11/08/2025
ငရဲမီးအိုင်ရဲ့ အပူချိန် ဘယ်လောက်ရှိသလဲ။
🖌 အဖျားတက်တဲ့အခါ အပူချိန် 100 °F ရှိတယ်။ 105 ရောက်ရင် သေဘို့ပဲရှိတယ်။
🖌 ရေဆူမှတ်က 200 °F ရှိတယ်။
🖌 ရေဆူမှတ်ထက် ရေကိုဆူစေသော ထင်းမီးဟာ ပိုပြင်းတယ်။
🖌 ထင်းမီးထက် ဂက်စ် (Gas) မီးက ပိုပြင်းတယ်။ 600°F ရှိတယ်။ ထင်းမီးထက် ၃ ဆ ပိုပြင်းတယ်။
🖌 လူသဂြိုလ်ရာမှာသုံးတဲ့ Gas က ပိုပြင်းတယ်။ 1400 °F ရှိတယ်။
🖌 ရွှေကို အရည်ပျော်စေတဲ့ မီးဟာ 1900 °F ရှိတယ်။
🖌 မီးတောင်ပေါက်ပြီး ထွက်လာတဲ့ ချော်ရည်ဟာ 2200°F ရှိတယ်။ ချော်ရည် စီးဆင်းရာတစ်လျှောက် လောင်ကျွမ်းသွားတယ်။
🖌 ရွှေကို အရည်ပျော်စေတဲ့ မီးဟာ 1900°F ရှိတယ်။
🖌 သံကို အရည်ပျော်စေတဲ့ မီးဟာ 2800 °F ရှိတယ်။
🖌 ကမ္ဘာကြီးရဲ့ အလယ်ဗဟိုချက် အပူချိန်ဟာ 12000 °F ရှိတယ်။
🖌 နူးကရီးယား အပူချိန်က 500000 °F ရှိတယ်။
🖌 နူးကရီးယားပေါက်ကွဲတဲ့အပူချိန်က 27 million °F ရှိတယ်။နူးကရီးယားဗုံး ကျပေါက်ကွဲတဲ့နေရာမှာ မြေဆီလွှာ ခမ်းခြောက်တယ်။ အပင်စိုက်လို့မရဘူး။ လူတွေ အသက်ရှင်လို့မရဘူး။ အနည်းဆုံး ၁၀ နှစ်ကြာတယ်။
🖌 ဒီအရာတွေထက် နေမင်းကြီးက ပိုပြင်းတယ်။ ကမ္ဘာကြီးနဲ့ မိုင်ပေါင်း ၉၃ သန်းကွာဝေးတာတောင် နေမင်းကြီးရဲ့ အပူချိန် ခံနိုင်ရခက်တယ်။
🖌 ပညာရှင်တွေရဲ့ အဆိုအရ နေမင်းကြီးရဲ့ မျက်နှာပြင် အပူချိန်ဟာ 20000 °F နှင့် ဗဟိုချက် အပူချိန်ဟာ 27 million °F ရှိမယ်လို့ ဆိုကြတယ်။
💟 ဘုရားသခင်က လူသားတွေကို ချစ်ပြီး ဖန်ဆင်းပေးတဲ့ အရာတွေရဲ့ တစ်ချို့သော အပူချိန်ကို လူသားတွေ၊ သက်ရှိတွေ မခံနိုင်ကြတာတွေရှိတယ်။ ကမ္ဘာကြီး နည်းနည်းစောင်းတာနဲ့ ပူလွန်းလို့ အရည်ပျ်ောမယ်၊ အေးလွန်းလို့ ခဲမယ် ဖြစ်မယ်။
♨ ငရဲဆိုတာ ဘုရားသခင်က အမျက်ဒေါသနဲ့ ဖန်ဆင်းထားတာမို့ ထိုအရာတွေထက် ပိုပြင်းတယ်။ ငရဲ မီးအိုင်ရဲ့ အပူချိန်ဟာ °C/°F တွေနဲ့ တိုင်းတာလို့ မရလောက်အောင် ပူပြင်းမယ်။
❓ စဥ်းစားပါ။ "ထင်းမီး" ထိရင်တောင် မနေတတ်၊ မထိုင်တတ် နေရခက်တယ်၊ ဝေဒနာ ခံစားနေရတယ်ဆိုရင် "ငရဲ" မီးရဲ့ အပူဒဏ်ကို ခံစားနိုင်ကြမလား။ ပညာရှင်တွေရဲ့ အဆိုအရ "ထင်းမီး" ဟာ မပူဆုံးလို့ ပြောကြတယ်။
ရေနွေးလောင်တာတောင် မခံစားနိုင်ကြတဲ့ လူသားတွေ ငရဲမီးအိုင်မှာ ထာဝရနေနိုင့်ပါ့မလား။
(ဝန်ခံချက် : °F တွက်ချက်မှု အချက်အလက် ကိန်းဂဏန်းတွေ မှားနိုင်ပါတယ်)
Credit..
11/8/2025