03/02/2021
ဖဘကို အချိန်မရွေးပိတ်ချလိုက်လို့ရပေမယ့် မပိတ်သေးဘဲ လွှတ်ထားတော့ ဘာဖြစ်နိုင်သလဲ။
လူတွေ ဖဘပေါ်တက်ပြီး သတင်းတင်မယ် ဖတ်မယ် ကန်ပိမ်းတွေ ချဲလန့်တွေ လုပ်မယ်။ ကိုယ်လုပ်နိုင်တာလေး တာဝန်ကျေရမယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်ကနေ မလွှတ်တမ်း မချတမ်း တရစပ်လုပ်မယ်။ ဒီစိတ်နဲ့ မစားနိုင် မအိပ်နိုင် ဖြစ်လာမယ်။ ရက်ကြာလာရင် မောလာမယ်။ ဆိုရှယ်မီဒီယာအပ်ပလီကေးရှင်းတွေရဲ့ ဒီဇိုင်းနဲ့ ကိုယ်တိုင် produce & consume constantly လုပ်နေတဲ့ concern cycle & negative spiral ကြားထဲကနေ ရုန်းမထွက်နိုင်တော့ဘဲ စိတ်ပိုင်းဆိုင်ရာထိလာတော့မယ်။
ခုတောင် ၂ ရက်လောက်အတွင်းမှာ ကျွန်တော်တို့တွေ သတိထားမိလိမ့်မယ်။ ပင်ပန်းတဲ့သူကပင်ပန်းနေပြီ။ ဒါပေမယ့် စိတ်က ငါတို့လုပ်သင့်တဲ့ဟာ ငါတို့မှာ တာဝန်ရှိတယ် ဆိုတဲ့ အားကုန်ရုန်းဖို့ တိုက်တွန်းတဲ့ စိတ်နဲ့ ပင်ပန်းတဲ့စိတ်နဲ့ နှစ်ဘက်ကြားမှာ လွန်ဆွဲတာတွေ ခံစားလာရမယ်။ Anxiety တွေ Stress တွေ တရိပ်ရိပ်တက်လာမယ်။ အဲဒီလိုနဲ့ Decisions, Actions & Movement တွေမှာ အမှားတွေဖြစ်လာမယ်။
ဒါပေမယ့် ဒီအရေးဟာ အားလုံးအတူတူရေရှည်ဆက်သွားနိုင်ဖို့ လိုအပ်တဲ့ အရေးဖြစ်တဲ့အတွက် စောစောစီးစီးအားကုန်သွားလို့မဖြစ်ဘူး။
ဆိုတော့ ကျွန်တော်အားလုံးကို အတူတူလုပ်ကြဖို့ တိုက်တွန်းချင်တာက
🛑 "Resist, but Recharge" ပါ။ 🛑
တစ်နည်းအားဖြင့် သတင်းမျက်ခြေမပြတ်နားစွင့်တာ၊ ကန်ပိမ်းတွေ၊ movement တွေ လုပ်တာက လုပ်တာပေါ့။ သို့သော် နေ့စဉ် ၂၄ နာရီအတွင်းမှာ အဲဒါချည်းပဲ မလုပ်ဘဲ ကိုယ့်စိတ်ကို တည်ငြိမ်အောင် အမှန်တကယ် အပန်းပြေအောင် လုပ်ပေးနိုင်တဲ့ relaxation activity တစ်ခုခုကို တွဲပြီးလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ၊ သင်ယူလေ့လာမှုတစ်ခုခုကို ဆက်လုပ်ပါ။ အားပြန်ပြည့်သွားရင် တိုင်းပြည်အရေးအတွက် ဆက်လုပ်ပါ။
ပြီးတော့ ညစဉ် ၈ နာရီကနေ ၈ နာရီ ၁၅ မိနစ်အထိ သံပုံးတီးကြပါ။
ညစဉ်သံပုံးတီးခြင်းက -
(၁) ပြည်သူ့ဆန္ဒ ထုတ်ဖော်တာလည်းဖြစ်သလို
(၂) စစ်အာဏာရှင်နဲ့ သူတို့ဘက်လိုက်တဲ့သူတွေကိုလည်း ညစဉ်တိုက်ခိုက်ပေးနိုင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတစ်မျိုးဖြစ်တဲ့အပြင်
(၃) ကိုယ့်လက်ထဲမှာ လက်ဆုပ်လက်ကိုင် control လုပ်လို့ရတဲ့အတွက် စိတ်ဖိစည်းမှုကိုလည်းလျော့စေနိုင်တဲ့ တစ်ချက်ခုတ် သုံးချက်ပြတ် အိမ်တွင်းလှုပ်ရှားမှုဖြစ်တာကြောင့်ပါ။
ကျွန်တော်တို့အားလုံးအတူတူစနစ်တကျတောင့်ထားကြမယ်။
ညီစေနော်။
(Credit ပေးရန်မလို။ လွတ်လပ်စွာ လက်ဆင့်ကမ်းကူးယူဖော်ပြနိုင်ပါတယ်)
S.H