Up to date Channel

  • Home
  • Up to date Channel

Up to date Channel ဆယ်လီသတင်းများ ထူးဆန်းထွေလာသတင်းများကို တင်ဆက်ပေးနေခြင်းဖြစ်သည်

03/04/2022

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုမှုအတွက် ပုဂ္ဂလိကဘဏ် ၄ ဘဏ်အားခွင့်ပြု

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ် ငန်းများတွင် ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုပေး ချေရာ၌ ပုဂ္ဂလိကဘဏ်များဖြစ်သည့် CB Bank PCL ၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်နှင့်မြန်မာ့ရှေ့ဆောင်ဘဏ်တို့အား ခွင့်ပြုထားပြီးဖြစ် ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုရာတွင် ပုဂ္ဂလိကဘဏ်များအနေဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိသည့် နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကားခွင့်လိုင်စင်ရပုဂ္ဂလိကဘဏ်များကို ခွင့်ပြုခြင်းဖြစ်သည်ဟု ယွမ်/ကျပ် တိုက်ရိုက်အ သုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ယွမ်/ကျပ်ဖြင့် ဘဏ်လမ်းကြောင်းအသုံးပြု တိုက်ရိုက်ပေးချေရာတွင် ကုန်သည်များလျင်မြန်အဆင်ပြေစွာအသုံးပြုနိုင်မှုအား ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ခွင့်ပြုချက်ရဘဏ် (Designated Bank)များအဖြစ် ထပ်မံတိုးချဲ့ခွင့်ပြုခြင်းဖြစ်သည်။

ယခင်က ဗဟိုဘဏ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၌ ယွမ်/ကျပ် တိုက်ရိုက်အ သုံးပြု၍ ဘဏ်လမ်းကြောင်းအသုံးပြုငွေပေးချေရန် မြန်မာ့စီးပွားရေးဘဏ်၊ ICBC,Yangon Branch နှင့် BOC ,Yangon Branch တို့အားခွင့်ပြုထားသည်။

ယင်းသို့ ယွမ်/ကျပ် တိုက်ရိုက်ငွေးပေးချေရာတွင် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂိကဘဏ်များအား ထပ်မံတိုးချဲ့ခွင့်ပြုခဲ့သဖြင့် ကုန်သည်များအနေဖြင့် ရွေးချယ်ဆောင်ရွက်ရန် ဘဏ်များရှိလာကာ လုပ်ငန်းဆောင်ရွက်မှုများ မြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ် ငန်းစဉ်များအကောင်အထည်ဖော်ခြင်း၊ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက်၊ Designated Banks ခွင့်ပြုမှု၊လုပ်ငန်းအကောင်အထည်ဖော်မှု၊ ယွမ်/ကျပ်စာရင်းဖွင့်လှစ်မှု၊ ဘဏ်လမ်းကြောင်းအား မဖြစ်မနေသုံးစွဲရာတွင် ကြုံတွေ့ရသည့် မြေပြင်အခက်အခဲများ၊ ED ပို့ကုန်ရငွေအတွက် ကုန် သည်များ၏တင်ပြချက်များနှင့်တင်ပြချက်အရ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ချက်များအား ဗဟိုဘဏ် ဒု- ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေမှ ညှိနှိုင်းအစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့သည်။

ယွမ်/ကျပ်တိုက်ရိုက်အသုံးပြု၍ ငွေပေးချေမှုကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်လာနိုင်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ကာ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ်များ လွယ်ကူချောမွေ့စေနိုင်ကြောင်း သိရသည်။

အလားတူ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုအားလျှော့ချကာ ဈေးကစားမှုအားတားဆီးနိုင်ပြီး နှစ်နိုင်ငံကုန်သွယ်မှု စာရင်းအချက်အလက်များရရှိ ၍ စီးပွားရေးဆိုင်ရာစီမံချက်များချမှတ်နိုင်ကာ ပြည်တွင်းသုံးငွေကြေးများသုံးစွဲမှု တိုးမြှင့်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

PopularNews

25/03/2022

YBS ယာဉ်လိုင်းများ ည ၁၀ နာရီအထိ တိုးချဲ့ပြေးဆွဲရန် ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားပြီးဖြစ်

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်းများကို ယခင် ည ၈နာရီ အထိပြေးဆွဲနေရာမှ ယခု ည ၁၀ နာရီအချိန်အထိ တိုးချဲ့ ပြေးဆွဲသွားရန်အတွက် YBS ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆင်ဟွာသို့ ယနေ့ မတ် ၂၅ ရက်တွင်ပြောသည်။

ဦးလျန်ကျင့်မန်က “ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ထားတဲ့အတွက် YBS ယာဉ်လိုင်းတွေကို အချိန်တိုးမြှင့်ပြေးဆွဲဖို့ ယာဉ်လိုင်းတွေကို ကျွန်တော်တို့ အကြောင်းကြားထားပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ အခုစပြေးဆွဲလည်း ရတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ ညဘက်မှာ လိုင်းကားတွေ မရှိတော့တဲ့အခါ ကြားကားတွေစီးရတော့ အဆင်မပြေတာတွေ ရှိတယ်။ ဒါကြောင့်အခုလို ပြေးဆွဲဖို့အတွက် ယာဉ်လိုင်းတွေကို အကြောင်းကြားရတာပါ’’ ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ကုမ္ပဏီများမှ ခရီးသည်တင်ယာဉ်များအား ယခင်က ည (၈) နာရီအထိသာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မတ် ၂၄ ရက်နေ့တွင် YBS ယာဉ်လိုင်း စုစုပေါင်း ၁၁၈ လိုင်းတွင် ယာဉ်စီးရေ ၃၀၀၅ စီးပြေးဆွဲခဲ့ပြီး စီးနင်းသူ ခရီးသည်ဦးရေ ၆၄၆,၂၉၁ ဦးရှိကြောင်း YRTC မှ သိရသည်။

(Xinhua)

ဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ ပြည်သူချစ်သရုပ်ဆောင် အကယ္ဒမီ ဖွေးဖွေး
23/03/2022

ဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ ပြည်သူချစ်သရုပ်ဆောင် အကယ္ဒမီ ဖွေးဖွေး

Cele Newsဘယ်တော့မှ နောင်တမရဘူးဆိုတဲ့ ပြည်သူချစ်သရုပ်ဆောင် အကယ္ဒမီ ဖွေးဖွေး March 23, 2022March 23, 2022 - by admin1 - Leave a Comment             Credit

23/03/2022

နိုင်ငံရဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်လာမယ်ဆိုရင်နျူကလီးယားလက်နက်တွေကို အသုံးပြုတိုက်ခိုက်မယ့်လို ရုရှားအစိုးရပြောဆိုခွင့်ရှိသူထုတ်ဖော်ပြောဆို

ရုရှားနိုင်ငံရဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်ခံရမှုများရှိလာမယ်ဆိုရင် နျူကလီးယားလက်နက်များ အသုံးပြုတိုက်ခိုက်မယ်လို့ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ပြီးနောက် သီတင်း ပတ် လေးပတ်အကြာမှာ စစ်ရေးပဋိပက္ခများက နျူကလီးယားစစ်ပွဲဖြစ် လာမှာကို အနောက်အုပ်စုနိုင်ငံများ စိုးရိမ်မှုမြင့်တက်နေချိန်မှာရုရှားဘက်က အခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က "ကျွန်တော်တို့ကရုရုားပြည်သူများရဲ့ နိုင်ငံလုံခြုံရေးနဲ့ပတ်သက်ပြီး သဘောတရားတွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဖြစ်တည်မှုကို ခြိမ်းခြောက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ သဘောတရားအတိုင်းနျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်ကောင်းတိုက်ခိုက်နိုင်တယ်"လို့ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံရဲ့နျူကလီးယားတပ်ဖွဲ့များကိုအမြင့်ဆုံးတပ်လှန့်ထားခဲ့ကြောင်းသိရပါတယ်။ ရုရှားသမ္မတရဲ့အ မိန့်အတိုင်း ရုရှားကာကွယ်ရေးဝန်ကြီးဟာ ဖေဖော်ဝါရီလ ၂၈ ရက်က ရုရှားနျူကလီးယား ဒုံးကျည်တပ်ဖွဲ့များ၊ မြောက်ပိုင်းနဲ့ ပစိဖိတ်ဒေသရေ တပ်သင်္ဘောအုပ်စုတွေကိုလည်း တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ဖို့ တပ်လှန့်ထားခဲ့ကြောင်းသိရပါတယ်။ ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်မှု သီတင်းပတ် လေးပတ်ကြာချိန်အထိ နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်တာမျိုးမရှိသေးပေမယ့် အသံထက်မြန်တဲ့ ဒုံးကျည်များ အသုံးပြုတိုက်ခိုက်တာမျိုးတော့ ရှိနေကြောင်းရုရှားစစ်ဘက်က အတည်ပြုထားပါတယ်။ ရုရှားဟာ ယူကရိန်းမြို့များကို ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်မှုများလုပ်ဆောင်နေသလို အခြားတစ်ဖက်မှာလည်း ယူကရိန်းအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်းသိရပါတယ်။

NP News

ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖကိုရှေးဟောင်းအဆောက်အဦများ ဖြိုဖျက်မှုနဲ့ ဖမ်းဆီးခဲ့သည်ဟုဆိုဇေကမ္ဘာ ဦးခင်ရွှေနဲ့သားဖြစ်သူ ဦးဇေသီဟတ...
22/03/2022

ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖကိုရှေးဟောင်းအဆောက်အဦများ ဖြိုဖျက်မှုနဲ့ ဖမ်းဆီးခဲ့သည်ဟုဆို

ဇေကမ္ဘာ ဦးခင်ရွှေနဲ့သားဖြစ်သူ ဦးဇေသီဟတို့ကို ရှေးဟောင်း အဆောက်အဦများဖြိုဖျက်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

ရှေးဟောင်းအဆောက်အဦတွေကို ခွင့်ပြုချက်မရဘဲ ဖြိုဖျက်ရန်စေခိုင်းမှု၊ ဖြိုဖျက်ချမှုတို့နဲ့ ဒုဗိုလ်မှူးကြီးအောင်ကျော်မိုး(စစ်ထောက်ချုပ်ရုံး)က တရားလိုပြုလုပ်တိုင်ကြားလာတာကြောင့် အခုလိုဖမ်းဆီးစစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာအမှုကို ဗဟန်းမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်ဦး(စခန်းမှူး)က လက်ခံစစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရတာကြောင့် ဖမ်ဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

မယ်ရီယူပိုးမြို့ကို ယနေ့မနက် ၅ နာရီနောက်ဆုံးထားပြီး လက်နက်ချအညံ့ခံရန် ရုရှား​ရဲ့ကမ်းလှမ်းချက်ကို ယူကရိန်းငြင်းဆိုရုရှားစ...
21/03/2022

မယ်ရီယူပိုးမြို့ကို ယနေ့မနက် ၅ နာရီနောက်ဆုံးထားပြီး လက်နက်ချအညံ့ခံရန် ရုရှား​ရဲ့ကမ်းလှမ်းချက်ကို ယူကရိန်းငြင်းဆို

ရုရှားစစ်တပ်က မယ်ရီယူပိုးမြို့တာဝန်ရှိသူတွေကို ယနေ့ မနက် ၅ နာရီနောက်ဆုံးထားပြီး အညံ့ခံရန် ကမ်းလှမ်းကို ယူကရိန်းဘက်ကငြင်းပယ်ခဲ့သည်ဟု သိရပါသည်။ ယခုအခါ ထိုသက်မှတ်ချိန်ပါ ကျော်လွန်သွားပြီဖြစ်သည်။

ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့တော်တစ်ခုဖြစ်တဲ့ မယ်ရီယူပိုးမြို့တွင် စစ်မဖြစ်ခင်က နေထိုင်သူ ၄ သိန်းခွဲကျော်ရှိခဲ့ပါတယ်။ မတ်လနောက်ဆုံးအပတ်ကစပြီး ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီး ယခုအချိန်မှာ မြို့ရဲ့ နေရာအားလုံးနီးပါးပျက်စီးသွားပါပြီ။

လက်ရှိအချိန်မှာတော့ မြို့ရဲ့ အခြေခံဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးတဲ့ လျှပ်စစ်မီး၊ ရေ၊ ဂတ်စ် ပေးဝေရေး နေရာအားလုံး ရုရှား၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီး လမ်းတွေပေါ်မှာ ပြန်ကျဲနေတဲ့ အလောင်းတွေတောင် ကောက်မဲ့သူမရှိဖြစ်နေပါတယ်။

မြို့ရဲ့ တာဝန်ခံအရာရှိတွေက "လူတွေ ဗုံးခိုကျင်းထဲမှ ထွက်ဖို့ကြောက်လန့်နေပြီး မကြာခင်အစာရေစာပြတ်လပ်တော့မယ်" လို့ ပြောပါတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေကို မြို့ကနေထွက်ခွာခွင့်ပေးဖို့ ရုရှားတွေကို တောင်းဆိုထားပေမဲ့ ပြည်သူတွေရဲ့ကားတွေကို ရုရှားစစ်တပ်က ပစ်ခတ်မှုတွေလုပ်နေတာကြောင့် အခတ်တွေ့နေရတယ်လို့လည်း မြို့တော်ဝန်က CNN ကိုပြောပါတယ်။

ခရိုင်မီးယားကျွန်းစွယ်နဲ့ ကပ်နေတဲ့ မယ်ရီယူပိုးမြို့ကို ရုရှားစစ်တပ်တွေ ထိန်းချုပ်ဖို့ကြိုးစားနေတာ ၃ ပတ်ခန့်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ယူကရိန်းတွေက အပြင်းအထန်ခုခံနေဆဲဖြစ်ပါတယ်။

မူရင်း - CNN

19/03/2022

တယ်လီနောမြန်မာကို M1 အုပ်စုထံ ရောင်းချမှု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးလိုက်ပြီ

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ တယ်လီနောမြန်မာက သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဘနွန်အခြေစိုက် M1 အုပ်စုရဲ့ မိတ်ဖက်လုပ်ငန်းဖြစ်တဲ့ Investcom PTE Ltd. ထံ ရောင်းချမှုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးလိုက်ပါတယ်။

M1 အုပ်စုက တယ်လီနောမြန်မာရဲ့ သုံးစွဲသူ၊ ဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ အားလုံးအတွက် စဉ်ဆက်မပြတ်တည်ငြိမ်မှုနဲ့ ယုံကြည်စိတ်ချမှုရှိစေဖို့ သက်ဆိုင်သူအားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး အရောင်းအဝယ်ကို အမြန်ဆုံးပိတ်သိမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

M1 အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Azmi T. Mikati က MIC ရဲ့ တရားဝင်ဆုံးဖြတ်ချက်ရဲ့ ရလဒ်ကို ကျေနပ်မိပါတယ်လို့ ပြောကြားထားပါတယ်။

M1 အုပ်စုက Investcom PTE ကို မရှိမဖြစ် လိုအပ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့နဲ့ စိန်ခေါ်မှုအရှိဆုံး အခြေအနေမှာပင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံသွားဖို့ ကတိပြုထားပါတယ်။

Investcom က ပြည်တွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို မြန်မာပြည်သူများအတွက် အကျိုးရှိစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

M1 အုပ်စုက တယ်လီနောလုပ်ငန်းစုနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ မြန်မာပြည်က လုပ်ငန်းတွေကို ရယူဖို့ သဘောတူညီချက်ကို ပထမဆုံးကြေညာခဲ့ပါတယ်။

အပြင်းထန်ဆုံးသော အကြပ်အတည်း အခြေအနေတွေအောက်မှာပဲ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးဖို့ M1 အုပ်စုရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပြီး ကမ္ဘာ့အဆင့်မီ တယ်လီကွန်းလုပ်ငန်းလည်ပတ်မှု ဖွံ့ဖြိုးတိုးတက်လာစေမယ့် အာမခံချက်ကိုလည်း ထပ်ဟပ်စေတယ်လို့ ပြောပါတယ်။

မြန်မာပြည်ဈေးကွက်အတွက် M1 အုပ်စုက ပိုင်ဆိုင်မှုလွှဲပြောင်းပေးမယ့် အဖွဲ့အစည်းအသစ်အဖြစ် Investcom PTE ကတဆင့် ရွှေဗျိုင်းဖြူအုပ်စု(SBP)နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရှယ်ယာအများစုကိုလည်း SBP အုပ်စုက ပိုင်ဆိုင်တယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီက တွင်းထွက်သံယံဇာတ တူးဖော်ရောင်းချတဲ့ ကုမ္ပဏီဖြစ်ပြီး ရေနံလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဓာတ်ဆီအရောင်းဆိုင်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်တယ်လို့ သိရပါတယ်။

ဥက္ကဌဖြစ်တဲ့ ဦးသိန်းဝင်းဇော်က မဟာရိုးမအများပိုင်ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး မဟာရိုးမက Mytel ဆက်သွယ်ရေးလုပ်ငန်းမှာ ရှယ်ယာထည့်ဝင်ထားပါတယ်။

BETV Business

18/03/2022

ထိုင်းနိုင်ငံတွင်း လျှပ်စစ်ဓာတ်အားခများ မေလမှ စတင်ကာဈေးတက်မည်

မေလမှ သြဂုတ်လအထိ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားဈေးနှုန်းဟာ တစ်ကီလိုဝပ် တစ်နာရီလျှင် လေးဘတ် အထိ မြင့်တက်လာမှာဖြစ်ပြီးတော့ တစ်ယူနစ်လျှင် ဝ.၂၃ ကနေ ၁.၃ ဘတ်ထိ မြင့်တက် လာမယ်လို့ သိရပါတယ်။

ယူကရိန်းကို ရှရှားက ကျူးကျော်ပြီးနောက် နိုင်ငံရဲ့ စွမ်းအင်ထိန်းညှိရေးကော်မရှင်က လောင်စာ စည်းကြပ်ခွန်ကို တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော် ဝင်ရောက်လာမှုနဲ့ စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာတစ်ဝန်း သဘာဝ ဓာတ်ငွေနဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ERC မှ ပြောခွင့်ရသူတစ်ဦးရဲ့ ပြောကြားချက်ထဲ ဈေးနှုန်းမြင့်တက်ရခြင်းရဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာဆိုရင် ထိုင်းပင်လယ်ကွေ့မှ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုကျ ဆင်းလာခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီဇယ်တစ်လီတာ ဈေးနှုန်း ဘတ် ၃၀ နှုန်း သတ်မှတ်ထားသောလည်းပဲ အဆိုပါ သတ်မှတ် ချက်ဟာ မေလမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ကိုယ်တိုင် အားကိုးရာမှာပါ။ လူတိုင်းက စွမ်းအင်ချွေတာရေးမှာ ကူညီပေးရင် ဈေးနှုန်း သတ်မှတ်ချက်က ပိုပြီးတော့ ကြာရှည်စွာရပ်တည်နိုင်မှာပါ” လို့ စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။

Ref:thethaiger

@ဘန်ကေါက်လမ်းညွန် ကိုစိုင်း

ဒုရဲအုပ် ချယ်ရီထက်အား စွဲဆိုထားသောအမှုအတွက် အပြီးသတ်အမိန့်ချမှတ်တော့မည်ဒုရဲအုပ်ချယ်ရီထက်အား စွဲဆိုထားသော ရာဇသတ်ကြီးဥပဒေပ...
18/03/2022

ဒုရဲအုပ် ချယ်ရီထက်အား စွဲဆိုထားသောအမှုအတွက် အပြီးသတ်အမိန့်ချမှတ်တော့မည်

ဒုရဲအုပ်ချယ်ရီထက်အား စွဲဆိုထားသော ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)အမှုအတွက် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်ပြီး ၊ လာမည့်ရုံးချိန်တွင်နှစ်ဘက်ရှေ့နေများ အပြီးသတ်လျောက်လဲချက်ပေးသွားရန်ရှိကြောင်း တရားရုံးနှင့် နီးကပ်သည့် ရှေ့နေအသိုင်းအဝိုင်းထံမှသိရသည်။

လာမည့် ရုံးချိန်းကို မတ်လ ၂၄ ရက်နေ့သို့ချိန်းဆိုထားပြီး၊ အဆိုပါရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျောက်လဲချက်ပေးကြမည်ဖြစ်ကြောင်း သိရသည်

PopularNews

မြန်မာနိုင်ငံသားများအားတင်ဆောင်လာသည့် ကားတစ်စီး ထိုင်းနိုင်ငံ၊ပရာကျွတ်ခီရီကန်ပြည်နယ်၌တိမ်းမှောက် ၆ ဦးသေဆုံးထိုင်းနိုင်င...
16/03/2022

မြန်မာနိုင်ငံသားများအားတင်ဆောင်လာသည့် ကားတစ်စီး ထိုင်းနိုင်ငံ၊ပရာကျွတ်ခီရီကန်ပြည်နယ်၌တိမ်းမှောက် ၆ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ပရာကျွတ်ခီရီကန်ပြည်နယ်ရှိ Phetkasem ကားလမ်း၌ မတ် ၁၆ ရက်(ယနေ့) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦးအားတင် ဆောင်လာသည့်ကားသည် ဘီးပေါက်၍အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်အားကာရံထားသည့် လက်ရမ်းအားတိုက်မိရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ် သည်။

ထိုသို့ တိမ်းမှောက်ခဲ့သည့်ကားအား နောက်မှလိုက်ပါလာသည့် ကားမှအရှိန်မထိန်းနိုင်ဘဲထပ်မံတိုက်မိခဲ့သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအရေးဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဖြစ်စဉ်ကြောင့် ကားပေါ်တွင်ပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦးအနက် ၆ ဦးမှာအခင်း ဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ၁၂ ဦးတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စိုးရိမ်ရလူနာများအဖြစ် ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

"မြန်မာနိုင်ငံသားတွေက ဆာမွန်ဆာခွန်းဘက်မှာအလုပ်လုပ်ဖို့သွားရင် အခုလိုဖြစ်သွားတာပါ မြန် မာအလုပ်သမားတွေလိုက်လာတဲ့ကားက လက် ရမ်းတွေကိုတိုက်မိတဲ့အရှိန်နဲ့ပုန်းပြီးလိုက်လာတဲ့လူတွေ အတော်ထိသွားကြတာ"ဟုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးဆောင် ရွက်ပေးနေသူတစ်ဦးကပြောသည်။

အခင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံသားများအား တင် ဆောင်မောင်းနှင်လာသည့် ထိုင်းလူမျိုးကားမောင်းသူမှာထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ထိုင်းအာဏာပိုင်များကဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

PNJ

15/03/2022

ကလေးအကျဉ်းထောင်တွင် အကျဉ်းသား၊အချုပ်သား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိအပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွား

နေပြည်တော်၊ မတ် - ၁၅

ကလေးအကျဉ်းထောင်၌ ယနေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေးကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို့ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

အချုပ်သား ဗန်ဒိန်း(ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့်အဖွဲ့မှ တာဝန်ခံအရာရှိပါ၃ ဦး အား ဓားစာခံအဖြစ်ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိမှ ပြန်လည်ခုခံသဖြင့် လွှတ်မြောက်သွားခဲ့ပြီး ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး ၂ ဦးတို့အား စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်သို့ချက်ချင်းတက်ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်နှင့် မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း‌ လိုက်နာမှုမရှိသဖြင့် ၎င်းတို့အား ချောက်လှန့် သည့် သဘောအနေဖြင့် MA-11 သေနတ်ဖြင့် ၃ ချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး၊ ပေါင်း ၇ ဦး သေဆုံးခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့မှာ ပြန်လည် လွတ်မြောက်လာကာ အချုပ်သားများမှာ ဆေးရုံဆောင်နှင့် အမှတ်(၅)အိပ်ဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ထိန်းသိမ်းနိုင်ခဲ့သည်။

ဓားစာခံအဖြစ်ထိန်းသိမ်းခံရစဉ် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက်လည်ပင်းနှင့် မေးရိုးတို့၌ ပြတ်ရှဒဏ်ရာ ၁ ချက်စီ(မစိုးရိမ်ရ)ရရှိသွားသဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသ ပေးလျက်ရှိပြီး အကျဉ်းထောင်၌ ပုံမှန်လုပ်ငန်းများကို ဆက်လက်လုပ် ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Crd

ဒေါ်အောင်ဆန်းစုကြည်ကဦးဖြိုးမင်းသိန်းအနေဖြင့်   ရွှေနှင့် ဒေါ်လာများပေးခဲ့သည်ဆိုသော အမှုအတွက် အပြစ်မရှိကြောင်း ငြင်းဆိုနိုင...
15/03/2022

ဒေါ်အောင်ဆန်းစုကြည်ကဦးဖြိုးမင်းသိန်းအနေဖြင့် ရွှေနှင့် ဒေါ်လာများပေးခဲ့သည်ဆိုသော အမှုအတွက် အပြစ်မရှိကြောင်း ငြင်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးဖြိုးမင်းသိန်းပေးခဲ့သည်ဆိုသော ရွှေနှင့်ဒေါ်လာများကို လက်ခံရယူခြင်းလည်းမရှိသည့်အတွက် ၎င်းအနေဖြင့် အပြစ်မရှိကြောင်း ယမန့်နေ (မတ် ၁၄)ရက်ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်း အချိုထံမှသိရသည်။

ယမန်နေ့ (မတ် ၁၄)ရက်က ယင်းအမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြိုနယ်အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး၊ စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက အဓိကစစ်မေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Crd

"စစ်ကိုင်း၊ ကောင်းမှုတော်ဘုရားကြီးအတွင်းမှ မရဏစည်တော်ကြီးဟု နာမည်ကျော်ပြီး ဝေဖန်မှုမြင့်တက်နေသည့် စည်ကြီးကို ယနေ့ညနေ၌ မူ...
14/03/2022

"စစ်ကိုင်း၊ ကောင်းမှုတော်ဘုရားကြီးအတွင်းမှ မရဏစည်တော်ကြီးဟု နာမည်ကျော်ပြီး ဝေဖန်မှုမြင့်တက်နေသည့် စည်ကြီးကို ယနေ့ညနေ၌ မူလနေရာသို့ ပြန်ပို့မည်"

စစ်ကိုင်း၊ ကောင်းမှုတော်ဘုရားကြီးအတွင်း၌
ယခင် NLD အစိုးရလက်ထက်က အင်းတော်သချိုင်းကုန်းမှ ရရှိသည့်အသားဖြင့် ထွင်းထုပြီး အင်းအိုင်အစီအရင်များပါ ထည့်သွင်းခဲ့သော စည်တော်ကြီးကို သြဝါဒစရိယဆရာတော်များ၏ ခွင့်ပြုလမ်းညွှန်ချက်နှင့်အညီ ယနေ့ (မတ်လ ၁၄ ရက်) ညနေ ၆ နာရီတွင် မူလဒေသဖြစ်သည့် အင်းတော်ကြီးသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဒေသလုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါစည်တော်ကြီးနှင့် ပတ်သက်၍ စတင်ပြုလုပ်စဉ်ကပင် မပြုလုပ်သင့်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သော်လည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်နိုင်မှ အပြီးသတ်သည်အထိ ပြုလုပ်ကာ စစ်ကိုင်း၊ ကောင်းမှုတော်ဘုရားကြီးအတွင်းသို့ ယူဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်အခါတွင်လည်း အဆိုပါ အစီအမံများပါရှိသည့် စည်တော်ကြီးကို မထားရှိဘဲ ဖျက်ဆီးပြစ်ရန် ဝေဖန်တောင်းဆိုမှု အများအပြားရှိခဲ့ရာမှ ယခုကဲ့သို့ မူလဒေသသို့ ပြန်လည်ပို့ဆောင်ရန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဆုတောင်းပြည့် ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မည်။နှစ်စဉ်ကျင်းပ​ပြုလုပ...
14/03/2022

ဆုတောင်းပြည့်
ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မည်။

နှစ်စဉ်ကျင်းပ​ပြုလုပ်ခဲ့သောပဲခူးမြို့၏ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၄)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အား၁၃၈၃/၈၄ခု
နှစ်တန်ခူးလဆန်း(နှစ်တန်ခူးလဆန်း၁၀ရက်မှလပြည့်ကျော်၎ရက်၂၀၂၂ခုနှစ်ဧပြီ၁၀ရက်မှ၁၉ရက်နေ့ထိကျင်းပပြုလုပ်မည်ဟုသိရပါတယ်။

ဈေးရောင်းချလိုသူများနှင့်ကလေးကစားနည်းမျိုးစုံထည့်သွင်းလိုသူများရွှေမောတော်စေတီတော်ဘဏ္ဍာထိန်းဂေါပကရုံးတွင်လာရောက်လျှောက်ထားနိုင်ကြောင်းလဲကြေငြာထားသည်ကိုသိရပါသည်။

Z+Plus News

မဲဆောက်၌ ကုန်စိမ်းကားအတွင်း ပုန်း၍လိုက်ပါလာသည့် မြန်မာ ၅၃ ဦးကို ဖမ်းဆီးခံရ++++++++++++++++++++++++++++++++++++++News Zon...
14/03/2022

မဲဆောက်၌ ကုန်စိမ်းကားအတွင်း ပုန်း၍လိုက်ပါ
လာသည့် မြန်မာ ၅၃ ဦးကို ဖမ်းဆီးခံရ
++++++++++++++++++++++++++++++++++++++
News Zone Media
ထိုင်းနိုင်ငံ၊ မဲဆောက်၌ ကုန်စိမ်းကားအတွင်း ပုန်း၍ လိုက်ပါလာသည့် မြန်မာလုပ်သား ၅၃ ဦးကိုထိုင်းရဲတပ်ဖွဲက ယနေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု ထိုင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

ထိုင်းနိုင်ငံ တက်ခ်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တွင် ယနေ့ မနက်အစောပိုင်းက ကုန်စိမ်းကားတစ်စီးကို လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲက စစ်ဆေးရာ အထောက်အထားမပါသည့် မြန်မာ ၅၃ ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦး ပြောသည်။

"ကံကောင်းတာ အံဝှက်ပုံစံနဲ့ လိုက်လာလို့ အပေါ်ကသာ ကုန်စိမ်းတွေဖိပြီး အောက်ကလိုက်လာရင်စူးတွေနဲ့ ထိုးရင် သေမှာ"ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ မြန်မာအမျိုးသား ၃၃ဦးနှင့်အမျိုးသမီး ၂၂ ဦးရှိသည်ဟု သိရပြီး ဖမ်းဆီးခံရသူများကို ကိုဗစ်စစ်ဆေးပြီး ရဲစခန်းသို့ပို့ဆောင်မှာဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာအလုပ်သမားထောင်ချီ၍ ဖမ်းဆီးခံခဲ့ရတာလည်းရှိသည်။
ထိုင်းနိုင်ငံအတွင်းမှ အဆိုပါအလုပ်သမားများကို
ပြစ်ဒဏ်ချပြီးပါက မြဝတီ အမှတ် ၁၊အမှတ် ၂ တံတားတို့.မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ပြန်လည်ပို့ဆောင်းပေးတာဖြစ်သည်။

06/03/2022

အထည်ချုပ်စက်ရုံလစာပေးရာတွင် တစ်သောင်းတန်အတုများထည့်ပေးသူဖမ်းမိ

မတ် ၆၊ ၂၀၂၂

အထည်ချုပ်စက်ရုံမှ လစာထုတ်ပြီးအကြွေးလာဆပ်သူက အက္ခရာတူ၊ နံပါတ်တူတစ်သောင်းတန်ငွေစက္ကူတုများဖြင့် အကြွေးဆပ်ရာမှ သက်ဆိုင်ရာကစုံစမ်းဖမ်းဆီးခဲ့ရာ လစာထုတ်ပေးသည့်လိုင်းခေါင်းဆောင်အမျိုးသမီးကို တစ်သောင်းတန်ငွေစက္ကူတုများဖြင့် မတ်လ ၅ ရက်ည ၁၁း၃၅ နာရီအချိန်ကဖမ်းမိခဲ့ကြောင်းသိရသည်။

Mianyi အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးသည်လစာထုတ်ပြီး ကြွေးနှစ်သောင်းကိုမတ်လ ၅ ရက် ည ၉း၄၅ နာရီအချိန်က ဈေးဆိုင်သို့ လာရောက်ဆပ်စဉ် အဆိုပါငွေစက္ကူများမှာ အက္ခရာတူနံပါတ်တူ(စဒ၇၉၁၃၀၆၉)များဖြစ်နေသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ရဲစခန်းကစစ်ဆေးရာအဆိုပါငွေစက္ကူများမှာ စက်ရုံမှလိုင်းခေါင်းဆောင်ကလစာထုတ်ပေးသည့်အထဲတွင် ပါလာကြောင်းစစ်ဆေးဖော်ထုတ်ချက်အရ လိုင်းခေါင်းဆောင် မလွင်မာအောင်ကို သွားရောက်ဖမ်းဆီးရာနေအိမ်မှ တိမ်းရှောင်နေကြောင်းတွေ့ရသည်။

ထို့အပြင်အဆိုပါငွေစက္ကူတုများကိုအခြားသူများ၏ လစာတွင်လည်း ထည့်ပေးထားကြောင်းသိရသဖြင့် မလွင်မာအောင်၏ ညီမဖြစ်သူအထည်ချုပ်ဝန်ထမ်းမခင်မာအောင်ကို စစ်ဆေးရာသူမထံတွင်လည်း လစာထဲမှပါလာသောနံပါတ်တူ(စဒ၇၉၁၃၀၆၉)ငွေတစ်သောင်းတန်များထပ်မံဖမ်းဆီးရမိခဲ့သည်။

မခင်မာအောင်က အမဖြစ်သူ မလွင်မာအောင်ကိုဖုန်းဆက်ပြီး ညီအမချင်းလုပ်ရက်လိုက်တာဟုပြောရာမလွင်မာအောင်မှငါ့ကိစ္စငါရှင်းမည်ဟုပြောပြီး ညီမဖြစ်သူကို ည ၁၁း၀၀ နာရီအချိန်တွင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ပညာပတ်လမ်းနှင့် ပီမိုးနင်းလမ်းထောင့်တွင် ချိန်းဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ကစောင့်ဆိုင်းဖမ်းဆီးရာ ဝန်ထမ်းများ၏လစာကိုငွေစက္ကူအတုများဖြင့် လဲလှယ်ထုတ်ပေးသူ မလွင်မာအောင်ကို ယင်း၏ခင်ပွန်းဖြစ်သူသီဟအောင်နှင့်အတူဖမ်းဆီးရမိခဲ့သည်။ မလွင်မာအောင်လွယ်လာသောအိတ်ကိုစစ်ဆေးခဲ့ရာ အိတ်အတွင်းမှအက္ခရာတူ၊ နံပါတ်တူ (စဒ၇၉၁၃၀၆၉) ကျပ်တစ်သောင်းတန် ၁၀၇ ရွက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့်ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်းသတင်းရရှိသည်။

NOM

ရုရှားနဲ့ဆွေးနွေးပွဲမှာ ယူကရိန်းကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သူတဦးက ရုရှားသူလျှိုဖြစ်နေလို့ ယူကရိန်းဘက်က သုတ်သင်ခဲ့_________...
06/03/2022

ရုရှားနဲ့ဆွေးနွေးပွဲမှာ ယူကရိန်းကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သူတဦးက ရုရှားသူလျှိုဖြစ်နေလို့ ယူကရိန်းဘက်က သုတ်သင်ခဲ့
________________________________________

ယူကရိန်းဟာ ရုရှားနဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ရာမှာ သူတို့ဘက်က ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ရုရှားအတွက် သူလျှိုပြုလုပ်ပေးနေတယ်လို့ သံသယရှိခဲ့ပြီးနောက် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ -တ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကိုယ်စားလှယ်ဟာလက်ရှိမှာ​ သေဆုံးသွားပြီဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံရေးအသိုင်းအဝန်းက ပြောဆိုမှုတွေအရ Kireev ရဲ့ တယ်လီဖုန်းပြောဆိုမှုတွေကို ခြေရာခံမိထားပြီး ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ နိုင်ငံတော်အပေါ် သစ္စာဖောက်သူအဖြစ် ရှင်းရှင်းလင်းလင်းသိသာစေနိုင်တဲ့သက်သေအထောက်အထားတွေကို ရရှိထားပြီးပြီလို့လည်း ဆိုပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တခုကတော့ "သူက အေးဂျင့်တဦးပါ၊ အေးဂျင့်တွေကိုဆိုရင် ဘာလို့-တ်ရလဲဆိုတာကို ခင်ဗျားတို့သိမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Pravda ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ Krieev ဟာ ရုရှားနဲ့ ယူကရိန်းတို့က ဂိုမယ်လ်ဒေသမှာဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။ သူက ဘယ်လိုတာဝန်ယူရလဲဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

သူဟာ ဘဏ်လုပ်ငန်းရှင်တဦးဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၄ အထိ Oschadbank ရဲ့ ဘုတ်အဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူခ့သူလည်းဖြစ်ပါတယ်။ ဒီနောက်မှာမှ သူက Ukreximbank ရဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ဒီလိုသူလျှိုပြုလုပ်မှုဟာ ယူကရိန်းအတွက်တော့ တုန်လှုပ်စရာတခုအဖြစ်ရှိနေခဲ့ပြီး သူ့ကိုဖမ်းဆီးစဉ်မှာ ပြန်လည်ခုခံမှုတွေပြုလုပ်ခဲ့တဲ့အတွက် မဖြစ်မနေ -တ်ပစ်ခဲ့ရတာလို့လည်း သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ပါတယ်။

TRN

05/03/2022

ရုရှားကနေ ထွက်ခွာခဲ့တဲ့ နာမည်ကျော်အနောက်နိုင်ငံသတင်းဌာနများ

ရုရှားစစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို မဟုတ်မမှန်ရေးသားပြောဆို၊ ဖော်ပြနေမှုတွေအပေါ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို ရုရှားလွှတ်တော်က မနေ့က အတည်ပြုသွားခဲ့ပါတယ်။ ယူကရိန်းပဋိပက္ခဖြစ်ပွားနေချိန်မှာ သတင်းမှားတွေကို
ဖော်ပြမှုတွေရှိနေတယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့ပြီးနောက် ဒီဥပဒေကို ပြဌာန်းခဲ့တာပါ။

ဒီလိုပြဌာန်းမှုနဲ့အတူ ရုရှားဆက်သွယ်ရေးစောင့်ကြည့်ရေးအဖွဲ့က အစိုးရရှေ့နေတွေရဲ့ တောင်းဆိုမှုအရ အနောက်တိုင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေပြုလုပ်ခဲ့ပြီး BBC ၊ DW ၊ RFE တို့ ပါဝင်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ အနောက်နိုင်ငံက မီဒီယာသတင်းဌာန
အများအပြား ရုရှားက ထွက်ခွာခဲ့ကြပါတယ်။

ရုရှားကထွက်ခွာခဲ့ကြတဲ့ အနောက်နိုင်ငံမီဒီယာများ

၁။ CNN
၂။ BBC
၃။ DW
၎။ RFE
၅။ ABC
၆။ CBS
၇။ The Wall Street Journal
၈။ Reuters

TRN

ဗြိတိန်တို့၏ Oneweb ဂြိုလ်တုဝန်ဆောင်မှုကုမ္မဏီနှင့် ဆက်စပ်နေသမျှသော လုပ်ငန်းများကို ရုရှား Roscomos မှ ဆိုင်းငံ့ထားလိုက်ြ...
05/03/2022

ဗြိတိန်တို့၏ Oneweb ဂြိုလ်တုဝန်ဆောင်မှုကုမ္မဏီနှင့် ဆက်စပ်နေသမျှသော လုပ်ငန်းများကို ရုရှား Roscomos မှ ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။
ဆိုင်းငံ့ရုံတင်မက မကြာမီလွှတ်တင်မည့် Oneweb ၏ ဆက်သွယ်ရေးဂြိုလ်တု အနည်းဆုံး ၃၆ လုံးပါဝင်သော Soryuz ဒုံးပျံကိုပင် အောက်သို့ပြန်ချကာ ထိပ်ဖူးအားဖြုတ်နေပြီဖြစ်လေသည်။

Oneweb မှာ LEO တွင် ဒုတိယမြောက်အကြီးမားဆုံး Satellite Fleet ကိုပိုင်ဆိုင်သော ဗြိတိန်အစိုးရပိုင်သောကုမ္ပဏီဖြစ်သည်။
Oneweb အနေဖြင့် ၂၀၂၁ ခုနှစ်တွင် Starlink ကဲ့သို့အင်တာနက်ဆားဗစ်ပေးနိုင်ရေးအတွက် ယှဉ်ပြိုင်နေပြီး အီလွန်မာ့ခ် ၏ Space X Starlink မှာ ၄င်း၏ မဟာပြိုင်ဘက်ကြီးဖြစ်လေသည်။ Broad Band Internet Service များအတွက် Amazon မှ Project Kuiper / Space X မှ Starlink စသည်တို့နှင့် ယှဉ်ပြိုင်နေရခြင်းဖြစ်သည်။

ယူကရိန်းကိစ္စသည် Oneweb အတွက်တော့အဆိုးဆုံးအခြေအနေနှင့်ရင်ဆိုင်စေရသောကိစ္စဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။
Oneweb သည် ၄င်း၏ Ku band Satallite အလုံးပေါင်း ၄၂၈ လုံးအား ရုရှားတို့၏ နာမည်ကျော် Soryuz Rocket ကြီးများဖြင့် အစမှအဆုံးတိုင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ဂြိုလ်တုတစ်လုံးစာနေရာသီးသန့် အတွက် အမေရိကန်ဒေါ်လာ 1.5 သန်းဖြင့် စာချုပ် ချုပ်ထားခြင်းဖြစ်ပြီး Soryuz တစ်စီးလျှင် ဂြိုလ်တု ၃၆ လုံးလွှတ်တင်ခြင်းဖြစ်သည်။

ထိုသို့နှုန်းထားဖြင့် ဂြိုလ်တုအလုံးပေါင်း ၄၂၈ လုံး လွှတ်တင်ခဲ့ပြီးဖြစ်ပြီး နောက်ထပ် ၂၂၀ ခန့်ထပ်လွှတ်ရန်စာချုပ်ချုပ်ထားသေးသည်။ ဗြိတိန်အတွက်ကတော့ ယခုကဲ့သို့ ရုရှားပိတ်ဆို့တာခံလိုက်ရခြင်းသည် ငွေကြေးဘီလီယံချီနစ်နာသည်ထက်ပိုသည်။
အထူးသဖြင့် Amazon ၏ Kuiper မှအနီးကပ်ဆုံးကျော်တက်မှာဖြစ်ပြီး စိန်ခေါ်ထားသော Starlink ကိုလည်း ယှဉ်ဖိုက်နိုင်ဖို့အချိန်တွေကြာသွားဦးမှာဖြစ်သည်။

အနီးကပ်ဆုံး ဂြိုလ်တုများအား အမြန်ဆုံး လွှဲပြောင်းလွှတ်တင်ပေးနိုင်မည့် Spacecraft မှာ Soryuz များအပြင် Falcon များသာဖြစ်သည်။ သို့သော် Elon Murks မှာဗြိတိန်နှင့်သိပ်အစေးကပ်လှသူမဟုတ်သည့်အပြင် ပြိုင်ဘက်များလည်းဖြစ်နေပြန်လေသည်။

ယခုရုရှားတို့၏ပိတ်ဆို့မှုမှာ မနေ့က RD180 အင်ဂျင်များပိတ်ဆို့မှုထက်ပိုမိုပြင်းထန်လေသည်။ RD-180 အင်ဂျင်များပိတ်ဆို့လိုက်ခြင်းကြောင့် Atlas V သုံးသော လက်ကျန် Launch Contract များအခက်တွေ့မည်ဖြစ်သည်။ Atlas V ၏ လက်ကျန် Lanuch ၂၀ကျော်စာတွင် ၉ ခေါက်စာမှာ Amazon ၏ Project Kuiper ပင်ဖြစ်လေသည်။

Amazon သည် Cape Canaveral ပစ်လွှတ်စင်မှ Atlas V ကိုးစင်းအားအသုံးပြုကာ ကနဦးဂြိုလ်တုများကိုပစ်လွှတ်ရန် ၂၀၂၁ ခုနှစ်ကမှ စာချုပ်ချုပ်ထားခြင်းဖြစ်လေသည်။ သို့သော် RD အင်ဂျင်များပိတ်ဆို့လိုက်ခြင်းကြောင့် လက်ကျန် Atlas V များမှာ အင်ဂျင်သစ်ပြောင်းသုံးလျှင်သုံး သို့မဟုတ် Falcon 9 ဌားသုံးရတော့မည်ဖြစ်သည်။ Space X သို့ ပေးရမည့်ငွေကြေးပမာဏမှာများပြားလှသောကြောင့် နှစ်ဖက်လုံးမှလည်း အတော်ပင်ညှိနှိုင်းယူရမည်ဖြစ်လေသည်။

လက်တလောတွင် RD-180 များပိတ်ဆို့ခြင်းကြောင့် Amazon ၏ Kuiper မှာ နောက်ဆုတ်ရမည်ဖြစ်ပြီး နစ်နာမှုများစွာဖြစ်သွားသည်။ ထို့အတူ Oneweb အား ရုရှားမှလက်တွဲရန် ရပ်ဆိုင်းခြင်းကြောင့် ဗြိတိန်မှာလည်း အထူးပင်အထိနာဦးမည်ဖြစ်လေသည်။

Htet Aung

mykolaiv မြို့ဆိပ်ကမ်းမှာရေနစ်နေတာတွေ့ရတဲ့ယူကရိန်းရေတပ်ရဲ့တစီးတည်းသော ဖရီးဂိတ် အလံဆောင်စစ်သင်္ဘော Hetman. .
04/03/2022

mykolaiv မြို့ဆိပ်ကမ်းမှာရေနစ်နေတာတွေ့ရတဲ့
ယူကရိန်းရေတပ်ရဲ့တစီးတည်းသော ဖရီးဂိတ်
အလံဆောင်စစ်သင်္ဘော Hetman. .

ဒီအတိုင်းဆို နယ်စပ်ကုန်သွယ်ရေး/ ပုံမှန်ကုန်သွယ်ရေးစနစ်တွေမှာ ဒေါ်လာလိုအပ်ချက် တဖြည်းဖြည်းလျော့ကျလာတော့မယ်================...
03/03/2022

ဒီအတိုင်းဆို နယ်စပ်ကုန်သွယ်ရေး/ ပုံမှန်ကုန်သွယ်ရေးစနစ်တွေမှာ ဒေါ်လာလိုအပ်ချက် တဖြည်းဖြည်းလျော့ကျလာတော့မယ်
=============================

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြု. .

Update အမေရိကန်သို့ ရေနံတင်ပို့ရောင်းချနေမှုအား ရုရှရပ်ဆိုင်းပြီ
03/03/2022

Update


အမေရိကန်သို့ ရေနံတင်ပို့ရောင်းချနေမှုအား ရုရှရပ်ဆိုင်းပြီ

Kherson မြို့မှာရှိတဲ့ ဆိပ်ကမ်းနဲ့ မီးရထားဘူတာရုံကို ရုရှားတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ Kherson မြို့တော်ဝန် Igor Kol...
02/03/2022

Kherson မြို့မှာရှိတဲ့ ဆိပ်ကမ်းနဲ့ မီးရထားဘူတာရုံကို ရုရှားတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ Kherson မြို့တော်ဝန် Igor Kolyhav က ပြောဆိုခဲ့ပါတယ်။ အဆိုပါမြို့ဟာ ယူကရိန်းတောင်ပိုင်းမှာ တည်ရှိပြီး ပင်လယ်နက်နဲ့ Dnieper မြစ်အတွက် အဓိကကျတဲ့ ဆိပ်ကမ်းမြို့ဖြစ်ကာ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ရာနေရာလည်းဖြစ်ပါတယ်။

ဒ့ါအပြင် ရုရှားလိုလားတဲ့ ဒွန်းနက်စ်ဒေသတပ်ဖွဲ့တွေဟာ Mariupol မြို့ ဆင်ခြေဖုံးအတွင်းကို ဝင်ရောက်လာပြီး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အလားတူ ယူကရိန်းအရှေ့မြောက်ပိုင်းက ခါကော့ဗ်မြို့ကိုလည်း ရုရှားတပ်တွေ ဆင်းသက်ခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးဌာနက ကြေညာခဲ့ပြီး တပ်မတော်ဆေးရုံမှာ တိုက်ပွဲတခုဖြစ်ပွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ရုရှား နဲ့ ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ
ယူကရိန်းမြို့တော်တွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင် သုံးနိုင်ငံက ယူကရိန်းအတွက် တိုက်လေယာဉ် အစင်း ၇၀ လွှဲပြောင်းပေးမည် ………………………………………………………နိုင်ငံတကာ၊ မတ် ၁ရ...
01/03/2022

နေတိုးအဖွဲ့ဝင် သုံးနိုင်ငံက ယူကရိန်းအတွက် တိုက်လေယာဉ် အစင်း ၇၀ လွှဲပြောင်းပေးမည်
………………………………………………………

နိုင်ငံတကာ၊ မတ် ၁

ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်တာကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့ဝင်သုံးနိုင်ငံ ဖြစ်တဲ့ ဘူဂေးရီးယား၊ ပိုလန်နဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေက တိုက်လေယာဉ်အစင်းရေ ၇၀ လွှဲပြောင်းပေး သွားမှာဖြစ်ကြောင်းသိရပါတယ်။

အဲဒီိတိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံမှာရှိတဲ့လေယာဉ်ကွင်းတွေမှာ တပ်ဖြန့်ချထားနိုင်ကြောင်း ယူကရိန်း ရေ တပ်သတင်းထုတ်ပြန်ရေးအဖွဲ့က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

“လိုအပ်ရင် အဲဒီတိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံမှာ တပ်စွဲထားလို့ရပါတယ်။ အဲဒီကနေပြီး ယူကရိန်းလေသူ ရဲတွေက စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ပါတယ်။” လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံအလိုက် ယူကရိန်းကို လွှဲပြောင်းပေးမယ့်တိုက်လေယာဉ်တွေကတော့ ဘူဂေးရီးယားနိုင်ငံက MiG-29 တိုက်လေယာဉ် ၁၆ စင်းနဲ့ Su-25 တိုက်လေယာဉ် ၁၄ စင်း၊ ပိုလန်နိုင်ငံက MiG-29 တိုက်လေယာဉ် ၂၈ စင်းနဲ့ ဆလိုဗက်ကီးယားနိုင်ငံက MiG-29 တိုက်လေယာဉ် ၁၂ စင်းဖြစ်ပါတယ်။

Ref: Three NATO countries to transfer 70 combat airplanes to Ukraine – statement

PeopleMedia

(unicode)
နေတိုးအဖွဲ့ဝင် သုံးနိုင်ငံက ယူကရိန်းအတွက် တိုက်လေယာဉ် အစင်း ၇၀ လွှဲပြောင်းပေးမည်
………………………………………………………

နိုင်ငံတကာ၊ မတ် ၁

ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်တာကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့ဝင်သုံးနိုင်ငံ ဖြစ်တဲ့ ဘူဂေးရီးယား၊ ပိုလန်နဲ့ ဆလိုဗက်ကီးယားနိုင်ငံတွေက တိုက်လေယာဉ်အစင်းရေ ၇၀ လွှဲပြောင်းပေး သွားမှာဖြစ်ကြောင်းသိရပါတယ်။

အဲဒီိတိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံမှာရှိတဲ့လေယာဉ်ကွင်းတွေမှာ တပ်ဖြန့်ချထားနိုင်ကြောင်း ယူကရိန်း ရေ တပ်သတင်းထုတ်ပြန်ရေးအဖွဲ့က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

“လိုအပ်ရင် အဲဒီတိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံမှာ တပ်စွဲထားလို့ရပါတယ်။ အဲဒီကနေပြီး ယူကရိန်းလေသူ ရဲတွေက စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်ပါတယ်။” လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံအလိုက် ယူကရိန်းကို လွှဲပြောင်းပေးမယ့်တိုက်လေယာဉ်တွေကတော့ ဘူဂေးရီးယားနိုင်ငံက MiG-29 တိုက်လေယာဉ် ၁၆ စင်းနဲ့ Su-25 တိုက်လေယာဉ် ၁၄ စင်း၊ ပိုလန်နိုင်ငံက MiG-29 တိုက်လေယာဉ် ၂၈ စင်းနဲ့ ဆလိုဗက်ကီးယားနိုင်ငံက MiG-29 တိုက်လေယာဉ် ၁၂ စင်းဖြစ်ပါတယ်။

Ref: Three NATO countries to transfer 70 combat airplanes to Ukraine – statement

 သမ္မတပူတင်က ရုရှနျူကလိယားဒုံးပျံတပ်ဖွဲ့ကို တိုက်ပွဲဝင်အသင့်ဖြစ်နေစေရန် တပ်လှန့်ထားဖို့ ရုရှစစ်တပ်ကိုအမိန့်ပေးလိုက်ပါတယ်။...
27/02/2022


သမ္မတပူတင်က ရုရှနျူကလိယားဒုံးပျံတပ်ဖွဲ့ကို တိုက်ပွဲဝင်အသင့်ဖြစ်နေစေရန် တပ်လှန့်ထားဖို့ ရုရှစစ်တပ်ကိုအမိန့်ပေးလိုက်ပါတယ်။ ဗလာဒီမာပူတင်က" အနောက်နေတိုးအုပ်စုခေါင်းဆောင်ပိုင်းတွေက ကျွန်ုပ်တို့နိုင်ငံအပေါ် ပြင်းထန်တဲ့ကြေညာချက်တွေထုတ်ပြန်ရတာ သဘောတွေ့နေပုံပါပဲ၊ ဒါ့ကြောင့်ရုရှနျူကလိယားဒုံးပျံတပ်ဖွဲ့ကို တိုက်ပွဲဝင်ပုံစံအဆင်သင့်ပြင်ဆင်ထားဖို့ ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ စစ်ဦးစီးချုပ် Valery Gerasimov တို့ကိုညွှန်ကြားထားပါတယ်" ဟုပြောကြားလိုက်ကြောင်းသိရပါတယ်။
(Ref; Sputnik, RT)

ရုရှားကိုထောက်ခံတဲ့နိုင်ငကအနီရောင်ယူကရိန်းဘက်ကအဝါရောင်ပြထားတယ် 😕
27/02/2022

ရုရှားကိုထောက်ခံတဲ့နိုင်ငကအနီရောင်ယူကရိန်းဘက်ကအဝါရောင်ပြထားတယ် 😕

 နေတိုးရဲ့ကိုယ်ရောင်ဖျောက်စစ်ဂျာမဏီက တင့်ကားဖျက်လက်နက် ၁၀၀၀ နှင့် မြေပြင်မှဝေဟင်ပစ် stinger ၅၀၀ ယူကရိန်းကို စတင်ပို့ပေးေ...
27/02/2022



နေတိုးရဲ့ကိုယ်ရောင်ဖျောက်စစ်

ဂျာမဏီက တင့်ကားဖျက်လက်နက် ၁၀၀၀ နှင့် မြေပြင်မှဝေဟင်ပစ် stinger ၅၀၀ ယူကရိန်းကို စတင်ပို့ပေးနေသလို SWIFT ကနေ ရုရှားကို ဖယ်ထုတ်ရေး သဘောမတူတာကနေ နည်းနည်း စိတ်ပြောင်းလာပြီလို့ဆိုတယ်။

အရင်က သံခမောက် ၅၀၀၀ ပဲပို့ပေးလို့ အားလုံးက ဝိုင်းလှောင်ပြောင်နေတာကနေ လေယာဉ်ပစ်ဒုံးလက်နက် ၅၀၀ ကြီးများတောင် ပို့ပေးလိုက်တယ်ဆိုတော့ ပူတင်စိတ်ဆိုးမှာအမှန်ပါပဲ။ ကျန်ဥရောပ နိုင်ငံတွေကလည်း လက်နက်တွေ ယူကရိန်းကိုပို့ပေးနေပါပြီ။ (နယ်သာလန်က stinger ၂၀၀ ပို့၊တူရကီက ဒရုန်းပို့၊ ချက်က အမြှောက်တွေပို့ UK, US က ခေတ်မှီ လေဆာနဲ့ပစ်တဲ့တင့်ကားဖျက်လက်နက်တွေ အမြောက်အများ ပို့တယ်လို့တွေ့ရပါတယ်)။

ယူကရိန်းခုခံစစ်ပြီးသွားရင်တော့ ဒီလက်နက်တွေ ကမ္ဘာ့လက်နက်ဈေးကွက်ထဲမှာ တ ဝဲလည်လည်ရောင်းကောင်းတော့မှာ မြင်ယောင်မိတယ်။

Stinger ၅၀၀ ဆိုတာ တကယ့်မနည်းမနော ကြီးပါပဲ။ ရုရှားစစ်လေယာဉ်တွေ ကောင်းကောင်းကြီးဒုက္ခရောက်နိုင်ပါတယ်။ လေကြောင်းစိုးမိုးမှုအားနည်းသွားရင် အဝေးပစ် missile ဒုံးကျည်တွေနဲ့ နားငြီးအောင် ဝိုင်းပစ်တဲ့အကွက် ကိုပဲ ရုရှားတွေ ပိုအားထားရမှာဖြစ်ပြီး ဘယ်လောက်အလုပ်ဖြစ်မလဲမသိပါဘူး၊ စစ်ရေးအခိုင်အမာ အဆောက်အအုံတွေကို ဖျက်ဆီးစွမ်းအားများမှာဖြစ်ပေမဲ့ ပြန့်ကျဲနေတဲ့မြေပြင်ပျောက်ကြားခုခံစစ်အပေါ်မှာ ထိရောက်မှုကနည်းမှာဖြစ်ပါတယ်။

ရုရှားရဲ့ တင့်ကားတွေ အုံလိုက်ကျင်းလိုက် ယူကရိန်းမြို့တော် ကီအက်ကို ချီတက်ဝိုင်းရံနေကြပါတယ်။

ပြဿနာက ယူကရိန်းနယ်ထဲ မိုင်၂၅၀ လောက်ကျွံဝင်နေပြီဖြစ်လို့ ဒီတပ်ဖွဲ့တွေရဲ့ ထောက်ပို့လိုင်းဟာ ယူကရိန်းမြေပြင်တိုက်ခိုက်ရေးသမားတွေရဲ့ ဖြတ်တောက်မှုကို ခံရဖွယ်ရှိနေပါတယ်။ ခုခံစစ်အရှိန်ရလာလေ မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ ရုရှားတပ်ဖွဲ့တွေ ထင်သလောက်မလွယ်တာကို ကြုံတွေ့ရဖွယ်ရှိပါတယ်။

ရုရှားတွေ ယူကရိန်းရဲ့ chain of command and control ကို အမြန်ဖျက်နိုင်ခါမှ မြို့တော်ကို ထိန်းချုပ်နိုင်မဲ့ သဘောရှိပါတယ်။ ထိန်းချုပ်နိုင်တောင်မှ လပေါင်းအတော်ကြာကြာ ယူကရိန်းခုခံပျောက်ကြားစစ်ကို ကြုံတွေ့ရဖွယ်ဖြစ်နေပါတယ်။

နေတိုးက ကိုယ်တိုင်မတိုက်ပဲ ကိုယ်ရောင်ဖျောက် ဝင်ကူတိုက်ပေးတဲ့ ပုံစံကို ကျင့်သုံးလာတာမို့ ပူတင် ဘယ်လိုပတ်ရမ်းမလဲဆိုတာကြည့်ရမယ်။ ပထမဆုံး ထီပေါက်မှာကတော့ ဂျာမဏီဖြစ်ဖို့များနေတယ်။

ဝင်းမျိုးသူ

 BREAKING NEWSယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းရန် ငြင်းဆန်လိုက်ပြီးနောက်  စစ်ဆင်ရေးကို ထပ်မံအရှိန်မြှင့်မည်ဟု ရုရှားအစိုးရ ...
26/02/2022


BREAKING NEWS
ယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းရန် ငြင်းဆန်လိုက်ပြီးနောက် စစ်ဆင်ရေးကို ထပ်မံအရှိန်မြှင့်မည်ဟု
ရုရှားအစိုးရ ကြေညာ

RT

Address


Telephone

+959971961500

Website

Alerts

Be the first to know and let us send you an email when Up to date Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share