Channel-P Podcast

  • Home
  • Channel-P Podcast

Channel-P Podcast Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Channel-P Podcast, Podcast, .

30/08/2022

MCA Network ရဲ့ တက်သစ်စလူငယ်ကဏ္ဍမှ နည်းပြတစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်က "မြင့်မြင့်ပျံ ဝေးဝေးသွား ပစ္စုပ္ပန်ကိ.....

လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်
26/08/2022

လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်

သီချင်းချစ်သူ ရောင်းရင်းတို့ရေ

တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်သမျှကို သီချင်းလေးတွေ နားဆင်ရင်း ဖြေဖျောက်ချင်ပါသလား ?

အမြင်အာရုံ မသန်စွမ်းသူတွေရဲ့ ဂီတအနုပညာနဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှု့ခံစားချင်ပါသလား ?

အမြင်အာရုံ မသန်စွမ်းသူ ဂီတအနုပညာရှင်တွေရဲ့ ဘဝဖြတ်သန်းခဲ့ရပုံ အကြောင်းလေးတွေကို လေ့လာ ချင်ပါသလား ?

ဒါဆိုရင်တော့ ကျနော်တို့ရဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီမှာ တင်ဆက်ပေးသွားမယ့် “Let’s try to enjoy” လို့ နာမည် ပေးထားတဲ့ Saturday night live အစီအစဉ်လေးဆီကို အရောက်သာလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်

ဒီအစီအစဉ်လေးမှာ ကျနော် ကိုပြည့်ရဲ့ တင်ဆက်ပေးမှုနဲ့အတူ အမြင်အာရုံမသန်စွမ်းသူ ဂီတအနုပညာရှင် နှစ်ဦးဖြစ်တဲ့ Elijah နဲ့ Zach Steven Myu တို့ကနေ ရောင်းရင်းတို့ အကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးတွေကို ကိုယ်တိုင် တီးခတ် သီဆိုဖျော်ဖြေပေးသွားကြမှာပါ

ဒါကြောင့် ဖျော်ဖြေပေးဖို့က ကျနော်တို့ ညီအစ်ကိုတွေရဲ့ တာဝန်ပါ ရောင်းရင်းတို့ကသာ ဆက်ဆက် လာခဲ့ကြဖို့ မမေ့ကြနဲ့နော် …. စောင့်နေမယ်

👱‍♂️Pyae Phyo Aung MCA
https://www.facebook.com/pyaephyoaungart
👱‍♂️ Alexander Elijah
https://www.facebook.com/elijahmusic22
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ
👉https://t.me/mcanetwork
👉https://twitter.com/MCinemAbilityN
👉https://www.instagram.com/myanmarcinemabilitynetwork/
📧[email protected]
☎️ 09941559897, 09420819597, 09941559897




The Present ဆိုတဲ့ animation short film လေးနဲ့ပတ်သက်ပြီး ဆွေးနွေးထားတဲ့ podcast လေးကို ဒီည ၇ နာရီမှာ နားဆင်နိုင်ပါပြီ .....
13/08/2022

The Present ဆိုတဲ့ animation short film လေးနဲ့ပတ်သက်ပြီး ဆွေးနွေးထားတဲ့ podcast လေးကို ဒီည ၇ နာရီမှာ နားဆင်နိုင်ပါပြီ ...




ဒီအပတ် "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ" ခေါင်းစဉ် အောက်ကနေ ပင်တိုင်တင်ဆက်သူ ကိုပြည့်.....

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” podcast အစီအစဉ်ကို နားဆင်အားပေးနေကြတဲ့ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်...
10/08/2022

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” podcast အစီအစဉ်ကို နားဆင်အားပေးနေကြတဲ့ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်း ရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ အပိုင်း (၂)မှာတော့ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင်ဒါရိုက်တာအနေနဲ့ ရိုက်ကူးခွင့်ရခဲ့တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ဖြစ်တဲ့ “Respect on Our Ability” ဆိုတဲ့ ဇာတ်လမ်းတိုလေးအကြောင်းကို ဒီဇာတ်လမ်းတိုလေးထဲက သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူ မတင်နီလာဝင်း၊ အမြင်အာရုံ မသန်စွမ်းသူ ညီလေး စောမနိုင်းဖောင်နဲ့ ရိုက်ကူးရေး ကာလတစ်လျှောက်လုံး အင်တိုက်အားတိုက်နဲ့ စိတ်အားထက်သန်စွာ နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးခဲ့တဲ့ ကျွန်တော်ရဲ့ ထုတ်လုပ်ရေး မန်နေဂျာဖြစ်တဲ့ ညီမလေး ချစ်စုထွေးတို့ကနေ ပါဝင်တင်ဆက် ပေးသွားဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လေးယောက်ရဲ့ ရိုက်ကူးရေး အတွေ့အကြုံတွေ ကင်မရာ နောက်ကွယ်က အလွဲတွေ မသန်စွမ်း သရုပ်ဆောင်တွေရဲ့ အတွေ့အကြုံ အမှတ်တရတွေ ဇာတ်လမ်းရိုက်ကူးဖို့ ဖြစ်ပေါ်လာပုံတွေ စတာတွေကို နားထောင်ရမှာ ဖြစ်ပါတယ်ဗျာ။ ကျွန်တော်တို့ ဆွေးနွေးမယ့် “Respect on Our Ability” ဇာတ်လမ်းနဲ့ ရိုက်ကွင်းနောက်ကွယ် ပုံရိပ်များကို မိတ်ဆွေတို့အနေနဲ့ ဒီနေရာမှာ ကြိုတင်ခံစား ကြည့်ရှု့နိုင်ပါပြီနော်။

https://www.youtube.com/watch?v=fs_yZDphmB0

Day 1 Shooting: https://www.facebook.com/media/set/?set=a.541358756314110...

Day 2 Shooting: https://www.facebook.com/media/set/?set=a.541742669609052...

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

👉 https://www.facebook.com/MyanmarCinemAbilityNetwork/

👉 https://myanmarcinemabilitynetwork.wordpress.com/

👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉 https://t.me/mcanetwork

https://anchor.fm/mcanetwork/episodes/ep-e1kdtt1/a-a85pskk

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” podcast အစီအစဉ်ကို နားဆင်အားပေးနေကြတဲ့ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များ.....

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်မ...
10/08/2022

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” အပိုင်း (၁)မှာတော့ ခေါင်းစဉ်လေး အတိုင်းပါပဲ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခွင့်ရခဲ့တဲ့ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် UNCRPD ရဲ့ အပိုဒ် (၂၄) မှာပါဝင်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးကို ဇာတ်လမ်းတို အဖြစ်ပုံဖော်ရာမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းဖြစ်သူ ကိုပြည့်ဖြိုးဝေနဲ့အတူ တင်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဇာတ်လမ်းကို ဆရာ ဦးအောင်ကိုမြင့်က ရေးသားခဲ့ပြီး ကျွန်တော်နဲ့အတူ ၂၀၁၉ ခုနှစ် MCA Network ဇာတ်ညွှန်း သင်တန်းသားများနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ပရောဂျက် ဝန်ထမ်းတွေ သာမကဘဲ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က Filmmaker တွေနဲ့ ရန်ကုန်ရုပ်ရှင်ကျောင်းက Filmmaker တွေကလည်း မေတ္တာနဲ့ ပူးပေါင်းပံ့ပိုး ကူညီပေးခဲ့ကြပါတယ်။ အခု “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်မှာတော့ ဒီဇာတ်လမ်း ဖြစ်ပေါ်လာပုံ၊ ရုပ်ရှင် ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံတွေ၊ မသန်စွမ်းသူနဲ့ ဝန်ထမ်းတွေ၊ Independent Filmmaker တွေက ကင်မရာရှေ့နောက်မှာ ဝန်းရံပေးခဲ့ကြတဲ့ ရိုက်ကူးရေး အတွေ့အကြုံ အမှတ်တရတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဪ ဒါနဲ့ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း အလွဲလေးတွေကလည်း ပါသေးတာပေါ့ဗျာ။ ဒါကြောင့် ရှည်ရှည်ဝေးဝေးတွေ မပြောနေတော့ပါဘူး ကျွန်တော်တို့အစီအစဉ်ကိုသာ မလွတ်တမ်း စောင့်မျှော် နားဆင်ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။ အခုဆွေးနွေးထားတဲ့ “ခွင့်တူညီမျှ” ဇာတ်လမ်းကို ဒီနေရာမှာ ကြိုတင်ခံစား ကြည့်ရှု့နိုင်ပါပြီနော်။

👉 https://youtu.be/P__9bjUBXwo

"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

👉 https://anchor.fm/mcanetwork

👉 https://myanmarcinemabilitynetwork.wordpress.com/

👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

👉https://t.me/mcanetwork

https://anchor.fm/mcanetwork/episodes/ep-e1irj6t/a-a7vh95o

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်....

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး”  Podcast အစီအစဉ်ရဲ့ နားဆင်သူ သောတရှင်တို့ရေ အပတ်စဉ်တင်ဆက်ပေး နေတဲ့  အစီအစဉ်ကောင်းများထဲက တစ...
10/08/2022

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ သောတရှင်တို့ရေ အပတ်စဉ်တင်ဆက်ပေး နေတဲ့ အစီအစဉ်ကောင်းများထဲက တစ်ခုဖြစ်တဲ့ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ ခေါင်းစဉ်လေး အတိုင်းပါပဲ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင် ပါဝင်ရိုက်ကူး သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းရုပ်ရှင်တွေရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်အတွက် ရွေးချယ်ထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကတော့ ကျွန်တော် ကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦးလည်း ဖြစ်သလို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ ဒါရိုက်တာ သမီးမြတ်ကျော်ကနေ မေတ္တာနဲ့ ရိုက်ကူးပေးခဲ့တဲ့ “အမြဲတမ်းပြုံးမယ့်သူ” ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် ကျွန်တော်နဲ့အတူ ဝါရင့်အနုပညာရှင်များစွာကလည်း မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ အခု “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်မှာတော့ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာပုံနဲ့ ရုပ်ရှင် ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံတွေ မသန်စွမ်းသူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတဲ့အခါမှာ ကြုံတွေ့ရတဲ့ ရိုက်ကူးရေးအတွေ့အကြုံတွေ အမှတ်တရတွေ ကို နားဆင်ရမှာဖြစ်ပါတယ် ဪ ပြီးတော့ အလွဲလေးတွေကလည်း ပါသေးတာပေါ့ဗျာ ပြီးတော့ မသန်စွမ်းသူ တစ်ယောက်အနေနဲ့ မသန်စွမ်းဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ရတဲ့အခါမှာ ကျွန်တော်ဘာကို ခံစားမိလဲဆိုတော့ မသန်စွမ်းသူတွေလည်း ဒီလိုသရုပ်ဆောင်နိုင်ပါလား ဆိုတာကို ဒီရုပ်ရှင်က သတ်သေပြနိုင်တယ်လို့ ကျနော်ခံစားမိပါတယ် ယုံလည်း ယုံကြည်ပါတယ် နောက်တစ်ခုက မသန်စွမ်းဇာတ်ကောင်ဆိုရင် ကျွန်တော်တို့ အရင်က ကြည့်ဖူးနေကြ ဇာတ်ကောင်ပုံစံတွေကနေ ခွဲထွက်လာတဲ့ ဇာတ်ကောင်ပုံစံတွေကိုလည်း ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

https://anchor.fm/mcanetwork/episodes/ep-e1eukj2/a-a7fubk4

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ သောတရှင်တို့ရေ အပတ်စဉ်တင်ဆက်ပေး နေတဲ့ အစီအစဉ်ကောင်းမ....

ဒီအပတ်မှာတော့  "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ"  ခေါင်းစဉ်အနေနဲ့  ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအော...
10/08/2022

ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အနေနဲ့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတဲ့ ရုပ်ရှင်ကတော့ "Me Before You" ဖြစ်ပြီး ဒီရုပ်ရှင်ကားက မသန်စွမ်းသူတစ်ယောက်ရဲ့ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ချစ်ခြင်းမေတ္တာ ခံစားသက်ဝင်မှုတို့အပြင် လူသားဆန်မှုတွေကို မီးမောင်းထိုးပြသထားကြောင်း မတင်နီလာဝင်းနဲ့အတူ အမွှမ်းတင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာချဉ်းကပ်ရာမှာ အကောင်းမြင်မှုနဲ့ သုံးသပ်နိုင်သလို အဆိုးမြင်စေနိုင်တဲ့ ခွဲထွက်တင်ပြမှုတွေကိုလည်း ပရိတ်သတ်တွေအနေနဲ့ နားလည်လက်ခံပေးနိုင်ဖို့ လိုအပ်ကြောင်းကို တင်ဆက်သူများက မြန်မာနိုင်ငံရဲ့ မသန်စွမ်းမှုရှုထောင့်များနဲ့ပါ အကျယ်တဝင့် ဆွေးနွေးပေးထားကြပါတယ်။

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

https://anchor.fm/mcanetwork/episodes/ep-e1ccnsk/a-a762a2n

ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အနေနဲ့ ပင်တိုင်တင်ဆက်သူ ကိုပ....

စာရေးဆရာ လူပျိုကြီးတစ်ယောက်နှင့် မုန့်ဟင်းခါးသည် အသိန်းတို့ရဲ့ ရိုမန့်မတစ်တဲ့ အချစ်ဇာတ်လမ်းတွဲတစ်ပုဒ်ဇာတ်လမ်း  -  ပိုးဟပ...
27/02/2022

စာရေးဆရာ လူပျိုကြီးတစ်ယောက်နှင့် မုန့်ဟင်းခါးသည် အသိန်းတို့ရဲ့ ရိုမန့်မတစ်တဲ့ အချစ်ဇာတ်လမ်းတွဲတစ်ပုဒ်

ဇာတ်လမ်း - ပိုးဟပ်ဖြူ

သရုပ်ဆောင် - ပြည့်ဖြိုးအောင်

တည်းဖြတ် - စောမနိုင်းဖောင်

https://anchor.fm/channelpfm21/episodes/ep-e1evia6

စာရေးဆရာ လူပျိုကြီးတစ်ယောက်နှင့် မုန့်ဟင်းခါးသည် အသိန်းတို့ရဲ့ ရိုမန့်မတစ်တဲ့ အချစ်ဇာတ်လမ်းတွဲတစ်ပုဒ် ဇာ...

31/01/2022
ရှည်ရှည်ဝေးဝေး မရေးတော့ဘူးဗျာ စိတ်လှုပ်ရှားစရာ အသံဇာတ်လမ်းနားထောင်ရတာ ကြိုက်တယ်ဆို ဝင်သာ နားထောင်လိုက်တော့ ......https:/...
31/01/2022

ရှည်ရှည်ဝေးဝေး မရေးတော့ဘူးဗျာ စိတ်လှုပ်ရှားစရာ အသံဇာတ်လမ်း
နားထောင်ရတာ ကြိုက်တယ်ဆို ဝင်သာ နားထောင်လိုက်တော့ ......

https://anchor.fm/channelpfm21/episodes/ep-e1dlsun

"ထင်ယောင်ထင်မှား" (ဇာတ်လမ်းတို) Horror အသံဇာတ်လမ်းများကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက် ဇာတ်လမ်းတိုလေး တပုဒ....

22/01/2022
မိတ်ဆွေရဲ့ အိပ်ရာဝင်ချိန် လေးမှာ  အပန်းဖြေ နားဆင်ဖို့ Channel-P podcast ကနေ ကြိုဆိုပါတယ်
22/01/2022

မိတ်ဆွေရဲ့ အိပ်ရာဝင်ချိန် လေးမှာ အပန်းဖြေ နားဆင်ဖို့ Channel-P podcast ကနေ ကြိုဆိုပါတယ်

Channel P page ရဲ့ ပထမဆုံး podcast ကို "လူ" ဆိုတဲ့ ကဗျာလေးတစ်ပုဒ်နဲ့ စတင်ချင်ပါတယ် podcast channel တစ်ခုအနေနဲ့ anchor မှ...
22/01/2022

Channel P page ရဲ့ ပထမဆုံး podcast ကို "လူ" ဆိုတဲ့ ကဗျာလေးတစ်ပုဒ်နဲ့ စတင်ချင်ပါတယ်
podcast channel တစ်ခုအနေနဲ့ anchor မှာ စတင်ဖြစ်ခဲ့တာ နည်းနည်းတော့ ကြာပါပြီ ပေ့စ် အနေနဲ့
အခုမှပဲ စထောင်ဖြစ်တာပါ anchor မှာ အရင်တင်ထားခဲ့တဲ့ podcast တွေကိုတော့ ပြန်မတင်တော့ဘဲ
အသစ်တွေကိုပဲ တင်ပေးသွားပါ့မယ် အရင် အစီအစဉ်တွေကို နားထောင်ချင်ရင်တော့ https://anchor.fm/channelpfm21 ဒီကနေ သွားရောက် နားဆင်နိုင်ပါတယ် စိတ်ဝင်စားဖွယ် ကောင်းမယ့် အစီအစဉ်တွေ မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ့် အစီအစဉ်တွေ ကို ကြိုးစား တင်ဆက်ပေးသွားဦးမှာမို့ အားပေး နားဆင်ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ ....

"လူ" 👇👇👇
https://anchor.fm/channelpfm21/episodes/LU-Channel-P---Poem----e1d9nhn/a-a79c3h5

လူ **** ပုခုံးနှစ်ဖက်ကြား ခေါင်း(ဂေါင်း)ပေါက်ပြီး ခြေလက်တစ်စုံနဲ့ ကြီးမားတဲ့ ဦးနှောက်ကြီးတစ်ခု ပိုင်ဆိုင်ထား.....

Address


Telephone

+959261256493

Website

Alerts

Be the first to know and let us send you an email when Channel-P Podcast posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Channel-P Podcast:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share