19/03/2023
အမေရိကန် တက္ကသိုလ်တွေက သင်ကြားသော နည်းလမ်းတစ်နည်း.❤.
◾ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေကသင်ကြားတဲ့ သင်ကြားနည်းတိုင်းကို ကျွန်တော်ကိုယ်တိုင်အကုန်လည်းမသိသလို
သိသမျှတိုင်းကိုလည်း ဆောင်းပါးတစ်ခုတည်းနဲ့ပြောလိုမရပေမဲ့
ကျွန်တော်သိတဲ့ အသုံးဝင်တဲ့နည်းလမ်းတစ်ခုကို ပြောပြချင်ပါတယ်။.
◾ Why…Why…( ဘာကြောင့်လဲ….ဘာကြောင့်လဲ…….) ကို
ဆက်တိုက်မေးခြင်း.
ဒီနည်းလမ်းကိုပြောပြရမယ်ဆိုရင် ဥပမာအမေရိကန်ပြည်ထောင်စုက
ကမ္ဘာကျော်တီထွင်သူတွေ ၊ နယ်ပယ်အသီးသီးက ပညာရှင်တွေဘာလို့ပေါ်ထွက်လာတာလဲကို ဘာကြောင့်လဲလို့မေးကြည့်ရအောင်။ မေးလိုက်တဲ့အခါ အမေရိကန်လူမျိုးတွေက အလိုလိုပိုတော်လို့လားဆိုတော့ မပာုတ်ပါဘူး။ ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံအရ အမေရိကန်တွေပာာ
မွေးကတည်းကတော်လို့မပာုတ်ပါဘူး။.
သူတို့မွေးလာကတည်းက သူတို့အတွက် A,B,C,D,E စသင်တဲ့ကာလကစပြီး စာသင်ပေးတဲ့မူကြိုစနစ်တွေ ၊ သူငယ်တန်းကစပြီး သင်ထောက်ကူ
ပစ္စည်းအပြည့်အစုံနဲ့ဆရာမတွေက ကျောင်းသား ၊ ကျောင်းသူတွေကို
ဂရုစိုက်ပြီး သူတို့တွေ ကိုယ့်ပာာကိုယ်တွေးခေါ်စဉ်းစားနိုင်အောင် မေးခွန်းထုတ်မှုတွေ အတန်းထဲတွင်လည်း မင်းဘာထင်လဲဆိုတဲ့ မေးခွန်းတွေကိုအဓိကထား သင်ကြားနည်းတွေကို အင်္ဂလိပ်စာပေအခန်းတွေတွင်
သင်ကြားမှုတွေ ၊ သိချင်တဲ့ကျောင်းသား ၊ ကျောင်းသူတွေအတွက် စာကြည့်တိုက်တွေ ၊ စာအုပ်တွေစုံစုံလင်လင်အများကြီးဝယ်ပြီးကျောင်းသား ၊ ကျောင်းသူတွေဖတ်ဖို့ထားရှိမှုတွေ ၊ ဆရာတွေပြည့်စုံအောင်သင်နိုင်မှုတွေ ၊ စာမေးပွဲတွေကိုအရမ်းခက်အောင်လုပ်ထားတာကြောင့် ကျောင်းသား ၊ ကျောင်းသူတွေက တကယ်နားလည်အောင်ကြိုးစားရမှုတွေ ၊ ကောလိပ်ရောက်တဲ့အခါလည်း အင်မတန်တော်တဲ့ ပါမောက္ခတွေရှိခြင်း ၊ ကျောင်းသား ၊
ကျောင်းသူတွေကို နက်နက်နဲနဲစဉ်းစားခိုင်းမှုတွေ ၊ သိပ္ပံဆိုရင်လည်း သင်ထောက်ကူပစ္စည်းထောက်ပံ့နိုင်မှု စသည်ဖြင့် ကလေးတစ်ယောက်မွေးရာကနေ ကောလိပ်အောင်တဲ့အထိကို အဘက်ဘက်က ထောက်ပံ့နိုင်မှုတွေ
ကြောင့် ကမ္ဘာကလေးစားရတဲ့ ပညာရှင်တွေ ၊ သိပ္ပံနယ်ပယ်တွင်လည်း လူတွေကိုအကျိုးပြုမယ့်ရှာဖွေတွေ့ရှိမှုတွေ ပေါ်ပေါက်လာတာပါ။
ဒီစနစ်က အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားလာသည့်ကလေးတိုင်းကို ပညာရှင်ဖြစ်စေမယ်လိုတော့ အာမမခံပေမဲ့ တကယ်ကြိုးစားပြီး စိတ်ဝင်စားတဲ့သူတွေအတွက်တော့ ကမ္ဘာအဆင့်ပညာရှင်တွေအထိကို ရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။..
◾◾
ဒီလိုစနစ်ဘာလို့ရှိလဲလိုမေးကြည့်ရင် အစိုးရက ငွေတွေနဲ့ထောက်ပံ့နိုင်လို့ပာု ဖြေရပါလိမ့်မယ်။.
ဘာလို့အစိုးရက ထောက်ပံ့နိုင်တာလဲလို့မေးရင် ပိုက်ဆံရှိလို့ပါပဲ။
ဘာလို့ပိုက်ဆံရှိတာလဲလို့မေးရင် အခွန်တွေအများကြီးရနေလို့ပါဘဲ။
အမေရိကန်ပြည်သူတွေ ၊ စီးပွားရေးလုပ်ငန်းတွေက ရတဲ့အခွန်တွေကို
တခြားနေရာတွေတွင်သုံးတာအပြင် ပညာရေးတွင်လည်း သုံးနိုင်လို့ပါဘဲ။
ဘာလို့အခွန်တွေအများကြီးရှိတာလဲလို့မေးရင် စီးပွားရေးလုပ်ငန်းတွေအများကြီး ၊ အမေရိကန်ပြည်သူတွေကလည်း အခွန်ပေးနေရလို့ပါ။
အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူတစ်ယောက်ပာာ ဝင်ငွေပိုများလေလေ အခွန်ပိုပေးရလေလေပါဘဲ။ အမေရိကန်ပြည်ထောင်စုတွင် ချမ်းသာသော ဘီလီယံနာတွေအများကြီးရှိကြပါတယ်။ တစ်ယောက်မကရှိကြပါတယ်။ သူတို့တွေကလည်း အခွန်တွေအများကြီးပေးရပါတယ်။ စီးပွားရေးလုပ်ငန်းတွေကလည်း အများကြီးရှိကြပါတယ်။ ထိုစီးပွားရေးလုပ်ငန်းတွေကလည်း အခွန်တွေပေးရပါတယ်။
ဘာလို့ဒီလောက်အခွန်တွေအများကြီးပေးနိုင်တာလဲဆိုတာကိုလည်း ဆက်မေးလို့ရပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးက အရမ်းရှည်သွားမှာမို့လို့ဆက်ပြီးတော့မမေးတော့ပါ။ ဒါတွေအကုန်လုံးကိုဖတ်ပြီး စဉ်းစားနည်းကို သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ကိုယ်တိုင် ဒီလိုမေးခွန်းတွေဆက်တိုက်မေးရတဲ့ စာတမ်းတွေကိုရေးဖူးပါတယ်။ အရမ်းကိုခက်ပါတယ်။
◾
ကျွန်တော်သင်ခဲ့ဖူးတဲ့ ပါမောက္ခတစ်ယောက်ကပြောဖူးပါတယ်။ Think Deeper ( ပိုပြီးနက်နဲစွာစဉ်းစားပါ )လို့ပြောဖူးပါတယ်။ ခုနကပြောခဲ့တဲ့
ကျွန်တော် သိသလောက်ပဲပြောခဲ့တာကို ပါမောက္ခက လေ့လာပြီးဆက်ရေးပါဆိုရင် ကျွန်တော်ကနေပြီးတော့ စာကြည့်တိုက်သွားပြီး စာကြည့်တိုက်က
Database ကို သွားပြီးရှာရမှာပါ။ ပါမောက္ခတွေက သုတေသနလုပ်ရင် Scholarly Article ကိုရှာခိုင်းပါတယ်။
Scholarly Article ဆိုတာက တခြား ပါမောက္ခ ၊ သုတေသနပညာရှင်
( researcher ) စတဲ့ ကျွမ်းကျင်တဲ့သူတွေရေးထားတဲ့ ဆောင်းပါးတွေပါ။ သူတို့ရေးတဲ့စာတွေကတစ်ဆငိ့ကိုယ်ကိုယ်တိုင် လေ့လာပြီးတော့ ပါမောက္ခကသူတို့ဆီကနေ ယူခိုင်းပါတယ်။ သူတို့တွေက Academic Journal ( ပညာရေးဆိုင်ရာဂျာနယ် )တွေမှာပဲရေးတတ်ပါသည်။ ထိုပညာရေးဆိုင်ရာဂျာနယ်တွေက ပိုက်ဆံပေးဝယ်ပြီးမှဖတ်လို့ရတာပါ။ ဒါပေမဲ့ ကျောင်းက ကျောင်းသား ၊ကျောင်းသူတွေအတွက် ကျောင်းက ပိုက်ဆံပေးပြီးသားဖြစ်လို့လွယ်လွယ်ကူကူနဲ့ဝင်ရှာလို့ရပါတယ်။ ပါမောက္ခတွေက ရထားဂိတ်ကစျေးဆိုင်တွင်ရောင်းသော မဂ္ဂဇင်း ၊ သတင်းစာတွေကိုလက်မခံပါ။
ဒီလို Database( ကွန်ပျူတာတွင်အချက်အလက်များတည်ရှိနေမှု ) ထဲကို ကိုယ်လိုချင်တာတွေရှာတဲ့အခါ ရှာတိုင်းမတွေ့တတ်ပါဘူး။ အချိန်ပေးရပြီး စာတမ်းပေးရမယ့်နေ့မတိုင်ခင် ရက်ပေါင်းများစွာကြိုပြီး လုပ်ရပါတယ်။
မတွေ့ရင် စာကြည့်တိုက်မှူးတွေက ကူရှာပေးပါတယ်။ စာကြည့်တိုက်မှူးတွေက ရှာတဲ့ နည်းလမ်းတွေကိုသိပြီး သူတို့တွေကို မမေးမဖြစ်မေးရပါတယ်။ ဒါတွေအားလုံးကို ကျောင်းသားက ကိုယ့်ပာာကိုယ်လုပ်ရတာပါ။ ကိုယ့်ပာာကို ခေါင်းခြောက်အောင်မေးခွန်းတွေမေး ၊ ဆောင်းပါးတွေကိုကိုယ့်ပာာကိုဖတ် ၊ စာတွေကိုယ့်ပာာကိုယ် laptop တွင်ရိုက် ၊ စာကြည့်တိုက်မှူးကို
ပြေးမေး စသည်ဖြင့် လုပ်ရပါတယ်။ အင်မတန်ပင်ပန်းပါတယ်။
ပါမောက္ခဆီကိုလည်း ရေးနေစဉ်ကာလတွင်ရေးပြီးသားတွေကို သွားပြရသလို နားမလည်တာတွေ မရှင်းတာတွေလည်း သွားမေးရပါတယ်။ သွားပြတဲ့အခါ ပါမောက္ခက ဒါကတော့ ဒီလိုရှိတယ် မင်းဒီလိုရေးရမယ်ဆိုရင်လည်း သူပြောတဲ့အတိုင်း ထပ်လုပ်ရပါတယ်။ ကျောင်းသားပာာ အရာအားလုံးကို သူကိုယ်တိုင်လုပ်ရပါတယ်။ ဒါကြောင့် ကျောင်းသားတွေပာာ စာကြည့်တိုက်ထဲတွင် အမြဲတမ်းအလုပ်များနေကြပါတယ်။
ဒီစာတမ်းပြီးသွားတဲ့အချိန်တွင် ကျောင်းသားရဲ့ဦးနှောက်ထဲတွင် အကြောင်းအရာခေါင်းစဉ်ကို ပိုပြီးနားလည်နိုင်သလို ဗပာုသုတတွေလည်း ပိုပြီးတိုးသွားနိုင်ပါတယ်။ သူပာာစဉ်းစားတဲ့အခါ ဗပာုသုတ အချက်အလက်နဲ့
အကြောင်းအရာကို နက်နဲစွာနားလည်မှုနဲ့စဉ်းစားနိုင်ပါတယ်။
ဒါပာာ အမေရိကန်ပညာရေးစနစ်ရဲ့သတ်မှတ်ထားတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ဒီလိုမျိုးစဉ်းစားတတ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးတာပါ။ နက်နဲစွာနားလည်အောင်မေးခွန်းတွေဆက်တိုက်မေးခြင်း ၊ မေးရင်နဲ့မသိတာကို သုတေသနပြုပြီးရှာဖွေတဲ့စနစ်ကို ကျောင်းတွင်သာအသုံးပြုတာမပာုတ်ပါဘူး။ ကျောင်းပြီးတာနဲ့တကယ့်လုပ်ငန်းခွင်တွင် စီးပွားရေးနဲ့ပတ်သတ်တဲ့ဆုံးဖြတ်ချက်ကို လုပ်တော့မယ်ဆိုရင် အချက်အလက်နဲ့အကြောင်းအရာကို နက်နဲစွာနားလည်မှုရပြီးမှ ဘာလုပ်မယ်ဆိုတာ စဉ်းစားကြတာပါ။ ဒါကြောင့်လည်း အမေရိကန်ကုမ္ပဏီတွေအောင်မြင်သလို ပညာရှင်တွေလည်း
မြောက်များစွာပေါ်ထွက်လာတာပါ။
ကျွန်တော်ခုနကပြောခဲ့တာကတော့ ကျောင်းကစာသင်ခန်းတစ်ခန်းတွင် (၁၀)မျက်နှာပဲရှိတဲ့ assignment ( အလုပ် ) တစ်ခုပါ။ တကယ်စိတ်ဝင်စားတဲ့ ကျောင်းသား ၊ ကျောင်းသူပာာ ဒီနည်းလမ်းနဲ့လိုက်ပြီး မေးခွန်းတွေကို ဆက်တိုက်မေး ၊ အချက်အလက်တွေကိုလည်း စာအုပ်တွေ ၊ အွန်လိုင်း Database ( ကွန်ပြူတာတွင် အချက်အလက်များတည်ရှိနေမှု )ကိုအသုံးပြုပြီး သုတေသနပြုပြီးလေ့လာပြီး (၁၀)မျက်နှာထက်ရှည်တယ့် စာတမ်းတွေကိုရေးပြီး Ph.D အဆင့်ကိုတက်လှမ်းနိုင်ပါတယ်။ Ph.D ကတော့ (၁၀)မျက်နှာထက်ပိုပြီး စာတမ်းတွေရေးရပြီး ပိုပြီးလည်းသုတေသနလုပ်ရ ၊
ပိုပြီးတော့တောင်နက်နဲတဲ့နားလည်မှုကို ရစေပါတယ်။ နောက်တစ်ခုက အမေရိကန်ပြည်ထောင်စုတွင် Ph.D ကိုတက်ဖို့အတွက် ပညာသင်ထောက်ပံ့မှုတွေအများကြီးရှိပါတယ်။ Ph.D ကိုတက်ရင် fellowship လို့ခေါ်တဲ့ ပညာသင်ထောက်ပံမှုတွေအများကြီးရှိပြီး ပညာသင်တဲ့အချိန် (၅)နှစ်စလုံးကို ထောက်ပံ့ပါတယ်။
◾◾
မှတ်ချက်- Ph.D ကိုပျမ်းမျှအားဖြင့်အနည်းဆုံး (၅)နှစ်တက်ရပါသည်။
အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ထောက်ပံ့မှုအပေါဆုံးက Ph.D ပါဘဲ။ Ph.D တက်ဖို့ Master Degree နဲ့GRE အမှတ်မြင့်မြင့် ၊ အင်မတန်စိတ်ဝင်စားမှုတွေက လူတိုင်းတွင်မရှိတဲ့အတွက် Ph.D တက်တဲ့လူတွေက အင်မတန်နည်းပါသည်။ ဒါကြောင့်ပညာသင်ထောက်ပံ့မှုတွေက အများကြီးပိုနေတာပါ။
◾ ◾
Ph.D ရဲ့အားသာချက် တစ်ခုက ဘာသာရပ်တစ်ခုကို အရမ်းကိုနက်နက်နဲနဲနားလည်စေပြီး ဗပာုသုတလည်းအင်မတန်သိစေပြီး ကြိုးစားသူကို ပညာရှင်အဆင့်ကိုရောက်စေတာပါဘဲ။ ဒီလိုပညာရှင်တွေအများကြီးထွက်ပေါ်လာအောင် စနစ်တစ်ခုလုံးကြီးကိုဖန်တီးထားတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့မတိုးတက်စရာအကြောင်းမရှိပါ။.
အမေရိကန်ပြည်ထောင်စုကနေ နယ်ပယ်မျိုးစုံကနေ ပညာရှင်တွေထွက်ပေါ်လာပြီး ပညာရေးတွင်ဦးဆောင်နေသည်က အံသြစရာမပာုတ်ပါ။......
ကျော်ထွန်း