ချမ်းမြေ့သစ္စာ ကွန်ပျူတာ

  • Home
  • ချမ်းမြေ့သစ္စာ ကွန်ပျူတာ

ချမ်းမြေ့သစ္စာ ကွန်ပျူတာ Electronic Shop
(1)

27/08/2023

ခုလိုအိတ်မျိုး
Laptop 14" size ထည့်လို့ရမယ်။
အတွင်းမှာ ဖော့/ဂွမ်းကပ်နဲ့ မိုးကာသား ခံထားပေးမယ်။

ဈေးက ၅ဝဝဝကျပ်မကျော်ဘူး။
ဒီလကုန်လောက် ရပါမယ်ခင်ဗျာ။

Type 1=📡🌐 Wireless-N WiFi Repeater / Router / AP 300Mpbs 🌐📡WAN & LAN ပေါက် Dual ပါ ကြိုးတတ် /  ကြိုးမဲ့ စနစ် ၂ မျိုးသုံး...
26/08/2023

Type 1=📡🌐 Wireless-N WiFi Repeater / Router / AP 300Mpbs 🌐📡WAN & LAN ပေါက် Dual ပါ ကြိုးတတ် / ကြိုးမဲ့ စနစ် ၂ မျိုးသုံး ထပ်ဆင့် စွမ်းအားမြှင့် လွှင့်စက်📶(🌐 More rang for every Wifi Network Coverage round area: indoor: 30meter , outdoor: 50meter🌐)( Include 4 External Antennas )

❤️💸40000ks💸❤️

Type 2=📡🌐 Wireless-N WiFi Repeater / Router / AP 300Mpbs 🌐📡WAN & LAN ပေါက် Dual ပါ ကြိုးတတ် / ကြိုးမဲ့ စနစ် ၂ မျိုးသုံး ထပ်ဆင့် စွမ်းအားမြှင့် လွှင့်စက်📶(🌐 More rang for every Wifi Network Coverage round area: indoor: 30meter , outdoor: 50meter🌐)( Include 4 Gaint Internal Antennas )

❤️💸40000ks💸❤️

Type3= 📡🌐 Simple Wireless-N Wifi Repeater / Router / AP 300Mbps 🌐📡 ကြိုးတတ် / ကြိုးမဲ့ စနစ် ၂ မျိုးသုံး ထပ်ဆင့် စွမ်းအားမြှင့် လွှင့်စက်📶 📶 (🌐 More rang for every Wifi Network Coverage round area: indoor & outdoor 20 meter 🌐)( Include 2 External Antennas )

❤️💸34000ks💸❤️

❤️💞Type 1 & 2 is Same Specifications!❤️💞
*********************************************
☎️Phone☎️
📱09-796632677

👉Online ကမှာယူမယ်ဆို Page ရဲ့ Chat Box ကနေမှာယူနိုင်သလို~မြန်မြန်ဆန်ဆန် မှာယူချင်ရင် ဖုံးဆက်ပြီး မှာယူနိုင်ပါသည်။

*********************************************


❤️📶ဘယ်လိုလူတွေ အဓိက အသုံးပြုသင့်သလဲ??????❤️📶
=========================================

✅🏠Router စက် တစ်လုံးလောက်မကြီး နေရာမယူပဲ WAN & LAN ပေါက်ပါ စွမ်းအားမြင့် Mini Router / AP / Repeater စက်အကျစ်ကလေး တစ်လုံးကို ရှာနေသူများ။

✅🏠ဘေးအိမ် / ထက် / အောက် / ဝဲ / ယာမှ Wifi internet Line ကိုပွားယူ Wifi Line လွှင့်အား မြှင့်တင် Share ပြီး အသုံးပြု့ချင်သူများ။

✅🏠မူလ Wifi internet Line လွှင့်အားနည်းလို မိမိအိမ်မှ Wifi Line ကို လိုင်းလွှင့်အားမြှင့်တင် Extend လုပ်ပြီး တအိမ်လုံး နေရာအနှံ့အသုံးပြုချင်သူများ။

✅🏠အိမ်အတွင်းမှ Wifi internet Line ကို အိမ်ပြင်ဘက်အထိ Share ပြီး မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေကို မျှဝေသုံးစေချင်သူများ။

✅🏠မြေကွက် တစ်ခုထဲမှာ အထပ်မြင့်ဆောက်ပြီး ဆွေမျိုး မိ့သားစုတွေ စုနေပြီး မူလအထိုင် Wifi စက်ကနေ Wifi internet Line မျှဝေ သုံးစွဲလိုသူများ။

✅🏠အဆောင် / အခန်း / သင်္ဘောပေါ်မှာ အများသုံး Wifi တတ်ပေးထားပေမဲ့ အခန်းကဝေး Wifi internet Line သုံးမရလို့ စိတ်ညစ်နေရသူများ။

✅🏠တအိမ်လုံးမှာ နေရာလွတ်မကျန် သန့်စင်ခန်းထဲ အထိ Wifi internet Line မိချင်နေသူ Wifi Crazy များ။

✅🏠သနားလို့ ပေးသုံးမိ့ပါတယ် QR Code ကို Scan ဖတ်ပြီး တလမ်းလုံး ပွားသုံး Game ဆော့နေသူတွေကို Ban ချင် Block ချင်နေသူများ။

✅🏠Wifi Speed ကို 20mbs / 40 mbs / Auto နဲ့ Wifi Signal ကို High / Normal / Low ထားပြီး ထိမ်းချုပ်ချင်သူများ။

✅🏠မတူညီတဲ့ ကုမ္ပဏီတွေကနေ Wifi စက်တွေ တတ်ဆင်ထားသူ အိမ်နီးနားချင်းနဲ့ Wifi Internet Line အပြန်အလှန်ဖလှယ် Dual Wifi internet Line သုံးစွဲရင်း မည်သည် အကြောင်းနဲ့မှ Wifi Internet Line မပြတ်ချင်ကြသူများ။

✅🏠အကြောင်းအမျိုးမျိုးကြောင့်အိမ်သုံး Wifi Signal Line ကို စွမ်းအားမြှင့်တင် တိုးချဲ့ချင်သူများ ။

✅🏠မူလအထိုင်စက်ကနေ Wifi Line တစ်တုန်းမိရုံနဲ့ Wifi internet Line ဆင့်ပွား Extend လုပ် အသုံးပြုချင်သူများ။

✅🏠Installing ကို 3 Minutes အတွင်း ဖုန်းလေးတစ်လုံးနဲ့ လွယ်ကူစွာ အသက်သွင်း ချိတ်ဆက် အသုံးပြုချင်သူများ အသုံးပြုရန် အထူးသင့်တော်ပါသည်။


💞ထူးခြားချက်မှာ 🌐 Coverage area: indoor: 30meter , outdoor: 50meter🌐 ဖြစ်ပြီး Wireless Suatus တွင် 📡BandWidth ကို 20MHz / 40MHz / Auto ထားနိုင်သလို Signal ကိုလည်း High / Middle / Low ထိမ်းချုပ်လာနိုင်ခြင်းပင် ဖြစ်ပါသည်။

❤️💥မိမိ့ ခွင့်ပြုချက်မရပဲ Wifi Internet ကိုသုံးနေသူတွေ ခွင့်ပြုချက်ထက် ပိုမို ကျော်လွန်ပြီး သုံးနေသူတွေကို Ban မယ် / Block မယ် လုပ်လို့ရတဲ့ setting လေးက Advance အပိုင်းတွင် ပါဝင်နေခြင်းပါ။

📶❤️Firewall( Block WAN Ping )
📶❤️QOS
📶❤️Filters( IP Filters / MAC Filters / URL Blocking / Domain Blocking )
📶❤️DDNS( DDNS Status )
📶❤️DMZ( DMZ Status )


💞👉ဘာပဲဖြစ်နေနေ ဘယ်အချက်တွေပါနေနေ စာလဲမဖတ်ချင်ဘူး စိတ်မဝင်စားဘူး စျေးပေါတာပဲ စျေးသက်သာတာပဲ သုံးမယ် ဝယ်ချင်ပါတယ် ဆိုရင်တော့ ဒီမှာပဲ ရပ်လိုက်ပါ။

✅📶စိတ်ဝင်စားတယ် ပစ္စည်း ကောင်းကောင်းလေး သုံးမယ်ဆိုရင်တော့ အောက်က ပုံလေးတွေကို ထောက်ပြီး ဆက်လက်လေ့လာဖတ်ရှုကြည့်ပါ။

🔴မှတ်ချက်🔴

📶 နေအိမ်မှာ မီးအားမငြိမ် အတက် အကျရှိနေခဲ့ပါက Safeguard တဆင့်ခံပြီး အသုံးပြုပေးပါ။

📶ရထားတဲ့ ဝိုင်ဖိုင်အင်တာနက်လိုင်းကို လွှင့်အား ထပ်မံတိုးချဲ့ပေးသော ပစ္စည်းသာ ဖြစ်ပါသည်။

🔘❌မူလမရှိထားတဲ့ အင်တာနက်လိုင်းကို အသစ်ဖန်တီးထုတ်လွှင့်ပေးသော ပစ္စည်းမဟုတ်ပါ။

🎚️❌Sim Card ထည့်သုံးရတာ မဟုတ်ပါ။

📱Android / ios ဖုန်း သို့ Computer တို့ဖြင့် ၃ မိနစ်အတွင်း အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

အိမ်မြောင် ဓါတ်မီး မှန်ပြောင်း ကီးချိန်းတစ်ခု ၁၀၀၀ကျပ် (1000ks)Videohttps://www.youtube.com/watch?v=G2rTgjf4tQICMTS ချမ်...
09/07/2021

အိမ်မြောင် ဓါတ်မီး မှန်ပြောင်း ကီးချိန်း
တစ်ခု ၁၀၀၀ကျပ် (1000ks)

Video
https://www.youtube.com/watch?v=G2rTgjf4tQI

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

💰  TK-2028 Electronic Money Detector 💵 တန်ဖိုး ၁၀၀၀၀ကျပ် (10000ks)🔎ငွေတု၊ လိုင်စင်တု၊ ပက်စ်ပို့တု၊ ဝှီးတက်အတု၊ စာရွက်စာတ...
09/07/2021

💰 TK-2028 Electronic Money Detector 💵
တန်ဖိုး ၁၀၀၀၀ကျပ် (10000ks)

🔎ငွေတု၊ လိုင်စင်တု၊ ပက်စ်ပို့တု၊ ဝှီးတက်အတု၊ စာရွက်စာတမ်းတု၊ လျှို့ဝှက်မြှုပ်ကွက်ပါသောIDကဒ်များ၊ ATMကဒ်၊ VISA ကဒ်စသည်တို့ကို အသေးစိတ်ဖော်ထုတ် စစ်ဆေးနိုင်သောစက်ဖြစ်ပါသည်။ မြန်မာငွေစက္ကူအပါအဝင် မည်သည့်ငွေစက္ကူကိုမဆို စစ်ဆေးနိုင်ပါသည်။

📝 UV sensitive ink အသုံးပြုထားသော Magic Penဖြင့် လျှို့ဝှက်စွာရေးသားထားသည့် စာများကိုလည်း ဖော်ထုတ် ဖတ်ရှုနိုင်ပါသည်။

👮 အမှုအခင်းများတွင် ကျန်ရစ်သော သက်သေခံ၊ လက်ဗွေ၊ လျှို့ဝှက်ချက် စသည်တို့ကိုလည်း အနုစိတ် ကြည့်ရှုနိုင်ပါသည်။

💡 ခရမ်းလွန်ရောင်ခြည် Ultraviolet မီးချောင်း ၂ချောင်းပါရှိကာ 220V ပလပ်ပေါက်တွင် ထိုးရပြီး စွမ်းအင်
4Wသာစွဲပါသည်။ အကယ်၍ အခန့်မသင့် ၁ချောင်းကျွမ်းသွားလျှင်သော်မှ ကျန်၁ချောင်းဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။

📖 အရွယ်အစား 270*116*106mm ရှိပြီး portable စားပွဲတင်အဖြစ်သုံးနိုင်ပြီး AC220V လျှပ်စစ်မီးဖြင့် အသုံးပြုရပါသည်။

📠 ယာဉ်မောင်းလိုင်စင် စစ်ဆေးရသော ယာဉ်ထိန်းရဲများ၊ ငွေကြေးများစွာ ဝင်/ထွက်ရှိသော Bank. Money Changer များ၊ passport စစ်ဆေးရသော ဌာနများ၊ မှုခင်းစစ်ဆေးရေးဌာနများ သုံးစွဲကြပါသည်။

Features:
- Portable and inexpensive counterfeit money detector
- Functions on most of major international currency bills
- Easy to use - secure and convenient for business and personal use
- Compact and light-weight

Specifications:
- Model: TK-2028
- Verifies currency, ID's, driver's licenses
- Verifies credit cards, passports and other documents
- 2 pieces 6W Ultraviolet Blue Lamp
- 220V-230V
- Frequency: 50Hz
- Double Insulation

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

ဖုန်းထည့်သားရေခါးပတ်အိတ်တန်ဖိုး ၄၀၀၀ကျပ် (4000ks)သာမန်ဒီဇိုင်းတွေကနေ ဖောက်ထွက်လာပြီးအမြင်ဆန်းဆန်း အသွင်ရိုးရိုးရှင်းရှင်...
09/07/2021

ဖုန်းထည့်သားရေခါးပတ်အိတ်
တန်ဖိုး ၄၀၀၀ကျပ် (4000ks)

သာမန်ဒီဇိုင်းတွေကနေ ဖောက်ထွက်လာပြီး
အမြင်ဆန်းဆန်း
အသွင်ရိုးရိုးရှင်းရှင်းနဲ့
အကြမ်းပတမ်းခံတဲ့ ဖုန်းအိတ်လေးပါ။

PU Leather 3mm အထူစားကို နိုင်လွန်ချည်လုံးကြီးနဲ့ သပ်သပ်ရပ်ရပ် ချုပ်လုပ်ထားပါတယ်။

စမတ်ဖုန်း အတော်များများ ထည့်လို့ရပါတယ်။

ဖုန်းအနံ ၇.၅စင်တီမီတာကျော်ရင် ထည့်လို့မဆံ့ပါ။

အနက်၊ ကာကီဖျော့၊ ကာကီရင့်၊ မီးခိုးရောင် ၄မျိုး instock ရှိပါတယ်။

မှတ်ချက်။ ။ ခါးပတ်ဝတ်သူများအတွက်သာ

Video
https://www.facebook.com/cmts6334/posts/121758753346783

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

အကြမ်းသုံး ရော်ဘာလက်အိပ် တစ်စုံ ၅ဝဝကျပ် (500ks)3M ပေဘူးတစ်ခု ၁ဝဝဝကျပ် (1000ks)CMTS ချမ်းမြေ့သစ္စာအမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊...
09/07/2021

အကြမ်းသုံး ရော်ဘာလက်အိပ်
တစ်စုံ ၅ဝဝကျပ် (500ks)

3M ပေဘူး
တစ်ခု ၁ဝဝဝကျပ် (1000ks)

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
(လင်းစဒေါင်းမှတ်တိုင်အနီး)၊ ဗိုလ်တထောင်မြို့နယ်။
0942246595

pH Level Tester Paperတစ်ထုပ် ၆၀၀ကျပ် (600ks)၁၀ထုပ် ၅၅၀၀ကျပ် (5500ks)အသုံးပြုသူများ။ ။ ဆေးဝါးပစ္စည်း၊ စားသောက်ကုန်၊ အလှကုန...
09/07/2021

pH Level Tester Paper
တစ်ထုပ် ၆၀၀ကျပ် (600ks)
၁၀ထုပ် ၅၅၀၀ကျပ် (5500ks)

အသုံးပြုသူများ။ ။ ဆေးဝါးပစ္စည်း၊ စားသောက်ကုန်၊ အလှကုန် ထုတ်လုပ်သူများ၊ ဆေးရုံဆေးခန်းကြီးများ၊ Chemical engineering service များ၊ရေကူးကန်တည်ဆောက်ပေးသူများ၊ ဓာတ်ခွဲခန်းများ၊ စိုက်ပျိုးမွေးမြူရေးဌာများ၊ ရေသန့်ကုမ္ပဏီများမှစ၍ အခြေခံအဆင့် ရေသန့်သောက်သုံးသူများပါ အသုံးပြုကြပါသည်။

လုပ်ဆောင်ချက်။ ။ pH level tester သည် ရေထဲပျော်ဝင်နေသော Alkalineနှင့် Acid ပမာဏကို တိုင်းတာပေးပါသည်။pH1 မှစ၍ pH14အထိ တိုင်းတာနိုင်ပါသည်။ သဘာဝသန့်စင်ရေသည် pH7 Level (အချို့စာတမ်းအရ 6.5) ရှိပြီး Alkaline များလျှင်များသလို pH 8 မှ pH 14အထိ တက်သွားပါသည်။ Acid များလျှင် pH Level ကျဆင်းပြီး pH 6 မှ pH 0 အထိ ရောက်သွားပါသည်။သန့်စင်သော လူ့ခန္ဓာ ကိုယ်မှသွေးသည် pH7.35 Level ရှိသဖြင့်pH7 အဆင့်ရှိ ရေသန့်ကို သောက်သုံးမှသာ သန့်ရှင်းသော သွေးဖြစ်ရန် များစွာအထောက်အကူပြုပါလိမ့်မည်။ ဆိုလိုရင်းမှာ pH7 ဟူသည် အနီမဟုတ် အပြာမဟုတ် အဖြူထည်သက်သက်ဖြစ်ပြီး အလယ်ဗဟိုရည်ညွှန်းချက်ဖြစ်ပါသည်။

ရေဓာတ် ၆၅%ဖြင့် ဖွဲ့စည်းထားသော လူ့ခန္ဓာကိုယ်သည် Alkaline နှင့် Acid ပမာဏမျှတစွာ တည်ရှိနေမှ ကျန်းမာရေးနှင့် ညီညွတ်ပေလိမ့်မည်။ pH 7 ဟူသည် Alkalineနှင့် Acid တို့၏ Level ကြားဗဟို သဘာဝသန့်စင်ရေ၏ စံနှုန်း (Neutral Water)ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဘီယာထက် ဈေးကြီးသော ရေသန့်ဘူး။ ။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ရေသန့်အရည်အသွေးကို စစ်ဆေးသောဌာနများအပြင် ကိုယ်တိုင်စစ်ဆေးနိုင်သော testerများ အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ pH7 အဆင့်မမှီလျှင် တရားစွဲဆိုလျော်ကြေးတောင်းခံရနိုင် သဖြင့် အဆင့်ဆင့် QC ဖြတ်သန်းရသော ကုန်ကျစားရိတ် ပိုများနေသောကြောင့် ဘီယာပုလင်းထက် ရေသန့်ဘူးမှာ ဈေးနှုန်းပိုကြီးနေရပါသည်။

သံသယကို စစ်ဆေးရန်။ ။မြန်မာနိုင်ငံတွင် ရေသန့်ဘူး သောက်သုံးသော လူဦးရေ လွန်စွာများပြားလာရာ ၁ယူနစ်မှ ကျပ်ငွေဆယ်ဂဏန်း မျှသာရှိသော ဂျိုးဖြူရေထက် ရေသန့်၂၀လီတာတစ်ဘူးလျှင် ၄၀၀/၅၀၀ကျပ်ခန့် ပေးဝယ်သောက်သုံးနေရသည်မှာ နေ့စဉ်နှင့်အမျှ ဖြစ်သောကြောင့် တန်ဖိုးငွေ အဆထောင်ချီ ကွာခြားသဖြင့် pH 7 Level စစ်မစစ် ပြန်လည် သုံးသပ်သင့်ပါသည်။ ရေသန့်ဟု အမည်တပ်၍ ထောက်ခံချက်များစွာရရှိထားသော်လည်း pH7 အဆင့်ရှိရဲ့လား၊ ဓာတ်သတ္ထုပျော်ဝင်နေမှုပမာဏအနည်းဆုံး
ဖြစ်ရဲ့လား ဆိုတာကို သံသယရှိပါက ဓါတ်ခွဲခန်းမသွားမီ TDS Meter, pH Tester တို့ဖြင့် ကိုယ်တိုင်စစ်ဆေး စမ်းသပ်နိုင်ပါပြီ။ ရှေးယခင်ကလို ဖန်ပြွန်များ၊ ဓာတုပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး လေးလံသောပစ္စည်းများ မလိုအပ်ပဲ သွားလေရာ အိတ်ကပ်ထဲ ထည့်ဆောင်သွားနိုင်သည့် စက္ကူသက်သက်မျှသာ ဖြစ်ပြီး အချိန်၁မိနစ်အတွင်း တိကျသောအဖြေထွက်အောင် အလွယ်တကူ စစ်ဆေးနိုင်ပါသည်။

ယခုကာလတွင် တပိုင်တနိုင် ဆပ်ပြာထုတ်လုပ်သူများ၊ သင်တန်းများ၊ အလှကုန်ထုတ်လုပ်သူများ ခေတ်စားတွင်ကျယ်လာရာ FDA အဖွဲ့အစည်းသို့ မတင်ပြမီ ကိုယ်တိုင်စစ်ဆေးဖို့ရာ pH Tester Paper လည်း လိုအပ်လာပါသည်။ ခန္ဓာကိုယ်အရေပြားသည် pH4 အောက်နိမ့်သော အရည်ကြောင့် ကင်ဆာဖြစ်နိုင်ခြေများသဖြင့် တားမြစ်ထားပါသည်။ ကိုယ်တိုင် စိစစ်ကာ လိုတိုး ပိုလျှော့ စီစဉ်ပြီးကာမှ တင်ပြရသဖြင့် pH Tester Paper အသုံးများကြပါသည်။

အသုံးပြုပုံ။ ။ စစ်ဆေးမည့် အရည်ထဲကို စက္ကူစိုသွားသည်အထိ စိမ်ပါ။ ၃စက္ကန့်ခန့် လေသလပ်ထားပါ။ အသင့်ပါလာသော pH Level ဇယားကွက်မှ အရောင်နှင့် တိုက်ဆိုင်ကြည့်ပါ။ တူညီသော အရောင်တွင် ရေးထားသော နံပါတ်သည် pH Level ဖြစ်ပါသည်။ စက္ကူတစ်ရွက်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး တစ်ထုပ်လျှင် စက္ကူအရွက်၈၀ ပါရှိပါသည်။

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959.

လေဖြတ်၊ လေငန်း၊ အဆီချ၊ အကြောနှိပ်စက်Health Herald Digital Therapy Machineတန်ဖိုး ၈၀၀၀ကျပ် (8000ks)🍀 သာမန် သွေးလေထိုင်းမှ...
09/07/2021

လေဖြတ်၊ လေငန်း၊ အဆီချ၊ အကြောနှိပ်စက်
Health Herald Digital Therapy Machine
တန်ဖိုး ၈၀၀၀ကျပ် (8000ks)

🍀 သာမန် သွေးလေထိုင်းမှိုင်း၊ ဇက်ကြောတက်၊ ညောင်းညာကိုက်ခဲခြင်းမှစပြီး လေဖြတ်၊ လေငန်း၊ ကိုယ်တခြမ်းသေ ရောဂါများအထိ ကုသပေးနိုင်သော အရှေ့တိုင်းကုထုံးစက်တစ်မျိုးဖြစ်ပါတယ်။

🍀 တရုတ်ရိုးရာ အကြောပြင်၊ ဓါတ်အပ်စိုက် ကုသနည်း၂မျိုးကို ပေါင်းစပ်တီထွင်ထားတဲ့ စက်မျိုးဖြစ်ပြီး ယခုမှပေါ်လာသော အမျိုးအစား မဟုတ်ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တည်းက အသုံးပြုခဲ့ပြီး ထိရောက်မှုများစွာ ရှိတာကြောင့် တော်ရုံနဲ့ မယုံကြည်တတ်တဲ့ အနောက်နိုင်ငံများမှာတောင် တွင်ကျယ်စွာ သုံးစွဲနေကြပါပြီ။

🍀 Mode ၈မျိုး၊ ပြင်းအားအနည်း/အများ ၁၅မျိုး၊ အချိန်သတ်မှတ်စနစ် ၁မိနစ်မှ ၁၅မိနစ်အထိ ချိန်ညှိအသုံးပြုနိုင်ပါတယ်။ AAA ဓါတ်ခဲ၃လုံးထည့်သုံးနိုင်ပြီး ဓါတ်ခဲကောင်းရင် ၁၅မိနစ် ၅ကြိမ်အထိ သုံးနိုင်ပါတယ်။

🍀 အပိုပစ္စည်းများလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အသုံးများတဲ့ ဆီလီကွန်ကပ်ခွါ ၂ခု (၁စုံ) ကို ၈၀၀ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။ သာမန်အတိုင်း အသုံးပြုရင် ဆီလီကွန်ကပ်ခွါ တစ်စုံကို အကြိမ်၂၀အထိ သုံးနိုင်ပေမယ့် လူပြောင်းသုံးရင် (ကူးစက်ရောဂါ မဖြစ်ရအောင်) ကပ်ခွါပါ အသစ်လဲဖို့ လိုပါလိမ့်မယ်။

🍀 စက်မှာ Mode ၈မျိုးပါရှိပြီး အသုံးပြုပုံ ကွဲပြားပါတယ်။

1. acupuncture ~ တရုတ်အပ်စိုက်ကုထုံး
2. stroke ~ လေဖြတ်လေငန်း အကြောဆိုင်း ကုထုံး
3. massage ~ သာမန်နှိပ်နယ်ခြင်း
4. capping ~ စုပ်ခွက်နှင့်စုပ်သောကုထုံး
5. manipulation ~ အကြောနှိပ် အကြောပြင်ကုထုံး
6. scrapping ~ မက်ကလောင်ခြစ်/ ဆားခြစ်ကုထုံး
7. weight reducing ~ အဆီချခြင်းကုထုံး
8. immunotherapy ~ ကိုယ်ခံစွမ်းအားမြှင့်တင်ကုထုံး

🍀 အကျယ်ဖွင့်ဆိုချက်

၁။ အပ်နဲ့စိုက် လျှပ်စစ်ဓါတ်ပေးပြီး ကုသတဲ့ တရုတ်ဓါတ်အပ်စိုက်ကုသလို ချက္ကရနေရာများမှာ ဆီလီကွန်ကပ်ပြီး သွေးလေလည်ပတ်မှု အားကောင်းအောင် နှိုးဆွပေးခြင်းစနစ် ဖြစ်ပါတယ်။ အပ်နဲ့ထိုးသလို စူးခနဲ စူးခနဲ ခံစားမှုတော့ ရှိပါလိမ့်မယ်။

၂။ လက်မလှုပ်နိုင် ခြေမလှုပ်နိုင် အကြောဆိုင်းခြင်းမှစ၍ စကားပြောမရအောင် လေဖြတ်သွားခြင်းအထိ ကုသနိုင်ပါတယ်။ ပင်မအာရုံကြောနေရာများကို ကပ်ပြီး တစ်ရက်၃ကြိမ်ခန့် ကုသပေးပါက သိသိသာသာ လှုပ်ရှားလာနိုင်ပါတယ်။ ယခင်က လေဖြတ်လူနာရှင်များ စက်ရော ဆီလီကွန်ချပ်အပိုများပါ လာဝယ်ဖူးပါတယ်။ လုံးဝမလှုပ်နိုင်ရာက ၂ရက်လောက် ကုသရုံနဲ့ လက်ချောင်း ခြေချောင်းများ စတင်လှုပ်ရှားလာပြီး ၁လအတွင်း လမ်းပြန်လျှောက်နိုင်အောင် ကောင်းသွားဖူးပါတယ်။ ကရင်ပြည်နယ်က ဆရာတော်တစ်ပါးဆိုရင် ကိုယ်တိုင် သုံးစွဲပြီး များစွာသက်သာလာတာကြောင့် မွေးနေ့ပွဲမှာ ကြွရောက်လာတဲ့ သံဃာ၊ သီလရှင်များကို ပြန်လည်ဝေငှ ဒါနပြုဖို့ စက်အလုံးရေ ၁၀၀ကျော် ဝယ်ယူဖူးပါတယ်။ တချို့က ဆီလီကွန်ချပ်ကို တစ်ရက်သုံးပြီး နောက်ရက်မှာ အသစ်ထပ်သုံးတာကြောင့် အစုံ၅၀/၆၀ အသင့်ဝယ်ထားတတ်ကြပါတယ်။

၃။ သာမန် ဇက်ကြောတက်၊ မျက်ရိုးကိုက်၊ ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ်ကိုက်၊ အကြောထုံး ရောဂါများအတွက် နာကျင်တဲ့နေရာ အနီးတဝိုက် ကပ်ပြီး ကုသကြပါတယ်။ အကြောနဲ့ပတ်သက်သော ရောဂါများကိုသာ ကုသနိုင်ပြီး ရိုးတွင်းခြင်ဆီ၊ အရွတ်ရောင် စတဲ့ရောဂါများကို မကုသနိုင်ပါ။

၎။ တရုတ်အပ်စိုက်ကုထုံးမှာ ဖန်ခွက်လေးများကို ကျောကုန်းနဲ့ ဗိုက်ပေါ်မှာတင်ပြီး ဖယောင်းတိုင်နဲ့ဖြစ်စေ၊ စုပ်ပြွန်နဲ့ဖြစ်စေ လေဟာနယ်ဖြစ်အောင်လုပ်ပြီး သွေးပုပ်များ ထွက်စေတဲ့ နည်းစနစ်လည်း ပါဝင်ပါတယ်။ ကုသပြီးရင် ၃ရက်လောက် အညိုအမည်းများ ကျန်ရစ်ပါတယ်။ ထို့လောက် မပြင်းထန်ပဲ အရေပြားပေါ်မှာတင် စုပ်ယူပေးသော သွေးလေလည်ပတ်မှုအားကောင်းစေတဲ့ ကုသနည်းတစ်မျိုးပါ။

၅။ အကြောတလျောက် ဝါယောဓါတ်အားနည်းလို့ဖြစ်စေ၊ အဆီဓါတ်များလို့ဖြစ်စေ ထုံထိုင်းလေးလံနေပါက အကြောပြင်ဆရာ အနှိပ်ဆရာများ ဖိဆွဲခြင်း၊ နင်းခြင်း၊ ဖိထားပြီး အချိန်အနည်းငယ်ကြာမှ ပြန်လွှတ်ပေးခြင်း (အပူထုတ်ခြင်း)၊ လှုပ်ရမ်းခြင်းတို့ ပြုလုပ်ပြီး အကြောနှိုးလေ့ရှိပါတယ်။ ထိုစနစ်အတိုင်း အကြောများကို နိုးကြားလာအောင် ပြုလုပ်ပေးတဲ့ နည်းတစ်ခုပါ။

၆။ ရှမ်းပြည်လို အေးလွန်းတဲ့ဒေသတွေမှာ လေးလံထိုင်းမှိုင်းလာတဲ့အခါ ကျောကုန်း ဂုတ်ပိုးတို့ကို ဆီသုတ်ပြီး ရေနွေးကြမ်းပန်းကန်လုံးဖင်၊ နို့ဆီခွက်ဘူးဖင်တို့နဲ့ခြစ်ပြီး သွေးခြေဥအောင်၊ အနီစင်းကြောင်းကြီးဖြစ်သွားအောင် လုပ်ကြပါတယ်။ မက်ကလောင်ခြစ်တာ ဆားခြစ်တာလို့လည်း ခေါ်ကြပါတယ်။ ဒီလိုလုပ်မှ ပေါ့ပါးလန်းဆန်းပြီး နေသာထိုင်သာရှိသွားပါတယ်။ ဒါကို အနောက်တိုင်းဆေးပညာက အန္တရာယ်ရှိတဲ့ လုပ်ရပ်လို့ သတ်မှတ်ထားပါတယ်။ ဒီနည်းနဲ့ အသားကျနေသူတို့အတွက် ကျောကုန်း/ ဂုတ်ပိုးတို့မှာကပ်ပြီး အပူအပုပ် ထုတ်ပေးတဲ့ စနစ်ပါ။ မက်ကလောင်ခြစ်တဲ့နည်းအစား ယခုစက်နဲ့ အန္တရာယ်ကင်းစွာ လုပ်နိုင်ပါတယ်။ သွေးခြေဥတာ၊ အနီစင်းကြောင်းထင်တာတွေ မဖြစ်စေပါ။

၇။ ဗိုက်ခေါက်၊ ပေါင်သား၊ ခြေသလုံးတို့မှာ စုနေတဲ့ အဆီပိုတွေကို လျှပ်စစ်သံလိုက်စက်ကွင်းစနစ်နဲ့ ချေဖျက်ဖို့ သုံးနိုင်ပါတယ်။ စက်ချည်းအားကိုးရုံနဲ့တော့ အဆီမကျနိုင်ပါ။ လမ်းလျှောက်တာ၊ အစားရှောင်တာ၊ ဝမ်းမှန်စေတာတွေလည်း လုပ်ဆောင်ရပါလိမ့်မယ်။

၈။ သွေးလေမလျှောက်တဲ့အခါ သွေးကြောထဲ အောက်ဆီဂျင်အရောက်နည်းပြီး ကိုယ်ခံအားနည်းကာ ပြင်ပရောဂါတွေကို ခုခံနိုင်စွမ်းမရှိ ဖြစ်လာပါတယ်။ လေးလံထိုင်းမှိုင်းပြီး ရောဂါဝင်ဖို့ ရာနှုန်းပိုများလာပါတယ်။ ဒီစက်ရဲ့ immunotherapy စနစ်က သွေးကြော အာရုံကြောများကို နှိုးဆွပေးပြီး သွေးလေပုံမှန်လည်ပတ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

⛔️ ကိုယ်ဝန်ဆောင်များ၊ နှလုံးစက်တပ်ထားသူများ၊ ကျောက်ကပ်/အသည်း အစားထိုးကုသဖူးသူများ၊ ၁၃နှစ်အောက်ကလေးများ အသုံးမပြုရပါ။

🍀 ရောဂါတစ်ခုဖြစ်လာရင် ကိုယ်ရော ကိုယ့်အသိုက်အဝန်းပါ စိတ်ဆင်းရဲရပါတယ်။ ရောဂါကုသတဲ့ အသိုင်းအဝိုင်းများမှာ စီးပွားရေးထက် မေတ္တာ၊ ဂရုဏာတရားတို့ကို လက်ကိုင်ထားပြီး ဝန်ဆောင်မှုပေးမှသာ ဆေးစွမ်းထက် ပြီးမြောက်နိုင်ပါတယ်။ စက်ကို မဝယ်ဝယ်အောင် သာသာထိုးထိုး ရေးထားတာမျိုး မဟုတ်ပါ။ ဝယ်သွားပြီး ၇ရက် စမ်းသုံးကြည့်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေပါက ကပ်ခွါ၁စုံဖိုး ၈၀၀ကျပ်သာ နှုတ်ယူပြီး ပစ္စည်းဖိုး အပြည့်အဝ ပြန်အမ်းပေးပါ့မယ်။ ကောင်းလွန်းလို့ သုံးစေချင်လွန်းလို့ပါ။

အသုံးပြုခြင်းဗီဒီယို ~ https://www.youtube.com/watch?v=AAjA9UvCRbI

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

Artist Cutting Knifeပန်းချီပန်းပု/ခွဲစိပ်​ခန်းသုံးဓားတစ်​​ချောင်း ၃၅၀၀ကျပ်​ (3500ks)[နံပါတ် 11. 17 ဓါးသွားအပို အခု20...
09/07/2021

Artist Cutting Knife
ပန်းချီပန်းပု/ခွဲစိပ်​ခန်းသုံးဓား
တစ်​​ချောင်း ၃၅၀၀ကျပ်​ (3500ks)
[နံပါတ် 11. 17 ဓါးသွားအပို အခု20 ပါပါသည်။]

အင်​မတန်​ထက်​မြပြီး ခိုင်​ခန့်​သပ်​ရပ်​တဲ့ Stainless Steel ဓားသွား

ဆီ​ဆေးပန်းချီ​တွေအတွက်​ ဓားလက်​ရာများ ခြယ်​မှုန်းခြင်း

သစ်​၊ ရွှံ့၊ ဆီလီကွန်​၊ ပလာစတာ ပန်းပု အနုစိတ်​ထွင်းထု အ​ချောသပ်​ခြင်း

စက္ကူကနုတ်​ ​ဖောင်းကြွရုပ်​များ နှင့်​ အလွန်​​သေးငယ်​​သော ခဲတံကာဗွန်​​ချောင်း ပုံတူပန်းပုရုပ်​ထု အနုပညာဖန်​တီးခြင်း

သား​ရေ၊ ​ရော်​ဘာ၊ အခင်းပြားလှီးဖြတ်​ခြင်း

သစ်​သီးအလှပုံ​ဖော်​နှင့်​ ​တော်​ဝင်​စားဖိုမှူးသုံး အနုအလှဟင်းလျာများ စီစဉ်​ခြင်း

ရှေးဦးသူနာပြုအတွက်​ လှီးဖြတ်​ ​ဖောက်​ထုတ်​ ခွဲစိပ်ြ​ခင်း

ဉာဏ်​ယှဉ်​သလို မျိုးစုံသုံးနိုင်​တဲ့ အဖိုးနည်းဝန်​ပါ မရှိမဖြစ်​ အိတ်​​ဆောင်​ဓား​လေးပါ။

CUTTING MAT
လှီး ဖြတ်​ ထွင်း ​အောက်​ခံပြား
တစ်​ချပ်​ ၃၅၀၀ကျပ်​ (3500ks)

စတစ်ကာသမားတွေ ပန်းဖောက်တာ/စာလုံးဖောက်တာပဲ ဖြစ်ဖြစ်
ရုံးသမား တွေ စာရွက်ဖြတ် တာပဲဖြစ်ဖြစ်
အိမ်မှာ/ရုံးမှာ/အလုပ်မှာ ဓားနဲ့ လှီးဖြတ် တဲ့အခါ ခုံပေါ်တင် ဖြတ်ရင် လှီးရင် အောက်ခံခုံမှာ အစင်းကြောင်းတွေ ဓားရာတွေ ဖြစ်ပေါ်သလို ခုံ/စားပွဲ စတဲ့ပရိဘောဂတွေ ရုပ်ပျက် အမြင်မလှ ဖြစ်တက်ပါတယ်။

လှီးဖြတ်တဲ့အခါ သစ်သားထဲ ဓားဦးစိုက်ပီး လှီးတာလည်း မညီညာတာ ဖြစ်ဘူးကြမှာပါ။

ဒီအောက်ခံပြားလေးက အလျား၁ပေ အနံ၉ လက်မရှိပီး အထူ ၃မီလီမီတာ ရှိပါတယ်။

လှီးစရာ ဖြတ်စရာ အသေးစိတ် တိတိကျကျ ဖြတ်နိုင်ဖို့
မာကင်ရာတွေပါသလို ဘလိတ်ဓားလို အရမ်းပြတ်ရှ ထက်မြတဲ့ ဓားသွားမျိုးနဲ့ အပေါ်က ဖြတ်
တအောင့်နေ အလိုလို ပြန်စိသွားပါတယ်။
အစင်းရာ မကျန်ပါ။
ဓားရာ မကျန်ပါ။

မှန်ပေါ်တင်ဖြတ်ရသလို ချောချောမွေ့မွေ့ရှိပြီး ထစ်ငေါ့ခြင်းမရှိပါ။

(စပါးကြီးမြွေ ဗိုက်ခွဲရင် ဝါးချောင်းလေးတွေ ၄လက်မစီ အချောင်း ၂၀ လောက်လုပ်ထားပြီး ခွဲပြီးတဲ့နေရာ​တွေကို ဝါးချောင်းလေးနဲ့ ကလန့်ထားရတယ်။
မကလန့်​ထားရင်​ ပြန်စိသွားပြီး တသားထဲ ပြန်ဖြစ်သွားတတ်​တယ်​။
အဲ့လို အသားမျိုး ​အောက်​ခံပြားပါ။)

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

ထွေလီကာလီ ကလိကြသူ​တွေအတွက်​စက်​ပြင်​ဆရာ တီထွင်​ဖန်​တီးကြသူ​တွေအတွက်​401 Super Glue၁ဘူး ၁၀၀၀ကျပ်​ Black Glue Stick 10mmတစ...
09/07/2021

ထွေလီကာလီ ကလိကြသူ​တွေအတွက်
စက်​ပြင်​ဆရာ တီထွင်​ဖန်​တီးကြသူ​တွေအတွက်

401 Super Glue
၁ဘူး ၁၀၀၀ကျပ်

Black Glue Stick 10mm
တစ်​​ချောင်း ၂၅၀ကျပ်
၁၀​ချောင်း ၂၃၀၀ကျပ်
(​ကော်​​ချောင်း အရှည်​ 270mmရှိပါတယ်​။)

Glue Gun 100W
တစ်​လက်​ ၄၀၀၀ကျပ်

အထည်ချုပ်သုံး ၀ါယာကြိုးနွှင် ပျိုးပင်ဖြတ်
ဘက်စုံသုံးကတ်ကြေး
တစ်ခု ၂၅၀ကျပ် (250ks)

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959.

" မချစ်သေးပဲလည်း ပြာယာနန့်ပြီး လျှောက်မလည်နဲ့မစစ်ဆေးပဲလည်း ပါဝါဘန့်ကြီး ကောက်မဝယ်နဲ့မချစ်သေးပဲ ပြာယာနန့်ပြီး လျှောက်လည်ေ...
09/07/2021

" မချစ်သေးပဲလည်း ပြာယာနန့်ပြီး လျှောက်မလည်နဲ့
မစစ်ဆေးပဲလည်း ပါဝါဘန့်ကြီး ကောက်မဝယ်နဲ့

မချစ်သေးပဲ ပြာယာနန့်ပြီး လျှောက်လည်တော့ ဗိုက်တလုံးပဲ ကျန်ခဲ့ရမယ်။
မစစ်ဆေးပဲ ပါဝါဘန့်ကြီးကောက်ဝယ်တော့ အမှိုက်ပုံးထဲ ပြန်ထည့်ရမယ်။ " တဲ့

အသင့်လုပ်ပြီးသား ပါဝါဘန့်တွေကလည်း အမ်ပီယာဘယ်နှစ်သောင်း ရေးထားလိုက်ကြတာ ၀ယ်တော့မှ ဘိလပ်မြေအဆာသွပ်ထားတဲ့ အုတ်ခဲတုံးကြီးဖြစ်နေမှန်းသိလိုက်ရတဲ့ အဖြစ်တွေ

ဒါ့ကြောင့် ခုတလော DiY ( Do it Yourself ) ဆိုတာကြီး ခေတ်စားလာတာပေါ့။

ကိုယ်တိုင် ပဲဝယ် ခြင်းလေးထဲထည့်
၎ရက်လောက် ရေလောင်း
စိတ်သန့်သန့်နဲ့ ပဲပင်ပေါက်စားလို့ရတယ်။
အမြစ်တိုဆေးတွေ ပုလဲတွေ မပါတော့
ကျန်းမာရေးနဲ့ ညီညွတ်တယ်။
ဒါပေမယ့် အလုပ်ရှုပ်တယ်။

ကိုယ်တိုင် ငါးရံ့ဝယ်
လှီးခုတ် ဆားနယ် အခြောက်လှန်း
ငါးရံ့ခြောက်သန့်သန့် စားရတယ်။
ယင်မနားဆေးတွေ ယမ်းစိမ်းတွေမပါလို့
ကင်ဆာဖြစ်ကိန်းနည်းတယ်။
ဒါပေမယ့် ပိုက်ဆံပိုကုန်တယ်။

Power bank အခွံလေးဝယ်
ကိုယ့်စိတ်ကြိုက် ဓာတ်ခဲလေးထည့်
4800mAh 16လုံးဆိုတော့ 76800mAh
သုံးပေတော့ တမုန်းပဲ။ 76800mAh ချင်း တူနေရင်တောင် ဒါက ဓါတ်ခဲတလုံးညောင်းသွားရင် တလုံးအစားထိုး ပြန်ထည့်လို့ရတယ်။ တခြားဟာတွေက ဓါတ်ခဲတလုံးညောင်းသွားတာနဲ့ တခုလုံးဂျောင်းတော့ပဲ။

18650 ဆိုတဲ့ ဓါတ်ခဲက လျှပ်စစ်အသိုင်းအဝိုင်းမှာ သိပ်အသုံးများတာ။
18 ဆိုတာ ထိပ်/ဖင် အဝိုင်းရဲ့ အချင်းမီလီမီတာ
65 ဆိုတာ ဓါတ်ခဲအရှည် မီလီမီတာ
0 ဆိုတာက ဆလင်ဒါပုံစက်ဝိုင်းမို့ သူ့ပုံသဏ္ဍာန် ရည်ညွှန်းကိန်း

ဓါတ်မီးတွေထဲ 18650 26650 14500 ဒီ၃မျိုး အသုံးများတယ်။
26650 က လုံးပတ် 26 မီလီမီတာဆိုတော့ ပိုထွားသွားတယ်။ အမြင့်ကတူတူပဲ။
14500 က AA ဓါတ်ခဲဆိုဒ် 14 မီလီမီတာအချင်း 50 မီလီမီတာအမြင့်။ တချို့ ဓါတ်မီးအသေးတွေလောက်ပဲ သုံးကြတာ။

18650 ကတော့
ဓါတ်မီးထဲ
ဘတ္ထရီစက်ဘီးထဲ
ဟိုးယခင် လက်ပ်တော့ထဲ
CCTV ကင်မရာထဲ
နေရာမျိုးစုံမှာ အတွင်ကျယ်ဆုံး သုံးကြပါတယ်။

ဘတ္ထရီစက်ဘီးတို့ လက်ပ်တော့တို့မှာ ဓါတ်ခဲတလုံးကြောင်တာနဲ့ တအုံလုံး လွှင့်ပစ်ရမယ့်အဖြစ်။ ကျန်တဲ့ဓါတ်ခဲတွေက အလတ်ကြီးရှိသေးဆိုတော့ တလုံးချင်းပြန်ခွါ ပါဝါဘန့်ထဲထည့်သုံးရင် အမုန်းဆွဲ ဗုံးကြဲလို့ရတယ်။ ဝိတ်အများကြီးတောင် တင်ဆွဲနိုင်တဲ့ အားတောင့်တောင့် ဓါတ်ခဲတွေဆိုတာ လက်တွေ့အသိပဲလေ။

ကဲ.....
လိုရင်းရေးပါ့မယ်
ဖုန်းအားသွင်းဖို့ပဲသုံးသုံး
အခြားအကြံအစည်နဲ့သုံးသုံး

DiY Power Bank Case
==============
၎လုံးထိုး (11000ks) Wireless Charger စနစ်ထည့်သုံးလို့ရ
၁၀လုံးထိုး (10000ks)
၁၆လုံးထိုး (12000ks)
3.7V 18650, 4800mAh ဓါတ်ခဲ ၁၇၀၀ကျပ် (1700ks)
3.7V 18650, 2000mAh ဓါတ်ခဲ ၁၂၀၀ကျပ် (1200ks)

ဓာတ်ခဲက ကိုယ့်စိတ်ကြိုက်ဝယ်ထည့်သုံး
အမျိုးအစား 18650
စွမ်းအား 3.7V ဖြစ်ဖို့တော့လိုတယ်။
ခဲတို့စရာမလို ခုထည့် ခုအဖုံးအုပ် အားသွင်းသုံး
ဓါတ်ခဲက ၁၆လုံးထည့်လို့ဆံ့ပါတယ်။
အနည်းဆုံး ၁လုံးတည်းထည့်လည်း အလုပ်လုပ်ပါတယ်။

အားသွင်းစနစ်က Micro, Type C, Lighting (ios) ၃မျိုး
ကြိုက်တဲ့အပေါက်သွင်း
မြန်မြန်ပြည့်အောင် ၂ပေါက် ၃ပေါက် ပြိုင်သွင်းလို့တော့မရပါ။

အထွက်က 2.1A USB ၂ပေါက်
အားလက်ကျန်ပမာဏကို
Display နဲ့ ပြသေးတယ်။

အဲ......
ဓာတ်ခဲ၎လုံး/၅လုံးပဲထည့်
ကျန်နေရာလွတ်ကို ဘာညာဇယား
အကြံအဖန် လုပ်လိုရသေး
(မိန်းမ မသိအောင် ရွှေတိုရွှေစ၊ ပိုက်ဆံ၊ ဒေါ်လာထည့်တာကို ဆိုလိုတာပါ။ ရာမတွေ လက္ခဏတွေ မသိဘူးနော်)

Power Bank ကြီး
ခန့်ခန့်ထည်ထည်နဲ့
ဘယ်သူမဆို မြင်တာနဲ့ကြိုက်တယ်။
ရင်းနှီးတဲ့ ပြောမနာဆိုမနာ ငယ်ပေါင်းဆို
အတင်းတောင်းယူအုံးမှာဗျ
နေရာလွတ်မှာ ဂျီပီအက်​စ်​,
အသံဖမ်းစက် ဘာညာထည့်
ပေးလိုက်ပေရော့
ပြီးမှ ငါ့ချစ်သူလေး ဘယ်ရောက်လို့
ဘယ်သူနဲ့ ဘာပြောနေပါလိမ့် ဆိုပြီး
အာရုံပြုလိုက်
(ဆော့ဖ်ဝဲနဲ့ ဖုန်းလေးတချက်
ထောက်ကြည့်လိုက်တာကို ဆိုလိုခြင်း)

မှတ်ချက်။ ။ 3.7V Li-ion Rechargeable ဓါတ်ခဲတွေရဲ့ စံနှုန်းတစ်ခုက အားသွင်းတာ ထုတ်သုံးတာ အကြိမ်၅၀၀ထိ လုပ်ဆောင်နိုင်ပါတယ်။ ဆိုလိုတာက 0 ကနေ100 အားသွင်း 100 ကနေ 0 အထိ ကုန်အောင်အားသုံး ဒီလိုတပတ်လည်ကြိမ်ပြောင်း ၅၀၀ရတယ်လို့ ရည်ညွှန်းတာပါ။ ဒီထက်ပိုကြာကြာခံချင်ရင် ဝိနည်းလွတ် 5 ကနေ 95 ထိပဲသွင်း၊ 95 ကနေ ပြန်သုံးရင် 5 ကျန်တာနဲ့ ရပ်။ ဒါဆို ဒီ့ထက်အကြိမ်ရေများများ ပိုသုံးနိုင်တဲ့သုတေသနတရပ်တော့ ရှိထားပါတယ်။

ဝါသနာတူရင်
ထွေလီကာလီ တိုလီမုစ္စတွေရောင်းတဲ့
ဒီဆိုင်လိပ်စာလေးတော့ မှတ်ထား
နောက် လိုရင်ရှာဝယ်ရလွယ်အောင်
ဝေးရင် ဟလိုလုပ်လိုက်ဗျာ
မြစ်ဆုံကနေ ကော့သောင်းထိ
နေရာအနှံ့ Delivery ရှိပါတယ်။

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

Black And Red DC Pin Cableဒီစီဂျပ်ပင် အဖို/အမ ကြိုးတစ်ချောင်း ၃၀၀ကျပ် (300ks)CMTS ချမ်းမြေ့သစ္စာအမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊(လ...
09/07/2021

Black And Red DC Pin Cable
ဒီစီဂျပ်ပင် အဖို/အမ ကြိုး
တစ်ချောင်း ၃၀၀ကျပ် (300ks)

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

စက်ဘီး အန္တရာယ်ကင်း လေဆာမီးတန်ဖိုး ၁၂၅၀၀ကျပ် (12500ks)CMTS ချမ်းမြေ့သစ္စာအမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊(လင်းစဒေါင်းမှတ်တိုင်အနီး)...
09/07/2021

စက်ဘီး အန္တရာယ်ကင်း လေဆာမီး
တန်ဖိုး ၁၂၅၀၀ကျပ် (12500ks)

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959.

QW-F09 Spraying Fanရေငွေ့ထုတ်လွှတ်ပန်ကာ၁၈၀၀၀ကျပ် (18000ks)❄️ အသားအရေ စိုပြေဖို့၊ အဆုတ်အားကောင်းဖို့၊ မိုးတွင်းလို အေးမြတဲ...
09/07/2021

QW-F09 Spraying Fan
ရေငွေ့ထုတ်လွှတ်ပန်ကာ
၁၈၀၀၀ကျပ် (18000ks)

❄️ အသားအရေ စိုပြေဖို့၊ အဆုတ်အားကောင်းဖို့၊ မိုးတွင်းလို အေးမြတဲ့အရသာမျိုး ခံစားနိုင်ဖို့ တကိုယ်ရည်သုံး ရေငွေ့ထုတ်ပန်ကာလေးပါ။

☃️ အသုံးပြုစွမ်းအင် 5V 2A,
☃️ မော်တာ စက် လည်ပတ်အား 8W,
☃️ဘတ္ထရီ သိုလှောင်နိုင်မှု 2000mAh,
☃️ အားသွင်းစနစ် 5V/0.8A,
☃️ ရေ၀င်ဆံ့ပမာဏ 200ml,
☃️ တစ်နာရီစုပ်ယူရေပမာဏ 35ml,
☃️ ပန်ကာအလေးချိန် 309g

❄️ ပန်ကာပြင်းအာား 1. 2. 3 ရွေးချယ်နိုင်ပါတယ်။ ရေငွေ့ထုတ်လွှတ်ခြင်း၊ ပန်ကာဖွင့်ခြင်းတို့ကို တပြိုင်နက်လုပ်နိုင်သလို တခုစီလည်း ဖွင့်နိုင်ပါတယ်။

❄️ ၄နာရီကြာ အားသွင်းရပြီး ၄နာရီကြာ ပြန်သုံးနိုင်ပါတယ်။

❄️ အားသွင်းရင်းလည်း သုံးနိုင်သလို Power Bank နဲ့ည်း ဖွင့်နိုင်ပါတယ်။

❄️ တနေကုန် ၂၄နာရီပတ်လည် ဖွင့်ထားမှ 840ml မျှသာ ရေစားပါတယ်။

❄️ ညဘက် ဟောက်တတ်သူများအတွက် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို ခြောက်ကပ်မနေအောင် အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။

❄️ သွားလေရာ သယ်ဆောင်နိုင်သော အလေးချိန် ၃၀၉ဂရမ် (၂၀ကျပ်သားခန့်) သာ ရှိပါတယ်။

❄️ အောက်ခြေ ရေခွက်ထဲမှာ ရေ၂၀၀မီလီလီတာ ဆံ့ပါတယ်။ (ရေသန့်ဘူးရဲ့ ငါးပုံတပုံ)

❄️ ရေထဲမှာ ရေမွှေး၊ စပါးလင်ဆီ၊ စံပယ်ပန်း၊ နှင်းဆီပန်း၊ ခရေပန်းတို့ကို ရောထည့်ပြီး အခန်းတွင်း အေးမြလန်းဆန်းသင်းပျံ့အောင် ဖန်တီးပေးနိုင်ပါတယ်။

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

လောဘကို ဆုပ်ကိုင်လိုက်သည့်အခါချမ်းသာသုခတို့ လက်လွတ်သွား၏။ဒေါသကို ဆုပ်ကိုင်မိသည့်အခါပီတိတရားတို့ ပြေးထွက်သွား၏။မောဟကို လက...
09/07/2021

လောဘကို ဆုပ်ကိုင်လိုက်သည့်အခါ
ချမ်းသာသုခတို့ လက်လွတ်သွား၏။

ဒေါသကို ဆုပ်ကိုင်မိသည့်အခါ
ပီတိတရားတို့ ပြေးထွက်သွား၏။

မောဟကို လက်ခံမိသည့်အခါ
သတိပညာတို့ လွင့်စင်သွား၏။

တဖက်မှာ သောင်ထွန်းသည့်အခါ
တဖက်မှာ ကမ်းပြိုခဲ့တာကို လှမ်းမြင်မိ၏။

လက်ဆုပ်လက်ကိုင် ပိုင်ပိုင်မိမိ
တိတိကျကျ ဆွဲညှပ်ထားချင်သည့်အခါ
ငွေကျပ်၃၅၀၀တော့ အိတ်ကပ်ထဲကနေ
ခုန်ထွက်ရမည်သာ။

F-Clamp Vise တွင်ခုံညှပ်
တစ်ခု ၃၅၀၀ကျပ် (3500ks)

အီလက်ရောနစ်စက်ပြင်
ပန်းတိမ်ပန်းပု လက်မှုလုပ်ငန်း
ဖုန်းပြင် ဆားကစ်ပြင်
ခဲတို့ ၀ရိန်ဆော် ထွင်းထု
ဆေးခြယ် စိန်စီ သရိုးကိုင် ရွှေချ
စသည့် လုပ်ငန်းခွင်များအတွက်
စားပွဲတင် ညှပ်ကလစ်လေးပါ။

မာကျောခိုင်ခန့်ပေါ့ပါးတဲ့ အလူမီနီယမ်သတ္ထုနဲ့ လုပ်ထားပြီး
အထိုင်ညှပ်ထားထား ခရီးဆောင်ပဲယူသွားသွား အဆင်ပြေပါတယ်။

အလေးချိန် ၁၄၆ဂရမ်သာရှိပါတယ်။

စားပွဲခုံမှာညှပ်ရင် ခုံအထူ ၃စင်တီမီတာခွဲအထိ လက်ခံနိုင်ပါတယ်။

ပစ္စည်းအထူ ၀.၁စင်တီမီတာမှ ၃စင်တီမီတာအထိ မတုန်မလှုပ် အငြိမ်ညှပ်ထားနိုင်ပါတယ်။

Features:
1.Made from aluminum alloy,that is light in weight for easy handling.
2.Reliable and durable,high quality.
3.Clamps on any surface by turning lead screw with hand tight k**b.
4.A must for any workshop, garage, home, office, school lab, etc.
5.Quick and easy to install or remove.

Descriptions:
1.This is a vise table,made from aluminum alloy,that is light in weight for easy handling.
2.A must for any workshop,garage,home,office,school lab,etc.

Specifications:
Material:Aluminum Alloy
Maximum clamping:35mm
Maximum Jaw Opening: 30mm
Mounting Clamp Maximum Depth:35mm

Package included:
1 x Vise Table

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

၁၀ရာစုကျော်ကပင် ကျော်ကြားခဲ့ပြီး အဓိပ္ပါယ်များစွာဖော်ဆောင်နိုင်တဲ့ မျောက်၃ကောင်ရုပ်ထုကို ပြန်လည်ဆန်းသစ်တီထွင်ထုလုပ်ထားတဲ့...
09/07/2021

၁၀ရာစုကျော်ကပင် ကျော်ကြားခဲ့ပြီး အဓိပ္ပါယ်များစွာဖော်ဆောင်နိုင်တဲ့ မျောက်၃ကောင်ရုပ်ထုကို ပြန်လည်ဆန်းသစ်တီထွင်ထုလုပ်ထားတဲ့

အသံမထွက်ပဲ စကားပြောနေသော ကိုရင်လေးပါး
၎ရုပ် ၃၀၀၀ကျပ် (3000Ks)

ပညာရှိမျောက်သုံးကောင်ဟာ ဂျပန်နိုင်ငံရဲ့ အထွတ်အထိပ်အယူဝါဒတစ်ခု "မကောင်းမှုကိုမမြင်ပါ၊ မကောင်းမှုကိုမကြားပါ။ မကောင်းမှုကိုမပြောဆိုပါ" ဆိုတဲ့ Mizaru ရုပ်ထုတွေဖြစ်ပါတယ်။ ကိုရင်၎ပါးကတော့ မကောင်းမှုကို မတွေးမကြံခြင်းတစ်ခုပါ ထပ်တိုးလာတာပေါ့။

ဘီစီ၂ရာစုမှ ၄ရာစုနောက်ပိုင်း ကွန်ဖြူးရှပ်ရဲ့ ("非禮勿視, 非禮勿聽, 非禮勿言, 非禮勿動) ဝါဒကို အခြေခံပြီး ဂျပန်မှာ မျောက်၃ကောင် ပန်းပု ပန်းချီများ ခေတ်စားထွန်းကားလာခဲ့ပါတယ်။ ၁၇ရာစုမှာ Nikkō မြို့Tōshō-gū နတ်ကွန်းတံခါးကို Hidari Jingoro ဆိုသူက မျောက်၃ကောင်ပုံထွင်းထုပြီး (見ざる, 聞かざる, 言わざる) လို့ အမည်ခေါ်တွင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ စိတ်မနောရဲ့ အဓိကကျပုံကို ဆင်ခြင်မိပြီး မျောက်၎ကောင်ဖြစ်လာပါတော့တယ်။ ဒီနောက် ကိုရင်လေးတွေပုံနဲ့ ယဉ်ကျေးမှုဆက်နွယ် ရွေ့လျောလာပုံရပါတယ်။

See no evil, hear no evil, speak no evil, think no evil

မကောင်းတာတွေ မမြင်ရပါလို၏
မကောင်းတာတွေ မကြားရပါလို၏
မကောင်းတာတွေ မပြောရပါလို၏
မကောင်းတာတွေ မတွေးကြံရပါလို၏

လေးရုပ် သုံးထောင်ကျပ်တိတိ

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

COB Mini Flashlight Model; 7118  ၅၀၀၀ကျပ် (5000ks)Model; RC-518 ၆၅၀၀ကျပ် (6500ks)ရှေ့မီး CREE LED Q5ဘေးမီး COB နဲ့လုပ်ထာ...
09/07/2021

COB Mini Flashlight
Model; 7118 ၅၀၀၀ကျပ် (5000ks)
Model; RC-518 ၆၅၀၀ကျပ် (6500ks)

ရှေ့မီး CREE LED Q5
ဘေးမီး COB နဲ့လုပ်ထားပြီး
ပေါ့ပေါ့ပါးပါး ခရီးဆောင်လို့ကောင်းပါတယ်။
ခါးချိတ်အရှင်ပါပါတယ်။ မလိုအပ်ရင် ဖြုတ်ထားလို့ရပါတယ်။

ရှေ့မီးက အစူး အပြန့် Zoom ချိန်ညှိလို့ရပါတယ်။
ဖုန်းအားသွင်းကြိုးနဲ့ ၂နာရီအားသွင်းပြီး ၆နာရီဆက်တိုက် ထွန်းနိုင်ပါတယ်။

မိုးဒဏ်ရေဒဏ် ခံနိုင်တဲ့ ကွန်မန်ဒိုဘူးလေးနဲ့ ထည့်ရောင်းပါတယ်။

ကိုယ်တိုင်သုံးသုံး၊ လက်ဆောင်ပေးပေး အဖိုးနည်းဝန်ပါ အသုံးတည့်ရောင်းသွက်တဲ့ဓါတ်မီးလေးပါ။

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959.

09/07/2021

နောက်ဖေးမှာ ရေတင်ထားလို့ ပြည့်လျှံနေရင် မသိလိုက်ရဘူး။

စောင့်ကြည့်နေဖို့လည်း ရှေ့ကအလုပ်တွေနဲ့ မအားနိုင်။

ငါးကန် ရေလှယ်ပြီး ပြန်ဖြည့်တဲ့အခါ ပြည့်တဲ့ထိ ထိုင်စောင့်ကြည့်နေရတဲ့ဒုက္ခ မသေးလှ။ လျှံကျရင် ပြန်သုတ်ရတာနဲ့ အလုပ်အတော်ရှုပ်တာ
ဟိုးအရင် Water Leak Alarm ရေပြည့်/ ရေကုန် အချက်ပေးကိရိယာ ဆိုတာက ဘောဘားနဲ့ဆိုတော့ အထိုင်လုပ်ရသေးတယ်။

ခုဟာက ကလစ်နဲ့ ညှပ်လိုက်ရုံပဲ။

ရေတိုင်ကီထဲ ရေမလျှံခင်အနေအထား တိုင်ကီရဲ့နှုတ်ခမ်းအောက်နားလောက်မှာ ညှပ်ထားလိုက်။

ညှပ်စရာနေရာမရှိရင် တိုင်ကီနှုတ်ခမ်းကနေ သံကောက်လေးလုပ်ပြီး ချထား။
အဲ့မှာညှပ်လိုက်ရင် ရပြီ။

သို့မဟုတ်

ရေလျှံပိုက် ထိပ်မှာ ညှပ်ထားလိုက်
အားလုံးအိုကေပဲ။

AAA ဓါတ်ခဲ၂လုံးထည့်သုံးရပါတယ်။

ဈေးနှုန်း ၄၀၀၀ကျပ် (4000ks)

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

PVC Floor၁ပေခွဲပတ်လည် ၁ချပ် ၂၅၀၀ကျပ် (2500ks)၃ပေx ၆လက်မ ၁ချပ် ၁၆၀၀ကျပ် (1600ks)✅ ပွတ်​တိုက်​မှုအထူးခံနိုင်​ရည်​ရှိခြင်း✅...
09/07/2021

PVC Floor
၁ပေခွဲပတ်လည် ၁ချပ် ၂၅၀၀ကျပ် (2500ks)
၃ပေx ၆လက်မ ၁ချပ် ၁၆၀၀ကျပ် (1600ks)

✅ ပွတ်​တိုက်​မှုအထူးခံနိုင်​ရည်​ရှိခြင်း
✅ ချော်​လဲခြင်းကိုကာကွယ်​​ပေးခြင်း
✅ မီးကူးခြင်းကိုတားဆီးပေးခြင်း
✅ ဆေး​ကြောရန်​လွယ်​ကူခြင်း
✅ ကြာရှည်​စွာအသုံးခံခြင်း
✅ ရေစိုခံခြင်း (အကျစ်သားမို့ ပွမလာနိုင်ပါ။)
✅ ခြမစားခြင်း

🌳 ပါကေးခင်းသလောက် မခက်ပါဘူး။ ကော်ထပ်ဝယ်စရာမလို။ စတေကာလို ခွါပြီး အသင့်ကပ်ရုံပါပဲ။ ကွန်ကရစ်ကြမ်းခင်းညီညာနေရင် လူတစ်ယောက်တည်းနဲ့ ၁ကျင်းကို ၁နာရီသာကြာပါတယ်။

🌳 ကော်ဇောခင်းထားတဲ့အကွက်ဒီဇိုင်းမျိုးဆိုပေမယ့် ဖုန်စုပ်စက်သုံးစရာမလို။ ရေစိုခံတယ်။ ရေ၀တ်နဲ့သုတ်ဆေးကြောလို့ရပါတယ်။

🌳 PVC အကျစ်ထည်ဖြစ်တာကြောင့် ပါကေးလိုပွလာတာ လန်ကုန်တာမျိုးမရှိပါ။ နှစ်ပေါင်းရာချီခံပါတယ်။

မှတ်ချက်။ ။ မခင်းတတ်ရင် ရန်ကုန်မြို့တွင်း ကားခ၊ နေ့စားခလောက်သာယူပြီး သပ်သပ်ရပ်ရပ် လိုက်ခင်းပေးပါတယ်။

Detail
၁ပေခွဲပတ်လည် ၁ချပ် ၂၅၀၀ကျပ် (2500ks)
၁ကျင်း (၁၀ပေပတ်လည်) ခင်းရင် ၄၄ချပ်ခွဲ ကုန်ပါမယ်။
ကုန်ကျငွေ 111250ကျပ်

၃ပေx ၆လက်မ ၁ချပ် ၁၆၀၀ကျပ် (1600ks)
၁ကျင်းခင်းရင် ၆၆ချပ်ခွဲ ကုန်ပါမယ်။
ကုန်ကျငွေ 106400ကျပ်

ကျင်းများများခင်းမယ်ဆိုရင် ညှိနှိုင်းနိုင်ပါတယ်။

ရန်ကုန်မြို့တွင်းကဆိုရင် အိမ်တိုင်ရာရောက် လိုက်ခင်းပေးပါတယ်။

တခြားပြင်ပလိုက်ခင်းတဲ့သူတွေက ၁ကျင်းကို ၁၅၀၀၀ကျပ်ခန့် ယူကြပေမယ့် ကျွန်တော်တို့ဆိုင်က ကားခ၊ နေ့စားခလောက်သာ ထပ်ယူပါတယ်။

တစ်ဦးနေ့စားခ ၁၀၀၀၀ကျပ်ဖြင့် တစ်ရက်မှာ ၇ကျင်းထိ ပြီးစီးပါတယ်။

မူလကွန်ကရစ်ကြမ်းခင်း ညီညာပြန့်ပြူးနေဖို့လိုပါတယ်။

ပုံမှန် ၁၂ပေ x ပေ၅၀တိုက်ခန်းအကျယ်ဆိုရင် အိမ်သာ၊ ရေချိုးခန်း၊ ၀ရန်တာဧရိယာများနှုတ်ပြီး ပျမ်းမျှ ၅ကျင်းသာ ကုန်ပါမယ်။ ၅သိန်းစွန်းစွန်းနဲ့ အခန်းလေးလှပခန့်ညားသွားစေရပါမယ်။ ပြန်ရောင်းမယ့်အခန်းဆိုလည်း ဈေးကောင်းရစေပါတယ်။

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959

၂၅မျိုးပါ ဖုန်းပြင်ကိရိယာအိတ်တန်ဖိုး ၃၅၀၀ကျပ် (3500ks)ဖုန်း၊ နာရီ၊ မျက်မှန်နဲ့ တိုလီမုစ္စ စက်ပစ္စည်း အသေးအမွှားလေးတွေကို ပြ...
09/07/2021

၂၅မျိုးပါ ဖုန်းပြင်ကိရိယာအိတ်
တန်ဖိုး ၃၅၀၀ကျပ် (3500ks)

ဖုန်း၊ နာရီ၊ မျက်မှန်နဲ့ တိုလီမုစ္စ စက်ပစ္စည်း အသေးအမွှားလေးတွေကို ပြုပြင်/ ဖွင့်လှပ်ရာမှာ အသုံးပြုတဲ့ ၀က်အူလှည့်ဆိုက်ဒ်စုံ ပါပါတယ်။

သာမန် ၀က်အူလှည့်လေးတွေက တစ်ချက်နှစ်ချက်လောက် လှည့်ပြီးရင် ထိပ်ပြုန်းကုန်တော့တာပါပဲ။ ဒါလေးက သံမဏိသား အကောင်းစားနဲ့ အမာဆေးတင်ထားတာကြောင့် ရေရှည်လက်စွဲသုံးနိုင်ပါတယ်။

လက်ကိုင်မှာ သံလိုက်စနစ်ပါတာကြောင့် စကူတွေ လွတ်ကျမှာလည်း မစိုးရိမ်ရဘူး။

ပန်းသီးဘူးလေးတွေ သုံးခဲ့ဖူးပြီး ဆိုင်နဲ့မိတ်မပျက် ခဏခဏထပ်ပြန်ဝယ်နေရသူတွေ ဒါလေးပြောင်းသုံးကြည့်ပါ။ ဆိုင်လိပ်စာတောင် မေ့သွားလောက်အောင် ထပ်လာမ၀ယ်ရလို့ မိတ်ပျက်မှာတောင်စိုးမိပါသေးတယ်။

သုံးပြီးရင် သူ့အကန့်နဲ့သူ အံကျလေးထည့်သွား၊ ကောက်ခါငင်ခါ ယူသွားလည်း ထွက်မကျဘူး စိတ်ချ။

စက်ပြင်ခ အသပြာဘာညာ စမတ်ကဒ် ယာဉ်မောင်းလိုင်စင် ထည့်ဖို့အတွက် အိတ်အကန့်၂ခုလည်း ပါပါသေးတယ်။

အိတ်အသွေးအမွေး အသားအနားကလည်း ပေါလောရှလော ဂျပလွတ်လေးမဟုတ်ပါ။ PU Leather ဗြုတ်သားလေးနဲ့ဆိုတော့ တခမ်းတနားကြီးပါပဲ။

၃၅၀၀ကျပ်ပဲနော်.....

25 in 1Pro Repair Tool Screwdriver Kit

Features:
25 pcs tool kit-Safely opens the phone, without damaging the cover
Replace damaged worn parts/fascias/housings/LCD screens on your phone
Specifications:
25 in 1 wallet pocket precision screwdriver set
Hexagonal Screwdriver (10pcs): T2 T3 T4 T5 T6 T7 T8 T9 T10 T15
PH Screwdriver (5pcs): 1.0 1.2 1.5 2.0 3.0
Slot Screwdriver (4pcs):1.0 1.5 2.0 3.0
Triangle Screwdriver (2pcs): 2.0 2.3
Pentalobe Screwdriver (2pcs): 0.8 1.2
Slot Eject Pin Tool (1pcs)
Screwdriver Handle (1pcs)
Packing includes:
1x 25 in 1 Screwdriver Set with Wallet Case

CMTS ချမ်းမြေ့သစ္စာ
အမှတ်၃၄(မြေညီ)၊ ၆၃လမ်း၊
09422465959.

Address


Telephone

+959796632677

Website

Alerts

Be the first to know and let us send you an email when ချမ်းမြေ့သစ္စာ ကွန်ပျူတာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share