YOLK MEDIA

YOLK MEDIA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YOLK MEDIA, Media/News Company, .

Blue Lagoon (ရေပြာအိုင် )                                                                   💙💙💙Iceland နိုင်ငံမှာအထင်ရှာ...
06/09/2023

Blue Lagoon (ရေပြာအိုင် )

💙💙💙

Iceland နိုင်ငံမှာအထင်ရှားဆုံးလို့ဆိုရမယ့် နေရာကတော့ Blue Lagoon ခေါ်ရေပြာအိုင်ဖြစ်ပါတယ် ... မြို့တော် Reykjavik ရေခါဗစ်ခ် အနီးမှာပဲတည်ရှိနေပြီး သဘာဝရေပူစမ်းကိုရေကန်အဖြစ် ဖန်တီးထားခြင်း ဖြစ်ကာ Iceland ကိုအလည်အပတ် လာသူတိုင်းမသွားမဖြစ် သွားလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်.... အငွေတထောင်းထောင်းထနေတဲ့ လှပတဲ့ဖြူပြာရောင်ရှိတဲ့ရေရဲ့အပူချိန်က ပျှမ်းမျှအားဖြင့် 37°ကနေ 39° C ကြားမှာရှိနေပါတယ်...ဒီရေပြာအိုင်ကို တနှစ်လျှင် လူပေါင်း ၁သန်းခန့်လာရောက်လေ့ရှိပြီး ဒီနေရာကနေ ဝင်ငွေ ယူရို သန်း ၁၀၀ ဝန်းကျင် ခန့်ရရှိနေပါတယ် ....

ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အထင်ရှားဆုံးရေတံခွန်တွေထဲကတခုဖြစ်တဲ့ Victoria ရေတံခွန်ကတော့ အာဖရိကတောင်ပိုင်းက ဇမ်ဘီယာနဲ့ ဇင်ဘာဘ...
06/08/2023

ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အထင်ရှားဆုံးရေတံခွန်တွေထဲကတခုဖြစ်တဲ့ Victoria ရေတံခွန်ကတော့ အာဖရိကတောင်ပိုင်းက ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနယ်စပ်မှာတည်ရှိနေပါတယ်...အမြင့် ၃၅၅ ပေရှိပြီး အကျယ် ၅၆၀၄ ပေရှိတဲ့ဒီရေတံခွန်ဟာ ယူနက်စကိုရဲ့အမွေအနှစ်နေရာတခုအဖြစ်လည်းသတ်မှတ်ခံထားရပါတယ်....

(အမြင့်ဆုံးရေတံခွန်ကိုလည်း First Comment မှာကြည့်ရှူ့နိုင်ပါတယ်...)

အာဖရိကတိုက်မှာ အခြားတိရစ္ဆာန်ပေါင်းများစွာရှိပေမယ့် ကျားသတ္တဝါ လုံးဝမရှိပါဘူး... အခြားဒေသကကျားတွေကို တင်သွင်းမွေးမြူဖို့...
31/07/2023

အာဖရိကတိုက်မှာ အခြားတိရစ္ဆာန်ပေါင်းများစွာရှိပေမယ့် ကျားသတ္တဝါ လုံးဝမရှိပါဘူး... အခြားဒေသကကျားတွေကို တင်သွင်းမွေးမြူဖို့ကြိုးစားခဲ့ပေမယ့် အာဖရိကရဲ့မြေအနေအထားနဲ့သဘာဝရာသီဥတုမှာကျားတွေဟာ လိုက်လျောညီစွာရှင်သန်န်ိင်ခြင်းမရှိပါဘူး ....

🇮🇳 ဗာရာဏသီ မြို့ဟာ  အိန္ဒိယနိုင်ငံရဲ့သမိုင်းတလျှောက် ရှေးအကျဆုံးမြို့တော်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း Ultra Prade...
23/07/2023

🇮🇳 ဗာရာဏသီ မြို့ဟာ အိန္ဒိယနိုင်ငံရဲ့သမိုင်းတလျှောက် ရှေးအကျဆုံးမြို့တော်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း Ultra Pradesh ပြည်နယ်ထဲက ဂင်္ဂါ မြစ်ကမ်းနဖူးပေါ်မှာတည်ရှိ‌နေတာဖြစ်ပါတယ် ။

🇮🇳 ဗာရာဏသီမြို့ရဲ့ အထင်ရှားဆုံး အရာကတော့ ဂင်္ဂါမြစ်နဲ့အတူ Ghat တွေလို့သိရပါတယ် ။ Ghat ဆိုတာက လှေကားထစ်တွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ မြစ်ဆိပ်ကို ခေါ်ခြင်းဖြစ်ပါတယ် ။

🇮🇳 ဗာရာဏသီမြို့ရဲ့ဂင်္ဂါမြစ်ကမ်းမှာ ဒီလို Ghat ပေါင်း ၈၈ ခုထိရှိနေပြီးအများစုကတော့ ရေချိုးဖို့နဲ့ ဘာသာရေးအခမ်းအနားတွေ အတွက်အသုံးပြုပါတယ် ။

🇮🇳 Manikarnika နဲ့ Harish Chandra ဆိုတဲ့ Ghat ၂ခုကတော့ မီးသဂြိုလ်ခြင်းအတွက်အသုံးပြုပါတယ်။

🇮🇳 ဆောင်းဦးချိန်မှာ ကျင်းပလေ့ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ဒီပါဝလီ ပွဲတော်ရောက်ရင် ဂင်္ဂါမြစ်ကမ်းတလျှောက်က Ghat တွေမှာသန်းနဲ့ချီတဲ့ ဆီမီးတွေကို ထွန်းညှိကာဆင်နွှဲလေ့ရှိပါတယ်။

🇮🇳 ဗာရာဏသီမြို့ဟာတချိန်ကအိန္ဒိယသမိုင်းမှာ‌ တော့ဗုဒ္ဓဘာသာထွန်းကားတဲ့မြို့တမြို့ဖြစ်ခဲ့ပေမယ့် ဒီကနေ့ အချိန်မှာတော့ ဒီမြို့မှာ ဗုဒ္ဓဘာသာဝင် ၀.၀၄% သာ ကျန်ရှိပါတော့တယ် ။

နှစ်သစ်ဆုတောင်း …🙏🙏🙏နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာရှိပါစေ …နှစ်သစ်မင်္ဂလာ ဒီချိန်ခါ စိတ်မှာညစ်မဲ ကင...
17/04/2023

နှစ်သစ်ဆုတောင်း …🙏🙏🙏

နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာရှိပါစေ …

နှစ်သစ်မင်္ဂလာ ဒီချိန်ခါ စိတ်မှာညစ်မဲ ကင်းပါစေ …

နှစ်သစ်မင်္ဂလာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ …

တနှစ်ပတ်လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြည်သာ ရှိပါစေ …

ကုသိုလ်ကျန်းမာ ပညာစီးပွါး ဒီရေလား တိုးပွါးကြပါစေ…

(ချမ်းမြေ့ဆရာတော်ဘုရားကြီး 🙏)

Crd

25/12/2022

🎄Merry Christmas 🎄

Send a message to learn more

San Francisco ရဲ့ Lombard လမ်းဟာ သူရဲ့တည်နေပုံကြောင့် လှပတဲ့ လမ်းတလမ်းအဖြစ် နံမည်ကျော်ပါတယ် ....         အဆောက်အဦးတွေ ကြ...
28/10/2022

San Francisco ရဲ့ Lombard လမ်းဟာ သူရဲ့တည်နေပုံကြောင့် လှပတဲ့ လမ်းတလမ်းအဖြစ် နံမည်ကျော်ပါတယ် ....
အဆောက်အဦးတွေ ကြားထဲက ကုန်းဆင်းလမ်းဖြစ်ပြီး ဒီလိုဆင်းရာမှာလည်း အကွေ့ပေါင်း ၈ ခုနဲ့ အတူ လမ်းတလျှောက်မှာလည်း သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးထားပါတယ်..ကမ္ဘာလှည့်ခရီးသွားတွေ တကူးတကလာရောက်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်....

"ကျွန်မငယ်ငယ်ကတည်းက ကျွန်မကိုယ်တိုင်သာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တယ်ဆိုတာ သိခဲ့တယ်.. ဒါကြောင့် အလုပ်ကြိုးစားလုပ်မယ် ပိုက်...
23/08/2022

"ကျွန်မငယ်ငယ်ကတည်းက ကျွန်မကိုယ်တိုင်သာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တယ်ဆိုတာ သိခဲ့တယ်.. ဒါကြောင့် အလုပ်ကြိုးစားလုပ်မယ် ပိုက်ဆံရှာမယ် စုမယ်ဆိုတာမျိုး အလိုလိုသိခဲ့တယ်.. ကျွန်မကလေးဘဝအရွယ်က စိတ်ဓါတ်ပြင်းထန်တဲ့ကလေးမျိုးပေါ့..အခုအချိန်မှာ ကြိုးစားခဲ့တာတွေပြန်တွေးရင် သူတပါးအပေါ်မှီခိုစရာမလိုဘဲ ရပ်တည်နိုင်တာကိုကျေနပ်မိတယ်..ဒီလိုကောင်းမွန်တဲ့ဘဝမှာနေထိုင်ခွင့်ရတဲ့အပြင် ကျွန်မရှာဖွေတဲ့ငွေကြေးနဲ့ ထောက်ပံ့ကူညီချင်သူတွေကို ကူခွင့်ရတယ်.. လူဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုကိုထောက်ပံ့ကြိုးစား လုပ်ပိုင်ခွင့်ရှိတယ်.. ကျွန်မကအခုလိုဘဝလေးကိုကျေနပ်မိတယ်"

🖤 Song Hye Kyo 🖤

Maldives                                🏝️🏝️🏝️                         🏝️  မော်လ်ဒိုက်လို့ အားလုံးသိကြတဲ့ ဒီကျွန်းစုနိုင...
01/08/2022

Maldives
🏝️🏝️🏝️

🏝️ မော်လ်ဒိုက်လို့ အားလုံးသိကြတဲ့ ဒီကျွန်းစုနိုင်ငံငယ်လေးရဲ့ အမည်မှန်က မော်ဒိဗ်စ် လို့ ‌အသံထွက်ပါတယ်။

🏝️ သီရိလင်္ကာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ ရဲ့ အနောက်တောင်ပိုင်း အိန္ဒိယ သမုဒ္ဒရာ ထဲမှာတည်ရှိနေပါတယ်။ သန္တာကျောက်ကျွန်း ၂၆ ကျွန်း ၊ သန္တာဆောင်ကျွန်းပေါင်း ၁၀၀၀ ကျော် နဲ့ ဖွဲ့စည်းထားပြီး လူနေထိုင်နိုင်တဲ့ ကျွန်းကတော့ ၁၉၀ ကျော်သာ ရှိပါတယ် ။

🏝️ နိုင်ငံငယ်လေးရဲ့ ကိုးကွယ်တဲ့ ဘာသာကတော့ ဆူနီ အစ္စလာမ် ဘာသာ ဖြစ်ပြီး တခြားနိုင်ငံတွေနဲ့ မတူတဲ့ တချက်ကတော့ Weekend က သောကြာနဲ့ စနေနေ့ တွေပဲဖြစ်ပါတယ်။

🏝️ Maldives က ကျွန်းများကို ကမ္ဘာ့အကောင်းဆုံး ကျွန်းများလို့ လက်ခံထားကြပြီးတော့ ဖြူလွလွ ကမ်းခြေများနဲ့ စိမ်းပြာရောင် ပင်လယ်ရေများက အသက်ရှူမှားလောက်တဲ့ သဘာ၀ အလှတရားတွေ ဖြစ်ကြောင်းကို လည်းသက်သေပြနေပါတယ်။ဒါ့အပြင် သန္တာကျောက်တန်းများနဲ့ ပင်လယ်သတ္တဝါများ ကိုရှင်းရှင်းလင်းလင်း မြင်နေရခြင်း ၊ ရေငုပ်ရေကူးဖို့ရန် အတွက်အင်မတန် သင့်တော်လှတဲ့ နေရာဖြစ်ခြင်း ၊ ကမ္ဘာ့ပထမဆုံး ရေအောက် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကြောင့် ကမ္ဘာ့ထိပ်တန်း ခရီးသွားနယ်မြေ အဖြစ် သတ်မှတ်ထားခံရပါတယ် ။

🏝️ လူဦးရေ ၅ သိန်းကျော်သာနေထိုင်ပြီး စုစုပေါင်း ဧရိယာ ၁၂၀ စတုရန်းမိုင်သာရှိတဲ့ အတွက် အာရှတိုက်ရဲ့ နယ်မြေ ဧရိယာ အသေးဆုံး နိုင်ငံအဖြစ်လည်း သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။

🏝️ Maldives ဟာ ကမ္ဘာ့ပေါ်မှာ မြေမျက်နှာသွင်ပြင် အနိမ့်ဆုံး နိုင်ငံဖြစ်ပြီးတော့ ကမ္ဘာကြီး ပူနွေးလာပြီး ရေခဲမြစ်တွေ အရည်ပျော်လာမှု့ကြောင့် ဒီနိုင်ငံလေး ဟာ နောင်နှစ်ပေါင်း ၃၀ ကျော်လောက်ကြာရင် ရေအောက်ကို ရောက်ရှိသွားတော့မယ်လို့လည်း သုံးသပ်ကြပါတယ်။

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့🌸🌼🌸🌼🌸🌼🌸🌼🌸ဒီနေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခ...
12/07/2022

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့
🌸🌼🌸🌼🌸🌼🌸🌼🌸

ဒီနေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး
တို့ အထွဋ်အမြတ်ထားရာ ဝါဆို
လပြည့်နေ့ ဓမ္မစကြာအခါတော် နေ့ကလေး ဖြစ်ပါတယ်။

ဒီ ဝါဆိုလပြည့်နေ့ နေဝင်၊လထွက်ချိန်မှာ မြတ်စွာဘုရားဟာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ပဥ္ဒဝဂ္ဂီ ငါးပါးကို တရားဦးဟောကြားတော်မူခဲ့တာပါ။
🌸🌼🌸🌼🌸🌼🌸🌼🌸

ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် (၈) ချက်ကတော့....

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ မိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့ နှိုးဆော်တိုက်တွန်းရင်းလိုက်ရပါတယ်။

ကိုးကား ။ ။ မာဂဓီ (သာစည်)

အရှေ့တောင်အာရှရဲ့ ထိပ်တန်း မြို့ကြီးတမြို့ဖြစ်တဲ့ ဘန်ကောက်မြို့ .....                               ဘန်ကောက်ဟာ ထိုင်းနို...
26/06/2022

အရှေ့တောင်အာရှရဲ့ ထိပ်တန်း မြို့ကြီးတမြို့ဖြစ်တဲ့ ဘန်ကောက်မြို့ .....

ဘန်ကောက်ဟာ ထိုင်းနိုင်ငံရဲ့ လူဦးရေ အများဆုံးမြို့ဖြစ်ပြီး မယ်နမ်မြစ်ခေါ် ကျောက်ဖရား Chao Phraya မြစ်ပေါ်မှာတည်ရှိနေပါတယ်။ ထိုင်းနိုင်ငံတခုလုံးရဲ့ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု့ ပေါင်းဆုံရာ မြို့ကြီးဖြစ်ပြီး ကမ္ဘာပေါ်မှာလည်း အဆင့်မြင့် မြို့တော်အဖြစ် ရပ်တည်နေပါတယ်။
နိုင်ငံရေး အနေနဲ့ ထိုင်းနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တို့ဘက်ကရပ်တည်ခဲ့တာကြောင့် ဘန်ကောက်ဟာမဟာမိတ်တပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ဘန်ကောက်ဟာ ဆန္ဒပြမှု့အဓိကရုဏ်းနဲ့အာဏာ သိမ်းမှု့တွေ ကို အကြိမ်ပေါင်းများစွာ ကြုံခဲ့ရပါသေးတယ်။
စီးပွားရေးအရ ဘန်ကောက်ဟာ ၁၉ ရာစု အစောပိုင်းကစလို့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ အတူစီးပွားရေး တဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲ စစ်ပြီးကာလမှာလည်း အမေရိကန်တို့ရဲ့ အကူအညီနဲ့ အတူ အစိုးရရဲ့ ရင်းနှီးမြှပ်နှံ‌မှု့တွေကြောင့် လျှင်မြန်စွာ ပြန်လည်တိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံတကာ ကုမ္ပဏီတွေအပြင် ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှပ်နှံမှု့တွေနဲ့အတူ ၁၉၈၀ ၀န်းကျင်ကစလို့ ဒေသတွင်းရဲ့ အဓိကငွေကြေးဆိုင်ရာ ဗဟိုဌာနဖြစ်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ကဆိုရင် ဘန်ကောက်မြို့ရဲ့ စုစုပေါင်း GDP ဟာ အမေရိကန်ဒေါ်လာ ၁၇၄ ဘီလီယံအထိရှိခဲ့ပြီး မြန်မာတနိုင်ငံလုံးရဲ့ GDP က ၇၅ ဘီလီယံ ၀န်းကျင်သာ ရှိတာကြောင့် စီးပွားရေး အားဖြင့် မြန်မာနိုင်ငံဟာ အရမ်းကို နောက်ကျ ကျန်နေခဲ့ပြီဖြစ်ပါတယ်။
ဘန်‌ကောက်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ အစားအစာ၊ချည်မျှင်နဲ့အထည်၊ ဆောက်လုပ်ရေး ဘိလပ်မြေ၊ အီလက်ထရောနစ်၊ ‌ရေသန့်စင်ခြင်းနဲ့ ခရီးသွလာရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။ဒီကနေ့ အချိန်မှာ တော့စီးပွားရေး ၊ စက်မှု့လုပ်ငန်းနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေမှာ အရှေ့တောင်အာရှရဲ့ ထိပ်တန်းမြို့ကြီးဖြစ်နေသလို ကမ္ဘာပေါ်မှာလည်းနိုင်ငံတကာခရီးသွားလာရောက်မှု့အများဆုံးမြို့တမြို့ဖြစ်နေပါပြီ။ ခရီးသွ အလာဆုံး မြို့တွေဖြစ်တဲ့ လန်ဒန်၊ပါရီ၊ဒူဘိုင်း၊နယူးယောက်စတဲ့ မြို့ကြီးတွေကို အကြိမ်ကြိမ်ကျော်ဖြတ် ဗိုလ်စွဲ ခဲ့ပါတယ်။
ဘန်ကောက်မှာ နေထိုင်ကြသူကြား ကိုးကွယ်ယုံကြည်မှု့ အနေနဲ့ ကတော့ ၉၂ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာ၀င်တွေဖြစ်ပြီး အစ္စလာမ် ၄.၆ ရာခိုင်နှုန်း၊ ခရစ်ယာန် ၂ရာခိုင်နှုန်း၊ ဟိန္ဒူ၊ဆစ်နဲ့ တခြားဘာသာ၀င်တွေလည်း အနည်းငယ်စီနေထိုင်ပါတယ်။ဘန်ကောက်ဟာ ပညာရေးထွန်းကားတဲ့ မြို့ကြီးဖြစ်သလို ဒေသတွင်း အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု့ စနစ်ကို ပိုင်ဆိုင်ထားပြီး ပြည့်သူဆေးရုံကြီး အခု ၄၀ နဲ့ ပုဂ္ဂလိကဆေးရုံပေါင်း အခု ၁၀၀ ခန့်ရှိနေပါတယ်။
ဘန်ကောက်ဆိုတဲ့ အမည်ဟာ စမ်းချောင်းပေါ်က ရွာငယ်လေးလို့ အဓိပ္ပာယ်ရပြီး တရား၀င်အမည်ကတော့ ခရုန်ထစ် မဟာနက်ခွန်လို့ အဓိပ္ပာယ်ရပြီး ဒေသခံတွေကတော့ ခရုန်ထစ်လို့ အတို ‌ ကောက်ခေါ်ကြပါတယ်။နံမည်ဆိုရင်တော့ စာလုံးရေ ၁၇၆ လုံးအထိ ပါ၀င်နေပြီး နံမည်စာလုံးရေ အများဆုံးမြို့တော်အဖြစ်စံချိန်တင် ထားပါတယ်။နံမည်မှာတော့ နတ်သမီးတွေရဲ့ မြို့ ၊ မသေချင်းရဲ့ မဟာမြို့တော်၊ ရတနာကိုးပါးရဲ့ ခမ်းနားလှတဲ့ မြို့ စသဖြင့် အဓိပ္ပာယ်များစွာပါ၀င်နေပါတယ်။
ဘန်ကောက်ဟာ များပြားလှတဲ့ Fashion ဆိုင်တွေနဲ့ အတူ အလှအပ ပစွည်း တွေ အခြားလူသုံးကုန် ပစ္စည်း တွေပေါများစွာရှိနေတဲ့ အဓိက ဈေး၀ယ်စင်တာ လည်းဖြစ်ပါတယ်။ပူနွေးတဲ့ ရာသီဥတုရှိနေခြင်း ၊လေထုညစ်ညမ်းခြင်းနဲ့ ယာဉ်ကြောပိတ်ဆို့မှု့တွေက ခရီးသွားတွေ မနှစ်သက်တဲ့ အချက်တချက် ဖြစ်နေပါတယ်။

တောင်ကိုရီးယား ရဲ့မြို့တော် ဆိုးလ်  .......                  တောင်ကိုရီးယားဟာ အာရှမှာစတုတ္ထ မြောက်စီးပွားရေး အတောင့်တင်း...
09/06/2022

တောင်ကိုရီးယား ရဲ့မြို့တော် ဆိုးလ် .......

တောင်ကိုရီးယားဟာ အာရှမှာစတုတ္ထ မြောက်စီးပွားရေး အတောင့်တင်းဆုံးမြို့ဖြစ်သလို သူရဲ့ မြို့တော် ဆိုးလ်ဟာလည်း တိုကျို ၊ နယူးယောက်၊ LA တို့ပြီးရင် 4ခုမြောက် စီးပွားရေး အကောင်းဆုံးမြို့ဖြစ်ပါတယ်။ ဆိုးလ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်သလို အကြီဆုံးမြို့ဖြစ်တာနဲ့အညီ လူဦးရေ သိပ်သည်းဆ အလွန်ထူထပ်တဲ့ မြို့ကြီးဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံဟာ နှစ်ရာပေါင်းများစွာ တံခါးပေါက်ဝါဒက်ု လက်ခံ ကျင့်သုံးခဲ့နောက် ၁၉ ရာစု နောက်ပိုင်းမှသာ နိုင်ငံတကာကို တံခါးဖွင့်ကြိုဆိုခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာမှ ဆိုးလ်မြို့ဟာ စတင်ဖွံ့ဖြိူးတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။
၁၉၁၀ ခုနှစ်မှာတော့ ဂျပန်တွေရဲ့ ကျုးကျော်မှု့ကို ခံခဲ့ရပြီး ၃၅ နှစ်တာ ကာလကြာ ဂျပန်ကိုလိုနီစနစ်အုပ်ချုပ်မှု့ဒဏ်ကို ခံခဲ့ရပါတယ်။နန်းတော်တွေလည်း ဖျက်ဆီးခံခဲ့ရပြီး ကိုရီးယားရိုးရာဓလေ့တွေ ၊ ယဉ်ကျေးမှု့တွေလည်း မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။၁၉၄၅ ခုနှစ်ရောက်မှ ဂျပန်တွေရဲ့ အုပ်ချုပ်မှု့လက်အောက်မှ လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၅၀ ခုနှစ် ကနေ ၁၉၅၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ဆိုးလ်ဟာ စစ်ဘေးဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
ကိုရီးယား ပြည်သူပေါင်း ၂သန်းကျော်သေဆုံးခဲ့ရပြီး အဲ့ချိန်က မြို့တော်ကို ဘူဆန်သို့ ယာယီရွှေ့ပြောင်းခဲ့ရပါသေးတယ်။ပြည်တွင်းစစ်အပြီး ၁၉၆၀ ခုနှစ်ကစလို့ ဆိုလ်းမြို့ဟာ တဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာခဲ့ပါတော့တယ်။‌ တောင်ကိုရီးယား အစိုးရဟာ ခေတ်မှီမြို့ တော်အဖြစ် တည်ဆောက်ရေးကို ဇောက်ချလုပ်ကိုင်ရာကနေ ၁၉၈၀ ခုနှစ်ကတည်းကနေစပြီး များပြားလှတဲ့ မိုးမျှော်တိုက်တွေကို တည်ဆောက်နိုင်ခဲ့ပြီး ဒီကနေ့ အချိန်မှာတော့ ခေတ်ရှေ့ပြေးနေတဲ့ ကမ္ဘာ့မြို့ကြီးတမြို့ အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ဟန်မြစ်ပေါ်က မယုံနိုင်စရာပြောင်းလဲမှု့တခုလို့တောင် တင်စားရတဲ့ အထိ ကဏ္ဍ အသီးသီးကနေ အောင်မြင်နေပြီပဲဖြစ်ပါတယ်။ ဖက်ရှင်နဲ့ နည်းပညာပိုင်းတွေမှာ ခေတ်‌ရှေ့ပြေးနေသလို မိရိုးဖလာ ထုံးထမ်းအစဉ်အလာတွေ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲပဲဖြစ်ပါတယ်။
ဆိုးလ်မှာ ဘုရားကျောင်းတွေ ၊နန်းတော်တွေ၊ ရှေးဟောင်းအဆောက်အဦးတွေ ၊ခေတ်မှီဆန်းသစ်တဲ့ အဆောက်အဦးတွေ အပြင် ယနေ့ ခေတ်စားနေတဲ့ K pop ဂီတတွေ အထိ ခေတိဟောင်းနဲ့ ခေတ်သစ်ကို ရောနှော‌မွှေနှောက်ထားသလိုဖြစ်နေပါတယ်။
ဆိုးလ်မြို့မှာရှည်လျားတဲ့ သမိုင်း ကြောင်းတွေ ရှိခဲ့ တဲ့ အတွက် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်း၀င် ချန်းဒေါ့ဂန်း နန်းတော်၊ ဂျုံမြို နတ်ကွန်း၊ ဂျိုဆောင်မင်းဆက်တို့ရဲ့ တော်၀င်ဂူသင်္ချိုင်းနေရာတွေ ရှိနေပါတယ် ။
ဆိုးလ်မြိုရဲ့အဓိက စီးပွားရေး လုပ်ငန်းတွေကတော့ အိုင်တီနည်းပညာ ၊အီလက်ထရောနစ်၊ မော်တော်ကား၊ဆောက်လုပ်ရေး၊ မီဒီယာနဲ့ ဖျော်ဖြေရေး၊ အစားအစာနဲ့ အဖျော်ယမကာ ၊ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ ခရီးသွားလာရေး စတာတွေ လုပ်ကိုင်ကြပြီး ပညာရေးနဲ့ ကျန်းမာရေး မှာလည်း ကဏ္ဍတွေမှာလည်း ထိပ်တန်းအဆင့် ရှိနေတဲ့ မြီု့ကြီးဖြစ်ပါတယ်။
Samsung , LG , Hondai , Kia ,SK စတဲ့ ကိုရီးယား ထိပ်တန်းကုမ္ပဏီ ကြီးတွေ၊ KBS ,SBS စတဲ့ ကမ္ဘာကျော် ရုပ်သံ ကုမ္ပဏီကြီးတွေ နဲ့ ယနေ့ နိုင်ငံတော်တော်များများက လူငယ်တွေ ကြားမှာ ရေပန်းစားနေတဲ့ BTS ,Black Pink နဲ့ Twice တို့လို k pop အဖွဲ့တွေ အခြေစိုက်ရာမြို့လည်းဖြစ်ပါတယ်။
ဆိုးလ်မြို့ဟာ နေထိုင်သူဦးရေနဲ့ နှိုင်းယှဉ်ပါက ရာဇ၀တ်မှု့ အလွန်နည်းပါးတဲ့ မြိုဖြစ်သလို ဆိုးလ်မြို့ရဲ့ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အရက်ဘား တော်တော်များများဟာ နေ့ရောညပါ ၂၄ နာရီမပြတ် ဖွင့်ထားလေ့ရှိပြီး မီးရောင်စုံတွေနဲ့ တညလုံးစည်ကားနေလေ့ရှိတာကြောင့် ညမအိပ်တဲ့ မြို့လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

"A Cat has 'Graduated ' 😺🎉 "               ဖရန်စီဆာ ဘောဒီယားဆိုတဲ့ကောင်မလေး တယောက်ဟာ တက္ကဆပ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ဘ...
04/06/2022

"A Cat has 'Graduated ' 😺🎉 "

ဖရန်စီဆာ ဘောဒီယားဆိုတဲ့ကောင်မလေး တယောက်ဟာ တက္ကဆပ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ဘွဲ့ရ ခဲ့တဲ့ ရန်စီဆာက လူမှုကွန်ယက်အသုံးပြုသူတွေ စိတ်ဝင်စားစေမယ့် ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒါကတော့သူနဲ့ဆူကီ 😺 တို့ ဆင်တူဘွဲ့ဝတ်စုံဝတ်ဆင်ထားတဲ့ ဓာတ်ပုံပါ။ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်အတွေ့အကြုံအများစုကို အိမ်မှာပဲ ဆူကီနဲ့အတူကုန်ဆုံးခဲ့ရတဲ့ အကြောင်းဖရန်စီဆာက အခုလိုပြောပြခဲ့ပါတယ်။

"ကျွန်မရဲ့တိုက်ခန်းမှာပဲ အချိန်တော်တော်ကုန်ဆုံးခဲ့ရတယ်။ ကျွန်မရဲ့ဘေးမှာ ကြောင်လေးရှိပေးခဲ့တယ်။ ကျွန်မ Zoom ကနေ စာသင်ယူတဲ့အခါတိုင်း ကျွန်မနဲ့အတူ တက်ပြီး စာသင်တာကို နားထောင်ချင်ခဲ့တယ်။ သူက ကျွန်မရဲ့ဘေးမှာ အမြဲထိုင်နေခဲ့တယ်။ အိမ်မွေးတိရစ္ဆာန်ရှိတဲ့သူတော်တော်များများသိမှာပါ။ လူတိုင်းက အိမ်မှာပဲ ရှိနေရတဲ့အတွက် Zoom Class တက်နေရတယ်။ ဆူကီက ကျွန်မရဲ့အထူးဘွဲ့ရတစ်ယောက်ပါ"လို့ ဖရန်စီဆာက ပြောပါတယ်။

ဖရန်စီဆာက တိရစ္ဆာန်ချစ်သူတွေအတွက် သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူဝတ်ဆင်လို့ရမယ့် ဆင်တူဆွယ်တာအင်္ကျီတွေရောင်းချပေးတဲ့ အဝတ်အစားအမှတ်တံဆိပ်တစ်ခုကိုလည်း ထုတ်လုပ်နေပါတယ်။ ကြောင်လေးကို Instagram မှာ Follow ထားချင်ရင်တော့ .....

https://www.instagram.com/p/CZcp_RHP_EO/?igshid=YmMyMTA2M2Y=

Ref: Ladbible "A cat has ‘graduated’ after attending every zoom university class of its owner.

Credit (Yoyarlay)

ကမ္ဘာပေါ်ရှိ အေးချမ်းသာယာပြီး နေချင်စဖွယ်အကောင်းဆုံး နိုင်ငံတနိုင်ငံ Switzerland ....                               🇨🇭🇨🇭...
01/06/2022

ကမ္ဘာပေါ်ရှိ အေးချမ်းသာယာပြီး နေချင်စဖွယ်အကောင်းဆုံး နိုင်ငံတနိုင်ငံ Switzerland ....
🇨🇭🇨🇭🇨🇭

ဆွဇ်ဇာလန်နိုင်ငံဟာ ဥရောပတိုက်ရဲ့ အလယ်ပိုင်းမှာရှိပြီး ပညာရေး ၊နည်းပညာတိုးတက်မှု့ ၊ရာဇ၀တ်မှု့ နည်းပါးမှု့စတဲ့ ကဏ္တပေါင်းစုံကနေထိပ်ဆုံးကနေရပ်တည်နေပါတယ်။နှစ်စဉ်ထုတ်ပြန်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေစာရင်းမှာလည်း ၁ ကနေ ၁၀ အတွင်းရပ်တည်နေပါတယ်။ ဒါကြောင့် ဆွဇ်ဇာလန်နိုင်ငံဟာ ဘာကြောင့် အေးချမ်းသာယာပြီး ချမ်းသာတဲ့ နိုင်ငံတနိုင်ငံအဖြစ်ရပ်တည်နိုင်သလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

နိုင်ငံရေး 🇨🇭

ဆွဇ်ဇာလန်ဟာ ကမ္ဘာ့စစ်ပွဲတွေမှာ မပါ၀င်သလို ပြည်တွင်းစစ်နောက်ဆုံးဖြစ်ခဲ့တာကတော့ ၁၈၄၇ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ကြား‌နေနိုင်ငံအဖြစ် ရပ်တည်ခဲ့တာကြောင့်လည်း ကမ္ဘာစစ်တွေမှာ ကမ္ဘာ့နိုင်ငံတော်တော်များများ ထိခိုက်ပေမယ့် ဆွဇ်ဇာလန်ကတော့ လုံး၀ထိခိုက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံရေးအတည်ငြိမ်ဆုံးနိုင်ငံဖြစ်ပြီး ဘယ်လောက်တောင်တည်ငြိမ်သလဲဆိုရင် လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရဲ့ စနစ်နဲ့ စည်မျဉ်း ဥပဒေတွေ ကို ၁၈၄၈ ခုနှစ်ကတည်းက ချမှတ်ကျင့်သုံး ခဲ့တာဖြစ်ပါတယ်။
ဆွဇ်ဇာလန်ဟာ ဖက်ဒရယ်နိုင်ငံဖြစ်ပြီးတော့ပြည်နယ်ပေါင်း ၂၆ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။နိုင်ငံရဲ့အာဏာကို လူတဦး၊အဖွဲ့အစည်းတဦးထဲကနေ ချုပ်ကိုင်ထားခြင်းမရှိပဲ နိုင်ငံတော်အုပ်ချုပ်ရေး အတွက် ဖက်ဒရယ်ကောင်စီ၀င် လူကြီး ၇ဦးကို ပြည်သူကရွေးချယ်ရပါတယ်။ဒီထဲကတယောက်ကို သမ္မတအဖြစ် ခန့်အပ်ထားပေမယ့် သူဟာ အခြားအဖွဲ့၀င်လူကြီးတွေထက်အာဏာပိုမရှိပါဘူး ဆုံးဖြတ်ချက်တွေကို ညှိနှိုင်းပြီးဆုံးဖြတ်ချမှတ်ရပါတယ်။
ဆွဇ်ဇာလန်မှာ ပြည်နယ်အလိုက်သင့်တော်တဲ့ ဥပဒေများရှိပါတယ်။ဆွဇ်ဇာလန် မှာ ပြည်နယ်ပေါင်း ၂၆ ခု လုံးကို တပြေးညီ စည်းကမ်းဥပဒေတွေနဲ့ အုပ်ချုပ်ခြင်းမဟုတ်ပဲ သူ့ဒေသနဲ့သူ ကိုက်ညီမယ့် စည်းမျဉ်းတွေ ကို ချမှတ်ထားပါတယ်။ဥပမာအနေနဲ့ Jura ဒေသမှာနေသူများဟာ ၀င်ငွေရဲ့ ၁၄% ကို အခွန်အဖြစ်ဆောင်ရမှာဖြစ်ပြီး Zug ဒေသမှာ နေသူတွေကတော့ ၄% ပဲဆောင်ရမှာဖြစ်ပါတယ်။Geneva မှာ‌ဆိုင်ဖွင့်မယ်‌ဆိုရင် ညနေ ၆ နာရီမှာ ပိတ်ရမှာဖြစ်ပြီး Zurich ဒေသမှာ ဆိုရင်တော့ အချိန်ကန့်သတ်ထားခြင်းမရှိပါဘူး ။ဒေသအလိုက်နေထိုင်သူတွေရဲ့ ၀င်ငွေ၊အလေ့အကျင့် နဲ့ ကိုက်ညီအောင် ထိန်းညှိပေးထားပါတယ်။
ဖက်ဒရယ်နိုင်ငံဖြစ်ပေမယ့် ဆွဇ်ဇာလန်နိုင်ငံသားများဟာ ဒီမိုကရေစီအပြည့်အ၀ရရှိကြပါတယ်။ပြည်သူတွေဟာ ဆန္ဒခံယူပွဲ ကျင်းပဖို့ လူ ၅သောင်းရဲ့ လက်မှတ်သာလိုသလို စည်းမျဉ်းဥပဒေ တွေပြုပြင် ဖို့‌ဆိုရင်တော့ လူ ၁သိန်းရဲ့ လက်မှတ်သာလိုပါတယ်။၄လတိုင်းမှာ ဆန္ဒခံယူပွဲတွေ ရှိပြီးတော့ နိုင်ငံရဲ့ စနစ် တွေကိုပိုမိုကောင်းမွန်အောင် ပြည်သူတွေကပဲ ပြောင်းလဲနိုင်တာဖြစ်ပါတယ်။ဒီအချက် တွေဟာ အခြားနိုင်ငံအားလုံးနီးပါးနဲ့ လုံး၀ ကွဲပြားတဲ့ အချက်တွေဖြစ်ပါတယ်။

စီးပွားရေး 🇨🇭

ဆွဇ်ဇာလန်နိုင်ငံဟာ အေးချမ်းပြီးချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ရခြင်းကတော့ လုံခြုံစိတ်ချရမှု့နဲ့ စီးပွားရေးတည်ငြိမ်မှု့က အဓိက အချက်တချက်ဖြစ်နေပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးက စီးပွားရေး လုပ်ငန်းရှင်တွေဟာ ငွေကြေး ရင်နှီးမြှပ်နှံမှု့ အပ်နှံမှု့ အတွက် ဆွဇ်ဇာလန်ကိုပဲရွေးချယ်‌ကြသလိုပဲ အေးချမ်းသာယာတာကြောင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကလည်း သူတို့ရဲ့ ရုံးချုပ်တွေကို ဆွဇ်ဇာလန်မှာပဲ ထားကြပါတယ်။
ဆွဇ်ဇာလန်သာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အခြားနိုင်ငံတွေ နဲ့ ယှဉ်ရင် ဖွံ့ဖြိုးမှု့ အားနည်းပြီး ဆင်းရဲတဲ့ နိုင်ငံ ဖြစ်ခဲ့ပါတယ်။ တွင်းထွက်သယံဇာတလည်း အနည်းငယ်သာထွက်ပေမယ့် ယနေ့အချိန်မှာ ဆွဇ်ဇာလန်ကို ချမ်းသာစေတဲ့ အဓိကအချက်တွေထဲ တချက်ကတော့ ဘဏ်လုပ်ငန်းပါ ။ ငွေဆိုတာ ဆွဇ်ဇာလန် ဘဏ်မှာ သွင်းမထားခြင်း မည်သည့်အခါမှ စိတ်ချမ်းသာမှု့မပေးဆိုတဲ့ ဂျာမန်စကားပုံ ရှိသလို ၊ဆွဇ်ဘဏ် တွေဟာ လုံခြုံစိတ်ချမှု့အရှိဆုံး ဘဏ်တွေ အဖြစ် ကမ္ဘာမှာ နံမည်ကြီးပါတယ်။အခြားဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် ဆွဇ်ဘဏ်တွေဟာ အလွန်နောက်ကျပြီးမှ ပေါ်ပေါက်လာခဲ့တာပါ။
ပထမကမ္ဘာစစ်အပြီးကစပြီး ဆွဇ်ဇာလန် ဘဏ်တွေဟာ အလျင်အမြန် ကြီးထွားလာခဲ့ပြီးတခြားနိုင်ငံတွေကဘဏ်တွေနဲ့ မတူညီတဲ့အချက်ကတော့ ငွေအပ်သူတွေ ရဲ့နံမည် ကိုလျှို့ဝှက် ပေးထားတာဖြစ်ပြီးတော့ တနိုင်ငံလုံး မှာရှိတဲ့ ဘဏ်ကြီးဘဏ်ငယ် အားလုံးဟာ လာအပ်သူတွေရဲ့ နံမည်နဲ့ငွေစာရင်းတွေကို လျှို့ဝှက် ပေးတဲ့‌ နေရာမှာ နံမည်ကြီးပါတယ်။ဒါကြောင့်လည်း ကမ္ဘာအနှံ့က ငွေကိုနည်းလမ်းမျိုးစုံနဲ့ ရှာထားကြတဲ့သူ ပေါင်းစုံဟာ သူတို့ရဲ့ ငွေတွေကို ဆွဇ်ဇာလန် ဘဏ်တွေမှာပဲ အပ်လေ့ရှိကြပါတယ်။လက်ရှိအချိန်ထိလည်း နိုင်ငံတကာက ပုဂ္ဂိုလ် အချို့ဟာ တရားမ၀င် နည်းမျိုးစုံနဲ့ ရှာထားတဲ့ ငွေကို ဆွဇ်ဇာလန်ဘဏ်တွေမှာ ပဲ အပ်ထားကြဆဲဖြစ်ပါတယ်။ဆွဇ်ဇာလန်ဘဏ် တွေဟာ လာရောက်အပ်နှံတဲ့ငွေတွေကို စတော့များ၊ စာချုပ်တွေ ၀ယ်ခြင်း၊ အလားအလာကောင်းတဲ့ စီးပွားရေး လုပ်ငန်းများမှာ ထည့်၀င်ခြင်း ၊‌ ငွေတိုးချေးခြင်း ၊ ကော်ပိုရေးရှင်း ကြီးတွေမှာ အကျိုးအမြတ် များ၀ယ်ယူခြင်းစတာတွေနဲ့ ပိုမိုတိုးပွားအောင်လုပ်လေ့ရှိပါတယ်။ဆွဇ်ငွေကြေး စနစ်ဖြစ်တဲ့ Swiss Franc ဟာ အခိုင်မာဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာထက်တောင်ပိုတန်ဖိုးရှိပါတယ်။
ဆွဇ်ဇာလန် လို့ဆိုလိုက်တာနဲ့ အများစုသိကြတာက ဆွဇ်ဇာလန် လုပ်တန်ဖိုးကြီး နာရီ တွေပါ။Rolex , Omega , Patek Philippe စတဲ့ ဆွဇ်ဇာလန် လုပ်တန်ဖိုးကြီး နာရီများစွာ ဟာ ဒီကနေတိုင် နံမည်ကြီးနေဆဲပါ။နာရီတွေအပြင် ကျောက်မျက်လည်သာနဲ့ လူ့အသုံးအဆောင် ပစ္စည်းစတာတွေ ကို အကြမ်းထည်‌တွေကနေ တန်ဖိုးကြီးပစ္စည်း တွေအဖြစ် ပုံဖော်ဒီဇိုင်းထုတ်ကာ ရောင်းချလေ့ရှိပါတယ်။
ဆွဇ်ဇာလန်ဟာ ပထမ ကမ္ဘာစစ်မှာရော ဒုတိယကမ္ဘာစစ်မှာပါ မပါ၀င်ပဲနဲ့ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။အခြားဥရောပနိုင်ငံတွေ စစ်ပွဲပြင်ဆင် မှု့အတွက် အပြိုင်အဆိုင် ငွေကြေးအ မြောက်အမြား သုံးစွဲ နေချိန် ဆွဇ်ဇာလန်ကတော့စီးပွားရေး ကိုသာ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။အိမ်နီးချင်းနိုင်ငံတွေ ဟာ စစ်ဒဏ်ကြောင့် ပြင်းထန်စွာ ထိရောက်ပျက်ဆီးမှု့တွေ ဖြစ်ခဲ့ပေမယ့် ဆွဇ်ဇာလန်ကတော့ ပကတိအတိုင်းရပ်တည်နိုင်ခဲ့ပါတယ်။စစ်အတွင်းမှာ တိုးတက်လာတဲ့ ဥရောပရဲ့ တခုတည်းသောနိုင်ငံ ဖြစ်ခဲ့ပါတယ်။ဒီအချက်ကလည်း ဆွဇ်ဇာလန်နိုင်ငံကို ချမ်းသာစေတဲ့ နိုင်ငံအဖြစ် ရပ်တည်စေခြင်းတွေထဲက အချက်တချက်ဖြစ်ပါတယ်။

လူမှု့ရေး 🇨🇭

ဆွဇ်ဇာလန်မှာ အလုပ်အကိုင်အခွင့်အလမ်းအလွန်ပေါပါတယ်။အခွန်နဲ့ ပတ်သတ်ရင် အခြားနိုင်ငံကြီးတွေထက်အများကြီးသက်သာတာကြောင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးရဲ့ ကုမ္ပဏီကြီးတွေ ဟာ ဒီနိုင်ငံမှာ သူတို့ရဲ့ ရုံးချုပ်တွေ ၊ လုပ်ငန်းတွေကို လာရောက်ဖွင့်လှစ်ကြတဲ့အတွက် အလုပ်အကိုင်ပေါများခြင်းဖြစ်ပါတယ်။အစိုးရအနေနဲ့ကလည်း ကိုယ့်နိုင်ငံသားတွေကိုပဲ အရေးပေးလေ့ရှိပါတယ်။
ဆွဇ်ဇာလန် လူမျိုးတွေဟာ အလုပ်အလွန်လုပ်သလောက် ချွေတာ စုဆောင်းတတ်ကြသူများ လည်းဖြစ်ပါတယ်။ဆွဇ် လူမျိုးတွေဟာချမ်းသာကြပေမယ့် အများစုကတော့ သူတို့ရဲ့ နေ့စဉ်ဘ၀ ကို ရိုးရှင်းစွာ ဖြတ်သန်းတတ်ကြပါတယ်။နေ့စဉ်အသုံးစားရိတ်ကိုအလွန်စီစစ်ကြလို အသုံးမလိုတဲ့ ဖြုန်းတီးမှု့တွေ မရှိပါဘူး ။ဒေသတွင်းနေထိုင်သူအများစုဟာ ပိုက်‌ဆံတတ်နိုင်ကြပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် ပေါင်းများစွာ ကဆောက်လုပ်ထားတဲ့ အိမ်တွေ မှာပဲ နေထိုင်ကြတုန်းပါ။
ဆွဇ်ဇာလန် မှာ အဓိကနေထိုင်တဲ့ လူမျိုးတွေကတော့ ဂျာမန်၊ပြင်သစ်၊ အီတလီ လူမျိုးတွေ ဖြစ်ပေမယ့် သူတို့ကိုယ်သူတို့ ဆွဇ်လူမျိုး လို့သာ ခံယူထားကြပါတယ်။လူဦးရေ နည်းပါးတာကြောင့် လူမျိုးမတူပေမယ့် တသားတည်းရှိကြပါတယ်။နိုင်ငံ့ ထုတ်ကုန်တန်ဖိုးများပြားနေပေမယ့် လူဦးရေ ၈သန်းကျော်သာရှိနေတာကလည်း နိုင်ငံကို ပိုမို ချမ်းသာ စေတဲ့ အချက် တွေထဲက တချက်ဖြစ်ပါတယ်။ဘယ်လောက် ချမ်းသာကြသလဲဆိုရင် လူဦးရေ ၈သန်းကျော်မှာ ၄သိန်းကျော်က သန်းကြွယ်သူဌေးတွေ ဖြစ်နေကြလို့ပါပဲ ။၂၀၂၁ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းတွေအရ ဆွဇ်ဇာလန်နိုင်ငံသားတဦးချင်းစီရဲ့ တနှစ်၀င်ငွေဟာ ကမ္ဘာ့ အဆင့် ၅ နေရာမှာ တည်ရှိနေပါတယ်။

အီတလီရဲ့ ဖက်ရှင်နဲ့ ယဉ်ကျေးမှု့မြို့တော် .....                        Milano လို့လည်းခေါ်ကြတဲ့ Milan မြို့ဟာ အီတလီမြောက်...
24/05/2022

အီတလီရဲ့ ဖက်ရှင်နဲ့ ယဉ်ကျေးမှု့မြို့တော် .....

Milano လို့လည်းခေါ်ကြတဲ့ Milan မြို့ဟာ အီတလီမြောက်ပိုင်း Lambardy ဒေသရဲ့ မြို့တော်ဖြစ်ပြီး ရောမမြို့ရဲ့ နောက်နိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံး မြို့လည်းဖြစ်ပါတယ်။Po တောင်ကြားဒေသရဲ့အနောက်မြောက်ပိုင်းမှာ ပါ၀င်နေပြီး တောင်ဘက်မှာ Po မြစ်နဲ့ မြောက်ဘက်မှာတော့ Alps တောင်တန်းနဲ့ရေကန်ကြီးတည်ရှိနေပါတယ်။
Milan မြို့ ဟာ အရင်က ရှေးဦး ဆဲလ်တစ် မျိုးနွယ်စု တွေစတင်အခြေချနေထိုင် ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရောမတို့ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ရောမသမ္မတ နိုင်ငံလက်အောက်မှာတော့ Mediolanum အမည်နဲ့စတင်ဖွံ့ဖြိုးတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။ Milan ဟာ အနောက်ရောမအင်ပါယာရဲ့ မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အဲ့ဒီ့နောက်ပိုင်းမှာတော့ Visigoth နဲ့ Hans လူမျိုးတို့ရဲ့တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပါသေးတယ်။ဉာဏ်သစ် အရေးတော်ပုံကာလမှာတော့ Milan ဟာ ပိုးထည်လုပ်ငန်းနဲ့ အတူ စီးပွားရေး အလွန်ကောင်းမွန်ခဲ့ပြီး ဥရောပရဲ့ ယဉ်ကျေးမှု့၊အနုပညာ၊ စာပေ နဲ့ ပြဇာတ်တွေရဲ့ ထွန်းကားရာ နယ်မြေတခုဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ် ကာလမှာတော့ မဟာမိတ်တပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း ကို ပြင်းပြင်းထန်ထန်ခံခဲ့ရပါသေးတယ်။
၁၉၅၀ ကနေ ၁၉၆၀ ကြားကာလ ရောက်ချိန်မှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး စက်မှု့လုပ်ငန်း တွေနဲ့အတူ လျင်မြန်စွာ ထွန်းကားလာခဲ့တာပဲဖြစ်ပါတယ်။ယနေ့ အချိန်မှာဆိုရင်တော့ Milan ဟာ ကမ္ဘာ့ဖက်ရှင်မြို့တော်၊ ကမ္ဘာ့ထိပ်တန်း လက်ရာဒီဇိုင်းထုတ်ကုန်တွေ ထုတ်လုပ်ရာနေရာအဖြစ်လူသိများရဲ့ မြို့တော်ကြီး ဖြစ်နေပြီ။
Milan မြို့မှာနေထိုင်သူဦးရေရဲ့ စုစုပေါင်းရဲ့ ၈၀%က အီတလီ လူမျိုးတွေဖြစ်ပြီး ၊ အခြားဥရောပသားတွေက ၄% ၊ အာဖရိကသား ၄.၅% ၊ အာရှသား ၈% နဲ့ အခြားဒေသမှ ပြောင်းရွှေ့ အခြေချသူအနည်းငယ်လည်း နေထိုင်ပါတယ်။ Milan ဟာ အီတလီရဲ့ စီးပွားရေး အကောင်းဆုံးနဲ့ အချမ်းသာဆုံးမြို့ဖြစ်ပါတယ်။အဓိက စီးပွားရေး လုပ်ငန်းတွေကတော့ မော်တော်ကား၊ အထည်၊ ဆေးဝါး၊ ဓာတု ၊ စက်မှု့ထုတ်ကုန်၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ ဖက်ရှင်နဲ့ ခရီးသွာလာရေး၀န်ဆောင်မှု့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
၁၆ ရာစုကာလကတည်းက ဖက်ရှင်မြို့တော်အဖြစ်ကျော်ကြားတဲ့ Milan သာ ယနေ့အချိန်မှာလည်း Paris ၊ London ၊ New York တို့နဲ့ အပြိုင် ကမ္ဘာ့ဖက်ရှင်ဈေးကွက်ကို ဦးဆောင်ထားဆဲဖြစ်ပါတယ်။ နိုင်ငံတကာအဆင့် ဖက်ရှင်ပွဲတော်များကို လက်ခံကျင်းပရာမြို့လည်းဖြစ်ပါတယ်။ တခါကျင်းပလျှင် တစ်ပတ် ကြာပြီး ၁နှစ် ၂ကြိမ် ကျင်းပတဲ့ Milan Fashion Week ဆိုတာကလည်း ရှိနေပါတယ်။ ကမ္ဘာကျော် အီတလီ Brand တွေ ဖြစ်တဲ့ Gucci ၊ Valentino ၊ Prada ၊ Armani စတဲ့ဖက်ရှင် ကုမ္ပဏီပေါင်း များစွာရဲ့ ရုံးချုပ်တွေ အခြေစိုက်ရာ မြို့လည်းဖြစ်ပါတယ်။
Milan ဟာ စွတ်စိုတဲ့ အပူပိုင်း ဒေသရဲ့ရာသီဥတု ကိုပိုင်ဆိုင်ထားပြီး တနှစ်ပတ်လုံး ပျှမ်းမျှအပူချိန်ဟာ ၂ဒီဂရီ နဲ့ ၂၃ ဒီဂရီ ဆဲစီးယပ် အတွင်းမှာ ရှိနေတတ်ပါတယ်။
ဥရောပရဲ့ အအောင်မြင်ဆုံး ဘောလုံးအသင်းတွေဖြစ်တဲ့ Inter Milan နဲ့ AC Milan အသင်း ဟာ Milan အခြေစိုက်ဘောလုံးအသင်းတွေ ဖြစ်ပါတယ်။၁၉၃၄ နဲ့ ၁၉၉၀ ကမ္ဘာ့ဖလားပွဲစဉ်တွေ လက်ခံကျင်းပရာ မြို့ဖြစ်ခဲ့ပြီး ဘောလုံးအားကစားအပြင် Basketball ၊ Volleyball ၊ American Football တွေကလည် လူကြိုက်များတဲ့ အားကစားနည်းတွေဖြစ်ပါတယ်။
အီတလီရဲ့ နံမည်ကျော် မြို့တမြို့ဖြစ်တဲ့ ဒီ Milan မြို့ကြီးကို နှစ်စဉ် ခရီးသွား ၁၀သန်းထက်မနည်း လာရောက်လည်ပတ်လေ့ရှိပါတယ်။

ကမ္ဘာ့ရုပ်ရှင်မြို့တော် Los Angeles .....                                                                               ...
11/05/2022

ကမ္ဘာ့ရုပ်ရှင်မြို့တော် Los Angeles .....
🎥🎞️🎬
အမေရိကန်နိုင်ငံ ရဲ့ အနောက်တောင်ပိုင်းဒေသမှာတည်ရှိနေပြီးတော့ နယူးယောက်မြို့ရဲ့နောက် နိုင်ငံရဲ့ ဒုတိယလူဦးရေ အများဆုံးမြို့ဖြစ်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အကြီးဆုံးနဲ့ လူဦးရေအထူထပ်ဆုံးမြို့လည်းဖြစ်ပါတယ်။
LA လို့ အတိုကောက်ခေါ်ကြပြီး မြန်မာမှာတော့ အများစုက လောစ့်အိန်ဂျလိစ့် လိုခေါ်ကြပေမယ့် အနီးစပ်ဆုံးအသံထွက်က လောစ့်ဆန်းဂျလိစ့် ဖြစ်ပါတယ်။ Los Angeles ဆိုတာကနတ်သမီးများရဲ့ မြို့တော်လို့ အဓိပ္ပာယ်ရပါတယ်။
ဒီနေရာဟာ အရင်ကမူရင်းဒေသခံ Chumash နဲ့ Tongva ဆိုတဲ့ ဒေသခံလူမျိုးစုတွေရဲ့ န်မြေဖြစ်ခဲ့ပြီး ၁၅၄၂ ခုနှစ်မှာတော့ စပိန်တွေက ဒီနေရာကို သူတို့ရဲ့ ပိုင်နက်အဖြစ်သတ်မှတ်ခဲ့ပြီး Alta California လို့ အမည်ပေးခဲ့ကြပါတယ် ။မက်ဆီကန်လွတ်လပ်ရေး တိုက်ပွဲ အပြီး ၁၈၂၁ ခုနှစ်မှာတော့ မက်ဆီကိုရဲ့ နယ်မြေတခုဖြစ်လာခဲ့ပါတယ်။မက်ဆီကန် - အမေရိကန် စစ်ပွဲ အပြီး၁၈၄၈ ခုနှစ်မှာအမေရိကန်တို့ အနိုင်ရပြီး စာချုပ်အရ Los Angeles အပါအ၀င် California နယ်မြေတွေကို ၀ယ်ယူနိုင်ခဲ့ပါတယ်။အဲ့ ဒီ့ အချိန်ကစလို့ အမေရိကန်ရဲ့ ပိုင်နက်ဖြစ်လာခဲ့ပါတယ်။
သာမာန်မြို့ငယ်လေး အဖြစ် ကနေ ၁၈၉၀ ခုနှစ် လောက်မှာရေနံကို ရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းပေါင်းစုံ လူမျိုး ပေါင်းစုံ စုဝေးရာအရပ်ဖြစ်လာခဲ့ပါတယ်။Hollywood နေရာဟာ Los Angeles ထဲ မှာ ပါ၀င်ခဲ့ပြီး ရုပ်ရှင်ကုမ္ပဏီ ပေါင်းများစွာ အခြေစိုက်ရာမြို့ဖြစ်လာခဲ့ ပါတယ် ။
၁၉၂၁ ခုနှစ်မှာတော့ ကမ္ဘာ့ရုပ်ရှင်ဈေးကွက်ရဲ့ ၈၀% ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဒီနေ့ အချိန်မှာတော့ Los Angeles ဟာ ကမ္ဘာပေါ်မှာ စီးပွားရေး အတောင့်တင်းဆုံးအတိုးတက်ဆုံးမြို့တွေထဲကတမြိုအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

Ireland နိုင်ငံရဲ့ မြို့တော် Dublin .....        ဒပ်ဘလင် ကတော့ အိုင်ယာလန်နိုင်ငံရဲ့မြို့တော်နဲ့  အကြီးဆုံးမြို့ပဲဖြစ်ပါတ...
04/05/2022

Ireland နိုင်ငံရဲ့ မြို့တော် Dublin .....
ဒပ်ဘလင် ကတော့ အိုင်ယာလန်နိုင်ငံရဲ့မြို့တော်နဲ့ အကြီးဆုံးမြို့ပဲဖြစ်ပါတယ်။အရှေ့ဘက် ကမ်းရိုးတန်း Leinster လိန်စတာ ခရိုင်အတွင်းမှာ တည်ရှိနေပြီးတော့ တောင်ဘက်မှာတော့ ဒပ်ဘလင် တောင်တန်းနဲ့ ထိစပ်နေပါတယ်။ ၄၄ စတုရန်းမိုင်ကျယ်၀န်းတဲ့ ဒပ်ဘလင်မြို့မှာ နေထိုင်သူလူဦးရေက ၁.၂ သန်းခန့်ရှိပြီးတော့ ဒေသတခုလုံးဆိုရင်တော့ ၁.၉ သန်းကျော်နေထိုင်ကြပါတယ်။
ဒပ်ဘလင်မြို့ စတင်ပေါ်ပေါက် ချိန်ကို အတိအကျမသိကြပေမဲ့ ၉ ရာစု ကာလကတည်းက ဒီနေရာမှာ Vikings တို့ အခြေချနေထိုင်ရာဒေသတခု ဖြစ်ခဲ့ပါတယ်။အဲ့ အချိန်တုန်းက ဒေ့ဗ်ဘလင် လို့ခေါ်ပြီးတော့ အဓိပ္ပာယ်ကတော့ အနက်ရောင်ရေကန်ပဲဖြစ်ပါတယ်။
ဒပ်ဘလင် ဘုရင့် နိုင်ငံတော် ဟာ ၉ရာစုကနေ နော်မန် တို့မကျုးကျော်မှီ ၁၂ ရာစု နှောင်းပိုင်းအထိ တည်ရှိခဲ့ပါတယ်။၁၃ ရာစု အကုန်အထိ ဒီမြို့ရဲ့ လူဦးရေဟာ ၈၀၀၀ ခန့်သာ ရှိ‌ခဲ့ပေမယ့် တဖြည်းဖြည်းချဲ့ထွင်ရာကနေ ပြီးတော့ ၁၇ ရာစု အကုန်မှာတော့ လူဦးရေ ၅၀၀၀၀ ကျော်ရှိလာခဲ့ပါတယ် ။၁၈ ရာစုမှာတော့ ဗြိတိသျှ အင်ပါယာရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်ခဲ့ သလို ဥရောပရဲ့ ပဉ္စမမြောက် အကြီးဆုံးမြို့ ဖြစ်လာခဲ့ပါတယ် ။ဗြိတိသျှဆီကနေ ခွဲထွက် တည်ထောင်ခဲ့ပြီးတော့ ၁၉၂၂ ခုနှစ်ကနေ စလို့ လွတ်လပ်သော Irish အိုင်းရစ် နိုင်ငံတော် ရဲ့ မြို့တော်ဖြစ်လာခဲ့ ပါတယ်။ ၁၉၃၇ ခုနှစ်မှာတော့ နိုင်ငံရဲ့ အမည်ကို အိုင်ယာလန် လို့ ပြောင်းလဲ ခဲ့ပါတယ် ။
ဒပ်ဘလင်ဟာ နိုင်ငံရဲ့ ပညာရေး ၊အနုပညာ ၊ အုပ်ချုပ်ရေး ၊ စီးပွားရေးနဲ့ စက်မှု့စတဲ့ နယ်ပယ် ပေါင်းစုံ စုဝေးရာ မြို့ ကြီးလည်း ဖြစ်ပါတယ်။
ဒပ်ဘလင်မြို့ရဲ့ ပျှမ်းမျှ အပူချိန်ဟာ ဇန်နဝါရီမှာတော့ 8'C ခန့်ရှိပြီးတော့ ဇူလိုင်လမှာတော့ 17' C ၀န်းကျင်အထိ ရှိနေတတ်ပါတယ်။
ဒပ်ဘလင်မြို့မှာနေထိုင်သူဦးရေ စုစုပေါင်းရဲ့ ထက်၀က်လောက်က အသက် ၂၅ နှစ်အောက်သာ ဖြစ်တာကြောင့် လူငယ်တွေရဲ့ မြို့လို့လည်း ခေါ်ဆိုနိုင်ပါတယ် ။
အဆိုတော့ Bono နဲ့ အတူ ကမ္ဘာကျော်တဲ့ U2 အဖွဲ့ကလည်း ဒပ်ဘလင်မြို့မှာ စတင်တည်ထောင်ခဲ့တဲ့ တေးဂီတ အဖွဲ့ပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စာအုပ်စာပေ တွေကို အဓိကထားတဲ့ မြို့တော်တွေကို တော့ စာပေမြို့တော်အဖြစ် ယူနက်စကို က သတ်မှတ်ထားပါတယ်။ကမ္ဘာမှာ စာပေမြို့တော်ပေါင်း ၃၉ မြို့ ‌ရှိနေပြီးတော့ ဒီထဲမှာ ဒပ်ဘလင်မြို့လည်း ပါ၀င်နေပါတယ်။နှစ်စဉ်နှစ်တိုင်းနိုင်ငံတကာစာပေပွဲတော်ကို ဒီမြို့မှာ ကျင်းပလေ့ရှိပါတယ်။
အစားအစာ ၊ချည်ထည်နဲ့ အဖော်ယမကာတွေဟာ ဒပ်ဘလင်ရဲ့ ရိုးရာ လုပ်ငန်းတွေ ဖြစ်ပေမဲ့ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာတော့ ဆေးဝါးလုပ်ငန်းနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေက်ိုပါ တိုးချဲ့ လုပ်ကိုင် လာခဲ့ပါတယ်။လက်ရှိ အလုပ်လုပ်သူဦးရေ ရဲ့ ၆၀ ရာခိုင်နှုန်းခန့်က ဘဏ်လုပ်ငန်းနဲ့ IT နည်းပညာ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။
ဒပ်ဘလင်ကို ဥရောပရဲ့ နည်းပညာမြို့လို့လည်း ခေါ်ဆို ကြပါသေးတယ် ။အကြောင်းကတော့ Google , Microsoft, Amazon, ebay , Facebook, Twitter နဲ့ Tik Tok စတဲ့ အွန်လိုင်းနဲ့ နည်းပညာ ဆိုင်ရာ ကုမ္ပဏီ ကြီးတွေ အားလုံးလိုလိုရဲ့ ရုံးခွဲတွေဟာ ဒီမြိုမှာ ရှိနေပါတယ်။

The Met Gala 2022 Fashion Design 💃🕴️🕺            ကမ္ဘာ့အကြီးဆုံး ဖက်ရှင်ပြပွဲကြီးတွေထဲက တခုဖြစ်တဲ့ နယူးယောက်က Met Gala 2...
04/05/2022

The Met Gala 2022 Fashion Design 💃🕴️🕺

ကမ္ဘာ့အကြီးဆုံး ဖက်ရှင်ပြပွဲကြီးတွေထဲက တခုဖြစ်တဲ့ နယူးယောက်က Met Gala 2022 မှာ ထိပ်တန်းမင်းသမီး မင်းသားတွေ မော်ဒယ်တွေနဲ့ ကျော်ကြားသူ ဆယ်လီ တွေက ဒီဇိုင်နာ အသီးသီးရဲ့ ဆန်းသစ်တီထွင်ထားတဲ့ ဖက်ရှင် တွေကို ၀တ်ဆင်ပြီးတက်ရောက်လာခဲ့ပါတယ်။
ဒီပွဲမှာ အထူးခြားဆုံးလို့ ပြောလို့ရမယ့် ဝတ်စုံကတော့ ဆွီဒင်မင်းသား ဖရက်ဒစ်ခ်ရောဘတ်ဆန် ဝတ်လာတဲ့ ဆူးတွေနဲ့ ဝတ်စုံဖြစ်ပါတယ်။ ဒီဇိုင်နာ အိုင်းရစ်ဇန်ဟာပန်ရဲ့ လက်ရာဖြစ်ပြီး ငွေရောင်ဝတ်စုံမှာ ငါးတောင်ပံလို ဖြူးဆူးချွန်လို အချောင်းတွေနဲ့ တန်ဆာဆင်ထားတာပါ။
နယူးယောက်မြို့က မတ်ထရိုပေါ်လတန် အနုပညာပြတိုက်ရဲ့ ရန်ပုံငွေရှာ အခမ်းအနားဖြစ်ပြီး ဒီနှစ်တော့ ထုံးစံအတိုင်း မေလရဲ့ ပထမဆုံး တနင်္လာနေ့မှာ ကျင်းပသွားတာဖြစ်ပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားက ဖန်ကမ်းခြေ ....                             🌅🌅🌅               ဒီဖန်ကမ်းခြေဟာ အမေရိကန်နိုင်ငံ၊ ...
24/04/2022

အမေရိကန် ကယ်လီဖိုးနီးယားက ဖန်ကမ်းခြေ ....
🌅🌅🌅
ဒီဖန်ကမ်းခြေဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကမ်းရိုးတန်းမြို့ လေး ဖြစ်တဲ့ Fort Bragg မြို့ အနီးမှာ တည်ရှိပါတယ်။
ဒီကမ်းခြေတစ်လျှောက်မှာတော့ ရောင်စုံဖန်တုံး၊ ဖန်စတွေနဲ့ ကျောက်စရစ်ခဲလေးတွေရောကာ တည်ရှိနေတာကြောင့် လာရောက် လည်ပတ်သူတွေကို အံ့သြကြည်နူးစေမှာ အမှန်ပဲဖြစ်ပါတယ်။
ဖန်ကမ်းခြေ ဖြစ်လါ်လာခြင်းအစကတော့ ၁၉ဝ၆ ခုနှစ် ဒီဒေသမှာ နေထိုင်ကြသူအချို့ဟာ သံဘူး၊ဖန်ပုလင်းအသုံးအဆောင်ပစ္စည်း စတဲ့ အမှိုက် သရိုက်တွေကို အဲဒီနေရာမှာ စုပုံလွှင့်ပစ်ကြတဲ့အတွက် အမှိုက်ပုံဖြစ်လာပါတယ်။အမှိုက်တွေကို လျော့နည်းစေဖို့ အစပိုင်းမှာ မီးတွေရှို့ဖျက်ဆီးခဲ့ ကြပါတယ်။ ၁၉၄၃ ခုနှစ်မှာတော့ အမှိုက် လုံးဝစွန့်ပစ်သို့ မရတော့လောက်အောင် များပြားလာတဲ့အတွက် နောက်တစ်နေရာကို ရွှေ့ပြီး အမှိုက်ပစ်ကြပြန်ပါတယ်။
ဒါပေမဲ့ အဲဒီနောက်တစ်နေရာက အမှိုက်ပုံကလည်း ၁၉၄၉ ခုနှစ်မှာပြည့်သွားပြန်တဲ့အတွက် နောက်တစ်နေရာကို ထပ်ရွှေ့ပြီး အမှိုက်ပစ်ကြပြန်ပါတယ်။ အဲဒီနေရာကို တော့ ၁၉၆၇ ခုနှစ်အထိအ သုံးပြုခဲ့ကြပါတယ်။အဲဒီနောက်ဆုံး နေရာဟာ အခုဖန်ကမ်းခြေဖြစ်လာတဲ့ နေရာပဲဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာတော့ ကယ်လီ ဖိုးနီးယား ရေအရင်းအမြစ်ထိန်းချုပ်မှုအဖွဲ့နဲ့ မြို့နယ် ခေါင်းဆောင်တွေဟာ အဲဒီနေရာတွေမှာ အမှိုက်ပစ်ခြင်းကို လုံးဝပိတ်ပင်လိုက်ပါတယ်။နေရာတိုင်း လိုလိုမှာ အမှိုက်တွေကြောင့် ညစ်ပတ်နေပြီး ဒေသခံ တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ အဲဒီအမှိုက်ပုံဟာ ရောင်စုံဖန်ကမ်းခြေအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ လူသားတွေကြောင့်မဟုတ်ဘဲ သဘာဝတရားကြီးရဲ့ အံ့သြဖွယ်အစွမ်းကြောင့်ပါ။လှိုင်းတွေဟာ အမှိုက်သရိုက်တွေကိုပင်လယ်ကြမ်းပြင်ကဲ့သို့ ဆွဲချ လိုက်ပြီး ကမ်းဆီပြန်ခတ်လာတဲ့လှိုင်းတွေက ဖန်ပုလင်းတွေ၊ မြေအိုးစတာတွေကို ချော မွတ်စေတဲ့ ဖန်တုံးဖန်ခဲလေးတွေအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်လောက်ကစ၍ နာမည်ကျော်လာခဲ့ပေမဲ့ ဒီကမ်းခြေကို လာရောက်လည်ပတ်သူတွေကို ခြေဖဝါးချည်းသက်သက် နင်းခွင့်မပြုခဲ့ပါဘူ။ လုံးဝ မထိခိုက်နိုင်ကြောင်း စမ်းသပ်ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာတော့ တရားဝင် ခြေနင်းခွင့်ပေးခဲ့ပါတယ်။
၁၈ ဧက အကျယ်ရှိတဲ့ ဒီကမ်းခြေတစ်လျှောက် လှည့်ပတ် သွားလာကြပေမဲ့ ဖန်ကွဲများ ထိခိုက်ခြင်း၊ ရှခြင်း၊ စူးခြင်းမျိုး လုံးဝဖြစ်ပေါ်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။သဘာဝတရားကြီးက ပြောင်းလဲပေးလိုက်တဲ့ ဒီဖန်ကမ်းခြေဟာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားပေါင်း များစွာကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လာပါပြီ။

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595414535

Website

Alerts

Be the first to know and let us send you an email when YOLK MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YOLK MEDIA:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share