ်ချိန်က ကမ္ဘာပြားတယ်လို့ လူတွေအခိုင်အမာယူဆခဲ့စဉ်က ကမ္ဘာ့အဆုံးလို့ နာမည်တွင်ခဲ့ဖူးလို့ပဲဖြစ်ပါတယ်။

ကဗျာဆရာတွေနဲ့ စာပေအနုပညာတွေကတော့ ဒီကျွန်းကို အထီးကျန်မြေ (Isolation) ဆိုပြီး သုံးနှုန်းကြ ပါသေးတယ်။ ဆိုတော့ ဒီအထီးကျန်မြေ၊ မြေဆုံး၊ ကျွန်းကို အက်စတာကျွန်းလို့ စပြီးနာမည်တွင်ခဲ့တာကတော့ ၁၇၂၂ ခုနှစ်က ဒက်ချ်ပင်လယ်ကူးကုန်သည်တစ်ယောက်ဖြစ်တဲ့ ဂျကော့ဗ် ရော့ခ်ဂီဗီ (Jacob Roggeveen) ဟာ ပစိဖိတ်သမုဒ္ဒရာထဲက ဒေးဗစ်ကျွန်းကို အသွားမှာ မတောတဆ ဒီကျွန်းကိုတွေတွေ့ခဲ့ပြီး သူတွေ့ခဲ့တဲ့နေ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် ခရစ္စတော်ရှင်ပြန်ထမြောက်ရာနေ့ အက်စတာဆန်းဒေးနေ့ဖြစ်ခဲ့ တာကြောင့် သူ့သဘောင်္သားတွေနဲ့အတူ ဒီကျွန်းပေါ်မှာ အက်စတာဆန်းဒေးပွဲကို ကျင်းပခဲ့ရာကနေ အက်စတာ ကျွန်းဆိုပြီးဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။

ဒီကျွန်းရဲ့ ပထမဆုံး လျှို့ဝှက်အဆန်းကျယ်မှုကတော့ ဒီကျွန်းကို ပိုလီနီးရှားဆိုတဲ့ ကျွန်းသူ၊ကျွန်းသား ဘယ်လိုရောက်ရှိဆန်လာသလဲဆိုတာပဲဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေအများစုကတော့ မန်ကာရေးဗားဆိုတဲ့ ဥရောပအနွယ်တွေဟာ လွန်ခဲ့တဲ့ အေဒီ ၁၂၀၀ လောက်ကတည်းက ရောက်ရှိလာကြတာ ဖြစ်တယ်လို့ပဲ လက်ခံထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်က ဒီမန်ဂါရေးဗားလူမျိုးတွေဟာ အခြားသော ဥရောပ တိုက်သားတွေထက် နက္ခတ္တာယာပညာရပ်နဲ့ ရေကြောင်းခရီးသွားလာရေးတွေမှာ ထူးချွန်ခဲ့ကြတာဖြစ်ပြီး ဥရောပရဲ့ စွန့်ဦးရွက်လွှင့်သူတွေဖြစ်ကြပါတယ်။

နောက်ထပ် ဒီကျွန်းရဲ့ ဝိသေသတစ်ခုဖြစ်တဲ့ Moai လို့ခေါ်တဲ့ ရုပ်တုကြီးတွေကလည်း ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ အာရုံကိုဖမ်းစားထားတဲ့ အရာတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီရုပ်တုတွေဆိုရင် သက်တမ်းရင့် ရုပ်တုတွေဖြစ်ပြီး လွန်ခဲ့တဲ့ အေဒီ ၁၂၅၀ နဲ့ ၁၅၀၀ ဝန်းကျင်လောက်က ဒေသခံတွေဖြစ်တဲ့ ပိုလီနီးရှားတွေထု လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလို ရုပ်တုတွေပြုလုပ်တဲ့နေရာမှာလည်း ရုပ်တုကြီးတွေဟာ ပင်လယ်ဘက်ကို ကျော်ပေးထားပြီး သူတို့နေထိုင်ရာ ရွာတွေလက်ကို မျက်နှာမူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ ပိုလီနီးရှားတွေဟာ သူတို့ရဲ့ တို့ရဲ့ ဒုက္ခအခက်အခဲတွေ၊ မကြေနပ်ချက်တွေကို သူတို့ရဲ့ဘိုးဘွားတွေဆီ ပြန်လည်တင်ပြတာလို့ အဓိပ္ပါယ်ရပြီး ပင်လယ်ဘက်ကို ကျောပေးထားတာကတော့ သူတို့ရဲ့ ဘိုးဘွားတွေဟာ သူတို့ကို ကြည့်ရှုစောင့်ရှောက်နေတယ်လို့ ယုံကြည်ထားလို့ဖြစ်ပါတယ်။ ကျောက်သားနဲ့ ထုလုပ်ထားတဲ့ ဒီရုပ်တုကြီးတွေဟာ မြေပေါ်မှာ ခေါင်းနဲ့ ခန္ဓာကိုယ်တစ်ပိုင်းသာ ပေါ်နေပေမယ့် မူလက အခန္ဓာကိုယ်အပြည့် ထုလုပ်ထားတာဖြစ်ပြီး တပိုင်းကို မြေကြီးထဲ ထည့်မြုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ဒီကျွန်းရဲ့အထင်ကရတစ်ခုကတော့ ရာနို ဂူခ် လို့ခေါ်တဲ့ မီးငြိမ်းတောင်ကြီးပဲဖြစ်ပါတယ်။ ဒီ အထီးကျန်မှုအပေါင်း ခညောင်းတဲ့ကျွန်းကြီးမှာ သွားရောက်လည်ပတ်သူဟာ ဒီမီးငြိမ်းတောင်ကိုမှ အရောက်မသွားနိုင်ခဲ့ဘူးဆိုရင်တော့ ဒီကျွန်းကိုရောက်တယ်လို့ ပြောရခက်မှာဖြစ်ပါတယ်။ ဒီမီးငြိမ်းတောင်ရဲ့ သက်တမ်းအနုဆုံးကျောက်ဟာ နှစ်ပေါင်း တစ်သိန်းခွဲကနေ ၂ သိန်းဝန်းကျင်ရှိပြီလို့ ဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။

ဆိုတော့ ကျွန်တော်တို့လူသားတွေမှာလည်း တစ်ခါတစ်ရံ အပေါင်းအသင်း၊ အသိုင်းအဝိုင်းထဲက ခွဲထွက်ပြီး တစ်ကိုယ်တည်းအထီးကျန်မှုက ကိုယ့်ကိုကိုယ်ပြန်လည်ရှာဖွေတွေ့ရှိဖို့ အကောင်းဆုံးပဲလို့ ပြောစမက်ရှိတဲ့အတိုင်း အထီးကျန်မှုရဲ့ အရသာကိုခံစားဖို့အကောင်းဆုံးကတော့ အက်စတာကျွန်းဟာ အသင့်တော်ဆုံးနေရာပါပဲ။

ဒဏ်ရာကြောင့် ကြွေလွင့်ရသူများ (၁) ================ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပြိုင်ပွဲဆိုတဲ့ ဂုဏ်သတ...
13/05/2020

ဒဏ်ရာကြောင့် ကြွေလွင့်ရသူများ (၁)
================

ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပြိုင်ပွဲဆိုတဲ့ ဂုဏ်သတင်းကြောင့်ပဲ ကမ္ဘ့လူကြိုက်အများ ဆုံးလိဂ်ပြိုင်ပွဲတစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒီလိုပြိုင်ဆိုင်မှု ပြင်းထန်တာနဲ့အလျှောက် ကြံ့ခိုင်မှုနဲ့ လျှင်မြန်မှုဟာ ဘောလုံးသမားအတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းတွေဖြစ်လာပါတယ်။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားအတော်များများဟာ ပရီးမီးယားလိဂ်ကို ရောက်လာဖို့ အခက်အခဲဖြစ်လာစေပါတယ်။ ဘာကြောင့်လဲဆိုတာကတော့ အောက်မှာဖေါ်ပြမယ့် ကစားသမားတွေက သာဓကတွေဖြစ်လာမှာပါ။

ဘောလုံးစွမ်းရည်ချင်းယှဉ်ရင် ပထမတန်းမှာ ရှိနေနိုင်ပေမယ့် ကြံခိုင်မှုအပိုင်းမှာ အားနည်းခဲ့တာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေကို ဖေါ်ပြပေးတော့ မှာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာကြောင့် ကစားသမားဘဝအချိန်အတော်များများကို ပေးဆပ်လို်က်ရတဲ့ ကစားသမားတွေကတော့ …

၁။ အိုဝင်ဟာဂရေ့ဗ် (Owen Hargreave)

ဂျာမာန်မြေမှာ အောင်မြင်မှုတွေ ရယူထားပြီး ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ယောက်အဖြင့် ရပ်တည် နိုင်ခဲ့တဲ့ အိုဝင်ဟာဂရေ့ဗ် ဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွတ်ဒါလီကာ လေးကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်ရရှိ ထားပြီးသားကစားသမားဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေရရှိပြီး ဟာဂရေ့ဗ်ဟာ ဇာတိနယ်မြေဖြစ်တဲ့ အင်္ဂလန်က ပရီးမီးယားလိဂ်ကို ၂၀၀၇ ခုနှစ်မှာ ပြောင်းရွေ့လာခဲ့တာပါ။

ဟာဂရေ့ဗ်ပြောင်းရွှေ့ခဲ့တဲ့ အသင်းကလည်း ဟာမာန်ကာရှန်ကာ အသင်းမဟုတ်ပါဘူး။ ယူနိုက်တက် အသင်းနည်းပြကြီး ဖာဂူဆန်ဟာ ပေါ့လ်စခိုးလ်နေရာအတွက် ရည်ရွယ်ပြီး ပေါင် (၁၇) သန်းအထိ သုံးခဲ့ရပါတယ်။ ဒါပေမယ့် ရောက်ရောက်ချင်း ရာသီမှာပဲ ဟာဂရှေ့ဗ်ဟာ ဖာဂူဆန်ကို စိတ်ကျေနပ်မှုတွေ ပေးနိုင် ခဲ့ပြီး အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေလည်းသွင်းယူနိုင်ခဲ့သူပါ။ သူဟာ ယူနိုက်တက်အတွက် ပထမဆုံးရာသီမှာပဲ (၃၄) ပွဲအထိ ကစားပေးခဲ့ပါတယ်။ ဒီအထိ ဟာဂရေ့ဗ်ရဲ့ ကစားသမား ဘဝဟာ ရွှေရောင်ခင်းသော လမ်းမပေါ်မှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ထပ် ဘောလုံးရာသီဖြစ်တဲ့ ၂၀၀၈ မှာတော့ ဟာဂရေ့ဗ်ဟာ ကစားသမားတွေရဲ့ အကြောက်ရဆုံးသော ရန်သူတော်ဖြစ်တဲ့ ဒူးဒဏ်ရာကြောင့် ဖာဂူဆန်နဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေအားလုံးကို ရေစုန်မျောပစ်လိုက်ရပါတယ်။ ၂၀၁၁ မှာ ဒဏ်ရာက ပြန်လည်သက်သာလာပြီး မန်စီးတီးအသင်းအတွက် ကစားပေးခဲ့ပေမယ့် တစ်ပွဲသာကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး တစ်ဂိုးသွင်းယူအပြီး ဒဏ်ရာဟောင်း ပြန်ပေါ်လာခဲ့တာကြောင့် ကစားသမားဘဝကို နှုတ်ဆက်လိုက်ရသူဖြစ်ပါတယ်။

၂။ အင်ဒီကာရိုးလ် (Andy Carroll)

နယူးကာဆယ်အသင်းနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ကာရိုးလ်ကို နယူးကာဆယ်ပရိသတ်တွေသာမက အင်္ဂလန်ပရိသတ်တွေကပါ အလန်ရှီးယားအတွက်လူစားရပြီ ဆိုတဲ့ခံစားချက်နဲ့ မျှော်လင့်ခဲ့ရဖူးပါတယ်။ မျှော်လင့်ရလောက်အောင်လည်း အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ သွင်းဂိုးတွေနဲ့ သက်သေပြခဲ့သူပါ။ နယူးကာဆယ်အသင်းကို ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်စေခဲ့ပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့နေ ရာမှာ သူ့ရဲ့သွင်းဂိုးတွေက အများကြီးအထောက်အကူပြုခဲ့ပါတယ်။

ဒီလိုခြေစွမ်းတွေကြောင့်ပဲ အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ လီပါဘူးအသင်းက ၂၀၁၁ မှ ပေါင် ၃၅ သန်းအကုန်ကျခံပြီး အဓိက တိုက်စစ်မှူးနေရာအတွက် ခေါ်ယူခဲ့ပါတယ်။ ဒီပဏာမက ဗြိတိန်ဘောလုံးသမား တွေထဲမှာတော့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကာရိုးလ်ဟာ အများထင်သလိုဖြစ်မလာခဲ့ပါဘူး။ သူ့ရဲ့ခြေစွမ်းပိုင်းကြောင့်မဟုတ်ဘဲ မကြာခဏ ရတတ်တဲ့ ဒဏ်ရာကြောင့်ဖြစ်ပါတယ်။ လီပါဘူးမှာ တစ်ရာသီသာ ကစားခဲ့ပြီး ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ ကာရိုးလ်ဟာ ဝက်စ်ဟမ်းအသင်းမှာလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ခြောက်ရာသီအတွင်း တစ်ရာသီမှာ ကောင်းကောင်းမွန်မွန်အသင်းအတွက် ကစားနိုင်ပေးခြင်းမရှိတာခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ အသက် (၃၀) အရွယ်ကာရိုးလ်ဟာ မိခင်ကလပ် နယူးကာဆယ်မှာ ပြန်လည်ကစားနေပြီး ယခုနှစ်ရာသီအတွက် ပွဲစဉ် သုံးပွဲ ပါဝင်ကစာပေးထားပါတယ်။

၃။ ဂျက် ဝဲလ်ရှီးယား(Jack Wilshere)

အင်္ဂလန်ရဲ့ အကောင်းဆုံးတွေထဲက အဖျားရှူးသွားတဲ့သူနောက်တစ်ယောက်ကတော့ အာဆင်နယ်ရဲ့ ငယ်မွေးခြံပေါက် ဝဲလ်ရှီးယားပဲဖြစ်ပါတယ်။ အသက် ၁၆ နှစ်နဲ့ ၂၅၆ ရက်အရွယ်မှာပဲ အာဆင်နယ်အတွက် ပွဲထွက်ခွင့်ရရှိထားပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဇကာတင်သုံးယောက်ထဲ မှာပါဝင်လာခဲ့တဲ့ ဝဲလ်ရှီးယားဟာ အသက် (၂၀) မပြည့်ခင်မှာပဲ ဒူးနဲ့ ခြေကျင်းဝတ် ဒဏ်ရာတွေကြောင့် ရုန်းကန် ခဲ့ရပြီး ဘောလ်တန်၊ ဘုန်းမောက် စတဲ့ အသင်းတွေမှာ အငှါးသွားရောက်ကစားခဲ့ရပါတယ်။

ဒဏ်ရာတွေကနေ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် ယခင်တုန်းက ခြေစွမ်းတွေပြန်မရတော့တဲ့ ဝဲလ်ရှီးယားကို နောက်ထပ် အင်္ဂလန်အသင်းမှာ မတွေ့ရတော့တာကတော့ နှမြောတသ ဖြစ်ရုံကလွဲပြီး ဘယ်သူ ဘာတတ်နိုင်ပါဦးမှာလဲ။

၄။ဒီယာဘီ (Abou Diaby)

ပတ်ထရစ်ဗီအဲယာနဲ့ ကစားပေါက်တူပြီး box to box ကစားတဲ့နေရာမှာ သူမတူအောင် ထူးခွန်လွန်းတဲ့ ဒီယာဘီကို အခြားအသင်းကြီးတွေထက် အဆင်ဝင်ဂါးက ၂၀၀၆ ခုနှစ်မှာ အဆင်နယ်ကို နှစ်ရှည်စာချုပ်နဲ့ ခေါ်ယူနို်င်ခဲ့ပါတယ်။

အသက် (၂၀) အရွယ် ဒီယာဘီယာ အာဆင်နယ်ကွင်းလယ်မှာ ဖာဘရီကက်စ်၊ လှပ်(ဖ်) တို့နဲ့အတူ အကောင်းဆုံးအတွဲအဖက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အာဆင်နယ်ကစားသမားဘဝဟာ မလှပခဲ့ပါဘူူး။ အာဆင်နယ်မှာ တစ်ရာသီပြည့်အောင်မကစားခင် မက်လထဲမှာပဲ အသေးစားဒဏ်ရာ ရခဲ့ပါတယ်။ ဒါပေမယ့် ရာသီမကုန်ခင်ပဲ ဒဏ်ရာက ပြန်လည်ကောင်းမွန်လာခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့ပါတယ်။

နောက်ထပ်ရာသီတွေမှာလည်း ဒီယာဘီဟာ ဒဏ်ရာပြဿနာတွေကြောင့် မြက်ခင်းစိမ်းပေါ်မှာထက် ဆေးရုံမှာ ဆေးကုရင်းနဲ့ပဲ အချိန်အတော်များများကို ကုန်လွန်ခဲ့ရပြီး ဒဏ်ရာလုံးဝ ပျောက်ကင်းတဲ့အချိန်မှာလည်း ယခင်ခြေစွမ်းမျိုးပြန်မရတော့ဘဲ ၂၀၁၅ မှာတော့ မာဆေးအသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ ဒါပေမယ့် မာဆေးမှာလည်း နှစ်ရာသီအတွင်း (၅) ပွဲသာ ကစားနိုင်ခဲ့ပြီး ကစားသမားဘဝကို နှုတ်ဆက်လိုက်ရပါတယ်။

၅။ ဂျိုနသန် ဝုဒ်ဂိတ် (Jonathan Woodgate)

လိဒ်ယူနိုက်တက်ရဲ့ ကျောက်ဆောင် ဝုဒ်ဂိတ်ကို နယူးကာဆယ်က ပေါင် (၉) သန်းအထိ ပေးချေပြီး ၂၀၀၃ ခုနှစ်မှာ ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဝုဒ်ဂိတ်ဟာ အချိန်ခဏလေးအတွင်းမှာပဲ နယူးကာဆယ်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဝုဒ်ဂိတ်ရဲ့ အောင်မြင်မှုဟာ အဲသည်မှာ ပဲအဆုံးသတ်သွားခဲ့တာပါ။ ယူအီးအက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ မာဆေး တို့ပွဲစဉ်မှာ နယူးကာဆယ်ကစားသမား အဆုံးသတ်စေမယ့် ဒဏ်ရာကို မာဆေးတိုက်စစ်မှူး ဒရော့ဘာက ပေးခဲ့ တာဖြစ်ပါတယ်။

ဒီလို ဒဏ်ရာရကစားသမားကို ၂၀၀၄ မှာ စပိန်ဘီလူးရီးရဲယ်မက်ထရစ်က ကမ္ဘာ့ဘောလုံးပရိသတ်တွေ အံ့အားသင့်အောင် ပေါင် (၁၃) သန်းနဲ့ ခေါ်ယူစာချုပ်ချုုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဝုဒ်ဂိတ်ဟာ ၂၀၀၄-၀၅ ဘောလုံးတစ်ရာသီလုံး ရီးရဲယ်အသင်းအတွက် တစ်ပွဲမှ ဝင်ရောက်မကစားနိုင်ခဲ့ပါဘူး။ ၂၀၀၆-၀၇ ဘောလုံးရာသီမှာ ဒဏ်ရာပြန်ကောင်းလာပေမယ့် ခြေစွမ်းပြန်မကောင်းလာတော့တဲ့ ဝုဒ်ဂိတ်ဟာ ကြယ်စင်စု အသင်းကနေ လွင့်စင်ခဲ့ရပြီး မယ်ဒယ်ဘရော့၊ စပါး၊ စတုတ်စီးတီး စတဲ့အသင်းတွေသာ အလီလီပြောင်းရွှေ့ခဲ့ပေ မယ့် ဘယ်အသင်းမှာမှ ကောင်းကောင်းမစားနိုင်ခဲ့ဘဲ ဒူးဒဏ်ရာဟောင်းက အမြဲပြဿနာရှာခဲ့တာကြောင့် ၂၀၁၆ မှာတော့ ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၁)=============  ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များအစီအစဉ်ကနေ ထပ်မံကြိုဆိုလိုက...
08/05/2020

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များ (၁)
=============

ဘဒ္ဒကမ္ဘာအတွင်းမှ သီးခြားကမ္ဘာသစ်များအစီအစဉ်ကနေ ထပ်မံကြိုဆိုလိုက်ရပါတယ်ခင်ဗျ။ ကျွန်တော်တို့ ရှင်သန်နေထိုင်ရာကမ္ဘာမြေ ကြီးဟာ အင်မတန်ထူးခြားဆန်းပြားပြီး နားလည်ရခက်ခဲတဲ့ သဘာဝတရားတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ ယခင်ဒီအစီအစဉ်ကနေ ဖေါ်ပြခဲ့တဲ့ နေရာတွေလိုပဲ ဒီနေ့တင်ပြပေးသွားမယ့်နေရာကလည်း ကျွန်တော်တို့ လူသားတွေနေထိုင်ဖို့မဟုတ်တဲ့ နေရာတစ်ခု ပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းဒေသက သေမင်းတမန် တောင်ကြားလို့အဓိပ္ပါယ်ရတဲ့ (Death Valley National Park) အမျိုးသားဥယျာဉ်ကြီးအကြောင်းကို ဒီနေ့ကျွန်တော်တို့ လေ့လာကြမှာဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီးကတော့ ကျွန်တော်တို့ဓါတ်ပုံတွေမှာ တွေ့မြင်ကြရ တဲ့အတိုင်း သွေ့သရောင်းနေတဲ့ ကန္တကြီးရပြင်ကြီးတစ်ခုပါပဲ။ အနံ (၅) မိုင်ကနေ (၁၅) မိုင်အထိရှိပြီး အလျားမိုင် (၁၄၀) အထိကျယ်ဝန်းပါတယ်။ ပတ်ပတ်လည်မှာ တောင်တွေဝိုင်းရံထားတဲ့အတွက် မိုးခေါင်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် (၁၈၂) ပေအထိ နိမ့်ကျနေတာကြောင့်လည်း ပူပြင်းတဲ့ ရာသီဥတုကို ဖန်တီးပေး လိုက်တာပါ။ အပြင်းဆုံးအပူချိန် (၁၃၄) ဒီဂရီဖာရင်ဟိုက်အထိရှိတက်ပြီး ဆောင်းတွင်းတွေမှာဆိုရင် အနိမ့်ဆုံးအပူချိန် (၁၅) ဒီဂရီဖာရင်ဟိုက်အထိ ရှိတယ်လို့လည်း သုတေသီတွေရဲ့ လေ့လာချက်အရ သိရပါတယ်။

သေမင်းတမန်တောင်ကြားဆိုတဲ့နာမည်ကတော့ ၁၈၄၉ ခုနှစ်ကစလို့ အမေရိကန်သတ္တု တွင်းတူးသမားတွေဆီကနေ အမည်တွင်ခဲ့တာဖြစ်ပါတယ်။ ဒီလို အမည်တွင်ခဲ့တယ်ဆိုတာကလည်း အကြောင်းမဲ့သက်သက်တော့မဟုတ်ခဲ့ပါဘူး။ ယခင် အမေရိကရှိရင်းစွဲ ရက်အင်ဒီးယန်းတွေခေတ်ကတည်းက ဒီသေမင်းတမန်တောင်ကြားဟာ အန္တရယ်နယ်မြေဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ရက်အင်ဒီးယန်းတွေဟာ ဒီနေရာကို တစ္ဆေမြို့တော်လို့ နာမည်ပေးထားခဲ့ပြီး ဒီဒေသကိုစွန့်ခွာထားထဲ့ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်တွေက တောင်တန်းတွေမှာ ရွှေ၊ ကြေးနီ၊ ငွေ စတဲ့သတ္တုတွေ ပေါပေါသီသီထွက်ပေါ်ခဲ့တာကြောင့် လူဖြူတွေဝင်ရောက်လာချိန်ကစလို့ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်းတွေမှာ သတ္တုတူးဖေါ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ကျီးနဲ့ဖုတ်ဖုတ် တစပြင်လိုဖြစ်နေတဲ့နေရာတွေမှာ လာရောက်လုပ်ကိုင်နေတဲ့ လောဘသားတွေဟာလည်း တစ်စနဲ့တစ်စ စိတ်ဂရောင်ခြောက်ခြားမှုတွေကြောင့် နှစ်အနည်းငယ်အတွင်းမှာဘဲ ဒီဒေသကို ပြန်လည်စွန့်ခွာခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်က လျှပ်စစ်မီးထိန်ထိန်လင်းပြီး၊ ပြဇာတ်ရုံတွေနဲ့ စည်စည်ကားကားရှိခဲ့တဲ့ မြိုကလေးတစ်မြို့ ဒီသေမင်းတမန် အနီးက တောင်တန်းဒေသမှာ ရှိခဲ့ပေမယ့် ၁၉၁၁ ခုနှစ်မှာပဲ အဲသည့် လူတစ်သောင်းကျော်လောက်ရှိတဲ့ မြို့လေးဟာ လုံးဝဥသုံပျောက်ကွယ်သွားခဲ့ပြီး အဆောက်အဦးဟောင်းအချို့သာကျန်ခဲ့တော့တဲ့ အခြေအနေဖြစ်သွားခဲ့တဲ့ သမိုင်းရာဇဝင်လည်း ရှိခဲ့တဲ့နေရာဖြစ်ပါတယ်။

ဒီလို သေမင်းအရိပ်လွမ်းမိုးနေတဲ့ ချိုင့်ဝှမ်းထဲကိုမှ အလည်အပတ်သွားချင်ပါသတဲ့ဆိုရင်ဖြင့် သင့်အနေနဲ့ အရေးကြီးဆုံးလိုအပ်ချက်တစ်ခုကတော့ ရေဘူးတွေ သယ်နိုင်သမျှ သယ်သွားဖို့ပဲဖြစ်ပါတယ်။ အကြောင်းကတော့ သေမင်းတမန်တောင်ကြားအတွင်းမှာ ခရီးသွားတွေအတွက် တည်းခိုစရာစင်တာ တစ်ခုတည်းသာရှိပြီး အဲသည်မှာကလည်း လူတစ်ယောက်ကို တစ်ရက်အတွက် ရေတစ်ဂါလန်သာ ရောင်းချပေး နေလို့ပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ သာယာလှပြောပြီး စိမ်းလန်းတစ်လောက် သေမင်းတမန်တောင်ကြား ဒေသကတော့ နားမလည်လောက်အောင် အထီးကျန်ခြောက်သွေ့နေတာပါ။ ဆိုတော့ ဒီလိုဒေသမျိုး ဘယ်သူများ သွားချင်ကြမလဲခင်ဗျ။

နောက်ဆုံးအနေနဲ့ ဒီကန္တရလွင်ပြင်ကြီးနဲ့ ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာ ကမ္ဘာကျော် ဖစ်ရပ်ဆန်းတစ်ခုကလည်း ရှိနေသေးတယ်ခင်ဗျ။ အဲတာကတော့ ရွက်လွင့်နေသော ကျောက်တုံးများဆိုပြီး နာမည်ကြီးတဲ့ ရွှေ့လျားကျောက်တုံး တွေပါ။အဲသည့်က ကျောက်တုံးတွေဟာ လူ ဒါမှမဟုတ် အခြားသတ္တဝါတစ် ခုခုရဲ့ လုပ်အားကြောင့်မဟုတ်ဘဲ သဘာဝအလျှောက် ရွှေ့လျားနေတာပဲဖြစ်ပါတယ်။ ဒီကျောက်တုံးတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက အချိန်အတော်ကြာအောင် ခေါင်းစားခဲ့တာဖြစ်ပြီး အဖြေမှန်ကိုတော့ သိပ်မကြာသေးတဲ့ နှစ်တွေကမှ ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရွှေ့လျားကျောက်တုန်းတွေဟာ ညဘက်မှာကျတတ်တဲ့နှင်းရည်တွေ အရည်ပျော်သွားတဲ့ အချိန်မှာ အောက်ကမြေပြင် မညီညွတ်မှုကြောင့် မီလီမီတာ အနည်းငယ်စီလျှောစင်းသွားတာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Address


Telephone

+959448001103

Website

Alerts

Be the first to know and let us send you an email when WeEntertain+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share