Plone Studio

Plone Studio West Pwo Karen Song

06/09/2023

ညကအင်တာနက်လိုင်းအခြေအနေကြောင့် ပြတ်သွားတဲ့အပိုင်းလေးကိုအမှတ်တရအနေတဲ့ပြန်တင်ပါရေစေ..အဝေးကနေလာပြီးတစ်ကူးတစ်ကနဲ့လာဆိုပေးကြတဲ့ညီတွေညီမတွေအားလုံးကိုကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ပါတယ်....

05/09/2023

Enjoy the show ☺️🥰

စက်တင်ဘာလမှာကျရောက်မဲ့ကျွန်တော့်ရဲ့ထိပ်စည်းပြောင်းမွေးနေ့မှာအမှတ်တရလေးဖြစ်အောင် ကျွန်တော်ချစ်တဲ့ပိုးကရင်သီချင်းလေးတွေနဲ့...
05/09/2023

စက်တင်ဘာလမှာကျရောက်မဲ့ကျွန်တော့်ရဲ့ထိပ်စည်းပြောင်းမွေးနေ့မှာအမှတ်တရလေးဖြစ်အောင် ကျွန်တော်ချစ်တဲ့ပိုးကရင်သီချင်းလေးတွေနဲ့အတူအားလုံးလည်းသီချင်း‌လေးတွေပြန်ပြီးအမှတ်တရဖြစ်အောင်လို့ Live အစီအစဉ်လေးတစ်ခုကိုဖန်တီးထားပါတယ်။ အဆိုရှင်ငါးယောက်ကပါဝင်အားဖြည့်ပေးမှာဖြစ်ပါတယ်။ ယနေ့ညမြန်မာစံချိန်၇နာရီခွဲအချိန်မှာတင်ဆက်ဖျော်ဖြေသွားဖြစ်ပါတယ်။တစ်ကယ်တော့ကွာလတီကောင်းအောင်သေချာလေးပြင်ဆီပြီးလုပ်လို့ရပေမဲ့ ပရိတ်သတ်နဲ့တိုက်ရိုက်ထိတွေ့နိုင်အောင်လို့ရှိတဲ့ပစ်စည်းလေးတွေနဲ့ကြိုးစားတင်ဆက်မှာဖြစ်လို့ကရင်သီချင်းချစ်သူတွေကလာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်

15/08/2023

ဒီသီချင်းကအားလုံးရင်ထဲအမြဲရှိတဲ့သီချင်းလေးပါ .. ဆရာဇိုင်းယ် သီဆိုခဲ့တာဖြစ်ပါတယ်..သီချင်းဆိုတဲ့နည်းစနစ်ပိုင်းမှာကျွမ်းကျင်သူပီပီ အားလုံးအရမ်းကြွေဆင်းသွားအောင် သီဆိုနိုင်ခဲ့လို့အရမ်းပေါက်ခဲ့တယ်..ကြာခဲ့ပီဆိုပေမဲ့ လတ်ဆတ်နေဆဲသီချင်းဖြစ်ပါတယ်..အခုဒီသီချင်းကိုပြန်လုပ်ချင်တာကြာပါပီ ..အခုတော့လုပ်ဖြစ်သွားပီေပါ့ .အခုပြန်ဆိုမဲ့ညီလေးကလည်း ဆရာဇိုင်းယ်ရဲ့တူလေးတစ်ယောက်ပဲဖြစ်ပါတယ်..သူလည်းဂီတမျိုးရိုးဗီဇရှိသူပီပီ အားလုံးပြန်လည်ကြိုက်နှစ်သက်အောင်သီဆိုနိုင်မယ်လို့ ယုံကြည်ပြီး ပြန်ဆိုခိုင်းခဲ့တာဖြစ်ပါတယ်..သူကတော့ စနိုင်းနိုင်းပါဝါပဲဖြစ်ပါတယ်..အားပေးကြပါအုံးနော်..လိုအပ်ချက်တွေလည်းနားလည်ခံစားပေးရင်းေပါ့ဗျာ..

13/05/2023

မနက်ဖန်ကျရောက်မဲ့မိခင်များနေ့အတွက် အမေသီချင်းလေးတစ်ပုဒ်လုပ်ချင်တဲ့ဆန္ဒဖြစ်လာတဲ့အခါ ကာတာ မှာရောက်နေတဲ့ကျွန်တော်ညီငယ် ဂျောင်းစလင်းကိုသီချင်းရှိလားမေးတဲ့အခါ ချက်ချင်းပဲသူရေးပြီးပို့လာတဲ့သီချင်းအသစ်လေးဖြစ်ပါတယ်...ညီလေးဟေရမုန် ကပန်းတနော်ကနေသူ့ဖုန်းနဲ့အသံဖမ်း သူကိုယ်တိုင်ဆိုပြီးပို့ပေးပါတယ်..နှစ်ယောက်လုံးကိုကျေးဇူးတင်တယ်နော်..ကျွန်တော်အမေကိုအရမ်းချစ်တယ် ..အရမ်းလည်းဆိုးခဲ့ပါတယ်..ခုထိပါပဲ..ဘုရားသခင်ကိုကျေးဇူးတင်တယ်,,ကျွန်တော့်အတွက်အဖိုးမဖြတ်နိုင်တဲ့အမေ့ကိုပေးလို့ေပါ့,,,,အမေပျော်ရွင်ကျမ်းမာပါစေ ..

30/03/2023

တေးရေး Sa Boski ရဲ့လက်ရာလေးကို စဟေရမုန်ကအကောင်းဆုံးသီဆိုလိုက်တဲ့အခါ အင်မတန်ကောင်းမွန်တဲ့သီချင်းလေးတစ်ပုဒ်အဖြစ်နဲ့အသက်ဝင်သွားတာလေးကို နားထောင်ခံစားပေးကြပါအုံးနော်....

21/01/2023

အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာကြပါေစ..သီချင်းတစ်ပုဒ်ဖန်တီးဖို့အဖက်ဖက်ကခက်ခဲလာတဲ့အချိန်ကာလမှာသူငယ်ချင်းတစ်စုမထင်မှတ်ပဲဆုံကြပြီး သီချင်းဟောင်းလေးတစ်ပုဒ်ကိုပေါ့ပေါ့ပါးပါးလေးပြန်လည်သီဆိုထားပါတယ်,ဆရာရက်စိုရဲ့အင်မတန်ပေါက်ခဲ့တဲ့သီချင်းဟောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်,,အဆိုရှင်တွေကတော့ပထမဆုံးအတွေ့အကြုံဖြစ်ပေမဲ့ အားလုံးကစိတ်ဝင်တစ်စားဆိုပေးကြလို့ကျေးဇူးတင်ပါတယ်..ရိုက်ကူးတီးဖြတ်ပေးတဲ့မန်းဂျွန်ကိုကျေးဇူးတင်သလို တေးရေးဆရာဆရာရင်စိုကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်..တက်သစ်စကျလူများကိုလည်းအားပေးကြပါအုံးလို့ ....

21/12/2022

2762 Karen New Year

21/12/2022

Karen Song from Plone Studio

21/12/2022

ခုညနှစ်သစ်ကူးအကြို Live အစီအစဉ်ကို ည (၇) နာရီမှ စတင်မှမို့ ချစ်သော ညီကို မောင်နှမများ စောင့်မျှော်အားပေးကြပါအုံးလို့ ထပ်မံနိူးဆော်လိုက်ပါတယ်

15/12/2022

ကရင်နှစ်သစ်ကူးနေ့ကိုကြိုဆိုသောအားဖြင့် ပိုးကရင်သီချင်းကောင်းလေးတွေကိုLive နားဆင်နိုင်ဖို့ ဒီဇင်ဘာ၂၁ရက် ည(၇)နာရီအချိန်မှာ စောင့်မျှော်အားပေးကြပါအုံးနော်😍😍😍

18/10/2022

ချစ်ခင်ရပါသောပိုးကရင်လူမျိူးများခင်ဗျာ--Plone Studio Page မှသီချင်းများအား ဒေါင်းပြီး ပြန်လည်တင်ပေးတာမျိုးမလုပ်ပဲ စေတနာရှိရင် pageကနေပဲshareပေးပါလို့တောင်းဆိုပါရစေ--ကျွန်တော်ဒီလိုပိုးကရင်သီချငိးတွေကိုသေးသေးမွှားမွှားလေးပဲလုပ်နိုင်ဖို့အရမ်းကိုကြိုးစားခဲ့ရလို့တန်ဖိုးထားပါတယ်--လူတစ်ယောက်ပဲအားပေးလည်းကျေနပ်ပါတယ်---

18/09/2022

ဆရာဝေလျှံကျော်ရဲ့ live ကိ်ု page ကနေလွင့်ဖို့ကြေငြာထားပေမဲ့ကျွန်တော်ရဲ့အကောင့်ကနေမှားလွင့်မိတဲ့အတွက် Plone Studio ရဲ့ပရိတ်သတ်တွေ Page မှာအလွယ်တကူပြန်ရှာကြည့်လို့ရအောင်ပြန်တင်ပေးတာဖြစ်ပါတယ်.. ကျွန်တော့ရဲ့ အကောင့်မှာလူငါးထောင်လောက်ကြည့်ရှုအားပေးခဲ့ပြီးဖြစ်ပေမဲ့ ဒီမှာအမှတ်တရကျန်အောင်ပြန်တင်တဲ့Video ကိုလည်း Like & Share လေးလုပ်ပေးပါအုံးနော်

10/09/2022

ဒီနေ့ကျွန်တော်မွေးနေ့အမှတ်တရာအနေနဲ့ အရမ်းကြိုက်တဲ့ပိုးကရင်သီချင်းကောင်းလေးတစ်ပုဒ်ကို အမှတ်တရပြန်ဖန်တီးဖြစ်ပါတယ်..အမေ့အိမ်ကနေထွက်ခဲ့တာ၂၅နှစ်တိုင်ခဲ့ပေမဲ့ အခုအချိန်မှာ သတိရလွမ်းဆွတ်ဆုံးက အမေ့ရဲ့အိမ်နဲ့ အငွေ့အသက်လေးတွေပါပဲ ..တေးရေးဆရာ ဆရာစံမြင့် သီဆိုပေးတဲ့စပြည့်စုံချစ်နဲ့ Lyric Video လုပ်ပေးတဲ့ဆရာစသက်ထွေးတို့ကို့ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်အပ်ပါတယ်..သီချင်းစာသားအမှားအယွင်းတွေကိုလည်းသည်းခံပေးပါရန်တောင်းပန်အပ်ပါသည်.

09/09/2022

မနက်ဖန်ည (၇)နာရီအချိန် Plone Studio Page မှာပိုးကရင်တေးရေးတေးဆို စဝေလျှံကျော်ရဲ့သီချင်းတွေကို Live နားဆင်ရမှာဖြစ်ပါတယ်..

15/08/2022

ကျွန်တော်သိပ်ချစ်ရတဲ့ပိုးကရင်အဆိုတော်ကြီးမန်းမြတ်စိုး ခွဲခွာသွားတာတစ်နှစ်ပြည့်သွားပီး..မနှစ်ကဒီလိုအချိန်သိပ်ကိုဝမ်းနည်းပူဆွေးခဲ့ရတယ်,မနေ့တစ်နေ့ကလိုပါပဲ..ပိုးကရင်သီချင်းတော်တော်များများသူနဲ့အတူဖန်တီးခဲ့ကြတာမမေ့နိုင်ဘူး ,သူနဲ့သီချင်အသစ်တွေထပ်မလုပ်နိုင်ပေမဲ့ သူနဲလုပ်ခဲ့တဲ့အမှတ်တရတွေအများကြီးထဲက ကိုယ်တိုင်လည်းတီး အသံလည်းဖမ်းပေးခဲ့ရတဲ့ သီချင်းထဲကတစ်ပုဒ်ကို ကျွန်တော်တို့အားလုံးအလွမ်းပြေ သူ့အသံလေးကိုပြန်လည်နားထောင်နိုင်ဖို့ တင်ပေးလိုက်ပါတယ်.ကျန်ရစ်ခဲ့တဲ့ဇနီးမိပွင့်နဲ့သမီးလေးသုံးဉီးကို ဆုတောင်းကောင်းကြီးပေးခြင်းဖြင့်အမြဲသတိရပေးပါ..သီချင်းရေးစပ်သူကတော့ဆရာရကိစိုဖြစ်ပါတယ်..

04/07/2022

၂၀၀၀ခုနှစ်လောက်ကအရမ်းအောင်မြင်ခဲ့တဲ့ ဆရာရက်စိုရေးစပ်ခဲ့တဲ့သီချင်းကောင်းလေးတစ်ပုဒ်ကို ပြန်လည်ဖန်တီးထားပါတယ် .. မူရင်းတေးဆိုကတော့ဆရာကိုကိုလတ်ဖြစ်ပြီး အခုတော့ Kway Lou Thou ရဲ့ Top 5 ပြိုင်ပွဲဝင် စဟေသောကပြန်လည်သီဆိုထားပါတယ်... ရွာကနေပဲ ဖုန်းလေးနဲ့အသံဖမ်းပြီးဆိုထားတာမို့ လိုအပ်ချက်လေးကိုလည်းသည်းခံပေးဖို့တောင်းပန်ပါတယ်..
Piano Solo လေးတီးခတ်ပေးတာကတော့ ကျွန်တော့်ရဲ့ဆရာလည်းဖြစ် ကျွန်တော့ကိုလည်း Music နဲ့ပတ်သက်ရင်အမြဲကူညီပေးတဲ့ ဆရာရစ်ချက်ကျော်ဖြစ်ပါတယ်.. သူကိုယ်တိုင်က ပိုးကရင်လူမျိုးလည်းဖြစ်ပြီး လက်ရှိအမေရိကားမှာနေထိုင်ပါတယ် ..Musis School လည်းပြီးထားသူဖြစ်ပြီး Classical Music မှာအင်မတန်တော်တဲ့ဆရာသမားဖြစ်လို့ ပိုးကရင်လူမျိုးအတွက် တစ်ကယ့်ဂုဏ်ယူစရာကောင်းတဲ့သူဖြစ်ပါတယ်ခင်ဗျား ..အားလုံးပဲအားပေးကြဖို့မျော်လင့်ပါတယ်..Youtube မှာသီချင်းတွေကိုတစ်ပေါင်းတည်းနားထောင်နိုင်ဖို့ Subscribe လုပ်ပေးကြပါအုံး
https://www.youtube.com/watch?v=imdRw4pFjaw&t=12s

19/06/2022

ဒီအပတ်မှကျရောက်မဲ့ဖခင်များနေ့အတွက်အမှတ်တရ ပိုးကရင်အဖေသီချင်းလေးကို ပြန်လည်ဖန်တီးဖြစ်ပါတယ်..သီချင်းကိုရေးစပ်သူနဲ့သီဆိုသူကတော့ ကျွန်တော်ရဲ့ Music ဆရာမလည်းဖြစ် စန္ဒရားတီးခတ်တဲ့နေရာမှာအရမ်းကို ငေးကြည့်ရလောက်အောင် တော်တဲ့ဆရာမကြီးမူမူဆိုင်ဖြစ်ပါတယ်..ဆရာမကြီးရဲ့ လူမျိုးအပေါ် တန်ဘိုးထား ချစ်ခင်စိတ်ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရလို့ အခုထိတိုင်လေးစားရဆဲ အတုယူရဆဲပါ...ဒိသီချင်းလေးကတော့ အထူးသဖြင့် ဖခင်တွေမရှိတော့တဲ့သူတွေအတွက် ဖခင်ရဲ့ကျေးဇူးတရားနဲ့ချစ်ခြင်းမေတ္တာတွေကို ပြန်လည်းအမှတ်ရစေမှပါ,,

29/05/2022

ပွဲလည်းပြီးမီးလည်းသေ..... အားလုံးကိုကျေးဇူးတင်ပါတယ်. .

29/05/2022
29/05/2022

ဒီည ၇နာရီအချိန်မှာ ပိုးကရင်အဆိုတော်နန့်ဆဲပွဲထူးရဲ့သီချင်းတွေကို ဒီပေ့မှာ Live နားဆင်ရမှာဖြစ်ပါတယ်...အားလုံးကိုဖိတ်ခေါ်ပါတယ်

23/05/2022

လာမဲ့ Sunday ညနေ (၇) နာရီမှာ ပိုးကရင်အဆိုတော် နန့်ဆဲပွဲထူးရဲ့သီချင်းလေးတွေ အတူတူ နားထောင်ကြရအောင်နော် . Plone Studio Page မှာLive လွင့်မှာပါ

08/05/2022

ဒီသီချင်းကိုရေးစပ်သူက မန်းဝေါလစ်ထွန်းလို့သိရပါတယ်..ကျွန်တော်မှတ်သားမိသလောက်ဆရာမကြီးမူမူဆိုင်ရေးခဲ့တယ်ဆိုပေမဲ့ အခုမှဆရာမကသူရေးခဲ့တဲ့သီချင်းမဟုတ်ဘူးလို့ပြောပြလာတဲ့အတွက်ကျွန်တော်ရဲ့အမှားအတွက်တောင်းပန်ပါတယ်.. နောက်နောင်လည်းဂရုစိုက်ပြီးကြိုးစားပါ့မယ်ခင်ဗျာ....

11/04/2022

လွန်ခဲ့သော(၂၂) နှစ်ဝန်းကျင်ခန့်က ကျွန်တော်ကျမ်းစာကျောင်းတက်တဲ့အချိန် ခုကျောင်းတော်ကြီးရဲ့ကျောင်းအုပ်ဖြစ်တဲ့ Rev.Dr.စိုးသီဟက ကရင်သီချင်းတွေထွက်နိုင်ဖို့ ကျောင်းမှာကရင်သီချင်းတေးရေးပြိုင်ပွဲကိုလုပ်ပေးခဲ့တဲ့အခါမှာကျွန်တော်အပါအဝင်အများကြီးပြိုင်ပွဲဝင်တဲ့အထဲမှာ ခုသီချင်းကိုရေးစပ်တဲ့ဆရာရက်စို က ပထမရရှိပြီး ဆရာတော်မန်းထွန်းသန်းထုတ်တဲ့အခွေထဲမှအရွေးခံရပြီး ဆရာရက်စို ကိုယ်တိုင်သီဆိုခဲ့တာ အရမ်းကိုအောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်...
ခုဒီသီချင်းကို ပြန်လည်တီးခတ်ဖို့စဉ်းစားတဲ့အခါမှာ ဒီဘက်ခောတ် ပုံစံလေးဖြစ်အောင်
Computer တစ်လုံးနဲ့ FL Studio Software ကိုအသုံပြုပြီး တီးခတ်နိုင်တဲ့လူငယ်လေးတစ်ဉီးနဲ့ Plone Studio မှာဆုံကြတဲ့အခါ ဆန်းသစ်တဲ့ပုံစံလေးနဲ့အခုနားဆင်နိုင်တာဖြစ်ပါတယ်.
Music Producer ရော Vocalistရော က ပုသိမ်-မြောင်းမြသာသနာနယ် သစ်ဖြူချောင်းအသင်းတော်ကပိုးကရင်လူငယ်တွေဖြစ်ပါတယ်.ဒီလိုထက်မြက်ပြီးအရည်အချင်းရှိတဲ့ ပိုးကရင်လူငယ်တွေ အများကြီးရှိနေမယ်ဆိုတာ ဒါသက်သေပါပဲ.... ကျွန်တော်တို့ဒီလိုကလေးတွေကို ဝိုင်းဝန်းအားပေး ပြုစုပျိုးထောင်ဖို့လိုနေတာက ငြင်းမရတဲ့အမှန်တရားတစ်ခုပါပဲ.... အနည်းဆုံးတော့ အားပေးခြင်းအားဖြင့် ရေလောင်းပေးကြရအောင်ဗျာ....
Video ရိုက်ကူးရေးနဲ့ Editing ကိုအကောင်းဆုံးတီးဖြတ်ပေးတဲ့ Thoe Khant (Step To Dream) ကိုအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်.

03/03/2022

တေးရေးဆရာရက်စိုရဲ့ ပိုးကရင်သီချင်းအသစ်လေးတစ်ပုဒ်ကို စခဲနယ် နန့်ယဉ်မိုးနောင်တို့ရဲ့အကောင်းဆုံးသီဆိုမှု့နဲ့ နားဆင်နိုင်ဖို့တင်ပေးလိုက်ပါတယ်..Wedding Video လေးကိုအသုံးပြုခွင့်ပေးသော စောစမ်မစန်နဲ့နန့်မူဂေးတို့ကို ကျေးဇူးတင်ပါတယ်..like & share ပေးခြင်းဖြင့် ကူညီပေးကြပါအုံး ❤️❤️❤️❤️❤️ https://www.youtube.com/watch?v=3kD4hnh6oLg , Plone Studio Youtube Channel လေးကို share , subscribe လုပ်ပေးခြင်းဖြင့်ပံ့ပိုးပေးဖို့တောင်းဆိုပါရစေနော်.

03/02/2022

(One Year Anniversary ) Plone Studio ရဲ့တစ်နှစ်ပြည့်မြောက်ခြင်းအတွက်ရှေးဉီးစွာအဖဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ Plone Studio ဖြစ်ဖို့ အဓိကကူညီပေးတဲ့ စဖောင်သိမ် (Joel Gyi) နဲ့ စအိုင်ဂေး (ဆောင်းအိမ်မက်) တို့ကိုအထူးကျေးဇူးတင်ရှိပါတယ်။
ဒီ Video လေးကိုအကောင်းဆုံးရိုက်ကူးတည်းဖြတ်ပေးသော shahmoephotography သူငယ်ချင်း ရှားမိုးကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။ သီချင်းအသုံးပြုခွင့်ပေးတဲ့ဆရာဝေ (စဝေလျှံကျော်)နဲ့
ကျုံပျော်ကနေ ခက်ခက်ခဲခဲ သီချင်းသွင်းရပေမဲ့ စိတ်ရှည်စွာနဲ့ အကောင်းဆုံးသီဆိုပေးတဲ့ ညီမလေးဖွေးဖွေးစံကိုလည်း အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အကောင်းဆုံးအသံဖြစ်အောင် Mixing ဆွဲပေးတဲ့ စအစောင်းမန်း ကိုလည်းကျေးဇူးတင်ပါတယ်။
ပိုးကရင်သီချင်းတွေနားဆင်နိုင်ဖို့ Plone Studio page နဲ့ Plone Studio Youtube Channel; https://www.youtube.com/watch?v=fNXgjxWpTr8 တို့ကို Like , share , subscribe လုပ်ပေးခြင်းဖြင့်ပံ့ပိုးပေးဖို့တောင်းဆိုပါရစေနော်.

09/01/2022

လူငယ်တေးသံရှင် စဟေရမုန်ရဲ့ ပထမဆုံး ပိုးကရင်သီချင်းလေးကို တင်ပေးလိုက်တယ်နော်

02/01/2022

ဒီနှစ်ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးအတွက် အမှတ်တရအနေနဲ့ သီချင်းဟောင်းလေးသုံးပုဒ်ကို ပြန်လည်နားဆင်နိုင်ဖို့ တင်ပေးလိုက်တယ်နော်..ချစ်ရတဲ့အမျိုးတွေအားလုံးဘေးဘရာဝေးကွာပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေ

31/12/2021

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မနက်ဖြန်ည (၁.၁.၂၀၂၂) မှာ အမျိုးတွေနဲ့ အတူတူဆုံချင်ပါတယ်။ ရှိတဲ့လူနဲ့သိုက်သိုက်ဝန်းဝန်းဖြစ်အောင် စီစဉ်ထားတာကြောင့်၊ ဒီ Live Streaming မှာ မဖြစ်မနေတွေ့ကြရအောင်နော်။ ပြည်တွင်းပြည်ပက ညီအစ်ကိုများအားလုံးကို သတိယအောက်မေ့လျက်ပါ။

24/12/2021

သူငယ်ချင်းတို့ရေ ဒီနှစ်ကျေရောက်မဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အတွက် အမှတ်တရအနေနဲ့ ဆရာထီလုတ်ဟီရဲ့ လက်ရာကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ အောင်မြင်ခဲ့တဲ့ သီချင်းဟောင်းလေးတစ်ပုဒ်ကို စအိုင်လုတ် ကပြန်လည်သီဆိုထားတာလေး တင်ဆက်ပေးပါရစေ..ခက်ခဲတဲ့ကာလတစ်ခုကိုဖြတ်သန်းနေကြရသလို ဒုက္ခအပေါင်းနဲ့အမြန်ဆုံးကင်းဝေးကြပါစေ

25/11/2021

၂၀၀၀ခုနှစ်လောက်ကအရမ်းလူကြိုက်များတဲ့သီချင်းလေးကို ပြန်လည်ဖန်တီးထားပါတယ်.ပြန်လည်သီဆိုပေးတဲ့ ဆရာကျော်စိုး+ဆရာမူခင်နန်းမူနဲ့သရုပ်ဆောင်ပေးကြတဲ့ ဆရာစနေရူး+နန်းဟန်နီထွန်းတို့အားအထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်.

14/10/2021

ပိုးကရင်သီချင်းတွေကိုချစ်မြတ်နိုးပြီး ဝါသနာကြီးတဲ့ လူငယ်တစ်ယောက်က plone studio page ကနေဆက်သွယ်လာတယ်..ခက်ခက်ခဲခဲနဲ့စုထားတဲ့ငွေလေးတစ်ချို့ကို မစားပဲ သီချင်းဆိုဖို့အတွက်အသုံးပြုခဲ့တယ်...အရင်တချိန်က ပိုးကရင်သီချင်းတွေတီးရဖို့ ဆိုရဖို့ ပိုက်ဆံတွေထည့်ပြီးမှ ပါခဲ့ရတဲ့ သူငယ်ချင်းတွေကိုသတိရမိတယ်..ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ဝါသနာတူတဲ့ညီနဲ့တွေ့ရလို့ပျော်ပါတယ်..ကျွန်တော်တို့ ပိုကောင်းအောင်အများကြီးလုပ်ချင်ပါတယ်..လိုအပ်ချက်တွေများလွန်းလို့ ရှိသလောက် တတ်သလောက်လေးနဲ့ ပိုးကရင်သီချင်းကိုချစ်တဲ့လူတွေအတွက် ကြိုးစားမှု့လေးကို အားပေးကြဖို့မျှော်လင့်ပါတယ်

04/10/2021

ပိုးကရင်ဓမ္မသီချင်း အမှတ်စဉ် (၃၂၃) ကို ပုသိမ်မြောင်းမြသာသနာနယ် ဖိုးရွှေလေးအသင်းတော် လူငယ်များမှ ချီးမွမ်းသီဆိုထားပါတယ်..ရွာကနေ ခက်ခက်ခဲခဲ အသံသွင်းပေးပြီး ကူညီပေးကြတဲ့
စဟွားရှူ၊စရေလှိုင်းဉီး၊နန့်ဝင်းဝင်းအေး၊နန့်မီးငယ်တို့ကိုအထူကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါတယ်..အခက်အခဲအများကြီးကြားက ကြိုးစားလုပ်ရတာဖြစ်လို့ အပြစ်မမြင်ပဲအားပေးနားဆင်ကြဖို့ မေတ္တာရပ်ခံပါတယ်

Address


Telephone

+959250224014

Website

Alerts

Be the first to know and let us send you an email when Plone Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Plone Studio:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share