15/04/2020
ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံး ကပ်ရောဂါများ
...................................................................................
[M , Elysium]
ကမ္ဘာ့သမိုင်းမှာ ကပ်ရောဂါကြီးတွေ အများကြီး ဖြစ်ပွားခဲ့ပါတယ်။ဒီအထဲကမှ အဆိုးဆုံးဖြစ်ခဲ့တဲ့ ရောဂါတွေကို သေဆုံးနှုန်းနဲ့တကွ အောက်မှာ ဖော်ပြသွားပါ့မယ်။
Notes- သေဆုံးနှုန်းတွေက ရောဂါဖြစ်ပွားချိန်မှာ ရှိခဲ့တဲ့ ကမ္ဘာ့လူဦးရေနဲ့ သေဆုံးသူဦးရေနဲ့ အချိုးချ တွက်ချက်ထားတာဖြစ်ပါတယ်။
◾SARS ( 2002 -2004 )
အရှည်ကောက်အနေနဲ့ Severe Acute Respiratory Syndrome လို့ခေါ်တဲ့ Coronavirus တစ်မျိုးဟာ November , 2002 မှာ တရုတ်နိုင်ငံ၌ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး နိုင်ငံပေါင်း 29 နိုင်ငံကို ကူးစက်ခဲ့ပါတယ်။ကမ္ဘာတဝှမ်း Cases ပေါင်း 8,000 ကျော်တွေ့ရှိခဲ့ပြီး 774 ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 8,200,000 (၈.၂ သန်း) တွင် 1 ဦး
◾Ebola ( 2013 - 2016 )
Guinea နိုင်ငံရဲ့ အရှေ့တောင်ဘက်ဒေသမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါ အဓိက ဖြစ်ပွားခဲ့တဲ့ အနောက်အာဖရိကနိုင်ငံတွေမှာ သေဆုံးနှုန်းဟာ 50% အထိရှိခဲ့ပါတယ်။Cases ပေါင်း 28,000 ကျော်တွေ့ရှိခဲ့ပြီး 11,320 ဦး ကျော် သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 637,000 ( ၆ သိန်း ၃ သောင်း ၇ ထောင် ) တွင် 1 ဦး
◾Covid-19 ( 2019 - NOW )
နောက်ထပ် Coronavirus တစ်မျိုးဖြစ်တဲ့ Covid - 19 ပထမဆုံး Case ကို တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယခု စာရေးနေချိန်မှာ ကမ္ဘာတဝှမ်း ကူးစက်ခံရသူပေါင်း 2,000,000 ( ၂ သန်း ) ကျော်ပြီဖြစ်ကာ သေဆုံးသူပေါင်း 126,000 ( ၁ သိန်း ၂ သောင်း ၆ ထောင် ) ကျော်ရှိပြီ ဖြစ်ပါတယ်။
သေဆုံးနှုန်း - လူ 60,000 ( ၆ သောင်း ) တွင် 1 ဦး
◾Swine Flu ( 2009 - 2010 )
မြောက်အမေရိကမှာစတင်တွေ့ရှိခဲ့တဲ့ H1N1 Influenza virus ဟာ ကမ္ဘာတဝှမ်းကို ပြန့်နှံသွားခဲ့ပြီး WHO နဲ့ CDC တို့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ သေဆုံးသူပေါင်း 284,000 ဦး ၀န်းကျင် ရှိပါတယ်။
သေဆုံးနှုန်း - လူ 30,000 ( ၃ သောင်း ) တွင် 1 ဦး
◾18th Century Great Plague ( 1700s )
ကြွက်တွေကနေတဆင့် ကူးစက်ပြန့်နှံတဲ့ ဒီ Bacteria ပိုးဟာ 1700 ခုနှစ်တွေတလျှောက် ဥရောပတိုက် နေရာ အနှံအပြားမှာ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဒီ ဖြစ်ပွားမှုတွေမှာ သန်းနဲ့ချီနဲ့လူတွေ ကူးစက်ခံခဲ့ရပြီး သေဆုံးသူ စုစုပေါင်း 660,000 ( ၆ သိန်း ၆ သောင်း ) ကျော်ရှိခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 1000 တွင် 1 ဦး
◾Cholera ( 1817 - 1975 )
လွန်ခဲ့တဲ့ နှစ် 200 အတွင်း Cholera လို့အမည်ရတဲ့ Bacteria ကူးစက်ပြန့်ပွားမှု 7 ကြိမ်ရှိခဲ့ပါတယ်။India , Russia , Mexico , Philippines နဲ့ Ottoman Empire တို့မှာ ရောဂါဒဏ်ကို အဆိုးဆုံးခံခဲ့ကြရပြီး သေဆုံသူပေါင်း 1,000,000 ( ၁ သန်း ) အထိရှိခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 1200 တွင် 1 ဦး
◾Hong Kong Flu ( 1968 - 1970 )
July 13 , 1968 ခုနှစ် Hong Kong မှာစတင်ဖြစ်ပွားခဲ့တဲ့ H3N2 influenza virus ဟာ ကမ္ဘာတဝှမ်း ပြန့်နှံ့ခဲ့ပြီး လူပေါင်း 1,000,000 ( ၁ သန်း ) ကျော် သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 3500 တွင် 1 ဦး
◾Russian Flu ( 1889 - 1890 )
နောက်တစ်မျိုး အနေနဲ့ Asiatic Flu လို့သိကြတဲ့ H2N2 influenza virus ဟာ 1889 ခုနှစ် Russia Empire မှာစတင်ခဲ့ပြီး ဥရောပတိုက်နဲ့ ကျန်ကမ္ဘာ့အစိတ်အပိုင်းတွေကို ကူးစက်ပြန့်နှံကာ လူပေါင်း 1,000,000 ( ၁ သန်း ) ကျော် သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 1650 တွင် 1 ဦး
◾Asian Flu ( 1957 - 1958 )
1957 ခုနှစ် တရုတ်ပြည် Guizhou မှာ စတင်ခဲ့တဲ့ H2N2 influenza virus တစ်မျိုးဟာ ကမ္ဘာအနှံပြန့်နှံ့ခဲ့ပြီး လူပေါင်း 1,100,000 ( ၁.၁ သန်း ) ကျော်သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 2270 တွင် 1 ဦး
◾17th Century Great Plague ( 1600s )
ဒီရောဂါကတော့ 1600 ခုနှစ်တွေ တလျှောက် ဥရောပတိုက်မှာ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တာပါ။လူသိများကြတဲ့ The Great Plague of London နဲ့ The Great Plague of Milan တို့အပါအ၀င်ဖြစ်ပါတယ်။စုစုပေါင်းအနေနဲ့ လူပေါင်း 3,000,000 ( ၃ သန်း ) ကျော်သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 183 ဦးတွင် 1 ဦး
◾Antonine Plague ( 165 - 180 )
သမိုင်းမှတ်တမ်းတွေအရ ဒီရောဂါကြောင့် ရောမအင်ပါယာရဲ့ လူဦးရေ သုံးပုံ တစ်ပုံ သေဆုံးခဲ့ရပါတယ်။ရောမဘုရင် Lucius Verus အပါအ၀င် လူပေါင်း 5,000,000 ( ၅ သန်း ) ကျော်သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 37 ဦး တွင် 1 ဦး
◾HIV / AIDS ( 1981 - NOW )
အဓိကအားဖြင့် လိင်ဆက်ဆံမှုကနေတဆင့်ကူးစက်တဲ့ ဒီရောဂါဟာ စတင်တွေ့ရှိခဲ့ချိန်ကစပြီး ယခုအချိန်အထိ သန်းနဲ့ချီတဲ့လူတွေကို ကူးစက်ခဲ့ပြီး ဖြစ်ပြီး သေဆုံးသူပေါင်း 25,000,000 ( ၂၅ သန်း ) ကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။
သေဆုံးနှုန်း - လူ 580 တွင် 1 ဦး
◾Third Plague ( 1855 - 1960 )
ဒီရောဂါဖြစ်ပွားမှုကတော့ တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကနေ စတင်ခဲ့တာဖြစ်ပြီး ရေကြောင်း ကုသွယ်မှုကနေတဆင့် ကမ္ဘာ့နေရာ အနှံအပြား ကူးစက်ခဲ့ပါတယ်။ India နိုင်ငံတွင်းမှာပဲ လူပေါင်း 10 သန်းကျော် သေဆုံးခဲ့ပြီး တစ်ကမ္ဘာလုံး အနေနဲ့ သေဆုံးသူပေါင်း 25,000,000 ( ၂၅ သန်း ) ရှိခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 50 တွင် 1 ဦး
◾Plague of Justinian ( 541 - 542 )
ရောမအင်ပါယာရဲ့ အရှေ့ပိုင်းဒေသကနေ စတင်ပြန့်ပွားခဲ့တာဖြစ်ပြီး ကုန်သွယ် သင်္ဘောတွေကနေတဆင့် Mediterranean ပင်လယ် တဝိုက်မှာရှိတဲ့ ကုန်သွယ်ရေးမြို့ အားလုံးကို ပြန့်နှံခဲ့ပါတယ်။စုစုပေါင်းအနေနဲ့ သေဆုံးသူပေါင်း 30,000,000 ( သန်း ၃၀ ) ရှိခဲ့ပါတယ်။ ဒါဟာ အဲ့အချိန်က ဥရောပတိုက် လူဦးရေရဲ့ တစ်၀က်နှုန်းဖြစ်ပါတယ်။
သေဆုံးနှုန်း - လူ 7 ဦးတွင် 1 ဦး
◾Spanish Flu ( 1918 - 1920 )
Spanish Flu ဟာ H1N1 influenza virus တစ်မျိုးဖြစ်ပြီး ပထမ ကမ္ဘာစစ်အပြီးဖြစ်ပွားခဲ့တာဖြစ်ပြီး ဥရောပတိုက်ကနေ တဆင့် တစ်ကမ္ဘာလုံးကို ပြန့်နှံခဲ့ပါတယ်။ဒီရောဂါကြောင့် လူပေါင်း 40,000,000 ( သန်း 40 ) သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 48 ဦးတွင် 1 ဦး
◾Smallpox Outbreak ( 1520 - 1979 )
ကျောက်ကြီးရောဂါလို့ လူသိများတဲ့ ဒီရောဂါဟာ 1520 ကနေစပြီး ကမ္ဘာ့အနှံအပြားမှာ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တာပါ။စုစုပေါင်း လူ 50,000,000 ( သန်း ၅၀ ) ကျော်သေဆုံးခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 50 တွင် 1 ဦး
◾Black Death ( 1331 - 1353 )
ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ ဒီရောဂါကြောင့် ဥရောပရဲ့ လူဦးရေ တစ်၀က် သေဆုံးခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာ သေဆုံးသူပေါင်း 75 သန်းကနေ သန်း 200 အထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။တရား၀င် စာရင်းတွေအရ ဒီရောဂါကြောင့် အဲ့အချိန်က ကမ္ဘာ့လူဦးရေ 475 သန်း ကနေ 350 သန်းအထိ လျော့ကျခဲ့ပါတယ်။ဥရောပတိုက်အနေနဲ့ ဒီရောဂါကဖြစ်ပွားအပြီးမှာ အရင်အခြေအနေ ပြန်ရောက်ဖို့အတွက် နှစ် 200 ကျော် အချိန်ကြာမြှင့်ခဲ့ပါတယ်။
သေဆုံးနှုန်း - လူ 3 ဦး တွင် 1 ဦး
sources - WHO , Wikipedia , CDC
image - Health Magazine
Like the page for more !
https://www.facebook.com/eElysiumMM/