Myanmar Pet Channel-MPC

  • Home
  • Myanmar Pet Channel-MPC

Myanmar Pet Channel-MPC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Pet Channel-MPC, Media/News Company, .
(2)

ခွေးကလေး ပျောက်သွားလို့ပါ ဗျို့...နာမည် - ကမ်ဘမ်အသက် -အရောင်- အဖြူ၊ အညို၊ အမဲနေရပ်လိပ်စာ - ရွှေပြည်သာ အမှတ်သုံးရပ်ကွက် န...
23/09/2023

ခွေးကလေး ပျောက်သွားလို့ပါ ဗျို့...

နာမည် - ကမ်ဘမ်
အသက် -
အရောင်- အဖြူ၊ အညို၊ အမဲ
နေရပ်လိပ်စာ - ရွှေပြည်သာ အမှတ်သုံးရပ်ကွက် နွယ်သာဂီလမ်း
စတင်ပျောက်ဆုံးရက်/နေရာ-ရွှေ ပြည်သာ အမှတ်သုံးရပ်ကွက် နွယ်သာဂီလမ်းဝန်းကျင်

တွေ့ရှိပါက09420035802
ဝိုင်းဝန်းကူညီရှာပေးကြပါဦးနော်..

*****
သခင်တို့ရေ
သတင်းကောင်းလေးဗျို့

သင်တို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေလမ်းလည်လွန်ပြီး ပျောက်ဆုံးနေခဲ့ရင် Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍမှာ အခမဲ့ကြေငြာလို့ရပါ ပြီ။

သခင်နဲ့ အချစ်တော်လေးတွေ ကွဲကွာရတဲ့ ခံစားမူတွေ လျော့ကျစေဖို့အတွက်(MPC)အဖွဲ့သားတွေက နှလုံးသားနဲ့ခံစားပြီး ကူညီပေးတာဖြစ်ပါတယ်။

Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍကို အပတ်စဥ်
ဗုဒဟူးနဲ့ စနေနေ့တွေမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီဏ္ဍမှာပါဝင်ချင်တဲ့ သခင်တွေအနေနဲ့
ပျောက်ဆုံးနေတဲ့ အချစ်တော်လေးရဲ့
နာမည်
အသက်
အရောင်
ထင်ရှားသည့်အမှတ်အသား
ဓာတ်ပုံ
နေရပ်လိပ်စာ
စတင်ပျောက်ဆုံးရက်/နေရာ
စတာတွေကို Myanmar Pet Channel(MPC) Page CB ကိုပို့ပေးရမှာဖြစ်ပါတယ်။

ခွေးကလေး ပျောက်သွားလို့ပါ ဗျို့...နာမည်▪အသက် -၆လ▪အရောင်- အဖြူ ၊ အညိုကွက်▪နေရပ်လိပ်စာ - မြန်မာ့ဂုဏ်ရောင်အိမ်ယာ▪စတင်ပျောက်...
23/09/2023

ခွေးကလေး ပျောက်သွားလို့ပါ ဗျို့...

နာမည်
▪အသက် -၆လ
▪အရောင်- အဖြူ ၊ အညိုကွက်
▪နေရပ်လိပ်စာ - မြန်မာ့ဂုဏ်ရောင်အိမ်ယာ
▪စတင်ပျောက်ဆုံးရက်/နေရာ- တာမွေ မေတ္တာညွှန့်အိမ်ရာကြားနဲ့ orange နောက်ဘက်ခြမ်း ကြား

ဝိုင်းဝန်းကူညီရှာပေးကြပါဦးနော်..

သခင်တို့ရေ
သတင်းကောင်းလေးဗျို့📣📢📣🔔🔈🔊

သင်တို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေလမ်းလည်လွန်ပြီး ပျောက်ဆုံးနေခဲ့ရင် Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍမှာ ‌အခမဲ့ကြေငြာလို့ရပါ ပြီ။

သခင်နဲ့ အချစ်တော်လေးတွေ ကွဲကွာရတဲ့ ခံစားမူတွေ လျော့ကျစေဖို့အတွက်(MPC)အဖွဲ့သားတွေက နှလုံးသားနဲ့ခံစားပြီး ကူညီပေးတာဖြစ်ပါတယ်။

Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍကို အပတ်စဥ်
ဗုဒဟူးနဲ့ စနေနေ့တွေမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီဏ္ဍမှာပါဝင်ချင်တဲ့ သခင်တွေအနေနဲ့
ပျောက်ဆုံးနေတဲ့ အချစ်တော်လေးရဲ့
▪နာမည်
▪အသက်
▪အရောင်
▪ထင်ရှားသည့်အမှတ်အသား
▪ဓာတ်ပုံ
▪နေရပ်လိပ်စာ
▪စတင်ပျောက်ဆုံးရက်/နေရာ
စတာတွေကို ‌ Myanmar Pet Channel(MPC) Page CB ကိုပို့ပေးရမှာဖြစ်ပါတယ်။

ခွေးလေး ပျောက်သွားပါလို့ ဗျို့...နာမည် - အသက် -အရောင် - အဖြူပေါ် အမဲကွက်ထင်ရှားသည့်အမှတ်အသား- မျက်နှာဖြူကြားနေရပ်လိပ်စာ-...
20/09/2023

ခွေးလေး ပျောက်သွားပါလို့ ဗျို့...

နာမည် -
အသက် -
အရောင် - အဖြူပေါ် အမဲကွက်
ထင်ရှားသည့်အမှတ်အသား- မျက်နှာဖြူကြား
နေရပ်လိပ်စာ- သာကေတ
စတင်ပျောက်ဆုံးရက်/နေရာ- သာကေတ ၁၀၈ တောင်ဘုရားနား

သခင်ဖုန်းနံပတ်-( 09 262806442)

ကျေးဇူးပြုပြီးဝိုင်းရှာပေးကြပါဦးနော်...

********
သခင်တို့ရေ...
သတင်းကောင်းလေးဗျို့..

သင်တို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္တာန်လေးတွေ လမ်းလည်လွန်ပြီး ပျောက်ဆုံးနေခဲ့ရင် Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍမှာ အခမဲ့ကြေငြာ လို့ရပါပြီ။

သခင်တို့နဲ့ အချစ်တော်လေးတွေ လမ်းလွဲပြီး ကွဲကွာရတဲ့ ခံစားမူတွေ လျော့ကျစေဖို့ အမြဲထာ၀စဥ် အတူမခွဲနေနိုင်ဖို့အတွက် Myanmar Pet Channel(MPC) အဖွဲ့သားတွေက နှလုံးသားနဲ့ခံစားပြီး ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။

Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍကို အပတ်စဥ် ဗုဒ္ဓဟူးနဲ့ စနေနေ့တွေမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီဏ္ဍမှာပါဝင်ချင်တဲ့ သခင်တွေအနေနဲ့ ပျောက်ဆုံး နေတဲ့ အချစ်တော်လေးရဲ့

နာမည်
အသက်
အရောင်
ထင်ရှားသည့်အမှတ်အသား
ဓာတ်ပုံ
နေရပ်လိပ်စာ
စတင်ပျောက်ဆုံးရက်/နေရာ

စတာတွေကို Myanmar Pet Channel(MPC) Page CB ကိုပို့ပေးရမှာဖြစ်ပါတယ်။

(MPC)


ခွေးလေး ပျောက်သွားလို့ ဗျို့...📢📢▪နာမည် - သားပေါက်▪အသက် -▪အရောင် - အဖြူပေါ် အမဲကွက်▪ထင်ရှားသည့်အမှတ်အသား-▪နေရပ်လိပ်စာ- လ...
20/09/2023

ခွေးလေး ပျောက်သွားလို့ ဗျို့...📢📢

▪နာမည် - သားပေါက်
▪အသက် -
▪အရောင် - အဖြူပေါ် အမဲကွက်
▪ထင်ရှားသည့်အမှတ်အသား-
▪နေရပ်လိပ်စာ- လှည်းကူးမြို့နယ်၊အောင်သုခ၃လမ်း
▪စတင်ပျောက်ဆုံးရက်/နေရာ- နေအိမ်လမ်းရှေ့

သခင်ဖုန်းနံပတ်-( 09784769630, 09400288992,
09795276112)

ကျေးဇူးပြုပြီးဝိုင်းရှာပေးကြပါဦးနော်...

********
သခင်တို့ရေ...
သတင်းကောင်းလေးဗျို့..

သင်တို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္တာန်လေးတွေ လမ်းလည်လွန်ပြီး ပျောက်ဆုံးနေခဲ့ရင် Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍမှာ အခမဲ့ကြေငြာ လို့ရပါပြီ။

သခင်တို့နဲ့ အချစ်တော်လေးတွေ လမ်းလွဲပြီး ကွဲကွာရတဲ့ ခံစားမူတွေ လျော့ကျစေဖို့ အမြဲထာ၀စဥ် အတူမခွဲနေနိုင်ဖို့အတွက် Myanmar Pet Channel(MPC) အဖွဲ့သားတွေက နှလုံးသားနဲ့ခံစားပြီး ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။

Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍကို အပတ်စဥ် ဗုဒ္ဓဟူးနဲ့ စနေနေ့တွေမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီဏ္ဍမှာပါဝင်ချင်တဲ့ သခင်တွေအနေနဲ့ ပျောက်ဆုံး နေတဲ့ အချစ်တော်လေးရဲ့

နာမည်
အသက်
အရောင်
ထင်ရှားသည့်အမှတ်အသား
ဓာတ်ပုံ
နေရပ်လိပ်စာ
စတင်ပျောက်ဆုံးရက်/နေရာ

စတာတွေကို Myanmar Pet Channel(MPC) Page CB ကိုပို့ပေးရမှာဖြစ်ပါတယ်။

(MPC)


သခင်ရေ...📢📢ရန်ကုန်တိုင်း ၊ ရွှေပေါက်က္ကံ ၁၂စျေးထိပ်ကယ်ရီဂိတ်မှာ စက်တင်ဘာ ၂၀ရက် ခွေးလေးတစ်ကောင်တွေ့ထားတာပါတဲ့ ပျောက်နေတဲ့...
20/09/2023

သခင်ရေ...📢📢

ရန်ကုန်တိုင်း ၊ ရွှေပေါက်က္ကံ ၁၂စျေးထိပ်ကယ်ရီဂိတ်မှာ စက်တင်ဘာ ၂၀ရက် ခွေးလေးတစ်ကောင်တွေ့ထားတာပါတဲ့ ပျောက်နေတဲ့ ပိုင်ရှင်ဆို ကလေးကို သွားခေါ်ပေးပါဦးနော်...

*****
သခင်တို့ရေ...
သတင်းကောင်းလေးဗျို့..

သင်တို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္တာန်လေးတွေ လမ်းလည်လွန်ပြီး ပျောက်ဆုံးနေခဲ့ရင် Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍမှာ အခမဲ့ကြေငြာ လို့ရပါပြီ။

သခင်တို့နဲ့ အချစ်တော်လေးတွေ လမ်းလွဲပြီး ကွဲကွာရတဲ့ ခံစားမူတွေ လျော့ကျစေဖို့ အမြဲထာ၀စဥ် အတူမခွဲနေနိုင်ဖို့အတွက် Myanmar Pet Channel(MPC) အဖွဲ့သားတွေက နှလုံးသားနဲ့ခံစားပြီး ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။

Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍကို အပတ်စဥ် ဗုဒ္ဓဟူးနဲ့ စနေနေ့တွေမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီဏ္ဍမှာပါဝင်ချင်တဲ့ သခင်တွေအနေနဲ့ ပျောက်ဆုံး နေတဲ့ အချစ်တော်လေးရဲ့

နာမည်
အသက်
အရောင်
ထင်ရှားသည့်အမှတ်အသား
ဓာတ်ပုံ
နေရပ်လိပ်စာ
စတင်ပျောက်ဆုံးရက်/နေရာ

စတာတွေကို Myanmar Pet Channel(MPC) Page CB ကိုပို့ပေးရမှာဖြစ်ပါတယ်။

(MPC)






သခင်တို့ရေ...သတင်းကောင်းလေးဗျို့..📣📣သင်တို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္တာန်လေးတွေ ‌လမ်းလည်လွန်ပြီး ပျောက်ဆုံးနေခဲ့ရင် Mya...
17/09/2023

သခင်တို့ရေ...
သတင်းကောင်းလေးဗျို့..📣📣

သင်တို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္တာန်လေးတွေ ‌လမ်းလည်လွန်ပြီး ပျောက်ဆုံးနေခဲ့ရင် Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍမှာ ‌အခမဲ့ကြေငြာ လို့ရပါပြီ။

သခင်တို့နဲ့ အချစ်တော်လေးတွေ ‌လမ်းလွဲပြီး ‌‌‌‌‌ကွဲကွာရတဲ့ ခံစားမူတွေ လျော့ကျစေဖို့ အမြဲထာ၀စဥ် အတူမခွဲနေနိုင်ဖို့အတွက် Myanmar Pet Channel(MPC) အဖွဲ့သားတွေက နှလုံးသားနဲ့ခံစားပြီး ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။

Myanmar Pet Channel(MPC) ရဲ့ Lost & Found ကဏ္ဍကို အပတ်စဥ် ဗုဒ္ဓဟူးနဲ့ စနေနေ့တွေမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီဏ္ဍမှာပါဝင်ချင်တဲ့ သခင်တွေအနေနဲ့ ပျောက်ဆုံး နေတဲ့ အချစ်တော်လေးရဲ့

▪နာမည်
▪အသက်
▪အရောင်
▪ထင်ရှားသည့်အမှတ်အသား
▪ဓာတ်ပုံ
▪နေရပ်လိပ်စာ
▪စတင်ပျောက်ဆုံးရက်/နေရာ

စတာတွေကို ‌ Myanmar Pet Channel(MPC) Page CB ကိုပို့ပေးရမှာဖြစ်ပါတယ်။

(MPC)


17/08/2023

'' အ၀လွန်ခွေးလေးတွေ ခံစားရနိုင်တဲ့ ရောဂါများ...''

သခင်အများစုကတော့ မိမိတို့ရဲ့ အချစ်တော် ခွေးလေးတွေ ၀၀ကစ်စ်လေးဖြစ်နေတာကို သဘောကျပြီး အချစ်တွေ ပိုတတ်ကြပါတယ်။ ဒါပေမဲ့ ‌အ၀လွန်တဲ့ ခွေးလေးတွေအတွက် ရေရှည်မှာ အန္တရယ် ဖြစ်ပေါ်စေနိုင်တဲ့ အ ကြောင်းရင်းလေးတွေကို ‌‌‌ပြော​ပြပေးချင်ပါတယ်။

‌၁) အချက်ကတော့ အ၀လွန်တဲ့ ခွေးလေးတွေဟာ အဆစ်နာရောဂါ​ဖြစ်စေပါတယ်။ အလေးချိန်ပိုနေမူက ခွေး လေးတွေရဲ့ အဆစ်ရှိ အရိုးနုတွေကို ‌ရောင်ရမ်းစေပါတယ်။

၂ ) အချက်ကတော့... အသေးစိတ်ကို ရုပ်သံမှာ ကြည့်ရူနိုင်ပါတယ်။




#အ၀လွန်ခွေးလေးတွေခံစားရနိုင်တဲ့ရောဂါများ

'' သင့်ရဲ့ အချစ်တော် ပူစီ အသက်ဘယ်လောက်ရှိနေပြီလဲ...? မှတ်မိရဲ့လား?... ''အ‌ရေးကြီးတယ်နော်...!◾သခင်တို့ရေ သင်တို့အချစ်တော်...
16/08/2023

'' သင့်ရဲ့ အချစ်တော် ပူစီ အသက်ဘယ်လောက်ရှိနေပြီလဲ...? မှတ်မိရဲ့လား?... ''

အ‌ရေးကြီးတယ်နော်...!

◾သခင်တို့ရေ သင်တို့အချစ်တော် ပူစီလေးတွေ အသက် အရွယ်ဘယ်လောက်ရှိနေပြီလဲ...။

◾မှတ်မိလား..? ဒါမှမဟုတ် မေ့နေပြီလား..?

◾ဟုတ်ပါတယ် အချစ်တော် ပူစီလေးတွေရဲ့ အသက်ကို မှတ်မိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ပူစီလေးတွေက အသက်အရွယ်အလိုက် သူတို့ရဲ့ ကျန်းမာ‌ရေးက သိသိသာသာ ‌ပြောင်းလဲတတ် ကြပါ တယ်။

◾ပူစီလေးတွေက အသက်အရွယ် ‌ကိုးနှစ်အရွယ်က စပြီး အသက်အကြီးပိုင်းအရွယ်ကို ‌ရောက်ရှိကြပါပြီ။

◾ဒီလို အသက်အရွယ်ကို‌ ရောက်ပြီဆို ပူစီလေးတွေဟာ ဆီးချို၊ နှလုံး‌ရောဂါ ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာအပါအ ၀င် သက်ကြီး‌ရောဂါတွေကို ရရှိခံစားရတတ်ပါတယ်။

◾စစ်တမ်းတွေအရတော့ သက်ကြီးပိုင်းရောက်လာတဲ့ ပူစီဆယ် ကောင်မှာ တစ်ကောင်က အထက်ပါရောဂါ တစ်ခုခုကို ခံစားနေတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။

◾ဒါ‌‌ကြောင့်မို့ သခင်တွေက မိမိ အချစ်တော် ပူစီလေးရဲ့ အ သက်အရွယ်ကို သေချာမှတ်ထားပြီး ဆရာ၀န်ကို အခါအားသင့်လျော်စွာ ပြသပြီး ကျန်းမာရေးစောင့်ရှောက်မူပေးကာ ဂရုစိုက်သင့်ပါတယ်။

◾ဒါမှသာ ပူစီလေးတွေ အသက်အရွယ်အလိုက် ခံစားရနိုင်တဲ့ ‌ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး ပူစီနဲ့ သခင်တို့ ကျန်းမာပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။

Ko Puci

'' အ၀လွန်ခွေးလေးတွေ ခံစားရနိုင်တဲ့ ရောဂါများ...''သခင်အများစုကတော့ မိမိတို့ရဲ့ အချစ်တော် ခွေးလေးတွေ ၀၀ကစ်စ်လေးဖြစ်နေတာကို...
16/08/2023

'' အ၀လွန်ခွေးလေးတွေ ခံစားရနိုင်တဲ့ ရောဂါများ...''

သခင်အများစုကတော့ မိမိတို့ရဲ့ အချစ်တော် ခွေးလေးတွေ ၀၀ကစ်စ်လေးဖြစ်နေတာကို သဘောကျပြီး အချစ်တွေ ပိုတတ်ကြပါတယ်။ ဒါပေမဲ့ ‌အ၀လွန်တဲ့ ခွေးလေးတွေအတွက် ရေရှည်မှာ အန္တရယ် ဖြစ်ပေါ်စေနိုင်တဲ့ အ ကြောင်းရင်းလေးတွေကို ‌‌‌ပြော​ပြပေးချင်ပါတယ်။

‌၁) အချက်ကတော့ အ၀လွန်တဲ့ ခွေးလေးတွေဟာ အဆစ်နာရောဂါ​ဖြစ်စေပါတယ်။ အလေးချိန်ပိုနေမူက ခွေး လေးတွေရဲ့ အဆစ်ရှိ အရိုးနုတွေကို ‌ရောင်ရမ်းစေပါတယ်။

၂ ) အချက်ကတော့ နှလုံးနှင့်အသက်ရှူ လမ်း‌ကြောင်း ရော ဂါတွေကိုခံစားရနိုင်ပါတယ်။ ကိုယ်အလေး ချိန်တက် လာမူက နှလုံးရောဂါနဲ့ သွေးတိုး‌ရောဂါကို ရရှိစေနိုင်တဲ့ အပြင် လေပြွန်ပြိုကျမူနဲ့ လေပြွန် သွက်ချာပါဒဖြစ် နိုင်ချေပိုများတတ်ပါတယ်။ ခွေးလေးတွေ အနေနဲ့ ဒီလို အသက်ရှုလမ်း ကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရပါက အချိန်မီ ကုသမခံယူရရင် အသက်သေဆုံးမူအထိပါ ဖြစ်စေပါတယ်။

၃) မေ့ဆေးအန္တရာယ်

အဝလွန်တဲ့ ခွေးတွေရဲ့ နှလုံးနဲ့ အဆုတ်တွေဟာ မေ့ဆေးပေးချိန်မှာ ပိုအလုပ်လုပ်ရပါတယ်။ ခွေးလေးဟာ သူ့ရင် ဘတ်ကို ချဲ့ရခက်နေတဲ့အတွက် အသက်ရှုဖို့ ရုန်းကန်ရပါတယ်။ အဝလွန်တဲ့ ခွေးတွေဟာ မေ့ဆေးပေးပြီး ပါက ပြန်လည်နိုးထဖို့ အချိန်အတော်ကြာနိုင်ပါတယ်။

၄) အကျိတ်
အဝလွန်တဲ့ခွေးလေးတွေဟာ အဆီကျိတ်တွေ အပြင် ရင်သားနဲ့ ဆီးအိမ်ကင်ဆာ (အကူးအပြောင်းဆဲလ်ကင် ဆာ) ကဲ့သို့ အကျိတ်တွေလည်’ ဖြစ်နိုင်ချေ များနိုင်ပါတယ်။

၅) အရေပြားရောဂါများ
အဝလွန်ခွေးတွေဟာ အရေပြားအဖုတွေ အများပြားဖြစ်ပေါ်တတ်ပြီး အဲကနေတစ်ဆင့် ဘက်တီးရီးယား ပိုးလကြောင့် ယားယံမူနဲ့ ရောဂါပိုးဝင်မူတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ပွားပါက အရေပြားပေါ် ကုတ်ခြစ်မိမူ၊ ခန္ဓာ ကိုယ်အနံ့ဆိုးထွက်မူနဲ့ အရေပြားနီမူတို့ကို ဖြစ်စေနိုင်ပါတယ်။

အဝလွန်နေတဲ့ ခွေးလေးတွေဟာ အတက်အဆင်း နှေးကွေးလာတတ်ကြပြီး အမြဲတစေမောပန်းတဲ့ လက္ခဏာ တွေကို ခံစားရပါတယ်။

အဲဒါမို့ သခင်တွေအနေနဲ့ မိမိတို့ရဲ့ အချစ်တော်ခွေးလေးတွေ အ၀လွန် တာမဖြစ်စေဖို့အတွက် ပုံမှန် ချိန်ဆပြီး အစားအစားကျွေးမွေးတာအပြင် လေ့ကျင့် ခန်းတွေ များများ လုပ်ဆောင်ပေးဖို့ အထူးလိုအပ်ပါတယ်။

ရေးသားသူ -Linn




#အ၀လွန်ခွေးလေးတွေခံစားရနိုင်တဲ့ရောဂါများ

14/08/2023

'' ခွေးလေးတွေ စိတ်ပိုင်းဆိုင်ရာကို ကောင်းမွန်အောင် ဂရုစိုက်ဖို့ လိုအပ်လား...''

ခွေးလေးတွေက အစားအသောက် မပျက်ပဲ အာဟာရ ပြည့်၀ပြီး ကိုယ်ကာယ ကျန်းမာနေပေမဲ့လည်း သူတို့ လေးတွေကို အထူးဂရုစိုက် ပေးဖို့ လိုအပ်တာလေးတစ်ခုရှိနေသေးတယ်ဆိုတာ သိပါသလား။

အဲဒါလေးကတော့...
ရုပ်သံမှာအပြည့်စုံ ကြည့်ရူလေ့လာနိုင်ပါတယ်နော်😍😍

ရေးသားသူ
Jack


အားလုံးပဲ မင်္ဂလာပါ ဟူးမန်းတို့ရေ…ဒီနေ့ အာ၀ုလေးတွေရဲ့ စိတ်နေအမှုအရာတွေကို တစ်ခုချင်းစီဖော်ပြပေးသွားပါမယ်ချစ်ရတဲ့ အာ၀ုလေး...
14/08/2023

အားလုံးပဲ မင်္ဂလာပါ ဟူးမန်းတို့ရေ…

ဒီနေ့ အာ၀ုလေးတွေရဲ့ စိတ်နေအမှုအရာတွေကို တစ်ခုချင်းစီဖော်ပြပေးသွားပါမယ်

ချစ်ရတဲ့ အာ၀ုလေးတွေကို နားလည်ပြီး

အာ၀ုနဲ့ ဟူးမန်း အပြန်အလှည် နားလည်မှုတွေနဲ့ ချစ်သက်ရှည်ရအောင်နော်

ဒီကဏ္ဍလေးက “ အာ၀ုလေးတို့ စိတ်သဘောထား “ လေးပါပဲ

မြေတူးခြင်း..

ခွေးကလေးတွေက ပျင်းလတဲ့အခါ ဒါမှမဟုတ်တစ်ခုခုကို စိုးရိမ်တဲ့အခါ မြေတူးတတ်ကြပါတယ်။ အချို့ခွေးလေး တွေက သူတို့ရဲ့ ကစားစရာတွေကို အခြားခွေးထံမှ ဝှက်ထားဖို့အတွက်လည်းတူးတတ်ကြပါတယ်။

နောက်ထပ်ဖြစ်နိုင်စရာတစ်ခုကတော့ ခွေးလေးတွေက ပူတဲ့အခါမှာလည်း မြေထဲလဲလျောင်းနိုင်ဖို့အတွက် တူးတာလည်းဖြစ်နိုင်ပါတယ်။

ခွေးလေးတွေ မြေတူးတာကို မနှစ်သက်တဲ့ သခင်တွေအတွက်က တားဆီးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခွေးလေးကို အပြင်မလွတ်ထားတာမျိုးပဲဖြစ်ပါတယ်။

ဒါမှမဟုတ် ခွေးလေးတွေနဲ့ အတူလေ့ကျင့်ခန်း လုပ်ပေးတာ (သို့) ကစားပေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။

ရေးသူ-(Jack)

'' ခွေးလေးတွေ စိတ်ပိုင်းဆိုင်ရာကို ကောင်းမွန်အောင် ဂရုစိုက်ဖို့ လိုအပ်လား...''ခွေးလေးတွေက အစားအသောက် မပျက်ပဲ အာဟာရ ပြည့်...
14/08/2023

'' ခွေးလေးတွေ စိတ်ပိုင်းဆိုင်ရာကို ကောင်းမွန်အောင် ဂရုစိုက်ဖို့ လိုအပ်လား...''

ခွေးလေးတွေက အစားအသောက် မပျက်ပဲ အာဟာရ ပြည့်၀ပြီး ကိုယ်ကာယ ကျန်းမာနေပေမဲ့လည်း သူတို့ လေးတွေကို အထူးဂရုစိုက် ပေးဖို့ လိုအပ်တာလေးတစ်ခုရှိနေသေးတယ်ဆိုတာ သိပါသလား။

အဲဒါလေးကတော့ သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလေးတွေကို ကြွယ်၀အောင် အလေးနက်ထား ဂရုစိုက်ပေးဖို့ ဖြစ်ပါတယ်။

သခင်တွေက ဒါကို မေ့လျော့နေတတ်ပါတယ်။ အရေးမကြီးဘူးလို့လည်း ထင်တတ် ကြပါတယ်။

သခင်တွေရဲ့ ဒီအတွေးက မှားယွင်းမူတစ်ခုပါပဲ...။

ခွေးလေးတွေ စိတ်ပိုင်းဆိုင်ရာ ကြွယ်၀ပြည့်စုံဖို့ သခင်က နေ့စဉ် ဂရုတစိုက် လှုံ့ဆော်ပေးဖို့ အမှန် တကယ်လိုအပ်ပါတယ်။

ခွေးလေးတွေကတော့ သူတို့ကို စိတ်ပိုင်းဆိုင်ရာ လှူံ့ဆော်ပေးဖို့ သခင်ကို ‌မပြောပြနိုင်ပါဘူး။

လူသားတွေတောင် တစ်ခါတလေမှာ စိတ်နဲ့ကိုယ် မကတ်တဲ့ စိတ်လွှင့်မူ၊ ငြီးငွေ့မူတွေ ဖြစ်ပေါ်တတ်သလို ခွေးလေးတွေမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။ လူသားတွေကတော့ စိတ်ပိုင်းဆိုင်ရာ တက်ကြွစေဖို့ ဖျော်ဖြေမူနေရာတွေသွားတာမျိုး၊ ဂိမ်းကစားတာမျိုးတွေလုပ်တတ်ကြပါတယ်။

ဒီလိုဆို ခွေးလေးတွေအတွက်က‌ရော...
ဟုတ်ကဲ့ပါ.. .

ဒီလိုနည်းလမ်းလေးတွေ လုပ်ပေးပြီး သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို လှုံ့ ဆော်ပေးနိုင်ပါတယ်။

နည်းလမ်းတွေကတော့ သူတို့ လေးတွေကို
၁)သားရေတုလေးတွေ ဝါးစေတာ၊ ၂)အပြင်ထွက်လမ်းလျှောက်စေတာ၊၃) အနံ့စေပြီး မြေတူးဖော်စေတာ ၊ ‌၄) ပြေးလွားလိုက်ဖမ်း ဆော့ကစားစေတာ၊ ၅) အမဲလိုက်စေတာ စတာတွေ အပြင် အခြား လှုပ်ရှားမူလေးတွေကို နေ့စဉ် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

သခင်က ဒီလိုအတူတူ နေ့စဉ် လုပ်ပေးတာက ခွေးကလေးတွေနဲ့ တစ်သားတည်းဖြစ်စေပြီး သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာနဲ့ စာရိတ္တကိုပါ ပြုပြင်သင်ကြားပေးလို့ရလာမှာပါ။

ခွေးလေးတွေက အသက်အရွယ်ကြီးလာတာနဲ့အမျှ မှတ် ဉာဏ် ကျဆင်းမူကို ကြုံတွေ့လာတတ်ပါတယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့နဲ့ မှတ်ဉာဏ်ကျဆင်းမူကို အ နည်းဆုံး ဖြစ်‌စေဖို့ အကောင်းဆုံး နည်းလမ်းကတော့ ငယ် ရွယ်စဉ်ကတည်းက စိတ်လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုလေးတွေလုပ်ပေးမယ်ဆိုရင် သင့်ခွေးလေးဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝမှု ၊ဟန်ချက်ညီစေနိုင်ကာ ပျော်ရွှင်ကျန်းမာပြီး ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်စေမှာ အမှန်ပါ...။

ရေးသားသူ
Jack


26/07/2023

We Comeback Soon..

🇬🇪 Georgia နိုင်ငံက အာဝုလေးတွေ အကြောင်းပြောပြချင်လို့ပါ 🐾 ဂျော်ဂျီယာမှာ ဆေးထိုးပြီးသား အာဝုလေးတွေကို နားမှာ Chip ပြားလေး...
06/01/2023

🇬🇪 Georgia နိုင်ငံက အာဝုလေးတွေ အကြောင်းပြောပြချင်လို့ပါ

🐾 ဂျော်ဂျီယာမှာ ဆေးထိုးပြီးသား အာဝုလေးတွေကို နားမှာ Chip ပြားလေးတွေ တပ်ပေးထားပါတယ် ( ပုံမှာကြည့်ပါ တစ်ချို့က နားကပ်တွေနဲ့ပါ 😎)

နားရွက်မှာ ဘာမှ မတပ်ထားဘူးဆိုရင်တော့ ဆေးမထိုးရသေးတဲ့ ဝုတွေပါ

ဝုတွေတော်တော်များများကတော့ လူယဉ်ကြပါတယ် ကိုင်လို့ ပွတ်လို့ ရပါတယ်

ဒါပေမယ့် တစ်ချို့ဝုတွေကတော့ ဥပဓိရုပ်နဲ့ အကြည့်နဲ့တင် ဖြဲမယ်ဆိုတဲ့ သဘောပါ

အေးတဲ့ နိုင်ငံဆိုတော့ များသောအားဖြင့် တွေ့ရတာက အမွှေးပွပွနဲ့ ဝုတွေပါ

မြန်မာမျိုးစိတ် ဝုတွေလဲ ဒီမှာရှိကြပါတယ်

ဒီနိုင်ငံမှာက ​ဆောင်းရာသီဆို အရမ်းအေးကြတော့ heater လွှတ်ထားတဲ့ ဆိုင်တွေထဲမှာ ဝုလေးတွေပေးနေကြပါတယ်

cosmetic ဆိုင်တို့ အင်္ကျီဆိုင်တို့ ထဲမှာ အိပ်နေတဲ့ ဝုလေးတွေကို ဆိုင်တော်တော်များများမှာတွေ့ရပါတယ်

တစ်ချို့ shopping mall တွေဆို ညဘက် မပိတ်ခင် ဝုလေး​တွေ အားလုံးကို အထဲမှာ ခေါ်ထားပြီးမှ ပိတ်တာပါ ( တစ်ညလုံးဆို အပြင်မှာ အရမ်းအေးလို့ပါ )

ပြီးတော့ ဒီ နိုင်ငံက ဝုတွေဟာ အရမ်း လွတ်လပ်ပါတယ်

ဝုတွေကို နေရာတိုင်းပေးသွားပါတယ် လေဆိပ်ထဲလဲ ဝုတွေဝင်လို့ရပါတယ်၊ Shopping mall ထဲမှာ လူတွေ အစားအသောက်စားဖို့ စားပွဲဝိုင်းတွေချပေးထားတဲ့ဧရိယာထဲထိလဲ ဝုတွေကို ပေးသွားပါတယ်

🐕 ဝုတို့ဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်ရထားပြီးသားပါ

မူရင်း

ဆောင်းရာသီနှင့် ခွေးကျန်းမာရေးဆောင်းရာသီရောက်လျှင် လူတွေလိုပဲ ခွေးလေးတွေမှာလည်း ရာသီဥတုဒဏ်ကြောင့် ရောဂါ တွေအများကြီးဖြစ်...
01/01/2023

ဆောင်းရာသီနှင့် ခွေးကျန်းမာရေး

ဆောင်းရာသီရောက်လျှင် လူတွေလိုပဲ ခွေးလေးတွေမှာလည်း ရာသီဥတုဒဏ်ကြောင့် ရောဂါ တွေအများကြီးဖြစ်ကြပါတယ် ။

ငယ်ရွယ်တဲ့ ကလေးတွေမှာဆိုရင် သွေးဝမ်း ၊ ကျောက် ၊ နှာစီးချောင်းဆိုး ၊ရာသီတုတ်ကွေးစတဲ့ ရောဂါတွေ အဖြစ်များသလို အသက်ကြီးတဲ့ ခွေးကြီးတွေမှာဆိုရင်လည်း ရုတ်တရက်လေဖြန်းတာ လမ်းမလျှောက်နိုင်ဖြစ်တာ ၊ အကြောဆွဲတာ စသဖြင့် ရောဂါတွေ အဖြစ်လွယ်ပါတယ် ။

ခွေးငယ်နှင့် ခွေးကြီး နှစ်ပိုင်းပိုင်းခြားပြီးပြောပြပါရစေ ။ ဒီအချိန်မှာ ခွေးမတွေ ကြောင်မတွေ ကလေးမွေးတဲ့အချိန် တနည်း ခွေးပေါက်ရာသီ ဖြစ်သည့်အတွက် ကြောင့် ပုံမှန်ထက်ပိုပြီး ခွေးပေါက်လေးတွေ ပေါပါတယ် ။

ခွေးပေါက်ပေါတဲ့ရာသီ ဖြစ်သလို သေချာစနစ်တကျမမွေးမြူထားတဲ့ ခွေးပေါက်လေးတွေ အတွက်လည်း အင်မတန်မှ ရောဂါဖြစ်လွယ်တဲ့ ရာသီပါ ။

တရုတ်ပြည်ကလာတဲ့ ခွေးတွေမှမဟုတ် မြန်မာနိုင်ငံအိမ်ပေါက်လည်း စနစ်တကျ ကာကွယ်ဆေး သန်ချဆေးမထိုးထားရင် ခွေးပေါက်လေးတွေအကုန်လုံးသည် ရောဂါဖြစ်နိုင်ခြေအင်မတန်များပါတယ် ။

အထူးသဖြင့် ရောဂါဖြစ်လွယ်တဲ့ ခွေးပေါက်လေးတွေရဲ့ အသက်အရွယ်သည် အသက် ၄၅ ရက်နှင့် အသက် ၄ လအောက်ကလေးတွေ ဖြစ်ပါတယ် ။

မိခင်ဆီမှ နို့စို့ပြီးရရှိလာတဲ့ ကိုယ်ခံအားစနစ်ဟာ အသက် ၄၂ ရက်နောက်ပိုင်းဆို တဖြည်းဖြည်း ကျဆင်းလာတာကြောင့် ဒီအချိန်မှာ ရောဂါအင်မတန်ဝင်လွယ်ပါတယ် ။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ရမှာက အဓိကျပါတယ် ။ ကာကွယ်ဆေးသည် သန်ချဆေးမဟုတ်လို့ သန်ချဆေးကိုလည်း စနစ်တကျ တိုက်ကျွေးဖို့လိုပါမယ် ။

ရာသီဥတုက အေးမြနေတာကြောင့် သံမံတလင်း မြေကြီးတွေပေါ်မှာ အကြာကြီးနေရင်လည်း အအေးပတ်တာ ချောင်းဆိုးတာ ဖြစ်နိုင်ပါတယ် ။
တကယ်လို့ လူကြီးမင်းဟာ ခွေးလေးကိုဆိုင်ကယ်နှင့် အပြင်ခေါ်သွားတတ်ရင်တေယ့ ဒီရာသီမှာ ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ် ။

နှာစီးတာ ချောင်းဆိုးတာ တွေကနေမှတစ်ဆင့်နာတာရှည်အဆုတ်ရောင်တာ အသက်ရှုကျပ်တာတွေပါဖြစ်နိုင်ပါတယ် ။
အထူးသဖြင့် ခွေးလေးတွေ ချောင်းဆိုးတာကို လူတွေက အရိုးစူးလို့ အန်ချင်တယ်ထင်ပြီး အမှတ်မှားတတ်ပါတယ် ။

ဒါကလည်း ခွေးလေးတွေက ချောင်းဆိုးရင် လည် ချောင်းထဲမှာရှိတဲ့အရာတစ်ခုခုကိုအတင်းထွက်လာအောင် ညစ်ထုတ်ပြီး အန်တဲ့ ပုံစံမျိုးပြနေလို့ပါပဲ ။
စကားမစပ် အမောက်ဆာဆလင်က နတ်ဆေးမဟုတ်သည့်အတွက် ခွေးတွေနေမကောင်းဖြစ်တိုင်းတိုက်လို့မရပါ ။အထူးသဖြင့် သွေးဝမ်းလိုရောဂါမျိုးအတွက် အမောက်ဆာဆလင်က အသုံးမဝင်ကြောင်း သတိချပ်စေလိုပါတယ် ။

ခွေးကြီးတွေအကြောင်းပြောကြပါမယ် ။
အေးမြပြီး စိုထိုင်းဆများတဲ့ ရာသီဖြစ်သည့်အတွက်ကြောင့် အရေပြားရောဂါဖြစ်လွယ်ပါတယ် ။
တကယ်လို့ အင်ကျီတွေ ဝတ်ပေးရင်လည်း နေလှန်းပေးဖို့တစ်နေကုန်မဝတ်ထားပေးဖို့လိုအပ်ပါတယ် ။

ရာသီဥတုကြောင့်ပဲ ပုံမှန်ထက်ပိုပြီး ထိုင်းမှိုင်းတာ ဖျားချင်သလိုဖြစ်တာ မဆော့တော့တာတွေရှိလာတတ်ပါတယ် ။ ဒါ ကြောင့် လူတွေကကူညီပြီး လမ်းလျှောက်ခိုင်းတာ ဆော့ကစားပေးတာမျိုးပြုလုပ်ပါ ။

ညဖက်ခြံပြင်မှာ မအိပ်စေတာကအကောင်းဆုံးပါ ။ ခွေး လှောင်အိမ်ကိုခြံပြင်မှာထားရင် အခုလိုအချိန်မျိုးမှာ အပူပေးစက်တွေတပ်ပေးတာ ခြင်ပြေးမီးလုံးထွန်းတာမျိုးတွေပါလုပ်ဖို့ လိုအပ်တဲ့ ရာသီ ရောက်ပါပြီ ။

ခွေးလေးတွေကို ရေချိုးတဲ့အချိန်မှာလည်း ရေနွေးစပ်ပြီး ချုိးပေးတာမျိုးလုပ်သင့်ပါတယ် ။ ရေချိုးတဲအချိန်ကတော့ မနက် ၁၁ နာရီဝန်းကျင်ကနေ ၁ နာရီဝန်းကျင်လောက်အထိကတော့ အကောင်းဆုံးပါ ။ ဖြစ်နိုင်ရင် ရေချိုးပြီးမှ အစာကျွေးပါ ။

အမွှေးရှည်တဲ့ကလေးတွေ အတွက် အမွှေးရော အရေပြားပါခြောက်အောင် သေချာ dryer နှင့်မှုတ်ပေးဖို့နှင့် ၁၀ ရက်တစ်ကြိမ်လောက်ပဲ သို့မဟုတ် နှစ်ပတ်တစ်ကြိမ်လောက်ပဲ ချုိးတာပိုကောင်းပါလိမ့်မယ် ။
အသက်ကြီးတဲ့ ကလေးတွေမှာလည်း တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေး ပြန်ထိုးပေးရသေးတာမလို့ အခုလိုရောဂါတွေ ပေါတဲ့အချိန်မှာ မဖြစ်ခင် ကြုိတင်ကာကွယ်ပြီး ကာကွယ်ဆေးအမြန်ထိုးကြဖို့ အကြံပြုချင်ပါတယ်

မူရင်း. ဒေါက်တာဇီဝက

ခွေး  နိမိတ်များ 🐕🐕🐕၁။ အိမ်လာတဲ့ ဧည့်သည်  ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ။ သတိထား...
28/12/2022

ခွေး နိမိတ်များ 🐕🐕🐕

၁။ အိမ်လာတဲ့ ဧည့်သည် ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ။ သတိထားပါ။

၂။ ဘာမှမရှိတဲ့နေရာ ခွေး စူးစူးစိုက်စိုက် ကြည့်နေရင် နာနာဘာ၀ တွေ့လို့ပါ။ လှုပ်တာနဲ့ သူ့ဘက်မလာအောင် ထဟောင်ပါလိမ့်မယ်။

၃။ ဘယ်ခြေနဲ့ ခွေးချေး နင်းမိရင် ကံကောင်းတတ်ပြီး ညာခြေနဲ့ နင်းမိရင်တော့ ကံဆိုးတတ်ပါတယ်။

၄။ ခွေးလေခွေးလွင့် အိမ်အထိ တကောက်ကောက် လိုက်လာရင် အကျိုးပေးပါတယ်။ မွေးထားပါ။ ခွေးနက်ဆို ပို ကောင်းပါတယ်။

(မိုးရွာထဲမှာ ခွေး ကိုယ့်နောက် လိုက်လာရင် အလိုက်မခံပါနဲ့။ နိမိတ်မကောင်းပါ။)

၅။ ကိုယ်မသိတဲ့ ခွေးစိမ်း ခပ်တည်တည် အိမ်ပေါ်တက်လာရင် မိတ်ဆွေကောင်း မကြာခင် ရတတ်ပါတယ်။

၆။ ခွေးတွေ ကျိုကျိုကြားကြား ပုန်းအိပ်နေရင် လေမိုး ပြင်းထန်တတ်ပါတယ်။

၇။ ခွေးမြက်စားရင် မကြာခင် မိုးကျပါတော့မယ်။

၈။ မမာတဲ့သခင်အနား ခွေးလာကပ်တာ သူ အနှောင့်အယှက် မြင်လို့ စောင့်ပေးတာပါ။ မောင်းမထုတ်ပါနဲ့။

၉။ လူမမာရှိတဲ့ အိမ်ကို လမ်းကခွေးတွေ မောင်းမရအောင် ဝိုင်း ဟောင်းနေရင် အဲ့ လူမမာ အထူး ဂရုစိုက်ပါ။

၁၀။ ကိုယ့်ခြံထဲမှာ ခွေး တွင်းနက်နက် တူးရင် အတူးမခံပါနဲ့။ လူသေတတ်ပါတယ်။

၁၁။ တစ်ကိုယ်လုံးမှာ ထိပ်ပဲ ကွက်ဖြူနေရင် အိမ်ပြောင်းတောင် အဲ့ခွေး အပါ ခေါ်သွားပါ။ ဘယ်နေရာ ရောက်ရောက် အဆင်ပြေပါတယ်။

၁၂။ မနက်စောစော ကိုယ့်ကို ခွေးဟောင်ခံရရင် အဲ့နေ့ အတွက်တော့ ကံမကောင်းတော့ပါဘူး။

၁၃။ ည အပြင်ထွက်တုန်း ကိုယ့်ရှေ့ ခွေးမဲဖြတ်ပြေးရင် အန္တရာယ်တစ်ခုခု ကြုံတတ်ပါတယ်။ သတိနဲ့ သွားပါ။

၁၄။ ညမှောင်မှောင်မှာ ခွေးမဲ ကြောင်မဲ လုံး၀ လိုက်မရိုက်ပါနဲ့။ ကံဆိုးခြင်းတွေ ကိုယ့်ဆီ ရောက်လာတတ်ပါတယ်။

၁၅။ အိပ်မက်ထဲ ခွေးလိုက်လို့ ပြေးရရင် သင် ပူပန်နေတဲ့ ပြဿနာတွေ မကြာခင် ပြီးသွားပါတော့မယ်။

၁၆။ အိပ်မက်ထဲ ခွေးကိုက်ခံရရင် သင့်ကို မကျေနပ်သူ ရှိနေလို့ပါ ၊ အုပ်လိုက်ဝိုင်းဆွဲ ခံရရင်တော့ အလုပ်ထဲက လူတွေ သတိထားပါတော့။

မူရင်း Credit

အားလုံးပဲ မင်္ဂလာပါ ဟူးမန်းတို့ရေ…ဒီနေ့ အာ၀ုလေးတွေရဲ့ စိတ်နေအမှုအရာတွေကို တစ်ခုချင်းစီဖော်ပြပေးသွားပါမယ်ချစ်ရတဲ့ အာ၀ုလေး...
22/11/2022

အားလုံးပဲ မင်္ဂလာပါ ဟူးမန်းတို့ရေ…

ဒီနေ့ အာ၀ုလေးတွေရဲ့ စိတ်နေအမှုအရာတွေကို တစ်ခုချင်းစီဖော်ပြပေးသွားပါမယ်

ချစ်ရတဲ့ အာ၀ုလေးတွေကို နားလည်ပြီး

အာ၀ုနဲ့ ဟူးမန်းတို့ အပြန်အလှည် နားလည်မှုတွေနဲ့ ချစ်သက်ရှည်ရအောင်နော်

ဒီကဏ္ဍလေးက “ အာ၀ုလေးတို့ စိတ်သဘောထား “ လေးပါပဲ

ဟောင်ခြင်း သို့မဟုတ် အူခြင်း

ဟောင်သံပေးခြင်းက ခွေးတွေရဲ့ ပုံမှန်အပြုအမူဖြစ်ပါတယ်။ အချို့ ခွေးလေးတွေက အခြားသူတွေထက် အသံပို ကျယ်တတ်ပါတယ်။ ခွေးလေးတွေက လူသားတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ဟောင်တတ်ကြပါတယ်။ ဒါ့ပြင် အခြားခွေးတွေနဲ့ ဆက်သွယ်ဖို့အတွက်ကလည်း ဟောင်ခြင်း၊ ကွေ့ပတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။

တစ်ခြားတစ်ဖက်ကတွင်လည်း ခွေးလေးတွေက အန္တရာယ်ကို သတိပြုမိတဲ့အခါ ဟောင်တာ လည်းဖြစ်တတ်ပါတယ်။ တခြားခွေးတွေ အော်သံ ဒါမှမဟုတ် ဥဩလို အသံမျိုးတွေကြားရင်လည်း သူတို့လေးတွေက အူသံဖြစ်တတ်ကြပါတယ်။

သို့သော် ခွေးလေးတွေ အလွန်အကျွံ အသံထွက်ပါက စိတ်ဆင်းရဲခြင်း သို့မဟုတ် ပျင်းရိခြင်း လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

ရေးသူ- Jack

Address


Telephone

+959254704261

Website

Alerts

Be the first to know and let us send you an email when Myanmar Pet Channel-MPC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Pet Channel-MPC:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share