H&l moto-myanmar

  • Home
  • H&l moto-myanmar

H&l moto-myanmar Motorcycle Review �
(3)

27/01/2023

2လပိုင်းကနေစပြီး live stream လေးတစ်ခုလုပ်ဖို့စီစဉ်ထားပါတယ်

ညတိုင်းလိုလို live stream မှာ Motorcycle game (or) other game လေးတွေဆော့ ပြီး ဆိုင်ကယ်အကြောင်းလေးတွေ အပြန်အလှန် ဆွေးနွေးနိုင်အောင် နဲ့ ကျနော်ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်လည် ရင်းရင်းနီးနီး စကားတွေပြောနိုင်အောင် အတွက် စီစဉ်ထားတာပါ

အခုနေတော့ live stream အတွက် ရှိတဲ့ဟာလေး‌တွေနဲ့ setup လုပ်ပြီးပါပြီ

Live stream တစ်ခုပဲလားဆိုတော့ မဟုတ်ပါဘူး

အရင်လို Review တွေ အတွက်ရော ပြန်လည်စီစဉ်နေပါပြီ

အရင်လို နွေးနွေးထွေးထွေးနဲ့ ပြန်ဆုံချင်ပါတယ်
ဆိုင်ကယ် ချစ်သူညီကို အပေါင်းတို့

28/07/2022

မူဆယ်က ဆရာကြီး တစ်ကွက်ပြပြီ🤓

Page ထဲက ညီကိုတွေ ဘယ်ဘီးလေး Review လုပ်ပေးစေချင်‌လဲ ဆိုတာ ဖြေသွားကြပါအုံး❤️❤️

27/07/2022

Rakhine Biker MC က ညီကိုတွေ❤️

အရင်ထက် အမှားနည်းအောင် ကြိုးစားပြီးပြန်လာခဲ့ပ့မယ်ဗျာ

အားပေးမဲ့သူတွေရှိသေးလား😝

အားလုံးဘေးရန်ကင်းကြပါစေ ဆိုင်ကယ်ချစ်သူညီကိုတွေ

  #အနာဂတ်မျိူးဆက်သစ်တွေရဲ့​ခြေထောက်တွေကိုရစ်ချိုးပစ်တာမျိုးတော့ နောက်ထပ်မကြုံစေလိုတော့ဘူး.... #တကယ်ဆို ဒီနေ့ m slaz Revi...
01/02/2021


#အနာဂတ်မျိူးဆက်သစ်တွေရဲ့​ခြေထောက်တွေကိုရစ်ချိုးပစ်တာမျိုးတော့ နောက်ထပ်မကြုံစေလိုတော့ဘူး....

#တကယ်ဆို ဒီနေ့ m slaz Review မဟုတ်ရင် Quick shifter အကြောင်းတင်ဖို့လုပ်နေတာ........
video တွေနဲ့ Knowledge sharing video တွေ ခဏနားပါတယ်.....

#အကုန်သတိရှိကြပါ

22/01/2021
15/01/2021

TVS Apache RTR 200 Review
ကျနော်တစ်ယောက်ထဲအမြင်နဲ့ပဲ သုံးသပ်ထားတာမို့
အမြင်မတူတာတွေရှိရင်လည်း comment box ထဲ ဝင်share ခဲ့လို့ရပါတယ်

24/12/2020

YAMAHA MT 09 FULL REVIEW
နောက်ထပ် video တွေမှာ ပိုကောင်းကောင်း ကြိုးစားနေပါတယ်
လိုအပ်ချက်တွေ့ရင်လည်း အကြံပေးနိုင်ပါတယ်
Video အတွက် ကူညီပေးခဲ့တဲ့ Ko sai Htoo ကိုလည်းကျေးဇူးတင်ရှိပါတယ် ဗျ
First impression link

https://www.facebook.com/100341168338070/posts/213016323737220/

18/12/2020

MT 09 first impression
Full Review ကျရင်လည်း အားပေးကြပါအုံး
Full Review ကျတော့မှ သေသေချာချာလေးရှင်းပြပေးပါမယ်

မအားသေးဘူး.. rtr 200 Review လုပ်ဖို့ စမ်းနေတယ်:3Kawasaki  Z1000 Review နဲ့ Yamaha yzf r1 Review နောက်တော့ BMW GS 1150 Re...
12/12/2020

မအားသေးဘူး.. rtr 200 Review လုပ်ဖို့ စမ်းနေတယ်:3
Kawasaki Z1000 Review နဲ့ Yamaha yzf r1 Review နောက်တော့ BMW GS 1150 Review လေးလာမယ်ဗျ
ဒီတော့ ကိုယ့်လူတွေ အားပေးမှုပဲလိုပါတယ်
နောက် video တွေ အမှားနည်းနိုင်သမျှနည်းအောင်ကြိုးစားနေပါတယ်.... အခုမှ ဆိုင်ကယ်အကြောင်းလေ့လာနေတဲ့ ဘော်ဒါအတွက် အဆင်ပြေဖို့ ကျနော်တတ်နိုင် သလောက် ကြိုးစားနေပါတယ်.......
you guys

04/12/2020

BMW S1000rr Review
videoက မသေမသတ်ပေမဲ့ သည်းခံ ပြီးကြည့်ပေးကြပါ ဘော်ဒါအပေါင်း
နောက်ထပ် Review တွေလည်းရိုက်နေပါတယ်
Like share လေးနဲ့ support လေးခဲ့ကြပါဗျ

23/11/2020

တစ်နှစ်ကျော်ကြာ သုံးပြီးတဲ့အခါ adixin ဘီးက ဘယ်လောက်ထိ စွမ်းဆောင်နိုင်သေးလဲ

Showroom 83လမ်း 25*26Mandalay 09977293329/09977932083
https://www.facebook.com/AdixinMyanmar/

20/11/2020

BMW S1000RR # CBR 1000RR # SUPER FOUR sound test လေ အခုလိုဆိုင်ကယ်နဲ့ပတ်သတ်တဲ့videoတွေကြည့်နိုင်ဖို့ page ကို like and follow ထားဖို့မမေ့ပါနဲ့ခင်ဗျ

08/11/2020

Honda cb150r Review
motul ရဲ့အင်ဂျင်ဝိုင်တွေ ဝယ်ယူလို့ပါက
Link ကို ဝင်ပြီး မေးမြန်းနိုင်ပါတယ်
https://www.facebook.com/MotulMyanmar/

Honda CB 150R Review စောင့်နေတဲ့သူတွေရှိလားဗျို့Review တွေဆက်တိုတ်လာပါမယ်ဗျ❤❤
04/11/2020

Honda CB 150R Review စောင့်နေတဲ့သူတွေရှိလားဗျို့
Review တွေဆက်တိုတ်လာပါမယ်ဗျ❤❤

27/10/2020

ဘာအင်ဂျင်ဝိုင်လဲ???
Share ပေးကြပါဗျ🤗
ကံစမ်းအတွက်လည်း video အထဲပါပါတယ် အဆုံးထိကြည့်ပါ😉
Link. ..
https://www.facebook.com/MotulMyanmar/

ကဲ ဒီနေ့တော့ specification ဖတ်တတ်ရင် ကိုယ့်အတွက်ဘယ်လောက်ထိ အသုံးဝင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဟိုးအရင်က ကျန်တော် ကြိုတ်လို့...
11/10/2020

ကဲ ဒီနေ့တော့ specification ဖတ်တတ်ရင် ကိုယ့်အတွက်ဘယ်လောက်ထိ အသုံးဝင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဟိုးအရင်က ကျန်တော် ကြိုတ်လို့ copy ယူထားတာလေးတစ်ခု ရှိပါတယ်.. ဘယ်သူရေးတာလဲဆိုတာ တော့မေ့သွားပြီ.....ဒါ့ကြောင့် မူရင်းရေးသားသူကို respect ပါ တော်တော် လေး ဖတ်ကောင်းရပါတယ်
ကဲ စလိုတ်ကြရအောင်......
Specification ကြိုးစား ဖတ်ကြည့်ကြပါ။

ကျွန်တော် Face book ပေါ်ကနေ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ လေးတွေကို ကိုယ်သိသလောက် ဝေမျှပေးပါတယ်။Messenger က မေးလာရင်လည်း တတ်နိုင်သလောက် ဖြေပေးပါတယ်။
ဒီ့ထက်ပိုပြီး သိစေချင် လေ့လာ စေချင်လို့ ဒီ post လေးကို ဝါယမ စိုက်ထုတ်ပြီး ကြိုးစားရေးပေးပါတယ်။ဆိုင်ကယ် ဝါသနာ ပါသူ ချစ်ကြသူ ညီအစ်ကိုများ အတွက် တစ်ထောင့်တစ်နေရာ က အသုံးတည့်မယ် ထင်ပါတယ်။
Specification ဆိုတဲ့ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် ကလေးတွေကို ဖတ်နည်းလေး ပြောပြပေးမလို့ပါ။ကိုယ့် ဆိုင်ကယ် ဘာအမျိုးအစား၊ အင်ဂျင်ကဘယ်လို ပုံစံ၊တာယာဆိုက်က ဘယ်လောက်၊ဆီတိုင်ကီက ဆီဘယ်လောက် ဆံ့တယ် ဆိုတာတွေကို လူရိုသေ ရှင်ရိုသေ လေး ပြန်ဖြေနိုင်အောင် လေ့လာ ထားချင်တယ်ဆိုရင် လေ့လာနည်းလေး ပြောပြပေးချင်တာပါ။ခုခေတ် facebook သုံးနေတဲ့ လူတွေအဖို့ google ဆိုတာ မဝေးပါဘူး။
ကိုယ် သိချင်တဲ့ ဆိုင်ကယ်အမျိုးအစားနဲ့ နောက်မှာ spec ဆိုတာလေး တွဲပြီး ရိုက်ထည့်လိုက်ရင် သက်ဆိုင်တာလေးတွေကျလာမှာပါ။အဲ့ အထဲက ကိုယ်သိချင်တာလေးတွေ လိုက်ဖတ်ကြည့်ရင် သူများကို မေးနေရတာထက် အချိန်ကုန် သက်သာ၊ အောက်ကျ ခံရတာ သက်သာသွားမှာပါ။
ဥပမာ Super 4 မြင်းကောင်ရေ ဘယ်လောက်ရှိလည်း သိချင်ရင်
Honda CB400 Super 4 spec ဆိုပြီး search engine မှာ ရိုက်သာထည့်လိုက် သိချင်တာလေး အလွယ်တကူ သိရမှာပါ။English တွေ ဒီလောက်တတ်ဖို့၊ ကောင်းဖို့ မလိုပါဘူး။ကျွန်တော် ရှင်းပြပေးပါ့မယ်။
အဲ့ဒီမှာ Specification ဆိုတဲ့ ဇယားလေး ကျလာရင် တစ်ခုချင်း စိတ်ရှည်လက်ရှည် လိုက်ကြည့်ပါ။
အရင်ဆုံးတွေ့ရမှာက

Engine Type

ဘာအင်ဂျင် အမျိုးအစားကို သုံးထားလဲ ဆိုတာ ရေးထားပေးမှာပါ။
Single cylinder တစ်လုံးထိုး
Parallel twin ဘေးချင်းကပ်လျက် ရှိသော ၂ လုံးထိုး
V twin V ပုံစံ ၂ လုံးထိုး
Inline Tripple ၃ လုံးထိုး အဖြောင့်
Inline Four ၄ လုံးထိုး အဖြောင့်
V four V ပုံစံ ၄ လုံးထိုး
စသည်ဖြင့် ရေးပေးထားမှာပါ။နောက်ပြီး 4 stroke လား 2 stroke လားလည်း ခွဲပြီး ရေးပေးထားပါလိမ့်မယ်။Liquid cool ဆို ရေနဲ့ အအေးခံတဲ့ စနစ်နဲ့ ဖြစ်ပြီး ရှေ့မှာ ရေတိုင်ကီ ပါပါလိမ့်မယ်။Air cool ဆိုရင်တော့ ရေတိုင်ကီ မပါပဲ အင်ဂျင်တုံး ဘေးမှာ ဖြတ်စီးသွားတဲ့ လေအေးထဲကို အပူဖြာကူးဖို့ လေလိုင်းတွေပါပါလိမ့်မယ်။

Bore×Stroke

Bore ဆိုတာ အပေါက်ကို ပြောတာပါ။ဘိုးရင်း ထိုးတယ် Boring ဆိုတာ အပေါက်ချဲ့တာကို ပြောတာပါ။ဆလင်ဒါလို့ခေါ်တဲ့ ပစ္စတင် အတက်အဆင်း လုပ်နေတဲ့ ပြွန်လုံးရဲ့ အကျယ်ကို ကန့်လန့်ဖြတ် တိုင်းထားတာကို ပြောတာပါ။မီလီမီတာ mm နဲ့ ပြပါတယ်။
Stroke ဆိုတာ တခြား အဓိပ္ပာယ်တွေရှိပေမယ့် ဒီမှာတော့ ဆလင်ဒါ ပြွန်ထဲက ပစ္စတင် အတက်အဆင်း လုပ်နေတဲ့ ဒေါင်လိုက် လမ်းကြောင်း အရှည်ကို ပြောတာပါ။TDC Top Dead Center နဲ့ BDC Bottom Deat Center လို့ခေါ်တဲ့ ပစ္စတင်ရဲ့ အမြင့်ဆုံး တက်နိုင်တဲ့ နေရာနဲ့ အနိမ့်ဆုံး ဆင်းနိုင်တဲ့ နေရာ ကြား အကွာအဝေးပါ။

Displacement

စက်ဝိုင်း ဧရိယာရှာတဲ့ Formula Pi(3.141592)× r
မှာ r ဆိုတာက bore တန်ဘိုးရဲ့ တစ်ဝက် 2 (square) ဆိုတာက နှစ်ဆ အဲ့ ၂ ခုမြှောက်ရင် ဆလင်ဒါ ပြွန်ရဲ့ ဧရိယာ လို့ခေါ်တဲ့ အကျယ်ကို ရပါမယ်။အဲ့ဒါကို Stroke နဲ့ ထပ်မြှောက်ရင် ပစ္စတင် တစ်လုံး အလုပ်လုပ်နေတဲ့ ထုထည်နေရာ ပမာဏကို သိရပါမယ်။၎ လုံးထိုးဆို ၄ နဲ့ ထပ်မြှောက်ပေးရပါမယ်။အဲ့ဒါ အဲ့ အင်ဂျင်ရဲ့ Displacement အတိအကျ ပါပဲ။
ဥပမာ S4 ရဲ့ bore×stroke က 55×42 ပါ။
55 ကို ၂ နဲ့စားရင် r တန်ဘိုး 27.5 ကို ရပါမယ်။27.5 ကို 27.5 နဲ့ ပြန်မြှောက်ပြီး ရလာတာတွေကို 3.141592 နဲ့ မြှောက်ရင် ဆလင်ဒါရဲ့ area ရပါပြီ အဲ့ဒါတွေကို stroke 42 နဲ့ မြှောက်လိုက်ရင် S4 ပစ္စတင် တစ်လုံး အတက်အဆင်းနဲ့ အလုပ်လုပ်နေတဲ့ စုစုပေါင်း နေရာ အကျယ်အ၀န်းကို ထုထည် အနေနဲ့ ရပါပြီ။ ၄ လုံးထိုးမို့ ၄ နဲ့ ထပ်မြှောက်တော့ S4 ၄ လုံးထိုး အင်ဂျင်တစ်လုံးလုံးရဲ့ ပစ္စတင်တွေအကုန်လုံး အလုပ်လုပ်နေတဲ့ နေရာကို သိရပါပြီ။Cubic milimeter တွေအနေနဲ့ 399139.--- ဆိုပြီး ရလာပါမယ်။အဲ့ဒါကို 1000 နဲ့ ထပ်စားမှ CC ဆိုတဲ့ Cubic Centimeter ကို ရပါမယ်။S4 ရဲ့ အင်ဂျင်ထဲမှာ ပစ္စတင် ၄ လုံး အတက်အဆင်းနဲ့ အလုပ်လုပ်နေတဲ့ စုစုပေါင်း နေရာ အကျယ်အ၀န်းက 399.139cc ရှိပါမယ်။အဲ့ဒါကို အနီးစပ်ဆုံးယူပြီး 400cc လို့ ဆိုကြတာပါ။အဲ့ဒီ 400cc ဆိုတာလည်း power ကို ပြောတာမဟုတ်သေးပါဘူး။လူ အနေနဲ့ ပြောရရင် အရပ် ၄ ပေ ရှိတဲ့ လူ တစ်ယောက်လို့ အကြမ်းဖျဉ်း ပြောလိုက်တာပါ။၎ ပေသာ ရှိတာ ပိန်လား ၀ လား ဘယ်လောက် အားရှိလဲ ဆိုတာတွေမပါသေးပါဘူး။ဒါပေမယ့် သေချာတာကတော့ အရပ် ၃ ပေပဲ မြင့်တဲ့ ကလေးထက်တော့ အားသန်မှာ အပြေးမြန်မှာ အသေအချာပါပဲ။ဒါကြောင့် Displacement ဆိုတာ အင်ဂျင်ထဲက ပစ္စတင်တွေ အတက်အဆင်း အလုပ်လုပ်နေတဲ့ နေရာ စုစုပေါင်း အကျယ်အ၀န်းကို ပြောတာပါပဲ။50cc ထက် 125cc ကတော့ အလုံးအထည် ပိုကြီးတာ သဘောပေါက်ကြမှာပါနော်။
American ဘီးတွေက Displacement ကို လက်မစနစ်နဲ့ Inch cube နဲ့ပြော
ကြပြီး ကျန်တဲ့ ဥရောပနဲ့ ဂျပန်ဘီးတွေကတော့ Cubic Centimeter CC နဲ့ ပြော
ကြပါတယ်။ဘညမှမခက်ပါဘူး inch cube တွေကို 16.38764 နဲ့ မြှောက်လိုက်ရင် cc တွေရပါတယ်။ဥပမာ 111 inch cube ဆို 1800cc နီးပါး ရှိပါတယ်။

Compression Ratio

ဖိသိပ်မှု အချိုး လို့ ခေါ်ကြပါစို့
ပစ္စတင် အဆင်းမှာ Inlet valve ပွင့်ပြီး အဲ့အပေါက်ကနေ ဆီနဲ့ လေ အရောတွေကို စုပ်ဆွဲသွင်းလိုက်ပါတယ်။BDC လို့ခေါ်တဲ့ အောက်ဆုံးလည်း ရောက်ရော inlet valve ပိတ်သွားပြီး ခုဏ စုပ်သွင်းထားတဲ့ ဆီလေ အရောတွေကို စတင် ဖိသိပ်ပါတော့တယ်။TDC ရောက်တဲ့ အထိပေါ့။TDC ကို ပစ္စတင်ရောက်ပေမယ့် အဲ့ဒီ TDC နဲ့ Head ကြားထဲမှာ နေရာလေး ကျန်ပါသေးတယ် အဲ့နေရာ အကျန်လေးကို Combustion Chamber မီးလောင်ပေါက်ကွဲရန် နေရာ လို့ခေါ်ပါတယ်။အဲ့လို ဆွဲသွင်းရာမှာ ၁၁ လက်မစာ လမ်းကြောင်းအရှည် တစ်လျှောက် ဆွဲသွင်းလိုက်ပြီး TDC နဲ့ BDC ကြားက ၁၀ လက်မရှည်ပြီး Combustion Chamber က ၁ လက်မစာလောက် ကျန်တယ် ဆိုရင် သူ့ရဲ့ Compression ratio ကို ဆယ်ချိုး တစ်ချိုး 10:1 လို့ ခေါ်ပါမယ်။၁၁ လက်မစာ ဆီလေအရောတွေကို ဆွဲသွင်းပြီး ၁ လက်မစာပဲ ကျန်အောင် ဖိကျစ်ပစ်လိုက်တာပေါ့။Compression ratio မြင့်လေ ပေါက်ကွဲမှု ပြင်းလေ အရုန်းအဆွဲ သန်လေပါပဲ။အဲ ဆီကိုလည်း Octane နံပါတ် မြင့်တာသုံးရတယ်။သူ နိမ့်လေ အင်ဂျင်ညက်ညောလေ တုန်ခါမှုနည်းလေ အရုန်းပျော့လေ ဆီ Octane နံပါတ် အနိမ့်ကို လက်ခံလေပါပဲ။ဒီတော့ ထုတ်လုပ်သူတွေက စွမ်းဆောင်ရည် မြင့်ဖို့ လိုတဲ့ ဘီးတွေမှာ Compression ratio အမြင့်သုံးပြီး စွမ်းဆောင်ရည် သိပ်မလိုပဲ ညက်ညောမှုပဲ အသားပေးချင်တဲ့ အင်ဂျင်တွေမှာ Compression ratio အနိမ့်သုံးပါတယ်။

Max Power

အင်ဂျင် တစ်လုံးက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေ ပါ။ဒါမှ ဒီအင်ဂျင်ရဲ့ ပါဝါ အစစ်ပါ။ခုဏ ပြောထားတဲ့ အရပ် ၄ ပေရှိတဲ့ ကောင်လေးက အပြေးချန်ပီယံလား၊ ၀ိတ်မထားလို့ မာဆယ်တွေနဲ့ ကောင်လေးလား၊ အထီးလား၊ အမ လားဆိုတာကို ဒီမှာမှ ခွဲခြားပြောတာပါ။400cc ချင်း အတူတူ Shadow က ၃၃ ကောင်ထွက်ပြီး S4 က ၅၂ ကောင် ထွက်တာ ဒီမှာမှ ကွာသွားတာပါ။400cc ဆိုတော့ အရပ် ၄ ပေချင်းတော့ အတူတူပါပဲ။ဒါပေမယ့် ဒီကလေးက လေ့ကျင့်ခန်းမှန်မှန်လုပ်လို့ ကျစ်ကျစ်လျစ်လျစ် ရှိတယ်။ဟို တစ်ယောက်ကတော့ အရပ် ၄ ပေပဲ ရှိပေမယ့် အစားကြီးတော့ ၀တုတ်ကလေး ဖြစ်နေတယ်။သူက ၀ နေတော့ မြန်မြန်တော့ မပြေးနိုင်တော့ဘူး။ ဒါပေမယ့် သန်တယ်။ဒါမျိုးတွေကို ဒီမှာ ခွဲပြောထားတာပါ။သူ့ကို ပြောတဲ့ နေရာမှာလည်း မြင်းကောင်ရေ ဒီလောက်ထွက်တယ် တစ်ခုထဲ ပြောလို့ မပြည့်စုံပါဘူး။ဘယ်လောက် အပတ်ရေ လည်နေတဲ့ အချိန်မှာ ဒီမြင်းကောင်ရေ ထွက်လာတယ် ဆိုတာကို ထည့်ပြောမှ ပြည့်စုံပါတယ်။S4 မှာ ၅၂ ကောင်ထွက်တယ်ဆိုတာ အင်ဂျင်အပတ်ရေ တစ်မိနစ်ကို 10500 လည်နေတဲ့ အချိန်မှာမှ ထွက်တာပါ။ထို့အတူပဲ Shadow က ၃၃ ကောင်ဆိုတာလည်း အပတ်ရေ 7500 လည်နေတဲ့ အချိန်မှာ ရှိတဲ့ အားပါ။သူ့ထက် အပတ်ရေ နည်းရင် သူ့ထက် အားနည်းနေမှာ အသေအချာပါ။ဒါပေမယ့် Max power ဆိုတဲ့ အတိုင်း သုအင်ဂျင်က ထုတ်ပေးနိုင်တဲ့ အမြင့်ဆုံး ပါဝါကိုပဲ ရည်ညွှန်းကြော်ငြာကြတာပါ။ဒီ့ထက်ပိုလည်သော်လည်း ဒီ့ထက် မြင်းကောင်ရေ ပိုမထွက်တော့တာ အသေအချာပါ။ဘာလို့လဲဆိုတော့ အင်ဂျင်တစ်လုံးရဲ့ အကောင်းဆုံး အနေအထား ဆိုတဲ့ RPM နေရာ တစ်ခု အင်ဂျင်တိုင်းမှာ ရှိပါတယ်။သူ့ထက် ပိုလည်သော်လည်း သူ့လောက် မြင်းကောင်ရေ ထုတ်မပေးနိုင်တော့တာ အင်ဂျင်တိုင်းရဲ့ သဘာဝပါ။ဒီတော့ ရောင်းတဲ့ လူဆိုတာကလည်း သူ့အင်ဂျင်ရဲ့ အမြင့်ဆုံးပေးနိုင်တဲ့ စွမ်းအားကိုပဲ ကြော်ငြာမှာ အသေအချာပါ။ယူနစ်တွေအနေနဲ့ Ps,kW,HP စသည်ဖြင့် အလျဉ်းသင့်ရာ သုံး
ကြပါတယ်။1Hp မှာ 0.745kW ရှိပါတယ်။နားမလည်လည်း ပြဿနာ မရှိပါဘူး။များလေ ကောင်းလေပဲ။ယူနစ်မတူတာချင်းတော့ မယှဉ်မိစေနဲ့ပေါ့။အကြမ်းဖျဉ်းပြောရရင် 7.45kW ဆို 10hp လောက်ရှိမှာပေါ့။

Max Torque

တော့ခ် လို့ အသံထွက်ပါတယ်။
တော်ကွေး တွေ တော်ကွီး တွေ မဟုတ်ပါဘူး။လိမ်ကျစ်အားကို ပြောတာပါ။တံချူနဲ့ သရက်သီး ခူးဖူးတဲ့လူတွေ သဘောပေါက်မှာပါ။သရက်သီး အညှာကိုဝါးလုံး ခွ
ကြားထဲဝင်အောင်ထည့်ပြီး အောက်ကနေ ဝါးလုံးကို လိမ်
ကြတာဟာ Torque တွေပေးနေတာပါ။ဝါးလုံးက လိမ်သွားပြီး သရက်ကိုင်းတွေပါ လိုက်လိမ်ကုန်တာ လက်ကပေးလိုက်တဲ့ Torque တွေ ဝါးလုံးက တစ်ဆင့် သရက်ကိုင်းတွေဆီကို ရောက်သွားတာပါ။နောက်ဆုံး မခံနိုင်တဲ့ အချိန် သရက်ကိုင်း ပြတ်သွားတာ Torque အားေ
ကြာင့်ပါ။အိမ်မှာ အမေက အကူအညီ တောင်းလို့ သော်လည်းကောင်း မိန်းမက ခိုခိုရေ လာကူပါဦးလို့ ခေါ်လို့သော်လည်းကောင်း လျှော်ပြီးသား ခြင်ထောင်တွေ စောင်တွေ ရေညှစ်ပေးခဲ့ရဖူးမှာပါ။တစ်ယောက်တစ်ဖက် ကိုင်ပြီး လိမ်
ကြရတာ Torque တွေပေးနေကြတာပါ။
နောက်ပိုင်းကျတော့ အ၀တ်လျှော်စက်ထဲပဲ ထည့်လှည့်
ကြတော့ သိပ်မသိ
ကြတော့ဘူးပေါ့။ပြောချင်တာက သူလည်း အင်ဂျင်ရဲ့ ရုန်းအားကို ပြတဲ့ Information တစ်ခုပါ။သေချာလိုက်
ကြည့်ရင် တစ်ချို့ အင်ဂျင်တွေက မြင်းကောင်ရေ မများပေမယ့် တော့ခ် ကောင်းတယ်။တစ်ချို့ကျ မြင်းကောင်ရေများပေမယ့် တော့ခ် နည်းတယ်။တော့ခ် များရင် တာထွက်မှာ အားသာတယ်။တော့ခ် ကောင်းတဲ့ အင်ဂျင်က အပတ်ရေ နည်းနည်းနဲ့ ရုန်းနိုင်နေလို့ ဆီစားသက်သာတယ်။အင်ဂျင် ရဲ့ ဂီယာဘောက်ကနေ နောက်ဆုံးထွက်တဲ့ရှပ်က စပေါ့ကက်ကို လိမ် ပြီးလှည့်ရတာကိုး။
တော့ခ်နဲ့ hp ရဲ့ ကွဲပြားချက်တွေကို နားလည်အောင် ဒီအပေါ်မှာ ရှင်းမပြနိုင်တာ တောင်းပန်ပါတယ်။ကိုယ်တောင် အဲ့ ၂ ခုကို ခုထိ ခပ်လည်လည်ပဲမို့ပါ။သူလည်း များလေကောင်းလေ ဆိုတဲ့ အချက်အလက်တစ်ခုပါပဲ။N-m (Newton Meter)
ft-lb(feet pound)စတဲ့ ယူနစ်တွေနဲ့ ဖော်ပြပါတယ်။

Transmission Type

အသုံးပြုထားတဲ့ ဂီယာချိန်းစနစ်။
Semi Auto
ကလပ်ဆွဲစရာ မလို ဂီယာ ချိန်းပေးရ အခု Dream,Wave,Super cub များမှာသုံးတဲ့ စနစ်
Fully Auto
ဂီယာလည်း ထိုးစရာ မလို။ကလပ်လည်းမပါ။လီဗာဆွဲရုံပဲ Click,Scoopy,Fino,PCX စသည်ဖြင့်
Manual 6 speed
အောက် 1 အပေါ် 2,3,4,5,6
1 နဲ့ 2
ကြားမှာ free ထားတဲ့ စနစ်

Suspension

ရှေ့ဖောက် နောက်ဖောက် လို့ခေါ်
ကြတဲ့ ရှော့ဘား စနစ်တွေကို ညွှန်းဆို ပြတာပါ။
ရှေ့ဖောက်မှာ Girder forks,Telelever forks,Duolever forks,Hubcenter steering ဆိုပြီး အမျိုးမျိုး ရှိပေမယ့် အသုံးအများဆုံးက Telescopic fork လို့ ခေါ်တဲ့ ဟိုက်ဒရောလစ်ဆီနဲ့ ကစားတဲ့ ဖောက်မျိုးပါ။
နောက်ဖောက်တွေမှာ ခါးဆက်ထဲက တစ်ချောင်းထဲ ဆို Mono shock,
နောက်အမ်း တစ်ဘက် တစ်ချက်မှာ တပ်ထားရင် Twin shock လို့ ခေါ်
ကြပါတယ်။Plunger type က BSA တွေမှာ အသုံးများပြီး Paralever စနစ်ကတော့ BMW ဘီးတွေမှာ အသုံးများပါတယ်။Botton Link unit လို့ ရေးထားရင် ခါးရှော့ ကိုပဲ လင့်တွေနဲ့ ထိုင်ထားတာမျိုးပါ။Jumping တွေမှာ အတွေ့များပါတယ်။

Front Tyre
Rear Tyre

တာယာ ဆိုဒ်တွေကို အဓိက ပြောပေးထားပါတယ်။120/70/17 ဆိုရင် 120 ဆိုတာ အဲ့ တာယာရဲ့ ဗျက် အကျယ်ကို မီလီမီတာနဲ့ ပြထားတာပါ။70 က တာယာရဲ့ stroke လို့ ခေါ်တဲ့ အမြင့်ပါ။ဂွေနှုတ်ခမ်းကနေ လမ်းနဲ့ ထိတဲ့ တာယာ မျက်နှာပြင်ရဲ့ နှုတ်ခမ်းသား အထိ ရှိတဲ့ အမြင့်ကို ဖော်ပြတာပါ။သူကတော့ လက်မတို့ မီလီမီတာ တို့ ဆိုတဲ့ အတိုင်းအထွာ တစ်ခု မဟုတ်ပဲ အချိုးတစ်ခုပဲ ဖြစ်ပါတယ်။လွယ်ပါတယ်။သူများရင် တာယာမြင့်မယ်။သူနည်းရင် တာယာနိမ့်မယ်။120/70/17 ထည့်ထားလို့ ဘီးက မြင့်နေတယ် ထင်ရင် 120/50/17 ပြောင်းထည့်
ကြည့်ရင် ဘီးက အနည်းငယ် နိမ့်သွားမှာပါ။
နောက် 17 ဆိုတာက ဂွေရဲ့ ကန့်လန့်ဖြတ် အတိုင်းအတာ ကို လက်မနဲ့ ဖော်ပြတာပါ။တစ်ချို့က ရှေ့နောက် ၁၇ လက်မတွေချည်း ရှိပေမယ့် တစ်ချို့က ရှေ့ ၁၉ နောက် ၁၇။
တစ်ချို့က ရှေ့ ၁၇ နောက် ၁၆ အမျိုးမျိုးပါပဲ။ကို့ ဆိုင်ကယ် တာယာ မှာချင်တာပဲ ဖြစ်ဖြစ် တာယာတွေမှားထည့်ထားတယ်ပဲ ထင်ထင် အသေအချာ ကြည့်ချင်ရင် spec ထဲ ၀င်ကြည့် အမှန်ဆုံး အဖြေ တစ်ခု ရမှာပါ။
အကောင်းဆုံးကတော့ spec ထဲက တာယာဆိုဒ် အတိုင်း ထည့်တာ အကောင်းဆုံးပါပဲ။Super 4 ကို အော်နောက်တာယာ 160 ကို ပို
ကြီး ပိုလှချင်လို့ 180 လဲထည့်ရင် တာယာဝိတ် ပိုလာလို့ ဘီး အရုန်းနည်းနည်း လေးသွားနိုင်ပေမယ့် ပြဿနာ မရှိပါဘူး။
ABS Brake စနစ်ပါတဲ့ ဘီးတွေမှာတော့ အော် ဆိုဒ်ပဲ ထည့်တာ ကောင်းပါတယ်။အခန့်မသင့်ရင် တာယာဝိတ်ကွာသွားတာနဲ့ ABS က မီးလင်းချင် လင်းနေပါလိမ့်မယ်။တာယာနဲ့ ပတ်သက်လို့ ပိုသိချင်ရင် ပုံထည့်ပေးထားပါတယ်။သေချာ လိုက်
ကြည့်ပါ။

Front brake
Rear brake

ရှေ့ဘရိတ် နောက်ဘရိတ် တွေ ကို ပြောတာပါ။
Single disc ရှေ့ဘီး တစ်ပြားထဲ
Double disc ရှေ့ဘီး နှစ်ပြား
Expanding brake ရှူးဘရိတ် စသည်ဖြင့် ပြောထားပါတယ်။နောက် 290mm 220mm ဆိုတာ တွေက Disc ဘရိတ် အပြားတွေရဲ့ ကန့်လန့်ဖြတ် အလျားတွေပါ။ထုံးစံက ရှေ့ဘရိတ်က အပြားပို
ကြီးပြီး နောက်ဘရိတ်ကို သေးထားလေ့ ရှိပါတယ်။
4 piston nissin hydraulic calliper ဆိုတာက ဘရိတ်ဆုံထဲမှာ ဘရိတ်ရှူးကို တွန်းဖို့ ပစ္စတင် ၄ လုံး။ဘရိတ်ဆီ ရဲ့ အရည် အား နဲ့ ပစ္စတင်တွေကို တွန်းတယ်။Nissin ကုမ္ပဏီက ထုတ်တယ်။
Tokiko,Nissin,Brembo စသည်ဖြင့် သုံးထားတဲ့ ဘရိတ်ဆုံကို ထုတ်တဲ့ ကုမ္ပဏီကိုလည်း ထည့်ပြောပေးထားပါတယ်။
Brembo ကတော့ အမြင့်ဆုံးပေါ့။

Length×Width×Height

ဘီးတစ်စီးရဲ့ အလျား၊အနံ၊အမြင့်တွေကို မီလီမီတာတွေနဲ့ ဖော်
ပြထားတာပါ။

Wheel base

ရှေ့ဘီးဝင်ရိုးအလည်ကနေ နောက်ဘီး ၀င်ရိုး အလည်အထိ အဖြောင့် တိုင်းထားတဲ့ အကွာအဝေးပါ။Wheel base တိုခြင်းဟာ ဘီးကောင်းတစ်စီးရဲ့ အရည်အသွေးဖြစ်တာမို့ သူ့ကို တိုနိုင်သမျှ တိုအောင် ကြိုးစားလာကြပါတယ်။Buell ကတော့ wheel base အတိုဆုံး ဘီးတစ်စီး အနေနဲ့ နာမည်ကျော်ပါတယ်။ဆိုင်ကယ်စကားနဲ့ ပြောရရင် သူတိုလေ ပလာတာ ရိုက်လို့ ကောင်းလေပါပဲ။ကား
ကြိုကားကြား အကွေ့အကောက် တွေမှာ အလွန်ပေါ့ပါး ပါတယ်။

Ground Clearance

မြေပြင်ကင်းလွတ်အမြင့်ပါ။ဘီးရဲ့ ဗိုက်အောက်နဲ့ မြေပြင်
ကြား အကွာအဝေးပါ။သူများလေ လမ်း
ကြမ်းမှာ ပိုမောင်းနိုင်လေပါ။သူနည်းလေ ချိုင့်ခွက် ကြောက်လေပါပဲ။

Dry Weight

ဆိုင်ကယ်ထဲကို ဆီမဖြည့် အင်ဂျင်ဝိုင်မဖြည့်ရသေးတဲ့ အချိန်မှာ ရှိတဲ့ အလေးချိန်ပါ။

Seat height

ဖင်ထိုင်ခုံနဲ့ မြေပြင် တိုင်းထားတဲ့ အကွာအဝေးပါ။ကို့အရပ်နဲ့ ကိုကြိုက်တဲ့ ဘီး စီးလို့ မှီမမှီကို ဒါလေး ကြည့်ရင် အဆင်ပြေပါတယ်။ကိုစီးနေကျ ဘီးရဲ့ Seat height ကို ကြည့် မှတ်ထား။ကိုကြိုက်နေတဲ့ ဘီးရဲ့ seat height နဲ့ ယှဉ်ကြည့်ရင် ကိုစီးမယ်ဆို အဆင်ပြေမပြေ သိနိုင်မှာပါ။တစ်ချို့ ဘီးတွေကျ အကြီးကြီးတွေ ဖြစ်နေပေမယ့် seat height ကို အများအဆင်ပြေအောင် ထားပေးနိုင်တာကို တွေ့ရပါတယ်။

Fuel tank capacity

ဆီတိုင်ကီရဲ့ ဆီဝင်ဆံ့မှု ပမာဏကို လီတာနဲ့ ဖော်ပြပေးထားပါတယ်။မြို့တွင်းစီးတွေက ပြဿနာ မရှိပေမယ့် High way စီးတဲ့ လူကျတော့ ဆီဘယ်လောက်ဆံ့မလဲ ဆီအပြည့်ဖြည့်ထားရင် ခရီးဘယ်လောက်ရောက်မလဲ၊နောက် အဆင်ပြေတဲ့ ဆီဆိုင်ရှိမယ့်နေရာကို ရောက်နိုင်ပါ့မလား ဆိုတာတွေကို စဉ်းစားတဲ့ နေရာမှာ ဒါ အရေးပါလာပါပြီ။

Fuel system

Injection ဆိုရင် injector သုံးထားတဲ့ EFIစနစ်နဲ့ပါ။
Carb ဆိုရင်တော့ Carburator စနစ်သုံးထားပါပြီ။

ဒါလောက်ဆို တော်တော်စုံသလောက် ရှိပါပြီ။
တစ်စီးနဲ့ တစ်စီး ပေးတဲ့ Information ချင်းတော့လည်း ချွတ်စွပ်မတူဘူးပေါ့။ဒါပေမယ့် ဒါလောက်ဆို သိချင်တဲ့ အချက်အလက်ကလေးတွေအတော် စုံစုံလင်လင် သိ
ကြရမှာပါ။တစ်စီးနဲ့ တစ်စီး ချိန်ထိုး ကြည့်လို့ ရမျာပါ။Ninja300 နဲ့ CBR300 ဘာရွေးရမလဲ သူများကို မေးစရာ လိုမယ်မထင်တော့ပါ။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတနဲ့ ပြည့်စုံကြပါစေ။

ကုလားမလေးရဲ့ Performance က ဘယ်လောက်ထိ ရှိနိုင်မလဲ????
03/10/2020

ကုလားမလေးရဲ့ Performance က ဘယ်လောက်ထိ ရှိနိုင်မလဲ????

 Review လာဖို့ရှိတယ်နော်.... နည်းနည်းတော့စောင့်ပေး😎😎😘
02/10/2020


Review လာဖို့ရှိတယ်နော်.... နည်းနည်းတော့စောင့်ပေး😎😎😘

Morning ☕☕
28/09/2020

Morning ☕☕

လှရက်လေခြင်း🤤🤤🤤🤤ဘာတဲ့ ပရိတ်သတ်..😉  ZX10R
27/09/2020

လှရက်လေခြင်း🤤🤤🤤🤤
ဘာတဲ့ ပရိတ်သတ်..😉
ZX10R

ဆိုင်ကယ်ချစ်သူတိုင်းက big bike စီးပြီးဂေါ်ချင်ကြတာကြီးပဲ..ဒါပေမဲ့ ခင်ဗျားတို့ မမြင်နိုင်တဲ့ ဘဝတွေ ရှိနေတယ်...........
26/09/2020

ဆိုင်ကယ်ချစ်သူတိုင်းက big bike စီးပြီးဂေါ်ချင်ကြတာကြီးပဲ..
ဒါပေမဲ့ ခင်ဗျားတို့ မမြင်နိုင်တဲ့ ဘဝတွေ ရှိနေတယ်...........

ဆိုင်ကယ် တစ်စီးရဲ့ အသက်ဟာ Engine oilပါဘဲဈေးကြီးတဲ့ ဆိုင်ပဲဖြစ်ပစေ ဈေးပေါတဲ့ဆိုင်ကယ်ပဲ ဖြစ်ပစေ Engine oil အပေါစားတွေထည်...
25/09/2020

ဆိုင်ကယ် တစ်စီးရဲ့ အသက်ဟာ Engine oilပါဘဲ
ဈေးကြီးတဲ့ ဆိုင်ပဲဖြစ်ပစေ ဈေးပေါတဲ့ဆိုင်ကယ်ပဲ ဖြစ်ပစေ
Engine oil အပေါစားတွေထည့်ပြီး(ဒါမှမဟုတ်)engine oil ပုံမှန်မလှဲပေးရင်တော့ သက်တန်းပိုတိုလိမ့်မယ်.........
ဒါကြောင့် သင့်ဆိုင်ကယ်ကို ချစ်ရင် engine oil ပုံမှန်လှဲပါ
ငွေလေး နည်းနည်းကို နှမြောနေရင် ကိုချစ်တဲ့ ဆိုင်ကယ်ကြီးက
သင့်ကို စွန့်ခွာသွားပါလိမ့်မေ
#စေတာနာဖြင့်သာ........
တွေမလုပ်နိုင်သေးတဲ့အချိန်တွေမှာဆိုင်ကယ်နဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေ တင်ပေးပ့မယ်ဗျ... ကိုယ်ချစ်တဲ့ fan တွေနဲ့ မစိမ်းရလေအောင်...
you guys....

Review video တွေ ပြန်လုပ်နိုင်မလားဆိုတာတောင် မသေချာတော့ဘူးဗျာ....အခက်အခဲတွေ ရာထောင်ချီနေတာ...Page ကို စထောင်တုန်းကတော့ ဆ...
17/09/2020

Review video တွေ ပြန်လုပ်နိုင်မလားဆိုတာတောင် မသေချာတော့ဘူးဗျာ....
အခက်အခဲတွေ ရာထောင်ချီနေတာ...
Page ကို စထောင်တုန်းကတော့ ဆိုင်ကယ်ချစ်သူ ညီအကိုတွေအတွက် မသိတာလေးတွေရှင်းပြပေးချင်တဲ့ရည်ရွယ်ချက်လေးတစ်ခုတည်းနဲ့လုပ်ခဲ့တာ...ကျနော်ကိုတိုင်ကြုံခဲ့ရဖူးတယ်..ဘီးကလှနေရင်ပြီးရောဆိုပြီး ဘာမှန်းမသိဘဲ ဝယ်လိုတ်မိတော့ ကိုယ်ကျိုးတွေနည်းတော့တာပဲ RKတွေအတွက် ကိစ္စမရှိပေမဲ့ ကျနော်တို့လို မရှိမဲ့ရှိမဲ့ လေးတွေစုပြီး ဝါသနာနောက်ကို လိုတ်ရတဲ့အခါ အရွေးမမှားစေချင်ဘူး......
ကျနော် videoတွေက အမှားတွေ ပါကောင်းပါလိမ့်မယ် ဒါပေမဲ့
ခင်ဗျားတို့အတွက် ဗဟုသုတ တစ်ခုခုတော့ ပါလိမ့်မယ်ဆိုတာ ကျနော်ယုံကြည်တယ်.......
နောက်ထပ် videoတွေ လုပ်နိုင်အောင် ကြိုးစားပါအုံးမယ်
ကံမကုန်ရင် ပြန်စုံကြတာပေါ့ဗျာ
See you guys!

07/09/2020

Super four(S4)review လေး လာပါပြီ😍😍
အခုလို review တွေ အမြဲအားပေးချင်တယ်ဆိုရင်တော့ page လေးကို like and followလေးလုပ်ထားဖို့မမေ့ပါနဲ့❤❤
ကိုယ့်fanတွေအတွက် နေမကောင်းတဲ့ ကြားက လုပ်ပေးလိုတ်ပါတယ်

04/09/2020

S4 review လေးတင်ပေးမယ်
GSR 400က ဘီးရှာမရလို့ပါဗျ
1kလောက်တော့ ဖန်တီးပေးကြပါ ဆိုင်ကယ်ချစ်သူအပေါင်းတို့

Morning😍ကဲ!page ထဲက ချစ်ကိုကြီးတွေအတွက် s4 or gsr 400မဲများတာကို review ပေးမယ်.......ဘာဘီးကို review ပေးစေချင်လဲ comment...
31/08/2020

Morning😍
ကဲ!page ထဲက ချစ်ကိုကြီးတွေအတွက် s4 or gsr 400
မဲများတာကို review ပေးမယ်.......
ဘာဘီးကို review ပေးစေချင်လဲ comment box ထဲ ပြောသွားပေးပါဗျ❤❤

27/08/2020

အားလုံးစောင့်မျော်နေကြတဲ့ Yamaha YZF r15 Review
#အကြိုတ်တွေ့ရင် like share လေး လုပ်ပေးခဲ့ပါဗျ
နောက်ထပ် review တွေမှာ ပြန်တွေ့ချင်ပါသေးတယ် ❤❤❤

24/08/2020

YAMAHA AEROX 155 ABS SMART KEY REVIEW
ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်.......
R15 Review လည်း မကြာတော့ပါဘူး 😍
and share

13/08/2020

R15လေးကို ဦးစားပေး လုပ်နေတယ် ဘာညာပေါ့
Fanတွေရှိရင် review ကျရင် အားပေးဖို့ဖိတ်ခေါ်ပါတယ် ❤❤❤
ကိုယ့် page က fanတွေ နည်းနည်း စိမ်းနေကြသလားပဲ😅😂
အဖတ်လုပ်ကြပါအုံး😁

YAMAHA YZF R15 reviewလာမယ်.........Like share ဘော်ဒါတွေ ❤❤❤
11/08/2020

YAMAHA YZF R15 review
လာမယ်.........
Like share ဘော်ဒါတွေ ❤❤❤

Address


Telephone

+959884240232

Website

Alerts

Be the first to know and let us send you an email when H&l moto-myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share