Yangon Nation News

  • Home
  • Yangon Nation News

Yangon Nation News Information Committee Yangon Region National Local Official Page
(1)

အဆိုတော်ကြီး မာမာအေး၏ နောက်ဆုံးအချိန်က ပုံရိပ်လွှာ အနီးကပ်ကြည့်ပြီး သံဝေဂယူကြပါ🙏
11/01/2024

အဆိုတော်ကြီး မာမာအေး၏ နောက်ဆုံးအချိန်က ပုံရိပ်လွှာ အနီးကပ်ကြည့်ပြီး သံဝေဂယူကြပါ🙏

Singer Mama Aye’s last photo Repent.Singer Mama Aye’s last photo Repent. Singer Mama Aye’s last photo Repent.Singer Mama Aye’s last photo Repent. Singer Mama Aye’s [...]

■ လေးမြို့မြစ်ရေ မြှင့်တက်လာ၍ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်သူများအား သတိပေးWestern News| ဩဂုတ် ၈ယနေ့မြ...
08/08/2023

■ လေးမြို့မြစ်ရေ မြှင့်တက်လာ၍ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်သူများအား သတိပေး

Western News| ဩဂုတ် ၈

ယနေ့မြန်မာစံတော်ချိန် ၇နာရီ ၃၀ အချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ရောက်ရှိနေ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက သတိပေးလိုက်သည်။

မြောက်ဦးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၃ပေခွဲခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက ယနေ့ ဩဂုတ် ၈ ရက်နေ့ မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် ကျေးရွာများတွင် ရေနစ်မြုပ်နေပြီး ကုန်နိမ့်ပိုင်ကျေးရွာများတွင် ရေ ၈ ပေအထိ တက်နေပြီး နေအိမ်များလည်း နစ်မြုပ်နေကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ မင်းဖူး၊ ရွှေကျင်၊ သာစည်၊ ပြင်ယောင်း၊ အိုးပျင်တောင်၊ ပုလဲတောင်၊ ကပ်ပဲ၊ မင်းကင်းဆိပ်၊ ဝါးတောင်၊ ကုလားမတောင်၊ တံခွန်းတိုင်း၊ ဆန်းဆိပ် ဒုံးသား၊ မြောက်ဦးမြို့နယ်များတွင်လည်း ကျေးရွာမှာ မြေနိမ့်ကျေးရွာများတွင် ၆ ပေက နေ ၈ ပေအထိ ရေမြှင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ် ကုလားတောင်ကျေးရွာသားတစ်ဦးက "ဒီကနေ့ မနက်ပိုင်းအထိတော့ ကျနော်တို့ ရွာမှာ ချောင်းနဲ့ နီးတဲ့ နေအိမ်တွေဆိုရင် အားလုံးနီးရေနစ်မြုပ်သွားပြီ၊ ရွာအလယ်ကဆိုရင်တော့ ၃ ပေကနေ ၄ ပေလောက်အထိ ရေမြှင့်တက်နေတယ်။ လူတော်တော်များများ ဘုန်းတော်ကြီးကျောင်းပြောင်းရွှေ့ကြတယ်။ တစ်ချို့ နီးစပ်ဆွေမျိုးနေအိမ်တွေမှာနေကြတယ် "ဟုပြောသည်။

လက်ရှိတွင် လေးမြို့မြစ်အရှေ့ဘက်ကမ်းရှိ ဗြုတ်ချောင်းနှင့် အနီးအနားကျေးရွာများ၊ ပန်းမြောင်းရွာနှင့် အနီးအနားကျေးရွာများ၊ ရွှေကျင်နှင့်အနီးအနားကျေးရွာများ စုစုပေါင်း ကျေးရွာ ၅၀ ကျော်မှာလည်း မြောက်ဦးမြို့နှင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေသည်။

လေးမြို့မြစ်ရေကြောင်း မင်းပြားမြို့အတွင်း မြေနိမ့်နေရာများမှ ရေ ပ ၃ ပေ ကနေ ၄ အထိ ရေနစ်မြုပ်နေကြောင်းနှင့် မြို့မဈေးကိုလည်း ပိတ်ထားကြောင်း မင်းပြားဒေသခံတစ်ဦးဖြစ်သူ ကိုဦးကျော်ဌေးက ပြောသည်။

"မြေနိမ့်ပိုင်းနေရာတွေမှာဆိုရင် ရေ ၃ပေကနေ ၄ ပေအထိ တက်နေတယ်။ ကျွန်းညိုပိုင်း၊ ဦးစိုးတင့်၊ ပြည်တော်လှ အဲ့ဒီနေရာတွေက မြေနိမ့်တဲ့နေရာတွေဖြစ်တယ်။ ရေတွေက အဲ့ဒီနေရာတွေက စပြီးတော့ ဝင်တယ်။ လောလောဆယ်ကတော့ ရေ တက်နေလို့ ဈေးတွေလည်း ပိတ်ထားပါတယ်။ အသားငါး၊ ဟင်းတွေလောက်ပဲ ရောင်းပါတယ်။ ကျန်တဲ့ ဈေးဆိုင်တွေကတော့ အကုန် ပိတ်ထားပါတယ်"ဟုပြောသည်။

လက်ရှိတွင် အဆက်မပြတ်မိုး ရွာသွန်းမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် ကျေးရွာပေါင်း ၁၀၀ ကျော် ရေကြီးမှုဒဏ်ခံနေရပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ကျေးရွာပေါင်း ၁၃၀ နီးပါးခန့်ရှိလာနေပြီဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာမှ အသက် ၃ နှစ်အရွယ် ကလေးယောကျ်ားတစ်ဦးနှင့် မိခင်ဖြစ်သူမှာ ယမန်နေ့ သာစည်ကျေးရွာအနီး ရေနစ်မြှုပ်၍ သေဆုံးသွားကြောင်း သိရသည်။

Yangon Nation News

ပြင်ဦးလွင်၌ Hijet ယာဥ်က ၁၂ ဘီးယာဥ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးရန်ကုန်၊ ဩဂုတ် - ၈ပြင်ဦးလွင်မြို့နယ်၌ Hij...
08/08/2023

ပြင်ဦးလွင်၌ Hijet ယာဥ်က ၁၂ ဘီးယာဥ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် - ၈

ပြင်ဦးလွင်မြို့နယ်၌ Hijet ယာဥ်က ၁၂ ဘီးယာဥ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး - လားရိူးအဆင်းလမ်း၊ မိုင်တိုင်အမှတ် ၅၀ / ၂ ၊ BOC ဆီဆိုင်အနီး၌ ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်က Hijet အမျိုးအစားမော်တော်ယာဥ်က ၁၂ ဘီးယာဥ်အား ဘရိတ်ပေါက်ကာ ဝင်တိုက်မိခဲ့သဖြင့် Hijet ယာဥ်ပေါ်ပါ အမျိုးသား ၃ ဦးအနက် တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

"အဆင်းလမ်းဖြစ်နေတာလဲပါတယ်၊ ဘရိတ်ပေါက်သွားတော့ ဘာမှလုပ်လို့မရတော့ဘူး၊ Hijet ကားပေါ်က ထိခိုက်ဒဏ်ရာရတဲ့ နှစ်ယောက်လုံးက အခြေအနေစိုးရိမ်ရတယ်" ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ယာဥ်တိုက်မှုကြောင့် Hijet ယာဥ်ပေါ်မှ သေဆုံးသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးနှင့် ၁၂ ဘီးယာဥ်ပေါ်မှ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးတို့အား သန္တိသုခလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော မေလ ၉ ရက် နံနက် ၆ နာရီဝန်းကျင်က ရန်ကုန် - နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၀ / ၄ - ၅ တွင် ရပ်ထားသောခရီးသည်တင်ယာဥ်တစ်စီးအား Light truck ယာဥ်တစ်စီးက နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး light truck ယာဥ်ပေါ်ပါ ၁၅ ဦးအနက် ယာဥ်မောင်းအမျိုးသားသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေပိုင်ဇော်

ဘုတလင်မြို့က သန္ဓေမီးသတ် ၁၀ ဦးနဲ့ မိသားစုဝင် ၁၀ ဦး ဖမ်းဆီးခေါ်ဆောင်းခြင်း ခံရသြဂုတ် ၊ ၈ ၊ ၂၀၂၃SP (VOM)စစ်ကိုင်းတိုင်း ...
08/08/2023

ဘုတလင်မြို့က သန္ဓေမီးသတ် ၁၀ ဦးနဲ့ မိသားစုဝင် ၁၀ ဦး ဖမ်းဆီးခေါ်ဆောင်းခြင်း ခံရ

သြဂုတ် ၊ ၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ ၊ ဘုတလင်မြို့နယ် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို မနေ့ သြဂုတ် ၇ ရက် ညနေပိုင်းက အမည်မသိအဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့ခံတွေဆီက သိရပါတယ်။

" မနေ့က ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရုံးထဲက မီးသတ်ကား ၂ စီးထွက်သွားတာကို မြင်ရတယ် ၊ ကားပေါ်မှာလည်း လူတွေပါသွားတာကိုတွေ့ရတယ် ၊ ဒီမနက်ကြားရတာကတော့ မီးသတ်တွေနဲ့ သူတို့မိသားစုတွေ အဖမ်းခံရတယ်"လို့ ဘုတလင်မြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က " မနေ့က ဘုတလင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို အမည်မသိအဖွဲ့က ဝင်ရောက် ဖမ်းဆီးသွားတာဖြစ်တယ် ၊ ဖမ်းဆီးခံရသူတွေကတော့ ဦးကျော်စိုးပိုင်၊ မီးသတ်ဦးစီးမှုး၊ ဦးစိုးမြတ်မင်း လ/ထ မီးသတ်ဦးစီးမှူး၊ ဦးစိုးသူဝင်း(တပ်ကြပ်ကြီး)၊ဦးရန်မျိုးနိုင်(တပ်ကြပ်ကြီး)၊ ဦးမြင့်နိုင်ထွန်း (တပ်ကြပ်ကြီး)၊ ဦးခင်စောဦး(တပ်ကြပ်ကြီး)၊ ဦးကျော်စန်းဝင်း(တပ်ကြပ်ကြီး)၊ ဦးဟိန်းထက်စိုး (တပ်ကြပ်ကြီး)၊ ဦးအောင်သူဌေး(တပ်ကြပ်ကြီး)၊ ဦးဇော်ဝင်းမြင့်(တပ်ကြပ်)၊ ဦးဝင်းမင်းထွေး(ဒုတပ်ကြပ်)ဖြစ်ပြီး သူတို့ မိသားစုတွေဖြစ်တဲ့ ဦးဆယ်ဟိန်း(ပညာရေး လ/ထ Non CDM)၊ ဦးချစ်ဆွေ(အရပ်သား)၊ ဒေါ်မြင့်မြင့်အေး(ဦးကျော်စိုးပိုင် မီးသတ်ဦးစီး၏ ဇနီး)၊ မအေးစန္ဒာထွန်း(ရန်မျိုးနိုင်၏ ဇနီး)၊ ကိုဝင်းမင်းထွေး၏ ဇနီး(အမည်စိစစ်ဆဲ)၊ မမြင့်မြင့်လင်း(ဦးဇော်ဝင်းမြင့်၏ ဇနီး)၊ ဦးတင်ထွန်းလင်း( ၂၀ နှစ်၊ Non CDM၊ စည်ပင်ဝန်ထမ်း)၊ မောင်နေရှင်းသန့် (၁၀ နှစ်၊(ဘ)ဦးကျော်စွာထွန်း၊ မစုရီမွန်( ၇ နှစ် ၊(ဘ) ဦးဇော်ဝင်းမြင့်၊ မောင်ထက်ဝေယံ(၂ နှစ်၊(ဘ) ဦးဇော်ဝင်းမြင့် တို့ဖြစ်တယ်"လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး မိသာစုဝင်တချို့နဲ့ ဖုန်းအဆက်အသွယ် ရရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်တုန်းကလည်း စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေသူတွေဟာ လာပို့ကျေးရွာက လူနာကို သွားခေါ်ဆောင်တဲ့အခါ လမ်းမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တန့်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးလည်း ရေဦးမြို့နယ်ထဲကို လူနာပို့သွားရာက ပျောက်ဆုံးသွားတာ ထြစ်ခဲ့ပါသေးတယ်။

Address


Alerts

Be the first to know and let us send you an email when Yangon Nation News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Nation News:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share