MmaWorld

MmaWorld mmaနှင့်ပတ်သတ်သောသတင်း

UFCက        တော့mmaပရိတ်သတ်တွေအတွက်ပွဲကောင်းတစ်ပွဲကိုကြည့်ရှုရတော့မယ်ဆိုတာကြေညာလာခဲ့ပါပြီရန်ညိုးတွေရှိကြတဲ့သူငယ်ချင်းဟော...
12/01/2022

UFCက
တော့mmaပရိတ်သတ်တွေအတွက်ပွဲကောင်း
တစ်ပွဲကိုကြည့်ရှုရတော့မယ်ဆိုတာကြေညာလာခဲ့ပါပြီ

ရန်ညိုးတွေရှိကြတဲ့သူငယ်ချင်းဟောင်း

၂ဦးထိုးသတ်မှာဖြစ်ပြီးအဲ့၂ယောက်ကတော့ကိုးဘိုင်ကိုဘီတန်နဲ့ဂျော့မက်ဗီဒယ်တို့ဘဲဖြစ်ပါတယ်

မတ်လ၅ရက်မှာကျင်းပမယ့်ufc272မှာထိုးသတ်သွားရမှာပါ

ufc270ကတော့လက်ဗီးဂတ်စ်မြို့
မှာကျင်းပသွားမှာပါ

သေချာတာတစ်ခုကတော့ပွဲကြမ်းတစ်ပွဲအဖြစ်မြင်တွေ့ရမှာ

11/01/2022

မာတင်ငုယင်ကြီး၂၀၂၂မှာ
နိုင်ပွဲနဲ့အတူပြန်လာနိုင်ပါစေ

ကန်ဂျေဝန်းကိုသာငုယင်ကြီးအနိုင်ရခဲ့ရင်ချန်ပီယံစိန်ခေါ်ခွင့်ကိုရနေလောက်ပြီ
ဒါပေမယ့်လည်းပထမအချီမှာဘဲအလဲထိုးနဲ့ရှုံးသွားတယ်
၂ပွဲဆက်ရှုံးထားတဲ့ငုယင်ကြီး
၂၀၂၂မှာနိုင်ပွဲနဲ့အတူချန်ပီယံစိန်ခေါ်ခွင့်ရရှိသွားပါစေလို့မျှော်လင့်ပါတယ်။

11/01/2022

၂၀၂၁မှာOneChampionship
ရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက်ကိုပြောပါဆိုရင်တော့အိုကေရွန်းပါလို့ပြောချင်တယ်

ထိုးသတ်ထားတဲ့၃ပွဲလုံးကိုအမှတ်နဲ့အနိုင်ယူထားတယ်
နောက်ဆုံးပွဲကချန်ပီယံစိန်ခေါ်ပွဲဖြစ်ပြီး
လိုက်ဝိတ်ချန်ပီယံခရစ်ရှန်လိကိုအမှတ်နဲ့အနိူင်ယူ
ပြီးချန်ပီယံဖြစ်လာတယ်

ချန်ပီယံစိန်ခေါ်ပွဲမထိုးသတ်ရခင်တုံးကဖယ်သာဝိတ်ချန်ပီယံဟောင်းဂယ်ဘာဒေါ့နဲ့
ufcနဲ့bellatorရဲ့လိုက်ဝိတ်တန်းချန်ပီယံဟောင်းအက်ဒီအယ်ဗာရက်တို့ကို့အမှတ်နဲ့အနိုင်ယူခဲ့တာပါ။

အိုကေရွန်းရဲ့
mmaထိုးပွဲမှတ်တမ်းကတော့၁၆ပွဲနိုင်၃ပွဲရှုံး။
တောင်က်ုးရီးယားနိုင်ငံသားပါ

၂၀၂၂မှာဘယ်ဖိုက်တာတွေကိုချန်ပီယံအဖြစ်မြင်တွေ့ချင်ကြလဲ
23/12/2021

၂၀၂၂မှာဘယ်ဖိုက်တာတွေကိုချန်ပီယံ
အဖြစ်မြင်တွေ့ချင်ကြလဲ

၂၀၂၁ရဲဲ့ufcပွဲဦးထွက်ထိုးသတ်မှုမှာအကောင်းစွမ်းဆောင်ပြနိုင်ခဲ့တဲ့ဖိုက်တာများအမေရိကန်ဖိုက်တာ-မိုက်ကယ်ချန်ဒလာအင်ဂလန်ဖိုက်တာ...
22/12/2021

၂၀၂၁ရဲဲ့ufcပွဲဦးထွက်ထိုးသတ်မှုမှာအကောင်းစွမ်းဆောင်ပြနိုင်ခဲ့တဲ့ဖိုက်တာများ

အမေရိကန်ဖိုက်တာ-မိုက်ကယ်ချန်ဒလာ

အင်ဂလန်ဖိုက်တာ-PaddyPimblett

အိုင်ယာလန်ဖိုက်တာ-IanGarry

ဘရာဇီးဖိုက်တာ-AlexPereira

မြန်မာ့ရိုးရာလက်ဝှေ့များမွှေထိုင်းနဲ့ကွာပမွှေထိုင်းက🌎​ကျော်ပြီးသင်ယူသူများနေချိန်မှာရိုးရာလက်ဝှေ့ကတော့နိုင်ငံခြားကသင်ယူသ...
22/12/2021

မြန်မာ့ရိုးရာလက်ဝှေ့များမွှေထိုင်းနဲ့ကွာပ

မွှေထိုင်းက🌎​ကျော်ပြီးသင်ယူသူများနေချိန်မှာရိုးရာလက်ဝှေ့ကတော့နိုင်ငံခြားကသင်ယူသူများဖို့မပြောနဲ့ပြည်တွင်းကသင်ယူတဲ့သူတွေတောင်ဟန်မကျသလိုဘဲ
အထောက်အပံ့ကောင်းကောင်းမရှိတော့ကြာရင်ရိုးရာလက်ဝှေ့ဆိုတာကွယ်ပြောက်သွားမလားဘဲ

မွှေထိုင်းကတော့ufcကဖိုက်တာတော်တော်များများ
တောင်ထိုင်းနိုင်ငံထိလာပြီးလေ့ကျင့်တာကိုတွေ့ရတယ်၊

ဘင်တန်ဝိတ်ကြားဖြတ်ချန်ပီယံပီတာယန်းတောင်ထိုင်းနိုင်ငံသွားပြီး​မွှေထိုင်းပညာတွေ
သင်ယူနေတယ်၊
မြန့်မာ့ရိုးရာလက်ဝှေ့လည်းပိုပြီးခေတ်မီလာရင်ကောင်းမယ်။

မစ်ဒယ်ဝိတ်တန်းရဲ့လက်ရှိချန်ပီယံ   အဒါဆန်းညာကိုကစ်ဘောက်ဆင်ကစားသမားဘဝမှာKoနဲ့ပွဲသိမ်းပေးခဲ့တဲ့AlexPereiraကိုmmaကစားသမားဘဝက...
22/12/2021

မစ်ဒယ်ဝိတ်တန်းရဲ့လက်ရှိချန်ပီယံ
အဒါဆန်းညာကိုကစ်ဘောက်ဆင်ကစားသမားဘဝမှာKoနဲ့ပွဲသိမ်းပေးခဲ့တဲ့AlexPereiraကိုmmaကစားသမားဘဝကူးပြောင်းလာတော့ပရိတ်သတ်တော်တော်များများကမျှော်လင့်ခဲ့ကြတယ်

မျှော်လင့်ထားတဲ့အတိုင်းAlexကလည်းufcပွဲဦးထွက်ပထမဆုံးပွဲမှာပြိုင်ဘက်ကိုအလဲသိပ်နိုင်ခဲ့ပြီးအဖွင့်မျက်နှာပန်းလှခဲ့တယ်လို့ပြောရမှာပါ

mmaဖိုက်တာဘဝမှာလည်းအဒါဆန်းညာကြီးကိုKoနဲ့ရှုံးနိမ့်သာမြင်ချင်မိကြမှာတော့အမှန်ဘဲလေ

လောလောဆယ်အနေအထားချန်ပီယံအဒါဆန်းညာနဲ့ထိုးသတ်ခွင့်ရဖို့ဝေးသေးတယ်ဆိုပေမယ့်နိုင်ပွဲဆက်သွားရင်တဖြည်းဖြည်းနဲ့မစ်ဒယ်ဝိတ်အဆင့်သတ်မှတ်ချက်ထဲရောက်သွားမှာပါ

အခုအချိန်မှာတော့ဒုတိယပွဲအဖြစ်မတ်လ၁၂ရက်မှာကျင်းပပြုလုပ်မယ့်UFCFightNightပွဲမှာBrunoSilvaနဲ့ထိုးသတ်သွားရတော့မှာပါ

နိုင်ပွဲထပ်ယူပြီးအဒါဆန်းညာနဲ့ထိုးသတ်ဖို့နီးစပ်သွား
အောင်ကြိုးစားသွားနိုင်မှာလားဆိုတာ ။ ။

UFCရဲ့         ဟဲဗီးဝိတ်ချန်ပီယံFrancisNgannouကြီးဟာufcနဲ့စာချုပ်ထားတာ၁ပွဲဘဲကျန်ပါတော့တယ်နောက်ဆုံးကျန်တော့တဲ့၁ပွဲကတော့ခါ...
22/12/2021

UFCရဲ့
ဟဲဗီးဝိတ်ချန်ပီယံFrancisNgannouကြီးဟာufcနဲ့စာချုပ်ထားတာ၁ပွဲဘဲကျန်ပါတော့တယ်

နောက်ဆုံးကျန်တော့တဲ့၁ပွဲကတော့ခါးပါတ်ပေါင်းစည်းပွဲအဖြစ်လေ့ကျင့်ဖော်ဟောင်း
Ganeနဲ့နဲ့ထိုးသတ်သွားရမှာပါ

ဒါနာဝိုက်ကိုယ်တိုင်ကလည်းကင်မရွန်းသားကစာချုပ်ထပ်ချုပ်ဖို့စိတ်မဝင်စားဘူးလို့ပြောခဲ့တာကြောင့်ufcမှာထပ်ပြီးမြင်တွေရဖို့ဆိုတာမသေချာသလိုဖြစ်နေပါတယ်

ဝင်ငွေကောင်းတဲ့ဘောက်ဆင်မှာဘဲထိုးသတ်သာမြင်ရလောက်မယ်ထင်ပါတယ်၊ဒါနာဝိုက်နဲ့ufcကိုစိတ်ကုန်သွားပြီထင်ပါရဲ့အခုufc270မှာထိုးသတ်ဖို့လေ့ကျင့်စရိတ်တောင်ချေးခဲ့ရတယ်လို့ပြောဖူးတော့ ။ ။

ကော်နာကိုဒဲ့ဖဲ့လိုက်တဲ့ဂျက်စတင်ကေဂျီဘလိုတွေဖဲ့သွားလဲဆိုတော့က     အဲ့ကောင်ကိုငါလုံးဝဂရုမစိုက်ဘူး၊အမှန်အတိုင်းပြောရရင်​ကော...
21/12/2021

ကော်နာကိုဒဲ့ဖဲ့လိုက်တဲ့ဂျက်စတင်ကေဂျီ

ဘလိုတွေဖဲ့သွားလဲဆိုတော့က
အဲ့ကောင်ကိုငါလုံးဝဂရုမစိုက်ဘူး၊အမှန်အတိုင်း
ပြောရရင်​ကော်နာ
ခြေထောက်ကျိုးသွားတာကိုငါကြိုက်ခဲ့တာ

ကော်နာကြီးကိုပြောနိုင်တာဆိုလို့ကေဂျီတစ်ယောက်ဘဲထင်တယ်😁

လိုက်ဝိတ်ချန်ပီယံစိန်ခေါ်သူအဖြစ်သတ်မှတ်ပေးမဲ့ပွဲစဥ်ကိုufcကတော့ဖေဖော်ဝါရီ၂၇မှာသတ်မှတ်ပေးလိုက်ပါပြီ  အဆင့်၃ကDariushနဲ့အဆင်...
21/12/2021

လိုက်ဝိတ်ချန်ပီယံစိန်ခေါ်သူအဖြစ်သတ်မှတ်ပေးမဲ့ပွဲစဥ်ကိုufcကတော့ဖေဖော်ဝါရီ၂၇မှာသတ်မှတ်ပေးလိုက်ပါပြီ
အဆင့်၃ကDariushနဲ့အဆင့်၄ကMakhachevတို့ထိုးသတ်မှာဖြစ်ပြီးအနိုင်ရတဲ့သူကချန်ပီယံစိန်ခေါ်ခွင့်ကိုချန်ပီယံအိုဗာရှီးယားနဲ့ဂျက်စတင်ကေဂျီတို့ပွဲမှအနိုင်ရသူနဲ့ထိုးသတ်ရမှာပါ
မြေပြင်မှာအချိန်ကုန်မယ့်ပွဲမျိုးမို့groundမှာဘယ်သူကဆရာကြီးလဲဆိုတာအဖြေပေါ်မယ့်ပွဲဖြစ်လာမှာသေချာပါတယ်။

UFCရဲ့         ၂၀၂၁အတွင်းချန်ပီယံအဖြစ်ရှိနေတဲ့ဖိုက်တာများ
21/12/2021

UFCရဲ့
၂၀၂၁အတွင်းချန်ပီယံအဖြစ်ရှိနေတဲ့ဖိုက်တာများ

သောင်ပြင်မှာဇိမ်ကျစွာအနားယူနေသော😁😁ကိုရီးများ
20/12/2021

သောင်ပြင်မှာဇိမ်ကျစွာအနားယူနေသော😁😁ကိုရီးများ

20/12/2021
လိုက်ဝိတ်ချန်ပီယံအိုဗာရှီးယားရဲ့         သူ့ဘဝအခြေအနေအကြောင်းတ​စေ့တစောင်းပြောကြားချက်  ဘဝကြီးကပထမတော့ခက်ခဲတာဘဲ၊အမြဲတမ်းလ...
20/12/2021

လိုက်ဝိတ်ချန်ပီယံအိုဗာရှီးယားရဲ့
သူ့ဘဝအခြေအနေ
အကြောင်းတ​စေ့တစောင်းပြောကြားချက်

ဘဝကြီးကပထမတော့ခက်ခဲတာဘဲ၊အမြဲတမ်းလဲအထင်သေးခံခဲ့ရတယ်၊ကလေးဘဝအရွယ်ကတည်းကငါ့ရဲ့မိဘတွေကအမိုက်တွေကောက်၊ရောင်းစရာထည့်စရာ၊သုံးစရာတွေအကုန်ကောက်ပြီးရတဲ့ဝင်ငွေနဲ့Bjjသင်တန်းမှာငါ့ကိုတက်စေခဲ့တယ်

ပြီးတော့တခြားသူတွေကငါ့အခြေအနေနဲ့ငါ့ရုပ်သွင်အရအမိုက်ကောက်သမားလို့ခေါ်ခဲ့ကြပေမဲ့ဘယ်အရာကမှငါ့စိတ်ဓာက်ကိုမကျဆင်းစေခဲ့ဘူး
ဒါပေမယ့်အခုအချိန်မှာတော့ငါဟာချန်ပီယံဖြစ်နေပြီဖြစ်သလိုပထမဆုံးချန်ပီယံကာကွယ်ပွဲကိုလည်းကာကွယ်နိုင်ခဲ့တယ်
ဒီနေရာရောက်ဖို့ငါ့ကိုဘယ်သူမှမယုံကြည်ခဲ့ပေမဲ့ငါကလူတိုင်းထက်သာတယ်ဆိုတာယုံကြည်ပေးခဲ့တာဆိုလို့ငါ့မိသားစုဘဲရှိတယ်

UFCဟာ    မတ်လ၄ရက်နေ့မှာကျင်းပမယ့်ufc274မှာဘရာဇီးဖိုက်တာအများစုရဲ့ပွဲစဥ်တွေထည့်သွင်းပြီးကျင်ပဖို့ရှိနေပါတယ်  အကြောင်းရင်း...
17/12/2021

UFCဟာ
မတ်လ၄ရက်နေ့မှာကျင်းပမယ့်ufc274မှာဘရာဇီးဖိုက်တာအများစုရဲ့ပွဲစဥ်တွေထည့်သွင်းပြီးကျင်ပဖို့ရှိနေပါတယ်
အကြောင်းရင်းကတော့ကျင်းပမယ့်နေရာဟာဘရာဇီးနိုင်ငံမှာဖြစ်သာ​ကြောင့်သူတို့နိုင်ငံဖိုက်တာတွေကိုအလေးထားပြီးအရေးပေးထည့်သွင်းသွားမယ်လို့သိရတာပါ၊ပွဲစဥ်တွေကတော့

လိုက်ဟဲဗီးဝိတ်ချန်ပီယံပထမဆုံးကာကွယ်ပွဲအဖြစ်
ဂလိုဘာတက်ရှီးယား က ပရိုစီဇာနဲ့ထိုးသတ်ရမှာပါ

လိုက်ဝိတ်ချန်ပီယံဒုတိယကာကွယ်ပွဲ
အဖြစ်
အိုဗာရှီးယား က. ဂျက်စတင်ကေဂျီနဲ့ထိုးသတ်ရမှာဖြစ်ပြီး

နောက်ထပ်ဘရာဇီးဖိုက်တာပွဲအနေနဲ့

ဝယ်တာဝိတ်တန်းပွဲစဥ်
အဖြစ်
အဆင့်၂ကဂေးဘက်ဘန်းနဲ့အဆင့်၁၁ကKhmazatChimaevတို့ရဲ့ပွဲကြမ်းနဲ့

ဘင်တန်ဝိတ်တန်းပွဲစဥ်
အဖြစ်
အဆင့်၃ကဂျိုဆေးအယ်ဒိုကြီးနဲ့ဟိုတလောကနိုင်ပွဲရှာထားတဲ့ဒေါ့မနစ်ကျုတို့ရဲ့ချန်ပီယံစိန်ခေါ်ခွင့်ရနိုင်တဲ့ပွဲကိုလည်းစောင့်ကြည့်သွားရမှာပါ

မိုရက်နဲ့မူဟော့တို့ထိုးပွဲလည်းပါဝင်ခဲ့တာဖြစ်ပါတယ်

OneChampionship   မှာထိုးသတ်နေကြတဲ့TeamLakayမှဖီလစ်ပိုင်ဖိုက်တာတွေရဲ့ထိုးပွဲစွမ်းဆောင်ရည်များ
17/12/2021

OneChampionship
မှာထိုးသတ်နေကြတဲ့TeamLakayမှဖီလစ်ပိုင်ဖိုက်တာတွေရဲ့ထိုးပွဲစွမ်းဆောင်ရည်များ

ကိုဒီဂါးဘရင့်ဟာufcကနေထုတ်ပယ်ခံရဖို့နီးစပ်နေပြီလားဘာလို့လဲဆို​ေတာ့အခုအချိန်တော့သိပ်မနီးစပ်သေးပေမယ့်နောက်ပိုင်းတည်ပေးတဲ့ပွ...
16/12/2021

ကိုဒီဂါးဘရင့်ဟာ
ufcကနေထုတ်ပယ်ခံရဖို့နီးစပ်နေပြီလား

ဘာလို့လဲဆို​ေတာ့အခုအချိန်တော့သိပ်မနီးစပ်သေးပေမယ့်နောက်ပိုင်းတည်ပေးတဲ့ပွဲမှာသာထပ်ပြီးရှုံးနိမ့်ခဲ့ရင်တော့ထုတ်ခံရဖို့သေချာသွားပြီလို့ပြောရမှာပါ
အကြောင်းရင်းကတော့ကိုဒီဟာ၂၀၁၆မှာဘင်တန်ဝိတ်ချန်ပီယံဖြစ်ခဲ့ပြီး

၂၀၁၇မှာဆိုရင်နိုင်ပွဲ၁၁ပွဲရှုံးပွဲမရှိစံချိန်ကိုလည်းပိုင်ဆိုင်ထားခဲ့ပါသေးတယ်

ဒါပေမယ့်၂၀၂၁အထိထိုးသတ်ခဲ့တဲ့ပွဲတွေမှာတော့၆ပွဲထိုးသတ်ခဲ့ပြီး၁ပွဲတာအနိုင်ရရှိခဲ့ကာ၅ပွဲကိုရှုံးနိမ့်ထားခဲ့တာပါ

နောက်ဆုံးရှုံးနိမ့်ထားခဲ့တဲ့ပွဲကတော့ဘင်တန်ဝိတ်တန်းမှာရှုံးနိမ့်နေတဲ့ကိုဒီကိုဒါနာဝိုက်အနေနဲ့ဖလိုင်းဝိတ်တန်းကိုဝိတ်တန်းပြောင်းပို့ပေးခဲ့တာပါ

အနိုင်ရရင်ဖလိုင်းဝိတ်တန်းချန်ပီယံစိန်ခေါ်ခွင့်တွေတောင်ရနိုင်ဖို့နီးစပ်ခဲ့တာပါ ၊ဝိတ်တန်းပြောင်းထိုးတော့လည်းရှုံးနိမ့်သွားတဲ့အတွက်ဒါနာဝိုက်အနေနဲ့မျှော်လင့်ထားသလိုဖြစ်မလာခဲ့တာကကိုဒီဂါးဘရင့်ကိုစိတ်ပျက်စေမိမှာတော့အမှန်ဘဲလို့ထင်ပါတယ်

သူ့ရဲ့လက်ရှိထိုးပွဲမှတ်တန်းကတော့၁၂ပွဲနိုင်၅ပွဲရှုံး
ထုတ်ပယ်ခံရရင်တော့
ခါဘစ်ရဲ့EFCကကမ်းလှမ်းလာမှာတော့အသေအချာပါ။

ဘယ်အနေအထားကပိုပြီးအထာကျလဲ
16/12/2021

ဘယ်အနေအထားကပိုပြီးအထာကျလဲ

UFCသမိုင်းမှာ      KO/TKOနဲ့အများဆုံးပွဲသိမ်းထားနိုင်တဲ့ဖိုက်တာတွေကဘယ်သူတွေဖြစ်မလဲ နိုင်ပွဲ  ၁၂ပွဲ-Derrick Lewisလာမယ့်ဒီ...
16/12/2021

UFCသမိုင်းမှာ
KO/TKOနဲ့အများဆုံးပွဲသိမ်းထားနိုင်တဲ့ဖိုက်တာတွေကဘယ်သူတွေဖြစ်မလဲ

နိုင်ပွဲ
၁၂ပွဲ-Derrick Lewis
လာမယ့်ဒီဇင်ဘာ၁၈ရက်နေ့မှာChrisDaukausနဲ့ခေါင်ပွဲအဖြစ်Lewisဟာထိုးသတ်သွားမှာပါ
၁၂ပွဲ-ဘီတာဘဲဖု
၁၂ပွဲ-မက်ဘရောင်း
၁၁ပွဲ-အန်တိုနီဂျွန်ဆန်
၁၁ပွဲ-သီယာဂိုဆန်းတို့
၁၁ပွဲ-အဒါဆန်ဆေးဗား

ဘင်တန်ဝိတ်တန်းရဲ့  အဆင့်သတ်မှတ်ချက်၁၃နေရာကိုရောက်ရှိလာတဲ့SeanO`Malleyရဲ့၂၀၂၁နှစ်အတွင်းထိုးသတ်ခဲ့တဲ့ပွဲရဲ့စွမ်းဆောင်ရည်မျ...
15/12/2021

ဘင်တန်ဝိတ်တန်းရဲ့
အဆင့်သတ်မှတ်ချက်၁၃နေရာကိုရောက်ရှိလာတဲ့
SeanO`Malleyရဲ့၂၀၂၁နှစ်အတွင်းထိုးသတ်ခဲ့တဲ့ပွဲရဲ့စွမ်းဆောင်ရည်များ

UFC260မှာထိုးသတ်ခဲ့တဲ့ပွဲမှာတော့၃ချီမြောက်မှာKoနဲ့အနိုင်ရရှိခဲ့ပြီးဘောနပ်စ်ဆုကြေးလည်းရခဲ့ပါတယ်
UFC264မှာလည်းKoနဲ့၃ချီအတွင်းပွဲသိမ်းပေးလိုက်ပြီးဘောနပ်ဆုကြေးကိုထပ်ပြီးသိမ်းပိုက်သွားခဲ့ပြန်ပါတယ်
လွန်ခဲ့တဲ့ရက်ကကျင်းပတဲ့UFC269မှာလည်းဘောနပ်ဆုကြေးကိုသိမ်းပိုက်နိုင်တဲ့လက်ရည်တွေနဲ့ပထမအချီKoနဲ့အနိုင်ရသွားသာမို့
အဆင့်သတ်မှတ်ချက်၁၃နေရာကိုပေးလိုက်တယ်ထင်ပါတယ်
Koလက်သီးပိုင်ရှင်SeanO`Malleyတစ်ယောက်နောက်ပွဲတွေမှာထိတ်တန်းဖိုက်တာနဲ့တွေ့ရင်Koလက်သီးနဲ့ပွဲသိမ်းနိုင်မှာလားဆိုတာ။ ။

UFCရဲ့         ဘင်တန်ဝိတ်တန်းကဖိုက်တာဖြစ်တဲ့SeanO``Malleyဟာufc269မှာPaivaနဲ့မထိုးသတ်ခင်ထိဘင်တန်ဝိတ်တန်းရဲ့အဆင့်သတ်မှတ်ချ...
15/12/2021

UFCရဲ့
ဘင်တန်ဝိတ်တန်းကဖိုက်တာဖြစ်တဲ့SeanO``Malleyဟာufc269မှာPaivaနဲ့မထိုးသတ်ခင်ထိဘင်တန်ဝိတ်တန်းရဲ့အဆင့်သတ်မှတ်ချက်1ကနေ15ထိဝင်တဲ့ဖိုက်တာမဟုတ်သေးဘူးဆိုတာသိပြီးသားဖြစ်ပါလိမ့်မယ်

ဒါပေမယ့်
ufc269မှာpaivaနဲ့ထိုးသတ်လို့ပထမအချီမှာဘဲKoနဲ့အနိုင်ရရှိတဲ့ပွဲအပြီးမှာတော့သူဟာအဆင့်သတ်မှတ်ချက်ထဲကိုဝင်လာခဲ့ပါပြီ

ဝင်လာတဲ့အဆင့်သတ်မှတ်ချက်နေရာကလည်းသူ့ကိုထိတ်တန်းဖိုက်တာတစ်ယောက်ဖြစ်စေဖို့ချန်ပီယံစိန်ခေါ်ခွင့်နဲ့ပိုမိုနီးစပ်အောင်ပေးလါတဲ့အတိုင်းပါဘဲ

၁၃ဆိုတဲ့နေရာကိုတန်းရောက်လာခဲ့တာပါ။

ကော်နာရဲ့တိတ်နေတဲ့လေကတော့လိုက်ဝိတ်ချန်ပီယံခါးပါတ်အတွက်နဲ့ဒီနေ့မှာမုန်တိိုင်းထန်လာခဲ့ပါပြီUFC259မှာပထမဆုံးချန်ပီယံကာကွယ်ပ...
14/12/2021

ကော်နာရဲ့တိတ်နေတဲ့လေကတော့
လိုက်ဝိတ်ချန်ပီယံခါးပါတ်အတွက်နဲ့ဒီနေ့မှာမုန်တိိုင်းထန်လာခဲ့ပါပြီ
UFC259မှာပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ်ဒက်စတင်ပေါ်ရီးယကိုအနိုင်ရခဲ့တဲ့ချားလက်အိုဗာရှီးယားနဲ့ပတ်သတ်ပြီးဘယ်လိုပြောလာခဲ့လဲဆိုတော့

ငါကအိုဗာရှီးယားနဲ့ဘယ်အချိန်မှာထိုးဖြစ်မှာလဲ
🇮🇪Vs🇧🇷 2ဆိုပြီးတော့ပါ

ကော်နာရဲ့ပွဲရှာမှုကို
လိုက်ဝိတ်ချန်ပီယံကြီးချားလက်အိုဗာရှီးယား
ကလည်း

ဒီအားလပ်ရက်မင်းဘယ်လိုထင်လဲ၊ငါအဆင်သင့်ဖြစ်နေပြီ၊ငါမြို့ထဲမှာဘဲရှိသေးတယ်၊ပြီးတော့ပွဲတစ်ခုလာဦးမယ်၊လာစမ်းပါဘေဘီ
ဆိုပြီးတော့တုန့်ပြန်ခဲ့တာဖြစ်ပါတယ်၊

လောလောဆယ်အနေအထားတော့ပွဲအခြေအနေကဖြစ်လာနိုင်ခြင်းမရှိတာတော့အမှန်ပါ

ကော်နာရည်ရွယ်ပြီးပြောလိုက်တာကအိုဗာရှီးယားကိုဒုတိယအကြိမ်ချန်ပီယံကာကွယ်ပွဲအဖြစ်နဲ့ပြောလိုက်တာမို့ဒက်စတင်ပေါရီးယနဲ့၄ကြိမ်မြောက်မကျေပွဲဖြစ်ထိုးသတ်ဖို့စိတ်မဝင်စားတော့ဘူးထင်ပါတယ်
သေချာတာတစ်ခုကတော့အိုဗာရှီးယားဟာဂျက်စတင်ကေဂျီနဲ့ချန်ပီယံကာကွယ်ပွဲအဖြစ်ထိုးသတ်ရတော့မှာမို့ကေဂျီနဲ့ဘဲပွဲဖြစ်ဖို့များပါတယ်။

UFCရဲ့အကောင်းဆုံးမိန်းကလေးဖိုက်တာတွေကိုထုတ်ပြန်လိုက်တဲ့pound-for-poundအဆင့်သတ်မှတ်ချက်ကတော့ပေါ်ထွက်လာခဲ့ပါပြီအဆင့်၁နေရာက...
14/12/2021

UFCရဲ့
အကောင်းဆုံးမိန်းကလေးဖိုက်တာတွေကိုထုတ်ပြန်လိုက်တဲ့pound-for-poundအဆင့်သတ်မှတ်ချက်ကတော့ပေါ်ထွက်လာခဲ့ပါပြီ

အဆင့်၁နေရာကိုတော့ဘလင်တီနာဇင်ချန်ကိုကရပ်တည်ခဲ့ပြီး

အဆင့်၂နေရာကတော့ရိုးနမာဂျုနက်စ်

အဆင့်၃ကတော့ufc269မှာဂျူလီယာပီနာကိုရှုံးနိမ့်ခဲ့တဲ့အမန်ဒါနူးနက်စ်က
၁နေရာကိုဖယ်ပေးခဲ့ရပြီးရောက်ရှိခဲ့တာပါ

အဆင့်၄ကတော့ufc269မှာအမန်ဒါနူးနက်ကို
ရီးယားနစ်ကယ်ချုပ်ကွက်နဲ့အနိုင်ရရှိပြီးချန်ပီယံသစ်ဖြစ်လာတဲ့ဂျူလီယာပီနာကကရောက်ရှိခဲ့တာဖြစ်ပါတယ်။

UFC269မှာ    ဒက်စတင်ပေါ်ရီးယကိုတတိယအချီမှာရီးယားနစ်ကယ်ချုပ်ကွက်နဲ့အနိုင်ယူပြီးပထမဆုံးချန်ပီယံကာကွယ်ပွဲကိုအောင်မြင်နိုင်ခ...
14/12/2021

UFC269မှာ
ဒက်စတင်ပေါ်ရီးယကိုတတိယအချီမှာရီးယားနစ်ကယ်ချုပ်ကွက်နဲ့
အနိုင်ယူပြီးပထမဆုံးချန်ပီယံကာကွယ်ပွဲကိုအောင်မြင်နိုင်ခဲ့တဲ့ချားလက်အိုဗာရှီးယားဟာ
UfC-pound-for-pound
ufcရဲ့အကောင်းဆုံးဖိုက်တာအဆင့်သတ်မှတ်ချက်၅နေရာအထိကိုတက်လှမ်းလာခဲ့ပါပြီ
သူ့ကိုရှုံးနိမ့်ခဲ့တဲ့ပေါရီးယကတော့အဆင့်၈နေရာကိုရောက်သွားခဲ့ကာ
အဆင့်၁နေရာကိုတော့ဝယ်တာဝိတ်တန်းရဲ့ဘီလူးကြီးကန်မရူအူစမန်ကဘဲရပ်တည်နေခဲ့တာပါ။

ဖလိုင်းဝိတ်တန်း     ပွဲစဥ်အဖြစ်KaRaနဲ့ထိုးသတ်မယ့်ကိုဒီဂါးဘရင့်ဟာအဲ့ပွဲကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ufcရဲ့ဖလိုင်းဝိတ်တန်းကို...
11/12/2021

ဖလိုင်းဝိတ်တန်း
ပွဲစဥ်အဖြစ်KaRaနဲ့ထိုးသတ်မယ့်ကိုဒီဂါးဘရင့်ဟာအဲ့ပွဲကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ufcရဲ့ဖလိုင်းဝိတ်တန်းကိုစိတ်ဝင်စားအောင်လုပ်ပေးနိုင်ခဲ့မှာပါ

ဘာလို့လဲဆိုတော့ဖလိုင်းဝိတ်တန်းဟာစိတ်ဝင်စားမှုအနည်းဆုံးဝိတ်တန်းဖြစ်တဲ့အပြင်ချန်ပီယံလက်ရည်တွေရှိတာဆိုလို့ချန်ပီယံသစ်မိုရီနိုနဲ့ချန်ပီယံဟောင်းDeivesonFigueiredoတို့နှစ်ဦးဘဲရှိတယ်လို့သဘောထားမိတယ် ဖလိုင်းဝိတ်တန်းမှာက၊
ကိုဒီကိုအနိုင်ရစေချင်မိတယ်၊ဒါမှလည်းဖလိုင်းဝိတ်တန်းကပြိုင်ဆိုင်မှုပြင်းထန်လာမှာ၊

UFCက           လိုက်ဝိတ်တန်းရဲ့ထိတ်တန်းဖိုက်တာ၂ယောက်ဖြစ်တဲ့ပေါ်ရီးယနဲ့အိုဗာရှီးယားတို့ဟာသူတို့ထိုးသတ်ခဲ့တဲ့ufcရဲ့mmaပွဲတ...
11/12/2021

UFCက
လိုက်ဝိတ်တန်းရဲ့ထိတ်တန်းဖိုက်တာ၂ယောက်ဖြစ်တဲ့ပေါ်ရီးယနဲ့အိုဗာရှီးယားတို့ဟာသူတို့ထိုးသတ်ခဲ့တဲ့ufcရဲ့mmaပွဲတွေမှာဘယ်လိုတွေစွမ်းဆောင်ပြီးထိတ်တန်းအဆင့်ဖိုက်တာဖြစ်ကြောင်းသက်သေပြသွားလဲဆိုတော့

ပေါ်ရီးဟာstand. fightမှာဆိုရင်ဘဝမှာတစ်ခါမှအလဲထိုးမခံရဘူးတဲ့ကော်နာကြီးကိုတောင်အလဲထိုးနဲ့ရှုံးပွဲကိုကြုံ​တွေ့စေခဲ့တလိုသူထိုးသတ်ခဲ့တဲ့ပွဲတွေမှာ၈ပွဲကိုလည်းknock outsနဲ့ပွဲသိမ်းနိုင်ခဲ့တာပါ

အိုဗာရှီးယားကတော့ချုပ်ကွက်နဲ့၁၄ပွဲကိုပွဲသိမ်းနိုင်ခဲ့ပြီးufcမှာချုပ်ကွက်နဲ့နိုင်ပွဲအများဆုံးဖိုက်တာအဖြစ်ထိပ်ဆုံးကနေရပ်တည်နေတာဖြစ်ပါတယ်

ဒက်စတင်ပေါရီးယဟာufc       မှာစထိုးသတ်တုံးကဆိုဖိုက်တာထိုးကြေး၈ထောင်ကနေစခဲ့ရတာပါ၊ဒါပေမယ့်သူနောက်ဆုံးထိုးသတ်ခဲ့တဲ့ကော်နာ၃မက...
10/12/2021

ဒက်စတင်ပေါရီးယဟာufc
မှာစထိုးသတ်တုံးကဆိုဖိုက်တာထိုးကြေး၈ထောင်ကနေစခဲ့ရတာပါ၊

ဒါပေမယ့်သူနောက်ဆုံးထိုးသတ်ခဲ့တဲ့ကော်နာ၃မကျေပွဲမှာတော့၅သန်းအထိရရှိသွားခဲ့တာမို့ဖိုက်တာဘဝစတင်တဲ့အချိန်တုန်းကနဲ့ဆိုရင်တော်တော်လေးကွာခြားသွားပြီလို့ပြောရမှာဖြစ်ပါတယ်

အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့တော့မရနိုင်ပါဘူး၊အခုလိုအခြေအနေတွေရဖို့သွေးတွေချွေးတွေပေးဆပ်ခဲ့ရတာဆိုတော့ဒီလောက်များတဲ့ထိုး
ကြေးအခုအချိန်ရနေတာသူ့အတွက်ဝမ်းလည်းသာသလိုကျေနပ်မှုရှိ။ ။

Address


Alerts

Be the first to know and let us send you an email when MmaWorld posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share