Gaming video creator

  • Home
  • Gaming video creator

Gaming video creator Gaming video creator

ကြည့်မြင်တိုင် ဆန္ဒပြပွဲမှာ MPA သတင်းထောက် ၂ ဦး ဖမ်းဆီးခံရရန်ကုန်၊ဒီဇင်ဘာ ၆၊၂၀၂၁KK(VOM)မနေ့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းက ရန်...
06/12/2021

ကြည့်မြင်တိုင် ဆန္ဒပြပွဲမှာ MPA သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ ၆၊၂၀၂၁
KK(VOM)

မနေ့ ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းက ရန်ကုန် ကြည့်မြင်တိုင်မှာ လုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာမှာ ဆန္ဒပြပွဲ သတင်းယူနေတဲ့ Myanmar Pressphoto Agency (MPA) သတင်းဌာနက သတင်းထောက်နှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ MPA က ထုတ်ပြန်ပါတယ်။

ကြည့်မြင်တိုင်မြို့နယ်က ရန်ကုန်လူထုသပိတ်စစ်ကြောင်းမှာသတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မနေ့ညပိုင်းက MPA သတင်းဌာနကထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဆန္ဒပြသူတွေကို ကားနဲ့တိုက်ကာဖမ်းဆီးခဲ့လို့ သတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာ ပေါင်
ကျိုးဒဏ်ရာရရှိကာ စစ်ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

"ကိုကောင်းတစ်ယောက်ထဲမဟုတ်ဘူး မှုးရတနာလည်း ဆေးရုံမှာပဲသူလည်း စိုးရိမ်ရတယ် အခြေအနေသိပ်မကောင်းဘူး"လို့ပြောပါတယ်။

ရုပ်သံသတင်းထောက်ဖြစ်သူ မမှူးရတနာခက်မို့မို့ထွန်း မှာလည်း ကားနဲ့တိုက်ခံရ၍ ဦးခေါင်း၊ရင်ဘတ် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး အမှတ် ၂ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

မနေ့က ကြည့်မြင်တိုင်မှာဖြစ်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းဖြိုခွင်းမှုတွင် MPA သတင်းဌာနက သတင်းထောက် ၂ဦးအပါအ
ဝင် ၁၁ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

ဒီဇင်ဘာ (၁၀) ရက်နေ့မှာ အသံတိတ်သပိတ်ရှိကြောင်း အွန်လိုင်းပေါ်ကနေ နှိုးဆော်ကြသလို မြေပြင်မှာလည်း နီးစပ်ရာကို တတ်နိုင်သလောက...
06/12/2021

ဒီဇင်ဘာ (၁၀) ရက်နေ့မှာ အသံတိတ်သပိတ်ရှိကြောင်း အွန်လိုင်းပေါ်ကနေ နှိုးဆော်ကြသလို မြေပြင်မှာလည်း နီးစပ်ရာကို တတ်နိုင်သလောက် သတင်းစကားလေးပါးပေးကြပါဦး။

#ငါတို့မြို့ငါတို့သဘော

အပြင်မှာအေးပြီး၊ရင်မှာ ပူတဲ့ဆောင်း၊ဒီတစ်ခါကြုံတာ၊နောက်ဆုံးဖြစ်ပါစေ။                မင်းကိုနိုင်(Dec.5.2021)ပန်းချီ-Credi...
05/12/2021

အပြင်မှာအေးပြီး၊

ရင်မှာ ပူတဲ့ဆောင်း၊

ဒီတစ်ခါကြုံတာ၊

နောက်ဆုံးဖြစ်ပါစေ။

မင်းကိုနိုင်(Dec.5.2021)

ပန်းချီ-Credit

05/12/2021

ကျွန်တော် ဒီလိုနေ့မျိုးတွေကို အရမ်းကြောက်တယ်။
ကောက်ရိုးမီးလို လူအုပ်ကြီးက မခံမရပ်နိုင်ဖြစ်ပြီး ဝိုင်းClick မယ် Game တွေဆော့မယ်။ You Tube တွေ Stream မယ်။ ဒါပေမဲ့ ကောက်ရိုးမီတွေးဖြစ်ပြီး
နောက်နေ့ကျရင် ပုံမှန်အတိုင်း ဟီးဟီးဟားဟားပဲ
ဖြစ်သွားကြမယ်။ C2D နဲ့ Website တွေ Game တွေက ဒုက္ခရောက်မယ်။ ခင်ဗျားတို့ကို နေ့တိုင်း မခံမရပ်နိုင်
ဖြစ်စေချင်တာဗျာ။ နေ့တိုင်း ပင်တိုင်လုပ်ပေးနေတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ဒီလိုလူမဆန် တဲ့ တိရစ္ဆာန် နဲ့တောင် နှိုင်းလို့မရတဲ့ ကောင်တွေလက်အောက်က ရုန်းထွက်ဖို့ လှုရတာ
ပြည်သူတွေလဲ လက်ပန်းကျနေပြီ။
ဒီအချိန်မှာ Digital Strike နဲ့ ဆက်ကြိုးစားကြရမှာ။

ခနတာ မလုပ်ပါနဲ့ ပုံမှန်အမြဲဝင် Click ပေးကြပါ
ခဗျာတို့ ခနတာ ကောက်ရိုးမီလို့ Click ပေးပြီရင်
ဒီက နည်းပညာပိုင်းမှာ အရမ်း ဒုက္ခရောက်တာ Error
ပေါင်းသောင်းခြောက်ထောင်လောက်ကို ဖြေရှင်းရတာ
အဲ့ကြောင့် ပုံမှန်လေး Click ပေးကြပါ။

05/12/2021
05/12/2021
“ကြည့်မြင်တိုင်တွင် ကားတိုက်ခံရသည့်သူငယ်ချင်းကိုမထားခဲ့ရက်နိူင်လို့ ကူညီရင်းအဖမ်းခံလိုက်တဲ့ မမြကြူကြူသင်း”
05/12/2021

“ကြည့်မြင်တိုင်တွင် ကားတိုက်ခံရသည့်သူငယ်ချင်းကိုမထားခဲ့ရက်နိူင်လို့ ကူညီရင်းအဖမ်းခံလိုက်တဲ့ မမြကြူကြူသင်း”

ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟုကျော်စောသူ သေနတ်ဖြင့်ပစ်သတ်ခံရ--------------...
05/12/2021

ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟုကျော်စောသူ သေနတ်ဖြင့်ပစ်သတ်ခံရ
--------------------
ဂန္ဒမာ

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်က ကားနှင့်ဝင်တိုက်၍ လူငယ်ငါးဦးသေဆုံးခဲ့ရမှုဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါသပိတ်ဖြိုခွင်းရာတွင် စစ်ကောင်စီတပ်ကိုသတင်းပေးခဲ့သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

မွန်းလွဲ ၁၂ နာရီကျော်က ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူ ကိုမင်းမင်းသည် ဓမ္မာရုံဘေးတွင်ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်သမားက လာပစ်သွားခြင်းဖြစ်သည်ဟုသိရသည်။

ကိုမင်းမင်းသည် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ဦးခေါင်းပွင့်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး​သေဆုံးခဲ့​ကြောင်း မျက်မြင်သက်​သေများကပြောသည်။

" အိမ်ရာထဲမှာ ဓမ္မာရုံရှိတယ်၊ အဲ့ဓမ္မာရုံဘေးမှာဝိုင်းဖွဲ့ပြီးထိုင်နေချိန်မှာ နှစ်ချက်ဝင်ပစ်တာ ထိသွားပါတယ်။ ရှေ့လတွေထဲက သူ့ဆိုင်ရှေ့မှာသပိတ်လုပ်ရင် ကလေးတွေကိုမစုခိုင်းဘူး၊ ​မောင်းထုတ်တယ်။ ဒီ​နေ့လည်း ကြည့်မြင်တိုင်ကိစ္စမှာ ဒလန်နှစ်​ယောက်ပါတယ်လို့သိရတယ်၊သူအပါအဝင်​ပေါ့။ မြင်တဲ့သူ​တွေရှိတယ်။" ဟု ​ဒေသခံအမျိုးသမီးတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။

ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီး​နောက် အလုံ၊ ဆင်မင်းအိမ်ယာထဲသို့ စစ်သားများ​ရောက်ရှိလာကာ စစ်​ဆေးမှုများပြုလုပ်ခဲ့ပြီး​ ပြန်လည်ထွက်ခွာသွား​ကြောင်း သိရသည်။

ယနေ့နံနက်က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော လူငယ်တစ်စုကို စစ်ကောင်စီတပ်က နောက်မှကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့်ပစ်ရာ ဆန္ဒပြလူငယ် ငါးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့ကာ ၁၅ ဦး အဖမ်းခံခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောသည်။

စစ်ကားဖြင့်ဝင်တိုက်ခြင်းနှင့် သွေးထွက်သံယိုဖြင့်လမ်းပေါ်တွင်လဲနေသော ဓာတ်ပုံများ လူမူကွန်ရက်တွင်ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့ခဲ့သည်။

သို့သော် ရန်ကုန်တွင် ပြောက်ကျားသပိတ်ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်ခဲ့သည်။

အာဏာသိမ်းပြီးချိန်ကစ၍ စစ်ကောင်စီတပ်သည် လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။

ပုံစာ- ယနေ့ နံနက် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲကို စစ်တပ်က ကားဖြင့်တိုက်ကာ ဖြိုခွင်းအပြီး မြင်ကွင်း။

မနက်ခင်းတစ်ခုမှာ အဝတ်လေးလဲ အိမ်ကလူတွေကိုနှုတ်ဆက်ပီးအထွက်...အပေါင်းအသင်းတွေ ချိန်းပီး ဆုံကြ...လမ်းပေါ်တက်ပီး သမိုင်းပေးတာ...
05/12/2021

မနက်ခင်းတစ်ခုမှာ အဝတ်လေးလဲ
အိမ်ကလူတွေကိုနှုတ်ဆက်ပီးအထွက်...

အပေါင်းအသင်းတွေ ချိန်းပီး ဆုံကြ...
လမ်းပေါ်တက်ပီး သမိုင်းပေးတာဝန်ကို တော်လှန်ရေးစိတ်အပြည့်နဲ့ ကျေပွန်စွာထမ်းဆောင်ခဲ့ကြ....

ထိုမနက်ခင်းမှာတင် အသက်ပေးရတော့မယ်မှန်း ဘယ်သူက ကြိုသိခဲ့မလဲ...နောက်ကျောကနေ ကားတစ်စီးဟာ အရှိန်နဲ့လာတော့မယ်မှန်း ဘယ်သူကကြိုသိမလဲ....

တချို့လဲ လောလောဆယ်အိမ်မရောက်သေးဘူး...
တချို့လဲ ထာဝရအိမ်မပြန်နိုင်တော့ဘူး...

ဒီနေ့အိမ်ကအထွက်နှုတ်ဆက်ခြင်းဟာ တချို့ အတွက်နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ခဲ့တယ်

"ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမမြေကြီးဝယ်
အာဇာနည်သွေးစွန်းခဲ့ရပြီ"

MZM
Dec 5
Crd to org

ရန်ကုန်သပိတ်ဖြိုးခွင်းခံရတာကို လက်တုံပြန်ခြင်းအနေအဖြင့် မန္တလေး ဗိုလ်အဆင့်ရှိသူ ညဏ်အောင်အိမ်ကို ဗုံးခွဲလိုက်ကြောင်း M.P....
05/12/2021

ရန်ကုန်သပိတ်ဖြိုးခွင်းခံရတာကို လက်တုံပြန်ခြင်းအနေအဖြင့် မန္တလေး ဗိုလ်အဆင့်ရှိသူ ညဏ်အောင်အိမ်ကို ဗုံးခွဲလိုက်ကြောင်း M.P.F ထုတ်ပြန်

Address


Telephone

+959979476545

Website

Alerts

Be the first to know and let us send you an email when Gaming video creator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share