၁၀၀% စိတ်ကူးသစ်

  • Home
  • ၁၀၀% စိတ်ကူးသစ်

၁၀၀% စိတ်ကူးသစ် သင်အတွက်ဗဟုသုတနည်းပညာများရမယ်လို့?

19/12/2024

မင်းတို့အကြိုက်ရှာခဲ့တယ်😁

19/12/2024
သောက်ကြည့်ပါ
02/06/2023

သောက်ကြည့်ပါ

ဥာမ်ကြီးရှင်များ 😇
04/12/2021

ဥာမ်ကြီးရှင်များ 😇

သတိုးသား ၆၁နှစ် သတိုးသမီး၁၆နှစ် ဆောင်ပြနေလိုက်ပေါ့ငါငိုပြီလေး😫😭................
03/12/2021

သတိုးသား ၆၁နှစ် သတိုးသမီး၁၆နှစ် ဆောင်ပြနေလိုက်ပေါ့

ငါငိုပြီလေး😫😭................

လူတိုင်းမှာကိုယ်ပိုင်ဖြတ်ထိုးဥာမ်ရှိကြပါတယ်
02/12/2021

လူတိုင်းမှာကိုယ်ပိုင်ဖြတ်ထိုးဥာမ်ရှိကြပါတယ်

အသုတ်စုံ ပုံယူသုံးခွင့်ပြုပါ
01/12/2021

အသုတ်စုံ ပုံယူသုံးခွင့်ပြုပါ

"  #ဆွမ်းမွှေးရွက် "  #ဗဟုသုတဆွမ်းမွှေးရွက်ကို Pandan Leaf လို့ခေါ်ပါတယ်ကျွန်တော်တို့ဒေသမှာ ဒီအရွက်ကို ချက်ပြီးခါစ ထမင်း...
26/11/2021

" #ဆွမ်းမွှေးရွက် " #ဗဟုသုတ

ဆွမ်းမွှေးရွက်ကို Pandan Leaf လို့ခေါ်ပါတယ်

ကျွန်တော်တို့ဒေသမှာ ဒီအရွက်ကို ချက်ပြီးခါစ ထမင်းအိုးထဲမှာ ထည့်ထားလိုက်ရင်ထမင်းမှာ အနံ့စွဲပြီး ရနံ့သင်းစေပါတယ်။

ဒါ့ကြောင့် သူ့ကို ဆွမ်းမွှေးရွက်လို့ ခေါ်ဆိုကြ
ခြင်းဖြစ်ပါတယ်။

အချို့ကလည်း ဆူးမွှေးရွက်လို့ ခေါ်ကြပါတယ်။

ဆွမ်းမွှေးရွက် အရည်ကို မုန့်လက်ဆောင်းဖတ် ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်း အသုံးပြုကြသလို အခြားသော အစားအစာတွေထဲ၌လည်း ရနံ့မွှေးအောင် ထည့်သွင်း အသုံးပြုကြပါတယ်။

ဆွမ်းမွှေးရွက်ဟာ မည်သည့်ဒေသမှာမဆို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ထူးခြားတာက ဆွမ်းမွှေးရွက်ဟာ ကျွန်တော်တို့သိထားတာထက် ပိုပြီးတော့ အသုံးဝင်သလို လူသားတို့ ကျမ်းမာရေးအတွက်လည်း ဆေးစွမ်းကောင်း တစ်လက်ဖြစ်စေပါတယ်။

သူ့အရွက်ကိုခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး ကြိတ်၍ အရည်ညှစ်သောက်..

ပါက..
၁ - အသည်းရာင် အသားဝါ
၂ - အဆုတ်ရောဂါ
၃ - အဆစ် အမြစ်ရောင်ရောဂါ
၄ - ဒူးနာ ရောဂါ
၅ - ခါးနာ ရောဂါ
၆ - ဗိုပ်အောင့် ဗိုက်နာရောဂါ
၇ - ဂေါက်ရောဂါ
၈ - သွေးတိုးရောဂါ
၉ - ကင်ဆာရောဂါ
၁၀ - အဖျား ရောဂါအမျိုးမျိုး
၁၁ - အရေပြားရောဂါ အမျိုးမျိုး
၁၂ - ခေါင်းကိုက် / နားကိုက်
၁၃ - သြားဖုံးနာ
၁၄ - အပူကျခြင်း
၁၅ - အဆိပ်ပြေစေခြင်း
၁၆ - အိပ်မပျော်ခြင်း
၁၇ - ပင်ပန်းနွမ်းနယ်ခြင်း
၁၈ - အားအင်ကုန်ခမ်းခြင်း
၁၉ - အရက်မူးပြေ ပျောက်ခြင်း
၂၀ - အရက်နာ ကျခြင်းများ ပျောက်ကင်းသည့်အပြင်..
သူ့ရဲ့ အရွက်ခြောက်ကို လက်ဖက်ခြောက် ကဲ့သို့ ရေနွေး ခပ်သောက်လို့ရသလို -

အရွက်ခြောက် ကိုအမူန့်ကြိတ်၍ ၄င်းအမူန့်ကို အင်ပြင်နဲ့အခြားသော ယားနာ အဖုများအပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

ဆွမ်းမွေးရွက်က အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်ခြင်းကြောင့် မိမိတို့၏ အိမ်ခန်းအိပ်ခန်းနဲ့ ဖိနပ်စင်များပေါ်၌ ချိတ်ဆွဲထားနိုင်ပါတယ်။

# Aung Myo Naing Jan 24 . 2018

ဆွမ်းမွှေးရွက် အစွမ်း........
🌱🌱🌱🌱🌱🌱

ဆွမ်းမွှေးရွက်အား မုန့်လက်ဆောင်းမုန့်ဖတ် ပြုလုပ်ရာတွင်သာအသုံးပြုလေ့ရှိကြသဖြင့်.သုံးဆွဲမှုအလွန်နည်းသောအရွက်ဖြစ်သလို အကျိုးများ ခြင်း
လက္ခဏာအားလည်းသိရှိသူနည်းပါးသဖြင့်ဗဟုသုတအဖြစ်မျှဝေပေးပါသည် ။

ဆွမ်းမွှေးရွက် ပြုတ်ရည်အား အကြမ်ပုဂံလုံးတစ်လုံးစာမျှရေဆာတိုင်းသောက်သုံးနေ့စဉ်ပုံမှန်သောက်သုံးခြင်းအားဖြင့် နှလုံးအားကောင်းခြင်း နှလုံးခုန်နန်ှုးပုံမှန်ဖြစ်စေခြင်းနှလုံးသွေးကြောများ
ပျော့ပြောင်းစေ၍အားကောင်းခြင်း
နှလုံးကျမ်မားရေကောင်းမွန်စေသည့်အပြင် သွေးအတွင်းရှိသကြားဓာတ်များလျှောကျစေခြင်း
သကြားဓာတ်အားထိမ်းညှိပေးခြင်း သွေးတိုးရောဂါမဖြစ်ပွားစေရန်ကာကွယ်ပေးခြင်း
ပန်ကရိယအားကောင်းစေသဖြင့်

ဆီးချိုရောဂါဖြစ်ပွားခြင်းမှကာကွယ်ခြင်း
ဆီးချိုကျစေခြင်း ဆီးချုပ် ဝမ်းချုပ်
မဖြစ်ပွားစေဘဲ ဆီမှန် ဝမ်းမှန်စေ၍
အသားအရေ စိုပြေ လန်းဆန်းခြင်း
ကိုယ်ခံအားမြင့်မားစေ၍ရောဂါမျာအလွယ်တကူ
မဝင်ရောက်စေခြင်း အစားပျက် သူများအတွက် ခံတွင်းလိုက်၍ စားကောင်းသောက်ကောင်းစေသည့် အပြင် ခန္တာကိုယ်မှထွက်သောချွေးတို့သည်လည်း အနံ့မဆိုးစေဘဲ ရေမွှးနံ့သင်းစေခြင်း စသည့်ကောင်းကျိုးလက္ခာများခံစားစေပါသည် ။ ။

(ဆွမ်းမွှေးရွက်ပြုတ်ရည်အား အရသာ ဖြည့်စွက်လိုပါက ဆားအနည်းငယ်'သကြားထည့်၍ရေခဲသေတ္တာ့တွင်အအေးခံ၍ အဖျော်ရည် အဖြစ်လည်းအဆာပြေသောက်နိုင်ပါသည် ''သောက်၍အလွန်ကောင်းပါသည်)

Via---Sai Min Thant

ပညာဆိုတာ နည်းပညာ ဗဟုသုတပေါ့
26/11/2021

ပညာဆိုတာ နည်းပညာ ဗဟုသုတပေါ့

🔥ဒီဇိုင်း 🔥က အရေးမကြီးပါဘူး အပိုပါပဲ ဆိုတဲ့သူတွေ ဒီမှာကြည့်ပါ။အရေးကြီးသော 👍လှေကား လက်ရန်း ဒီဇိုင်း👍 အသစ်ပုံတွင်ပြထားသော ...
24/11/2021

🔥ဒီဇိုင်း 🔥က အရေးမကြီးပါဘူး အပိုပါပဲ ဆိုတဲ့သူတွေ ဒီမှာကြည့်ပါ။

အရေးကြီးသော 👍လှေကား လက်ရန်း ဒီဇိုင်း👍 အသစ်

ပုံတွင်ပြထားသော လှေကားလက်ရန်းသည် သာမန်လက်ရန်းမျိုးမဟုတ်ပဲ လှေကားထစ်အတိုင်း ပုံဖော် ထားသော ဒီဇိုင်းတစ်ခုဖြစ်သည်။

ဘာတွေထူးခြားမှု ရှိလို့လဲ....?

🎁(ပုံ-၁) သာမန်လက်ရန်းလို မဟုတ်ပဲ မိမိရရ ကိုင်တွယ်နိုင်တယ် ။အထူးသဖြင့် အသက်ကြီးသူတွေ ချော်သွားတာတွေ မဖြစ်ဘူး ။

🎁(ပုံ -၂) ပစ္စည်း များ ပါလာသူများ မသယ်နိုင်သည့်အခါအနေဖြင့်လည်း လက်ရန်းပေါ်မှာ တင်ထားနိုင်တယ်။

🎁(ပုံ -၃) လှေကားအထစ်အရေတွက်အတိုင်း လက်ရန်းကို တပ်ဆင်ထားသော ကြောင့် မသန်မစွမ်းသူ သို့မဟုတ် ကိုယ်ဝန်ဆောင်များ အဖို့ အပေါ်လက်ရန်းအတိုင်း ကြည့်ပြီး ခြေထောက် အကျော် အနင်းကို သိနိုင်မည်။

🎁(ပုံ-၄) Landing တစ်ဆစ်ချိုးနေရာတွင် လက်ရန်းကို နှိမ့်၍ ဒီဇိုင်းပြုလုပ်ထားသော ကြောင့် မောနေသူများ ခဏတာ ထိုင်၍ အနားယူနိုင်သည်။

ဒီဇိုင်း တစ်ခုဟာ အိမ်တစ်လုံးမှာ ဘယ်လောက်အရေးကြီးသလဲဆိုတာ ဒီလို လက်ရန်းလေး တစ်ခုနဲ့တောင် ထင်ရှားနေပါပြီ ။ တစ်အိမ်လုံး မှာ ရှိတဲ့ အခြားနေရာ တွေအတွက် ဒီဇိုင်း ရေးဆွဲခြင်း ဘယ်လောက်ထိ အရေးကြီးသလဲ ဆိုတာ ပြောပြနေဖို့တောင် လိုမယ် မထင်တော့ပါ
:

 #ဆောက်လုပ်ရေးပညာလေ့လာနေသူများသိထားသင့်သောစာစုများ*   မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမ...
24/11/2021

#ဆောက်လုပ်ရေးပညာလေ့လာနေသူများသိထားသင့်သောစာစုများ
* မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း
ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်
ရွက်ပေးရမည်။

* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း
ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တ
ရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်
ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား
ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ
ရေဖြည့်ထားရပါမည်။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ
ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

*Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
* ရေကိုဂါလံတွက်သည့်အခါ အလျှား× အနံ × အမြင့် ×6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

*(8"×8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

*သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=480 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

*လိုအပ်သည်များကို မိမိတို့အသိပညာ၊အတွေ့အကြုံများဖြင့် ထပ်မံဖြည့်ဆည်းပါလို့ပြောရင်း........

Credit...

ဒီ 𝙋𝙤𝙨𝙩 လေးက မိတ်ဆွေအတွက် အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်

နှစ်ရှည်ပင်များအတွက် ရေလောင်းခြင်း idea
24/11/2021

နှစ်ရှည်ပင်များအတွက် ရေလောင်းခြင်း idea

Address


Telephone

+959422810811

Website

Alerts

Be the first to know and let us send you an email when ၁၀၀% စိတ်ကူးသစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share