MM News Channel

  • Home
  • MM News Channel

MM News Channel Daily Update News

ပြည်သူ့လုံခြုံရေးစနစ် တိုးမြှင့်ဆောင်ရွက်နေဟုဆို----------------------ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှ...
28/04/2022

ပြည်သူ့လုံခြုံရေးစနစ် တိုးမြှင့်ဆောင်ရွက်နေဟုဆို
----------------------
ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ နေပြည်တော်မှာ ဧပြီ (၂၇) ရက်က ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ပြည်သူ့လုံခြုံရေးစနစ်မှာတော့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လုံခြုံရေး အထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ပြည်သူ တွေကိုယ်တိုင် ပါဝင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကပြောပါတယ်။ ပြည်သူပါဝင်တဲ့ ပြည်သူ့လုံခြုံရေး စနစ်အတွက် လိုအပ်တဲ့ အင်အားနဲ့ ပစ္စည်းတွေကို ထောက်ပံ့သွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ပြည်သူ့ လုံခြုံရေးစနစ်ကို အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အပါအဝင် နိုင်ငံပေါင်း (၃၉) နိုင်ငံလောက် ကျင့်သုံးနေတာရှိတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

27/04/2022

Breaking news
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ထပ်မံချမှတ်

ရန်ကုန်၊ ဧပြီ ၂၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် စစ်ကောင်စီက ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

စစ်ကောင်စီတရားရုံးက ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်ခြင်းဖြစ်ပြီး ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရကြောင်း သိရှိရသည်။

Address


Telephone

+959766766774

Website

Alerts

Be the first to know and let us send you an email when MM News Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share