Popular News

Popular News We will share updated true news,Celebrity News and Knowledge
(1)

19/09/2022

"ရဲ​ဘော်​တွေစားဖို့ သီးပင်စားပင်ပျိုး​နေတဲ့ အ​မေ့သမီး​လေး"

09/09/2022

hi

ယနေ့ ရင်ထဲအထိဆုံး post😟😟😟
03/08/2022

ယနေ့ ရင်ထဲအထိဆုံး post😟😟😟

ကြိုးမိန့်ပေးမှာ ကိုမသိသေးတဲ့ သားကအမေဖြစ်သူကို အမှာတော်တွေချွေနေတယ် အမေနောက်တခါလာရင် သားအတွက် စာအုပ်လေးနဲ့ ပိုက်ဆံ လေး ပ...
03/08/2022

ကြိုးမိန့်ပေးမှာ ကိုမသိသေးတဲ့ သားကအမေဖြစ်သူကို အမှာတော်တွေချွေနေတယ် အမေနောက်တခါလာရင် သားအတွက် စာအုပ်လေးနဲ့ ပိုက်ဆံ လေး ပေးခဲ့ပါအုံးနော်လို့ မှာရှာနေတယ်
***သူ့ သားလေး ကြိုးမိန့်ပေးမှာမသိရှာတဲ့ မိခင်မှာတော့ အေးပါသားရယ် အမေလာပို့ပေးပါမယ် ပြောရင်းအိမ်ပြန်လာခဲ့ရတယ်
*** နောက်ရက် တနင်္လာ နေ့မှာ သားအတွက်လိုအပ်တာလေးနဲ့ ပိုက်ဆံ လေးသွားပေးရှာတယ်..မိခင်ကြီးမှာ သားဆီ ပို့မဲ့ ပစ္စည်း ပို့လူကိုပေးလိုက်တဲ့အခါ ခင်ဗျားသားမရှိတော့ဘူး လို့ပြောလိုက်တော့ ငါ့သားလေး ဘယ်ရောက်သွားလို့လဲမေးရှာတယ်
***ခင်ဗျားသား ကြိုးမိန့် စနေနေ့က မနက်အစောပိုင်းပေးလိုက်ပြီပြောတော့မိခင်နဲ့ရင်သွေး ဘယ်လိုခံစားရမလဲနော် မိခင်ကြီးက ငါ့သားလေးကို ကြိုးမိန့်ပေးမယ်ဆိုကြိုပြောပေါ့ ငါစကားတွေအများကြီး အဝကြီးပြောမှာပေါ့လို့ပြောရှာတယ်..
***မွေးမိခင် မှာ ရင်သွေးကို သေမယ်မသိပဲ ရင်သွေးအမှာတော်တွေယူလာမယ်လို့ ကတိပေးနေတယ်
***ရင်သွေးငယ်မှာ သူသေမှာကိုမသိသေးပဲ မိခင်ဖြစ်သူကို သူလိုသမျှမှာတမ်းခြွေနေလေရဲ့ပေါ့
***ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်မလဲနော်
မိမိတို့သာ ထိုနေရာမှာ ဆိုရင် ဘယ်လိုခံစားရမလဲ
#ရင်တွင်းဖြစ် 😭😭
ပျော်နေသူတွေ ဆက်ပျော်ပေးပါ
နေနိုင်သူတွေဆက်နေပေးပါ
ခံစားမှု့မရှိတဲ့သူတွေဆက်နေပေးပါ
ကိုယ်ချင်းမစာကြပါနဲ့
ဆက်နေပေးပါ
Crd

ယောက်ကျားတွေက သိပ်ချစ်တတ်တဲ့အမျိုးလမ်းသွားနေရင်းတောင် ဒီဝမ်းဆက်လေးငါ့မိန်းမအတွက်ဝယ်ပေးဦးမှဆိုပီး တွေးနေတာမျိုး
02/08/2022

ယောက်ကျားတွေက သိပ်ချစ်တတ်တဲ့အမျိုး
လမ်းသွားနေရင်းတောင် ဒီဝမ်းဆက်လေး
ငါ့မိန်းမအတွက်ဝယ်ပေးဦးမှဆိုပီး တွေးနေတာမျိုး

"စကားအကုန်မပြောမိစေနဲ့''လူရင်းထိုးတဲ့ဓားက. ပိုနက်တယ်ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့ သင်ကတော့ ယုံကြည်လွန်းလို့ သင့်မိသားစ...
02/08/2022

"စကားအကုန်မပြောမိစေနဲ့''

လူရင်းထိုးတဲ့ဓားက. ပိုနက်တယ်

ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့ သင်ကတော့
ယုံကြည်လွန်းလို့ သင့်မိသားစုအကြောင်းတွေ
သင့်အလုပ်အကြောင်းတွေ သင့်ရဲ့ပြဿနာတွေ
သင့်ရဲ့ထင်မြင်ယူဆချက်တွေ ဘာရယ်မဟုတ်ဘူး
လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ...

ဒါပေမယ့် သူတို့က သင့်ဆီကနေ
ပွင့်လင်းမှုတွေ ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း.,..
သူတို့စိတ်ထဲမှာမင်းကို တဖြေးဖြေးပုံဖော်လာကြတာ
ဒါကို သင်မသိလိုက်ဘူး...။

သင့်ရဲ့အောက်ဖဲတွေကို တဖြေးဖြေးရိပ်မိလာကြတာကို
သင်မသိလိုက်ဘူး။

သင်ကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်. တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ်ကြာလာတဲ့အခါ...

သူတို့စိတ်အမြင်မှာ သင်ဟာ တံဆိပ်တစ်ခုကပ်ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ် အဲဒီတံဆိပ်က
သင်ဟာ အရည်အချင်းထင်သလောက်မရှိဘူး။

သင် ဟာ ငွေမက်တယ် သင်ဟာ
ထင်သလောက် စိတ်ထားမကောင်းဘူး။

သင်ဟာ စိတ်မမှန်ဘူး သင်က ငပေါတစ်ယောက်ဖြစ်တယ်။
သင်က အရူးတစ်ယောက်ဖြစ်တယ်...
သင်က သိပ်အထင်ကြီးစရာမကောင်းဘူး။
သင်ဟာ တရားမရှိဘူး သင်ဟာ ပါးစပ်မလုံဘူး...။

စသည်စသည်ဖြင့် သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်။

နောက်ပိုင်းမှာတော့ သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး။

သင့်ကိုသူတို့က ရာသက်ပန်အဲဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်...။

သင့်ကိုမြင်တာနဲ့ အဲဒီတံဆိပ်ကိုသူတို့မျက်လုံးထဲ
တန်းမြင်ကြတော့တာပါ။

အဲဒါဘာလဲ သိလား စကားကိုအကုန်ပြောခဲ့လို့. ရင်တွေအကုန်ဖွင့်ခဲ့မိလို့....

လူရင်းလုပ်ပြီး ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး အရာရာကိုဖွင့်ပြောခဲ့လို့...

ဟုတ်ကဲ့ လက်ဆောင်လေးတစ်ခုပေးလိုက်ချင်ပါတယ်.

ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့
သင့်ကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး...။

ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး လူရင်းထိုးတဲ့ဓားက
ပိုနက်တယ်ဆိုတာ သတိထား စေလိုပါတယ်။

#ကိုယ်တိုင်ကြုံဖူးလို့စကားများများသိပ်မပြောကြပါနဲ့😊
Credit to original writer.

01/08/2022

ကျန်တော်တို့မိန်းမတွေကို ပြန်မပြောတာ...
​ကြောက်လို့ မဟုတ်ဘူး...
ပြန်မပြေားရက်တာပါ အဲ့တာအချစ်ဘဲ..

❝ အလှဆုံးသောမိန်းမ ❞လောကမှာ ကိုယ့်အလုပ်ကိုလုပ် ကိုယ့်အကြောင်းပဲကိုယ်စိတ်ဝင်စားပြီး ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်တဲ့ မိ...
01/08/2022

❝ အလှဆုံးသောမိန်းမ ❞

လောကမှာ ကိုယ့်အလုပ်ကိုလုပ် ကိုယ့်အကြောင်းပဲကိုယ်စိတ်ဝင်စားပြီး ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမက
အလှဆုံးသောမိန်းမပဲ။

သူများနဲ့မပြိုင်ပဲ သူအင်အားနဲ့သူပြိုင်ပြီး သူ့ဘဝအတွက်သူကြိုးစား အောင်မြင်မှုတွေဆီ လျှောက်လှမ်းနေတဲ့မိန်းမက
အလှဆုံးသော မိန်းမပဲ။

သူများအကြောင်းမပြောသလို သူများကိုလိုက်မကြည့်ပဲ
ကိုယ့်အနာဂတ်အိပ်မက်တွေအတွက်သာ တစ်စိုက်မတ်မတ်အကောင်ထည်ဖော်ဖို့ ကြိုးစားနေတဲ့မိန်းမကသာ အလှဆုံးသောမိန်းမပဲ။

တနေ့ တနေ့ ကုသိုလ် ပညာ ဥစ္စာတွေနဲ့ ပျော်မွေ့ပြီး မေတ္တာစေတနာနဲ့သူတပါးကိုပါ လမ်းပြပေးနေတဲ့ မိန်းမ ကသာ
အလှဆုံးသော မိန်းမ ပါပဲ ။

ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်အလင်းရောင်နဲ့ မိမိသူတပါးနှစ်ပါးလုံးအတွက် ထွန်းလင်းတောက်ပနေတဲ့မိန်းမက လောက မှာ အလှဆုံးသော မိန်းမပါပဲ။

မိန်းမတစ်ယောက် အနေနဲ့ ဘ၀မှာ ၀မ်းနည်းစရာ ၊နာကျင်ကြေကွဲစရာ၊ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မျက်ရည်ကျခွင့်ရှိသလို ငိုကြွေးခွင့်လည်းရှိပါတယ်။

ဒါပေမယ့် အဲဒီ မျက်ရည်တွေနဲ့တော့ ရှေ့လာမယ့်အခွင့်အလမ်းတွေ ပျော်ရွှင်ခြင်းတွေကို မမြင်ရတော့လောက်အောင်ဖုံးကွယ် မနေသင့်ဘူး.....။

အပြုံးတွေနဲ့ ဆက်လျှောက်ပါ။ ကျနေတဲ့ မျက်ရည်တွေသုတ်လိုက်ပြီး ၀မ်းနည်းပူဆွေးခြင်း သောကဖြစ်စရာ ကိစ္စတွေကို အမြန်ဆုံးဖယ်ထုတ်ကာ အပြုံးတွေနဲ့ ရှေ့ဆက် လျှောက်နိုင်မှ လှပတဲ့ အနာဂါတ်ကို ဖန်တီးနိုင်မှာပါ.....♥

#မေတ္တာများစွာဖြင့်
Credit

❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။(၂) ဘ...
01/08/2022

❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞

(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

(၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။
ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

(၃) ဘာမှမသ်ိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

(၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။
ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါတယ်။

(၅) လိုအပ်နေမှန်းသိရင် တစ်ချို့က
ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။
ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။
တချို့က အများကြီးချစ်တာနဲ့ လုံးဝမတန်ပါဘူး။

(၆) တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။
လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။

(၇) ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။
လူငယ်စိတ်ဓာတ်ခွန်အားဖြည့်အတွေးစာစုများ

🙏🙏🙏မိုင်းဖုန်း ဆရာတော် ဘုရားကြီး၏မေတ္တာကြောင့်မြန်မာပြည်သူ/သားများကပ်ကြီးသုံးပါးမှ အမြန်ကင်းဝေးရပါလို​၏🙏🙏🙏
31/07/2022

🙏🙏🙏

မိုင်းဖုန်း ဆရာတော် ဘုရားကြီး၏မေတ္တာကြောင့်

မြန်မာပြည်သူ/သားများ

ကပ်ကြီးသုံးပါးမှ အမြန်ကင်းဝေးရပါလို​၏

🙏🙏🙏

သင်ခန်းစာ------------------လိပ်မကြီးက လိပ်ကလေးတွေပေါက်ဖို့လှိုင်းနဲ့ဝေးတဲ့ သဲသောင်ပြင်ပေါ်ကိုတက်ကာတွင်းတူးပြီး ဥ ဥပါတယ်။...
31/07/2022

သင်ခန်းစာ
------------------

လိပ်မကြီးက လိပ်ကလေးတွေပေါက်ဖို့
လှိုင်းနဲ့ဝေးတဲ့ သဲသောင်ပြင်ပေါ်ကိုတက်ကာ
တွင်းတူးပြီး ဥ ဥပါတယ်။

ပြီးတော့ သဲတွေနဲ့ဥကိုနေရာတကျ
ပြန်ဖုံးပြီး ပင်လယ်ထဲကိုပြန်လာတယ်။

သူ့ဥလေးတွေကနေ အကောင်ပေါက်
ဖို့အတွက် အဝေးကပဲ မေတ္တာပို့နေတာ။

နှစ်လလောက်ကြာတော့....

ဥကနေ လိပ်ကလေးတွေဖြစ်လာကြတယ်။

သူတို့ကို ကူညီကယ်ဆယ်မည့်သူ
မရှိဘူး။

ကိုယ့်ကိုကိုယ်ပဲ အားကိုးရုန်းကန်ရတော့မယ်
ဆိုတာကို ဥကနေ အကောင်ဘဝ
စရောက်တဲ့အချိန်ကစပြီး
လိပ်ကလေးတွေ သိကြတယ်။

ပထမဆုံး သောင်ပြင်ပေါ်ကိုရောက်ဖို့
သဲတွေကို စတင်ထိုးဖောက်ရတယ်။

ပင်လယ်ထဲရောက်ဖို့ သဲသောင်ကနေ
တစ်ဖြေးဖြေး ဖြတ်သန်းရတယ် ။

စွန်၊ သိမ်း၊ဂဏန်း၊မြွေစတဲ့ သတ္တဝါတွေ
ကလည်း သူတို့ကိုထိုးချီပြီး စားသောက်ဖို့
အဲဒီ့အချိန်ကောင်းကို အဝေးကနေစောင့်
နေကြတယ်။

အဲဒီ့သတ္တဝါကြီးတွေကို
ကြောက်လို့ လိပ်ကလေးတွေဟာ
နောက်ကြောင်းပြန်မလှည့်ဘူး ။

သူတို့ရဲ့တွင်းထဲမှာပုန်းမနေကြဘူး။

သတ္တဝါကြီးတွေရဲ့
အတိုက်အခိုက်ကြားထဲက
သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့
ပင်လယ်ဆီကိုသာ ဦးတည်သွားနေကြ
ပါတယ်။

အောင်နိုင် သူတွေက
ပင်လယ်ထဲ ရောက်သွားတယ် ။

ပိုတော်တဲ့သူတွေက
ဧရာမလိပ်ကြီးတွေ ဖြစ်သွားကြပါတယ်။

ကိုယ့်ဘဝမှာ
တစ်ယောက်ထဲဆိုပြီး စိတ်ပျက်အားငယ်
မနေပါနဲ့။

လိပ်ကလေးတွေလိုရှင်သန်ပါ ။

စိတ်ဖိစီးခြင်း၊ဖိနှိပ်ခြင်း၊ကြောက်ရွံ့ခြင်းတို့
ကနေရုန်းထွက်ပါ။

အပေါ်ကဖိထားတဲ့ သူတွေကို
ကိုယ့်မှာရှိသမျှခွန်အားတွေနဲ့
တွန်းထုတ်ပါ။

မနာလိုဝန်တိုတဲ့သူတွေ
ချောက်တွန်းဖို့၊ အလစ်ချောင်းနေတဲ့သူတွေ
ကို သတိထားပါ။

သူတို့ကိုကြောက်ပြီးပုန်းမနေပါနဲ့။

သတ္တိရှိရှိရင်ဆိုင်ပါ။

သူတို့ကြောင့် ကိုယ်သွားမည့်
ဦးတည်ချက်ပန်းတိုင် မပြောင်းလဲမိစေနဲ့။

မဆုတ်မနစ်သော ဇွဲလုံ့လနဲ့
ကြိုးစားမယ်ဆိုရင်
ဧရာမလူသားတွေ ဖြစ်လာနိုင်ပါတယ်။

စာတလုံးကြောင့် ဘဝခွန်အားတွေ
တိုးပွားနိုင်ပါစေ....

ခင်ဇော်

(15.7.2022)

ကံကြောင့်ပဲဆုံဆုံဝဋ်ကြွေးကြောင့်ပဲ ကြုံကြုံဆုံခြင်းနဲ့ ကြုံခြင်းကာလမှာခဏလေး ရင်းနှီးခွင့်ရတာ ကျေနပ်တယ်. . .လိုလို့ပဲ သုံ...
31/07/2022

ကံကြောင့်ပဲဆုံဆုံ
ဝဋ်ကြွေးကြောင့်ပဲ ကြုံကြုံ

ဆုံခြင်းနဲ့ ကြုံခြင်းကာလမှာ
ခဏလေး ရင်းနှီးခွင့်ရတာ ကျေနပ်တယ်. . .

လိုလို့ပဲ သုံးသုံး
မလိုလို့ပဲ မုန်းမုန်း
အသုံးနဲ့ အမုန်း ကြားကာလမှာ
ခဏလေး ပြုံးခွင့်ရတာ ကျေနပ်တယ်. . .

ချစ်လို့ပဲ ခေါ်ခေါ်
မုန်းကြလို့ပဲ မခေါ်ခေါ်
ခေါ်ခြင်းနဲ့ မခေါ်ခြင်း ကြားကာလမှာ
ခဏလေး ပျော်ဝင်ခွင့်ရတာ ကျေနပ်တယ်. . .

စိတ်ရင်းရှိလို့ပဲ တွေ့ တွေ့
စိတ်ရင်းမရှိတော့လို့ပဲ မေ့မေ့
တွေ့ခြင်းနဲ့ မေ့ခြင်း ကြားကာလမှာ
ခဏလေး တွေ့ခွင့်ရတာ ကျေနပ်တယ်. . .

တကယ်တော့
လောကကြီးထဲမှာ အရာအားလုံးက
ကံကြောင့်ပဲ ဖြစ်ဖြစ်
ဝဋ်ကြွေးကြောင့်ပဲ ဖြစ်ဖြစ်
ခဏလေးတွေချည်း
ဖွဲ့စည်း ဖြစ်တည်နေကြတာပါ

လိုရင် သုံးပါ ရပါတယ်
မလိုရင် မုန်းပါ ရပါတယ်....

ကံကြောင့် ဆုံလည်း ရတယ်
ဝဋ်ကြွေးကြောင့် ကြုံလည်း ရပါတယ် .....

ချစ်လို့ ခေါ်လည်း ရတယ်
မုန်းလို့ မခေါ်လည်း ရတယ်.....

စိတ်ရင်းရှိလို့ တွေ့လည်း ရတယ်
စိတ်ရင်း မရှိလို့မေ့လည်း ရပါတယ်....

ခဏဆိုတဲ့ အချိန်လေးဟာ
တန်ဖိုး ရှိပါတယ်....

ခဏလေး ဆိုတဲ့ အချိန်လေးကို
သတိထား မဆင်ခြင်မိလို့
ပုထုဇဥ်ပီပီ ရူးမိုက်တဲ့လမ်းတွေ
ထွင်ဖောက်ခဲ့ကြတာပါ
တနေထွက် တနေဝင်
တယောက်လာ တယောက်သွား
အပြောင်းအလဲ နိယာမတရားကို
မေ့ထားမိခဲ့တာကိုက အမှားကြီး မှားသွားရတော့
တာပါ....

ဒါကြောင့်လည်း
ကိုယ့်ကို လိုသူအတွက်ပဲ ဖြစ်ဖြစ်
မလိုသူအတွက်ပဲ ဖြစ်ဖြစ်
ခဏလေး ကံရဲ့ ကြုံဆုံခွင့် ရတုန်းမှာ
အမုန်း အာဃာတ စိတ်တွေနဲ့ မဆက်ဆံပဲ
မေတ္တာစိတ် ထားတတ်ဖို့ ကြိုးစားရမှာပါ

ကံကြောင့် ဆုံ
ကံကုန်လို့ သေရင်
ခွဲကြရမယ့် အတူတူ
ကြည် ဖြူစွာ ပြုံးပြလိုက်ပါ........။

ကဲ 8လပိုင်း 14ရက်နေ့ မြန်မာ့လက်ဝှေ့ စိန်ခေါပွဲးကြီးကို ကြည့်ရတော့မယ် ကျန်တော့ page ကနေ live လွင့်ပေးမယ် Like Share လေး လ...
31/07/2022

ကဲ 8လပိုင်း 14ရက်နေ့ မြန်မာ့လက်ဝှေ့ စိန်ခေါပွဲးကြီးကို ကြည့်ရတော့မယ်
ကျန်တော့ page ကနေ live လွင့်ပေးမယ် Like Share လေး လုပ်ထားပေးကြပါအုန်း
Tun Min

"မတရားလုပ်‌တာကို ငြိမ်ခံတဲ့အထဲမှာ ငါမပါဘူး"☺️💪 #ဒါရိုက်တာကိုပေါက်🥰
31/07/2022

"မတရားလုပ်‌တာကို ငြိမ်ခံတဲ့အထဲမှာ ငါမပါဘူး"☺️💪
#ဒါရိုက်တာကိုပေါက်🥰

နောင်တ...။🥀
31/07/2022

နောင်တ...။🥀

မိဘတိုင်းကို ပညာတတ်ဖြစ်စေချင်တာသားသမီးတိုင်းရဲ့ ဆန္ဒပါ 😌
30/07/2022

မိဘတိုင်းကို ပညာတတ်ဖြစ်စေချင်တာ
သားသမီးတိုင်းရဲ့ ဆန္ဒပါ 😌

စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ...လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား ဒ...
30/07/2022

စာကိုမကျက်ပါနဲ့သား .
စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ...

လိုချင်တာတွေကို မဝယ်ပဲ
ပိုက်ဆံကို ခြစ်ကုပ်စုပီး
ကပ်စေးမနဲပါနဲ့သား
ဒါပေမဲ့ အသုံးနဲ့ အဖြုန်းက်ို
ခွဲခြားတတ်ပါစေ...

ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ
အတင်းအဖျင်းတွေကို
ဂရုမစိုက်ပါနဲ့သား .
သားအကြောင်းကို
သားကိုယ်တိုင်ထက်ပိုပီး
ဘယ်သူမှ မသိနိုင်ပါ...

စာများများဖတ်ပါ သား .
reader ကောင်းတစ်ယောက်ပာာ
leader ကောင်းတစ်ယောက်
ဖြစ်လာမှာပါ...

စိတ်ဝင်စားတဲ့အလုပ်ကိုပဲ
ရွေးလုပ်ပါ သား...

သားစိတ်မဝင်စားတဲ့ အလုပ်ကို
ဘယ်သူက ဘယ်လောက်ပဲ
တွန်းအားပေးနေပါစေ
အကျိုးသင့် အကြောင်းသင့်ပြောပီး
ပြတ်ပြတ်သားသားနဲ့
ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ...

လူတွေကို အားမနာပါနဲ့ သား
အားနာတယ်ဆိုတဲ့စိတ်က
သားကို ဘယ်တော့မှ
ကောင်းကျိုးမပေးဘူး...

လူတွေကို တတ်နိုင်သလောက်
မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ
ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး
မမျှော်လင့်ပါနဲ့...

ဘဝမှာ "မှား"သွားမှာကို
မကြောက်ပါနဲ့သား .
လူတိုင်းမှားတတ်ကြပါတယ်...

ဒါပေမဲ့မှားမှန်းသိရင်
အမှန်ပြင်နိုင်အောင်
တတ်နိုင်သလောက်
ကြိုးစားကြည့်ပါ...

လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ
သဘောထားချင်း
မတိုက်ဆိုင်တာတွေ့ရင်
ခံမငြင်းပါနဲ့ သား
သူတို့ပြောတာပဲ
နားထောင်ပေးလိုက်ပါ...

Manual Gearနဲ့
ကားမောင်းတတ်အောင် သင်ပါ
ဘယ်ကားကိုမဆို မောင်းတတ်တဲ့
ယောကျာ်းတစ်ယောက်ပာ
သိပ်ကို Style ကျတယ် သား

ကျန်းမာရေးအတွက်ရော
body လှဖို့အတွက်ပါ
အားကစားလုပ်ပါ သား
ခန္ဓာကိုယ်တောင့်တင်းတဲ့
ယောကျာ်းတစ်ယောက်ပာ
ဘယ်နေရာသွားသွား
လူတောသိပ်တိုးတယ် ငါ့သား...

ရန်ဖြစ်ရင် သူများကို
ဘယ်တော့မှစမထိုးပါနဲ့သား .
သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ
ယောကျာ်းသိက္ခာကျတယ် ငါ့သား

ခရီးများများထွက်ပါ သား
သွားတိုင်းလဲ
Camera တစ်လုံးယူဖို့မမေ့ပါနဲ့
ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့
အထင်ကရနေရာတွေကို
ဓါတ်ပုံရိုက်ခဲ့ပီး...

ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို
memory card ထဲ
မသိမ်းထားပဲ photo album လေး
တစ်အုပ်အမြဲထုတ်ပါ...

အဲ့သည့်ဓါတ်ပုံတွေကို
သားပြန်ထုတ်ကြည့်မိတိုင်း
"ငါဒီနေရာတွေကို
ရောက်ခဲ့ပါလား" ဆိုတဲ့
အတွေးက
သိပ်ကြည်နူးစရာကောင်းတယ်

ရည်းစားအများကြီး
ထားကြည့်ပါ သား .
ဒါပေမဲ့ တစ်ယောက်ပီးမှ
တစ်ယောက်ထားပါ

အိမ်ထောင်ပြုတဲ့အခါ
မိန်းမကောင်းရှာယူမယ်ဆိုတဲ့
စိတ်ကြီးမမွေးပါနဲ့သား .
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်အောင်သာ ကြိုးစားပါ
မိန်းမကောင်းတစ်ယောက်
သားအတွက်
အလိုလိုပေါ်လာပါလိမ့်မယ်

အိမ်ထောင်ဖက်ကို
သားစိတ်တိုင်းကျ
သေသေချာချာရွေးချယ်ပါ
သားဘဝရဲ့ ၉၀% သော
ပျော်ရွှင်မှုကို
ဒီမိန်းကလေးဆီကပဲ ရမှာပါ...

စိတ်ထားဖြူစင်ပီး
သဘောထားပြည့်ဝတဲ့
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်ပါစေ။



🙏🙏🙏

မတူပီ၊ ခင်ဦး၊ မြိုင်၊ ကလေးနှင့် ဒီပဲယင်းတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးဂိရန်ကုန်၊ ဇူလိုင် ၇ ...
07/07/2022

မတူပီ၊ ခင်ဦး၊ မြိုင်၊ ကလေးနှင့် ဒီပဲယင်းတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးဂိ

ရန်ကုန်၊ ဇူလိုင် ၇

မတူပီ၊ ခင်ဦး၊ မြိုင်၊ ကလေးနှင့် ဒီပဲယင်းတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

မတူပီတွင် စစ်သား ၂ ဦးသေဆုံး
==================

ချင်းပြည်နယ် မတူပီမြို့နယ် အမ်လိုင်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များအကြား ဇူလိုင်လ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDF-Matupi တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်တပ်ကို CDF-Matupi၊ CNA၊ CDF-Zotung တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ခင်ဦးတွင် စစ်သား ၆ ဦးသေဆုံး
==================

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က စစ်ကား အသေး ၂ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ပြီး ကင်းပုန်းများကို အနီး ကပ်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကား ၂ စီးသည် ခင်ဦးမှထွက်ခွာလာပြီး ရွှေဘိုလေ့ကျင့်ရေး ၈ မှ စစ်ကား အသေး ၁ စီးသည် လမ်းတွင် ကင်းပုန်းများ ချထားခဲ့ကာ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ခင်ဦးသို့ ပြန်လာသည့် စစ်ကား အသေး ၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရှေ့ထွက်မိုင်းများ ထိမှန်ပြီး စစ်သား ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ပြီး ဒဏ်ရာပြင်းထန်သူများကို ရွှေဘိုသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ရွှေဘိုလေ့ကျင့်ရေး ၈ မှ စစ်ကား အကြီး ၂ စီး၊ သံဂျပ်ကာပြီး ဒဏ်ရာပြင်းထန်မှု မရှိသော မိုင်းထိ စစ်သားများကို လိုက်လံ ပို့ ဆောင်စဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ ထပ်မံ မိုင်းဆွဲခဲ့သော် ည်း ပေါက်ကွဲခြင်း မရှိသောကြောင့် နောက်ပြန်ဆုတ်ခဲ့ရပြီး ယင်း စစ်ကား ယာဉ်တန်းသည် အရှေ့ဘက်ကို ပစ်ခတ် ခြောက်လန့်ပြီး ကြို့ကန်ရွာအနီးထိ ဒဏ်ရာ စစ်သားများကို လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကလည်း ကင်းပုန်းဝပ်နေသော စစ်သားများကို အနီးကပ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထပ်မံ သေဆုံးခဲ့ကာ သေဆုံးသွားသော စစ်သား ရုပ်အလောင်းများကို ညနေ ၄ နာရီခန့်တွင် ခင်ဦးသို့ ပြန်လည် တင်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော နဂါးညီနောင်အဖွဲ့၊ မော်ကွန်းညီနောင်အဖွဲ့နှင့် ငှက်ကြီးတောင်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်တွင် တိုက်ပွဲဖြစ်
============

မကွေးတိုင်း မြိုင်မြို့နယ် ဆူးဝင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို RDF - Regional Defense Force (pauk) တပ်ဖွဲ့နှင့် နယ်မြေခံ LPDF တပ်ဖွဲ့တို့က ပူးပေါင်းကာ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်တွင် ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ ဗုံးသီး များဖြင့် အချက်ရေ ၆၀ ကျော်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်မှု ရှိသော်လည်း အရေအတွက်နှင့် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ကလေးတွင် စစ်သား ၂ ဦးသေဆုံး
===================

စစ်ကိုင်းတိုင်း ကလေးမြို့ အနောက်ပိုင်း တောင်ဖီလာလမ်းမကြီးနှင့် ဝန်ထမ်းအိမ်ယာလမ်းထောင့်အနီး အင်အား ၅၀ ခန့်ဖြင့် ခြေလျင်တက်လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို PDF (Kalay) မိုင်းတပ်ဖွဲ့မှ ဇူလိုငခလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်ကလည်း အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး စစ်တပ်ဘက်မှ အရာရှိအဆင့် ၁ ဦးအပါအဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း PDF Kalay တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များသည် တောင်ဇလပ်ရပ်ကွက်ဘက်မှ ကျန်စစ်သားလမ်းအတိုင်း အနောက်ဘက်သို့ ကား၊ ဆိုင်ကယ်များဖြင့် မောင်းနှင်လာပြီးနောက် ခြေလျင်တက်လာစဉ် ဖောက်ခွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်တပ်က အနီး ပတ်ဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်အတွင်းမှ ပြည်သူတချို့ကို သေနတ်ထောက်ပြီး လမ်းကြားများအတွင်း မိုင်းရှင်းလင်းရန် လူသားဒိုင်းအဖြစ် စေခိုင်းခဲ့ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၂ ဦးသေဆုံး
===================================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှ ယနေ့ ညနေ ၆ နာရီ ၃၀ ခန့်အချိန်တွင် ထွက်လာသော အင် အား ၄၀ ခန့်ရှိ စစ်ကြောင်းကို ဒီပဲယင်းမြို့နှင့် ၂ မိုင်ခန့်အကွာ မဲသည်ရွာနှင့်ဝဘာရွာအကြား တွင် DPRA တပ်ဖွဲ့၊ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ FRF တပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နှင့် Galaxy Force ဒီပဲယင်းပကဖ တို့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးကြောင်း သိရှိရသည်။

"စစ်ခွေးအလောင်းတွေက လာမယူသေးဘူး။ မြင်တာက ၆ လောင်းတွေ့ရတယ်။ ဒဏ်ရာရတွေကအတော်များတယ်" ဟု DRPA တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- အီးပီအေ။

||Breaking News||စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဖွဲ့ များတိုက်ခိုက်သိမ်းပိုက်▪️စစ်​ကောင်စီတပ်မှလေကြောင်းမှ အကြိမ...
28/06/2022

||Breaking News||

စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဖွဲ့ များတိုက်ခိုက်သိမ်းပိုက်

▪️စစ်​ကောင်စီတပ်မှလေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်​နေသည့်ကြားမှ စခန်းကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့၊နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်မှ ၅၀ကျော်သေနိုင်ဟု ခန့်မှန်း

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်စခန်း ဥကရစ်ထစခန်းကို ယနေ့ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောကြားသည်။

“စခန်းသိမ်းတာတော့ ရတယ်။ နယ်မြေ ရှင်းလင်းတာတော့ မပြီးသေးဘူး”ဟု ၎င်းက ယနေ့ ညပိုင်း၌ ပြောကြားသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်မှူး တစ်ဦးဖြစ်သည့် ဗိုလ်စလုံးကလည်း “ (စခန်း)သိမ်းနိုင်နေပြီ။ မီးကတော့ ရှို့နေပြီ။ ဒါပေမဲ့ နယ်မြေ ရှင်းလင်းမကုန်နိုင်သေးဘူး။ ကျွန်တော်တို့ဘက်မှာလည်း ထိတယ်။ သူတို့ဘက်မှာက မသိရသေးဘူး နယ်မြေရှင်းလင်းရေးမပြီးသေးလို့”ဟု ယနေ့ ညပိုင်း၌ ပြောသည်။

အဆိုပါ ဥကရစ်ထစခန်းကို ဇွန်လ ၂၆ရက်မှစ၍ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက သုံးရက်ဆက်အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်ပြီးဇွန်လ ၂၈ရက်ညနေပိုင်း၌ ဥကရစ်ထစခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။

KNU ဗဟိုတာဝန်ရှိသူတစ်ဦးကမူ စခန်းရရှိသည့် သတင်းကိုကြားရသော်လည်း အသေအချာအတည်မပြုနိုင်သေးဘူးဟု ပြောသည်။

“ သတင်းက သဲ့သဲ့ကြားရတယ်။ ဒါပေမဲ့ လေတပ်က လာပစ်တာတော့ သေချာတယ်။ ညနေမှာ အများကြီးပဲ။ ၇နာရီလောက်မှာပေါ့” ဟု ၎င်းက ဆက်​ပြောသည်။

KNDO တပ်မှူး ဗိုလ်စလုံးကလည်း “ အားလုံး လေယာဉ် ၉ ခေါက်လာပစ်တယ်။ စခန်းသိမ်းတဲ့အချိန်မှာ ။ အခုက မီးလောင်သွားပြီ စခန်းမီးရှို့နေပြီ”ဟု ပြောသည်။

စစ်ကောင်စီတပ်လေကြောင်းမှအကြိမ်​ရေများစွာလာရောက်တိုက်ခိုက်​နေသည့်ကြားမှပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသတင်းရင်းမြစ်က ပြောသည်။ ယခုတိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့မှထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီတပ်က ၅၀ခန့် ကျဆုံးနိုင်သည်ဟု သိရကြောင်း KNU သတင်းရင်းမြစ်က​ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေတွင် ယခု ဥကရစ်ထစခန်းအပါအဝင် စစ်ကောင် စီတပ်စခန်း ရဲစခန်းခြောက်ခုထက်မနည်းကို ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

(ပူး​ပေါင်းတပ်ဖွဲ့များက ကရစ်ထစခန်းကို သိမ်းပိုက်ရန်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ဇွန်လ၂၇ရက်တွင် ​လေ​ကြောင်းမှ ဗုံးကြဲ၍ စစ်ကူ​ပေး​နေစဉ်။ ​လေ​ကြောင်းမှ အကြိမ်ကြိမ်လာ​ရောက်ဗုံးကြဲတိုက်ခိုက်သည့်ကြားမှ စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

Address


Telephone

+959775759895

Website

Alerts

Be the first to know and let us send you an email when Popular News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share