Feipu Technology

  • Home
  • Feipu Technology

Feipu Technology �����

03/11/2022
အဆင်မပြေတိုင်းသာ ငိုနေရရင်မင်းမျက်ရည် ဘယ်ကျန်တော့မှာလဲငိုမနေပါနဲ့ မျက်ရည်တွေသုတ်လိုက် သူငယ်ချင်း..တို့တွေငယ်ငယ်တုန်းကလဲ ...
03/10/2022

အဆင်မပြေတိုင်းသာ ငိုနေရရင်
မင်းမျက်ရည် ဘယ်ကျန်တော့မှာလဲ
ငိုမနေပါနဲ့ မျက်ရည်တွေသုတ်လိုက် သူငယ်ချင်း..

တို့တွေငယ်ငယ်တုန်းကလဲ ငိုခဲ့တယ်
ခုထိငိုနေခဲ့တာ ငိုလို့မဝသေးဘူးလား
သူငယ်ချင်း..

မင်းမှာ သန်မာတဲ့လက်တွေရှိတယ်
မင်းမှာ ကြံ့ခိုင်တဲ့ ခြေတစ်စုံရှိတယ်
မင်းလဲကျလို့ရတယ် ဒါပေမယ့်
မင်းပြန်မထလို့ မရဘူး..

မင်းမှာ အမှားအမှန်ခွဲခြားနိုင်တဲ့ ခေါင်းရှိတယ်
မင်းမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ် ။
မင်းကို အားကိုးပြီး မှီခိုနေတံ့
မိသားစုတွေရှိတယ် ။
မင်းရှေ့ဆက်သွားမှရမယ် သူငယ်ချင်း..

မင်းအခက်အခဲတွေနဲ့ ကြုံလို့
မင်းကို ဘယ်သူမှ ကူညီမဲ့သူမရှိလဲ
မင်းအခက်အခဲကို မင်းကိုယ်တိုင်
ဖြေရှင်းနိုင်ရမယ် သူငယ်ချင်း..

အရှုံးကိုကြောက်နေရင် ပိုကြိုးစားလိုက်ပါ
လူမှန်ရင် ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိပါဘူး
မင်းဘာလိုအပ်နေတာလဲ လိုအပ်တဲ့အရာကို
မင်းလက်နဲ့ယူလေ ကြောက်ရွံ့မနေပါနဲ့
သူငယ်ချင်း..

မင်းရောက်ချင်တဲ့ ပန်းတိုင်ကို
မင်းခြေထောက်နဲ့ လျှောက်လှမ်းပါ သူငယ်ချင်း
မင်းနာကျင်ရင် မင်းပိုခံစားရမယ် ။
မင်းခလုပ်တိုက်ရင် မင်းလဲကျမယ်..

မျက်ရည်တွေနဲ့ ရှေ့ဆက်သွားရင်
လမ်းကို မင်းရှင်းရှင်းလင်းလင်း မြင်ရမှာ
မဟုတ်ဘူး သူငယ်ချင်း..
ဘဝကကြမ်းတယ်ဆိုတာ မင်းအပြစ်မဟုတ်ပါဘူး..
လဲရင် ပြန်မထနိုင်တာကမှ မင်းအပြစ်ဖြစ်သွားပီ
သူငယ်ချင်း..

ဘယ်သူကမှ အဆင်ပြေနေတယ်လို့
ဘယ်ဟုတ်ပါ့မလဲ..
ကိုယ်စီ အခက်အခဲဆိုတာ ရှိတတ်စမြဲပါ
သူငယ်ချင်း..
ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့
အခက်အခဲတွေကြာမှာ ရင်ဆိုင်ဖြေရှင်းနေနေရတာပါ.....။ ။

အားလုံးကိုလေးစားစွာဖြင့်...

original writer

Address


Telephone

+959755954403

Website

Alerts

Be the first to know and let us send you an email when Feipu Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share