Ta'ang FM

Ta'ang FM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ta'ang FM, Radio Station, Ta'ang State, .
(1)

ဗိုလ်ချုပ် တားဂျုတ်ဂျားဒုတိယ ဥက္ကဌ - ၁PSLF/TNLAရက်စွဲ - ၂၁. ၁. ၂၀၂၄။နွေဦးတော်လှန်ရေးမှ စတင်၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအ...
21/01/2024

ဗိုလ်ချုပ် တားဂျုတ်ဂျား
ဒုတိယ ဥက္ကဌ - ၁
PSLF/TNLA

ရက်စွဲ - ၂၁. ၁. ၂၀၂၄။

နွေဦးတော်လှန်ရေးမှ စတင်၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ရွပ်ရွပ်ချွံချွံ စွမ်းစွမ်းသမံ ပါဝင်လာကြသော CDM ဝန်ထမ်းများအားလုံးကို ဒီနေရာကနေ ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

ကျွန်တော်အနေနှင့် ဇန်နာဝါရီလ ၁၈ ရက်နေ့တွင် သံလွင်ခက်သတင်းနှင့် အင်တာဗျူးမှ အဓိပ္ပါယ်လွဲမှားမှုဖြစ်စေသော ပြောဆိုချက်ကို အလေးအနက်အနူးအညွတ်တောင်းပန်အပ်ပါသည်။

ကျွန်တော်တို့ PSLF/TNLA တပ်မတော်အနေနှင့် နွေဦးတော်လှန်ရေးအစပိုင်းကတည်းက CDM ဝန်ထမ်းများနှင့်အတူ လက်တွဲအလုပ်လုပ်လာသကဲ့သို့ နောင်ရှေ့ဆက်လည်း CDM ဝန်ထမ်းများနှင့်အတူ ခိုင်မာသော လက်တွဲဖြင့် အလုပ်လုပ်ပါမည်အကြောင်းပြောကြားလိုပါသည်။

လေးစားလျက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး...
17/01/2024

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
PSLF/TNLA ၏ တွဲဖက်အတွင်းရေးမှူး(၁)
ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ နမ်ခမ်းမြို့နယ်အတွင်းသွားရောက်ကြည့်ရှုစစ်ဆေး


#သတင်းနှင့်ပြန်ကြားရေးဌာန

13/01/2024

တအာင်းပြည်နယ်သတင်း
၁၃-၁-၂၀၂၄

သတင်းခေါင်းစဥ်...

၁။ (၆၁)နှစ်ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့အားဂုဏ်ပြုသောအားဖြင့်PSLF/TNLAမှအကျဉ်းသား(၂၃၂)ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး(၆၀)ဦီးအားပြစ်ဒဏ်လျှော့ပေါ့ပေး

၂။ နမ့်ဆန်မြို့နယ်ကွမ်ဟယ်ကျေးရွာအားစစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်

'angFM #တအာင်းပြည်နယ်သတင်း

ကြော;တံမ်း တားတီုင်အွံရ်ဒါင်း တာမ်ခူန်ချုဒါင်း - တားအဘုင်ဆငည်းခြိူဝ်းတအာင်း ယိူဝ်ႇတီုက်ႎှီုန်းနိုက်လ(61)ဆန်ုမ် တံပ်အွံရ်...
12/01/2024

ကြော;တံမ်း တားတီုင်အွံရ်ဒါင်း တာမ်ခူန်ချုဒါင်း - တားအဘုင်
ဆငည်းခြိူဝ်းတအာင်း ယိူဝ်ႇတီုက်ႎှီုန်းနိုက်လ(61)ဆန်ုမ် တံပ်အွံရ်ပ်ုန်လောတ်ကပီုန်တအာင်း PSLF/TNLA

ဆငီ။ ။ ဆန်ုမ် -2024၊ကျံရ်အူ၊ဆငည်း(12)

Honorary Speech Given by Palaung State Liberation Front (PSLF/TNLA) Chairman Lt.General Tar Aik B**g on the Occasion of ...
12/01/2024

Honorary Speech Given by Palaung State Liberation Front (PSLF/TNLA) Chairman Lt.General Tar Aik B**g on the Occasion of 61th Ta'ang Revolution Day

ပ္လါႇဘေဲႇပဇံင်း ဆငည်းခြိူဝ်းတအာင်း ယိူဝ်ႇတီုက်ႎှီုန်း နိုက်လ(61)ဆန်ုမ်             စနဲပ္လါႇဘေဲႇ။       ။ 1/2024ဆငီ။     ...
12/01/2024

ပ္လါႇဘေဲႇပဇံင်း ဆငည်းခြိူဝ်းတအာင်း ယိူဝ်ႇတီုက်ႎှီုန်း နိုက်လ(61)ဆန်ုမ်
စနဲပ္လါႇဘေဲႇ။ ။ 1/2024
ဆငီ။ ။ 2024 .01.12

Statement on Commemoration of 61st Ta’ang National Liberation Revolution DayStatement No: 1/2024                      Da...
12/01/2024

Statement on Commemoration of 61st Ta’ang National Liberation Revolution Day

Statement No: 1/2024
Date: 12-01-2024

(၆၁) နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတော်လှန်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်Statement No: 1/2024                  ...
11/01/2024

(၆၁) နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတော်လှန်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်

Statement No: 1/2024
Date: 12-01-2024

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းပြောကြားသည့်“ ၆၁” မြောက် တအာင်းတော်လှန်ရေးနေ့ ဂု...
11/01/2024

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယ
ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းပြောကြားသည့်
“ ၆၁” မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်း

ရက်စွဲ။ ။ ၁၂ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၄ ခုနှစ်

10/01/2024

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသည့်
စစ်ကောင်စီ၏ တပ်မ(၁၀၁) တပ်မမှူး
ဗိုလ်မှူးချုပ် မင်းမင်းထွန်း၏ ဖွင့်ဟပြောဆိုချက်

မိုင်းယော်ကျေးရွာတွင် စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ၄ ဦး သေဆုံးတအာင်းပြည်နယ်၊ ဇန်နဝါရီ ၈ ရက်...
08/01/2024

မိုင်းယော်ကျေးရွာတွင် စစ်ကောင်စီတပ်၏
လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ
၄ ဦး သေဆုံး

တအာင်းပြည်နယ်၊ ဇန်နဝါရီ ၈ ရက်
၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ်၊ တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယမန့်နေ ဇန်နဝါရီလ ၇ ရက်နေ့ ည (၉း၃၅)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ မိုင်းယော်ကျေးရွာတွင် Jet Fighter ဖြင့် ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးဖြင့် ပြည်သူလူထုများကို ဦးတည်ပစ်ခတ်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ဗုံးသီးကြောင့် မိုင်းယော်ကျေးရွာအတွင်း လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ရာမှာ ပြည်သူ၊ အမျိုးသမီး (၄)ဦး ကျည်စထိမှန် သေဆုံးခဲ့သည်။ ထိုပြင် လူနေအိမ် (၂၀)လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရသည်။

အလားတူ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာ/ဆရာမ (၅)ဦးသေဆုံးခဲ့ပြီး၊ ပြည်သူ (၆)ဦး ကျည်စထိမှန် ဒဏ်ရာရ၊ စာသင်ကျောင်းနှင့် လူနေအိမ် (၇)လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရသည်။



#သတင်းနှင့်ပြန်ကြားရေးဌာန

Listen Ta'ang FM Program on Google Podcast 5.1.2024Ta'ang FM ဟောည်,ဘိူန်းအူန်းတငါဝ်းတေဲင်လဲင် Google Podcast ကာည်း Onlin...
05/01/2024

Listen Ta'ang FM Program on Google Podcast
5.1.2024
Ta'ang FM ဟောည်,ဘိူန်းအူန်းတငါဝ်းတေဲင်လဲင် Google Podcast ကာည်း Online Platformsအော်...

ပ်ုန်ကအာ်မ်း-

https://anchor.fm/s/e7085600/podcast/rss

မှာန်းအယ်တိူဝ်; RSS Feed ခတေဲင်နီန် ဟောည်,ဘိူန်း Subscribe Ta'ang FM Channel ခေဲင် Google Podcast နီန်အော်...။

မှတ်ချက်-

https://anchor.fm/s/e7085600/podcast/rss

အပေါ်ကပေးထားတဲ့ RSS Feed ကို အသုံးပြုပြီး Google Podcast မှာ Ta'ang FM Channel ကို Subscribe လုပ်နိုင်ပါပြီ။

'angFM

1. Ta'ang State News by Lway Phoke Khroue2. Interview by PSLF/TNLA Brigadier General Tar Bone Kyaw 3. Short Movie (Never Forget)Ep-4 by TAG4. TNLA Songs...

Ta'ang FM Program 5.1.2024- ရိုဆေ... ကူန်ရဝ်မာဂါင်ဂဲ အီးရဲ့ဒေတငါဝ်း Ta'ang FM အခိင်ရမှိူဝ်နီန်အော်။- ဆန်ုမ် 2024၊ ကျံရ်(...
05/01/2024

Ta'ang FM Program
5.1.2024
- ရိုဆေ... ကူန်ရဝ်မာဂါင်ဂဲ အီးရဲ့ဒေတငါဝ်း Ta'ang FM အခိင်ရမှိူဝ်နီန်အော်။
- ဆန်ုမ် 2024၊ ကျံရ်(1)၊ ဆငည်း (5) အခိင်ရမှိူဝ် (7) နြီနီန် ယဲနံင်ဇူ;ဒေဝိူဝ်;ဟာဝ်း ကူန်ရဝ်မာဂါင်အယ်ဂဲ တငါဝ်း Ta'ang FM နီန်အော်။
ကခံပ်ကယည်-
(1) ဆဒါင်ခေဲင်ကုင်တအာင်း (လိုည်းဖိုက်ခြိူဝ်း)။
(2) Interview တားချှာင်ဇီုင်းကာန်တောန်နဲ ခူန်အွံရ်ချု တားဘု‌င်ကျော်။
(3) အပူမ်ဒေါတ်(အာဝ်ဆမားဘီရ်)ဒေါန်(4)ပ်ုန်ငါ်;အူန်းTAG။
(4) ဆချံင်တံပ်နာန်းတအာင်း လိူဝ်; (5)။

(Spotify) : https://open.spotify.com/show/5EQMHmYHgTjziajhwb93p3?si=1Uub9S41SBGN1U8zoNUbrA
(Amazon Music) : https://music.amazon.com/podcasts/10223fb9-cd4d-494b-9113-985ca04d74b9/ta'ang-fm?ref=dm_sh_2NgpNUuPLjpltwe4gMySf0Zfq

'ang FM

1. Ta'ang State News by Lway Phoke Khroue 2. Interview by PSLF/TNLA Brigadier General Tar Bone Kyaw 3. Short Movie (Never Forget)Ep-4 by TAG 4. TNLA Songs (Album-5)

03/01/2024

ဆဒါင်ခေဲင်ကုင်တအာင်း
3.1.2024

ကိင်ဆဒါင်...

1.ဆဒါင် တံပ်အွံရ်ပ်ုန်လောတ်ကပီုန်တအာင်း PSLF/TNLA ‌တားတီုင်အွံရ်ဆီုက် ဟာဝ်းငိူပ်မေန် အရာပ်ပါင်ဒီကတီုက်ကပဲင်

2.ဆဒါင်ကတီုက်ကပဲင် လံပ်တီုက်နာန်း“1027"နီန် ကနာည်ပ်ုန်ဘိူန်း နှားအာည်,

3.ဆဒါင် တံပ်နာန်းတအာင်း PSLF/TNLA ‌ဘယ်ဒေဆီမ်းဟာဝ်း တံပ်ဆီုက်ဘြာန် ပလှံင်ကုင်ငှေါ

'angFM #ဆဒါင်ခေဲင်ကုင်တအာင်း

03/01/2024

တအာင်းပြည်နယ်သတင်း
3.1.2024

သတင်းခေါင်းစဥ်...

- မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

'angFM #တအာင်းပြည်နယ်သတင်း

PSLF/TNLA ဒုတိယ ဥက္ကဌ ၁ဗိုလ်ချုပ် တားဂျုတ်ဂျား နမ့်ခမ်းမြို့အနီးရှိ သိမ်းပိုက်ထားသော စခန်းသစ်ကုန်း၊ ဆေးရုံနဲ့ မြို့တွင်း...
02/01/2024

PSLF/TNLA ဒုတိယ ဥက္ကဌ ၁
ဗိုလ်ချုပ် တားဂျုတ်ဂျား နမ့်ခမ်းမြို့အနီးရှိ သိမ်းပိုက်ထားသော စခန်းသစ်ကုန်း၊ ဆေးရုံနဲ့ မြို့တွင်းထဲကို
ကြည့်ရှုစစ်ဆေးပြီး မြို့အုပ်ချုပ်ရေးကော်မတီနဲ့ တွေ့ဆုံခဲ့

၂၀၂၄ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့

မိုင်းငေါ့မြို့ရှိ  စစ်ကောင်စီတပ်စခန်းကို အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တအာင်းပြည်နယ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ  ၁ ရက်၁...
01/01/2024

မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းကို အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

တအာင်းပြည်နယ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်
၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။
မိုင်းငေါ့မြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၃)ရက်ကြာ ဒီဇင်ဘာ ၃၁ ရက်နေ့ ည(၁၁း၄၅)နာရီ အချိန်တွင် စစ်ကောင်စီ မိုင်းငေါ့မြို့တပ်စခန်း ဗျုဟာကုန်းအပါအဝင် ၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။

မိုင်းငေါ့မြို့ စစ်ကောင်စီတပ်စခန်းသည် တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၅၃/ ခလရ-၂၃၅ တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်သည်။

မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၁၉)ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မိုင်းငေါ့မြို့တိုက်ပွဲအတွင်း စစ်ကောင်စီမိုင်းငေါ့တပ်စခန်းမှ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ထက်မနည်း မိုင်းငေါ့မြို့နယ် ပတ်ဝန်ကျင်နှင့် မိုင်းငေါ့မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီကျောက်မဲတပ်စခန်းမှလည်း မိုင်းငေါ့မြို့သို့ လက်နက်ကြီးဖြင့် (၁၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ယာဥ်ဖြင့် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ (၃)ကြိမ် မိုင်းငေါ့တပ်စခန်းကုန်းတွင်း တိုက်ပွဲမဖြစ်ပွားခင် လာရောက်ပို့ချခဲ့သည်။

မိုင်းငေါ့မြို့ စခန်းသိမ်းတိုက်ပွဲ (၃)ရက်သာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၂၄)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၁၀၃)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၄၅)ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ မိုင်းငေါ့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြို့နယ် ဒေသခံ (၂)ဦးသေဆုံးခဲ့ပြီး၊ (၅)ဦး ဒဏ်ရာ ရရှိကာ၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၄)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ နမတူမြို့၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆဌမမြောက်မြို့အဖြစ် မိုင်းငေါ့မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

လားရှိုး-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့တို့အား အဓိကဆက်သွယ်ထားသည့် အီနိုင်းတံတားအား လားရှိုးမြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်...
01/01/2024

လားရှိုး-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့တို့အား အဓိကဆက်သွယ်ထားသည့် အီနိုင်းတံတားအား လားရှိုးမြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ(၃း၀၀)အချိန်တွင် လာရောက်မိုင်းခွဲဖျက်ဆီးပစ်ခဲ့သည်။

အီနိုင်းချောင်းတံတားသည် လားရှိုး - နမ္မတူ - မန်တုံ - နမ့်ဆန်မြို့ကို အဓိကဆက်သွယ်ထားသည့် တံတားဖြစ်သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

29/12/2023

တအာင်းပြည်နယ်သတင်း
29.12.2023

သတင်းခေါင်းစဥ်...

- နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်PSLF/TNLA က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

'angFM #တအာင်းပြည်နယ်သတင်း

29/12/2023

ဆဒါင်ခေဲင်ကုင်တအာင်း
29.12.2023

ကိင်ဆဒါင်...

1.ဆဒါင် တံပ်နာန်းတအာင်း PSLF/TNLA ‌ဘယ်ဒေဆီမ်းဟာဝ်း တံပ်ဆီုက်ဘြာန်ပလှံင်အိုမ်ငျံရ်

2.ဆဒါင်ကတီုက်ကပဲင် လံပ်တီုက်နာန်း“1027"နီန် ကနာည်ဆငည်း (25)ရောတ်(28)

'angFM #ဆဒါင်ခေဲင်ကုင်တအာင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဦးစီးချုပ် ရှေ့တန်းစစ်မြေပြင် တပ်မဟ...
29/12/2023

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဦးစီးချုပ် ရှေ့တန်းစစ်မြေပြင် တပ်မဟာစစ်ဌာန နယ်မြေသို့ ကွင်းဆင်းစစ်ဆေး

တအာင်းပြည်နယ်၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်
၁၀၂၇ စစ်ဆင်ရေး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်မှ တအာင်းပြည်နယ်အတွင်း ဖော်ဆောင်နေသော ၁၀၂၇ စစ်ဆင်ရေး ကာလ၌ သိမ်းဆည်းရမိသည့်တပ်စခန်း နယ်မြေစိုးမိုးမှု ရရှိပြီးဖြစ်သည့် တပ်မဟာစစ်ဒေသအသီးသီး သို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
တပ်မဟာ(၁)စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းသို့ လည်းကောင်း၊ တပ်မဟာ(၂)စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ ကဒိုင်းဖူးတပ်စခန်း၊ နမ့်ဆန်မြို့တပ်စခန်း၊ နမ့်ဆန်မြို့တွင်းလည်းကောင်း၊ တပ်မဟာ(၃)စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်း၊ ပန်ယုတ်တပ်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ခိုမုန်းတပ်စခန်း၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းနှင့် မန်တုံမြို့တွင်းသို့လည်းကောင်း၊ တပ်မဟာ(၄)စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်းလည်းကောင်း၊ တပ်မဟာ(၅)စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ လွယ်ကန်၊ လွယ်ဟွမ်၊ ရှောက်ဟော်တပ်စခန်းနှင့် အခြားစခန်းငယ်သို့လည်းကောင်း၊ တပ်မဟာ(၆)စစ်ဒေသဖြစ်သည့် မိုင်းကျက်၊ တိန်းတန်၊ ပန်ရှော၊ ဂျာယာန်၊ ဆိုင်လျှံတပ်စခန်းနှင့် အခြားစခန်းငယ်သို့ အသီးသီးသွားရောက် စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ရှေ့တန်း ရှိတပ်မှူး များနှင့်တွေ့ဆုံကာ မိမိတို့ သိမ်းဆည်းရမိသည့် နယ်မြေများ စခန်းများ ပြန်လည်လက်လွတ်ဆုံးရှုံးမှုမရှိစေရေး တပ်လုံခြုံရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရန် စစ်ရေးအမြင် စစ်ရေးသတိ အမြဲမပြတ် ထားရှိရန် တွေ့ဆုံလမ်း ညွန်မှာကြားခဲ့သည်။ ဒေသခံပြည်သူများနှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ထို့အပြင် စစ်မြေပြင်အတွင်းတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် တွေ့ဆုံကာ မိမိအဖွဲ့အနေဖြင့် စစ်သုံ့ပန်းဥပဒေ လိုက်နာသည့် အဖွဲ့ဖြစ်ကြောင်း မိမိလက်ထဲရောက်လာပြီ ဖြစ်သည့်အတွက် စိတ်ချလုံခြုံမှုရှိပြီ ဖြစ်ကြောင်း ပြောဆို ရှင်းလင်း ပေးခဲ့ပါသည်။
၁၀၂၇ စစ်ဆင်ရေးကာလ တအာင်းပြည်နယ်အတွင်း တပ်စခန်းကြီး/ငယ် စခန်းပေါင်း (၇၃) သိမ်းဆီးရမိပြီး၊ မြို့(၅)မြို့ တိုက်ခိုက်သိမ်းပိုက် ထိန်ချုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

29/12/2023

PSLF/TNLA စစ်ဦးစီးချုပ် ရှေ့တန်းစစ်မြေပြင် တပ်မဟာစစ်ဌာန နယ်မြေများသို့ ကွင်းဆင်းစစ်ဆေး

စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှ သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားကို ဒီဇင်ဘာလ ၂၈ ရက် မနေ့ည ညနေ(၆း၀၀) အချ...
29/12/2023

စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှ သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားကို ဒီဇင်ဘာလ ၂၈ ရက် မနေ့ည ညနေ(၆း၀၀) အချိန်တွင်
လာရောက်ပြီး မိုင်းခွဲဖျက်ဆီးပစ်ခဲ့သည်။

မိုးတေချောင်းတံတားသည် သီပေါ - နမ္မတူ - မန်တုံ - နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားဖြစ်သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

နမ္မတူမြို့ရှိ  စစ်ကောင်စီတပ်စခန်းကို အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၂၈ ရက်၁၀၂၇ စစ်...
28/12/2023

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၂၈ ရက်
၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။
နမ္မတူမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်(၁း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။

နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခမရ-၃၂၄၊ ခလရ-၂၅၆ တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်သည်။

နမ္မတူမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၂၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၂၇)ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် (၉)ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နမ္မတူမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၉၃)ကြိမ် ထက်မနည်း နမ္မတူမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၂)ကြိမ် နမ္မတူတပ်စခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့သည်။

နမ္မတူမြို့ စခန်းသိမ်းတိုက်ပွဲ (၄)ရက်သာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၆၁)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃)ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ နမ္မတူတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ် ဒေသခံ (၂)ဦးသေဆုံးခဲ့ပြီး၊ (၈)ဦး ဒဏ်ရာ ရရှိကာ၊ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၇)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။

ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ပဥ္စမမြောက်မြို့အဖြစ် နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

နမ္မတူမြို့တွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
28/12/2023

နမ္မတူမြို့တွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာလ (၂၄)ရက်နေ့ NHK သတင်းဌာန၏ " China contacted before attacks on Militay" မှားယွင်းဖော်ပြသော သတင်းအား NHK သတင်းဌနဘက...
27/12/2023

ဒီဇင်ဘာလ (၂၄)ရက်နေ့ NHK သတင်းဌာန၏ " China contacted before attacks on Militay" မှားယွင်းဖော်ပြသော သတင်းအား NHK သတင်းဌနဘက်မှ ပြန်လည် ၀န််ချ တောင်းပန် အကြောင်းပြန်သည့် စာ

၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့

26/12/2023

ဆဒါင်ခေဲင်ကုင်တအာင်း
26.12.2023

ကိင်ဆဒါင်...

1. ဆဒါင်ခေဲင်ကတီုက်ကပဲင် လံပ်ဆီုက်နာန်း 1027နီန် တံပ်နာန်းတအာင်းPSLF/TNLA ဟောည်,ဘယ်ဒေဆီမ်းဟာဝ်း တံပ်ဆီုက်ဘြာန် လှံင် (4)လှံင်

2. ဆဒါင် ရေဲန်ဟာဝ်း ပ္လေါည်ပ္လိုတ်ဝါင်ပနောပ္လံက်တံင်ဇူ;ဒံန်ခြဲတြားဥပဒေ လိူဝ်;(4)ကာည်း ဇီုင်းကာန်လူမ် လိူဝ်;(8)

'angFM #ဆဒါင်ခေဲင်ကုင်တအာင်း

26/12/2023

လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့်
ပတ်သက်၍ PSLF/TNLA အထွေထွေအတွင်းရေးမှူး
ဗိုလ်မှူးချုပ် တားဘုန်းကျော်အား BBC ၏ မေးမြန်းချက်

25/12/2023

တအာင်းပြည်နယ်သတင်း
25.12.2023

သတင်းခေါင်းစဥ်...

- PSLF/TNLA ၏ အခြေခံရဲသင်တန်း အပတ်စဉ် (၄) နှင့် ရုံးစီမံမှုသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲပြုလုပ်

'angFM #တအာင်းပြည်နယ်သတင်း

25/12/2023

တအာင်းပြည်နယ်သတင်း
25.12.2023

သတင်းခေါင်းစဥ်...

- မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော်က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

'angFM #တအာင်းပြည်နယ်သတင်း

Address

Ta'ang State

Telephone

+959766733574

Website

Alerts

Be the first to know and let us send you an email when Ta'ang FM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ta'ang FM:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share