ALPHA XI VFC

ALPHA XI VFC VIRTUAL FOOTBALL CLUB FOR EA SPORT FIFA

🎮WE WANT YOU ON OUR TEAM 🎮LEO MESSI, CRISTIANO RONALDO တို့အနားယူဖို့နီးကပ်လာတာနဲ့အမျှ သက်ဆိုင်ရာအသင်းတွေက သွေးသစ်လောင်း...
17/12/2022

🎮WE WANT YOU ON OUR TEAM 🎮

LEO MESSI, CRISTIANO RONALDO တို့အနားယူဖို့နီးကပ်လာတာနဲ့အမျှ သက်ဆိုင်ရာအသင်းတွေက သွေးသစ်လောင်းဖို့ပြင်ဆင်ကြသလိုပဲ
ကျွန်တော်တို့ ALPHA XI VFC ရဲ့ ကစားသမားဟောင်းများ အနားယူဖို့ရှိနေတဲ့အချိန်မှာ
သွေးသစ်လောင်းဖို့အတွက် ကစားအသစ်များကိုရှာဖွေလျက်ရှိပါတယ်ခင်ဗျာ

ရှေ့တန်း , ကွင်းလယ် , နောက်တန်း , ဂိုးသမား
အစရှိတဲ့နေရာအကုန်လုံးအတွက် ကစားသမားများ ကို ရှာဖွေလျက်ရှိပါတယ်

ပါဝင်ကစားဖို့စိတ်ပါဝင်စားတယ်ဆိုလျင်ဖြင့်
ကျွန်တော်တို့ PAGE MESSENGER မှာ လာရောက်ဆက်သွယ်ပီး TRIAL ဆင်းနိုင်ပါပီခင်ဗျာ


.0

WE ARE BACK FIFA 23 နဲ့အတူ ALPHA XI VFC ပြန်လာပီပဲဖြစ်ပါတယ်FIFA 23 မှာ ကျွန်တော်တို့ ALPHA XI VFC ဟာ Singapore Virtual P...
07/11/2022

WE ARE BACK

FIFA 23 နဲ့အတူ ALPHA XI VFC ပြန်လာပီပဲဖြစ်ပါတယ်

FIFA 23 မှာ ကျွန်တော်တို့ ALPHA XI VFC ဟာ
Singapore Virtual Pro ရဲ့ PRO LEAGUE- A မှာ
ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပီး

Week 1 မှာတော့

ပထမပွဲ တွင် GENG MALAM 🇸🇬 အသင်းနဲ့တွေ့ဆုံခဲ့ပီး
တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ရရှိခဲ့ကာ

ဒုတိယပွဲစဉ်မှာတော့ ANDREY BOCA 🇸🇬 အသင်းနဲ့ပွဲစဉ်မှာလည်း
တစ်ဖက် နှစ် ဂိုးစီ သရေရလဒ်ရရှိခဲ့ပီး

အဆင့် ၉ နေရမှာ ရပ်တည်လျက်ရှိပါတယ်

သွင်းဂိုးများကိုတော့
အသင်းတိုက်စစ်မှူး ELNINO က ၂ ပွဲ တွင် ၃ ဂိုးသွင်းယူခဲ့ပီး
ထို ၃ ဂိုးလုံးကိုတော့ အသင်းရဲ့တောင်ပံကစားသမား
SPIDER က ASSIST လုပ်ပေးထားတာဖြစ်ပါတယ်

ပြိင်ပွဲတွေနဲ့ဝေးကွာနေတာကြာပီဖြစ်တဲ့ ALPHA XI VFC အသင်း ဒီပြိုင်ပွဲမှာ ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာ အတူတကွစောင့်ကြည့် ကြပါစို့ခင်ဗျာ

Myanmar Virtual League Season 1 ရဲ့ပထမနေ့ ပွဲစဉ်များအပီးမှာတော့ကျွန်တော်တို့ALPHA XI VFC အသင်းအနေနဲ့ပထမပွဲစဉ်မှာ Banglad...
27/06/2022

Myanmar Virtual League Season 1 ရဲ့
ပထမနေ့ ပွဲစဉ်များအပီးမှာတော့
ကျွန်တော်တို့
ALPHA XI VFC အသင်းအနေနဲ့
ပထမပွဲစဉ်မှာ
Bangladesh 🇧🇩 Club
Chittagong FC အသင်းကို 2-1 ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့ပီး
ဒုတိယပွဲစဉ်မှာတော့
မြန်မာ အသင်းတစ်သင်းဖြစ်တဲ့
Kryptonite VFC အသင်းကို 3-0 ဆိုတဲ့ ရလာဒ်နဲ့အနိုင်ရရှိခဲ့ပီး
အဆငိ့ 4 နေရာမှာရပ်တည်လျက်ရှိပါတယ်ခင်ဗျာ

League ရဲ့ Top Scorer ရဲ့ထိပ်ဆုံးနေရာမှာတော့
အသင်းရဲ့ တိုက်စစ်မှူး
ATEEZ_K က ၄ ဂိုးနဲ့ရပ်တည်နေပီး
ASSISTANT RANKING မှာတော့
အသင်းရဲ့ Captain
Elninoswannpyae က 2 Assists နဲ့ ပူးတွဲထိပ်ဆုံးနေရာမှာရပ်တည်လျက်ရှိပါတယ်ခင်ဗျာ.

MATCH DAY 1
24/06/2022

MATCH DAY 1

WE ARE BACK 💯ပြိုင်ပွဲတွေနဲ့ဝေးကွာနေတဲ့ ကျွန်တော်တို့ ALPHA XI VFC အသင်းအနေနဲ့MYANMAR VIRTUAL LEAGUE SEASON 1 မှာပါဝင်ယှ...
02/06/2022

WE ARE BACK 💯
ပြိုင်ပွဲတွေနဲ့ဝေးကွာနေတဲ့ ကျွန်တော်တို့ ALPHA XI VFC အသင်းအနေနဲ့
MYANMAR VIRTUAL LEAGUE SEASON 1
မှာပါဝင်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်
FIFA 22 Season တစ်ခုလုံး အခက်အခက်တွေကြားကနေ ပြိုင်ပွဲအနည်းငယ်ပဲဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်
ယခုအချိန်မှာတော့အကောင်းဆုံးပြင်ဆင်မှုတွေနဲ့
ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်
အသင်းရဲ့အမာခံ ဝါရင့်ကစားသမားတွေနည်းတူ
မျက်နှာသစ်ကစားသမားတွေပါ ပါဝင်လာတဲ့ ယခုပြိုင်ပွဲမှာတော့ ကျွန်တော်တို့ ဘယ်အထိစွမ်းဆောင်နိုင်မလဲ ရင်ခုန်ရင်း
Stay Tuned ………..

27/12/2021
Congrats 👏 Our BoisBhone Myint Myat Kyaw&Soe Moe NaingAlphas In TOTW
19/12/2021

Congrats 👏 Our Bois
Bhone Myint Myat Kyaw
&
Soe Moe Naing

Alphas In TOTW

" Data ပိုင်း Error အနည်းငယ်ရှိနေပါသဖြင့် ကျွန်တော်တို့ TOTW Week 4 ကြေငြာရန် အချိန်အနည်းငယ် နောက်ကျလို့သွားခဲ့ပါတယ် "

TOTW Week 4 Players

Myanmar Premier S1 League Week 4 မှ အကောင်းဆုံး ကစားသမား TOTW Player များဖြစ်ကြပါတယ် 👏👏👏

CONGRATS OUR PLAYERSFOR FEATURING IN VPG Myanmar 🇲🇲 LEAGUE TOTW 3 CBs Lwin Mg Oo , Soe Moe Naing (2 Weeks in a row) CDM ...
10/12/2021

CONGRATS OUR PLAYERS
FOR FEATURING IN VPG Myanmar 🇲🇲 LEAGUE
TOTW 3
CBs Lwin Mg Oo , Soe Moe Naing (2 Weeks in a row)
CDM ティン ミン テッ
Swann Pyae Win Aung (2 Weeks in a row)
💪

TOTW Week 3 Players

Myanmar Premier S1 League Week 3 မှ အကောင်းဆုံး ကစားသမား TOTW Player များဖြစ်ကြပါတယ် 👏👏👏

CONGRATULATIONS OUR PLAYERSSoe Moe Naing ( BADASSARTHUR)Wai Lin ( HEINMAHN-PYAE7)Swann Pyae Win Aung ( ELNINOSWANNPYAE) ...
03/12/2021

CONGRATULATIONS OUR PLAYERS
Soe Moe Naing ( BADASSARTHUR)
Wai Lin ( HEINMAHN-PYAE7)
Swann Pyae Win Aung ( ELNINOSWANNPYAE)
For Featuring TEAM OF THE WEEK 2 IN
VPG Myanmar League!

TOTW Week 2 Players

Myanmar Premier S1 League Week 2 မှ အကောင်းဆုံး ကစားသမား TOTW Player များဖြစ်ကြပါတယ် 👏👏👏

19/11/2021

ယနေ့မှာတော့ Myanmar Premier S1 League စတင်လို့လာခဲ့ပြီ ဖြစ်ပါတယ်

အဖွင့်ပွဲစဉ်အဖြစ် Bagan Kingdom အသင်း နဲ့ CF Lakers အသင်းတို့ မြန်မာစံတော်ချိန် ၉နာရီတွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်

တိုက်ရိုက် Live အဖြစ်

9:00pm - Bagan Kingdom VFC vs Undying Lakers VFC

9:30pm - Myanmar Football 12th Players vs Y Leopard Esport

10:00pm - ALPHA XI VFC vs Rivoluzione Del Calcio

10:30pm - Bagan Kingdom vs Myanmar Football 12th Player

ပြသသွားမည် ဖြစ်ပါတယ်

Live Stream Caster အဖြစ် Golden Burmese FC အသင်းမှကစားသမားများ ပါဝင်အားဖြည့်ပေးသွားမည်ဖြစ်ပါတယ်။

Congratulations To DH Team & All Players.
13/11/2021

Congratulations To DH Team & All Players.

FIFA 22 Proclub မှာ တစ်ကမ္ဘာလုံးက ပါဝင်ကစားနေတဲ့ အသင်းပေါင်းဟာ အသင်း၂၀၀၀၀ကျော်နီးပါး ထိရှိပါတယ်

ကျွန်တော်တို့ DummyHeist အသင်းဟာ FIFA 22 Proclub ရဲ့ လက်ရှိ Top 100 Leaderboard မှာ အဆင့်7 နေရာမှာ ရပ်တည်နေနိုင်ပီပဲ ဖြစ်ပါတယ်

မြန်မာကိုယ်စားပြုအသင်းတစ်သင်းအနေနဲ့ Global Leaderboard မှာ အခုလိုနေရာရယူနိုင်ခဲ့တာ ဂုဏ်ယူမိပါတယ်ခင်ဗျာ

Esports ဘက်ကနေ တစ်ဖက်တစ်လမ်းကနေ ကိုယ့်နိုင်ငံကို အသိအမှတ်ပြုအောင်လို့လည်း ပြိုင်ပွဲတွေမှာပါဝင်ပြိုင်ပီး ကြိုးစားသွားကြဦးမှာပါ ။

Let'sss goooooo Dummiessss !!! 🇲🇲

ကျွန်တော်တို့ALPHA XI VFC အသင်းမှအသင်းဂျာစီစပွန်ဆာ နှင့်အတူရရှိထားသော ဆုကြေးများအားလုံးကိုCRPH သို့လှူဒါန်းလိုက်ပါသည်။Le...
29/03/2021

ကျွန်တော်တို့
ALPHA XI VFC အသင်းမှ
အသင်းဂျာစီစပွန်ဆာ နှင့်အတူရရှိထားသော ဆုကြေးများအားလုံးကို
CRPH သို့လှူဒါန်းလိုက်ပါသည်။

Let’s Support CRPH


https://charity.gofundme.com/o/en/campaign/crph

𝑻𝒆𝒍𝒍 𝒕𝒉𝒆 𝒘𝒐𝒓𝒍𝒅.......𝐖𝐞 𝐀𝐫𝐞 𝐀𝐥𝐩𝐡𝐚 𝐗𝐢 , 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 🇲🇲 ကျွန်တော်တို့ 𝘈𝘓𝘗𝘏𝘈 𝘟𝘐 𝘝𝘍𝘊 အသင်းဟာယမန်နေ့ညမှာ ကျင်းပပီးစီ...
30/01/2021

𝑻𝒆𝒍𝒍 𝒕𝒉𝒆 𝒘𝒐𝒓𝒍𝒅.......
𝐖𝐞 𝐀𝐫𝐞 𝐀𝐥𝐩𝐡𝐚 𝐗𝐢 , 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 🇲🇲

ကျွန်တော်တို့ 𝘈𝘓𝘗𝘏𝘈 𝘟𝘐 𝘝𝘍𝘊 အသင်းဟာ
ယမန်နေ့ညမှာ ကျင်းပပီးစီးခဲ့တဲ့
𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙋𝙧𝙤𝙘𝙡𝙪𝙗 𝘾𝙝𝙖𝙢𝙥𝙞𝙤𝙣𝙨𝙝𝙞𝙥 2021 ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ပွဲစဉ်များယှဉ်ပြိုင်ကစားအပီးမှာတော့ အဆင့် ၁ နေရာ ကိုထိုက်ထိုက်တန်တန်ရယူကာ ချန်ပီယံသရဖူကိုဆွတ်ခူးသွားပီပဲဖြစ်ပါတယ်

ရှေ့လယ်နောက်ကစားသမားများရဲ့စုစည်းညီညာစွာကြိုးစားအားထုတ်မှူများနဲ့
အဆင့် ၁ နေရာ ကို ပွဲစဉ် ၂ ယှဉ်ပြိုင်ကစားပီးချိန်မှစပီး ပြိုင်ပွဲပီးဆုံးချိန်ထိ တည်ငြိမ်တဲ့ခြေစွမ်းများနဲ့အတူဆက်လက်ထိမ်းသိမ်းကာအသင်းသမိုင်းကြောင်းတစ်လျောက်ပထမဦးဆုံးချန်ပီယံဆုတံဆိပ်ကိုရယူနိုင်ခဲ့ပီပဲဖြစ်ပါတယ်

အောင်မြင်မှုဆိုတာမျိုးဟာ လက်ဖြောက်တချက်တီးရုံနဲ့ ရလာတာမျိုးမဟုတ်ပါဘူး
အဲ့လိုပါပဲ ကျနော်တို့ အသင်းအနေနဲ့ အသင်းတည်ထောင်ပီး တနှစ်ခွဲအကြာမှာမှ အသင်းရဲ့ လူသစ်ကစားသမားများ လူဟောင်းကစားသမားများရဲ့ ပေါင်းစပ်မှုနဲ့ မြန်မာပြည် ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်

ဒါကြောင့်ပဲ လာမယ့်နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာ
နိုင်ငံကိုယ်စားပြုအနေနဲ့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပီပဲဖြစ်ပါတယ်

အသင်းရဲ့နိမ့်ပါးချိန်တွေမှာ အတူကြိုးစားကစားပေးခဲ့ကြတဲ့ကစားသမားတယောက်ချင်းစီကို အမြဲအမှတ်ရနေမှာ ဖြစ်သလို လက်ရှိကစားနေကြတဲ့ ကစားသမားများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်

ထို့အတူကျွန်တော်တို့ALPHA XI VFC အသင်းကိုအားပေးနေတဲ့ အားပေးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းပြောကြားရင်း
𝙏𝙚𝙡𝙡 𝙩𝙝𝙚 𝙬𝙤𝙧𝙡𝙙... 𝙒𝙚 𝙖𝙧𝙚 𝙩𝙝𝙚 𝙘𝙝𝙖𝙢𝙥𝙞𝙤𝙣𝙨
𝑨𝑳𝑷𝑯𝑨 𝑿𝑰 𝑽𝑭𝑪

🎶🎶တစ်မိနစ်နောက်ကျသွားပီ.....ရထားကြီးထွက်လို့သွားပီ🎶🎶 ဆိုတဲ့ မျိုးကျော့မြိုင် သီချင်းစာသားထဲကလိုပဲ နှစ်မိနစ်နောက်ကျလို့ပေ...
27/01/2021

🎶🎶တစ်မိနစ်နောက်ကျသွားပီ.....ရထားကြီးထွက်လို့သွားပီ🎶🎶 ဆိုတဲ့ မျိုးကျော့မြိုင် သီချင်းစာသားထဲကလိုပဲ နှစ်မိနစ်နောက်ကျလို့ပေးဆပ်လိုက်ရတဲ့ Alpha XI VFC

မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ Asian Champions League ရဲ့အုပ်စုအပိတ်ပွဲစဉ်နှစ်ပွဲမှာတော့ ကျွန်တော်တို့ Alpha အသင်းအကောင်းဆုံးကြိုးစားခဲ့ပေမယ့် ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အုပ်စုအဆင့်ကနေ နှုတ်ဆက်လက်ပြခဲ့ရပီပဲဖြစ်ပါတယ်

ကျွ‌န်တော်တို့ Alpha အသင်းအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ပီး
အင်ဒိုနီးရှားအင်အားကြီးကလပ်အသင်းတသင်းဖြစ်တဲ့
Akharat အသင်းကို 1-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပေမယ့်
ဒုတိယပွဲဖြစ်တဲ့
ကိုရီးယားအသင်း Team Flex နဲ့ပွဲကိုတော့ ပွဲချိန်နှစ်မိနစ်နောက်ကျခဲ့လို့
Auto Lose (5-0) နဲ့ အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်

ဒီရှုံးပွဲကြောင့် မြန်မာကလပ်အသင်းတသင်းဖြစ်တဲ့ Yangon Citizen အသင်းနဲ့အတူ မြန်မာအသင်းများထဲမှ ACL Group Stage ကိုပထမဆုံးကျော်ဖြတ်နိုင်တဲ့အသင်းဆိုတဲ့ သမိုင်းသစ်ကိုရေးထိုးနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပီပဲဖြစ်ပါတယ်။

Round of 16 ကို တက်ရောက်သွားတဲ့ Yangon Citizen Esportsအသင်းကိုလဲ မြန်မာ့ဂုဏ်ဆောင်ပီး အနိုင်ရလဒ်တွေဖော်ဆောင်လာနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည် ခင်ဗျာ

အခြားပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Proclub Championship ပြိုင်ပွဲမှာ တော့ လက်ရှိအချိန်ထိ အမှားအယွင်းမရှိ ထိပ်ဆုံးကနေဦးဆောင်ထားဆဲဖြစ်ပီး
ယနေ့ညမှာတော့ ပွဲ စဉ် ၆ ကိုယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်

𝙔𝙊𝙐 𝙎𝘼𝙔 𝙉𝙊.1 , 𝙒𝙀 𝙎𝘼𝙔 𝘼𝙇𝙋𝙃𝘼 🔥ကျွန်တော်တို့ ALPHA XI VFC အသင်းဟာလက်ရှိယှဉ်ပြိုင်ကစားနေတဲ့ Myanmar Proclub Championship ပြ...
25/01/2021

𝙔𝙊𝙐 𝙎𝘼𝙔 𝙉𝙊.1 , 𝙒𝙀 𝙎𝘼𝙔 𝘼𝙇𝙋𝙃𝘼 🔥
ကျွန်တော်တို့ ALPHA XI VFC အသင်းဟာ
လက်ရှိယှဉ်ပြိုင်ကစားနေတဲ့
Myanmar Proclub Championship
ပြိုင်ပွဲ နဲ့
FIFA Asia VP Champions League
ပြိုင်ပွဲ ၂ ရပ် လုံးမှာ
ALPHA XI အသင်းအနေနဲ့ အဆင့် ၁ နေရာတွေမှာ
ရပ်တည်လျက်ရှိပါတယ်
ပြိုင်ပွဲ ၂ ခုလုံးဟာ ဒီတစ်ပတ်အတွင်းမှာ ပီးဆုံးတော့မှာ ဖြစ်လို့ အဆင့် ၁ နေရာမှာပဲဆက်ရှိနိုင်မလားဆိုတာ ကို စောင့်မျော်ကြည့်ရှူအားပေးကြပါဦးခင်ဗျာ

ထို့အတူ ပဲ ALPHA XI အသင်းဟာ ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဘယ်တောင်ပံခံစစ်တစ်နေရာ လစ်လပ်လျက်ရှိပါတယ်ခင်ဗျာ
ALPHA အသင်းရဲ့ LEFT BACK Position နေရာမှာ
ဝင်ရောက်ကစားဖို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့ အသင်းရဲ့ Message Box မှာ အခုပဲ လာရောက်ဆယ်သွယ်ပေးပါခင်ဗျာ.

𝓦𝓔'𝓡𝓔 𝓑𝓐𝓒𝓚!!!𝘔𝘈𝘛𝘊𝘏 𝘋𝘈𝘠 𝘈𝘓𝘌𝘙𝘛 🚨ဒီနေ့ညမှာတော့ကျွန်တော်တို့ 𝑨𝑳𝑷𝑯𝑨 𝑿𝑰 𝑽𝑭𝑪 အသင်းဟာ 𝘼𝙎𝙄𝘼 𝙀𝙇𝙀𝘾𝙏𝙍𝙊𝙉𝙄𝘾 𝙁𝙊𝙊𝙏𝘽𝘼𝙇𝙇 𝘼𝙎𝙎𝙊𝘾𝙄𝘼𝙏𝙄𝙊𝙉 (𝘼𝙀𝙁𝘼...
19/01/2021

𝓦𝓔'𝓡𝓔 𝓑𝓐𝓒𝓚!!!
𝘔𝘈𝘛𝘊𝘏 𝘋𝘈𝘠 𝘈𝘓𝘌𝘙𝘛 🚨
ဒီနေ့ညမှာတော့ကျွန်တော်တို့ 𝑨𝑳𝑷𝑯𝑨 𝑿𝑰 𝑽𝑭𝑪 အသင်းဟာ
𝘼𝙎𝙄𝘼 𝙀𝙇𝙀𝘾𝙏𝙍𝙊𝙉𝙄𝘾 𝙁𝙊𝙊𝙏𝘽𝘼𝙇𝙇 𝘼𝙎𝙎𝙊𝘾𝙄𝘼𝙏𝙄𝙊𝙉 (𝘼𝙀𝙁𝘼) ကကြီးမှူးကျင်းပတဲ့
𝑨𝑺𝑰𝑨 𝑪𝑯𝑨𝑴𝑷𝑰𝑶𝑵 𝑳𝑬𝑨𝑮𝑼𝑬 ပြိင်ပွဲမှာ
မြန်မာနိုင်ငံကိုယ်စားပြု Club အသင်းတစ်သင်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်
ပထမနေ့ပွဲစဉ်များအနေနဲ့

⏰9:00 PM
𝑨𝑳𝑷𝑯𝑨 𝑿𝑰 𝑽𝑭𝑪 🇲🇲 𝑽𝑺 𝑭𝑰𝑵𝑿 𝑿𝑰 🇧🇩
⏰ 9:30 PM
𝙏𝙀𝘼𝙈 𝙁𝙇𝙀𝙓 🇰🇷 𝙑𝙎 𝘼𝙇𝙋𝙃𝘼 𝙓𝙄 𝙑𝙁𝘾 🇲🇲

ပွဲစဉ်များအားလုံးကို
ALPHA XI VFC မှ Live ထုတ်လွင့်မည်ဖြစ်ကာ
စောင့်မျော်ကြည့်ရှူအားပေးကြပါဦးခင်ဗျာ

13/01/2021
ယနေ့ည ၁၀ နာရီAlpha ပွဲရှိသည်!SQUAD Keep Challenging Cup ပထမအဆင့်ပွဲစဉ်မှာတော့Alpha Xi VFC အသင်းဟာ မြန်မာလိဂ်လက်ရှိချန်ပီ...
24/12/2020

ယနေ့ည ၁၀ နာရီ
Alpha ပွဲရှိသည်!
SQUAD Keep Challenging Cup ပထမအဆင့်ပွဲစဉ်မှာတော့
Alpha Xi VFC အသင်းဟာ မြန်မာလိဂ်လက်ရှိချန်ပီယံ
Team Spirits အသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်

Tonight
တချို့ပွဲစဉ်တွေကို Live လွှင့်ပေးမည်ဖြစ်ပြီး
သက်ဆိုင်ရာ Page များနှင့် SQUAD Keep Challenging Cup Page တို့တွင်ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါသည်။
ည ၁၀နာရီတွင် ပထမအကျော့ ကစားမည်ဖြစ်ပြီး
၁၀ ခွဲတွင် ဒုတိယအကျော့ကစားကြမည်ဖြစ်ပါသည်။


 Alpha Xi VFC ကို 2019 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပီး စတင်ဖွဲစည်းခဲ့တာကတော့ မူလပထမအသင်း Golden Balls ကစားသမားဟောင်းတွေဖြစ်...
17/12/2020



Alpha Xi VFC ကို 2019 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပီး စတင်ဖွဲစည်းခဲ့တာကတော့
မူလပထမအသင်း Golden Balls ကစားသမားဟောင်းတွေဖြစ်ကြတဲ့
Elnino & Lordlone တို့ကဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်
Alpha XI ဆိုတဲ့ နာမည်ကတော့ သွေးဆာနေတဲ့ဝံပုလွေ11 ယောက်လို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်
အသင်း Manager ကတော့ Elnino Pyae Win Aung ဖြစ်ပီး
အသင်း Captain ကတော့ Lordlone Lynn Wai ဖြစ်ကြပီး
လက်ရှိမှာတော့
ES League Brunei
SGFIFAVP Intermediate League
VPG Asia League
ES League Asia ပြိုင်ပွဲများကိုပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပီး
အခု လာမယ့် မြန်မာ LEAGUE မှာ ပါဝင်ယှဉ်ပြိုက်မည့်
ကျွန်တော်တို့ Alpha Xi အသင်းမှာတော့
နိုင်ငံခြားသားကစားသမားတစ်ဦးမှပါဝင်ခြင်းမရှိပဲ
မြန်မာ League ကို မြန်မာ နိုင်ငံဖွား မြန်မာ ပြည်သားစစ်စစ်တွေနဲ့ပဲပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပီး
ဝါရင့် စီနီယာကစားသမားတွေနဲ့ Potential အပြည့်ရှိတဲ့ ဂျူနီယာ လက်သစ် ကစားသမားတွေကို အချိုးညီညီ ပါဝင်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်
အသင်းရဲ့ခြေစွမ်းနဲ့ထိုက်တန်တဲ့ အဆင့်တစ်ခုရမယ်လို့လည်းယုံကြည်သလို
မြန်မာLeague ကနေတစ်ဆင့်လက်ရွေးစင်ရွေးချယ်ရာမှာလည်း ပိုမိုအထောက်ကအကူဖြစ်လာမှာလည်းသေချာပါတယ်
ဒီပွဲကနေ လက်ရွေးစင်တက်သစ်စတွေအများကြီးပေါ်ထွက်လာစေချင်ပါတယ် သို့မှသာ နောက် Generation အတွက် လမ်းခင်းပီးသားဖြစ်လာဖို့ ရည်ရွယ်ပီး ယခုပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်...

👀👀
16/12/2020

👀👀



..

13/10/2020

is that ZALATAN????? No it's Our One & Only ELNINO!!!!!!!!!!!!!!!!!!!!!!!!!

⚠️Today we announce the departure of Our Player  Otic-X Win Phyo   from ALPHA XI VFC.He's a wonderful person and an outs...
05/10/2020

⚠️Today we announce the departure of Our Player Otic-X Win Phyo from ALPHA XI VFC.He's a wonderful person and an outstanding professional, he told us that he was looking for another challenge.It was very emotional today when he said goodbye to us all.We wish Otic-X all the very best in his new chapter, and his time here will be remembered fondly by all at the ALPHA XI VFC.
He will be leaving ALPHA XI VFC to join BAGAN KINGDOM VFC.👋👋

HELLO Bagan Kingdom VFC PLEASE TAKE GOOD CARE OUR BOI! ❤️

🚨It’s MATCH DAYYYYY!!! 🚨 ဒီနေ့မှာ တော့ ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတာကြာပီဖြစ်တဲ့ ALPHA XI VFC အသင်းဟာ Yangon Citizen Esport...
31/08/2020

🚨It’s MATCH DAYYYYY!!! 🚨
ဒီနေ့မှာ တော့ ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတာကြာပီဖြစ်တဲ့ ALPHA XI VFC အသင်းဟာ
Yangon Citizen Esports အသင်းနဲ့ ပူးပေါင်းကာ
Mandala CUP ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားမှာပဲဖြစ်ပါတယ်
ပထမအဆင့်မှာတော့ ထိုင်းနာမည်ကြီးတစ်သင်းဖြစ်တဲ့
True HGအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပီး

ဒီနေ့ပြိုင်ပွဲမှာတော့

ALPHA XI အသင်းရဲ့ ကွင်းလယ်လူ Lordlone နဲ့ နောက်ခံလူ Thaw Xein တို့
ဟာတော့ ဒဏ်ရာပြဿနာကနေအချိန်မှီပြန်လည်သက်သာလာခြင်းမရှိတာကြောင့် ဒီနေ့ပွဲစဉ်ကိုလွဲချော်ခဲ့ပီး
တောင်ပံတိုက်စစ်ကစားသမား
Blacklucifer10 တစ်ကျော့ပြန် ပြန်လည်ပါဝင်လာခဲ့ကာ
marina_elmo92
A_G_Thetzaw23
AungMyintMyat25
အစရှိတဲ့ပြိုင်ပွဲမျက်နာသစ်ကစားသမားများနဲ့အတူ
အတွေ့အကြုံရင်ကစားသမားတွေဖြစ်ကြတဲ့
Kopadauk
JackMKoo
GK Ha_roo
နဲ့
အသင်းခေါင်းဆောင်
Elnino အစရှိတဲ့
ALPHA XI VFC အသင်းရဲ့ကစားသမားအများစုကို အခြေခံပီး
YANGON CITIZEN အသင်းရဲ့ အဓိကကစားသမားများဖြစ်ကြတဲ့
BURMESESTONER
HTOOKO
JACKIEDEE
တို့ ပါဝင်မှာဖြစ်ပီး ပွဲစဉ်ကို တော့
ယနေ့ည
ည ၉:၃၀ အချိန်တိတိမှာ Alpha XI VFC Page မှာ
တိုက်ရိုက်ထုတ်လွင့်သွားမှာ ဖြစ်လို့ စောင့်မျော်ကြည့်ရှူအားပေးကြပါဦးခင်ဗျာ၊၊၊၊

14/06/2020

Proclub ကစားရင် အမြဲဂိုးတွေသွင်းမှ ပျော်စရာတွေကြုံရတာမဟုတ်ပါဘူး ဒီလိုမျိူးအလွဲလေးတွေကနေလည်းပျော်စရာတွေရနိုင်ပါသေးတယ် 😂
Take A look at Our AG’s Gift to Opponent Team!


Follow Us On TikTok

https://vt.tiktok.com/AKgEku/

🔊Club Statement Of Alpha XI VFC🔊🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔶ပထမဦးစွာ အသိပေးလိုသည်မှာ ကျွန်တော်တို့ Alpha XI VFC သည် မြန်မာနိုင်ငံ FIF...
12/06/2020

🔊Club Statement Of Alpha XI VFC🔊
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

🔶ပထမဦးစွာ အသိပေးလိုသည်မှာ
ကျွန်တော်တို့ Alpha XI VFC သည် မြန်မာနိုင်ငံ FIFA Proclub Community တိုးတက်စေရန်အတွက်လည်းကောင်း၊ မြန်မာကစားသမားများတိုးပွားလာစေရန်အတွက်လည်းကောင်း ရည်သန်၍ အသင်းဖွဲ့စည်းခြင်း၊ ကစားသမားအသစ်များ ခေါ်ယူနေရာပေးခြင်းနှင့် ကလပ်ကစားသမားများမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်ခဲ့ခြင်းတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ပါသည်။

🔸VPG Myanmar League စတင်ချိန်တွင်လဲ မြန်မာအသင်းတသင်းအနေဖြင့် အားတက်သရော ပါဝင်ခဲ့ပါသည်။ လိုအပ်သည့် ကစားသမားဖြည့်တင်းမှုများဆောင်ရွက်ခြင်း၊ အသင်းလေ့ကျင့်ခန်းအစီအစဉ်များနှင့်တကွ VPG Myanmar Admin များနှင့် ချိတ်ဆက်မှုကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့အသင်း၏ ခြေစွမ်း၊ စိတ်ဓါတ်နှင့် ကြိုးစားအားထုတ်မှုကို အကြွင်းမဲ့ ယုံကြည်ကာ ပြိုင်ပွဲကို တလေးတစား ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါသည်။

🔹သို့သော်ငြား လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့် VPG Myanmar League ပြိုင်ပွဲ တွင်
ပွဲစဉ် (၁) ယှဉ်ပြိုင်ကစားပီး အဆင့် (၁) နေရာသို့ရောက်ရှိနေသော်လည်း ပြိုင်ပွဲစီစဉ်မှူ၊
ပြိုင်ပွဲအုပ်ချုပ်မှုတို့မှာမေးခွန်းထုတ်ဖွယ်ဖြစ်နေခြင်း၊
ပြိုင်ပွဲစတင်ခါနီးအချိန်ထိ အသင်းအရေအတွက်အား တိတိကျကျထုတ်ပြန်နိုင်မှုမရှိခြင်း၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းများမှာ လျော့တိလျော့ရဲနှင့် အငြင်းပွားစရာများဖြစ်နေခြင်း၊
ပြိုင်ပွဲဝင်အသင်းများမှာပြိုင်ပွဲစီစဉ်သူများထံမှ လုံလောက်သောကာကွယ်မှု မရရှိခြင်းအပြင်
ပြိုင်ပွဲစီစဉ်သူများမှ ချမှတ်သောဆုံးဖြတ်ချက်များမှာ ၎င်းတို့၏ နှုတ်ထွက်စကားနှင့်အကျိုးအကြောင်းမညီညွတ်ပါသဖြင့် VPG Myanmar League ကိုဆက်လက်ယှဉ်ပြိုင်ကစားမည်မဟုတ်တော့ကြောင်းကို ဝမ်းနည်းစွာဖြင့်အသိပေးအပ်ပါသည်။

🔹အသင်း၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အသင်း၏ page Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။

အဖွင့်လှခဲ့တဲ့ ဝံပုလွေများ ( သို့ ) VPG Myanmar League Fixture 1 Alpha Xi VFC ( 3-0 ) MF 12 Players Esports ပွဲပီးသုံးသပ...
09/06/2020

အဖွင့်လှခဲ့တဲ့ ဝံပုလွေများ ( သို့ ) VPG Myanmar League Fixture 1

Alpha Xi VFC ( 3-0 ) MF 12 Players Esports

ပွဲပီးသုံးသပ်ချက်
--------------------------
ဒီနေ့ညမှာ Alpha XI အသင်းဟာ အသင်းရဲ့ အဓိက အမာခံကစားသမား ၁၁ ယောက်လုံးကို ပွဲထုတ်ပီး လွယ်ကူတဲ့ နိုင်ပွဲကို ရယူခဲ့ပါတယ်

ပထမပိုင်း စစချင်းမှာတင် MF 12 player အသင်းဟာ Alpha XI ရဲ့ ကစားကွက်အောက်မှာ ရောက်နေခဲ့ပြီး ခံစစ်ပိုင်းမှာသာ အချိန်ကုန်နေခဲ့ပါတယ်

ပွဲချိန် ၁၃ မိနစ်မှာတော့ Alpha XI အသင်းရဲ့ gergen Pressing ကို ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲ MF 12 player အသင်းရဲ့နောက်တန်း RioTridinan အမှားကျူးလွန်ရာမှ တဆင့် Otix ဖိအားပေးရာမှရရှိလာတဲ့ဘောလုံးကို Elninoswannpyae ပြန်ချပေးတာမှတစ်ဆင့် အသင်းတိုက်စစ်မှူး Aung Myint Myat က အမှားမရှိ ကန်သွင်းယူခဲ့ပါတယ်

ပွဲချိန် ၂၇ မိနစ်မှာတော့ ကွင်းလယ်ဒိုင် Philippe Daboussier က Alpha XI ကစားသမား Aung Thet Zaw ကို ကစားပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခဲ့ပါတယ် ဒီအနီကဒ်ဟာ Aung Thet Zaw ရဲ့ စီနီယာကစားသမားဘဝ ပထမဆုံးအနီကဒ်လဲဖြစ်ပါတယ်

တစ်ယောက်လျော့အနေအထားမှာ Alpha XI အသင်း အနည်းငယ် ကစားအားလျော့ကျသွားကာ MF 12 player ရဲ့ တရစပ်ဖိအားပေးမှုကို ခံခဲ့ရပါတယ်

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ Alpha XI အသင်းရဲ့ ကစားသမားမန်နေဂျာ Swan Pyae Win Aung ဟာ အသင်းရဲ့ ဟန်ချက်ကို ထိန်းညှိဖို့အတွက် LW ကစားသမား Arkar ကို ကွင်းလယ်မှာ ကစားစေခဲ့ပါတယ် ဒီအပြောင်းအလဲဟာ အတော်လေးအရေးပါခဲ့ပီး Arkar ကွင်းလယ်မှာခြေစွမ်းပြနိုင်တာကြောင့် တစ်ယောက်လျော့အနေအထားမှာ သူတစ်ပြန်ကိုယ်တစ်ပြန်ယှဉ်ကစားလာနိုင်ခဲ့ပါတယ်

နောက်ပိုင်းပွဲချိန်တွေမှာတော့ အပြန်အလှန် တိုက်စစ်ဆင်ကြရင်းနဲ့ပဲ အချိန်ကုန်နေခဲ့ပြီး Alpha XI ဂိုးသမား KimK ရဲ့ လက်စွမ်းပြ ကာကွယ်မှုတချို့ကိုလဲ မြင်တွေ့ခဲ့ရပါတယ်

ဒုတိယဂိုးကိုတော့ RW ကစားသမား Swan Pyae Win Aung က Penalty ကတဆင့်သွင်းယူခဲ့ပီး တတိယဂိုးကိုတော့ Otic ရဲ့ လှပတဲ့ပေးပို့မှုမှတဆင့် Aung Myint Myat ကပဲ MF 12 player အသင်း ဂိုးသမားရဲ့ ညာထောင့်ကို လှလှပပကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်

ပွဲအပြီးမှာတော့ Alpha 3-0 MF 12 player ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပီး အကောင်းဆုံးကစားသမားဆုကိုတော့ နှစ်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား Aung Myint Myat ကပဲ ရရှိခဲ့ပါတယ်

ပွဲအပြီးမှာ အသင်းရဲ့ Captain LordLone ကို မေးမြန်းခဲ့ရာမှာ "ဟုတ်ကဲ့ ကျနော်တို့လိုချင်တဲ့ရလဒ်ကို ရခဲ့ပါတယ်၊ တယောက် လျော့သွားပေမဲ့ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ကြပါတယ်၊ ကျနော် penalty လွဲသွားတာအတွက်စိတ်မကောင်းပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် Alpha XI VFC အသင်းဟာ ပွဲစဉ် ၁ အပီးမှာတော့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ပထမနေရာက နေ ဦးဆောင်ထားနိုင်ခဲ့သလို ဂိုးသွင်းဘုရင် နေရာကိုလည်း
အသင်းတိုက်စစ်မှူး Aung Myint Myat က ၂ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်

ပွဲစဉ်၂ ကိုတော့ ကြသပတေးနေ့ မြန်မာစံတော်ချိန် ည ၉:၃၀ မှာ Spirits အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာပဲဖြစိပါတယ်ခင်ဗျာ.......

" ပြိုင်ပွဲ ဆာလောင်နေသော ဝံပုလွေတို့ရဲ့ ည "ဝံပုလွေတွေဟာ " Myanmar League " ကစားဖို့အတွက် EL League,SG League တို့ကို နုတ...
09/06/2020

" ပြိုင်ပွဲ ဆာလောင်နေသော ဝံပုလွေတို့ရဲ့ ည "

ဝံပုလွေတွေဟာ " Myanmar League " ကစားဖို့အတွက် EL League,SG League တို့ကို နုတ်ထွက်ခဲ့တာ ၂ပတ်ရှိခဲ့ပြီဖြစ်ပါတယ်

အသင်းကို ပြန်လည်ပြီး အသစ်တဖန်တည်ဆောက်ခဲ့ကာ အခုချိန်ဆိုရင် အကောင်းဆုံးခြေစွမ်းကို ရရှိနေပြီဖြစ်ပါတယ်။ CDM,LW နေရာများကို Free Agent များမှတစ်ဆင့် ခေါ်ယူခဲ့ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်လို့ ယခင်ပုံစံနဲ့မတူကွဲပြားတဲ့ Tactic တွေကို ပြိုင်ပွဲမှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Local Player များသာစုစည်းထားခြင်းဖြစ်ပြီး နိုင်ငံခြား Player များ ခေါ်ယူခဲ့ခြင်းလုံးဝမရှိခဲ့ပါဘူး။

ယနေ့ည မြန်မာစံတော်ချိန် ည 10:00 အချိန်မှာ " Myanmar League " ပွဲဦးထွက် ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ MF 12 အသင်းနှင့် ယှဉ်ပြိုင်ကစားတော့မှာပဲ ဖြစ်ပါတယ်။

ပွဲဦးထွက်ပွဲစဉ်ဖြစ်လို့ နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်ဆိုလဲ မမှားပါဘူး။ ပုံစံကောင်းကို ရရှိထားတဲ့အချိန်ဖြစ်လို့ MF 12 အသင်းတို့ ကစားရခက်ခဲစေမယ့် ပွဲစဉ်တစ်ပွဲဖြစ်မယ်ဆိုတာ မလွဲမသွေပါပဲ။

၂ပတ်တိတိ အနားယူပြီး ပြိုင်ပွဲဆာလောင်နေတဲ့ ဝံပုလွေတို့ရဲ့ည ဟာ အလှအပဆုံးဖြစ်မလား ? MF 12 တို့ကပဲ အကောင်းဆုံး ခံစစ်နဲ့ ကစားသွားနိုင်မလား စောင့်ကြည့်ရမယ့် ပွဲစဉ် တစ်ပွဲဖြစ်လို့နေပါတယ်။

Alpha XI - MF 12 ( Myanmar League )
Time : 9.6.2020 ( 10:00pm )

Support Us ❤️
03/06/2020

Support Us ❤️

မကြာခင် VPG Myanmar Proclubs League 🇲🇲
စတင်ပါ​တော့မယ်။
ဝင်​​ရောက်ယှဥ်ပြိုင်ကြမယ့် မြန်မာကလပ်အသင်း တသင်းချင်းနဲ့
ကစားသမားများအ​ကြောင်းကို ​နေ့စဥ် မိတ်ဆက် တင်ပြသွားပါမယ်။
​စောင့်​မျှော်အား​ပေးကြပါစို့ ⚽️💪

24/05/2020

Superb Free-Kick By The Skipper
Swann Pyae Win Aung

24/05/2020

မြန်မာ Proclub အသင်း တစ်သင်း ဖြစ်တဲ့ ALPHA XI VFC အသင်းရဲ့ လစ်လပ်နေသော နေရာတွေဖြစ်တဲ့

1. ST
2. RW
3. CB
နေရာများအတွက် စိတ်ပါဝင်စားလာရောက်ကစားလိုသော Player တွေကို Trial ဆင်းဖို့ ဖိတ်ခေါ်နေပါပီ

စိတ်ပါဝင်စားလို့ လာရောက်ဆော့ကစားချင်တယ်ဆိုရင်တော့ Comment ပေးပီးဖြစ်စေ
Chat Box ကနေ ဖြစ်စေ လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ!

LET’S SUPPORT MYANMAR ❤️
16/05/2020

LET’S SUPPORT MYANMAR ❤️

MATCH DAY

ပွဲ​နေ့တဲ့ လာပြန်ပြီဗျာ။
ဒီတခါလည်း ပွဲကြီးပွဲကောင်း ခင်ဗျ။
ASIA CUP အာရှဖလား ပါ။
Home stay အိမ်တွင်း​အောင်း​နေသူ ​ဘောလုံးပရိတ်သတ်များအတွက် အဆာ​ပြေ ​ဘောလုံးပွဲ​တွေ တင်ဆက်​ပေး​နေပါပြီ။

ဒီည ၂ပွဲ​တောင် ကန်ကြမှာခင်ဗျ။
Myanmar Vs Indonesia
Myanmar vs Hongkong
Team Myanmar Proclubs ရဲ့
လက်​ရွေးစင်နောက်တသင်း second version ရဲ့ ​​ခြေစွမ်းကိုလည်း လာ​​ရောက်မြည်းစမ်းကြဖို့ ဖိတ်​ခေါ်ပါရ​စေ။

အချိန်က ည​ ၉နာရီ
Live on VPG MFPC page.

𝐀𝐥𝐩𝐡𝐚 𝐗𝐈 𝐕𝐅𝐂 မှ ကစားမည့်ပွဲစဉ်များ-----------------------------------------------------------⚽ 𝗘𝗦 𝗕𝗿𝘂𝗻𝗲𝗶 𝗟𝗲𝗮𝗴𝘂𝗲 ⚽ Date :...
10/05/2020

𝐀𝐥𝐩𝐡𝐚 𝐗𝐈 𝐕𝐅𝐂 မှ ကစားမည့်ပွဲစဉ်များ
-----------------------------------------------------------

⚽ 𝗘𝗦 𝗕𝗿𝘂𝗻𝗲𝗶 𝗟𝗲𝗮𝗴𝘂𝗲 ⚽ Date : 13/05/2020

Raiders VFC ( vs ) 𝑨𝒍𝒑𝒉𝒂 𝑿𝑰 𝑽𝑭𝑪

https://www.es-league.games/brunei/fifa/club/?clubno=187

⚽ 𝗘𝗦 𝗕𝗿𝘂𝗻𝗲𝗶 𝗟𝗲𝗮𝗴𝘂𝗲 ⚽ Date : 13/05/2020

Maximusss VFC ( vs ) 𝑨𝒍𝒑𝒉𝒂 𝑿𝑰 𝑽𝑭𝑪

https://www.es-league.games/brunei/fifa/club/?clubno=017

------------------------------------------------------------------------------------------

⚽ 𝗘𝗦 𝗔𝘀𝗶𝗮 𝗖𝘂𝗽 ⚽ Date : 12/05/2020

La Casa Del Futbol ( 2 - 1 )𝑨𝒍𝒑𝒉𝒂 𝑿𝑰 𝑽𝑭𝑪

https://www.es-league.games/asia/fifa/club/?clubno=007

⚽ 𝗘𝗦 𝗔𝘀𝗶𝗮 𝗖𝘂𝗽 ⚽ Date : 12/05/2020

Guanciale Utd ( 3 - 0 ) 𝑨𝒍𝒑𝒉𝒂 𝑿𝑰 𝑽𝑭𝑪

https://www.es-league.games/asia/fifa/club/?clubno=148

09/05/2020

PHENOMENAL VOLLY BY ALPHA'S NEWEST EDITON STRIKER Thar Pu

Address


Alerts

Be the first to know and let us send you an email when ALPHA XI VFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ALPHA XI VFC:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

THE UNSTOPPABLE ALPHA XI

We Are Virtual Pro Club Football Team For EA SPORTS FIFA 20