Hello Soccer

Hello Soccer မောင်တြိဂံအပါအဝင် ဝါရင့်ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှုနဲ့အတူ Hello Soccer

"ဘက်တစ်ကို ဘာကြောင့် ပြောင်းလာတာလဲဆိုတာလား?ငွေက အရေးကြီးတာ မှန်ပါတယ်။ဒါပေမဲ့လည်း ပျော်ရွှင်မှုက ပိုအရေးကြီးတယ်‌ဗျ" 🗜️ အန...
03/10/2025

"ဘက်တစ်ကို ဘာကြောင့် ပြောင်းလာတာလဲဆိုတာလား?

ငွေက အရေးကြီးတာ မှန်ပါတယ်။

ဒါပေမဲ့လည်း ပျော်ရွှင်မှုက ပိုအရေးကြီးတယ်‌ဗျ"

🗜️ အန်တိုနီ

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းအကောင့်ဖွင့်ကစားခြင်း ဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

Hot Stats Of The Day----------------------- ဘုန်းမောက်ရဲ့ ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး၆ပွဲမှာ အပြန်အလှန်ဂိုးသွင်းတာ ၁ပ...
03/10/2025

Hot Stats Of The Day
----------------------

- ဘုန်းမောက်ရဲ့ ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး
၆ပွဲမှာ အပြန်အလှန်ဂိုးသွင်းတာ ၁ပွဲသာရှိ။

- ဖူလ်ဟမ်ဟာ ဘော်ဒီအောက်ကြေးပေါက်တဲ့
ပရီးမီးယားလိဂ်နောက်ဆုံး ၅ပွဲစလုံးမှာ ရလဒ်
အရ မနိုင်ခဲ့ဘဲ ၂ပွဲသရေ၊ ၃ပွဲရှုံး။
သောကြာညကစားတဲ့ ပရီးမီးယားလိဂ်
နောက်ဆုံး ၉ပွဲမှာလည်း ရလဒ်အရ ၁ပွဲသာ
နိုင်ခဲ့ပြီး ၃ပွဲသရေ၊ ၅ပွဲရှုံးခဲ့။

- ဒီရာသီဘွန်ဒက်စ်လီဂါမှာ ပွဲတိုင်း
အပြန်အလှန်သွင်းဂိုးထွက်ပေါ်ခဲ့တဲ့အသင်း
၄သင်းထဲ ဟော့ဖန်ဟိမ်းလည်း ပါဝင်။
ဟော့ဖန်ဟိမ်းဟာ ဘော်ဒီအပေါ်ကြေးပေါက်တဲ့
ဘွန်ဒက်စ်လီဂါနောက်ဆုံး ၁၅ပွဲမှာ ရလဒ်အရ
၅ပွဲသာနိုင်ခဲ့ပြီး ၅ပွဲသရေ၊ ၅ပွဲရှုံး။

- ဗီရိုနာရဲ့ စီးရီးအေနောက်ဆုံး ၁၅ပွဲအနက်
၁၃ပွဲမှာ ဂိုးပေါင်း ၃ဂိုးအောက်ဖြစ်ထား။

- ဆက်ဆူအိုလိုဟာ ထိပ်တန်းလိဂ်အဝေးကွင်း
နောက်ဆုံး ၂၇ပွဲဆက် ဂိုးပေးထားရ။

- အိုဆာဆူနာဟာ လာလီဂါအိမ်ကွင်းနောက်ဆုံး
၈ပွဲစလုံးမှာ ပထမပိုင်း ၁-ဝနဲ့ အနိုင်ရခဲ့။

- ဂီတာဖေးဟာ သောကြာညကစားတဲ့ လာလီဂါ
နောက်ဆုံး ၃ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

အဲလ်ဗက်စ်ရဲ့ အစားမတော် တစ်ဘဝ ဇာတ်လမ်း.........................................           ​✍️ ဟိန်းသန့်ပြီးခဲ့တဲ့ရက်ပိုင်...
03/10/2025

အဲလ်ဗက်စ်ရဲ့ အစားမတော်
တစ်ဘဝ ဇာတ်လမ်း.........................................
​✍️ ဟိန်းသန့်

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဒန်နီရယ်လ်အဲလ်ဗတ်စ်တစ်ယောက် သူပြစ်ဒဏ်ကျခံနေရတဲ့အမှုမှာ အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပြီး အပြစ်မှ ကွင်းလုံးကျွတ်လွတ်သွားခဲ့တဲ့ သတင်းတွေတက်လာတယ်။ အဲလ်ဗက်စ်ကိုတော့ ဘောလုံးပရိသတ်အတော်များများ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ သူ့အမှုက လိင်အကြမ်းဖက်မှု၊ ဒီအမှုကြောင့် သူဟာ ထောင်ထဲမှာ ရက်ပေါင်း ၈၀၀ကျော်လောက်နေလိုက်ရတယ်။ အခုမှ တရားလိုဘက်က တင်သွင်းတဲ့ သက်သေတွေက ရေရာခိုင်လုံမှုမရှိကြောင်း တွေ့ရှိရပြီးနောက် အဲလ်ဗက်စ်ကို အပြစ်မရှိကြောင်း ပြန်ဆုံးဖြတ်ပြီး ပြစ်ဒဏ်မှ ပြန်လွှတ်ပေးလိုက်တာပဲဖြစ်တယ်။ အခုတော့ အဲလ်ဗက်စ်လည်း အပြစ်ကင်းစင်သူတစ်ဦးအဖြစ် သူရဲ့ အနာဂတ်ခရီးလမ်းကို လွတ်လပ်စွာ ပြန်စတင်နိုင်ခွင့်ရသွားခဲ့ပါပြီ။

အဲလ်ဗတ်စ်ရဲ့ အဲဒီအမှောက်နေ့တွေ မကြုံရသေးခင် ကစားသမားဘဝက အောင်မြင်မှုတွေ အပြည့်ပေါ့။ သူ့ရဲ့ နိုင်ငံနဲ့ ကလပ်အသင်း ကစားသမားဘဝမှာ ဆုဖလားတွေကလည်း ဝေစီနေခဲ့တယ်။ ဘရာဇီးလက်ရွေးစင်အသင်း၊ အိုလံပစ်အသင်း၊ဘရာဇီးယူ ၂၀လက်ရွေးစင်အသင်း၊ ကလပ်အသင်းတွေဖြစ်တဲ့ ဆီဗီလာ၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ပူးမက်စ် စတဲ့အသင်းတွေနဲ့ အဲဗက်စ်ရယူနိုင်ခဲ့တဲ့အောင်မြင်မှု ဆုဖလားတွေက ၄၁လုံးအထိ ရှိခဲ့တယ်။ အခု သူ့အသက်က ၄၂နှစ်ဆိုတော့ သူ့အသက်လောက်နီးနီး ဆုဖလားတွေ ရယူထားနိုင်သူလို့တောင် ပြောလို့ရတယ်။ သူကစားသမျှ အသင်းတိုင်းနဲ့အတူ ဆုဖလားတွေ ရနိုင်ခဲ့တာကလည်း သူ့ရဲ့ စန်းလာဘ်တစ်ခုလိုတောင်ဖြစ်ခဲ့ပြီး သူ့ရဲ့ ထင်ရှားတဲ့အမှတ်အသားလို့လည်း ပြောနိုင်တဲ့အထိ အောင်မြင်မှုတွေနဲ့ ခညောင်းနိုင်ခဲ့သူပဲဖြစ်တယ်။ ဒီလိုအောင်မြင်မှုတွေနဲ့အတူ ဖျက်လိုဖျက်ဆီးအရာတွေကလည်း နောက်မှာ ကပ်ပါလာတတ်တယ်။ အဲလ်ဗက်စ်တစ်ယောက် ဒါကို သတိမမူမိတဲ့အခါ တဒင်္ဂပျော်ရွှင်မှုမှ မထင်မှတ်ဘဲ သူ့ဘဝတစ်ခုလုံးပြောင်းပြန်လှန်ပစ်ခံလိုက်ရသလို ဖြစ်သွားရတော့တာပါပဲ။

ပြဿနာက ၂၀၂၂ဒီဇင်ဘာလကုန်ခါနီးလေးမှာ စတယ်။ အဲလ်ဗက်စ်နဲ့ သူငယ်ချင်းတစ်သိုက် အဲဒီညက ဘာစီလိုနာမှာ ရှိတဲ့ ညကလပ်တစ်ခုဆီသွားပြီး သောက်စားပျော်ပါးရင်းက အပျက်ဘက်ရောက်သွားခဲ့တာပဲဖြစ်တယ်။ မိန်းကလေးတစ်ဦးက နောက်ပိုင်းမှာ အဲလ်ဗက်စ်က သူမကို အလိုမတူဘဲ လိင်အကြမ်းဖက်ခဲ့ကြောင်း ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့အပြင် တစ်ခါတည်း တရားစွဲဆိုမှုကိုပါ လုပ်ခဲ့တယ်။ မီဒီယာတွေပေါ်မှာပါ ဖွင့်ထုတ်ခဲ့လို့ အဲလ်ဗက်စ်ရဲ့ သတင်းက ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ အဲဒီနောက် ၂၀၂၃ခုနှစ် ဇန်နဝါရီ ၂၀ရက်နေ့ မှာတော့ ကာတာလန်ရဲအဖွဲ့က အဲလ်ဗက်စ်ကို ဖမ်းဆီးလိုက်ပြီး အာမခံမရှိတဲ့ လိင်အကြမ်းဖက်မှုနဲ့စွဲချက်တင်ပြီး တစ်ခါတည်း အချုပ်ထဲ ထည့်ခဲ့တယ်။ အဲလ်ဗက်စ်ရဲ့လူမှု ဘဝဟာ အဲဒီနေ့က စပြီး မုန်တိုင်းထန်ခဲ့တယ်။

သူ့ကိုတရားစွဲရာမှာ တရားလိုဖြစ်သူ အမျိုးသမီးက ထွက်ဆိုမှုပေးရာမှာ သူမကို စားပွဲထိုးတစ်ဦး လာရောက်ပြီး ဗီအိုင်ပီဧရိယာမှ အဲလ်ဗက်စ်တို့ဆီသို့ ခေါ်သွားခဲ့ကြောင်း၊ သူမရောက်သွားတာနဲ့ အဲလ်ဗက်စ်က သူမအပေါ် မဖွယ်မရာ စပြီးလုပ်ခဲ့ကြောင်း၊ သူမက ငြင်းဆန်ခဲ့ပြီ ပြန်သွားခွင့်ပေးရန်ပြောသော်လည်း မရဘဲ အဲလ်ဗက်စ်က သူမကို ရေချိုးခန်းအတွင်းသို့ အတင်းဆွဲခေါ်သွားခဲ့ကြောင်း၊ သူမကို ချစ်သူများကဲ့သို့ဆက်ဆံရန် ဖိအားပေးခဲ့ကြောင်း၊ အဲဒီနောက် ကြမ်းပြင်ပေါ်သို့ တွန်းလှဲပြီး ရိုက်နှက်ခဲ့ကြောင်း၊ နောက်ဆုံးမှာ အိမ်သာပေါ်တွင် သူမကို မတရားပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်။ သက်သေအဖြစ်လည်း DNA စစ်ဆေးမှုအရ အဲလ်ဗက်စ်ရဲ့ သုတ်သွေးများပါသော သူမရဲ့ အတွင်းခံနဲ့ အဝတ်အစားများ၊ ရေချိုးခန်းအတွင်းမှာလည်း အဲလ်ဗက်စ်ရဲ့ သုတ်သွေးအချို့နဲ့ လက်ဗွေရာများကိုပါ စစ်ဆေးတွေ့ရှိရတာတွေကိုပါ တင်ခဲ့တယ်။ ဒါ့အပြင် အဲလ်ဗက်စ်ဇနီးအပါအဝင် သက်သေအချို့ရဲ့ ထွက်ဆိုမှုတွေအရလည်း အဲလ်ဗက်စ်ရဲ့ အပြစ်က ပေါ်လွင်ထင်ရှားနေသလို ဖြစ်လာတယ်။ ခြုံငုံကြည့်ရင် အဲလ်ဗက်စ်အတွက် မပြေးသော်လည်း ကန်ရာဖြစ်လာပြီ။ ဒီကြားထဲ အဲလ်ဗက်စ်ကိုယ်တိုင်ရဲ့ ရုံးချိန်းတွေမှာ ကိုယ်တိုင်ထွက်ဆိုမှုတွေကလည်း ရှေ့နောက်မညီမှုတွေ ရှိနေခဲ့တယ်။ အဲလ်ဗက်စ်ဘက် ငြင်းဆန်ခဲ့ပေမယ့်လည်း အခြေအနေအရပ်ရပ်က သူ့ကို တရားခံအဖြစ် ထင်ရှားစေသလို ဖြစ်လာတဲ့အခါ...။

စပိန်ဥပဒေတွေအရ အခုလို အမျိုးသမီးများကို လိင်အကြမ်းဖက် မတရားပြုကျင့်မှုတွေအတွက် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် အနည်းဆုံး ၇နှစ်မှ နှစ်၂၀ကြားချမှတ်ခံရဖို့ သတ်မှတ်ထားတယ်။ တရားလိုဘက်ကလည်း အဲလ်ဗက်စ်ရဲ့ မတရားပြုကျင့်မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၉နှစ်ချပေးဖို့လည်း တောင်းဆိုခဲ့တယ်။ ဒါပေမဲ့တရားရုံးမှ ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ အဲလ်ဗက်စ်ကို ထောင်ဒဏ် ၄နှစ်ခွဲချမှတ်ခဲ့ပြီး တရားလိုဘက်ကို နစ်နာကြေးအဖြစ် ပေါင် တစ်သိန်းခွဲပေးရန်လည်း ဆုံးဖြတ်သွားခဲ့တယ်။အဲလ်ဗက်စ်ရဲ့ လူမှုဘဝက သူတရားရင်ဆိုင်နေရစဉ်ကာလအတွင်းမှာပဲ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာခဲ့တယ်။ အပေါင်းအသင်းတွေကလည်း သူ့ကိုဖယ်ခွာသွားခဲ့ကြသလို သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးလည်း ဆုံးရှုံးကုန်တယ်။ သူနဲ့ ချုပ်ဆိုထားခဲ့တဲ့ စပွန်ဆာတွေအားလုံးကိုလည်း လက်လွှတ်ပေးလိုက်ရသလို နောက်ဆုံးမှာတော့ သူ့ရဲ့ ဇနီးကလည်း အဲဗက်စ်တရားရင်ဆိုင်ဆင်ကာလအတွင်းမှာပဲ သူ့ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်သွားခဲ့ပြီး ၂၀၂၄ခုနှစ်အတွင်းမှာပဲ တရားဝင်ကွာရှင်းခဲ့တယ်။ အဲလ်ဗက်စ်ဘေးမှာ ဘယ်သူမှမရှိတော့ဘူး။ ဘာမှ မရှိတော့ဘူး။

ထောင်အတွင်း ရက်ပေါင်း ၈၀၀ကျော်လောက် နေခဲ့ပြီးနောက် အဲလ်ဗက်စ်ဘက်ကလည်း သူ့ဘက်အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့ အယူခံအဆင့်ဆင့် ဝင်ခဲ့တယ်။၂၀၂၄ခုနှစ်အတွင်းမှာ‌ပဲ အဲလ်ဗက်စ်တစ်ယောက် အာမခံရခဲ့တယ်။ အာမခံကြေး ပေါင်တစ်သိန်းကို အဲလ်ဗက်စ်ရဲ့ မိတ်ဆွေ ကစားဖော်နေမာက သွင်းပေးခဲ့လို့ အဲလ်ဗက်စ်တစ်ယောက် ထောင်မှ ပြန်လွတ်လာခဲ့ပြီး စပိန်နိုင်ငံအတွင်းမှာပဲ ခြေချုပ်နဲ့နေထိုင်ခွင့်ရခဲ့တယ်။ အဲလ်ဗက်စ်ဘက်ကလည်း အယူခံတွေဆက်ဝင်ခဲ့ပြီး ၂၀၂၅၊ မတ်လအတွင်းမှာ နောက်ဆုံးဝင်ခဲ့တဲ့ အယူခံမှာတော့ သူ့ကို တရားလိုဘက်က စွပ်စွဲခဲ့တဲ့သက်သေမခိုင်လုံခဲ့ကြောင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးနောက် အဲလ်ဗက်စ်ကို အမှုမှာ တရားသေလွှတ်ပေးလိုက်တာပဲ ဖြစ်
တယ်။ အခု အဲလ်ဗက်စ်လည်း အပြစ်ကင်းစင်တဲ့ သာမန်လူတစ်ယောက်ရဲ့ ဘဝကို ပြန်လည်ပိုင်ဆိုင်ခွင့်ရသွားခဲ့ပါပြီ။ ဒါပေမဲ့ သူ့ဘဝကတော့ အလုံးစုံဆုံးရှုံးခဲ့ရပြီဖြစ်လို့ အဲလ်ဗက်စ်တစ်ယောက် ဘဝကို အစက ပြန်လျှောက်ရတော့မယ်။ အဲလ်ဗက်စ်ရဲ့ နောက်ပိုင်းမှာ ပြောဆိုမှုတွေအရတော့ ဒီကာလတွေအတွင်းမှာ သူ့ဘဝရဲ့ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်တွေကို ရခဲ့သလို အချို့ကတော့ သူ့ကို လုံးဝကို ဖယ်ခွာသွားခဲ့ကြကြောင်း၊ အဲဒီလူအများစုက သူပြစ်ဒဏ်မကျခင်အချိန်အထိ သူပေးကမ်းစောင့်ရှောက်ထားသူတွေပဲ ဖြစ်ကြောင်း၊ သူ အပြင်ပြန်ရောက်ချိန်မှာလည်း သူ့ဘေးမှာ တစ်ယောက်မှ မရှိတော့ကြောင်း၊ သူ့လက်ထဲ ပိုင်ဆိုင်မှုဆိုတာလည်း ဘာဆိုဘာမှ မရှိတော့ကြောင်း ရင်ဖွင့်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တွေမှာ သူ့ဘေးမှာ သူ့အပေါ် တောက်လျှောက်အကူအညီပေးခဲ့ကြတဲ့ မက်ဆီ၊ နေမာနဲ့ စီရော်နယ်ဒိုတို့လို မိတ်ဆွေကောင်း ကစားဖော်တွေရှိခဲ့တဲ့အတွက် ဝမ်းသာကျေးဇူးတင်ရကြောင်း ထုတ်ပြောခဲ့တယ်။ မက်ဆီဆိုရင် သူတရားရင်ဆိုင်ခဲ့တဲ့ ကာလတစ်လျှောက်ရှေ့နေအတွက်ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးခဲ့ကြောင်း၊ သူ အာမခံနဲ့ပြန်လွတ်လာစဉ် နေစရာမရှိတဲ့သူ့ကို မက်ဆီက ဘာစီလိုနာမှ သူ့အိမ်တွင်ပေးနေထားခဲ့ကြောင်း၊ ၂ဦးသားတွေ့ဆုံပြောဆိုကြတဲ့အချိန်တိုင်းမှာလည်း သူ့အမှုနဲ့ပတ်သက်တာမျိုးတွေကို လုံးဝမပြောဘဲ ကစားသမားဘဝအတူကစားခဲ့ကြတုန်းကအကြောင်းတွေကိုပဲ အဓိကပြောဆိုပြီး သူ့အပေါ်အကောင်းဆုံး ပြုမှုဆက်ဆံပေးခဲ့ကြောင်း ပြောသွားခဲ့တယ်။ သူခက်ခဲနေချိန်များမှာ သူ့ကိုစာနာနားလည်စွာနဲ့ ဖေးမကူညီပေးတဲ့သူတွေထဲမှာ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့တုန်းက ကစားဖော်ဖြစ်ခဲ့ဖူးတဲ့ စီရော်နယ်ဒိုလည်းပါကြောင်း၊ စီရော်နယ်ဒိုဆီမှ အကူအညီများကလည်း သူ့ရဲ့ဘဝကို အစကပြန်စနိုင်ဖို့ အများကြီးအထောက်အပံ့ဖြစ်ခဲ့ကြောင်းလည်း အဲလ်ဗက်စ်က ရင်ဖွင့်သွားခဲ့သေးတယ်။

အခုချိန်မှာတော့ အဲလ်ဗက်စ်ရဲ့ ဘဝက တဖြည်းဖြည်းနဲ့ ပုံမှန်ဘဝကို ပြန်ရောက်လာနေပါပြီ။ သူကိုယ်တိုင်ကလည်း အခုချိန်မှာ သူ့ဘဝကို လွတ်လွတ်လပ်လပ်နဲ့ အကောင်းဆုံးပြန်စနေနိုင်ပြီလို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဘဝအတွက် အမည်းစက်တစ်ခုလို ဖြစ်သွားစေတဲ့ ဖြစ်ရပ်ဆိုးကိုတော့ အဲဗက်စ်တစ်ယောက် လွယ်လွယ်နဲ့ မေ့ဖျောက်ပစ်ဖို့ ဖြစ်နိုင်ပါ့မလား။ သူ့ဘဝကို ပျက်စေခဲ့တဲ့စွပ်စွဲသူအမျိုးသမီးကတော့ အခုချိန်မှာလည်း လမ်းမထက်မှာ လွတ်လပ်စွာသွားလာရင်း .....။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

လူဒိုဂိုရက်စ် - ဘက်တစ်....................................ယနေ့ညမှာတော့ ယူရိုပါလိဂ်ပွဲစဥ် ၂နဲ့ ကွန်းဖရန့်လိဂ်ပွဲစဥ်၁တို့က...
02/10/2025

လူဒိုဂိုရက်စ် - ဘက်တစ်....................................

ယနေ့ညမှာတော့ ယူရိုပါလိဂ်
ပွဲစဥ် ၂နဲ့ ကွန်းဖရန့်လိဂ်ပွဲစဥ်
၁တို့ကို အားလုံးကစားကြမှာ
ဖြစ်တာကြောင့် ပွဲစဥ်တွေ အ
တော်လေး များပြားနေခဲ့တာပါ။
အဲဒီပွဲစဥ်တွေထဲက တစ်ပွဲဖြစ်
တဲ့ လူဒိုဂိုရက်စ်အသင်းနဲ့ ဘက်
တစ်အသင်းတို့ရဲ့ပွဲစဥ်ကို မောင်
ကောင်းအနေနဲ့ အကြိုက်တွေ့မိ
တာကြောင့် သုံးသပ်ရွေးချယ်
လိုက်ပါတယ်။

📌လူဒိုဂိုရက်စ်

ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာ ၄ပွဲအ
နိုင်ရရှိခဲ့ပြီး ရှုံးပွဲမရှိထားတဲ့ လူဒို
ဂိုရက်စ်တို့အနေနဲ့ တို။က်စ-စ်က
၁၂ဂိုးအထိရရှိခဲ့သလို ခံစ-စ်က
လည်း ၄ဂိုးသာပေးခဲ့ရတာကြောင့်
လက်ရှိမှာ အတော်လေး တည်ငြိမ်
နေတဲ့ ပုံစံပါ။ ယူရိုပါလိဂ်ပွဲစဥ် ၁
တုန်းကလည်း အနိုင်ရရှိထားပြီး
ယနေ့ညပွဲစဥ်အနေနဲ့ အိမ်ကွင်း
ပွဲစဥ်ဖြစ်နေတာမလို့ စိတ်ဓာတ်
ပိုင်းက ကောင်းမွန်နေမယ်လို့ မြင်
မိပါတယ်။ ဒါ့အပြင် ယခုရာသီ
ကစားထားတဲ့ ပြည်တွင်းအမှတ်
ပေးဖလား ၉ပွဲမှာ ခံစ-စ်က ဂိုးလုံး
၀မပေးထားရတာကြောင့် ခံစ-စ်
ပိုင်းကလည်း ကျစ်လျစ်မှုရှိတဲ့
အနေအထားပါ။ ဒါပေမဲ့ ယနေ့ည
ရင်ဆိုင်ရမယ့်အသင်းက ဘက်တစ်
တို့လို လာလီဂါမှာတောင် အနေအ
ထားရှိတဲ့ အသင်း ၁သင်းဖြစ်တာ
မလို့ အရမ်းကြီး လွယ်ကူမှာတော့
မဟုတ်ပါဘူး။ အဲဒါကြောင့် လူဒို
ဂိုရက်စ်တို့အနေနဲ့ ယူရိုပါလိဂ်ပွဲစဥ်
၁တုန်းကလည်း မယ်လ်မိုအသင်း
လောက်နဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်
လို့ ရုန်းကန်သွားရမယ့် အခြေအနေ
လို့ ယူဆမိပါတယ်။

📌ဘက်တစ်

ယူရိုပါလိဂ် ပွဲစဥ် ၁မှာ အိမ်ကွင်း
ပွဲစဥ်ကစားခဲ့ရပေမယ့် နော်တင်
ဟမ်တို့ကို အနိုင်မရရှိခဲ့ဘဲ သရေ
ရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့်
ရမှတ်စုဆောင်းဖို့ လိုအပ်နေတဲ့ အ
ခြေအနေပါ။ ပြိုင်ပွဲစုံနောက်ဆုံး
၄ပွဲဆက် မရှုံးနိမ့်ထားဘဲ တို။က်
စ-စ်က ၁ပွဲကို အနည်းဆုံး ၂ဂိုး
သွင်းယူနိုင်ခဲ့တယ် ဆိုပေမယ့်
ခံစ-စ်က ၅ဂိုးပေးခဲ့ရတာကြောင့်
တို။က်စ-စ်က ကြမ်းပြနေပေမယ့်
ခံစ-စ်ကတော့ လိုအပ်ချက်အနည်း
ငယ် ရှိနေတယ်လို့ မြင်မိပါတယ်။
အသင်းရဲ့ ကွင်းလယ်မှာ အတော်
လေး အားကိုးရတဲ့ အစ္စကိုတစ်
ယောက် ဒဏ်ရာပြဿနာ ရှိနေ
သေးသည့်တိုင်အောင် အန်တိုနီ
က တို။က်စ-စ်ကို ဦးဆောင်ထား
နိုင်တာမလို့ သွင်းဂိုးတွေကတော့
ရှာဖွေနိုင်ဦးမှာပါ။ ယနေ့ညကို
အဝေးကွင်း သွားကစားရမှာ ဆို
ပေမယ့် အတွေ့အကြုံရင့် နည်းပြ
ကြီး ပယ်လီဂရီနီက ဦးဆောင်လာ
မှာဖြစ်တာကြောင့် ဖိအားတွေ ပေး
သွားနိုင်ပြီး ရမှတ်ရှာဖွေနိုင်ဖို့ကို
သေချာပြင်ဆင်ထားမယ်လို့ ယူ
ဆမိပါတယ်။

🎁ရွေးချယ်မှု

လူဒိုဂိုရက်စ်အသင်းနဲ့ ဘက်တစ်
အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံ
မှုတွေမှာဆိုရင် ပြိုင်ပွဲစုံ ၂ကြိမ်
စလုံးကို အသင်းကြီးဖြစ်တဲ့
ဘက်တစ်တို့ကပဲ အနိုင်ယူထား
ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိ
မှာ လူဒိုဂိုရက်စ်တို့က ခြေစွမ်းပိုင်း
တည်ငြိမ်နေသလို ယူရိုပါလိဂ် ပွဲ
စဥ် ၁မှာလည်း နိုင်ပွဲရရှိထားတယ်
ဆိုပေမယ့် အနိုင်ယူနိုင်ခဲ့တဲ့ အ
သင်းက မယ်လ်မိုတို့လို အသင်း
လေးဖြစ်တာကြာင့် အရမ်းကြီး
အထင်ကြီးလို့ မရသေးပါဘူး။
ဒါ့အပြင် ခံစ-စ်က ပြည်တွင်းလိဂ်
မှာ အတော်လေး တည်ငြိမ်နေ
သည့်တိုင်အောင် ယနေ့ညမှာ
တော့ အန်တိုနီဦးဆောင်လာမယ့်
တို။က်စ-စ်ကို ထိန်းသိမ်းနိုင်ဖို့ရာ
မလွယ်ကူတဲ့ အနေအထားပါ။
အဲဒီလို အခြေအနေတွေအရ
ဘက်တစ်အသင်းက ၁ဂိုးသွင်း
ရင် ၆၀သာနိုင်မယ်ဆိုပေမယ့်
ရမှတ်စုဆာင်းထားရဖို့ ရှိနေတဲ့
ဘက်တစ်တို့ကပဲ သေချာပြင်
ဆင်လာပြီး အမှားအယွင်းခံ
မှာ မဟုတ်လို့ ဘက်တစ်အသင်း
နဲ့ပဲ စွန့်စားလိုက်ပါတယ်။

✍️ Mg Kaung - Football Tips 2.0

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

၂၀၂၅/၂၆ ရာသီက ဟာလန်းရဲ့ရာသီလို့ ဆိုနိုင်မလားပဲ။ဘာကြောင့် ဒီလိုတင်စားရသလဲလို့ မေးလာရင် အောက်ကအချက်အလက်တွေကို ကြည့်ပါ။ရှင်...
02/10/2025

၂၀၂၅/၂၆ ရာသီက ဟာလန်းရဲ့ရာသီလို့ ဆိုနိုင်မလားပဲ။

ဘာကြောင့် ဒီလိုတင်စားရသလဲလို့ မေးလာရင် အောက်ကအချက်အလက်တွေကို ကြည့်ပါ။

ရှင်းသွားပါလိမ့်မယ်။

⚽️⚽️ Vs ဝုဗ်

❌ Vs စပါး

⚽️ Vs ဘရိုက်တန်

⚽️ Vs ဖင်လန်

⚽️⚽️⚽️⚽️⚽️🎯🎯 Vs မော်လ်ဒိုဗာ

⚽️⚽️ Vs မန်ယူ

⚽️ Vs နာပိုလီ

⚽️ Vs အာဆင်နယ်

⚽️⚽️🎯 Vs ဘန်လေ

⚽️⚽️ Vs မိုနာကို

မန်စီးတီးအတွက် ပုံမှန်အလုပ်လုပ်နေတဲ့ ဂိုးသွင်းစက်တလုံးပါပဲ။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းအကောင့်ဖွင့်ကစားခြင်း ဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

ဘာစီလိုနာ - PSG...........................ဒီနေ့မှာ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်တွေရဲ့ ဒုတိယညပွဲတွေ ဆက်ကစားကြမှာဖြစ်ပါတ...
01/10/2025

ဘာစီလိုနာ - PSG...........................

ဒီနေ့မှာ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်တွေရဲ့ ဒုတိယညပွဲတွေ ဆက်ကစားကြမှာဖြစ်ပါတယ်။ မနေ့ကညပွဲတွေထက်စာရင် ဒီညပွဲတွေက ပိုကြည့်လို့ကောင်းမယ့် တွဲဆိုင်းတွေဖြစ်ပါတယ်။အကောင်းဆုံးပွဲအဖြစ်တော့ မကြာခဏဆုံတွေ့နေကျဖြစ်တဲ့ ဘာစီလိုနာနဲ့ PSG တို့ ပွဲစဉ်ပဲဖြစ်မှာပါ။ ဒီပွဲကို သုံးသပ်ရွေးချယ်ပေးလိုက်ရပါတယ်။

ဘာစီလိုနာအသင်းဟာ ဟန်ဆီဖလစ်နဲ့ လုံးဝလန်းနေပါတယ်။ အသင်းရဲ့ စီမံခန့်ခွဲမှုနဲ့ ငွေကြေးအခက်အခဲ ဘယ်လိုရှိရှိ အသင်းကတော့ အကောင်းဆုံးစွမ်းဆောင်မှုပြထားတာတွေ့ရပါတယ်။ အသင်းကို ထပ်ရောက်လာတဲ့ ကစားသမားတွေ၊ရှိရင်းစွဲ လူငယ်လူကြီးအစုံနဲ့ ဘာစီလိုနာဟာ အောင်မြင်မှုတွေအတွက် ထိပ်ဆုံးက ရေပန်းစားလျက်ရှိသော အသင်းပါပဲ။ ယနေ့မှာ ချန်ပီယံလိဂ် ချန်ပီယံကို အိမ်ကွင်းမှာ လက်ခံကစားရမယ်။ သူတို့အသင်းရဲ့ လက်ရှိ Form အရ PSG ကိုအသာရနိုင်ပါတယ်။ ဂါဗီ၊ ရာဖင်ဟာနဲ့ ဂိုးသမားတာစတီဂန် အစပြုပြီး ကစားသမားကောင်း ၆ ဦးလောက်မပါနိုင်ပေမယ့် PSG ကို အနိုင်ရဖို့ အခက်အခဲမရှိနိုင်ဘူးလို့ မြင်ပါတယ်။ ရလဒ်ပိုင်း တွေပြန်ကြည့်မယ်ဆိုလည်း နောက်ဆုံး ၁၃ ပွဲမှာ ရှုံးပွဲမရှိဘဲ ၁၂ ပွဲနိုင်၊ သရေ ၁ပွဲသာ ရှိပြီး တိုက်စစ်လည်း အတော်ဂိုးရထားတာတွေ့ရပါတယ်။ အချက်အလက်များအရ အိမ်ကွင်းမှာ PSG ကို သေချာဧည့်ခံကစားပြီး အနိုင် ၃မှတ် ထပ်စုဆောင်းဖို့ ဖြစ်နိုင်ပါတယ်။

PSG ကလည်း နည်းပြအင်းနရစ် နဲ့ အလုံးစုံကြွရွနေတာပါ။ တိုက်စစ်အားပြုတဲ့ပုံစံကိုမှ လူငယ်
အများစုနဲ့မို့ မြန်တယ်၊ သွက်တယ်၊ စိတ်ဓာတ် ကောင်းတယ်ဆိုတာမျိုးနဲ့ ကစားပြနေတာတွေ့ရပါတယ်။ လိဂ်မှာ မာဆေးကို ရှုံးလိုက်ပေမယ့် သူ့တို့လိဂ်မှာတော့ အချိန်တန် သူတို့ပဲ ကြီးစိုးဦးမှာ
ပါ။ ချန်ပီယံလိဂ်ဘက်ပြန်ကြည့်ရင် ပွဲဦးထွက် အိမ်ကွင်းမှာ အတ္တလန္တာကို ဂိုးပြတ်နဲ့ အနိုင်ယူ ထားပြီး လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ကိုပြထားတယ်။ PSG အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ကစားရမယ့် အသင်းတွေက အသင်းကောင်းတွေကြီးပဲမို့ ပွဲတိုင်း အမှတ်ရအောင်ကစားနိုင်ဖို့ လို‌နေတာလည်း တွေ့ရပါတယ်။ ဒီညမှာပဲ ဘာစီလိုနာကို အဝေးကွင်းမှာ ခက်ခဲစွာ ရုန်းကန်ကစားရဖွယ်ရှိလို့ နေပါတယ်။ ပိုဆိုးတာက အသင်းရဲ့ ဂရိတ်ပလေယာတွေ ဖြစ်တဲ့ ဒမ်ဘီလီကစားနိုင်ဖို့ မသေချာသလို ဒိုယေး၊ ခီလီယာနဲ့ ဝါရင့် ခံစစ်မှူးမားကွင့်ဟို့စ်တို့လည်း ဒဏ်ရာရနေကြလို့ စပိန်မှာ ကစားမယ့် ဒီပွဲက PSGတို့ ရလဒ်ကောင်းမရနိုင်ဘူးလို့ရှုမြင်ပါတယ်။

အချုပ်ဆိုရသော် နောက်ဆုံးတွေ့ဆုံမှုတွေမှာ အနိုင်အရှုံး တစ်လှည့်စီနဲ့ ဘယ်အသင်းမှပိုသာနေခဲ့တာမျိုးမရှိဘူးလို့ တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိ ၂သင်းအနေအထားပဲ ချိန်ဆကြည့်ကြပါစို့။ ဒဏ်ရာတွေ များနေကြတာ မှန်ပါတယ်။ သို့သော် ဘာစီလိုနာရဲ့အင်အားကြောင့် အသင်းက ရလဒ်ကောင်းရဖို့ မခက်ပါဘူး။ PSG ကတော့ လီဂူးနဲ့ တော်ရုံအသင်းဆို လက်ရှိသူတို့ လူစာရင်းနဲ့ အနိုင်ရဖို့လွယ်ပေမယ့် ဘာစီလိုနာလို သူတို့နဲ့ ကစားကွက်တူ၊ တိုက်စစ်အားသန်အသင်းနဲ့ အတွေ့မှာတော့ လည်စင်းပေးသွားရဖို့ပဲ ရှိမှာပါ။ စတည်ကြေး -၈၀ ကနေ ၁+၅၀ ထိ ကြေးတက်ထားတာကို ကြည့်ရင်လည်း ဒီညမှာ ဘာစီလိုနာရဲ့အနိုင်ဟာ သေချာသလောက်ပါပဲ။ ရွေးချယ်မှုပြုရရင် ကြေးအရ၊ လူစာရင်းအရ သုံးသပ်ပြီးတဲ့နောက်မှာ ဒီပွဲကို ဘာစီလိုနာဘော်ဒီလို့သာ ရွေးချယ်မှုပြုပေးလိုက်ရပါတယ်ဗျာ။

✍️ စနေမောင်မောင် - sanaymgmg

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

Hot Stats Of The Day----------------------- ကွာရာဘတ်ဟာ ဥရောပအိမ်ကွင်းပွဲနောက်ဆုံး၉ပွဲမှာ ဂိုးမပေးရတာ ၁ပွဲသာရှိ။- ကိုပင်ဟ...
01/10/2025

Hot Stats Of The Day
----------------------

- ကွာရာဘတ်ဟာ ဥရောပအိမ်ကွင်းပွဲနောက်ဆုံး
၉ပွဲမှာ ဂိုးမပေးရတာ ၁ပွဲသာရှိ။

- ကိုပင်ဟေဂင်ဟာ ခြေစစ်ပွဲအပါ ဒီရာသီ
ချန်ပီယံလိဂ် ၇ပွဲမှာ ပထမပိုင်းရှုံးတာ ၁ပွဲသာရှိ။
ကိုပင်ဟေဂင်ရဲ့ ဥရောပအဝေးကွင်းပွဲ
နောက်ဆုံး ၄ပွဲစလုံးက ဂိုးပေါင်း ၃ဂိုးအောက်
ပွဲတွေဖြစ်။

- ရွိုင်ရယ်ယူနီယံဟာ ဥရောပအိမ်ကွင်းပွဲ
နောက်ဆုံး ၁၁ပွဲမှာ ဂိုးမပေးရတာ ၁ပွဲသာရှိ။

- နယူးကာဆယ်ဟာလည်း ချန်ပီယံလိဂ်အဝေးကွင်း
နောက်ဆုံး ၁၂ပွဲမှာ ဂိုးမပေးရတာ ၁ပွဲသာရှိ။

- အာဆင်နယ်ဟာ နောက်ဆုံး ၄ပွဲအနက်
၃ပွဲမှာ ၂ဂိုးစီသွင်းယူခဲ့။ ချန်ပီယံလိဂ်အိမ်ကွင်း
နောက်ဆုံး ၇ပွဲအနက် ၅ပွဲမှာ ပေးဂိုးမဲ့နိုင်ခဲ့ပြီး
၁ပွဲသရေ၊ ၁ပွဲရှုံး။

- အိုလံပီယာကို့စ်ရဲ့ ချန်ပီယံလိဂ်အဝေးကွင်း
နောက်ဆုံး ၄ပွဲစလုံးမှာ ပထမပိုင်းရော ဒုတိယ
ပိုင်းပါ သွင်းဂိုးထွက်ပေါ်ခဲ့ပြီး ၂ပွဲက အင်္ဂလန်မှာ
ကစားတဲ့ပွဲတွေဖြစ်။

- ဘာစီလိုနာရဲ့ ဒီရာသီ ၈ပွဲအနက် ၇ပွဲမှာ
ဂိုးပေါင်း ၃ဂိုးနဲ့အထက်ဖြစ်ထား။
ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး ၁၂ပွဲ
အနက် ၁၁ပွဲမှာလည်း ၁ပွဲအနည်းဆုံး
၂ဂိုးနှုန်းသွင်းယူနိုင်ခဲ့။

- ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်နောက်ဆုံး
ပွဲ ၁၀၀စလုံးမှာ ဝ-၀ သရေပွဲမရှိခဲ့။
ပီအက်စ်ဂျီရဲ့ နောက်ဆုံး ၁၇ပွဲမှာ
အပြန်အလှန်ဂိုးသွင်းတာ ၂ပွဲသာရှိ။

- လေဗာကူဆင်ရဲ့ ပြိုင်ပွဲစုံနောက်ဆုံး
၆ပွဲစလုံး ဂိုးပေါင်း ၃ဂိုးနဲ့အထက်ဖြစ်ပေါ်ထား။

- ပီအက်စ်ဗွီဟာ ဥရောပပွဲနောက်ဆုံး ၂၅ပွဲမှာ
ဂိုးမပေးရတာ ၂ပွဲသာရှိ။ ပီအက်စ်ဗွီရဲ့ ဒီရာသီ
ပြိုင်ပွဲအသွင် ၉ပွဲအနက် ၇ပွဲမှာ အပြန်အလှန်
သွင်းဂိုးထွက်ပေါ်ခဲ့။

- ဒေါ့မန်နည်းပြ ကိုဗက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့
အုပ်စု/လိဂ်အဆင့်ပွဲတိုင်း မရှုံးခဲ့ဘဲ ၇ပွဲနိုင်၊
၃ပွဲသရေကျ။ ဒေါ့မန်ရဲ့ ချန်ပီယံလိဂ်
လိဂ်အဆင့် နောက်ဆုံး ၉ပွဲအနက် ၈ပွဲမှာ
ဂိုးပေါင်း ၃ဂိုးနဲ့အထက်ဖြစ်ထား။

- ဘီလ်ဘာအိုဟာ ချန်ပီယံလိဂ်အဝေးကွင်း
နောက်ဆုံး ၆ပွဲစလုံးမှာ ၁ဂိုးစီသွင်းနိုင်ခဲ့။

- မိုနာကိုဟာ အိမ်ကွင်းနောက်ဆုံး ၃ပွဲမှာ
၁ပွဲအနည်းဆုံး ၃ဂိုးအထိသွင်းထား။
မိုနာကိုရဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲအနက်
၆ပွဲမှာ အပြန်အလှန်သွင်းဂိုးထွက်ပေါ်ခဲ့။

- မန်စီးတီးဟာ နောက်ဆုံး ၆ပွဲစလုံးမှာ
ပြိုင်ဘက်တွေကို ဂိုးစသွင်းနိုင်ခဲ့။
ချန်ပီယံလိဂ်နောက်ဆုံး ၈ပွဲမှာတော့
ဂိုးမပေးရတာ ၁ပွဲသာရှိ။

- နာပိုလီဟာ ခြေစစ်ပွဲအပါ ချန်ပီယံလိဂ်
အိမ်ကွင်းနောက်ဆုံး ၂၁ပွဲဆက် ဂိုးသွင်းထားပြီး
၁၂ပွဲနိုင်၊ ၆ပွဲသရေ၊ ၃ပွဲရှုံးထား။

- စပို့တင်းရဲ့ နောက်ဆုံး ၁၁ပွဲစလုံးမှာ
သရေပွဲမရှိခဲ့ဘဲ ၉ပွဲနိုင်၊ ၂ပွဲသရေကျ။

- ဗီလာရီးရဲလ်ရဲ့ ချန်ပီယံလိဂ်အိမ်ကွင်း
နောက်ဆုံး ၁၂ပွဲအနက် ၉ပွဲမှာ ဂိုးပေါင်း
၃ဂိုးအောက်သာဖြစ်ပေါ်။ ဗီလာရီးရဲလ်ဟာ
ခြေစမ်းပွဲမပါ အိမ်ကွင်းနောက်ဆုံး ၈ပွဲဆက်
နိုင်ထားပြီး အဲဒီ ၈ပွဲမှာ ၅ဂိုးသာပေးခဲ့ရ။

- ဂျူဗင်တပ်ရဲ့ အဝေးကွင်းနောက်ဆုံး
၇ပွဲအနက် ၆ပွဲမှာ ဂိုးပေါင်း ၃ဂိုးအောက်
တွေသာဖြစ်ပေါ်။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

ဖရန့်ဖတ်ကို ၅-၁ နဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်စဉ်မှာ တီကိုအတွက် စတုတ္ထဂိုးသွင်းခဲ့သူက ဂူလီယာနို ဖြစ်ပါတယ်။နာမည်အပြည့်အစုံက ...
01/10/2025

ဖရန့်ဖတ်ကို ၅-၁ နဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်စဉ်မှာ တီကိုအတွက် စတုတ္ထဂိုးသွင်းခဲ့သူက ဂူလီယာနို ဖြစ်ပါတယ်။

နာမည်အပြည့်အစုံက ဂူလီယာနိုဆီမြွန်နီ။

နည်းပြ ဒီယေဂိုဆီမြွန်နီရဲ့သားအငယ်ဆုံးပေါ့။

ဖခင်ခြေရာကို နင်းနိုင်တဲ့သားပါ။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းအကောင့်ဖွင့်ကစားခြင်း ဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

Hot Stats Of The Day----------------------- အတ္တလန္တာဟာ ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး ၇ပွဲမှာ ၁ပွဲသာနိုင်ခဲ့ပြီး ၃ပွဲသရ...
30/09/2025

Hot Stats Of The Day
----------------------

- အတ္တလန္တာဟာ ချန်ပီယံလိဂ်အိမ်ကွင်း
နောက်ဆုံး ၇ပွဲမှာ ၁ပွဲသာနိုင်ခဲ့ပြီး
၃ပွဲသရေ၊ ၃ပွဲရှုံးထား။ ချန်ပီယံလိဂ်
နောက်ဆုံး ၇ပွဲမှာလည်း ဂိုးမပေးရတာ
၁ပွဲသာရှိ။

- ဘရုဂျက်ရဲ့ ချန်ပီယံလိဂ်နောက်ဆုံး
၆ပွဲစလုံးက ဂိုးပေါင်း ၃ဂိုးနဲ့အထက်ပွဲတွေဖြစ်။
အီတလီကလပ်ပြိုင်ဘက်တွေနဲ့တွေ့ဆုံတဲ့
ဘရုဂျက်ရဲ့ ဥရောပပွဲနောက်ဆုံး ၈ပွဲအနက်
၇ပွဲမှာ အပြန်အလှန်သွင်းဂိုးထွက်ပေါ်ထား။

- ကိုင်ရတ်ဟာ နောက်ဆုံး ၆ပွဲအနက် ၄ပွဲမှာ
ဂိုးမပေးခဲ့ရပေ။ သို့ပေမယ့် ဥရောပပြိုင်ပွဲရဲ့
လိဂ်အဆင့်/အုပ်စုအဆင့် နောက်ဆုံး ၇ပွဲမှာ
၁ပွဲပျမ်းမျှပေးဂိုးက ၂.၁၄ဂိုးအထိရှိခဲ့ပြီး
၂ပွဲသရေ၊ ၅ပွဲရှုံး။

- ရီးရဲလ်ရဲ့ ပြိုင်ပွဲအသွင်နောက်ဆုံး ၇ပွဲအနက်
၆ပွဲမှာ ဂိုးပေါင်း ၃ဂိုးနဲ့အထက်ဖြစ်ထား။
ရီးရဲလ်ဟာ ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး
၅ပွဲအနက် ၃ပွဲမှာ ၃ဂိုးစီသွင်းယူခဲ့။

- အက်သလက်တီကိုရဲ့ ပြိုင်ပွဲအသွင်နောက်ဆုံး
၄ပွဲအနက် ၄ပွဲမှာ ဂိုးပေါင်း ၅ဂိုးနဲ့အထက်ဖြစ်ထား။
ဒီရာသီ အက်သလက်တီကိုရဲ့ ၈ပွဲအနက်
၇ပွဲမှာ အပြန်အလှန်သွင်းဂိုးထွက်ပေါ်ခဲ့။

- ထိပ်တန်းလိဂ်ပြိုင်ဘက်တွေနဲ့တွေ့ဆုံတဲ့
ဖရန့်ဖတ်ရဲ့ နောက်ဆုံး ၉ပွဲစလုံးမှာ အပြန်အလှန်
သွင်းဂိုးထွက်ပေါ်ခဲ့။ ဖရန့်ဖတ်ရဲ့ နောက်ဆုံး ၉ပွဲ
စလုံးက ဂိုးပေါင်း ၄ဂိုးနဲ့အထက်ပွဲတွေဖြစ်။

- ဘိုဒိုဂလင့်ဟာ ပြိုင်ပွဲအသွင်နောက်ဆုံး ၆ပွဲ
စလုံးမှာ ဂိုးပေးထားရ။

- စပါးဟာ ၂၀၂၄/၂၅ ရာသီကစလို့ ဥရောပပွဲ
၁၆ပွဲအနက် ၁၅ပွဲမှာ ဂိုးသွင်းထားနိုင်။
ပြိုင်ပွဲစုံနိုင်ပွဲ နောက်ဆုံး ၇ပွဲစလုံးမှာ
စပါး ဂိုးမပေးခဲ့ရပေ။

- ချဲလ်ဆီးဟာ နောက်ဆုံး ၁၈ပွဲမှာ ဂိုးမသွင်း
နိုင်တာ ၁ပွဲသာရှိ။ ချန်ပီယံလိဂ်နိုင်ပွဲနောက်ဆုံး
၃ပွဲစလုံးမှာလည်း အနည်းဆုံး ၂ဂိုးအသာနဲ့
နိုင်ပွဲရခဲ့။

- ဘင်ဖီကာနည်းပြ မော်ရင်ဟိုဟာ ချဲလ်ဆီးနဲ့
ထိပ်တိုက်တွေ့တဲ့ နောက်ဆုံး ၇ပွဲဆက်
နိုင်ပွဲမရခဲ့ဘဲ ၃ပွဲသရေ၊ ၄ပွဲရှုံးခဲ့။

- ဂါလာတာစာရေးဟာ နောက်ဆုံး ၁၉ပွဲ
စလုံးမှာ ပြိုင်ဘက်တွေကို ဂိုးစသွင်းနိုင်ခဲ့။
ဥရောပအိမ်ကွင်းပွဲနောက်ဆုံး ၁၁ပွဲအနက်
၉ပွဲမှာလည်း အနည်းဆုံး ၂ဂိုးနှုန်းသွင်းယူထား။

- လီဗာပူးရဲ့ ဥရောပအဝေးကွင်းပွဲနောက်ဆုံး
၃၉ပွဲမှာ သရေကျတာ ၁ပွဲသာရှိခဲ့ပြီး လီဗာပူး
၂၅ပွဲနိုင်၊ ၁၃ပွဲရှုံးထား။

- အင်တာမီလန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့
လိဂ်အဆင့် နောက်ဆုံး ၈ပွဲအနက် ၇ပွဲမှာ
နိုင်ပွဲရထား။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လိဂ်အဆင့်/
အုပ်စုအဆင့် နောက်ဆုံး ၁၀ပွဲအနက်
၉ပွဲမှာ ဂိုးမပေးခဲ့ရပေ။

- မာဆေးဟာ ချန်ပီယံလိဂ်နောက်ဆုံး ၂၂ပွဲမှာ
ဂိုးမပေးရတာ ၁ပွဲသာရှိ။

- အေဂျက်ရဲ့ နောက်ဆုံး ၅ပွဲအနက် ၄ပွဲမှာ
အပြန်အလှန်သွင်းဂိုးထွက်ပေါ်ထား။

- ပါဖို့စ်ဟာ ဥရောပအိမ်ကွင်းပွဲနောက်ဆုံး
၁၁ပွဲမှာ ၁ပွဲသာရှုံးခဲ့ပြီး ၈ပွဲနိုင်၊ ၂ပွဲသရေကျ။

- ဘိုင်ယန်ဟာ ဒီရာသီ ၈ပွဲစလုံးမှာ ပထမပိုင်းရော
ဒုတိယပိုင်းပါ ဂိုးသွင်းနိုင်ခဲ့။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

"ကျွန်တော်တို့ရဲ့ဖိအားက ချဲလ်ဆီးရဲ့ဖိအားပါ။ဒါကြောင့် ကျွန်တော်တို့ ပွဲတွေကို အနိုင်ကစားမယ်"🗜️ မာရက်စကာချဲလ်ဆီးဟာ နောက်ဆု...
30/09/2025

"ကျွန်တော်တို့ရဲ့ဖိအားက ချဲလ်ဆီးရဲ့ဖိအားပါ။

ဒါကြောင့် ကျွန်တော်တို့ ပွဲတွေကို အနိုင်ကစားမယ်"

🗜️ မာရက်စကာ

ချဲလ်ဆီးဟာ နောက်ဆုံးကစားတဲ့ ၅ ပွဲမှာ လင်ကွန်းကိုသာ အနိုင်ရထားပြီး ကျန် ၄ ပွဲမှာတော့ ၁ ပွဲသရေ၊ ၃ ပွဲရှုံးထားပါတယ်။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းအကောင့်ဖွင့်ကစားခြင်း ဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

စပိန်အသင်းတွေရဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၂...........................................................                    ✍️ ...
30/09/2025

စပိန်အသင်းတွေရဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၂...........................................................
✍️ ဟိန်းသန့်

ဒီကြားရက် အင်္ဂါ၊ ဗုဒ္ဓဟူးညတွေမှာ ချန်ပီယံလိဂ်ရဲ့ပွဲစဉ် ၂ ဆက်မယ်။ ဒီပွဲစဉ် ၂မှာလည်း စပိန်အသင်းအများစု ပွဲကျပ်တွေ ဆက်နွှဲရဖို့ ရှိနေပြန်တယ်။ စပိန်အသင်းတွေက ဒီရာသီချန်ပီယံလိဂ်မှာ အင်္ဂလန်အသင်းတွေပြီးရင် ဒုတိယအများဆုံး ဝင်ပြိုင်ခွင့်ရထားတဲ့ အသင်းတွေ။ ပြီးခဲ့တဲ့ ပွဲစဉ် ၁တုန်းက စပိန်အသင်းအများစုရဲ့ပြိုင်ဘက်တွေက အင်္ဂလန်အသင်းတွေ ဖြစ်ခဲ့တယ်။ စပိန် ၅သင်းမှာ ၄သင်းက အင်္ဂလန်အသင်းတွေနဲ့တွေ့ခဲ့ပြီး ဗီလာရီးရဲလ်၊ ဘီလ်ဘာအိုနဲ့ အက်သလက်တီကိုအသင်းတွေက ရှုံးပြီး ဘာစီလိုနာ တစ်သင်းသာ အနိုင်ရခဲ့တယ်။ စပိန်နောက်တစ်သင်းဖြစ်တဲ့ ချန်ပီယံလိဂ် အရှင်သခင်ကြီး ရီးရဲလ်မက်ဒရစ်ကတော့ ပြင်သစ်ကလပ်မာဆေးနဲ့ တွေ့ပြီး အနိုင်ခဲ့လို့ စပိန် ၅သင်းမှာ နိုင်ပွဲရတာ ၂သင်းပဲရှိပြီး ၃သင်းက အရှုံးနဲ့ စခဲ့ရတယ်။

ဒီတစ်ပတ်မှာလည်း စပိန် ၅သင်းမှာ ပြီးခဲ့တဲ့ ပွဲစဉ် ၁မှာ အင်္ဂလန်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၄သင်းစလုံးရဲ့ ပြိုင်ဘက်တွေက ဂျာမနီ၊ အီတလီနဲ့ပြင်သစ်စတဲ့ ဥရောပထိပ်သီးလိဂ် ၅ခုထဲက အသင်းတွေ ဖြစ်နေပြန်တယ်။ အက်သလက်တီကိုနဲ့ ဘီလ်ဘာအိုအသင်းတွေက ဂျာမန်အသင်းတွေဖြစ်တဲ့ ဖရန့်ဖတ်၊ ဒေါ့မန်အသင်းတွေနဲ့ တွေ့မယ်။ ဗီလာရီးရဲလ်ကတော့ အီတလီရဲ့ ဂျူဗင်တပ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဘာစီလိုနာကတော့ ပြင်သစ်ကလပ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ကစားရမှာဆိုတော့ အကျပ်ဆုံးလို့ ပြောလို့ရနေတယ်။ ဒါပေမဲ့ ဒီ ၄သင်းမှာ အက်သလက်တီကို၊ ဗီလာရီးရဲလ်နဲ့ ဘာစီလိုနာအသင်းတွေက အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဘီလ်ဘာအိုပဲ အဝေးကွင်းမှာ အစဉ်အလာကြီးတဲ့ ဒေါ့မန်နဲ့ သွားရင်ဆိုင်ရမှာဆိုတော့ အခက်ဆုံးအသင်းလို ဖြစ်နေတယ်။ ကျန်တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ဒီတစ်ပတ်လည်း ပွဲအချောင်ဆုံး ဖြစ်နေပြန်တယ်။ သူတို့ရင်ဆိုင်မှာက အခုမှ ချန်ပီယံလိဂ်လိုပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့်ကို ပထမဆုံးအကြိမ်ဝင်ပြိုင်ခွင့်ရဖူးတဲ့ ကာဇက်စတန်နိုင်ငံမှ အယ်လ်မာတီအသင်းဆိုတော့ ရီးရဲလ်လို အရှင်သခင်ကြီးနဲ့ ယှဉ်လိုက်ရင် အဖက်ဖက်ကကို ကွာလွန်းတဲ့ ပြိုင်ဘက်လို့ ပြောလို့ရနေတယ်။ တစ်ခုပဲပြောစရာ ရှိတာက ရီးရဲလ်ဟာ ဒီအသင်းလေးကို အဝေးကွင်းမှာ သွားရင်ဆိုင်ရမှာဆိုတော့ မက်ဒရစ်မြို့ကနေ အသွားအပြန် မိုင် ၁၀၀,၀၀၀လောက် ခရီးနှင်ဖို့ ရှိနေတာပဲ ဖြစ်
တယ်။ ဒါကြောင့် စပိန်အသင်းတွေထဲ ရီးရဲလ်က ခရီးအဝေးဆုံးသွားကစားရမယ့်အသင်း ဖြစ်လာတယ်။ ပွဲကတော့ ချောင်ပါရဲ့၊ ဒါပေမဲ့ ခရီးပန်းမှုဒဏ် အများဆုံးခံရတော့မယ်ဆိုတော့ ရီးရဲလ်အတွက်လည်း ပေးဆပ်မှုတော့ ရှိနေတဲ့ပွဲလို့ ပြောလို့ရပါလိမ့်မယ်။

အယ်လ်မာတီပရိသတ်တွေကတော့ အင်္ဂါညမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အိမ်ကွင်းပွဲအတွက် အတော်လေးကို စိတ်လှုပ်ရှားနေကြတယ်။ ကမ္ဘာကျော်အသင်းနဲ့ ကမ္ဘာကျော်ကစားသမားတွေကို မျက်ဝါးထင်ထင်အားပေးကြဖို့လည်း ပြင်ဆင်နေကြတယ်။ ဒါက သူတို့တစ်သက်တာမှာ ကြုံတောင့်ကြုံခဲ။ ကိုယ့်အသင်းကိုယ်အားပေးဖို့ထက် ရီးရဲလ်အသင်းရဲ့ နာမည်ကြီးကစားသမားတွေ ကစားတာကို ကြည့်ရဖို့ကသာ သူတို့အတွက် အရေးကြီးဆုံးဖြစ်နေကြတယ်။ ပရိသတ် ၂၃,၀၀၀သာ ဆံ့တဲ့ကွင်းအတွက် ကြိုတင်လက်မှတ်ဝယ်ယူဖို့ အွန်လိုင်းကနေ စာရင်းပေးထားကြသူချည်းပဲ ၈၀,၀၀၀ကျော်နေပြီလို့လည်း သိရတယ်။ လက်မှတ်ခက ဒေါ်လာနဲ့တွက်ရင် ၅၀မှ ၅၀၀အထိလောက် ရှိပြီး ကာဇက်စတန်နိုင်ငံသားတစ်ယောက်ရဲ့ တစ်လချင်းပျမ်းမျှဝင်ငွေက အနည်းဆုံး ဒေါ်လာ ၁၇၀သာ ရှိတာကိုကြည့်ရင် ကာဇက်စတန်သားတွေ ရီးရဲလ်မက်ဒရစ်ကိုကြည့်ဖို့ ဘယ်လောက် စိတ်အားထက်သန်နေကြသလဲဆိုတာကိုပါ မြင်နိုင်တယ်။ အယ်လ်မာတီဟာ နော်ဝေကလပ် ဘိုဒိုဂလင့်၊ ဆိုက်ပရပ်စ်မှ ပါဖို့စ် အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ကို ပထမဆုံး ကစားဖူးတဲ့အသင်း၊ ဒီနောက်ဆုံးအဆင့်ကိုရောက်ဖို့ ခြေစစ်ပွဲအဆင့်တွေမှာ အိုလံပီယာလျူဘလျီယာနာ၊ KUPS၊ ဘရာတစ္စလာဗာနဲ့ ဆဲလ်တစ်လိုအသင်းတွေ ကျော်ဖြတ်လာခဲ့ရတာဖြစ်ပြီး အဖွင့်ပွဲမှာတော့ စပို့တင်းလစ္စဘွန်းကို အဝေးကွင်းမှာ ၄-၀နဲ့ အရှုံးပေးထားရတယ်။

အင်္ဂါနေ့မှာ အက်သလက်တီကိုမက်ဒရစ်ကလည်း အိမ်ကွင်းမှာ ဖရန့်ဖတ်ကို လက်ခံကစားရမယ်။ ဖရန့်ဖတ်က လက်ရှိ ဘွန်ဒက်စ်လီဂါမှာ အဆင့် ၄၊ ချန်ပီယံလိဂ် ပွဲစဉ် ၁အပြီးမှာ ထိပ်ဆုံးနေရာယူထားတဲ့အသင်း၊ အဖွင့်ပွဲမှာ ဂါလာတာစာရေးကို ၅-၁နဲ့ ဂိုးပြတ်အနိုင်ရထားတဲ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါမှာလည်း မိုချင်ဂလတ်ဘတ်ကို အဝေးကွင်းမှာ ၆-၄နဲ့ ဂိုးပြတ်နိုင်ထားလို့ နောက်ဆုံး ၂ပွဲမှာ သွင်းဂိုး ၁၁ဂိုးနဲ့ တိုက်စစ်အစွမ်းပြနေတဲ့အသင်းလည်း ဖြစ်တယ်။ ဒါကြောင့် အရင်လို ခံစစ်တောင့်တင်းမှုမျိုးမပြနိုင်သေးတဲ့ အက်သလက်တီကိုကတော့ ဖရန့်ဖတ်တိုက်စစ်ကို မနည်း ထိန်းချုပ်ရတော့မယ်။ ဒါပေမဲ့ အက်သလက်တီကိုကလည်း နောက်ဆုံးကစားထားတဲ့ မက်ဒရစ်ဒါဘီမှာ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၅-၂နဲ့ ဂိုးပြတ်အနိုင်ရထားလို့ တက်ကြွနေလိမ့်မယ်။ တီကိုတိုက်စစ်ကလည်း နောက်ဆုံး ၂ပွဲမှာ ၈ဂိုးရထားလို့ သူတို့တိုက်စစ်ကစားပုံကလည်း အဆင့်တစ်ခုတော့ ရှိနေတာ အမှန်ပဲ။ ဒါကြောင့် အခုပွဲက ၂သင်းတိုက်စစ်အားပြိုင်ကြမယ့်ပွဲ ဖြစ်လာနိုင်တယ်။ ၂သင်းစလုံးရဲ့ ခံစစ်ကစားပုံတွေကလည်း အားရစရာသိပ်မရှိလှသေးတာချင်းကလည်း တူနေကြလို့ ဂိုးတွေအပြန်အလှန်သွင်းကြမယ့်ပွဲတစ်ပွဲ ဖြစ်လာမလား စောင့်ကြည့်ရတော့မယ်။

ဗုဒ္ဓဟူးညမှာတော့ ဗီလာရီးရဲလ်၊ ဘီလ်ဘာအိုနဲ့ ဘာစီလိုနာပွဲတွေ ဆက်ကစားမယ်။ ဒီ ၃သင်းမှာ ဘီလ်ဘာအိုက အဝေးကွင်းမှာ ဂျာမန်ထိပ်သီး ဒေါ့မန်နဲ့ ကစားရမှာဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ ဘာစီလိုနာက အိမ်ကွင်းပွဲတွေ နွှဲရမှာဖြစ်တယ်။ လက်ရှိခြေစွမ်းတွေအရတော့ စပိန် ၃သင်းထဲ ဘီလ်ဘာအိုက အစိုးရိမ်ရဆုံးလို့ ပြောရမယ်။ ဘီလ်ဘာအိုဟာ ချန်ပီယံလိဂ်ပွဲတွေ စခါနီးမှ အသင်းမှာဒဏ်ရာပြဿနာတွေ တိုးလာလို့ အခက်တွေ့နေတယ်။ နောက်ဆုံး ၅ပွဲဆက် နိုင်ပွဲ ပျောက်သွားခဲ့ပြီး အတော်လေးရုန်းကန်နေရတာလည်း တွေ့ရတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲမှာလည်း အာဆင်နယ်ကို အိမ်ကွင်းမှာ ၂-၀နဲ့ ရှုံးထားလို့ အခုပွဲကို အမှတ်စရအောင် သတိကြီးကြီးနဲ့ ကစားလာနိုင်ပေမယ့် အဝေးကွင်းမှာ အိမ်ရှင်ဒေါ့မန်ရဲ့ ကစားအားကို မနည်းထိန်းချုပ်ရမှာ သေချာတယ်။ ဒေါ့မန်ဟာ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်အောက် အဆင့် ၂နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်အဖွင့်ပွဲမှာတော့ ဂျူဗင်တပ်နဲ့ အဝေးကွင်း ၄-၄သရေရလဒ်ထွက်အောင် ကစားထားတယ်။ ဂျူဗင်တပ်လိုအသင်းကြီးကို အဝေးကွင်းမှာ ၄-ဂိုးအထိသွင်းထားနိုင်တဲ့ ဒေါ့မန်ရဲ့ တိုက်စစ်အားကလည်း အားရစရာလို့ ပြောရမယ်။ ဘီလ်ဘာအိုထက် ချန်ပီယံလိဂ်အတွေ့အကြုံလည်း ပိုများနေတဲ့အပြင် အိမ်ရှင်အခွင့်အရေးကပါ ရှိနေလို့ ဘီလ်ဘာအိုရဲ့ လက်ရှိခြေစွမ်းနဲ့ဆို အတော်မလွယ်မယ့်ပွဲဖြစ်နေတယ်။ ဗီလာရီးရဲလ်နဲ့ ဂျူဗင်တပ်ပွဲကလည်း ပွဲကောင်းဖြစ်မှာ သေချာတယ်။ ၂သင်းစလုံး ရာသီအဖွင့် ခြေစွမ်းကလည်း မဆိုးကြဘူး။ ဗီလာရီးရဲလ်က လာလီဂါမှာ အဆင့် ၃၊ ဂျူဗင်တပ်က စီးရီးအေမှာ အဆင့် ၄ဆိုတော့ သိပ်မကွာလှဘူး။ ဂျူဗင်တပ်က ပွဲစဉ် ၁တုန်းက ဒေါ့မန်ကို ၄-၄သရေကစားပြီး ဗီလာရီးရဲလ်ကတော့ စပါးကို ၁-၀နဲ့ ရှုံးထားတယ်။ ဒါကြောင့် ဒီပွဲ ၂သင်းစလုံး အမှတ်ရအောင် ကစားနိုင်ဖို့ လိုနေတယ်။ ဒီ ၂သင်း ၂၀၂၂ချန်ပီယံလိဂ်မှာဆုံခဲ့ကြတုန်းကတော့ ဗီလာရီးရဲလ်က ၁ပွဲနိုင်၊ ၁ပွဲသရေ ကစားထားနိုင်တယ်။ ၂၀၁၉မှာ ခြေစမ်းပွဲကစားကြတုန်းကလည်း ဗီလာရီးရဲလ်ကပဲ နိုင်ထားလို့ ဂျူဗင်တပ်ဟာ ဗီလာရီးရဲလ်နဲ့ဆုံတိုင်း အနိုင်မရဖူးသေးဘူး။ အခုလည်း ကစားရမှာက စပိန်မြေမှာဆိုတော့ ဂျူဗင်တပ်ပိုရုန်းရမယ့်ပွဲဖြစ်နေတယ်။ ဗီလာရီးရဲလ်ကလည်း နည်းပြမာဆယ်လီနိုလက်ထဲမှာ တစ်ရာသီပြီး တစ်ရာသီ တိုးတက်မှုပြနေတယ်။ လူငယ်အများစုနဲ့ အသင်းကိုပြန်တည်ဆောက်ထားပြီး ဒီရာသီအဖွင့်ကိုလည်း တည်တည်ငြိမ်ငြိမ်ပွဲထွက်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ၃ပွဲဆက်တိုက်လည်း အိုဆာဆူနာ၊ ဆီဗီလာနဲ့ဘီလ်ဘာအို ၃သင်းစလုံးကိုအနိုင်ရထားလို့ ဂျူဗင်တပ်နဲ့ အိမ်ကွင်းပွဲအတွက် အဆင်သင့် ပိုဖြစ်နေနိုင်တယ်။

ဗုဒ္ဓဟူးနေ့အတွက် ပရိသတ်စိတ်အဝင်စားဆုံးပွဲကတော့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီပွဲပါပဲ။ ဘာစီလိုနာနဲ့ မဆုံချင်ပါဘူးလို့ တဖွဖွပြောလေ့ရှိတဲ့ ပီအက်စ်ဂျီနည်းပြအန်းနရစ်ကတော့ သူ့ဆန္ဒ မပြည့်ဘူး ဖြစ်သွားတယ်။ အန်းနရစ်ဟာ ဘာစီလိုနာကို ဇာဗီနည်းပြအဖြစ်တာဝန်ယူခဲ့စဉ် ၂၀၂၄ချန်ပီယံလိဂ်မှာလည်း ဆုံခဲ့ဖူးပြီး အိမ်ကွင်းမှာ ၃-၂နဲ့ ရှုံးခဲ့ပေမယ့် ဘာစီလိုနာရဲ့ နူးကမ့်မှာတော့ ၄-၁နဲ့ ဂိုးပြတ်ပြန်အနိုင်ယူပြီး ပီအက်စ်ဂျီကို နောက်တစ်ဆင့်တက်စေခဲ့ဖူးတယ်။ နောက်ပြီး ပီအက်စ်ဂျီဟာ ဘာစီလိုနာရဲ့အိမ်ကွင်းမှာ နောက်ဆုံးကစားထားတဲ့ ၂ပွဲစလုံး ၄-၁ရလဒ်တွေနဲ့ချည်း အနိုင်ရထားဖူးလို့ ဒီတစ်ကြိမ်တွေ့ဆုံမှုအတွက်လည်း ဘာစီလိုနာကွင်းကို ယုံကြည်မှုရှိရှိ ရောက်လာဖို့ များနေတယ်။ အန်းနရစ်ကတော့ တိုက်စစ်အားသန် ၂သင်းရဲ့ပွဲဖြစ်လို့ ဒီပွဲက ပွဲကောင်းတစ်ပွဲအဖြစ် ပရိသတ်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ဆိုပေမယ့် ၂သင်းစလုံးမှာ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားကောင်းတွေ ၄၊ ၅ဦးလောက်စီအထိ မပါနိုင်လို့ ပရိသတ်တွေအတွက်ရော အသင်းတွေအတွက်ပါ လူစုံတက်စုံမပါနိုင်မှုအပေါ် စိတ်မကောင်းဖြစ်ရပါတယ်လို့လည်း ဆိုခဲ့တယ်။ အန်းနရစ်ပြောသလိုပဲ ၂သင်းထိပ်တိုက်တွေ့ခါနီးမှာ ဒဏ်ရာပြဿနာတွေကလည်း မြင့်တက်လာတယ်။ ဘာစီလိုနာဆိုရင် ဂိုးသမားဂါစီယာကအစ ဂါဗီ၊ ဖာမင်း၊ ရာဖင်ဟာတို့လို အဓိကကစားသမားတွေ ဒီပွဲကို လွဲမှာ သေချာနေကြပြီး ယာမဲလ်ကလည်း မသေချာသေးဘူး ဖြစ်နေတယ်။ ဘာစီလိုနာဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဆိုစီဒက်ကို ၂-၁နဲ့ အနိုင်ယူပြီး လာလီဂါထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်လိုက်ပေမယ့် ဒဏ်ရာရ အဓိကကစားသမားတွေမပါနိုင်ခဲ့လို့ နိုင်ပွဲရဖို့ အတော်လေး ရုန်းကန်ခဲ့ရတယ်။ ထုံးစံအတိုင်း ခံစစ်က ဂိုးအရင်ပေးခဲ့ရလို့ နောက်မှ ပြန်လိုက်အနိုင်ယူခဲ့ရတာဖြစ်ပြီး အိုဗီဒိုနဲ့ ရှေ့မှာ ကစားခဲ့တဲ့ ပွဲတုန်းကလည်း အဲဒီလိုပဲ နောက်မှ ပြန်လိုက်ကစားခဲ့ရသေးတယ်။ ဒီလိုပုံစံနဲ့က ပီအက်စ်ဂျီလို လက်ရှိချန်ပီယံအသင်းတစ်သင်းကို ရင်ဆိုင်ရာမှာတော့ လွယ်မှာ မဟုတ်ဘူး။ ပီအက်စ်ဂျီဟာ အန်းနရစ်လက်ထက်မှာ ကစားပုံလည်း ပိုကျစ်လျစ်လာတဲ့အသင်းဖြစ်လို့ တိုက်စစ်မှာ လူမစုံတဲ့ ဘာစီလိုနာအတွက် ဂိုးရဖို့အတွက်တောင် ခက်ခက်ခဲခဲ ကစားယူရဖို့ များနေတယ်။ ဒါပေမဲ့အန်နရီကေးပြောသလိုပဲ တိုက်စစ်အပြိုင်ဖွင့်ကစားကြမယ့် ဒီပွဲက ပရိသတ်တွေအတွက်တော့ ပွဲကောင်းတစ်ပွဲဖြစ်လာစေမှာပဲ ဖြစ်တယ်။

‼️ မောင်တြိဂံအပါအဝင် ဝါရင့်
ဂျာနယ်ကလောင်ရှင်များရဲ့ ဝန်းရံမှု၊
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့
Hello Soccer ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို
ရယူလိုပါက ပေ့ချ်မက်ဆင်ဂျာကို ဖြစ်စေ၊
Viber နံပါတ် 09-791138672 ကို ဖြစ်စေ၊
Phone 09-954253645 ကို ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ...

Address


Telephone

+959954253645

Website

Alerts

Be the first to know and let us send you an email when Hello Soccer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hello Soccer:

  • Want your business to be the top-listed Media Company?

Share